[UNICODE]
"ညိုယံ… ဟျောင့် သားကြီး မင်းကBarလာပြီး Juiceပဲမှာသောက်နေတာတော့ မဟုတ်သေးဘူးနော်"
ရနောင် ညိုယံအား စိတ်ပျက်ပျက်နဲ့ကြည့်ပြီး ပြောလိုက်၏။ လိုက်ခဲ့ဖို့ခေါ်တုန်းကတော့ သူ့ယောကျာ်းတစ်ယောက်ပဲ အိမ်မှာကျန်ခဲ့ရလို့ စိတ်မချလို့ပါိဘာညာနဲ့ ဒီညကျတော့ ရနောင့်ကိုပါ သူက စ, အရင်ဖုန်းဆက်ခေါ်လိုက်သေး။
"ငါသောက်လို့မရဘူး"
ရနောင်သဘောပေါက်လိုက်၏။ ညိုယံက သူ့ဆရာလေးကြောင့် သူ့စိတ်သူထိန်းနေတာပဲ။
"မင်း စိတ်ရှုပ်နေလို့ Barလာပြီး မော့တာမလား...တစ်ကျိုက်နှစ်ကျိုက်လောက်တော့ကစ်ပေါ့ကွာ”
"..."
"ညီလေး တစ်ခွက်လောက်"
ရနောင် Bar Boyလေးတစ်ယောက်ကို မှာလိုက်၏။ နေနိုင်တဲ့သူကတော့နေပေါ့။ ရနောင်တို့ကတော့ မနေနိုင်ပေါင်။ Barလာပြီးမှတော့ သောက်ပြီးမှပြန်မယ်။ ဒါ Barအပေါ်ထားတဲ့ ရနောင့်သစ္စာတရားပဲ!
" ညိုယံ...မင်းကြည့်ရတာ ဆရာလေးနဲ့ပြဿနာကြီးခဲ့ပုံပဲ"
Bar Boyလေးယူလာပေးတဲ့ ခွက်ကိုအသာယူရင်း မော့လိုက်သော ရနောင်။
"အင်း...သူက ငါမသိအောင် ကျူရှင်ပြနေတယ်"
“*ဖွီး!!*”
ငါလခွမ်း!!!
ရနောင်တစ်ယောက် ပါးစပ်ထဲရောက်ကာစ အရက်တစ်ငုံလေး ဖွီခနဲမြည်အောင် အပြင်ရောက်သွားရလေပြီ။ နှမြောစရာကွာ!!ရနောင့်ခမျာ သူငယ်ချင်းဖြစ်သူက သူ့အိမ်သူသက်ထားလေးနဲ့ ကြီးကြီးကျယ်ကျယ်ပြဿနာဖြစ်လာပြီထင်ပြီး အပြတ်အသတ်အားပေးဖို့ ပြင်ပြီးကာမှ…ဝွန်း။
"ဟ...ဆရာတစ်ယောက်က ကျူရှင်ပြတာ ဆန်းသလား"
"မဆန်းပေမယ့် သူသင်နေတာ အတန်းကြီးတွေ”
"ဘယ်လောက်အတန်းကြီးနေလို့လဲ?"
"၉တန်း ၁၀တန်း"
"ဟာကွာ!!... မင်းကလည်း ၉တန်း ၁၀တန်း သင်တာဘာဖြစ်လဲ? ငါက uniအတန်းကြီးတွေကို သင်နေတာထင်လို့"
"ငါ သူ့ကို ဝါသနာအရစာသင်တာ မတားပါဘူး...မူလတန်းကလေးတွေ အလယ်တန်းကလေးတွေ သင်လို့ရတာပဲကွာ အထက်တန်းမှမဟုတ်ဘူး"
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်