Perfect Destiny Arc7 မြန်မာဘာ...

By RedBlood481

165K 23.5K 867

💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါ... More

Synopsis
Arcရှင်းတမ်း
Please Read🙏🙏🙏
1.1(U)(တုနှိုင်း၍မရသော အထီးကျန်မှု)
1.2(U)
1.3(U)
1.4(U)
2.1(U)(သူဒါကိုမုန်းခဲ့တယ်)
2.2(U)
2.3(U)
2.4(U)
3.1(U)(အချိန်တွေက ကုန်ဆုံးလွယ်လိုက်တာ)
3.2(U)
3.3(U)
3.4(U)
4.1(U)(ဘဝအသစ်)
4.2(U)
4.3(U)
4.4(U)
5.1(U)(အလွန်အကျွံအတွေးများ)
5.2(U)
5.3(U)
5.4(U)
6.1(U)(ပြင်းထန်တဲ့အဖျား)
6.2(U)
6.3(U)
6.4(U)
7.1(U)(Sleeping illness)
7.3(U)
7.4(U)
8.1(U)(Sleeping illness ကုသပြီးခြင်း)
8.2(U)
8.3(U)
8.4(U)
9.1(U)(တစ်နှစ်ပြီးတစ်နှစ်)
9.2(U)
9.3(U)
9.4(U)
10.1(U)(Beautiful wedding)
10.2(U)
10.3(U)
10.4(U)
11.1(U)(စျာပန)
11.2(U)
11.3(U)
11.4(U)(final)
1.1(Z)(တုနှိုင်း၍မရသော အထီးကျန်မှု)
1.2(Z)
1.3(Z)
1.4(Z)
2.1(Z)(သူဒါကိုမုန်းခဲ့တယ်)
2.2(Z)
2.3(Z)
2.4(Z)
3.1(Z)(အချိန်တွေက ကုန်ဆုံးလွယ်လိုက်တာ)
3.2(Z)
3.3(Z)
3.4(Z)
4.1(Z)(ဘဝအသစ်)
4.2(Z)
4.3(Z)
4.4(Z)
5.1(Z)(အလွန်အကျွံအတွေးများ )
5.2(Z)
5.3(Z)
5.4(Z)
6.1(Z)(ပြင်းထန်တဲ့အဖျား )
6.2(Z)
6.3(Z)
6.4(Z)
7.1(Z)(Sleeping illness)
လက်ရှိအခြေအနေ😂😂
7.2(Z)
7.3(Z)
7.4(Z)
8.1(Z)(Sleeping illness ကုသပြီးခြင်း)
8.2(Z)
8.3(Z)
8.4(Z)
9.1(Z)(တစ်နှစ်ပြီးတစ်နှစ်)
9.2(Z)
9.3(Z)
9.4(Z)
10.1(Z)(Beautiful wedding)
10.2(Z)
10.3(Z)
10.4(Z)
11.1(Z)(ဈာပန)
Attention please🙏
11.2(Z)
11.3(Z)
11.4(Z)(final)

7.2(U)

2.3K 399 4
By RedBlood481

အိမ်ပြန်တဲ့တစ်လမ်းလုံး ချန်လီကောက systemကို ရွှီဇယ်က ရှန်းယိုလင်ရဲ့ လက်တွဲဖော်အစစ်ဟုတ်မဟုတ် ထပ်ခါထပ်ခါ အတည်ပြုနေခဲ့သည်။

system- "အရင်က အဲလိုပြောခဲ့ပေမဲ့ ဒီကမ္ဘာမှာ ရှာတွေ့တယ်ဆိုတဲ့ စကားကမတူလှဘူး"

ချန်လီကော-"ဘာမတူတာလဲ??"

system-"သူမ လက်တွဲဖော်ကို ရှာတွေ့တယ်၊ရှာတွေ့တယ် ဆိုတာက တွေ့ရုံပဲလေ အဲဒါက သူမတစ်သက်လုံးအတူရှိချင်တဲ့လူလို့ မဆိုလိုဘူးလေ။သူတို့ အခုမှ  သူငယ်ချင်း ဒါမှမဟုတ် အချင်းချင်းသိတဲ့လူတွေပဲ  ဖြစ်နိုင်သေးတာပဲ"

systemရဲ့ စကားကြားတော့ သူက ဖုန်းကိုချက်ချင်းထုတ်လိုက်ပြီး သူ့လူတွေကို ရွှီဇယ်ရဲ့ အကြောင်းကို စုံစမ်းခိုင်းလိုက်သည်။

အရင်က system က သူ့သမီးရဲ့ လက်တွဲဖော်လို့ ပြေပေမဲ့ သူမယုံခဲ့ဘူး။သူ့လူတွေလွှတ်ပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ ရွှီဇယ်ရဲ့အကြောင်းအရာ က တော်တော်ကြောက်စရာကောင်းနေခဲ့သည်။
ဘာလို့လဲဆိုတော့ သူ့ပုံစံက အခုချိန်ထိ လောကဒဏ်အားလုံးကို ခံစားခဲ့ရသည့်ပုံပေါ်နေသောကြောင့််ပင်....

သူ့လူတွေကလည်း သတင်းပြန်ပို့တာအတော်မြန်သည်။ချန်လီကောက အဲဒါကိုမြင်တော့ သူ့မျက်ခုံးတွေကို တွန့်ကွေးလိုက်သည်။

ဒီရွှီဇယ်ရဲ့ သတင်းအချက်အလက်တွေက တော်တော့်ကို ရှင်းလင်းတာပင်။ရှင်းလွန်းလို့ သာမန်လူမှဟုတ်ရဲ့လား ထင်မိသည်။ သူကလေးဘဝမှာပဲ မိဘနှစ်ပါးစလုံး အသက်ဆုံးရှုံးခဲ့ရပြီး သူ့အဒေါ်အိမ်မှာနေခဲ့သည်။သူက စာတော်သောကြောင့် ပညာသင်ဆုများ နှစ်စဥ်ရခဲ့သည်။ သူက တခြားသူတွေကို ကူညီတတ်ပြီး ပရဟိတအသင်းများတွင်ပါ ပါဝင်ထားသည်။

"သူ့မိဘဘက်က အဒေါ်ဆိုတာ အမှန်ဟုတ်မဟုတ် စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်"

သူ့စကားကို ကြားတော့ လက်အောက်ငယ်သားက "ဟုတ်ကဲ့" ဟု ပြောခဲ့သည်။

ချန်လီကောက စာကြည့်ခန်းထဲမှာ ထိုင်ရင်း သူ့သမီး ထိုကောင်လေးဆီမှာ အရမ်းကြီး ပျော်ဝင်မနေဖို့ ဆုတောင်းနေခဲ့သည်။

ဆေးရုံက ဆင်းလာပြီးတဲ့နောက် ရီဟွိုင်ကလည်း ကျောင်းမတက်ခင် အားပြန်ယူနေသည်။

ရှန်းယိုလင်လည်း ကျောင်းတက်နေပြီဖြစ်သည်။
ချန်လီကောကတော့ သူမအတွက် စိတ်အလွန်ပူတာကြောင့် သူမလုံခြုံရေးအတွက် ဂရုစိုက်ဖို့ ထပ်ခါထပ်ခါ သတိပေးနေခဲ့သည်။

"အဖေ အရင်ဆုံး ပြောရရင် သမီးက အချစ်ရူးရူးနေတဲ့ကောင်မလေးတစ်ယောက် မဟုတ်တော့ပါဘူး၊ ရွှီဇယ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိရင် သမီးကိုပြောပါ သမီးသူ့ကိုချက်ချင်း လမ်းခွဲလိုက်မယ်"

ချန်လီကောက သူ့သမီးစကားကို ကြားတော့ သူ့သမီးကို သူအထင်သေးမိသွားမှန်းသိလာရသည်။

"ကမ္ဘာပေါ်မှာ မြက်ပင်တွေမရှိရင်တောင် ပန်းပွင့်က မားမားမတ်မတ် ရပ်တည်နိုင်ပါသေးတယ်"

"သမီးသူ့ကိုချစ်တာက သူက ကြည့်ကောင်းလို့ပါ"

"ဒီလိုဆိုမှတော့ မင်းက ဘာလို့ငါနဲ့တွေ့ဖို့ခေါ်လာသေးလဲ???"

ရှန်းယိုလင်က ရယ်လျက် ပြန်ဖြေလာခဲ့သည်။

"သမီးတစ်စုံတစ်ယောက်နဲ့တွေ့နေပြီဆိုတာ အဖေ့စိတ်ကိုအရက်ပြင်ဆင်ထားစေချင်လို့ပေါ့"

ချန်လီကောက သူ့သမီးကို ပြောစရာစကားတွေတောင် ဆွံ့အသွားရသည်။

ထို့နောက် ရှန်းယိုလင်က သူမလက်ကိုဝေ့ယမ်းလျက် ထွက်သွားလေသည်။ သူမပုံစံက တည်ငြိမ်နေတာကြောင့် သူ့သမီးလေး ရင့်ကျက်လာပြီဆိုတာ ချန်လီကော သိသွားသည်။

ရီဟွိုင်ကသူ့ဘေးမှာ ရပ်နေခဲ့ပြီး ရီနေခဲ့သည်။

"မင်းက ဘာလို့ရယ်နေရတာလဲ သွားမယ်"

သူနေပြန်ကောင်းလာတော့ ရီဟွိုင်က အလုပ်ကြိုးစားလုပ်ခဲ့ပြန်သည်။ချန်လီကောသူ့ကို ပေးထားတဲ့အလုပ်တွေပြီးရင် တရားမဝင်လုပ်ငန်းတွေအပါအဝင် တခြားလုပ်ငန်းတွေကိုပါ လေ့လာလေ့ရှိသည်။

ချန်လီကောက အခုချိန်ထိ သူ့ကို လမ်းညွှန်ပေးတုန်းဖြစ်သည်။ သို့သော်လည်း တခြားအချိန်တွေမှာတော့ သွေးထွက်သံယိုဖြစ်နိုင်တယ်ဆိုရင်တောင် သူ့အင်အားနဲ့သူ ကြိုးစားစေသည်။

အနာခံမှအသာစံရမည်မဟုတ်လား.......

ကျောင်းတက်ပြီး ၃လကြာတော့ ပထမဆုံးအကြိမ် ရီဟွိုင် တိုက်ခိုက်ခံခဲ့ရသည်။ ဒီလူတွေက ချန်လီကောကို မတိုက်ခိုက်ရဲသောကြောင့် ရီဟွိုင်ကို ပစ်မှတ်ထားပြီး တည်သီးတွေနှင့်ပစ်ပေါက်ခဲ့သည်။

ချန်လီကောက ဒီကိစ္စကို သိသွားတော့ ကိစ္စက ဖြေရှင်းပြီးသားဖြစ်နေသည်။

အနည်းဆုံးတော့ ရီဟွိုင် ဒဏ်ရာမရခဲ့ပေ။သို့သော် သူ့ပုံစံက အစကတည်းက မျှော်လင့်စောင့်စားနေခဲ့တာဖြစ်ပြီး ကျောင်းမှာ လူတွေအစောင့်ထားခဲ့တာ ဖြစ်သည်။ထို့ကြောင့် သူ့ကိုပစ်သော သူများသည် ထိုလူတွေအင်အားဖြင့် အရုိက်ခံခဲ့ရသည်။

ရီဟွိုင်က ချန်လီကောကို ဒီလူတွေနဲ့ ဘယ်လိုပတ်သက်လဲမေးလာခဲ့သည်။

"မင်းဘယ်လိုထင်လဲ???"

ရီဟွိုင်စိတ်တွေ လှုပ်ရှားနေခဲ့သည်။သို့သော်လည်း သူ့လူတွေကို ထိုလူတွေအား  ကိုယ်ရေးကိုယ်တာအရ အပြစ်ပေးရန်တော့ အမိန့်မပေးခဲ့ပေ.......

ချန်လီကောရဲ့အသံကတော့ ပေါ့ပါးနေခဲ့သည်။

"ဒီလောကက ဒီအတိုင်းပဲလေ။မင်းမသေခဲ့ရင်
သေမှာက ငါပေါ့"

ရီဟွိုင်ကတော့ နားလည်ပါပြီဟုသာ ပြန်ပြောခဲ့သည်။

ချန်လီကောက ရီဟွိုင်ကို သူထိုလူတွေနဲ့ ဘယ်လိုပတ်သက်လဲ မပြောပြခဲ့သောကြောင့် ရီဟွိုင်စိတ်မခုဖို့သာ မျှော်လင့်နေခဲ့သည်။

ချန်လီကောရဲ့ ဆဌမအာရုံကမှန်နေခဲ့သည်။
ရွှီဇယ်ရဲ့အဒေါ်ကို စုံစမ်းဖို့လွှတ်လိုက်တဲ့သူတွေက ချက်ချင်း အကြောင်းကြားလာသည်။ပြောကြတာကတော့ သေချာပေါက် မရုိးရှင်းတာရှိသည်ဟူ၍ပင်....ထို့နောက် သေချာစစ်မေးလိုက်သောအခါတွင် ထွက်လာသည့်အဖြေက သူမက ရွှီဇယ်ရဲ့အဒေါ်မဟုတ်ကြောင်း၊သို့ပေမဲ့လည်း ဒီနောက်ကွယ်မှာ သူမတို့ကိုပိုက်ဆံပေးပြီးလိမ်ညာခိုင်းတဲ့သူ တစ်ယောက်ယောက်ရှိနေကြောင်း ဝန်ခံလာခဲ့သည်။

"ဆက်စုံစမ်း"

ချန်လီကောက လက်အောက်ငယ်သားကို ပြောလာသည်။

တစ်ပတ်ကြာတော့ သတင်းအသစ်က ချန်လီကောဆီသို့ ထပ်ရောက်လာခဲ့သည်။

ရွှီဇယ်နာမည်က ရွှီဇယ်မဟုတ်ဘဲ ရွှီလုဖြစ်ပြီး မိဘမဲ့တစ်ယောက်ဖြစ်တာကတော့မှန်သည်။
မမျှော်လင့်ထားတာက သူငယ်ငယ်တုန်းက ပညာသင်ဆုတွေအားလုံးက ချန်လီကောရဲ့ဖောင်ဒေးရှင်းက ရတာ့ဖြစ်နေပြီး ဘယ်အချက်ကများ သူ့ကိုရှန်းယိုလင်ရဲ့ ချစ်သူဖြစ်လာစေတာလဲကတော့ မသိရသေးပေ။

ချန်လီကောက သူ့သမီးကို ဖုန်းချက်ချင်း ဆက်လိုက်သည်။

"ယိုလင် ရွှီဇယ်ကို လမ်းခွဲလိုက်တော့"

သူမက ထုံးစံအတိုင်း အကြောင်းရင်းကို မေးလာခဲ့သည်။

"သူ့နာမည်အရင်းက ရွှီလုလို့ခေါ်ပြီး သူက ချမ်းသာတဲ့အမျိုးသမီးတွေဆီက ချူစားနေတာ"

ရှန်းယိုလင်က သူမအဖေစကားကို ကြားတော့ ဒေါသထွက်သွားပြီး သူမအဖေပြန်မပြောနိုင်ခင် ဖုန်းချလိုက်သည်။

ချန်လီကောက သူ့သမီးကို ယုံကြည်သည်။မျှော်လင့်ထားတဲ့အတိုင်း ညနေခင်းမှာ သူ့လူတွေက မမလေးဟာ အယောင်ဆောင်ကောင်ကို ရိုက်နှက်ခဲ့ကြောင်း သတင်းပို့လာသည်။ရွှီဇယ်က ပြန်ရိုက်ချင်ပေမဲ့လည်း သူမခွန်အားကို မမှီခဲ့ပေ။

ဒီသတင်းကိုကြားတော့ ချန်လီကောက ပြောစရာမရှိဖြစ်သွားပြီး ဝမ်းသာရမည်လား ဝမ်းနည်းရမည်လားဖြစ်သွားသည်။

ရီဟွိုင်ကတော့ အိမ်ကိုနေ့တိုင်း ပြန်လာခဲ့ပြီး ချန်လီကောနဲ့ညစာတူတူစားခဲ့သည်။

ချန်လီကောရဲ့ အပြုအမူကို မြင်တော့ ဘာဖြစ်တာလဲဆိုတာ မေးလာခဲ့သည်။

ချန်လီကောက ရွှီဇယ်အကြောင်း ရီဟွိုင်ကိုပြောပြလိုက်သည်။

ရီဟွိုင်က ဒီအကြောင်းကို ကြားတော့ အသီးအရွက်ဟင်းကို ကောက်နေတဲ့ သူ့တူ ရပ်သွားသည်။

"သခင် တကယ်လို့ တစ်စုံတစ်ယောက်က သခင့်ကို ကလိမ်ကကျစ်ကျရင် သခင်ဘယ်လိုဖြေရှင်းသလဲ"

"အခေါင်းထဲထည့်ပြီး ပင်လယ်ထဲ မျှောလိုက်တယ်"

"သခင်က အရမ်းရက်စက်တာပဲ"

"ဒါကို ရက်စက်တယ်လို့ ခေါ်တာလား??? သူတို့ငါ့ကို ရက်စက်လို့ကြောက်တယ်ဆိုပြီး သစ္စာကြဘာလို့ဖောက်ကြသေးလဲ???"

"အာ...ကျွန်တော် အဲလိုမရည်ရွယ်ပါဘူး သခင်စိတ်မဆိုးပါနဲ့"

ချန်လီကောက "ရက်စက်တယ်"ဆိုတဲ့စကားက ဘားမှာလုပ်ခဲ့တဲ့ ရီဟွိုင်ကို ပြောရမှာဟု တွေးလိုက်သည်။ ချန်လီကောက အဲဒီကိစ္စကို ထိထိရောက်ရောက်မစုံစမ်းခဲ့ပေမဲ့ ရီဟွိုင်ဆိုတာသိပြီး လွှတ်ထားလိုက်တာ ဖြစ်သည်။

ချန်လီကောက သူ့နှလုံးသားထဲမှာ "ဟမ့်"ဟုအသံထွက်နေပြီး "လူဆိုးကောင် ငါ့ကို ရပြီးတာတောင် စျေးဗန်းခင်းချင်နေတုန်းပဲ"

systemက ချန်လီကောရဲ့အတွင်းစိတ်ကိုလည်း ကြားရော မနေ့က စားထားတဲ့အစားအစာတွေအန်ထွက်မလိုဖြစ်ခဲ့ရသည်။

Continue Reading

You'll Also Like

57.3K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
204K 13.8K 55
Jeon Jungkook x Kim Taehyung
54.7K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...