ချစ်တယ်လို့ပြောခိုင်းတာကို ဘာတွေဘယ်လိုအထင်လွဲသွားမှန်းမသိပေမဲ့ ကိစ္စကကြီးသွားတော့ ချန်းယောလ် ခေါင်းနပန်းကြီးသွားရသည်။
ဘတ်ဟျွန်းကဘတ်ဟျွန်းပဲဆိုပေမဲ့ ပြောင်းလဲသွားတဲ့တစ်ချက်က ဒီဘဝကဗြောင်ကလီယောလ်ကိုမချစ်တော့ဘူးထင်ပါရဲ့...ချစ်တယ်တောင် မပြောချင်တော့တဲ့အထိလေ
မိဖုရားတွေအကြောင်းပြောမိလို့သဝန်တိုသွားတာလားဆိုတဲ့ အနီးစပ်ဆုံးအဖြေကိုတော့ ချန်းယောလ် မတွေးမိခဲ့ပါ
အနောက်ဘက်က ဥယျာဉ်တော်ဆီပြေးထွက်သွားတာကြောင့် ဘတ်ဟျွန်းရဲ့ဝတ်ရုံတော် အပြာလေးဆွဲကာလိုက်ရပြန်သည်။ ညဘက်ဆိုရာသီဥတုကအေးကအေးနှင့် တစ်ခုခုဆို သူ့ကလေးလေး ဖျားနေရင် သူသာရင်ကျိူးရမည်သာ
"ဗြောင် ထွက်လာခဲ့ပါကွာ ကိုယ်တော်တောင်းပန်ပါတယ်"
ဥယျာဉ်တော်ထဲကမီးအိမ်တွေရဲ့အလင်းရောင်က မှိန်ဖျော့ဖျော့သာ ။ အမှောင်ထဲ ထိုကောင်လေးကို ဘယ်နှယ့်များရှာရပါ့မလဲ
ခြေဗလာနဲ့ပြေးလာခဲ့တာကြောင့် မြိုသားလေးဘတ်ဟျွန်းရဲ့ခြေထောက်ဖြူဖြူက မြက်ပင်ကြမ်းရှရှတွေကြောင့် ပြတ်ရှရာတွေတောင်ထင်နေခဲ့ပြီ။ တချို့ပြတ်ရှရာတွေက သွေးစို့လို့တောင်နေပြီ
"မကောင်းမကန်း မင်းကြီး ချစ်တယ်ဆိုတဲ့စကားကသူ့အတွက်ရိုးနေမှာပဲ မပြောဘူး ဘောတဲ့မှမပြောနိုင်ဘူး"
အမှောင်ရိပ်ကျနေတဲ့အပင်ကြီးကြီးနောကိမှာ ဘတ်ဟျွန်းကသူ့ကိုယ်လေးကို ကျုံကာထိုင်လိုက်သည်။
"သူ့အပြစ်နဲ့သူ ရှာလိုက်စမ်းပါမင်းကြီးရယ်"
ခပ်ဝေးဝေးကနေ ပြေးလာတဲ့အသံတွေကိုကြားပေမဲ့ ဘတ်ဟျွန်းကတော့မလှုပ်မယှက်ပဲထိုင်နေတုန်း
"ရဲမက်တွေရှာလို့တွေ့ရင်မခေါ်ဘူး ကိုယ်တိုင်ရှာတွေ့မှခေါ်မှာ ဟွန့်"
ဖိနပ်ကလဲမပါ ညလေကလဲချမ်းစိမ်းစိမ်းနဲ့အေးတာကြောင့် ဘတ်ဟျွန်းဟွန့်ကနဲ့ လေမှုတ်ထုပ်ပြီး ကိုယ်လေးကိုအတတ်နိုင်ဆုံး ကျုံ့ထားရသည်။ဥယျာဉ်တော်အကျယ်ကြီးကို တစ်ယောက်ထဲရှာနေတော့ ဒီညတွေ့ရင်တောင် ကံကောင်း
"ဗြောင် ထွက်ခဲ့ပါတော့ကွာ ကိုယ်တော်မှားပါတယ်
ကိုယ်တော့်ရှေ့ပြန်ရောက်မှ စိတ်ကောက်လေကွာ"
ဝတ်စုံရှည်ရှည်တွေက မ,ကာပြေးရင်း အနေတည်ပြီးမျက်နှာခက်ထန်လှတဲ့မင်းကြီး လီယောလ်က အခုချိန်မှာတော့ဘယ်သူ့ကိုမှ မရှက်နိုင်တော့။
လပြည့်ညရဲ့ လရဲ့အလင်းရောင်ကိုသာအားပြုရင်း ချန်းယောလ်က အရှေ့ပြေးလိုက် အနောက်ပြေးလိုက်နဲ့သားပျောက်နေသော မိခင်ကြီးကဲ့သို့ပင်
"နှစ်ပေါင်း၁၀၀ ကျော်အောင်ကိုယ်ဘေးနားမှာ ဗြောင်မရှိခဲ့တုန်းက ကိုယ်ဘယ်လိုအခုထိအသက်ရှင်နေနိူင်ခဲ့တယ်ထင်လဲ ဗြောင်.."
ခပ်တိုးတိုးရေရွတ်သံဆိုပေမဲ့ မလှမ်းမကမ်းက ဘတ်ဟျွန်းကတော့နားထဲမှာ အကျယ်ကြီးကြားလိုက်ရသလိုပဲ.. ဘယ်လောက်ပဲလျစ်လျူရှူရှူ နှလုံးသားတွေကတော့လိမ်ညာလို့မရဘူးမလား..
သူချန်းယောလ်အပေါ်တအားဆိုးမိခဲ့တယ်ထင်တယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကရော ဘယ်ရောက်နေမှန်းမသိတဲ့ဒီသက္ကရာဇ်တွေမှာရော..
ပိုချစ်တဲ့သူကိုပြပါဆိုရင် ဘတ်ဟျွန်းကိုယ်တိုင်ကပါ ချန်းယောလ်ကို လက်ညိုးထိုးပြဖြစ်လိမ့်မယ်ထင်တယ်။ ဘယ်သူကများမသေချာတဲ့အရာအတွက် ကိုယ့်နှလုံးကသွေးကို ထုတ်ယူပေးနိုင်မှာလဲ။ ဒါပေမဲ့ ဘတ်ဟျွန်းအတွက်တော့ ချန်းယောလ်ကဖောက်ထုတ်ပေးခဲ့တာ ချန်းယော်ဘယ်ဘက်ရင်အုံအမာရွတ်တွေက အချစ်ရဲ့သက်သေ။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူနှုတိဖျားက ချစ်တယ်လို့ကြားချင်မိမှာပဲ။
ဘတ်ဟျွန်းက အတ္တကြီးသွားခဲ့တာ.. ချန်းယောလ်ကိုချစ်ရတာသူ့မှာမလုံလောက်သလိုပဲ ချန်းယောလ်ထက်ဘတ်ဟျွန်းကပိုချစ်ပြပေးချင်တာ
မနေနိုင်တော့တဲ့အဆုံးဘတ်ဟျွန်းပြေးဝင်မိတာ ချန်းယောလ်ရဲ့ရင်ခွင်ကြီးထဲ။
"တောင်းပန်ပါတယ် ချန်းယောလ် ငါတောင်းပန်ပါတယ် "
ရင်ခွင်ထဲကကောင်သေးသေးလေးက ချန်းယောလ်ကိုမော့ကြည့်မလာပေမဲ့ တောင်းပန်ပါတဲ့ဆိုတဲ့
စကားလုံးတွေကိုပဲထပ်ထလဲလဲ ပြောနေခဲ့တာ
"ဘာတွေများတောင်းပန်ရသလဲအချစ်ရယ်
ဗြောင်မှားနေခဲ့ရင်တောင် ကိုယ်တော်ကပဲတောင်းပန်ပါ့မယ် နောက်တစ်ခါတော့ကိုယ်ရှေ့ကနေ ပျောက်မသွားပါနဲ့"
တင်းကြပ်စွာပွေ့ဖက်လာတဲ့ လက်မောင်းကြီးတွေကြား ရင်ခွင်ထဲနစ်ဝင်သွားရသူမှာဘတ်ဟျွန်းပင်
ပခုံးပေါ်ခေါင်းအပ်လာတဲ့ချန်းယောလ်က ဘတ်ဟျွန်းကိုယ်လေးကို သူအားကြီးနဲ့မှီထားသေးသည်
ပခုံးပေါ်စိုစွတ်လာတဲ့ ခပ်နွေးနွေးအထိအတွေ့ရယ်
ထွက်မသွားပါနဲ့လို့ခပ်တိုးတိုးရေရွတ်ပြီး လည်ပင်းနုနုပေါ် တစ်ဖွဖွကျရောက်လာတဲ့ ခပ်နွေးနွေးနှုတ်ခမ်းတွေရယ်..
ဝမ်းနည်းနေတဲ့ချစ်ရသူကို ဘတ်ဟျွန်းကကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးလာသည်။ လက်တစ်ဖက်ကလဲကျောကိုခပ်ဖွဖွပုတ်ပေးနေရင်း ကျန်တဲ့လက်တစ်ဖက်ကချန်းယောလ်ရဲ့ခေါင်းနောက်ဖက်မှာအသာအုပ်ကိုင်ပေးထားသေးသည်
"မငိုပါနဲ့တော့ ရင်တွေနာရလို့ နောက်ဆိုနှင်ထုတ်ရင်တောင်ထွက်မသွားတော့ဘူး ကတိပေးပါတယ် ယောလ်"
ကိုယ်ချင်းအပ်ထားရာက ခွါလိုက်တော့ ရာသီဥတုကပြန်အေးလာသလို ။ ရာသီဥတုကနှင်းမုန်တိုင်း ထန်နေရင်တောင် ချန်းယောလ်ကရင်ခွင်ကဘတ်ဟျွန်းအတွက်ထာဝရနွေးထွေးနေဦးမှာ
နဖူးပေါ်ကိုကျလာတဲ့ခပ်နွေးနွေးအနမ်းမှာ လျော့ရဲနေတဲ့နဖူးစည်းစကပြေကျသွားရတော့တယ်။ ခပ်ကကြပ်ကြပ်စည်းထားခဲ့ပေမဲ့ ဘယ်ချိန်ကဘယ်လို လျော့ရဲသွားခဲ့လဲမသိတဲ့နဖူးစည်းစက မြက်ပင်စိမ်းစိမ်းတွေပေါ်မှာ
အပြာရောင်တောက်လာတဲ့ ဘတ်ဟျွန်းကနဖူးပေါ်က လိပ်ပြာအမှတ်အသားရယ်... ထူးဆန်းစွာနဲ့တစ်ချိန်ထဲမှာပဲအပြာရောင်မျက်လုံးတွေဖြစ်သွားခဲ့တဲ့ လီယောလ်ရဲ့မျက်ဝန်းကျယ်ကျယ်တွေရယ်
"ဗြောင် ဒါက.."
အပြာရောင်ပြောင်းသွားတဲ့သူ့မျက်ဝန်းတွေကို ဂရုမပြုအားပဲ ဘတ်ဟျွန်းရဲ့နဖူးပေါ်ကို လက်ချောင်းအကြီးကြီးတွေနဲ့ခပ်သာသာလေးထိတွေ့လာတယ်။
"အဲ့ဒါကြောင့် နဖူးစည်းကိုမဖြည်ဖို့ တားခဲ့တာ
အပြာရောင်တောက်နေပြန်ပြီ မဟုတ်လား"
"မနက်ဖြန်ကျ အကိုတော်ဆီသွားမေးကြည့်ရအောင်"
"လှတယ် ယောလ်ရဲ့အပြာရောင်မျက်လုံးတွေကိုသဘောကျတယ် "
"ကိုယ်တော်က ဒါ.."
အနောက်ကိုဆုတ်သွားတဲ့ ချန်းယောာလ်ကို လက်ဖျံကိုဘတ်ဟျွန်းကအတင်းဆွဲဆုပ်ထားပစ်လိုက်တယ်
"မကြောက်ဘူး မကြောက်တာမလို့မသွားပါနဲ့
ချန်းယောလ်က ဘာဖြစ်နေပါစေ ချစ်နေဦးမှာမလို့ ကျွန်တော့်ကိုရှောင်နေဖို့မစဉ်းစားပါနဲ့"
ခုချိန်ထိအရောင်မပြယ်သေးတဲ့ အမှတ်အသားအပေါ် ချန်းယောလ်ကထပ်ပြီးဖိကပ်နမ်းတယ်။ရွေ့နေတဲ့လပြည့်ညရဲ့အရောင်က ဘတ်ဟျွန်းအမှတ်အသားပေါ်တိုက်ရိုက်ကျလာတယ်။ ချန်းယောလ်ရဲ့အပြာရောင်မျက်ဝန်းတွေကလဲမှေးမှိန်မသွားသေးပြန်ဘူး
ဘတ်ဟျွန်းရဲ့နဖူးကအမှတ်အသားရဲ့အရောင်က မှေးမှိန်သွားပေမဲ့ နဖူးကအပြာရောင်ကအခု ဘတ်ဟျွန်းရဲ့မျက်ဝန်းသေးသေးလေးတွေထဲမှာ တဖိတ်ဖိတ်လဲ့နေတယ်။
"ဗြောင် ဗြောင်!"
အပြာရောင်မျက်လုံးတွေရပြီးချင်းချင်း ဖြူဖျော့သွားပြီး ယိုင်နဲ့လာတဲ့ကောင်ငယ်လေးကိုချန်းယောလ်ကရင်ခွင်ထဲထွေးပွေးထားရတယ်။
"မင်းမျက်လုံးတွေ သိပ်လှတာပဲဗြောင်"
အပြာရောင်မျက်ဝန်းတွေအကြည့်ချင်းဆုံတဲ့အခါမှာ
ချုံပုတ်တွေကြားထဲက ပိုးစုန်းကြူးလေးတွေကရုတ်တရက်ဆန်စွာထွက်လာတယ်။ ဘဝမှာမျက်လုံးနဲ့တစ်ခါမှသေချာမမြင်ဖူးပေမဲ့ အခုမျက်စိရှေ့မှာ မြင်နေရတဲ့ပိုးစုန်းကြူးတွေကအများကြီး။ ပိုပြီးထူးဆန်းနေတာက အဝေးကကြည့်ရင်အဲ့ပိုးစုန်းကြူးတွေကချန်းယောလ်တို့ကိုစက်ဝိုင်းပုံစံရစ်ပတ်ထားတယ်ဆိုတာပဲ။
"နမ်းမိလို့ကျိန်စာသင့်တာတော့မဟုတ်လောက်ဘူး အကိုတော်ပြောတဲ့အထဲ နမ်းလို့မရတာမပါဘူး"
"နမ်းလို့ကျိန်စာသင့်ကြေးဆိုရင်တောင် ချန်းယောလ်ကို အချိန်တိုင်းနမ်းနေမိဦးမယ်ထင်တယ် နှုတ်ခမ်းထူထူထဲမှာနွေးထွေးနေရတဲ့ ခံစားချက်ကိုသဘောကျမိလို့လေ"
ရင်ခွင်ထဲကကောင်လေးက နှာခေါင်းပေါ်ကမှဲ့နက်လေးကိုလက်သွယ်သွယ်လေးတွေနဲ့ထိကိုင်ရင်းစိုက်ကြည့်နေတဲ့ ပင်လယ်ပြာရောင်မျက်ဝန်းတွေကလဲရီဝေဝေ။ နှုတ်ခမ်းကိုလက်မနဲ့ဘယ်ညာပွတ်ဆွဲနေတဲ့ ကြင်ယာတော်လေးက ကျားမကြောက်မြွေမကြောက်အတော့်ကို ဆိုးသည်။ နှုတ်ခမ်းကိုစိတ်တိုင်းကျသုံးလေးခါပွတ်ဆွဲပြီးမှ နှုတ်ခမ်းထူထူပေါ်ကိုရောက်ရှိလာတဲ့ ပူတင်းလေးလိုနူးညံ့တဲ့နှုတ်ခမ်းသားသေးသေးလေးတွေ။ ဒီတစ်ခါတော့ကြောင်လေးဟန်ဆောင်ထားသော ကျားမင်းကြီးက အလျော့မပေးတော့။
အေးစက်စက်နှုတ်ခမ်းပါးပါးလေးတွေကိုအပေါ်တစ်လှည့် အောက်တစ်လှည့် ဖိလိုက်ဆွဲလိုက်နဲ့ ခပ်မှန်မှန်လေး နမ်းရှိုက်သည်။ နှာခေါင်းလုံးလုံးဘေးပါမကျန် နှုတ်ခမ်းထောင့်စွန်းပေါ်ကမှဲ့သေးသေးလေးအထိ တမြတ်တစ်နိုးနမ်းသည်။
"ချစ်တယ်ဆိုတဲ့စကားထက် ပိုသာတာရှိရင်ယောလ်ကိုကျွန်တော်ပြောပြချင်တယ် ။ထာဝရအဆုံးထိ ကမ္ဘာမြေအဆုံးထိ မြတ်နိုးပါ့မယ် ဒီဘဝမှာတော့ကျွန်တော်ကယောလ်ကိုအသက်ထက်ပိုပြီးချစ်ပေးပါ့မယ်"
"ဝန်ခံဖို့ရှက်တဲ့စကားဖြစ်ပေမဲ့လဲ ဒီနှစ်ပေါင်းရာကျော်မှာ ကိုယ်တော့်နှလုံးသားထဲမှာဗြောင် တစ်ယောက်ထဲရှိခဲ့တာ ကိုယ်တော့်ကြင်ယာတော်အဖြစ်အမြဲရှိနေပေးပါ ဒီသက္ကရာဇ်မှာတော့ကိုယ်တော်ကဗြောင့်ဘေးနားအမြဲရှိတော့မှာ.."
အပြာရောင်တောက်တောက်မျက်ဝန်းတွေက အရောင်ဖျော့စ ပြုလာပြီဖြစ်သလို ပိုးစုန်းကြူးတွေကပါ တဖြည်းဖြည်းပျောက်ကွယ်ကုန်သည်။ နဖူးစည်းလေးကိုအသေအချာပြန်စည်းပေးလိုက်ပြီး ဖြူဖျော့နေတဲ့ကြင်ယာတော်လေးကို ဝတ်ရုံအသာလွှားကာ အဆောင်တော်ထဲပွေ့ခေါ်ရသည်။
"ဒီတစ်ခါတော့ဘောင်းဘီသားရေကြိုးကောင်းတယ်မလား ကျွတ်ကျရင်မကြည့်ရဲဘူးနော်"
အားမရှိစွာဖြူဖျော့နေသည့်ကြားထဲမှ ဘတ်ဟျွန်းကခပ်ရွတ်ရွတ်စကားများကိုဆိုလာသေးသည်။ ချန်းယောလ်ရဲ့အပြာရောင်မျက်လုံးများပျောက်ကွယ်တာနဲ့တစ်ပြိုင်နက် ဘတ်ဟျွန်းမျက်ဝန်းတွေပါမူလအရောင်ဖြစ်လာသည်။
အပြာရောင်မျက်ဝန်းတွေရယ် အပြာရောင်တောက်လာတတ်တဲ့လိပ်ပြာသဏ္ဍာန်အမှတ်အသားရယ်။ထူးဆန်းစွာရုတ်တရက်ပေါ်ထွက်လာတဲ့ ပိုးစုန်းကြူးတွေရယ်.......
____
ဒီအပိုင်းလေးမှာသေချာဆက်စပ်တွေးမယ်ဆိုရင် အဖြေတစ်ခုရှိတယ် ထူးဆန်းနေတာကများမယ်ထင်တယ် ချန်းယောလ်ရဲ့အပြာရောင်မျက်ဝန်းတွေကကျိန်စာကြောင့်ဖြစ်လာခဲ့တာ ကျိန်စာပြယ်ပေမဲ့ထပ်ပေါ်လာတာအခုက ရှေ့ပိုင်းနဲ့ချိတ်မယ်ဆိုရင် သေမျိုးလူသားဘတ်ဟျွန်းနဲ့မသေမျိုးလူသား ချန်းယောလ်က ဒီကမ္ဘာမှာပေါင်းဖက်ဖို့မဖြစ်နိုင်ဘူးဆိုတာလေ မမှတ်မိတဲ့သူတွေremindလုပ်ပေးတာပါ ဒီအပိုင်းလေးမှာtwistပါပါတယ်ဟီးဟီး