AllU(20)

365 27 8
                                    

[ UNICODE ]

မိုးစက်မိုးပေါက်လေးတွေကို ဘယ်လောက်မြတ်နိုးသည်ပဲဆိုဆို ဂျူလိုင်မိုးက ရက်စက်တတ်သည်ဆိုတာ ကိုယ်တိုင်ကြုံတွေ့မှ သိလိုက်ရတာမျိုး...

Robin ကားမှန်တံခါးလေးချလို့ ခပ်ဖွဲဖွဲလေးသာ သွန်းနေသည့် မိုးစက်လေးတွေကို လက်ကလေးနဲ့ခံကာ အသည်းကွဲဒဏ်ရာ သက်သာလိုသက်သာငြား ထိုမိုးစက်လေးတွေနဲ့ကုစားမည့်ဟန်ပြင်တော့...

"Robin"

"ဟင်"

Driver Seatမှာထိုင်ကာ ကားမောင်းနေသူ Jamesကြောင့် နာမည်ခေါ်တာကို လှည့်ကြည့်ကာ ပြန်ထူးလိုက်၏။

"မှန်ပြန်တင်...ဖျားလိမ့်မယ်"

"ခဏလေးပဲ‌လေJames...နော်"

ခွင့်တောင်းသလိုပြောလာတဲ့ Robinကို ရနောင်သက်ပြင်းလေးတစ်ချက်သာချပြီး ခွင့်ပြုပေးလိုက်ရ၏။

ထိုအခါမှ Robinနူးညံ့စွာပြုံးလိုက်ရင်း ကားပြတင်းဘောင်ပေါ်လက်တစ်ဖက်ခံမေးတင်လျက် ကျဆင်းလာတဲ့မိုးရေပေါက်လေးတွေကို လွတ်လပ်စွာမြေပြင်သက်ဆင်းခွင့်မပြုတော့ဘဲ နောက်လက်တစ်ဖက်ဖြင့်ခံယူကာ အနှောင့်အယှက်ပြုနေလိုက်၏။

အပြင်မှာမိုးတွေရွာသွန်းဖြိုးသလို Robinမျက်ဝန်းအိမ်မှာလည်း မိုးတွေစွေနေလေရဲ့...။

မျက်ရည်မိုးတွေကို လွတ်လပ်ပါစေတော့ဟု မျက်တောင်ဖျားလေးအား ဖိပိတ်၍ ကျဆင်းခွင့်ပြုလိုက်တော့ အလုအယက်နဲ့ သူငါအပြိုင် သက်ဆင်းကုန်တော့၏။

မိုးက နည်းနည်းသည်းလာပုံရသည်။ ရေစက်ကလေးတွေက Robinလက်ဖဝါးပေါ်တွင်သာမက မျက်နှာတစ်ခုလုံး ဖြန့်ကျက်ကုန်၏။ ဒါလည်းကောင်းတာဘဲ မျက်ရည်နဲ့မိုးရေရောတော့ ကိုယ်ငိုတာ ဘယ်သူမှမသိတော့ဘူးပေါ့။

"Robin...မှန်တင်လိုက်တော့"

ဒီတစ်ကြိမ်တော့ James(ရနောင်)စကားကို Robinနားထောင်ရချေပြီ။ နည်းနည်းလေးမိုးမိတာနဲ့ နှာချေချင်သလိုလို အေးလာသလိုလိုဖြစ်ချင်တဲ့ Robinအကြောင်းကို Jamesအသိဆုံးဖြစ်တာကြောင့် ပူနေရခြင်းပင်။

"အွန်း"

မှန်တင်ပြီးတာနဲ့ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ခန္ဓာကိုယ်လေးပါ မသိမသာယိုင်ကာ လှည့်ထားလိုက်သည့် Robinက...

AllUWhere stories live. Discover now