AllU(28)

347 29 5
                                    

[UNICODE]

မိုးတဖြိုက် နှစ်ဖြိုက် ရွာသွန်းမှုတွေကြား သုံးထပ်အဆောက်အဦးကြီးရဲ့အပေါ်ဆုံးထပ် ပြတင်းတံခါးမှတစ်ဆင့် အပြင်ကမ္ဘာလောကကြီးကို မျှော်ကြည့်လိုက်သည့်အခါ အေးချမ်းမှုတွေက ထင်ဟပ်နေလေ၏။

အင်း…ဒီမိုးဖွဲလေးတွေကြောင့် လောကကြီးကတော့ အေးချမ်းနေပါလျက် ပူအိုက်လောင်မြိုက်နေတဲ့ ညိုယံ့နှလုံးသားကိုရော…အေးချမ်းခြင်းဖြင့်ပြည့်စုံစေမည့်လူသားက ဘယ်ဆီမှာများ ခြေရာဖျောက်နေပါသနည်း?????

လွမ်းလွန်းလို့ ခဏလောက်ဖြစ်ဖြစ် တွေ့ခွင့်ရှိလို့ရမလား တခေတ်ရယ်……မောင် မမေ့ရက်နိုင်ဘူး။ လေးနှစ်ရှိလေပြီ…ခင်ဗျားထွက်သွားတာ လေးနှစ်ရှိခဲ့ပြီ…မောင့်ကို သဲလွန်စလေးပေးဖို့တောင် ကပ်စေးနဲရသလားဗျာ!

မိုးတိမ်‌တွေနဲ့ထပ်တူ ညို့မှိုင်းနေတဲ့ ညိုယံ့အကြည့်တွေက ဆေးခန်းမျက်စောင်းထိုးနားလောက်မှာရှိသည့် မူကြိုကျောင်းရှေ့ တစ်နေရာထံတွင် စုပုံရောက်ရှိ၏။

ကလေးလေးတစ်ယောက် တိတိကျကျပြောရရင် ဆံပင်ကောက်ကောက်လေးတွေနဲ့ လွယ်အိတ်လေးလွယ်ကာ မူကြိုကျောင်းဝတ်စုံဝတ်ထားတဲ့ ကလေးလေးတစ်ယောက်…ဘယ်ဘက်ရက်ဘတ်လေးနားတွင်လည်း ပုဝါသေးလေးတစ်ထည်ကို တွယ်ချိတ်ကလေးဖြင့် ချိတ်ဆွဲထားလေ၏။

ထိုကလေးသည် ကြောင်ဝါပေါက်လေးတစ်‌ကောင်အား သူ၏ရင်ခွင်ငယ်‌လေးထဲ ပွေ့ပိုက်လျက် ခပ်သွက်သွက်ခြေလှမ်းဘုတိုလေးတွေဖြင့် လှမ်းလာနေ၏။ ခြေလှမ်းတွေကတော့ ညိုယံ့ဆေးခန်းကိုဦးတည်နေသယောင်…။

ထင်သည့်အတိုင်း ကလေးလေးက ဆေးခန်းရှေ့ပင် တည့်တည့်ကြီးရောက်ချလာ၏။ ညိုယံတစ်ယောက် ချက်ချင်းဆိုသလို အောက်ဆုံးထပ် အပေါက်ဝဆီဆင်းပြေးမိသွားလေပြီ။ လူကြီးမပါဘဲ တစ်ယောက်တည်း ဆေးခန်းလာသည့်မူကြိုကလေးကို တစ်ခါမှမတွေ့ဖူးတာကြောင့် အထူးအဆန်းဖြစ်နေတာ ဖြစ်ပါလိမ့်မည်။

ညိုယံအောက်ရောက်တော့ ထိုကလေးအားအပေါက်ဝမှာတင် သူ့ဝန်ထမ်းကောင်မလေးတစ်ယောက်က မေးမြန်းနေပုံရ၏။ တစ်နေရာကနာကျင်မှုကြောင့် တညောင်ညောင်အော်နေသောကြောင်လေးက ထိုကလေးကိုတော့ ကုတ်ခြစ်မနေဘဲ ပိုက်ထားသည့်ရင်ခွင်ထဲထိုးဝှေ့သာဝင်နေလေ၏။

AllUHikayelerin yaşadığı yer. Şimdi keşfedin