( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 38 ]
END - [ 39 ]
Extra

[ 37 ]

29.8K 2.4K 64
By GeGeDiDimimi

[ သူကြီးသမက် ]

လများစွာကြာပြီနောက်။

အခုဆိုအရိပ်ကိုယ်ဝန်ကမွေးလစေ့ခဲ့ပြီဖြစ်၏ မိန်းကလေးတွေလိုဗိုက်နာချိန်စောင့်ပြီး ရိုးရိုးမွေးဖွားရန်မဖြစ်တာကြောင့် နေ့ကောင်းရက်သာရွေးပြီး ခွဲမွေးရန်မကွေးမြို့ပေါ်ကအပြင်ဆေးရုံတစ်ခုမှာ အရိပ်ကိုယ်ဝန်စရှိချိန်ကတည်းကတစ်လတစ်ခါလာပြတဲ့သားဖွားဆရာဝန်နဲ့တိုင်ပင်ကာရိုးလိုချင်တဲ့သောကြာနေ့လေးကိုမွေးဖွားရန်ရက်သတ်မှတ်လိုက်သည်။

" အရိပ်လေး ဘာမှမကြောက်နဲ့နော် ကိုယ်အပြင်မှာရှိနေမယ် "

ခွဲခန်းဝင်ရန်အတွင်းဝတ်တွေအကုန်ချွတ်၍ ပိုးသတ်ထားတဲ့ဝတ်စုံကိုလှဲလည်ဝတ်စဉ်နေတဲ့ အရိပ်ကိုကူပေးနေတဲ့ရိုးတစ်ယောက်အရိပ်ကိုစိုးရိမ်စွာ အားပေးစကားပြောနေပြီးအမှန်စစ်စစ်မှာတော့ အခုစိတ်လှုပ်ရှားနေတာအရိပ်မဟုတ်ပဲရိုးကိုယ်တိုင်ပဲဖြစ်နေသည်။

" ရိုး စိတ်အရမ်းလှုပ်ရှားနေတယ်နော် မသိရင် ရိုးခွဲမွေးရမှာကြနေတာပဲ "

စိတ်လှုပ်ရှားလွန်းပြီးဇောချွေးလေးတွေပြန်နေတဲ့ ရိုးနဖူးစပ်ကချွေးစလေးတွေကိုအရိပ်ကြင်နာစွာသုတ်ပေးပြီး ရိုးကိုပြန်နှစ်သိမ့်စကားဆိုလိုက်သည်။

" ဘာမှမစိုးရိမ်နဲ့နော် အရိပ်နဲ့အတူရိုးရဲ့ကလေးလေးပါခေါ်ပြီးမွေးခန်းထဲကပြန်ထွက်လာခဲ့မယ် "

" ချစ်တယ်အရိပ် ကိုယ်အရိပ်ကိုအရမ်းချစ်တယ် "

" အင်းပါ ရိုးအရိပ်ကိုချစ်တာ အရိပ်သိပါတယ် အရိပ်လည်းရိုးကိုအရမ်းချစ်တယ် ဒါကြောင့် အရိပ်ခွဲခန်းထဲဝင်ရင်အရမ်းစိုးရိမ်ပြီးစိတ်လှုပ်ရှားမနေနဲ့နော်အရိပ်နဲ့ကလေးလေးကိုစောင့်နေပေးကြားလား "

" အွန်း "

အရိပ်ကိုသူရင်ခွင်ကျယ်ထဲဆွဲဖက်ထားပြီးချစ်တဲ့အကြောင်းကိုတစ်ဖွဖွပြောနေတဲ့ရိုးအသံတွေကစိတ်လှုပ်ရှားမှုတွေကြောင့်တုန်နေ၏ ရိုးကျော့ပြင်လေးကိုခပ်ဖွဖွပြန်ပုတ်ပေးပြီးနှစ်သိမ့်စကားဆို၍ အရိပ်ခွဲခန်းထဲဝင်ခဲ့လိုက်သည်။

အေးစက်သွားတဲ့ခွဲခန်းရဲ့လေထုကြောင့်အရိပ်ရင်ထဲအနည်းငယ်တော့ စိုးထိတ်မိသွားသည်။

သူ့ဘဝတစ်လျှောက်မှာခွဲခန်းဝင်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်လား စိုးထိတ်မိနေတဲ့စိတ်လေးထဲမကြာခင်သူနဲ့ရိုးရဲသွေးသားလေးရောက်လာတော့မှာကိုတွေးမိတော့ အားအင်းတွေကစိုးထိတ်မိနေတဲ့စိတ်ကိုအနိုင်ယူသွားသည်။

" ဆရာတို့ထုံဆေးစထိုးတော့မယ်နော် "

" ဟုတ်ကဲ့ ဆရာ "

ခွဲမွေးမှာမလို့မေ့ဆေး ထုံဆေးနှစ်မျိုးတည်းက အရိပ်ထုံဆေးကိုရွေးခဲ့၏ မေ့ဆေးရဲ့အာနိသင်က ဆိုးကျိုးများတာကြောင့် ထုံဆေးကိုသာရွေးချယ်ခဲ့ပြီးရိုးကလဲအရိပ်ရွေးချယ်မှုကိုသဘောတူခဲ့သည်။

ထုံဆေးထိုးဖို့အတွက်အရိပ်ကိုယ်မှာဝတ်ထားတာတွေကိုချွတ်ပစ်လိုက်ရ၏ ရိုးတစ်ယောက်ကလွဲရင်တခြားသူစိမ်းများရှေ့ကိုယ်တုံးလုံးနေရခြင်းကရှက်စိတ်ကိုဖြစ်ပေါ်လာစေမယ့် ဒါကရှောင်လွှဲလို့ရတဲ့အခြေနေမဟုတ် ဒါဟာခွဲခန်းဝင်ဖူးသူတိုင်းကြုံကြရတာပဲဖြစ်သည်။

" အားးး "

ထုံဆေးထိုးထည့်လိုက်ချိန်မှာနာကျင်မှုကပုံမှန်ဆေးထိုးတာနဲ့နည်းနည်းလေးမှမတူ အရိပ်မှာနာလွန်းတာကြောင့် အံကြိတ်မထားနိုင်ပဲပါးစပ်ကတောင်ထွက်အော်မိသွားသည်။

" ထုံလာပြီလား အခုဆရာ အသားထိထားတာသိလား "

" အင်းဟင် , ကျွန်တော်ဘာမှမခံစားရတော့ဘူး "

" Ok , ဒါဆို ဆရာတို့ခွဲဖို့စတော့မယ် "

" ဟုတ်ကဲ့ "

ထို့နောက် အချိန်တစ်ခုကြာပြီးချိန်တွင်အရိပ်ကိုယ်မှာထုံထိုင်းလာကာဘာမှမသိတော့ အသံတွေသာနားထဲမှာကြားနေရသည်။

အရိပ်လည်ပင်နားကနေအဝတ်စလေးကာထားပေးကာ သူတို့တွေရဲ့ကက်ကြေးယူသံဓားကိုဗန်းထဲပြန်ချတဲ့တချွန်ချွန်တွေကြားနေရပေမဲ့ အရိပ်မျက်ဝန်းတွေကအပေါ်ကမီးလုံးတွေကိုသာငေးကြည့်လိုက်မျက်လုံးတွေပြန်မှိတ်ထားလိုက်လုပ်နေမိသည်။

" ဟင် , ကလေးကမြွှာလေးပဲ !"

ဆရာဝန်တွေရဲ့အမြွှာလေးပဲဆိုတဲ့ စကားသံတိုးတိုးလေးကိုအရိပ်ကြားလိုက်ရချိန်ပျော်ရွှင်မှုကနှိုင်းစမရ ရိုးသာသိရင်ဘယ်လောက်ပျော်လိုက်မလဲဆိုတဲ့အတွေးဝင်လာတော့ အခုချက်ချင်းပင်ခွဲခန်းထဲကအပြေးထွက်ပြီး ရိုးကိုပြောပြလိုက်ချင်မိတော့သည်။

ရိုးတစ်ယောက်ခွဲခန်းအရှေ့‌အငြိမ်ထိုင်မနေနိုင်အရိပ်မှာခဲ့သလို စိတ်မလှုပ်ရှားနဲ့ဆိုပေမဲ့ ရိုးမှာတော့ အရမ်းစိတ်လှုပ်ရှားနေမိ၏ အရိပ်ခွဲခန်းထဲကပြန်ထွက်လာမှရိုးစိတ်အေးနိုင်မည်ဖြစ်သည်။

အရိပ်မေမေကတော့ လက်ထဲမှာကိုးလုံးပါပုတီးအညိုရောင်လေးကိုညာဘက်လက်ကကိုင်စိပ်၍ ဘယ်ဘက်လက်ကအဝါရောင်ဘုရားစာအုပ်အသေးလေးကိုင်ကာရွတ်ဖတ်နေသည်။

အရိပ်ညီမနှင်းနုကလဲယောကျ်ားလုပ်သူအောင်သက်ကိုထားခဲ့ပြီး သူ့အမေနဲ့အတူအရိပ်မွေးတာကိုကူလိုက်လာခဲ့ပေးတာဖြစ်၏ အခုလည်းသူ့အမေနံဘေးကနေသူလည်းတက်သလောက်မှတ်သလောက်ဘုရားစာကိုရွတ်ဖတ်နေ၏ ရိုးကတော့ ခွဲခန်းအရှေ့စိတ်လှုပ်ရှားစွာလမ်းလျှောက်နေမိသည်။

အချိန်အတိုင်းတာတစ်ခုထိကြာပြီးချိန်မှာတော့ ခွဲခန်းတံခါးပွင့်လာသည်။

ထိုင်နေတဲ့အရိပ်မေမေရယ် နှင်းနုရယ် ရိုးရယ် ထွက်လာတဲ့ဒေါက်တာအနားအမြန်သွားလိုက်၍ အရိပ်ရဲ့အခြေနေကိုမေးလိုက်သည်။

" ဆရာ ကျွန်တော်အမျိုးသား အခြေနေကျန်းမာရဲ့လား ကျွန်တော်ကလေးရော ကျန်းမာလား "

" ကလေးအဖေရော ကလေးတွေရော ကောင်းကောင်းမွန်းမွန်းပါပဲဗျ ဘာမှစိုးရိမ်စရာမရှိပါဘူး စိတ်မပူပါနဲ့ "

ဒေါက်တာစကားကြောင့် ရင်ထဲကစိုးရိမ်မှုများအနည်းငယ်သက်သာသွားပေမဲ့ အခုထိခွဲခန်းထဲကအရိပ်မထွက်လာသေးတာကြောင့် စိတ်တော့မအေးနိုင်သေး ထိုအတူဆရာရဲ့ကလေးတွေရောဆိုတဲ့အပြောကြောင့် စိတ်ထဲအနည်းငယ်ထူးဆန်းနေမိပြန်သည်။

" ဒေါက်တာ ကျွန်တော်ကလေးက အထီးလား အမလား "

" ဗျာ "

" ဟဲ့ , ငရိုး ကိုယ်သားသမီးကို ဘယ်လိုတောင်မေးလိုက်တာလဲ မိန်းကလေးလား ယောကျ်ားလေးလားမေးရမှာလေ !"

ရိုးအမေးကြောင့်ဒေါက်တာက အံ့ဩသွားသလို ရိုးမှာလည်းယောက္ခမရဲ့ငေါက်မာန်တာကိုခံလိုက်ရသည်။

" ဒေါက်တာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားနေမိလို့ စကားမှားသွားတာတောင်းပန်ပါတယ် ကျွန်တော်ကလေးကသားလေးလား သမီးလေးလား "

ရိုးရဲ့ပုံစံကိုကြည့်ကာဒေါက်တာကရယ်လိုက်၍။

" ဖြစ်တတ်ပါတယ်‌ဗျာ ကျွန်တော်တုန်းကလဲ ကျွန်တော်မိန်းမမွေးတော့ ကိုယ်တိုင်းကစိတ်လှုပ်ရှားနေလို့ တခြားဆရာဝန်နဲ့မွေးရတာ ခင်ဗျားလိုပဲ အရမ်းစိတ်လှုပ်ရှားခဲ့ရတဲ့ခံစားချက်လေးက အခုကျွန်တော်သားလေး ကိုးတန်းရောက်နေပြီ အခုထိမမေ့သေးဘူး "

ဒေါက်တာစကားကြောင့် ရိုးပြုံးလိုက်ချိန်ခွဲခန်းတံခါးပွင့်လာ၍ ဆရာမလေးနှစ်ဦးထွက်လာ၏ သူတို့လက်ထဲမှာလဲအနှီးထုပ်အဖြူလေးနဲ့ကလေးပေါက်စလေးတစ်ဦးစီပါလာသည်။

" ဘယ်ဟာက ကျွန်တော်ကလေးလဲ ဗျ "

ရိုးကဆရာမလေးနှစ်ဦးလက်ထဲကကလေးတွေကိုကြည့်ကာမေးလိုက်တော့ ဆရာမလေးတွေအပါဝင်ဒေါက်တာကပါပြုံးလိုက်၍။

" ဒီကလေးနှစ်ယောက်လုံးက ခင်ဗျားကလေးတွေပါပဲ ခင်ဗျားရဲ့အမျိုးသားက သမီးတစ်ယောက်သားတစ်ယောက်အမြွှာလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ် ဂုဏ်ယူပါတယ်ဗျ "

" ဗျာ !"

" ဟင် "

ဒေါကတာစကား‌ကြားလိုက်ချိန်သူကြီးကတော်တို့သားအမိရော ရိုးရောအံ့ဩမှုများစွာပျော်ရွှင်ခြင်းတွေနဲ့အတူဆွံအသွားမိသည်။

" ဘုရားရေ အရိပ်ကအမြွှာလေးမွေးတာတဲ့ "

ဝမ်းသားအားရပြောလာတဲ့သူကြီးကတော်အသံ။

ဒါဟာဘယ်လောက်တောင်ဝမ်းသာစရာကောင်းလိုက်သလဲ ရိုးမှာလုံးဝမျှော်လင်မထားမိတဲ့အရာအတွက်ပျော်ရွှင်မှုတွေကနှိုင်းစမရ။

ယောကျ်ားလေးတစ်ယောက်ကိုလက်ထပ်ခဲ့ပြီး မျှော်လင့်မထားတဲ့ကိုယ်ဝန်ကိုလည်းအရိပ်ကဆောင်နိုင်ခဲ့၏ အခုထပ်ပြီးရိုးသွေးသားကိုတစ်ယောက်တောင်မဟုတ်ပဲတစ်ပြိုင်နက်နှစ်ယောက်တောင်မွေးထုတ်ပေးခဲ့သည်။

ဒါဟာအရိပ်နဲ့သူရဲ့စစ်မှန်တဲ့ချစ်ခြင်းတရားတွေကြောင့် နတ်ကောင်းနတ်မြတ်တွေကဆုလာဘ်လက်ဆောင်ပေးခဲ့ကြတာထင်သည်။

" ကျေးဇူးပါ အရိပ်လေး ကိုယ်အတွက် ကိုယ်သွေးသားလေးတွေကို မွေးထုတ်ပေးခဲ့လို့ "

ဆေးရုံတစ်ခုရဲ့သီးသန့်အ‌ခန်းခုတင်ပေါ်မှာပက်လက်လေးအိပ်နေတဲ့အရိပ်လက်လေးကိုကိုင်၍ ရိုးကျေးဇူးတင်စကားဆိုလိုက်သည်။

ဒါဟာအိမ်ထောင်တစ်ခုမှာသားသမီးမွေးဖွားပေးတဲ့ ကိုယ်ဇနီးမယားကိုလင်ယောကျ်ားတစ်ဦးအနေနဲ့အပြောသင့်ဆုံးစကားလေးတစ်ခွန်းဖြစ်သည်။

အခုလည်းအရိပ်လက်လေးကိုကိုင်၍ ကျေးဇူးတင်စကားဆိုလာတဲ့ ရိုးအသံတွေကဝမ်းသာပျော်ရွှင်နေမှုတွေကပေါ်လွင်နေတာမို့ အရိပ်ပြုံးလိုက်ပြီး ရိုးရဲ့မျက်ခုံးမွေးမည်းမည်းကြီးတွေအောက်က ကြည့်လင်တောင်ပနေတဲ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်ကာ။

" ရိုး အရိပ်ကိုကျေးဇူးတင်ရင် အရင်ကထက်ပိုပြီးချစ်ပေးနော် "

" အဲဒါက အရိပ်လေးတောင်းဆိုစရာ မလိုအောင် ကိုယ်ကချစ်ပြီသား ကိုယ်မှာတစ်နေတစ်နေ့ဟော့ဒီကယောကျ်ားလေးကိုဘယ်လိုချစ်ရမလဲပဲ တွေးနေတာ "

" အား "

" ဟင် အရိပ်လေး အရမ်းနာနေလား "

" အင်း "

ရိုးကိုင်ထားတဲ့လက်ကိုအရိပ်ပြန်လည်ဆုပ်ကိုင်လိုက်မိ၏ ထုံဆေးပြယ်နေပြီမလို့ ဗိုက်ခွဲကြောင်းကသိသိသာသာနာလာပြီဖြစ်သည်။

ထိုအချိန်

အခန်းထဲကိုဝင်လာတဲ့မေမေနဲ့ညီမလေးကသူတို့လက်ထဲမှာလဲအမြွှာလေးတွေကိုတစ်ယောက်စီပွေ့ချီလာကြသည်။

" ကလေးတွေ ဆေးထိုးခဲ့ပြီလား "

" ထိုးခဲ့ပြီ ငါ့မြေးလေးတွေသနားတာအေ , ဆရာမတွေကလဲသေချာမလုပ်ကြဘူး ခဏခဏဆေးထိုးအပ်နဲ့ထိုးနေကြတာ !"

" မေမေကလဲဆရာမတွေကသေချာမလုပ်တာမဟုတ်ပါဘူး ကလေးတွေက အခုမှမွေးစလေးတွေလေ လူကြီးတွေလိုမဟုတ်ဘူး သွေးကြောရှာရတာခက်တယ်လေ သူ့တို့လည်းသွေးကြောရှာရင်းနဲ့ခဏခဏအပ်နဲထိုးသလိုဖြစ်သွားတာပေါ့ "

ပွေ့ချီထားတဲ့ကလေးတစ်ယောက်ကိုနံဘေးကက‌လေးပုခက်လေးထဲထည့်ရင်းစိတ်ဆိုးနေတဲ့အမေကိုနှင်းနုရှင်းပြလိုက်သည်။

" မသိဘူးအေ ငါ့တော့နာလို့ငိုနေတဲ့ငါ့မြေးလေးတွေကိုကြည့်ပြီးအဲဆရာမတွေကိုအရမ်းစိတ်ဆိုးတာပဲ "

အမေအပြောကြောင့် ရိုးတို့သုံးယောက်သဘောကျကာပြုံးလိုက်မိသည်။

ထိုအချိန် အရိပ်ကိုခွဲမွေးပေးတဲ့ဒေါက်တာကအခန်းထဲဝင်လာကာအပြုံးမျက်နှာလေးနဲ့အရိပ်ဘေးလျှောက်လာ၏ ဆရာမလေးတစ်ဦးလည်း ဘေးကနေပါလာသည်။

" ကလေးတွေကို နို့မုန့်ဝယ်တိုက်မှာလား ကိုယ်တိုင်တိုက်မှာလား "

ဟုတ်ပါ၏ ထိုအကြောင်းရာကိုအရိပ်မတွေးမိသေး အခုလောလောဆယ်တော့ ကလေးတွေကိုဆရာစီစဉ်ပေးထားတဲ့ နို့ဘူးလေးတွေတိုက်ထားတာဖြစ်သည်။

ဘယ်လောက်ပဲအခုခေတ်နို့မုန့်တွေကဘယ်လောက်စံချိန်ကောင်းကောင်းအရည်သွေးဘယ်လောက်မှီမှီကိုယ်တိုင်တိုက်တဲ့မိဘနို့လောက်တော့မမှီနိုင် အရိပ်ကလေးတွေကိုအရိပ်ကိုယ်တိုင်အရိပ်သွေးအနီကအဖြူရောင်နို့ရည်တွေအဖြစ်ထွက်လာတာကိုပဲသားနဲ့သမီးကိုတိုက်ချင်သည်။

" ဆရာ ဖြစ်နိုင်ရင်သားနဲ့သမီးကိုကျွန်တော်နို့ရည်ပဲတိုက်ချင်တယ် "

" ရပါတယ် ဒါပေမဲ့ ကလေးကနှစ်ယောက်ဆိုတော့ နို့မုန့်ကူမှတော့ရမယ် ခင်ဗျားနို့ရည်နဲ့ကလေးတွေဝမှာမဟုတ်ဘူး "

" ဟုတ်ကဲ့ ဆရာ "

" ပြီးတော့ ကလေးတွေသောက်ရအဆင်ပြေအောင် နို့သီးခေါင်းထွက်ဖို့လိုတယ် "

အရိပ်မှာယောကျ်ားလေးတစ်ဦးရဲ့ပြားချက်ချက်နို့လေးသာရှိတာပြီး အခုတော့ကလေးမွေးထားလိုထင်၏ အနည်းငယ်နို့ရည်ကြောင့်တင်းကာဖောင်းနေသလိုနာလဲနာနေမိသည်။

" ဟို ဆရာ ကျွန်တော်ဘယ်လိုလုပ်ရမလဲ "

အရိပ်အမေးကြောင့် ဆရာကနံဘေးမှာရပ်နေတဲ့ ရိုးကိုကြည့်လာ၍။

" ဆေးရုံအတွင်းကကလေးပစ္စည်းတွေရောင်းတဲ့ဆိုင်မှာနို့စုပ်ခွက်လိုပြောဝယ်လိုက် သူတို့ပေးခဲ့လိမ့်မယ် အဲဒါနဲ့နို့သီးခေါင်းစူထွက်လာအောင်စုပ်ထုတ်ရမှာပါ နာတော့နာမယ်သည်းခံပြီးနို့သီးခေါင်းထွက်လာအောင်သေချာလုပ်ပေးပါ အဲဒါမှကလေးတွေနို့သောက်လို့ရမှာ "

" ဟုတ်ကဲ့ ဆရာ "

အရိပ်ကဆရာအပြောကိုသဘောတူလိုက်သည်။

ထိုအချိန်ဆရာကထပ်ပြောလာ၏။

" တကယ်လို့ စုပ်ခွက်ဝယ်မသုံးချင်လဲ ကိုယ်အမျိုးသားကိုစုပ်ထုတ်ခိုင်းလို့ရပါတယ် အဲဒါက စုပ်ခွက်သုံးတာနဲ့စာရင်ပိုပြီးနာကျင်မှု့သက်သာစေတယ် တချို့အမျိုးသမီးတွေကတော့စုပ်ခွက်မသုံးကြဘူး သူတို့အမျိုးသားကပဲစုပ်ထုတ်ပေးတာပါ "

" ဗျာ "

အရိပ်မှာဒေါက်တာအပြောကြောင့်ဘာပြန်ပြောရမလဲမသိအောင်ဆွံအသွားမိသလို ရိုးသည်လည်းမျက်နှာကြီးရဲလို့ မေမေတို့နှင်းနုတိုကတော့မကြားသလို အမြွှာလေးတွေကိုသေးဝတ်အနှီးလဲပေးနေကြသည်။

ထို ခေတ္တခဏအချိန်လေးအတွင်း၌အမြွှာလေးတွေရဲ့ငိုသံကလွဲလို့ ရိုးဆီကလဲဘာစကားမှထွတ်မလာသလို အရိပ်မှာလည်းဘယ်လိုပြန်ပြီးဆရာကိုဖြေရမှန်းမသိဖြစ်သွားမိသည်။

< 15 , 12 , 2021 >

[ သူႀကီးသမက္ ]

လမ်ားစြာၾကာၿပီေနာက္။

အခုဆိုအရိပ္ကိုယ္ဝန္ကေမြးလေစ့ခဲ့ၿပီျဖစ္၏ မိန္းကေလးေတြလိုဗိုက္နာခ်ိန္ေစာင့္ၿပီး ရိုးရိုးေမြးဖြားရန္မျဖစ္တာေၾကာင့္ ေန႕ေကာင္းရက္သာေ႐ြးၿပီး ခြဲေမြးရန္မေကြးၿမိဳ႕ေပၚကအျပင္ေဆး႐ုံတစ္ခုမွာ အရိပ္ကိုယ္ဝန္စရွိခ်ိန္ကတည္းကတစ္လတစ္ခါလာျပတဲ့သားဖြားဆရာဝန္နဲ႕တိုင္ပင္ကာရိုးလိုခ်င္တဲ့ေသာၾကာေန႕ေလးကိုေမြးဖြားရန္ရက္သတ္မွတ္လိုက္သည္။

" အရိပ္ေလး ဘာမွမေၾကာက္နဲ႕ေနာ္ ကိုယ္အျပင္မွာရွိေနမယ္ "

ခြဲခန္းဝင္ရန္အတြင္းဝတ္ေတြအကုန္ခြၽတ္၍ ပိုးသတ္ထားတဲ့ဝတ္စုံကိုလွဲလည္ဝတ္စဥ္ေနတဲ့ အရိပ္ကိုကူေပးေနတဲ့ရိုးတစ္ေယာက္အရိပ္ကိုစိုးရိမ္စြာ အားေပးစကားေျပာေနၿပီးအမွန္စစ္စစ္မွာေတာ့ အခုစိတ္လႈပ္ရွားေနတာအရိပ္မဟုတ္ပဲရိုးကိုယ္တိုင္ပဲျဖစ္ေနသည္။

" ရိုး စိတ္အရမ္းလႈပ္ရွားေနတယ္ေနာ္ မသိရင္ ရိုးခြဲေမြးရမွာၾကေနတာပဲ "

စိတ္လႈပ္ရွားလြန္းၿပီးေဇာေခြၽးေလးေတြျပန္ေနတဲ့ ရိုးနဖူးစပ္ကေခြၽးစေလးေတြကိုအရိပ္ၾကင္နာစြာသုတ္ေပးၿပီး ရိုးကိုျပန္ႏွစ္သိမ့္စကားဆိုလိုက္သည္။

" ဘာမွမစိုးရိမ္နဲ႕ေနာ္ အရိပ္နဲ႕အတူရိုးရဲ႕ကေလးေလးပါေခၚၿပီးေမြးခန္းထဲကျပန္ထြက္လာခဲ့မယ္ "

" ခ်စ္တယ္အရိပ္ ကိုယ္အရိပ္ကိုအရမ္းခ်စ္တယ္ "

" အင္းပါ ရိုးအရိပ္ကိုခ်စ္တာ အရိပ္သိပါတယ္ အရိပ္လည္းရိုးကိုအရမ္းခ်စ္တယ္ ဒါေၾကာင့္ အရိပ္ခြဲခန္းထဲဝင္ရင္အရမ္းစိုးရိမ္ၿပီးစိတ္လႈပ္ရွားမေနနဲ႕ေနာ္အရိပ္နဲ႕ကေလးေလးကိုေစာင့္ေနေပးၾကားလား "

" အြန္း "

အရိပ္ကိုသူရင္ခြင္က်ယ္ထဲဆြဲဖက္ထားၿပီးခ်စ္တဲ့အေၾကာင္းကိုတစ္ဖြဖြေျပာေနတဲ့ရိုးအသံေတြကစိတ္လႈပ္ရွားမႈေတြေၾကာင့္တုန္ေန၏ ရိုးေက်ာ့ျပင္ေလးကိုခပ္ဖြဖြျပန္ပုတ္ေပးၿပီးႏွစ္သိမ့္စကားဆို၍ အရိပ္ခြဲခန္းထဲဝင္ခဲ့လိုက္သည္။

ေအးစက္သြားတဲ့ခြဲခန္းရဲ႕ေလထုေၾကာင့္အရိပ္ရင္ထဲအနည္းငယ္ေတာ့ စိုးထိတ္မိသြားသည္။

သူ႕ဘဝတစ္ေလွ်ာက္မွာခြဲခန္းဝင္ဖူးတာ ဒါပထမဆုံးအႀကိမ္မဟုတ္လား စိုးထိတ္မိေနတဲ့စိတ္ေလးထဲမၾကာခင္သူနဲ႕ရိုးရဲေသြးသားေလးေရာက္လာေတာ့မွာကိုေတြးမိေတာ့ အားအင္းေတြကစိုးထိတ္မိေနတဲ့စိတ္ကိုအနိုင္ယူသြားသည္။

" ဆရာတို႔ထုံေဆးစထိုးေတာ့မယ္ေနာ္ "

" ဟုတ္ကဲ့ ဆရာ "

ခြဲေမြးမွာမလို႔ေမ့ေဆး ထုံေဆးႏွစ္မ်ိဳးတည္းက အရိပ္ထုံေဆးကိုေ႐ြးခဲ့၏ ေမ့ေဆးရဲ႕အာနိသင္က ဆိုးက်ိဳးမ်ားတာေၾကာင့္ ထုံေဆးကိုသာေ႐ြးခ်ယ္ခဲ့ၿပီးရိုးကလဲအရိပ္ေ႐ြးခ်ယ္မႈကိုသေဘာတူခဲ့သည္။

ထုံေဆးထိုးဖို႔အတြက္အရိပ္ကိုယ္မွာဝတ္ထားတာေတြကိုခြၽတ္ပစ္လိုက္ရ၏ ရိုးတစ္ေယာက္ကလြဲရင္တျခားသူစိမ္းမ်ားေရွ႕ကိုယ္တုံးလုံးေနရျခင္းကရွက္စိတ္ကိုျဖစ္ေပၚလာေစမယ့္ ဒါကေရွာင္လႊဲလို႔ရတဲ့အေျခေနမဟုတ္ ဒါဟာခြဲခန္းဝင္ဖူးသူတိုင္းႀကဳံၾကရတာပဲျဖစ္သည္။

" အားးး "

ထုံေဆးထိုးထည့္လိုက္ခ်ိန္မွာနာက်င္မႈကပုံမွန္ေဆးထိုးတာနဲ႕နည္းနည္းေလးမွမတူ အရိပ္မွာနာလြန္းတာေၾကာင့္ အံႀကိတ္မထားနိုင္ပဲပါးစပ္ကေတာင္ထြက္ေအာ္မိသြားသည္။

" ထုံလာၿပီလား အခုဆရာ အသားထိထားတာသိလား "

" အင္းဟင္ , ကြၽန္ေတာ္ဘာမွမခံစားရေတာ့ဘူး "

" Ok , ဒါဆို ဆရာတို႔ခြဲဖို႔စေတာ့မယ္ "

" ဟုတ္ကဲ့ "

ထို႔ေနာက္ အခ်ိန္တစ္ခုၾကာၿပီးခ်ိန္တြင္အရိပ္ကိုယ္မွာထုံထိုင္းလာကာဘာမွမသိေတာ့ အသံေတြသာနားထဲမွာၾကားေနရသည္။

အရိပ္လည္ပင္နားကေနအဝတ္စေလးကာထားေပးကာ သူတို႔ေတြရဲ႕ကက္ေၾကးယူသံဓားကိုဗန္းထဲျပန္ခ်တဲ့တခြၽန္ခြၽန္ေတြၾကားေနရေပမဲ့ အရိပ္မ်က္ဝန္းေတြကအေပၚကမီးလုံးေတြကိုသာေငးၾကည့္လိုက္မ်က္လုံးေတြျပန္မွိတ္ထားလိုက္လုပ္ေနမိသည္။

" ဟင္ , ကေလးကႁမႊာေလးပဲ !"

ဆရာဝန္ေတြရဲ႕အႁမႊာေလးပဲဆိုတဲ့ စကားသံတိုးတိုးေလးကိုအရိပ္ၾကားလိုက္ရခ်ိန္ေပ်ာ္႐ႊင္မႈကႏွိုင္းစမရ ရိုးသာသိရင္ဘယ္ေလာက္ေပ်ာ္လိုက္မလဲဆိုတဲ့အေတြးဝင္လာေတာ့ အခုခ်က္ခ်င္းပင္ခြဲခန္းထဲကအေျပးထြက္ၿပီး ရိုးကိုေျပာျပလိုက္ခ်င္မိေတာ့သည္။

ရိုးတစ္ေယာက္ခြဲခန္းအေရွ႕‌အၿငိမ္ထိုင္မေနနိုင္အရိပ္မွာခဲ့သလို စိတ္မလႈပ္ရွားနဲ႕ဆိုေပမဲ့ ရိုးမွာေတာ့ အရမ္းစိတ္လႈပ္ရွားေနမိ၏ အရိပ္ခြဲခန္းထဲကျပန္ထြက္လာမွရိုးစိတ္ေအးနိုင္မည္ျဖစ္သည္။

အရိပ္ေမေမကေတာ့ လက္ထဲမွာကိုးလုံးပါပုတီးအညိုေရာင္ေလးကိုညာဘက္လက္ကကိုင္စိပ္၍ ဘယ္ဘက္လက္ကအဝါေရာင္ဘုရားစာအုပ္အေသးေလးကိုင္ကာ႐ြတ္ဖတ္ေနသည္။

အရိပ္ညီမႏွင္းႏုကလဲေယာက်္ားလုပ္သူေအာင္သက္ကိုထားခဲ့ၿပီး သူ႕အေမနဲ႕အတူအရိပ္ေမြးတာကိုကူလိုက္လာခဲ့ေပးတာျဖစ္၏ အခုလည္းသူ႕အေမနံေဘးကေနသူလည္းတက္သေလာက္မွတ္သေလာက္ဘုရားစာကို႐ြတ္ဖတ္ေန၏ ရိုးကေတာ့ ခြဲခန္းအေရွ႕စိတ္လႈပ္ရွားစြာလမ္းေလွ်ာက္ေနမိသည္။

အခ်ိန္အတိုင္းတာတစ္ခုထိၾကာၿပီးခ်ိန္မွာေတာ့ ခြဲခန္းတံခါးပြင့္လာသည္။

ထိုင္ေနတဲ့အရိပ္ေမေမရယ္ ႏွင္းႏုရယ္ ရိုးရယ္ ထြက္လာတဲ့ေဒါက္တာအနားအျမန္သြားလိုက္၍ အရိပ္ရဲ႕အေျခေနကိုေမးလိုက္သည္။

" ဆရာ ကြၽန္ေတာ္အမ်ိဳးသား အေျခေနက်န္းမာရဲ႕လား ကြၽန္ေတာ္ကေလးေရာ က်န္းမာလား "

" ကေလးအေဖေရာ ကေလးေတြေရာ ေကာင္းေကာင္းမြန္းမြန္းပါပဲဗ် ဘာမွစိုးရိမ္စရာမရွိပါဘူး စိတ္မပူပါနဲ႕ "

ေဒါက္တာစကားေၾကာင့္ ရင္ထဲကစိုးရိမ္မႈမ်ားအနည္းငယ္သက္သာသြားေပမဲ့ အခုထိခြဲခန္းထဲကအရိပ္မထြက္လာေသးတာေၾကာင့္ စိတ္ေတာ့မေအးနိုင္ေသး ထိုအတူဆရာရဲ႕ကေလးေတြေရာဆိုတဲ့အေျပာေၾကာင့္ စိတ္ထဲအနည္းငယ္ထူးဆန္းေနမိျပန္သည္။

" ေဒါက္တာ ကြၽန္ေတာ္ကေလးက အထီးလား အမလား "

" ဗ်ာ "

" ဟဲ့ , ငရိုး ကိုယ္သားသမီးကို ဘယ္လိုေတာင္ေမးလိုက္တာလဲ မိန္းကေလးလား ေယာက်္ားေလးလားေမးရမွာေလ !"

ရိုးအေမးေၾကာင့္ေဒါက္တာက အံ့ဩသြားသလို ရိုးမွာလည္းေယာကၡမရဲ႕ေငါက္မာန္တာကိုခံလိုက္ရသည္။

" ေဒါက္တာ ကြၽန္ေတာ္စိတ္အရမ္းလႈပ္ရွားေနမိလို႔ စကားမွားသြားတာေတာင္းပန္ပါတယ္ ကြၽန္ေတာ္ကေလးကသားေလးလား သမီးေလးလား "

ရိုးရဲ႕ပုံစံကိုၾကည့္ကာေဒါက္တာကရယ္လိုက္၍။

" ျဖစ္တတ္ပါတယ္‌ဗ်ာ ကြၽန္ေတာ္တုန္းကလဲ ကြၽန္ေတာ္မိန္းမေမြးေတာ့ ကိုယ္တိုင္းကစိတ္လႈပ္ရွားေနလို႔ တျခားဆရာဝန္နဲ႕ေမြးရတာ ခင္ဗ်ားလိုပဲ အရမ္းစိတ္လႈပ္ရွားခဲ့ရတဲ့ခံစားခ်က္ေလးက အခုကြၽန္ေတာ္သားေလး ကိုးတန္းေရာက္ေနၿပီ အခုထိမေမ့ေသးဘူး "

ေဒါက္တာစကားေၾကာင့္ ရိုးၿပဳံးလိုက္ခ်ိန္ခြဲခန္းတံခါးပြင့္လာ၍ ဆရာမေလးႏွစ္ဦးထြက္လာ၏ သူတို႔လက္ထဲမွာလဲအႏွီးထုပ္အျဖဴေလးနဲ႕ကေလးေပါက္စေလးတစ္ဦးစီပါလာသည္။

" ဘယ္ဟာက ကြၽန္ေတာ္ကေလးလဲ ဗ် "

ရိုးကဆရာမေလးႏွစ္ဦးလက္ထဲကကေလးေတြကိုၾကည့္ကာေမးလိုက္ေတာ့ ဆရာမေလးေတြအပါဝင္ေဒါက္တာကပါၿပဳံးလိုက္၍။

" ဒီကေလးႏွစ္ေယာက္လုံးက ခင္ဗ်ားကေလးေတြပါပဲ ခင္ဗ်ားရဲ႕အမ်ိဳးသားက သမီးတစ္ေယာက္သားတစ္ေယာက္အႁမႊာေလးကိုေအာင္ျမင္စြာေမြးဖြားနိုင္ခဲ့ပါတယ္ ဂုဏ္ယူပါတယ္ဗ် "

" ဗ်ာ !"

" ဟင္ "

ေဒါကတာစကား‌ၾကားလိုက္ခ်ိန္သူႀကီးကေတာ္တို႔သားအမိေရာ ရိုးေရာအံ့ဩမႈမ်ားစြာေပ်ာ္႐ႊင္ျခင္းေတြနဲ႕အတူဆြံအသြားမိသည္။

" ဘုရားေရ အရိပ္ကအႁမႊာေလးေမြးတာတဲ့ "

ဝမ္းသားအားရေျပာလာတဲ့သူႀကီးကေတာ္အသံ။

ဒါဟာဘယ္ေလာက္ေတာင္ဝမ္းသာစရာေကာင္းလိုက္သလဲ ရိုးမွာလုံးဝေမွ်ာ္လင္မထားမိတဲ့အရာအတြက္ေပ်ာ္႐ႊင္မႈေတြကႏွိုင္းစမရ။

ေယာက်္ားေလးတစ္ေယာက္ကိုလက္ထပ္ခဲ့ၿပီး ေမွ်ာ္လင့္မထားတဲ့ကိုယ္ဝန္ကိုလည္းအရိပ္ကေဆာင္နိုင္ခဲ့၏ အခုထပ္ၿပီးရိုးေသြးသားကိုတစ္ေယာက္ေတာင္မဟုတ္ပဲတစ္ၿပိဳင္နက္ႏွစ္ေယာက္ေတာင္ေမြးထုတ္ေပးခဲ့သည္။

ဒါဟာအရိပ္နဲ႕သူရဲ႕စစ္မွန္တဲ့ခ်စ္ျခင္းတရားေတြေၾကာင့္ နတ္ေကာင္းနတ္ျမတ္ေတြကဆုလာဘ္လက္ေဆာင္ေပးခဲ့ၾကတာထင္သည္။

" ေက်းဇူးပါ အရိပ္ေလး ကိုယ္အတြက္ ကိုယ္ေသြးသားေလးေတြကို ေမြးထုတ္ေပးခဲ့လို႔ "

ေဆး႐ုံတစ္ခုရဲ႕သီးသန႔္အ‌ခန္းခုတင္ေပၚမွာပက္လက္ေလးအိပ္ေနတဲ့အရိပ္လက္ေလးကိုကိုင္၍ ရိုးေက်းဇူးတင္စကားဆိုလိုက္သည္။

ဒါဟာအိမ္ေထာင္တစ္ခုမွာသားသမီးေမြးဖြားေပးတဲ့ ကိုယ္ဇနီးမယားကိုလင္ေယာက်္ားတစ္ဦးအေနနဲ႕အေျပာသင့္ဆုံးစကားေလးတစ္ခြန္းျဖစ္သည္။

အခုလည္းအရိပ္လက္ေလးကိုကိုင္၍ ေက်းဇူးတင္စကားဆိုလာတဲ့ ရိုးအသံေတြကဝမ္းသာေပ်ာ္႐ႊင္ေနမႈေတြကေပၚလြင္ေနတာမို႔ အရိပ္ၿပဳံးလိုက္ၿပီး ရိုးရဲ႕မ်က္ခုံးေမြးမည္းမည္းႀကီးေတြေအာက္က ၾကည့္လင္ေတာင္ပေနတဲ့မ်က္ဝန္းေတြကိုစိုက္ၾကည့္လိုက္ကာ။

" ရိုး အရိပ္ကိုေက်းဇူးတင္ရင္ အရင္ကထက္ပိုၿပီးခ်စ္ေပးေနာ္ "

" အဲဒါက အရိပ္ေလးေတာင္းဆိုစရာ မလိုေအာင္ ကိုယ္ကခ်စ္ၿပီသား ကိုယ္မွာတစ္ေနတစ္ေန႕ေဟာ့ဒီကေယာက်္ားေလးကိုဘယ္လိုခ်စ္ရမလဲပဲ ေတြးေနတာ "

" အား "

" ဟင္ အရိပ္ေလး အရမ္းနာေနလား "

" အင္း "

ရိုးကိုင္ထားတဲ့လက္ကိုအရိပ္ျပန္လည္ဆုပ္ကိုင္လိုက္မိ၏ ထုံေဆးျပယ္ေနၿပီမလို႔ ဗိုက္ခြဲေၾကာင္းကသိသိသာသာနာလာၿပီျဖစ္သည္။

ထိုအခ်ိန္

အခန္းထဲကိုဝင္လာတဲ့ေမေမနဲ႕ညီမေလးကသူတို႔လက္ထဲမွာလဲအႁမႊာေလးေတြကိုတစ္ေယာက္စီေပြ႕ခ်ီလာၾကသည္။

" ကေလးေတြ ေဆးထိုးခဲ့ၿပီလား "

" ထိုးခဲ့ၿပီ ငါ့ေျမးေလးေတြသနားတာေအ , ဆရာမေတြကလဲေသခ်ာမလုပ္ၾကဘူး ခဏခဏေဆးထိုးအပ္နဲ႕ထိုးေနၾကတာ !"

" ေမေမကလဲဆရာမေတြကေသခ်ာမလုပ္တာမဟုတ္ပါဘူး ကေလးေတြက အခုမွေမြးစေလးေတြေလ လူႀကီးေတြလိုမဟုတ္ဘူး ေသြးေၾကာရွာရတာခက္တယ္ေလ သူ႕တို႔လည္းေသြးေၾကာရွာရင္းနဲ႕ခဏခဏအပ္နဲထိုးသလိုျဖစ္သြားတာေပါ့ "

ေပြ႕ခ်ီထားတဲ့ကေလးတစ္ေယာက္ကိုနံေဘးကက‌ေလးပုခက္ေလးထဲထည့္ရင္းစိတ္ဆိုးေနတဲ့အေမကိုႏွင္းႏုရွင္းျပလိုက္သည္။

" မသိဘူးေအ ငါ့ေတာ့နာလို႔ငိုေနတဲ့ငါ့ေျမးေလးေတြကိုၾကည့္ၿပီးအဲဆရာမေတြကိုအရမ္းစိတ္ဆိုးတာပဲ "

အေမအေျပာေၾကာင့္ ရိုးတို႔သုံးေယာက္သေဘာက်ကာၿပဳံးလိုက္မိသည္။

ထိုအခ်ိန္ အရိပ္ကိုခြဲေမြးေပးတဲ့ေဒါက္တာကအခန္းထဲဝင္လာကာအၿပဳံးမ်က္ႏွာေလးနဲ႕အရိပ္ေဘးေလွ်ာက္လာ၏ ဆရာမေလးတစ္ဦးလည္း ေဘးကေနပါလာသည္။

" ကေလးေတြကို နို႔မုန႔္ဝယ္တိုက္မွာလား ကိုယ္တိုင္တိုက္မွာလား "

ဟုတ္ပါ၏ ထိုအေၾကာင္းရာကိုအရိပ္မေတြးမိေသး အခုေလာေလာဆယ္ေတာ့ ကေလးေတြကိုဆရာစီစဥ္ေပးထားတဲ့ နို႔ဘူးေလးေတြတိုက္ထားတာျဖစ္သည္။

ဘယ္ေလာက္ပဲအခုေခတ္နို႔မုန႔္ေတြကဘယ္ေလာက္စံခ်ိန္ေကာင္းေကာင္းအရည္ေသြးဘယ္ေလာက္မွီမွီကိုယ္တိုင္တိုက္တဲ့မိဘနို႔ေလာက္ေတာ့မမွီနိုင္ အရိပ္ကေလးေတြကိုအရိပ္ကိုယ္တိုင္အရိပ္ေသြးအနီကအျဖဴေရာင္နို႔ရည္ေတြအျဖစ္ထြက္လာတာကိုပဲသားနဲ႕သမီးကိုတိုက္ခ်င္သည္။

" ဆရာ ျဖစ္နိုင္ရင္သားနဲ႕သမီးကိုကြၽန္ေတာ္နို႔ရည္ပဲတိုက္ခ်င္တယ္ "

" ရပါတယ္ ဒါေပမဲ့ ကေလးကႏွစ္ေယာက္ဆိုေတာ့ နို႔မုန႔္ကူမွေတာ့ရမယ္ ခင္ဗ်ားနို႔ရည္နဲ႕ကေလးေတြဝမွာမဟုတ္ဘူး "

" ဟုတ္ကဲ့ ဆရာ "

" ၿပီးေတာ့ ကေလးေတြေသာက္ရအဆင္ေျပေအာင္ နို႔သီးေခါင္းထြက္ဖို႔လိုတယ္ "

အရိပ္မွာေယာက်္ားေလးတစ္ဦးရဲ႕ျပားခ်က္ခ်က္နို႔ေလးသာရွိတာၿပီး အခုေတာ့ကေလးေမြးထားလိုထင္၏ အနည္းငယ္နို႔ရည္ေၾကာင့္တင္းကာေဖာင္းေနသလိုနာလဲနာေနမိသည္။

" ဟို ဆရာ ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ "

အရိပ္အေမးေၾကာင့္ ဆရာကနံေဘးမွာရပ္ေနတဲ့ ရိုးကိုၾကည့္လာ၍။

" ေဆး႐ုံအတြင္းကကေလးပစၥည္းေတြေရာင္းတဲ့ဆိုင္မွာနို႔စုပ္ခြက္လိုေျပာဝယ္လိုက္ သူတို႔ေပးခဲ့လိမ့္မယ္ အဲဒါနဲ႕နို႔သီးေခါင္းစူထြက္လာေအာင္စုပ္ထုတ္ရမွာပါ နာေတာ့နာမယ္သည္းခံၿပီးနို႔သီးေခါင္းထြက္လာေအာင္ေသခ်ာလုပ္ေပးပါ အဲဒါမွကေလးေတြနို႔ေသာက္လို႔ရမွာ "

" ဟုတ္ကဲ့ ဆရာ "

အရိပ္ကဆရာအေျပာကိုသေဘာတူလိုက္သည္။

ထိုအခ်ိန္ဆရာကထပ္ေျပာလာ၏။

" တကယ္လို႔ စုပ္ခြက္ဝယ္မသုံးခ်င္လဲ ကိုယ္အမ်ိဳးသားကိုစုပ္ထုတ္ခိုင္းလို႔ရပါတယ္ အဲဒါက စုပ္ခြက္သုံးတာနဲ႕စာရင္ပိုၿပီးနာက်င္မႈ႕သက္သာေစတယ္ တခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့စုပ္ခြက္မသုံးၾကဘူး သူတို႔အမ်ိဳးသားကပဲစုပ္ထုတ္ေပးတာပါ "

" ဗ်ာ "

အရိပ္မွာေဒါက္တာအေျပာေၾကာင့္ဘာျပန္ေျပာရမလဲမသိေအာင္ဆြံအသြားမိသလို ရိုးသည္လည္းမ်က္ႏွာႀကီးရဲလို႔ ေမေမတို႔ႏွင္းႏုတိုကေတာ့မၾကားသလို အႁမႊာေလးေတြကိုေသးဝတ္အႏွီးလဲေပးေနၾကသည္။

ထို ေခတၱခဏအခ်ိန္ေလးအတြင္း၌အႁမႊာေလးေတြရဲ႕ငိုသံကလြဲလို႔ ရိုးဆီကလဲဘာစကားမွထြတ္မလာသလို အရိပ္မွာလည္းဘယ္လိုျပန္ၿပီးဆရာကိုေျဖရမွန္းမသိျဖစ္သြားမိသည္။

< 15 , 12 , 2021 >

Continue Reading

You'll Also Like

62.7K 1.6K 30
အမုန္းသင့္ေနေသာ အိပ္မက္ကေနႏိုးထေစနိုင္တာ အခ်စ္တစ္ခုတည္းသာရိွတာပါ။
28K 3.8K 43
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
434K 32.7K 42
[Mini-story] Love has no pride!
25.6K 876 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...