First & Last Chapter [ COMPLE...

By Roselia_B

50.5K 5.9K 486

အချစ်ဦးပုံပြင်တိုင်းက ‌ပျော်ရွှင်ခြင်းနဲ့ အဆုံးသတ်ရိုးရှိရဲ့လား ? CHANBAEK More

အပိုင်း [ ၁ ]
အပိုင်း [ ၂ ]
အပိုင်း [ ၃ ]
အပိုင်း [ ၄ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၈ ]
အပိုင်း [ ၁၀ ]
အပိုင်း [ ၁၁ ]
အပိုင်း [ ၁၂ ]
အပိုင်း [ ၁၃ ]
အပိုင်း [ ၁၄ ]
အပိုင်း [ ၁၅ ]
အပိုင်း [ ၁၆ ]
အပိုင်း [ ၁၇ ]
အပိုင်း [ ၁၈ ]
အပိုင်း [ ၁၉ ]
အပိုင်း [ ၂၀ ]
အပိုင်း [ ၂၁ ]
အပိုင်း [ ၂၂ ]
အပိုင်း [ ၂၃ ]
အပိုင်း [ ၂၄ ]
အပိုင်း [ ၂၅ ]
အပိုင်း [ ၂၆ ]
အပိုင်း [ ၂၇ ]
ဇာတ်သိမ်းပိုင်း
First & Last Chapter

အပိုင်း [ ၉ ]

1.4K 235 16
By Roselia_B


(U)

နက်ရှိုင်းတဲ့ဒဏ်ရာက အရှင်းပျောက်ကင်းဖို့ အချိန်ကြာတယ်ဆိုသလို Baekhyunရင်ထဲက ဒဏ်ရာတွေအတွက် ၃လဆိုတဲ့အချိန်က တိုတောင်းလွန်းခဲ့ပါတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ Baekhyunက အလယ်တန်းဒုတိယနှစ် ကျောင်းသားတစ်ယာက် ဖြစ်လာခဲ့သည်။ နောက်တစ်ကြိမ်ထပ်ပြီး  Chanyeolနဲ့ မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးပေမယ့် Baekhyun အဆင်ပြေသွားမှာပါလေ။

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အသက်၀၀ရှူကာ Baekhyun ကျောင်းထဲခြေချလိုက်သည်။

"Baekhyun ငါတို့ဒီမှာ"

သူငယ်ချင်းတွေကို လက်ပြပြီး လွတ်‌တဲ့နေရာမှာ Baekhyun ၀င်ထိုင်လိုက်သည်။

"ဘာလိုလိုနဲ့ ငါတို့တစ်နှစ်ထပ်ကြီးလာပြီ .. ဟားဟား"

စကားစလိုက်တဲ့သူက မိုနာ။

"မသိရင် အဖွားကြီး ဖြစ်သွားတာကျလို့ ... ဒါနဲ့ Baekhyun ကံမကောင်းစွာနဲ့ပဲ ဒီနှစ်ငါတို့အတန်းမတူတော့ဘူး"

"ဒါဆို ငါနားငြီးသက်သာသွားတာပေါ့"

မျက်ခုံးတွန့်ပြီးပြောလိုက်တော့ ဆိုယူက Baekhyun လက်မောင်းကို အပြေးလာရိုက်သည်။

"ဟာ !"

"မနက်စာ စားခဲ့လား Baekhyun"

"အင်း စားခဲ့တယ်"

"ဒါနဲ့ Baekhyun နင်လေ မနှစ်ကနဲ့မတူတော့ဘူး အရယ်အပြုံးနည်းသွားပြီး တည်ငြိမ်လာတဲ့ လူကြီးပေါက်စလိုပဲ"

"ပြီးတော့ ... နင်ချောလာတယ် Baekhyun"

ဆံပင်ခပ်အုပ်အုပ် ၊ ကြည်လင်တဲ့အသားအရေက ချောတာကိုပြောတာလားဆိုတာ Baekhyun မသိပေမယ့် သူငယ်ချင်းတွေရဲ့ အပြောကို အပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။

"ချောလာတယ်ဆိုပြီး ငါ့ကိုကြိုက်မယ်မကြံနဲ့နော် .. ငါကသူငယ်ချင်းတွေနဲ့ မတွဲဘူး"

"ဘာ ! Ya ! Byun Baekhyun !"

Baekhyun အပြောကြောင့် တစ်ဝိုင်းလုံးပွဲကျသွား‌ပါတော့သည်။

"ဒါနဲ့ နင်တို့ Chanyeolအကြောင်း ကြားပြီးပြီလား ? ... ကျောင်းတက်တဲ့ပထမနေ့မှာပဲ စီနီယာအစ်မတစ်ယောက်နဲ့ တွဲနေတာတဲ့လေ"

"ဟယ် .. ဟုတ်လား"

မကြားချင်ပေမယ့် သူငယ်ချင်းတွေပြောနေတာကို Baekhyun အတိုင်းသားကြားနေရသည်။
ဆက်ပြီးမနေချင်တော့တာကြောင့်

"ငါအရင်သွားနှင့်တော့မယ် ... နားချိန်ကျမှ တွေ့ကြရအောင်"

"အင်း ဟုတ်ပြီ"

နှုတ်ဆက်ပြီး Baekhyun
ကန်တင်းကနေထွက်လာလိုက်သည်။

"ဟေ့ Baekhyun ! မင်းလွယ်အိတ်ဇစ်ပြုတ်နေတယ်"

"ဟင် ? .. အာ ! ကျေးဇူး"

သူငယ်ချင်းတစ်ယောက်ပြောပြတော့မှ လွယ်အိတ်ဇစ်ပြုတ်နေတယ်ဆိုတာ Baekhyun သိသည်။ လမ်းဆက်လျှောက်ရင်း Baekhyun အရှေ့ကိုမကြည့်ဘဲ ပွင့်နေတဲ့ လွယ်အိတ်ဇစ်ကို ပိတ်ဖို့လုပ်သည်။

"ဘယ်လိုဖြစ်ပြီး ပွင့်သွားတာပါလိမ့်... အ့ !"

အရှေ့ကိုကြည့်ပြီးမလျှောက်တဲ့ အကျိုးကျေးဇူးကြောင့် လူ
တစ်ယောက်နဲ့တိုက်မိပြီး Baekhyun ထိုင်ရက်ပြုတ်ကျသွားတော့သည်။

"အဆင်ပြေရဲ့လား"

နာကျင်စွာငြီးငြူလိုက်တဲ့အချိန် ‌တစ်ဖက်ကအသံကြောင့် Baekhyun အံ့ဩတုန်လှုပ်စွာဖြင့် မဝံ့မရဲမော့ကြည့်လိုက်သည်။

Baekhyun နည်းတူ နဖူးပေါ်မှာ ခပ်အုပ်အုပ်လေးဖြစ်နေတဲ့ ဆံပင် ၊ ကြည်လဲ့နေတဲ့ မျက်၀န်း ၊ ပိုပြီးရှည်လာတဲ့ အရပ် ၊ မပြုံးဘဲနေတာတောင် အတိုင်းသားမြင်နေရတဲ့ ပါးချိုင့် ။

"Chan.. Yeol"

Chanyeolကို တွေ့တာနဲ့ Baekhyun နှလုံးသားက အလိုက်မသိစွာနဲ့ပင် ခုန်ပေါက်လှုပ်ရှားလာသည်။ အရင်ဆုံးပထမဆုံးအနေနဲ့ Baekhyun ငိုချင်လာသည်။ အဆင်ပြေသွားမှာလို့ ကိုယ့်ကိုယ်ကိုယ် တဖွဖွပြောနေပေမယ့် တကယ်တော့ Baekhyunက တစ်စက်ကလေးတောင် အဆင်မပြေပါ။

တစ်ယောက်တည်း အတွေးထဲနစ်မြောနေတုန်း Chanyeolက လက်ကမ်းပေးလာတာကြောင့် Baekhyun
တစ်ဖန် Chanyeolလက်ဆီ အကြည့်ရောက်သွားသည်။ တစ်ယောက်တည်းထဖို့လည်း အဆင်မပြေတာကြောင့် Chanyeol ကမ်းပေးတဲ့လက်ကိုပြန်ကိုင်ပြီး Baekhyun မတ်တပ်ရပ်လိုက်သည်။

"ကျေး ... ကျေးဇူးတင်ပါတယ်"

"အင်း ရတယ် .. ထိခိုက်သွားတဲ့နေရာတွေရှိလား"

"ဟင့်အင်း အဆင်ပြေပါတယ်"

နာကျင်နေတဲ့တစ်နေရာကို လျစ်လျူရှုပြီး Baekhyun Chanyeolမျက်နှာကို အသေးစိတ်လိုက်ကြည့်မိသည်။

မတွေ့ရတာ ကြာသွားပေမယ့် Chanyeolက ပိုပြီးချောမောလာသည်။ မတွေ့ရတာ ကြာသွားပေမယ့် Chanyeolက အရင်ကထက်ပိုပြီး ပြုံးရွှင်လာသည်။ ဒါတွေအားလုံးက ဘာကြောင့်လည်းဆိုတာ Baekhyun သိပါသည်။

"Baekhyun"

"အာ .. ဂျင်ဝူး"

Baekhyunရဲ့ ဆယ်လှမ်းအကွာလောက်မှာရှိနေတဲ့ ဂျင်ဝူးက Baekhyun ကိုလက်ပြနှုတ်ဆက်ပြီး ပြုံးပြလာသည်။ ပြီးနောက် ပြေးလာပြီး Baekhyunကို ပွေ့ချီလိုက်သည်။

"ဂျင်ဝူး !"

လေထဲမှာဝဲနေတဲ့ ကြက်သီးထစရာခံစားချက်နဲ့အတူ ပြုတ်ကျသွားမှာ ကြောက်တာကြောင့် Baekhyun ဂျင်ဝူး ပခုံးကိုအမိအရကိုင်ထားမိသည်။

"မတွေ့ရတာကြာတော့ ငါ့Baekhyunက ပိုချောလာတယ် ... မှန်မှန်ပြော မင်းငါ့ကိုသတိမရဘူးလား"

"ဂျင်ဝူး .. ခဏ ! ငါ့ကိုအရင်အောက်ချပေး ငါအန်ချင်လာပြီ ..!"

"ဟေး ! မအန်နဲ့နော် .."

ထိုအခါမှပြာပြာသလဲဖြင့် ဂျင်ဝူးက အောက်ချပေးသည်။ မူးဝေတာ အဆင်ပြေပြီးဆိုတာနဲ့ Baekhyun ဂျင်ဝူးလက်မောင်းကို နှစ်ချက်ဆင့်ထိုးလိုက်သည်။

"နောက်တစ်ခါကျရင် မင်းကို smack down အကွက်သုံးမှာ‌"

"ဟားဟား ! ဟုတ်ပါပြီကွာ ... ဒါနဲ့ Baekhyun ဒီနှစ်ငါတို့အတန်းတူတယ်သိလား"

"ကောင်းတာပေါ့"

"ဂျင်ဝူး .. မြန်မြန်လာ‌ကွာ"

"Baekhyun ငါ့သူငယ်ချင်းတွေခေါ်နေလို့ ခဏလိုက်သွားလိုက်မယ် အတန်းထဲမှာ တွေ့ကြမယ်"

"အင်း ဟုတ်ပြီ"

ထွက်သွားတဲ့ ဂျင်ဝူးကျောပြင်ကို ငေးကြည့်ပြီး Baekhyun ထွက်သွားဖို့လုပ်တော့ အတိုင်းသားရပ်နေတဲ့ Chanyeolကို တွေ့ရသည်။

Baekhyun ကြောင်အသွားသည်။
ခုဏကတည်းက Chanyeolထွက်သွားတာ မဟုတ်ဘူးလား။ ပြီးတော့ ဘာလို့ Chanyeol မျက်နှာက စူပုပ်နေရတာလဲ ? ထိုအကြောင်းကို Baekhyun မျက်ခုံးတွန့်ရင်း စဉ်းစားလိုက်သည်။

"ဒါဆို ငါသွားတော့မယ်"

ကျောချမ်းလာသလို ခံစားရတာကြောင့် Baekhyun လည်းခပ်မြန်မြန် ထွက်လာလိုက်သည်။

အတန်းထဲ၀င်လာတော့ နေရာလွတ်တော်တော်များများရှိနေသည်။ ထိုင်မယ့်နေရာကိုရှာရင်း ပြတင်းပေါက်နားမှာ လွတ်နေတဲ့ထိုင်ခုံတွေ့တော့ ၀မ်းသာအားရစွာဖြင့် Baekhyun ထိုနေရာမှာ၀င်ထိုင်လိုက်သည်။

လွယ်အိတ်ကို စားပွဲပေါ်တင်ပြီး Baekhyun ပြတင်းပေါက်ကနေ အပြင်ကို ချောင်းကြည့်လိုက်သည်။
တစ်ဖန် အတန်းထဲဝေ့ဝဲကြည့်တော့ အတန်း၀မှာ ရပ်နေတဲ့ Chanyeolကိုတွေ့ရသည်။

အလိုလိုမျက်မှောင်ကျုံ့မိသွားပြီး Baekhyun အကြည့်လွှဲလိုက်သည်။
Chanyeolက ဘာဖြစ်နေတာလဲ ?
Baekhyunလည်း ဘာမှမလုပ်ရသေးဘဲနဲ့ ဆက်တိုက် Baekhyunကိုပဲ စိုက်ကြည့်နေသည်။

တစ်စုံတစ်ယောက် အနားရောက်လာတာကြောင့် Baekhyun မော့ကြည့်လိုက်တော့ ထပ်ပြီး Chanyeolပင် ဖြစ်သည်။

"Baekhyun"

"အင်း ပြောလေ"

"ငါ ဒီနားမှာ ..."

"Baekhyun မင်းဘေးမှာ ငါထိုင်မယ်နော်"

"အင်း ထိုင်လေ"

လျင်မြန်စွာပင် ဂျင်ဝူးက ‌Baekhyun ဘေးမှာ၀င်ထိုင်သည်။ Chanyeolကိုကြည့်တော့ မျက်နှာက တည်တံ့နေပြီး ကြောက်စရာကောင်းနေသည်။ ဒါပေမယ့် ဘာမှမပြောဘဲ Baekhyun နောက်ကထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ အခုအချိန်မှာ Baekhyun တစ်ခုကိုသာတွေးမိသည်။

Chanyeolက သိပ်ကိုထူးဆန်းနေသည်။

"Baekhyun"

"အင်း ပြောလေ Chanyeol"

"ငါမင်းနဲ့ ..."

"Baekhyun ငါနဲ့အတူ ကန်တင်းသွားမယ်မလား"

"အင်း သွားကြမယ်လေ"

"Baekhyun ငါ့ကို..."

"Baekhyun ငါ့ကိုဒီစာလေး ရှင်းပြလို့ရမလား"

"အင်း ရှင်းပြမယ်လေ ဂျင်ဝူး"

"Baekhyun ပြန်ရင် ..."

"Baekhyun ငါလေ ... မင်းတို့ရပ်ကွက်ကို ပြောင်းလာဖြစ်မယ်ထင်တယ် ငါတို့ပြန်ရင် အတူပြန်ကြမယ်နော်"

"အင်း အဆင်ပြေတာပေါ့ ဂျင်ဝူး မဟုတ်ရင်တောင် ငါတစ်ယောက်တည်း ပြန်ရမှာစိုးလို့ စိတ်ညစ်နေတာ"

"အဖော်ရသွားပြီပေါ့ကွာ"

ဂျင်ဝူးနဲ့စကားပြောရင်း Chanyeolကို နောက်တစ်ကြိမ်ကြည့်တော့ လက်သီးတင်းတင်းဆုပ်ထားတာကို တွေ့လိုက်ရသည်။

Chanyeol ပဲမဟုတ်။ ဂျင်ဝူးကလည်း ထူးဆန်းနေသည်။ နှစ်ယောက်သား ရန်များဖြစ်ထားကြတာလား ?

ဤသို့ဖြင့် Baekhyunရဲ့ပထမဆုံး ကျောင်းတက်ရက်က ကမောက်ကမဖြင့် ပြီးဆုံးသွားခဲ့ပါသည်။

Tbc

(Z)

နက္ရႈိင္းတဲ့ဒဏ္ရာက အရွင္းေပ်ာက္ကင္းဖို႔ အခ်ိန္ၾကာတယ္ဆိုသလို Baekhyunရင္ထဲက ဒဏ္ရာေတြအတြက္ ၃လဆိုတဲ့အခ်ိန္က တိုေတာင္းလြန္းခဲ့ပါတယ္။

မ်က္စိတစ္မွိတ္အတြင္းမွာ Baekhyunက အလယ္တန္းဒုတိယႏွစ္ ေက်ာင္းသားတစ္ယာက္ ျဖစ္လာခဲ့သည္။ ေနာက္တစ္ႀကိမ္ထပ္ၿပီး  Chanyeolနဲ႔ မ်က္ႏွာခ်င္းဆိုင္ဖို႔ အဆင္သင့္မျဖစ္ေသးေပမယ့္ Baekhyun အဆင္ေျပသြားမွာပါေလ။

ကိုယ့္ကိုယ္ကိုယ္ အားေပးရင္း အသက္၀၀ရႉကာ Baekhyun ေက်ာင္းထဲေျခခ်လိုက္သည္။

"Baekhyun ငါတို႔ဒီမွာ"

သူငယ္ခ်င္းေတြကို လက္ျပၿပီး လြတ္‌တဲ့ေနရာမွာ Baekhyun ၀င္ထိုင္လိုက္သည္။

"ဘာလိုလိုနဲ႔ ငါတို႔တစ္ႏွစ္ထပ္ႀကီးလာၿပီ .. ဟားဟား"

စကားစလိုက္တဲ့သူက မိုနာ။

"မသိရင္ အဖြားႀကီး ျဖစ္သြားတာက်လို႔ ... ဒါနဲ႔ Baekhyun ကံမေကာင္းစြာနဲ႔ပဲ ဒီႏွစ္ငါတို႔အတန္းမတူေတာ့ဘူး"

"ဒါဆို ငါနားၿငီးသက္သာသြားတာေပါ့"

မ်က္ခုံးတြန႔္ၿပီးေျပာလိုက္ေတာ့ ဆိုယူက Baekhyun လက္ေမာင္းကို အေျပးလာ႐ိုက္သည္။

"ဟာ !"

"မနက္စာ စားခဲ့လား Baekhyun"

"အင္း စားခဲ့တယ္"

"ဒါနဲ႔ Baekhyun နင္ေလ မႏွစ္ကနဲ႔မတူေတာ့ဘူး အရယ္အၿပဳံးနည္းသြားၿပီး တည္ၿငိမ္လာတဲ့ လူႀကီးေပါက္စလိုပဲ"

"ၿပီးေတာ့ ... နင္ေခ်ာလာတယ္ Baekhyun"

ဆံပင္ခပ္အုပ္အုပ္ ၊ ၾကည္လင္တဲ့အသားအေရက ေခ်ာတာကိုေျပာတာလားဆိုတာ Baekhyun မသိေပမယ့္ သူငယ္ခ်င္းေတြရဲ႕ အေျပာကို အၿပဳံးျဖင့္သာတုံ႔ျပန္လိုက္သည္။

"ေခ်ာလာတယ္ဆိုၿပီး ငါ့ကိုႀကိဳက္မယ္မႀကံနဲ႔ေနာ္ .. ငါကသူငယ္ခ်င္းေတြနဲ႔ မတြဲဘူး"

"ဘာ ! Ya ! Byun Baekhyun !"

Baekhyun အေျပာေၾကာင့္ တစ္ဝိုင္းလုံးပြဲက်သြား‌ပါေတာ့သည္။

"ဒါနဲ႔ နင္တို႔ Chanyeolအေၾကာင္း ၾကားၿပီးၿပီလား ? ... ေက်ာင္းတက္တဲ့ပထမေန႔မွာပဲ စီနီယာအစ္မတစ္ေယာက္နဲ႔ တြဲေနတာတဲ့ေလ"

"ဟယ္ .. ဟုတ္လား"

မၾကားခ်င္ေပမယ့္ သူငယ္ခ်င္းေတြေျပာေနတာကို Baekhyun အတိုင္းသားၾကားေနရသည္။
ဆက္ၿပီးမေနခ်င္ေတာ့တာေၾကာင့္

"ငါအရင္သြားႏွင့္ေတာ့မယ္ ... နားခ်ိန္က်မွ ေတြ႕ၾကရေအာင္"

"အင္း ဟုတ္ၿပီ"

ႏႈတ္ဆက္ၿပီး Baekhyun
ကန္တင္းကေနထြက္လာလိုက္သည္။

"ေဟ့ Baekhyun ! မင္းလြယ္အိတ္ဇစ္ျပဳတ္ေနတယ္"

"ဟင္ ? .. အာ ! ေက်းဇူး"

သူငယ္ခ်င္းတစ္ေယာက္ေျပာျပေတာ့မွ လြယ္အိတ္ဇစ္ျပဳတ္ေနတယ္ဆိုတာ Baekhyun သိသည္။ လမ္းဆက္ေလွ်ာက္ရင္း Baekhyun အေရွ႕ကိုမၾကည့္ဘဲ ပြင့္ေနတဲ့ လြယ္အိတ္ဇစ္ကို ပိတ္ဖို႔လုပ္သည္။

"ဘယ္လိုျဖစ္ၿပီး ပြင့္သြားတာပါလိမ့္... အ့ !"

အေရွ႕ကိုၾကည့္ၿပီးမေလွ်ာက္တဲ့ အက်ိဳးေက်းဇူးေၾကာင့္ လူ
တစ္ေယာက္နဲ႔တိုက္မိၿပီး Baekhyun ထိုင္ရက္ျပဳတ္က်သြားေတာ့သည္။

"အဆင္ေျပရဲ႕လား"

နာက်င္စြာၿငီးျငဴလိုက္တဲ့အခ်ိန္ ‌တစ္ဖက္ကအသံေၾကာင့္ Baekhyun အံ့ဩတုန္လႈပ္စြာျဖင့္ မဝံ့မရဲေမာ့ၾကည့္လိုက္သည္။

Baekhyun နည္းတူ နဖူးေပၚမွာ ခပ္အုပ္အုပ္ေလးျဖစ္ေနတဲ့ ဆံပင္ ၊ ၾကည္လဲ့ေနတဲ့ မ်က္၀န္း ၊ ပိုၿပီးရွည္လာတဲ့ အရပ္ ၊ မၿပဳံးဘဲေနတာေတာင္ အတိုင္းသားျမင္ေနရတဲ့ ပါးခ်ိဳင့္ ။

"Chan.. Yeol"

Chanyeolကို ေတြ႕တာနဲ႔ Baekhyun ႏွလုံးသားက အလိုက္မသိစြာနဲ႔ပင္ ခုန္ေပါက္လႈပ္ရွားလာသည္။ အရင္ဆုံးပထမဆုံးအေနနဲ႔ Baekhyun ငိုခ်င္လာသည္။ အဆင္ေျပသြားမွာလို႔ ကိုယ့္ကိုယ္ကိုယ္ တဖြဖြေျပာေနေပမယ့္ တကယ္ေတာ့ Baekhyunက တစ္စက္ကေလးေတာင္ အဆင္မေျပပါ။

တစ္ေယာက္တည္း အေတြးထဲနစ္ေျမာေနတုန္း Chanyeolက လက္ကမ္းေပးလာတာေၾကာင့္ Baekhyun
တစ္ဖန္ Chanyeolလက္ဆီ အၾကည့္ေရာက္သြားသည္။ တစ္ေယာက္တည္းထဖို႔လည္း အဆင္မေျပတာေၾကာင့္ Chanyeol ကမ္းေပးတဲ့လက္ကိုျပန္ကိုင္ၿပီး Baekhyun မတ္တပ္ရပ္လိုက္သည္။

"ေက်း ... ေက်းဇူးတင္ပါတယ္"

"အင္း ရတယ္ .. ထိခိုက္သြားတဲ့ေနရာေတြရွိလား"

"ဟင့္အင္း အဆင္ေျပပါတယ္"

နာက်င္ေနတဲ့တစ္ေနရာကို လ်စ္လ်ဴရႈၿပီး Baekhyun Chanyeolမ်က္ႏွာကို အေသးစိတ္လိုက္ၾကည့္မိသည္။

မေတြ႕ရတာ ၾကာသြားေပမယ့္ Chanyeolက ပိုၿပီးေခ်ာေမာလာသည္။ မေတြ႕ရတာ ၾကာသြားေပမယ့္ Chanyeolက အရင္ကထက္ပိုၿပီး ၿပဳံး႐ႊင္လာသည္။ ဒါေတြအားလုံးက ဘာေၾကာင့္လည္းဆိုတာ Baekhyun သိပါသည္။

"Baekhyun"

"အာ .. ဂ်င္ဝူး"

Baekhyunရဲ႕ ဆယ္လွမ္းအကြာေလာက္မွာရွိေနတဲ့ ဂ်င္ဝူးက Baekhyun ကိုလက္ျပႏႈတ္ဆက္ၿပီး ၿပဳံးျပလာသည္။ ၿပီးေနာက္ ေျပးလာၿပီး Baekhyunကို ေပြ႕ခ်ီလိုက္သည္။

"ဂ်င္ဝူး !"

ေလထဲမွာဝဲေနတဲ့ ၾကက္သီးထစရာခံစားခ်က္နဲ႔အတူ ျပဳတ္က်သြားမွာ ေၾကာက္တာေၾကာင့္ Baekhyun ဂ်င္ဝူး ပခုံးကိုအမိအရကိုင္ထားမိသည္။

"မေတြ႕ရတာၾကာေတာ့ ငါ့Baekhyunက ပိုေခ်ာလာတယ္ ... မွန္မွန္ေျပာ မင္းငါ့ကိုသတိမရဘူးလား"

"ဂ်င္ဝူး .. ခဏ ! ငါ့ကိုအရင္ေအာက္ခ်ေပး ငါအန္ခ်င္လာၿပီ ..!"

"ေဟး ! မအန္နဲ႔ေနာ္ .."

ထိုအခါမွျပာျပာသလဲျဖင့္ ဂ်င္ဝူးက ေအာက္ခ်ေပးသည္။ မူးေဝတာ အဆင္ေျပၿပီးဆိုတာနဲ႔ Baekhyun ဂ်င္ဝူးလက္ေမာင္းကို ႏွစ္ခ်က္ဆင့္ထိုးလိုက္သည္။

"ေနာက္တစ္ခါက်ရင္ မင္းကို smack down အကြက္သုံးမွာ‌"

"ဟားဟား ! ဟုတ္ပါၿပီကြာ ... ဒါနဲ႔ Baekhyun ဒီႏွစ္ငါတို႔အတန္းတူတယ္သိလား"

"ေကာင္းတာေပါ့"

"ဂ်င္ဝူး .. ျမန္ျမန္လာ‌ကြာ"

"Baekhyun ငါ့သူငယ္ခ်င္းေတြေခၚေနလို႔ ခဏလိုက္သြားလိုက္မယ္ အတန္းထဲမွာ ေတြ႕ၾကမယ္"

"အင္း ဟုတ္ၿပီ"

ထြက္သြားတဲ့ ဂ်င္ဝူးေက်ာျပင္ကို ေငးၾကည့္ၿပီး Baekhyun ထြက္သြားဖို႔လုပ္ေတာ့ အတိုင္းသားရပ္ေနတဲ့ Chanyeolကို ေတြ႕ရသည္။

Baekhyun ေၾကာင္အသြားသည္။
ခုဏကတည္းက Chanyeolထြက္သြားတာ မဟုတ္ဘူးလား။ ၿပီးေတာ့ ဘာလို႔ Chanyeol မ်က္ႏွာက စူပုပ္ေနရတာလဲ ? ထိုအေၾကာင္းကို Baekhyun မ်က္ခုံးတြန႔္ရင္း စဥ္းစားလိုက္သည္။

"ဒါဆို ငါသြားေတာ့မယ္"

ေက်ာခ်မ္းလာသလို ခံစားရတာေၾကာင့္ Baekhyun လည္းခပ္ျမန္ျမန္ ထြက္လာလိုက္သည္။

အတန္းထဲ၀င္လာေတာ့ ေနရာလြတ္ေတာ္ေတာ္မ်ားမ်ားရွိေနသည္။ ထိုင္မယ့္ေနရာကိုရွာရင္း ျပတင္းေပါက္နားမွာ လြတ္ေနတဲ့ထိုင္ခုံေတြ႕ေတာ့ ၀မ္းသာအားရစြာျဖင့္ Baekhyun ထိုေနရာမွာ၀င္ထိုင္လိုက္သည္။

လြယ္အိတ္ကို စားပြဲေပၚတင္ၿပီး Baekhyun ျပတင္းေပါက္ကေန အျပင္ကို ေခ်ာင္းၾကည့္လိုက္သည္။
တစ္ဖန္ အတန္းထဲေဝ့ဝဲၾကည့္ေတာ့ အတန္း၀မွာ ရပ္ေနတဲ့ Chanyeolကိုေတြ႕ရသည္။

အလိုလိုမ်က္ေမွာင္က်ဳံ႕မိသြားၿပီး Baekhyun အၾကည့္လႊဲလိုက္သည္။
Chanyeolက ဘာျဖစ္ေနတာလဲ ?
Baekhyunလည္း ဘာမွမလုပ္ရေသးဘဲနဲ႔ ဆက္တိုက္ Baekhyunကိုပဲ စိုက္ၾကည့္ေနသည္။

တစ္စုံတစ္ေယာက္ အနားေရာက္လာတာေၾကာင့္ Baekhyun ေမာ့ၾကည့္လိုက္ေတာ့ ထပ္ၿပီး Chanyeolပင္ ျဖစ္သည္။

"Baekhyun"

"အင္း ေျပာေလ"

"ငါ ဒီနားမွာ ..."

"Baekhyun မင္းေဘးမွာ ငါထိုင္မယ္ေနာ္"

"အင္း ထိုင္ေလ"

လ်င္ျမန္စြာပင္ ဂ်င္ဝူးက ‌Baekhyun ေဘးမွာ၀င္ထိုင္သည္။ Chanyeolကိုၾကည့္ေတာ့ မ်က္ႏွာက တည္တံ့ေနၿပီး ေၾကာက္စရာေကာင္းေနသည္။ ဒါေပမယ့္ ဘာမွမေျပာဘဲ Baekhyun ေနာက္ကထိုင္ခုံမွာ ၀င္ထိုင္လိုက္သည္။ အခုအခ်ိန္မွာ Baekhyun တစ္ခုကိုသာေတြးမိသည္။

Chanyeolက သိပ္ကိုထူးဆန္းေနသည္။

"Baekhyun"

"အင္း ေျပာေလ Chanyeol"

"ငါမင္းနဲ႔ ..."

"Baekhyun ငါနဲ႔အတူ ကန္တင္းသြားမယ္မလား"

"အင္း သြားၾကမယ္ေလ"

"Baekhyun ငါ့ကို..."

"Baekhyun ငါ့ကိုဒီစာေလး ရွင္းျပလို႔ရမလား"

"အင္း ရွင္းျပမယ္ေလ ဂ်င္ဝူး"

"Baekhyun ျပန္ရင္ ..."

"Baekhyun ငါေလ ... မင္းတို႔ရပ္ကြက္ကို ေျပာင္းလာျဖစ္မယ္ထင္တယ္ ငါတို႔ျပန္ရင္ အတူျပန္ၾကမယ္ေနာ္"

"အင္း အဆင္ေျပတာေပါ့ ဂ်င္ဝူး မဟုတ္ရင္ေတာင္ ငါတစ္ေယာက္တည္း ျပန္ရမွာစိုးလို႔ စိတ္ညစ္ေနတာ"

"အေဖာ္ရသြားၿပီေပါ့ကြာ"

ဂ်င္ဝူးနဲ႔စကားေျပာရင္း Chanyeolကို ေနာက္တစ္ႀကိမ္ၾကည့္ေတာ့ လက္သီးတင္းတင္းဆုပ္ထားတာကို ေတြ႕လိုက္ရသည္။

Chanyeol ပဲမဟုတ္။ ဂ်င္ဝူးကလည္း ထူးဆန္းေနသည္။ ႏွစ္ေယာက္သား ရန္မ်ားျဖစ္ထားၾကတာလား ?

ဤသို႔ျဖင့္ Baekhyunရဲ႕ပထမဆုံး ေက်ာင္းတက္ရက္က ကေမာက္ကမျဖင့္ ၿပီးဆုံးသြားခဲ့ပါသည္။

Tbc


Continue Reading

You'll Also Like

287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
172K 16.7K 26
ခင္​ဗ်ားက ရက္​စက္​တတ္​တယ္​.. ဒါ​ေပမယ္​့... ခင္​ဗ်ားရဲ႕အခ်စ္​​ေတြကို ခံစားလို႔ရတာ​ေၾကာင္​့.. ခင္​ဗ်ားကို အရမ္​းခ်စ္​တယ္​ ဒါပါပဲ... CV by asuna park ❤
366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...