[UNICODE]
"ညိုယံ… ဟျောင့် သားကြီး မင်းကBarလာပြီး Juiceပဲမှာသောက်နေတာတော့ မဟုတ်သေးဘူးနော်"
ရနောင် ညိုယံအား စိတ်ပျက်ပျက်နဲ့ကြည့်ပြီး ပြောလိုက်၏။ လိုက်ခဲ့ဖို့ခေါ်တုန်းကတော့ သူ့ယောကျာ်းတစ်ယောက်ပဲ အိမ်မှာကျန်ခဲ့ရလို့ စိတ်မချလို့ပါိဘာညာနဲ့ ဒီညကျတော့ ရနောင့်ကိုပါ သူက စ, အရင်ဖုန်းဆက်ခေါ်လိုက်သေး။
"ငါသောက်လို့မရဘူး"
ရနောင်သဘောပေါက်လိုက်၏။ ညိုယံက သူ့ဆရာလေးကြောင့် သူ့စိတ်သူထိန်းနေတာပဲ။
"မင်း စိတ်ရှုပ်နေလို့ Barလာပြီး မော့တာမလား...တစ်ကျိုက်နှစ်ကျိုက်လောက်တော့ကစ်ပေါ့ကွာ”
"..."
"ညီလေး တစ်ခွက်လောက်"
ရနောင် Bar Boyလေးတစ်ယောက်ကို မှာလိုက်၏။ နေနိုင်တဲ့သူကတော့နေပေါ့။ ရနောင်တို့ကတော့ မနေနိုင်ပေါင်။ Barလာပြီးမှတော့ သောက်ပြီးမှပြန်မယ်။ ဒါ Barအပေါ်ထားတဲ့ ရနောင့်သစ္စာတရားပဲ!
" ညိုယံ...မင်းကြည့်ရတာ ဆရာလေးနဲ့ပြဿနာကြီးခဲ့ပုံပဲ"
Bar Boyလေးယူလာပေးတဲ့ ခွက်ကိုအသာယူရင်း မော့လိုက်သော ရနောင်။
"အင်း...သူက ငါမသိအောင် ကျူရှင်ပြနေတယ်"
“*ဖွီး!!*”
ငါလခွမ်း!!!
ရနောင်တစ်ယောက် ပါးစပ်ထဲရောက်ကာစ အရက်တစ်ငုံလေး ဖွီခနဲမြည်အောင် အပြင်ရောက်သွားရလေပြီ။ နှမြောစရာကွာ!!
ရနောင့်ခမျာ သူငယ်ချင်းဖြစ်သူက သူ့အိမ်သူသက်ထားလေးနဲ့ ကြီးကြီးကျယ်ကျယ်ပြဿနာဖြစ်လာပြီထင်ပြီး အပြတ်အသတ်အားပေးဖို့ ပြင်ပြီးကာမှ…ဝွန်း။
"ဟ...ဆရာတစ်ယောက်က ကျူရှင်ပြတာ ဆန်းသလား"
"မဆန်းပေမယ့် သူသင်နေတာ အတန်းကြီးတွေ”
"ဘယ်လောက်အတန်းကြီးနေလို့လဲ?"
"၉တန်း ၁၀တန်း"
"ဟာကွာ!!... မင်းကလည်း ၉တန်း ၁၀တန်း သင်တာဘာဖြစ်လဲ? ငါက uniအတန်းကြီးတွေကို သင်နေတာထင်လို့"
"ငါ သူ့ကို ဝါသနာအရစာသင်တာ မတားပါဘူး...မူလတန်းကလေးတွေ အလယ်တန်းကလေးတွေ သင်လို့ရတာပဲကွာ အထက်တန်းမှမဟုတ်ဘူး"
"မဟုတ်မှလွဲရော...မင်း ဆရာလေးကို အထက်တန်းကလေးတွေနဲ့ပါ သဝန်တိုနေတာလား?"
ရနောင်ပြောလိုက်မှ အမောင်ညိုယံရဲ့ ပေစောင်းစောင်းအကြည့်ဟာ ဒိုင်းခနဲ။ ထိုပေစောင်းစောင်းအကြည့်ကို မှန်မှန်လိမ်စမ်းဆိုတဲ့ သဘောမျိုးနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြကာ တန်ပြန်ကြည့်ပေးလိုက်ပါမှ သကောင့်သားက…
“အင်း”
"ဟား...ငါ့ကောင်ရာ ဟား ဟား"
ရနောင် သူ့သူငယ်ချင်းရဲ့အူတိုမှုကို သဘောကျစွာ အော်ရယ်လျက် ညို့ယံ့ ပခုံးထက်လက်တင်လိုက်တော့ ညိုယံချက်ချင်းလက်ဖယ်ထုတ်လိုက်ကာ ရနောင့်ရှေ့မှာချထားသော ဝီစကီခွက်ကိုယူ၍ တစ်ကျိုက်တည်းမော့ချပစ်လိုက်၏။
~~ဂလု~~
ရနောင် Bar Boyလေးကို လက်တစ်ချောင်းထောင်ပြလိုက်ပြီး နောက်တစ်ခွက်ယူမယ့်အကြောင်း အသံတိတ်ပြောလိုက်လေတယ်။
ညိုယံ ခါးသက်သွားသည့် ခံတွင်းနဲ့ ပူလောင်သွားသည့် ရင်တွင်းတစ်လျှောက်ကြောင့် ရေတစ်ငုံသောက်လိုက်ပြီးနောက် ဆက်ပြောလာသည်က...
"ငါ့အထက်တန်းဘဝကလည်း တခေတ်ကိုခံစားချက်ရှိခဲ့တာပဲ...အခု တခေတ်စာသင်တဲ့ အဲ့ဒီ့၉တန်း ၁၀တန်းတွေကရော တခေတ်အပေါ် စိတ်မရှိနိုင်ဘူးလို့ မင်းထင်လား"
"ထင်တယ်ဟျောင့်...မင်းဆရာလေးက မင်းအထက်တန်းဘဝတုန်းကလို ဆယ်ကျော်သက်အရွယ်မဟုတ်တော့ဘူး...အခုတောင် သုံးဆယ်နားကပ်နေပြီမလား...အဲ့ဒီ့အရွယ်ကို ဟိုလူပျိုပေါက်လေးတွေက ဘယ်သူကစိတ်ရှိမှာတဲ့လဲ??”
"Age is just a numberပါကွာ... တခေတ်က အခုထိအရင်တုန်းကလို ချစ်ဖို့ကောင်းတုန်းပဲ...ပြီးတော့ အိမ်ထောင်သည်ဆိုတာ နဖူးမှာစာမှမကပ်ထားတာ"
အူတိုမှုက မြင်မကောင်းဘူး!!!
သူ့feelနဲ့သူ ဟုတ်နေတဲ့ ညိုယံတစ်ယောက် ရနောင့်ရဲ့ မဲ့ရွဲ့နေမှုကို မတွေ့လိုက်ရပါ။
ညိုယံ့ ဒီစကားအဆုံးမှာ ရနောင်တစ်ခုခုကိုသဘောပေါက်လိုက်သလိုမျိုး ခေါင်းထဲလင်းခနဲဖြစ်သွားရ၏။
"မင်းဆရာလေးရဲ့ နဖူးမှာ စာကပ်လို့မရပေမယ့် အိမ်ထောင်သည်ဖြစ်တယ်ဆိုတဲ့အကြောင်းကို သူ့ဦးနှောက်ထဲရော နှလုံးသားထဲမှာပါ စာကပ်လို့ရတယ်လေ"
ညစ်ကျယ်ကျယ်အပြုံးနဲ့ရနောင်ရဲ့စကားအဆုံး ညိုယံတစ်ယောက် ဘယ်လိုမျိုးလဲဟုမေးကာ စိတ်ဝင်စားသွား၏။
စိတ်ဝင်စားနေတဲ့ညိုယံကို ရနောင်တစ်ယောက် သူ့ရှေ့ကဝီစကီခွက်အား ညိုယံ့ရှေ့သို့တွန်းပို့ပြီးနောက်...
"ဒါလေး အရင်သောက်လိုက်ပြောပြမယ်"
ညိုယံ ရနောင့်ကိုတစ်လှည့် အရက်ခွက်ကိုတစ်လှည့်ကြည့်ကာ ဘာပေါက်ကရပြောဦးမလဲအတွေးမျိုးဖြင့် မျက်မှောင်ကျုံ့ကြည့်နေ၏။
ထိုအတွေးကိုလည်းသိလှသော သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက…
"ဟျောင့် ညိုယံ...ငါ မင်းသူငယ်ချင်းပါကွ...သူငယ်ချင်းကို မဟုတ်တဲ့အကြံမပေးဘူးစိတ်ချ...သောက်မှာသာသောက်စမ်းပါကွာ"
ညိုယံ့ကို သောက် သောက်ဆိုတဲ့သဘောနဲ့ မေးကြီးထိုးပြပြီး, ညိုယံ့နှုတ်ခမ်းဝနားရောက်နေတဲ့ အရက်ခွက်ကိုလည်း မြန်မြန်သောက်ရအောင် လက်နဲ့ခွက်ကိုကူမော့ပေးနေသော ရနောင်။
ကုန်သွားလေပါမှ...
"ဒီလိုလေကွာ ငါပြောပြမယ်...မင်း အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်တော့မယ်လေကွာ အဲ့ဒါ မင်းတို့ မဖြစ်ကြသေးဘူးလား"
"ဘာဖြစ်ရမှာလဲ...သေချာပြော"
ငါကလူပျိုလေးလေကွာ ဘယ်လိုဒုံးတိပြောရမှာလဲ မသာရဲ့။
ရနောင် နှုတ်ခမ်းကိုမဲ့ရွဲ့ပစ်လိုက်၏။
"ဟိုဟာလေကွာ...*အဟင်း* ဟိုလိုဖြစ်တာ"
ရနောင်ပြောလိုက်တဲ့ ဟိုလိုဖြစ်တာဆိုတာကို ခဏလောက်တော့ အဖြေရှာလိုက်ရသေး၏။ နောက်မှ… ငါသိပြီလို့တစ်ချက်ပြောပြီး ညိုယံ အတန်ကြာ တိတ်ဆိတ်နေပြီးကာမှ စဉ်းစဉ်းစားစားဖြင့် ပြောလာသည်က...
"ငါ...*ကျစ်* ဒီအတိုင်းပဲကောင်းပါတယ်ကွာ...သူ့ကိုပိုင်ဆိုင်ထားရတာတောင် ငါလွန်နေပြီ"
"အဲ့လိုဝောာ့မဟုတ်သေးဘူးလေကွာ...အိမ်ထောင်တစ်ခုတည်ထောင်ပြီးမှ ဒီလိုအလှထိုင်ကြည့်မယ်လို့ ငါ့ကိုလာမပြောနဲ့ဟေ့ရောင်...မင်းအခု မင်းဆရာလေးကိုပိုင်နေတာ ဗလာသပ်သပ်ကြီး"
"အချိန်ကြာလာရင် သူငါ့စိတ်ကိုမြင်လာမှာပါ"
"ညိုယံကွာ! မင်းငါ့သူငယ်ချင်းလို့မပြောစမ်းနဲ့...ညံ့လိုက်တာ"
"..."
"ဒီမှာဟေ့ရောင်...အချိန်ကြာလာရင်လို့ပြောရအောင် အခုပဲ တစ်နှစ်ပြည့်တော့မယ် ဘယ်မှာမြင်သေးလို့လဲ ရှေ့လျှောက်မြင်ဖို့လဲဝေးသေး... ကိုယ့်စိတ်ကိုထုတ်ဖော်ပြတာမှန်တယ် ဒါပေမယ့် မမြင်ချင်ယောင်ဆောင်နေရင်တော့ ငါဆိုရင် ဂုတ်ကဆွဲပြီး အတင်းကြည့်ခိုင်းမှာပဲ…*အဟမ်း*...တစ်မျိုးမထင်နဲ့ စိတ်ကိုပြောပါတယ်…မင်းဆရာလေးက မမြင်တာမဟုတ်ဘူး မမြင်ချင်ယောင်ဆောင်နေတာ အိပ်ချင်ယောင်ဆောင်တဲ့လူက အိပ်နေတဲ့လူထက်နှိုးရခက်တယ်... သဘောပါလား ငါပြောတာ"
"အေး"
"အေးလို့ပြောနေရုံနဲ့မပြီးဘူး အကောင်အထည်ဖော်စရာရှိဖော်"
"Hay!!!! ရနောင်!!!ညိုယံ!!!"
လာပါပြီ ဒေါ်Mai ။ Maiရဲ့ မြန်မာနာမည်ခေါ်သံကြီးက ညိုယံနဲ့ရနောင်နားထဲ ကလိ ကလိ…ဘယ်နှယ့် သဘော်သီးထောင်းလေသံနဲ့ဆိုတော့ စဉ်းသာစားကြည့်တော့။
များသောအားဖြင့်တော့ Steveတို့ Jamesတို့ခေါ်နေကြပါ…ဒါပေမယ့် တစ်ခုခုပျော်စရာရှိတယ်ဆို အဲ့နေ့ ညှိုနံ နဲ့ ရညှောင်ကို ပါးစပ်ကမချတော့ဘူး။
"မင်း ခေါ်ထားတာလား?"
သူတို့ထံ လာနေတဲ့ Maiကို မေးငေါ့ပြကာ ရနောင့်ကို မေးလိုက်သော ညိုယံ။
"အေး...ငါတို့သုံးယောက် အလုပ်ကိစ္စတွေနဲ့ ပတ်သတ်ပြီးပဲ တွေ့နေရတော့ ဒီလိုလွတ်လွတ်လပ်လပ်မတွေ့ရတာကြာတာနဲ့ခေါ်လိုက်တာ အထူးသဖြင့်မင်းလေ ခေါ်တိုင်းမလိုက်လို့ မင်းခေါ်တုန်းသုံးယောက်ဆုံအောင်လို့"
"ညိုယံ...Hay…U အဆင်ပြေလား?"
မြန်မာသံဝဲဝဲလေးနဲ့ နှစ်ခွက်သောက်ထားတဲ့အရှိန်ကြောင့် ပုံမှန်မဟုတ်တဲ့ညိုယံ့ကိုကြည့်ကာ မေးလိုက်သော Mai.
"အေး...သောက်ထားတော့ နည်းနည်းလေး...ဘာမှမဖြစ်ဘူး...ငါToiletသွားဦးမယ်"
"အင်း အင်း သွား"
.
.
.
ညိုယံ Toiletကပြန်လာတော့ ရနောင်နဲ့Mai ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေ၏။
"ဘာတွေ ပြောနေကြတာလဲ?"
ခြေသံတိတ်ဝင်လာတဲ့ညိုယံ သူတို့နားကပ်ပြီး ပြောလိုက်ပါမှ နှစ်ယောက်သား ခေါင်းချင်းဆိုင်နေရာကနေ ခွာလိုက်ပြီး ရုပ်တည်ကြီးတွေနဲ့ ခုနက သူတို့တွေမဟုတ်သလို။
“Nothing”
ပုခုံးနှစ်ဖက်ပင့်ပြကာ ပြုံးကာသာပြောလာတဲ့ Mai။
ဒီအပြုံးကြီးနဲ့ တစ်ခုခုကတော့ကျိန်းသေလွဲနေပြီဆိုတာသိပေမယ့် ညိုယံလျစ်လျူရှုကာသာ ပြောလိုက်သည်က…
"ငါပြန်တော့မယ် "
"ဟ...အစောကြီးရှိပါသေးတယ်ကွာ…Maiတောင်အခုမှရောက်တာ”
"၁၁ခွဲနေပြီ ၁၂နာရီအရောက်ပြန်လာမယ်လို့ပြောခဲ့တာ"
ရနောင် စိတ်ပျက်စွာခေါင်းကုတ်လိုက်လေ၏။ အဲ့ကောင် ဆရာလေးကိုအဲ့လောက်ထိကြောက်ရတာ လုပ်ကြံခိုးယူခဲ့တုန်းက ဘယ်လိုသတ္တိနဲ့များ ယူလိုက်ပါလိမ့်???
"မသွားခင် ဒါလေးသောက်လိုက်"
ညိုယံနဲ့ရနောင် စကားပြောနေရာမှ ခွက်ကိုကမ်းပေးကာ ပြောလာသော Mai.
"မသောက်တော့ဘူး ငါကားမောင်းရဦးမှာ"
"ရနောင်က နင့်ကားကိုမောင်းပြီးပို့လိမ့်မယ်"
"နင်အခုမှရောက်တာလေ ရနောင်နင်နဲ့အဖော်နေခဲ့လိမ့်မယ်"
"ရတယ် ရတယ် ငါလည်းပြန်တော့မှာ...ဒါလေးသောက်လိုက်"
ဘယ်လိုတောင် အတင်းကြီးတိုက်နေတာတုန်း။
ဒီ Maiတစ်ယောက်ဟာလေ တိုက်လိုက်ဆိုတော့လည်း မသောက်ဘူးငြင်းရင်တောင် အတင်းထိုးသွတ်မယ့်သဘောမှာရှိတယ်။
"ခုနတုန်းက မင်းကိုမသောက်စဖူးသောက်လို့... အဲ့ဒါငါတိုက်ထားတာလို့ပြောတာ သူလည်းတိုက်ချင်တယ်ဆိုလို့ အဲ့ဒါ......ဟီး…သောက်လိုက်လေနော် သယ်ရင်းကလည်း…ကိုယ့်သယ်ရင်းတွေတိုက်တာ မငြင်းကောင်းဘူး"
ညိုယံ ရနောင့်အပြောကို နားထောင်ပြီး ကမ်းပေးနေတဲ့ Maiလက်ထဲကခွက်ကို အလျင်အမြန်ယူကာ တစ်ကျိုက်တည်းမော့ချလိုက်၏။
အမယ်လေး...ဘာသံသယမှ မဝင်ဘဲ သောက်လိုက်လို့ တော်သေးတာပေါ့ မယ်မင်းကြီးမရယ်...။ Maiလုပ်ပုံနဲ့ဆို အလိမ်ပေါ်တော့မလို့။ ညိုယံ toiletဝင်နေတုန်း သူတို့နှစ်ကောင်(ရနောင် နှင့် Mai) ညိုယံအတွက် ဒီည Missionကို ပါဝင်ကူညီအားဖြည့်ရန်တိုင်ပင်ထားခြင်းဖြစ်၏။
ညိုယံ ဒီလိုသုံးခွက်လောက်သောက်တာ တစ်ခါမှမတွေ့ဖူးသေး။ သူငယ်ချင်းဖြစ်လာသမျှ ကာလပတ်လုံး ကြုံတောင့်ကြုံခဲ တစ်ခွက်သာမော့တာ မြင်ဖူး၏။ ဒါသည်လည်း တစ်ခါသာ။
"ငါပြန်ပြီ...Maiကိုသေချာလိုက်ပို့လိုက်ဦး"
ညိုယံ ကျန်ခဲ့သူနှစ်ယောက်လုံးကို နှုတ်ဆက်လိုက်ပြီးမှ ညကြီးမင်းကြီး မိန်းကလေးတစ်ယောက်တည်းပြန်ရမှာကြောင့် Maiအားစိတ်မချစွာဖြင့် ပြန်လိုက်ပို့ရန် ရနောင့်ကိုမှာနေသေး၏။
"ရတယ်...ငါ့မှာကားပါတယ်...နင့်ကို ရနောင်ကားမောင်းပို့ပေးလိမ့်မယ်"
"မလိုဘူး...ငါမောင်းနိုင်သေးတယ် အရမ်းလည်းမဝေးဘူး...ဂရုစိုက်ပြန်ကြ ငါသွားပြီ"
ရနောင် ညိုယံ့ကို အားအားသင့်ကြီးစွာ ကြည့်လေတယ်။ တကယ် သုံးခွက်လေ… သုံးခွက်ကြီးတောင်ချထားတဲ့ကောင်က ဘာမှမဖြစ်သလို ကားမောင်းနိုင်တယ်တဲ့။ အဲ့ကောင် တကယ့်ကို အရက်ဂျိုး။
"ဟ!...ဒါဘာလုပ်လိုက်တာလဲ Mai"
ညိုယံ အရက်တွေစိုသွားတဲ့ သူ့အကျီစကို ကိုင်ထားရင်းမှ လက်သည်ဖြစ်သူ Maiကို မျက်မှောင်ကြီးကုတ်ကာ မေးလိုက်ခြင်းဖြစ်၏။ ရနောင်တစ်ယောက်လဲ မျက်ခုံးတွေ ပင့်တက်သွားရသည်။
"ဟို...ဟို...ဒါ...အာ...ငါ့လက် ငါ့လက် အကြောကပ်ပြီး နင့်ကိုပတ်မိသလိုဖြစ်သွားတာ sorry sorry Steve..."
လက်ဖဝါးလေးနှစ်ဖက် ပူးကပ်ကာ အသာပွတ်ရင်း တောင်းပန်နေတဲ့ Maiဟာ တခြားကောင်လေးတွေအတွက် ချစ်စရာကောင်းနေပေမယ့်လို့ ညိုယံနဲ့ ရနောင်မျက်လုံးထဲမှာတော့ ထောင့်မကျိုးတဲ့ ညီမဆိုးလေးသာ။
တစ်ခုခုတော့ မှားနေသလိုခံစားရပေမယ့် အိမ်ပြန်ရန်သာလောနေတဲ့ ညိုယံတစ်ယောက်ကတော့ အကျယ်ချဲ့ရန်စိတ်ကူးမရှိသည်မို့ သက်ပြင်းချကာသာ ပြောလိုက်သည်က…
"အေး...ငါ့ဆေးခန်းမှာတော့ အကြောမကပ်စေနဲ့ပေါ့"
ညိုယံကတော့ သူ့ပုံစံအတိုင်း ခပ်တည်တည်နဲ့သာပြောပြီး ထွက်သွားလေ၏။
ထိုအခါမှ ရနောင်တစ်ယောက် Maiအား...
"နင်...အရောက်ပို့ပေးလိုက်တာမလား??"
ရနောင့်အမေးအဆုံး ထွက်ပေါ်လာတဲ့ Maiရဲ့ winkတစ်ချက်အဓိပ္ပာယ်ကို ရနောင်ကောင်းကောင်းကြီး သဘောပေါက်လိုက်စွာ ပြုံးတုန်းတုန်းဖြင့် ခေါင်းကို အသာရမ်းနေရလေပြီ။
Good Luckကွာ ညိုယံရာ...
🔜. TBC. 🔜
#90°Bow
#Readers_Paradise
[ZAWGYI]
"ညိုယံ… ေဟ်ာင့္ သားႀကီး မင္းကBarလာၿပီး Juiceပဲမွာေသာက္ေနတာေတာ့ မဟုတ္ေသးဘူးေနာ္"
ရေနာင္ ညိုယံအား စိတ္ပ်က္ပ်က္နဲ႕ၾကည့္ၿပီး ေျပာလိုက္၏။ လိုက္ခဲ့ဖို႔ေခၚတုန္းကေတာ့ သူ႕ေယာက်ာ္းတစ္ေယာက္ပဲ အိမ္မွာက်န္ခဲ့ရလို႔ စိတ္မခ်လိဳ႕ပါိဘာညာနဲ႕ ဒီညက်ေတာ့ ရေနာင့္ကိုပါ သူက စ, အရင္ဖုန္းဆက္ေခၚလိုက္ေသး။
"ငါေသာက္လို႔မရဘူး"
ရေနာင္သေဘာေပါက္လိုက္၏။ ညိုယံက သူ႕ဆရာေလးေၾကာင့္ သူ႕စိတ္သူထိန္းေနတာပဲ။
"မင္း စိတ္ရႈပ္ေနလို႔ Barလာၿပီး ေမာ့တာမလား...တစ္က်ိဳက္ႏွစ္က်ိဳက္ေလာက္ေတာ့ကစ္ေပါ့ကြာ”
"..."
"ညီေလး တစ္ခြက္ေလာက္"
ရေနာင္ Bar Boyေလးတစ္ေယာက္ကို မွာလိုက္၏။ ေနနိုင္တဲ့သူကေတာ့ေနေပါ့။ ရေနာင္တို႔ကေတာ့ မေနနိုင္ေပါင္။ Barလာၿပီးမွေတာ့ ေသာက္ၿပီးမွျပန္မယ္။ ဒါ Barအေပၚထားတဲ့ ရေနာင့္သစၥာတရားပဲ!
" ညိုယံ...မင္းၾကည့္ရတာ ဆရာေလးနဲ႕ျပႆနာႀကီးခဲ့ပုံပဲ"
Bar Boyေလးယူလာေပးတဲ့ ခြက္ကိုအသာယူရင္း ေမာ့လိုက္ေသာ ရေနာင္။
"အင္း...သူက ငါမသိေအာင္ က်ဴရွင္ျပေနတယ္"
“*ဖြီး!!*”
ငါလခြမ္း!!!
ရေနာင္တစ္ေယာက္ ပါးစပ္ထဲေရာက္ကာစ အရက္တစ္ငုံေလး ဖြီခနဲျမည္ေအာင္ အျပင္ေရာက္သြားရေလၿပီ။ ႏွေျမာစရာကြာ!!
ရေနာင့္ခမ်ာ သူငယ္ခ်င္းျဖစ္သူက သူ႕အိမ္သူသက္ထားေလးနဲ႕ ႀကီးႀကီးက်ယ္က်ယ္ျပႆနာျဖစ္လာၿပီထင္ၿပီး အျပတ္အသတ္အားေပးဖို႔ ျပင္ၿပီးကာမွ…ဝြန္း။
"ဟ...ဆရာတစ္ေယာက္က က်ဴရွင္ျပတာ ဆန္းသလား"
"မဆန္းေပမယ့္ သူသင္ေနတာ အတန္းႀကီးေတြ”
"ဘယ္ေလာက္အတန္းႀကီးေနလို႔လဲ?"
"၉တန္း ၁၀တန္း"
"ဟာကြာ!!... မင္းကလည္း ၉တန္း ၁၀တန္း သင္တာဘာျဖစ္လဲ? ငါက uniအတန္းႀကီးေတြကို သင္ေနတာထင္လို႔"
"ငါ သူ႕ကို ဝါသနာအရစာသင္တာ မတားပါဘူး...မူလတန္းကေလးေတြ အလယ္တန္းကေလးေတြ သင္လို႔ရတာပဲကြာ အထက္တန္းမွမဟုတ္ဘူး"
"မဟုတ္မွလြဲေရာ...မင္း ဆရာေလးကို အထက္တန္းကေလးေတြနဲ႕ပါ သဝန္တိုေနတာလား?"
ရေနာင္ေျပာလိုက္မွ အေမာင္ညိုယံရဲ႕ ေပေစာင္းေစာင္းအၾကည့္ဟာ ဒိုင္းခနဲ။ ထိုေပေစာင္းေစာင္းအၾကည့္ကို မွန္မွန္လိမ္စမ္းဆိုတဲ့ သေဘာမ်ိဳးနဲ႕ မ်က္ခုံးတစ္ဖက္ပင့္ျပကာ တန္ျပန္ၾကည့္ေပးလိုက္ပါမွ သေကာင့္သားက…
“အင္း”
"ဟား...ငါ့ေကာင္ရာ ဟား ဟား"
ရေနာင္ သူ႕သူငယ္ခ်င္းရဲ႕အူတိုမႈကို သေဘာက်စြာ ေအာ္ရယ္လ်က္ ညို႔ယံ့ ပခုံးထက္လက္တင္လိုက္ေတာ့ ညိုယံခ်က္ခ်င္းလက္ဖယ္ထုတ္လိုက္ကာ ရေနာင့္ေရွ႕မွာခ်ထားေသာ ဝီစကီခြက္ကိုယူ၍ တစ္က်ိဳက္တည္းေမာ့ခ်ပစ္လိုက္၏။
~~ဂလု~~
ရေနာင္ Bar Boyေလးကို လက္တစ္ေခ်ာင္းေထာင္ျပလိုက္ၿပီး ေနာက္တစ္ခြက္ယူမယ့္အေၾကာင္း အသံတိတ္ေျပာလိုက္ေလတယ္။
ညိုယံ ခါးသက္သြားသည့္ ခံတြင္းနဲ႕ ပူေလာင္သြားသည့္ ရင္တြင္းတစ္ေလွ်ာက္ေၾကာင့္ ေရတစ္ငုံေသာက္လိုက္ၿပီးေနာက္ ဆက္ေျပာလာသည္က...
"ငါ့အထက္တန္းဘဝကလည္း တေခတ္ကိုခံစားခ်က္ရွိခဲ့တာပဲ...အခု တေခတ္စာသင္တဲ့ အဲ့ဒီ့၉တန္း ၁၀တန္းေတြကေရာ တေခတ္အေပၚ စိတ္မရွိနိုင္ဘူးလို႔ မင္းထင္လား"
"ထင္တယ္ေဟ်ာင့္...မင္းဆရာေလးက မင္းအထက္တန္းဘဝတုန္းကလို ဆယ္ေက်ာ္သက္အ႐ြယ္မဟုတ္ေတာ့ဘူး...အခုေတာင္ သုံးဆယ္နားကပ္ေနၿပီမလား...အဲ့ဒီ့အ႐ြယ္ကို ဟိုလူပ်ိဳေပါက္ေလးေတြက ဘယ္သူကစိတ္ရွိမွာတဲ့လဲ??”
"Age is just a numberပါကြာ... တေခတ္က အခုထိအရင္တုန္းကလို ခ်စ္ဖို႔ေကာင္းတုန္းပဲ...ၿပီးေတာ့ အိမ္ေထာင္သည္ဆိုတာ နဖူးမွာစာမွမကပ္ထားတာ"
အူတိုမႈက ျမင္မေကာင္းဘူး!!!
သူ႕feelနဲ႕သူ ဟုတ္ေနတဲ့ ညိုယံတစ္ေယာက္ ရေနာင့္ရဲ႕ မဲ့႐ြဲ႕ေနမႈကို မေတြ႕လိုက္ရပါ။
ညိုယံ့ ဒီစကားအဆုံးမွာ ရေနာင္တစ္ခုခုကိုသေဘာေပါက္လိုက္သလိုမ်ိဳး ေခါင္းထဲလင္းခနဲျဖစ္သြားရ၏။
"မင္းဆရာေလးရဲ႕ နဖူးမွာ စာကပ္လို႔မရေပမယ့္ အိမ္ေထာင္သည္ျဖစ္တယ္ဆိုတဲ့အေၾကာင္းကို သူ႕ဦးႏွောက္ထဲေရာ ႏွလုံးသားထဲမွာပါ စာကပ္လို႔ရတယ္ေလ"
ညစ္က်ယ္က်ယ္အၿပဳံးနဲ႕ရေနာင္ရဲ႕စကားအဆုံး ညိုယံတစ္ေယာက္ ဘယ္လိုမ်ိဳးလဲဟုေမးကာ စိတ္ဝင္စားသြား၏။
စိတ္ဝင္စားေနတဲ့ညိုယံကို ရေနာင္တစ္ေယာက္ သူ႕ေရွ႕ကဝီစကီခြက္အား ညိုယံ့ေရွ႕သို႔တြန္းပို႔ၿပီးေနာက္...
"ဒါေလး အရင္ေသာက္လိုက္ေျပာျပမယ္"
ညိုယံ ရေနာင့္ကိုတစ္လွည့္ အရက္ခြက္ကိုတစ္လွည့္ၾကည့္ကာ ဘာေပါက္ကရေျပာဦးမလဲအေတြးမ်ိဳးျဖင့္ မ်က္ေမွာင္က်ဳံ႕ၾကည့္ေန၏။
ထိုအေတြးကိုလည္းသိလွေသာ သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးက…
"ေဟ်ာင့္ ညိုယံ...ငါ မင္းသူငယ္ခ်င္းပါကြ...သူငယ္ခ်င္းကို မဟုတ္တဲ့အႀကံမေပးဘူးစိတ္ခ်...ေသာက္မွာသာေသာက္စမ္းပါကြာ"
ညိုယံ့ကို ေသာက္ ေသာက္ဆိုတဲ့သေဘာနဲ႕ ေမးႀကီးထိုးျပၿပီး, ညိုယံ့ႏႈတ္ခမ္းဝနားေရာက္ေနတဲ့ အရက္ခြက္ကိုလည္း ျမန္ျမန္ေသာက္ရေအာင္ လက္နဲ႕ခြက္ကိုကူေမာ့ေပးေနေသာ ရေနာင္။
ကုန္သြားေလပါမွ...
"ဒီလိုေလကြာ ငါေျပာျပမယ္...မင္း အိမ္ေထာင္သက္တမ္း တစ္ႏွစ္ျပည့္ေတာ့မယ္ေလကြာ အဲ့ဒါ မင္းတို႔ မျဖစ္ၾကေသးဘူးလား"
"ဘာျဖစ္ရမွာလဲ...ေသခ်ာေျပာ"
ငါကလူပ်ိဳေလးေလကြာ ဘယ္လိုဒုံးတိေျပာရမွာလဲ မသာရဲ႕။
ရေနာင္ ႏႈတ္ခမ္းကိုမဲ့႐ြဲ႕ပစ္လိုက္၏။
"ဟိုဟာေလကြာ...*အဟင္း* ဟိုလိုျဖစ္တာ"
ရေနာင္ေျပာလိုက္တဲ့ ဟိုလိုျဖစ္တာဆိုတာကို ခဏေလာက္ေတာ့ အေျဖရွာလိုက္ရေသး၏။ ေနာက္မွ… ငါသိၿပီလို႔တစ္ခ်က္ေျပာၿပီး ညိုယံ အတန္ၾကာ တိတ္ဆိတ္ေနၿပီးကာမွ စဥ္းစဥ္းစားစားျဖင့္ ေျပာလာသည္က...
"ငါ...*က်စ္* ဒီအတိုင္းပဲေကာင္းပါတယ္ကြာ...သူ႕ကိုပိုင္ဆိုင္ထားရတာေတာင္ ငါလြန္ေနၿပီ"
"အဲ့လိုေဝာာ့မဟုတ္ေသးဘူးေလကြာ...အိမ္ေထာင္တစ္ခုတည္ေထာင္ၿပီးမွ ဒီလိုအလွထိုင္ၾကည့္မယ္လို႔ ငါ့ကိုလာမေျပာနဲ႕ေဟ့ေရာင္...မင္းအခု မင္းဆရာေလးကိုပိုင္ေနတာ ဗလာသပ္သပ္ႀကီး"
"အခ်ိန္ၾကာလာရင္ သူငါ့စိတ္ကိုျမင္လာမွာပါ"
"ညိုယံကြာ! မင္းငါ့သူငယ္ခ်င္းလို႔မေျပာစမ္းနဲ႕...ညံ့လိုက္တာ"
"..."
"ဒီမွာေဟ့ေရာင္...အခ်ိန္ၾကာလာရင္လို႔ေျပာရေအာင္ အခုပဲ တစ္ႏွစ္ျပည့္ေတာ့မယ္ ဘယ္မွာျမင္ေသးလို႔လဲ ေရွ႕ေလွ်ာက္ျမင္ဖို႔လဲေဝးေသး... ကိုယ့္စိတ္ကိုထုတ္ေဖာ္ျပတာမွန္တယ္ ဒါေပမယ့္ မျမင္ခ်င္ေယာင္ေဆာင္ေနရင္ေတာ့ ငါဆိုရင္ ဂုတ္ကဆြဲၿပီး အတင္းၾကည့္ခိုင္းမွာပဲ…*အဟမ္း*...တစ္မ်ိဳးမထင္နဲ႕ စိတ္ကိုေျပာပါတယ္…မင္းဆရာေလးက မျမင္တာမဟုတ္ဘူး မျမင္ခ်င္ေယာင္ေဆာင္ေနတာ အိပ္ခ်င္ေယာင္ေဆာင္တဲ့လူက အိပ္ေနတဲ့လူထက္ႏွိုးရခက္တယ္... သေဘာပါလား ငါေျပာတာ"
"ေအး"
"ေအးလို႔ေျပာေန႐ုံနဲ႕မၿပီးဘူး အေကာင္အထည္ေဖာ္စရာရွိေဖာ္"
"Hay!!!! ရေနာင္!!!ညိုယံ!!!"
လာပါၿပီ ေဒၚMai ။ Maiရဲ႕ ျမန္မာနာမည္ေခၚသံႀကီးက ညိုယံနဲ႕ရေနာင္နားထဲ ကလိ ကလိ…ဘယ္ႏွယ့္ သေဘာ္သီးေထာင္းေလသံနဲ႕ဆိုေတာ့ စဥ္းသာစားၾကည့္ေတာ့။
မ်ားေသာအားျဖင့္ေတာ့ Steveတို႔ Jamesတို႔ေခၚေနၾကပါ…ဒါေပမယ့္ တစ္ခုခုေပ်ာ္စရာရွိတယ္ဆို အဲ့ေန႕ ညွိုနံ နဲ႕ ရေညွာင္ကို ပါးစပ္ကမခ်ေတာ့ဘူး။
"မင္း ေခၚထားတာလား?"
သူတို႔ထံ လာေနတဲ့ Maiကို ေမးေငါ့ျပကာ ရေနာင့္ကို ေမးလိုက္ေသာ ညိုယံ။
"ေအး...ငါတို႔သုံးေယာက္ အလုပ္ကိစၥေတြနဲ႕ ပတ္သတ္ၿပီးပဲ ေတြ႕ေနရေတာ့ ဒီလိုလြတ္လြတ္လပ္လပ္မေတြ႕ရတာၾကာတာနဲ႕ေခၚလိုက္တာ အထူးသျဖင့္မင္းေလ ေခၚတိုင္းမလိုက္လို႔ မင္းေခၚတုန္းသုံးေယာက္ဆုံေအာင္လို႔"
"ညိုယံ...Hay…U အဆင္ေျပလား?"
ျမန္မာသံဝဲဝဲေလးနဲ႕ ႏွစ္ခြက္ေသာက္ထားတဲ့အရွိန္ေၾကာင့္ ပုံမွန္မဟုတ္တဲ့ညိုယံ့ကိုၾကည့္ကာ ေမးလိုက္ေသာ Mai.
"ေအး...ေသာက္ထားေတာ့ နည္းနည္းေလး...ဘာမွမျဖစ္ဘူး...ငါToiletသြားဦးမယ္"
"အင္း အင္း သြား"
.
.
.
ညိုယံ Toiletကျပန္လာေတာ့ ရေနာင္နဲ႕Mai ေခါင္းခ်င္းဆိုင္ကာ တြတ္ထိုးေန၏။
"ဘာေတြ ေျပာေနၾကတာလဲ?"
ေျခသံတိတ္ဝင္လာတဲ့ညိုယံ သူတို႔နားကပ္ၿပီး ေျပာလိုက္ပါမွ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ေနရာကေန ခြာလိုက္ၿပီး ႐ုပ္တည္ႀကီးေတြနဲ႕ ခုနက သူတို႔ေတြမဟုတ္သလို။
“Nothing”
ပုခုံးႏွစ္ဖက္ပင့္ျပကာ ၿပဳံးကာသာေျပာလာတဲ့ Mai။
ဒီအၿပဳံးႀကီးနဲ႕ တစ္ခုခုကေတာ့က်ိန္းေသလြဲေနၿပီဆိုတာသိေပမယ့္ ညိုယံလ်စ္လ်ဴရႈကာသာ ေျပာလိုက္သည္က…
"ငါျပန္ေတာ့မယ္ "
"ဟ...အေစာႀကီးရွိပါေသးတယ္ကြာ…Maiေတာင္အခုမွေရာက္တာ”
"၁၁ခြဲေနၿပီ ၁၂နာရီအေရာက္ျပန္လာမယ္လို႔ေျပာခဲ့တာ"
ရေနာင္ စိတ္ပ်က္စြာေခါင္းကုတ္လိုက္ေလ၏။ အဲ့ေကာင္ ဆရာေလးကိုအဲ့ေလာက္ထိေၾကာက္ရတာ လုပ္ႀကံခိုးယူခဲ့တုန္းက ဘယ္လိုသတၱိနဲ႕မ်ား ယူလိုက္ပါလိမ့္???
"မသြားခင္ ဒါေလးေသာက္လိုက္"
ညိုယံနဲ႕ရေနာင္ စကားေျပာေနရာမွ ခြက္ကိုကမ္းေပးကာ ေျပာလာေသာ Mai.
"မေသာက္ေတာ့ဘူး ငါကားေမာင္းရဦးမွာ"
"ရေနာင္က နင့္ကားကိုေမာင္းၿပီးပို႔လိမ့္မယ္"
"နင္အခုမွေရာက္တာေလ ရေနာင္နင္နဲ႕အေဖာ္ေနခဲ့လိမ့္မယ္"
"ရတယ္ ရတယ္ ငါလည္းျပန္ေတာ့မွာ...ဒါေလးေသာက္လိုက္"
ဘယ္လိုေတာင္ အတင္းႀကီးတိုက္ေနတာတုန္း။
ဒီ Maiတစ္ေယာက္ဟာေလ တိုက္လိုက္ဆိုေတာ့လည္း မေသာက္ဘူးျငင္းရင္ေတာင္ အတင္းထိုးသြတ္မယ့္သေဘာမွာရွိတယ္။
"ခုနတုန္းက မင္းကိုမေသာက္စဖူးေသာက္လို႔... အဲ့ဒါငါတိုက္ထားတာလို႔ေျပာတာ သူလည္းတိုက္ခ်င္တယ္ဆိုလို႔ အဲ့ဒါ......ဟီး…ေသာက္လိုက္ေလေနာ္ သယ္ရင္းကလည္း…ကိုယ့္သယ္ရင္းေတြတိုက္တာ မျငင္းေကာင္းဘူး"
ညိုယံ ရေနာင့္အေျပာကို နားေထာင္ၿပီး ကမ္းေပးေနတဲ့ Maiလက္ထဲကခြက္ကို အလ်င္အျမန္ယူကာ တစ္က်ိဳက္တည္းေမာ့ခ်လိဳက္၏။
အမယ္ေလး...ဘာသံသယမွ မဝင္ဘဲ ေသာက္လိုက္လို႔ ေတာ္ေသးတာေပါ့ မယ္မင္းႀကီးမရယ္...။ Maiလုပ္ပုံနဲ႕ဆို အလိမ္ေပၚေတာ့မလို႔။ ညိုယံ toiletဝင္ေနတုန္း သူတို႔ႏွစ္ေကာင္(ရေနာင္ ႏွင့္ Mai) ညိုယံအတြက္ ဒီည Missionကို ပါဝင္ကူညီအားျဖည့္ရန္တိုင္ပင္ထားျခင္းျဖစ္၏။
ညိုယံ ဒီလိုသုံးခြက္ေလာက္ေသာက္တာ တစ္ခါမွမေတြ႕ဖူးေသး။ သူငယ္ခ်င္းျဖစ္လာသမွ် ကာလပတ္လုံး ႀကဳံေတာင့္ႀကဳံခဲ တစ္ခြက္သာေမာ့တာ ျမင္ဖူး၏။ ဒါသည္လည္း တစ္ခါသာ။
"ငါျပန္ၿပီ...Maiကိုေသခ်ာလိုက္ပို႔လိုက္ဦး"
ညိုယံ က်န္ခဲ့သူႏွစ္ေယာက္လုံးကို ႏႈတ္ဆက္လိုက္ၿပီးမွ ညႀကီးမင္းႀကီး မိန္းကေလးတစ္ေယာက္တည္းျပန္ရမွာေၾကာင့္ Maiအားစိတ္မခ်စြာျဖင့္ ျပန္လိုက္ပို႔ရန္ ရေနာင့္ကိုမွာေနေသး၏။
"ရတယ္...ငါ့မွာကားပါတယ္...နင့္ကို ရေနာင္ကားေမာင္းပို႔ေပးလိမ့္မယ္"
"မလိုဘူး...ငါေမာင္းနိုင္ေသးတယ္ အရမ္းလည္းမေဝးဘူး...ဂ႐ုစိုက္ျပန္ၾက ငါသြားၿပီ"
ရေနာင္ ညိုယံ့ကို အားအားသင့္ႀကီးစြာ ၾကည့္ေလတယ္။ တကယ္ သုံးခြက္ေလ… သုံးခြက္ႀကီးေတာင္ခ်ထားတဲ့ေကာင္က ဘာမွမျဖစ္သလို ကားေမာင္းနိုင္တယ္တဲ့။ အဲ့ေကာင္ တကယ့္ကို အရက္ဂ်ိဳး။
"ဟ!...ဒါဘာလုပ္လိုက္တာလဲ Mai"
ညိုယံ အရက္ေတြစိုသြားတဲ့ သူ႕အက်ီစကို ကိုင္ထားရင္းမွ လက္သည္ျဖစ္သူ Maiကို မ်က္ေမွာင္ႀကီးကုတ္ကာ ေမးလိုက္ျခင္းျဖစ္၏။ ရေနာင္တစ္ေယာက္လဲ မ်က္ခုံးေတြ ပင့္တက္သြားရသည္။
"ဟို...ဟို...ဒါ...အာ...ငါ့လက္ ငါ့လက္ အေၾကာကပ္ၿပီး နင့္ကိုပတ္မိသလိုျဖစ္သြားတာ sorry sorry Steve..."
လက္ဖဝါးေလးႏွစ္ဖက္ ပူးကပ္ကာ အသာပြတ္ရင္း ေတာင္းပန္ေနတဲ့ Maiဟာ တျခားေကာင္ေလးေတြအတြက္ ခ်စ္စရာေကာင္းေနေပမယ့္လို႔ ညိုယံနဲ႕ ရေနာင္မ်က္လုံးထဲမွာေတာ့ ေထာင့္မက်ိဳးတဲ့ ညီမဆိုးေလးသာ။
တစ္ခုခုေတာ့ မွားေနသလိုခံစားရေပမယ့္ အိမ္ျပန္ရန္သာေလာေနတဲ့ ညိုယံတစ္ေယာက္ကေတာ့ အက်ယ္ခ်ဲ့ရန္စိတ္ကူးမရွိသည္မို႔ သက္ျပင္းခ်ကာသာ ေျပာလိုက္သည္က…
"ေအး...ငါ့ေဆးခန္းမွာေတာ့ အေၾကာမကပ္ေစနဲ႕ေပါ့"
ညိုယံကေတာ့ သူ႕ပုံစံအတိုင္း ခပ္တည္တည္နဲ႕သာေျပာၿပီး ထြက္သြားေလ၏။
ထိုအခါမွ ရေနာင္တစ္ေယာက္ Maiအား...
"နင္...အေရာက္ပို႔ေပးလိုက္တာမလား??"
ရေနာင့္အေမးအဆုံး ထြက္ေပၚလာတဲ့ Maiရဲ႕ winkတစ္ခ်က္အဓိပၸာယ္ကို ရေနာင္ေကာင္းေကာင္းႀကီး သေဘာေပါက္လိုက္စြာ ၿပဳံးတုန္းတုန္းျဖင့္ ေခါင္းကို အသာရမ္းေနရေလၿပီ။
Good Luckကြာ ညိုယံရာ...
🔜. TBC. 🔜
#90°Bow
#Readers_Paradise