Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[30]

416 14 0
By --KO--

[Unicode]

" လူနာအသက်အန္တရာယ် ကင်းရှင်းသွားပါပြီ "

" ဒါပေမယ့် ဓားဒဏ်ရာတွေကြောင့် သွေးကြောတွေပြတ်နေတာလည်း ရှိနေခဲ့ပြီး အရိုးကျိုးတာတွေလည်း များပါတယ်။ အထူးသဖြင့်ကတော့ သေနတ်ဒဏ်ရာတွေပါ။ လက်ဖျံရိုးက သေနတ်ဒဏ်ရာက တော်တော်လေးနက်ရှိုင်းတာကြောင့် လူနာပြန်ကောင်းလာမယ်ဆိုရင်တောင် ဒဏ်ဖြစ်နေဦးမှာပါ ။ ဒဏ်ရာရထားတဲ့လက်ကို ပြင်းပြင်းထန်ထန်မလှုပ်ရှားတာက အကောင်း‌ဆုံးပါပဲ။ "

" ဟုတ်ကဲ့ ကျွန်တော်တို့သိပါပြီ "

" ပြီးတော့ ခွဲစိတ်တာအောင်မြင်သွားပေမယ့် လူနာကအချိန်ပြည့်စောင့်ကြည့်ရမယ့် စာရင်းထဲပါပါတယ်။ ကျွန်တော်တို့အားလုံး လက်လျော့ဖို့လုပ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ လူနာရဲ့ကိုယ့်ခံအားနဲ့ စိတ်အားထက်သန်မှုကြောင့် အောင်မြင်ခဲ့တာပါ။ ခုချိန်ထိ အရေးပေါ်အခြေအနေမှာ ရှိနေတုန်းပါပဲ ကျန်တာကလူနာရဲ့အပေါ်မှာပဲ မူတည်ပါတော့တယ် "

" ရှင်းရဲ့အခြေအနေက အရေးပေါ်ဖြစ်နေတုန်းလား ?"

" ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး "

ဆရာဝန်မှာ ထွက်ခွာသွားခဲ့လေပြီ။ ဆင့်တို့သုံးယောက်သာ ထိုနေရာမှာကျောက်ရုပ်သဖွယ် ရပ်နေခဲ့ပြီး ခံစားချက်မျိုးစုံက သောင်းပြောင်းရောနှောနေခဲ့သည်။ ကိုးလ်တစ်ယောက်မှာတော့ မျက်ရည်ကြည်များ တစ်စက်ချင်းကျဆင်းနေသော်လည်း အမူအယာကလုံးဝ အေးစက်နေခဲ့သည်။ မျက်တောင်ပင်မခတ်နိုင်ဘဲ အရေးပေါ်အခြေအနေဟူသော ဆရာဝန်၏စကားတစ်ခွန်းသာ ဦးခေါင်းထဲနေရာအပြည့်ယူနေခဲ့ပြီး နားထဲ၌ ဖန်ခါတလဲလဲကြားယောင်နေခဲ့သည်။ ရှိုက်သံများလည်း ထွက်မလာခဲ့သလို အော်ဟစ်ငိုကျွေးနေခြင်းလည်း မရှိခဲ့ဘဲ ဒီအတိုင်းမျက်ရည်များ ကျနေခြင်းသာ။

ကိုးလ်တစ်ယောက်ထဲသာ ဒီလောက်အခြေအနေဆိုးနေလျှင် ငယ်စဉ်ထဲကရင်းနှီးခဲ့သော တိမ်ယံဆင့်အတွက် ကြီးမားသောတိုက်ခိုက်မှုတစ်ရပ်ပေ။ ကိုးလ်ကဲ့သို့ငိုနေခြင်းမရှိသော်လည်း သူသည်လည်း ဝိညဉ်ထွက်သွားသော ခန္ဓာကိုယ်အလွတ်ကဲ့သို့ တောင့်တင်းနေခဲ့သည်။ ဟန်ချက်မညီ၍ ယိုင်နဲ့သွားသော ဆင့်အားပြဒါးရံကလှမ်းဆွဲ၍ ထိန်းပေးလိုက်ကာ ဘယ်သူမှမမြင်ခင် အေးစက်နေသောလက်ကို ကျယ်ပြန့်လှသော သူ၏လက်ဖဝါးနှင့် ဆုပ်‌ထွေးကိုင်လိုက်သည်။

ဒီလိုနှင့် သူတို့သုံးယောက်လုံး ဆေးရုံပေါ်အချိန်ပြည့် သောင်တင်နေခဲ့ကြပြန်သည်။ ကိုးလ်၏ကျန်းမာရေးမှာလည်း ပြန်မကောင်းမွန်သေးသဖြင့် ကုသမှုဆက်လက်ခံယူနေရဆဲပင်။ သူတို့အားလုံး လေပြေရှင်းကို အနီးကပ်ကြည့်ရှုချင်သော်လည်း ဆေးရုံစည်းကမ်းအရ ပြင်ပမှပါလာသော ပိုးတွေကူးမည်ဆိုးသောကြောင့် လူနာမကျန်းမာခင်စပ်ကြား အခန်းတွင်းသို့ ဝင်ခွင့်မပြုပေ။ ထို့ကြောင့် မှန်တံခါးအပြင်ဘက်က တစ်ဆင့်သာ ရှင်း၏အခြေအနေကိုလေ့လာရသည်။

နေ့တိုင်း နေ့တိုင်း ဆင့်နှင့်ပြဒါးရံက ကိုးလ်အတွက် အာဟာရဖြစ်စေမည့်အစားအစာတွေကို ယူလာပေးလေ့ရှိပြီး အလုပ်အတွက် ခွင့်ရက်ရှည်ကြီးကိုလည်း ပေးထားသေးသည်။ လေပြေရှင်းရဲ့ အခြေအနေက 3ရက်ကြာသွားတဲ့အထိ မတိုးတက်သေးဘဲ ပုံမှန်အတိုင်းလည်ပတ်နေခဲ့သည်။ သတိရခြင်းမရှိသော်ငြား ထို့ထက်လည်း ပိုမဆိုးရွားသေးပေ။ ကိုးလ်ကတော့ တော်တော်လေး ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ပြီး 4ရက်နေ့မနက်ပိုင်းကစလို့ ဆရာဝန်ကလူနာအား တွေ့ခွင့်ပေးလာခဲ့သည်။ မလှုပ်မယှက်လဲနေသော ဖြူဖျော့နေသည့်ပုံစံနှင့် ရှင်းကလုံးဝ မလိုက်ဖက်ပေ။ ထိုလူသားဟာ အမြဲတစေရွတ်နောက်နောက်နှင့် ရံဖန်ရံခါ တည်တံ့လွန်းသည့်အသွင်ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။ ယခုလိုအေးစက်မာကျောနေခြင်းက လေပြေရှင်းမဟုတ်သည့် လေပြေရှင်းပင်။

" ရှင်းအိပ်နေတာ 4ရက်တောင်ရှိပြီ သူအခုလိုတိတ်ဆိတ်နေတာ ပထမဆုံးပဲ "

တိမ်ယံဆင့် တစ်ယောက် ကိုးလ်ကိုလှည့်ကြည့်ပြီး ဆက်ပြောလာခဲ့သည်။ ထို့နောက် ဆင့်ကဆက်ပြောလိုက်သေးသည်။

" အရမ်းမစိုးရိမ်ပါနဲ့ ရှင်းကပျော့ညံ့တဲ့လူ မဟုတ်ပါဘူး သူပြန်နိုးလာမှာပါ "

" ကျွန်တော်သိပါတယ် ရှင်းပြန်နိုးလာမှာပါ....ကျွန်တော်တို့ကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေအများကြီးရှိသေးတယ်လေ။ အတည်ပြုစရာတွေလည်း ရှိတယ်။ ရှင်း တစ်ကိုယ်ကောင်းဆန်သွားလို့ မရဘူး "

ဘာအဓိပ္ပါယ်နှင့်ပြောလည်း ဆင့်မသိသော်လည်း ကိုးလ်အသံက အလွန်တိုးတိမ်လွန်းလှသည်။ အားပျက်နေသောအသွင်ကြားမှ ယုံကြည်ချက်ခိုင်မာသော မျက်လုံးတစ်စုံသည် အမှောင်ယံမှာ တောက်ပနေသည့် ကြယ်တံခွန်များအလား။ ထိုးဖောက်လာသော မျှော်လင့်ချက်သည် လေပြေရှင်းပြန်လည် သတိရလာမည်ဟု ရေရွတ်လျက်ရှိသော စာတစ်ကြောင်းမျှသာ။

" ဆင့်.... "

လေဟာနယ်ကိုဖြတ်သန်းလျက် တိုးဝှေ့ကလူလာသော ပြဒါးရံ၏အသံ

" ပြန်ရအောင် "

" ကျွန်တော်ခဏလောက် ထပ်နေချင်‌သေးတယ် "

" မင်းပင်ပန်းနေပြီ အလုပ်တစ်ဖက်နဲ့ ရှင်းကိုကြည့်ရတာနဲ့ ပိုပိုပြီးပိန်လာတယ် ဆင့်။ အိမ်ပြန်ပြီးအနားယူလိုက်ပါ "

" ကျွန်တော် အဆင်ပြေတယ် "

ပို၍ပိုကာခေါင်းမာလာသော ဆင့်အား မျက်နှာတစ်ချက်အငြိုးမခံနိုင်သည့် ပြဒါးရံက အတင်းကာရောအမိန့်ပေးနိုင်မည်တဲ့လား။ တိမ်ယံဆင့်သာ ပျော်ရွှင်နိုင်မယ်ဆိုလျှင် မောင်းတင်ထားသည့်သေနတ်လို ‌သခင်အလိုရှိရာ လူသတ်ပေးမည့် လူသတ်လက်နက်တစ်ခုတောင် အဖြစ်ခံနိုင်ပေသည်။ ထို့ထက်လည်း ပိုကောင်းပိုနိုင်ပါသည်။

" တိမ်ယံဆင့်တို့ပြန်လိုက်ပါ ရှင်းကိုကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်။ အခုလိုပုံစံကို ရှင်းလည်းမြင်ချင်မှာ မဟုတ်ဘူးလေ "

တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသွားသည့်အခါ ဆင့် ပြန်ဖြေလာခဲ့သည်။

" ကျွန်တော် သိပြီ။ ပြန်ရအောင် .......ကိုရံ "

အခန်းတံခါးပိတ်သံအဆုံးမှာ ဝိညာဉ်များပါ နုတ်ယူသွားသည့်အလား အသူတစ်ရာ ချောက်နက်တစ်ခုဖွယ် အေးစက်တိတ်ဆိတ်လွန်းလှသည်။ အရာရာတိုင်းမှာ အသွားနဲ့အပြန်ရှိတယ်လို့ ပြောကြပေမယ့် လိုက်လိုက်လျောလျော ပေးဆပ်ချင်တဲ့ဆက်ဆံရေးတွေမှာ အသွားတစ်ခုသာ မှတ်ကျောက်တင်နိုင်ပြီး အပြန်အတွက် မြူတစ်မှုန်စာတောင် စိတ်ကူးမယဉ်ဖူးသော လူပေါင်းထောင်သောင်းမက ရှိနေတတ်လေသည်။

ပင်ပန်းမှုပေါင်းများစွာနှင့် ဖိအားအလုံးစုံသည် တိမ်ယံဆင့်အား ပို၍သိမ်ငယ်လာအောင် တွန်းအားပေးနေခဲ့သည်။ ခိုင်ခံလှပါသည်ဆိုသော ထောက်တိုင်မှာတောင် အလေးချိန်မခံနိုင်တော့သည့်အချိန်၌ ကျိုးပဲ့ပျက်ဆီးသွားတတ်တာကြီးပင်။ သက်ရှိထောက်တိုင်တစ်ခုဖြစ်သော တိမ်ယံဆင့်အဖို့ ထိုဖိအားတို့အား ခါးဆီးခံထားမှုအပေါ် အလွန်အမင်းသက်ရောက်မှု ကြီးမားလှပေသည်။ ထိုလူသားမှာ သန်မာချင်ယောင်ဆောင်တတ်သော အကျင့်စရိုက်နှင့် ခေါင်းမာတတ်မှုတို့ကိုသာ ဖယ်ထုတ်လိုက်ပါလျှင် တိမ်ယံဆင့်သည်လည်း သာမာန်လူသားများကဲ့သို့ အားနည်းပျော့ညံ့သည့် အသွင်များရှိနေသည်ကို ထင်ထင်ရှားရှားတွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ထိုကိစ္စမှာလည်း ဘယ်တော့မှဖြစ်မလာနိုင်သော ဖြစ်ရပ်ပင် ။အကယ်၍ရှိလာခဲ့ပါလျှင် ထိုလူသားက ဤအသွင်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မြင်တွေ့ခွင့်ပေးမည်မဟုတ်ပေ။

ပြဒါးရံ ခေါ်ဆောင်ခြင်းခံလာသော ဆင့်အဖို့ ကားပေါ်တွင် မျက်လုံးမှိတ်အနားယူခြင်းမှ အိပ်စက်ခြင်းအဖြစ်သို့ ကူးပြောင်းသွားသည်။ လမ်းတစ်လျှောက်ဂရုတစိုက်မောင်းနေရင်း လှည့်ကြည့်လိုက်အခါ တိမ်ယံဆင့်မှာ အလွန်နှစ်ခြိုက် အိပ်မောကျလျက်ရှိသည်။ မူရင်းအစတွင် တိမ်ယံဆင့်အား ကွန်ဒိုရှိရာသို့ ခေါ်ဆောင်သွားမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကာ KKဆီသာ မောင်းနှင်လိုက်လေသည်။ ထို့နောက်များမကြာမီတွင် နူးညံ့သောအသံနှင့် ချိန်မြိန်သောစကားလုံးလို့စွက်နေသော အသံတစ်ခု တိမ်ယံဆင့်ကိုလှုပ်နှိုးနေခဲ့သည်။

" ဆင့် ထတော့လေ ..... ဒီတိုင်းအိပ်ရင် ဇာက်နာလိမ့်မယ် "

" ဟင်....ခဏလေး ကျွန်တော်အိပ်ရေးမဝသေးဘူး "

ပုံမှန်လူရှင်းသည့်နေရာဆိုလျှင် ပြဒါးရံက တိမ်ယံဆင့်ကိုပွေ့လျက် အထဲသို့ဝင်သွားမည်မှာ သေချာပေသည်။ ယခုတော့ဖြင့် KKတွင်ရောက်နေသည့်အတွက် အနေအထိုင်အသွားအလာကအစ ဆင်ခြင်ရသည်။

" မထသေးဘူးဆိုရင် ကိုယ် companyမှာလည်း မဆင်ခြင်တော့ဘူးနော် ဆင့်ကိုပွေ့ပြီးအထဲခေါ်သွားမှာ "

" ရပြီ.....ကျွန်တော်နိုးပြီ "

အိပ်ချင်စိတ်ပင် အစရှာမရတော့ပဲ အလန့်တကြားနိုးထလားသော တိမ်ယံဆင့်။

စင်္ကြံလမ်းတစ်လျှောက်လုံး မှိုင်တိမှိုင်တိုင်ဖြင့် တိမ်ယံဆင့်ကို ပြဒါးရံမသိမသာထိန်းလျက် ရုးခန်းထဲရောက်အောင် မနည်းခေါ်လာရသည်။ CEO ရုံးခန်းအပြင်တွင်ရှိသော အတွင်းရေးမှူးတို့နေရာအား အာဏာအပြည့်ဖြင့် အမိန့်ပေးလိုက်သည်။

" ယွန်းဟေမီကော "

" CEO အစား ဆိုင်ဖွင့်ပွဲအချို့ သွားတက်ပါတယ် "

" ရုံးခန်းထဲကိုဘယ်သူ့ကိုမှ ဝင်မလာစေနဲ့ သေရေးရှင်ရေးကိစ္စဆိုရင်တောင် ဝင်မလာနဲ့ "

" ဟုတ်ကဲ့ သိပါပြီ......လက်မှတ်ထိုးရမယ့်ဖိုင်တွေကို စားပွဲပေါ်တင်ပေးထားပါတယ် "

ပြဒါးရံ၏အခန်းသည် အရှိအဝါတို့လွှမ်းမိုးသက်ရောက်မှု ကြီးမားနေပါသော်လည်း တိမ်ယံဆင့်၏ အိပ်ချင်စိတ်ကို မချိုးဖြတ်နိုင်ပေ။ မှေးစင်းနေသော မျက်လုံးအစုံဖြင့် ဆိုဖာပေါ်သွားထိုင်နေသော ပြဒါးရံကို မလှုပ်မယှက်ကြည့်နေခဲ့သည်။ သိလိုစိတ်ပြင်းပြလာသည့်အခိုက်တွင် ဆင့်ကအိပ်ချင်မူးတူးဖြင့် မေးမြန်းလိုက်သည်။

" ဘာလို့ KKကိုခေါ်လာတာလဲ condoမှာသွားအိပ်တာက ပိုလွတ်လပ်တာမဟုတ်ဘူးလား "

" ဒီလိုလာခဲ့ "

ပြဒါးရံက လက်နှစ်ချောင်းဖြင့် ဆင့်ကိုခေါ်လိုက်ပြီး သူ့ပေါင်ကိုလက်ဖြင့်ထပ်ပုတ်ပြသည်။

အမိန့်နာခံသော စစ်သူကြီးနှယ် ဘုရင့်ထံခစားဖို့ အသင့်ဖြစ်နေသည့် လူတစ်ဦးပဏ ဆင့်လျှောက်သွားလိုက်သည်။ အနားသို့ရောက်သောအခါ ပြဒါးရံ၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်လျက် အားဖြင့်ဆွဲလဲခြင်းကို ခံလိုက်ရလေသည်။ အရှိန်မထိန်းနိုင်ဘဲ ပြဒါးရံအပေါ်ထပ်ရပ်လဲကျသွားတာ အိပ်ချင်စိတ်ပင် ပျောက်ကွယ်သွားပြီး တစ်ချိန်ထဲထပ်ပြောလာသော စကားကြောင့် ဒေါသထွက်ရမှာပင် မေ့လျော့သွားခဲ့သည်။

" ပင်ပန်းနေပြီမလား .....ကိုယ့်ပေါ်မှာ အနားယူလို့ရတယ်။ ကိုယ်မင်းအတွက်ဆို ဘာမဆိုအဖြစ်ခံနိုင်တယ်။ မင်းပင်ပန်းတဲ့အချိန်တိုင်း အနားယူဖို့ခေါင်းအုံးလေးတစ်ခု ဖြစ်ချင်တယ် "

ခဏတာကြောင်အသွားပြီး အသိစိတ်ပြန်ကပ်လာခဲ့လေသည်။ ဆူပူစိတ်ဆိုးရမည်ကို မေ့လျော့လျက် နူးညံ့စွာအဖြေပြန်ပေးမိသည်။

" ကျွန်တော်ကိုရံ စိတ်ပျက်ရအောင် ဘယ်တော့မှမလုပ်ဘူး "

နေ‌မင်းတောင် အရှုံးပေးသွားနိုင်သော တောက်ပသည့်အပြုံးသည် ပြဒါးရံဆီမှ ထွက်ပေါ်လာခဲ့သည်။ တိမ်ယံဆင့်၏ လက်ကောက်ဝတ်မှာ သူ့လက်ထဲတွင်နေရာယူထားလျက်ရှိပြီး သူအားနှင့်ဆုပ်ကိုင်ခဲ့သောနေရာမှာ ရဲရဲနီနေခဲ့သည်။ ခေါင်းကိုငုံ့လျက် ထိုနီရဲနေသော လက်ကောက်ဝတ်အား ဂရုတစိုက်ငုံ့နမ်းလိုက်ကာ အချိန်ကုန်စေခဲ့သည်။

နူးညံ့အိစက်လှသည့် ပြဒါးရံ၏ပေါင်ကို ခေါင်းအုံးသဖွယ်အသုံးပြုလျက် လူတစ်ယောက်ကောင်းကောင်းအိပ်စက်နိုင်သော ဆိုဖာပေါ်အိပ်ပျော်လာအောင် ကြိုးစားနေခဲ့သည်။ ခဏအတွင်းမှာပင် မျက်ခွံများလေးလံလာပြီး ပတ်ဝန်ကျင်ရှိ အသံများနှင့်ပြဒါးရံစကားပြောနေသော အသံများမှာ ဆင့်နားအတွင်းတိုးညှင်းလာသည်။ အရာအားလုံးဟာ ထုံထိုင်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

" တစ်ကယ်တော့ condoကို ခေါ်သွားမလို့ပါပဲ။ ဒါပေမယ့် ကိုယ့်မျက်လုံးအောက်ကလွဲပြီး ဘယ်နေရာမှ ဆင့်ကိုစိတ်မချနိုင်ဘူး။ ကိုယ်အရမ်းတစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေပေမယ့် ဆင့်တစ်ယောက်ထဲအပေါ်ပဲ လောဘကြီးမိတာပါ။ "

ခေါင်းကိုငုံ့လျက်ကြည့်ရှုလိုက်ချိန်တွင် သူ့ပေါင်ပေါ်ရှိလူသားမှာ အလွန်အမင်းအိပ်မောကျနေပြီဖြစ်သည်။ နှဖူးပေါ်ဝဲကျနေသော ဆံပင်တို့အားလက်ဖြင့်သပ်ပေးလိုက်လျက် အိပ်ပျော်နေသောသူ နိုးမသွားစေရန်အစိတ်အပိုင်းတစ်ခုစီတိုင်းကို ဂရုစိုက်နေခဲ့သည့်အပြင် မလှုပ်ရှားမိအောင်လည်း အတတ်နိုင်ဆုံးထိန်းနေခဲ့သည်။ တဆစ်ဆစ်ကိုက်ခဲလာသော ခြေထောက်ကို လျစ်လျူရှုကာ တစ်ယောက်သောသူကိုသာ အပြုံးမပျက်အထူးဂရုစိုက်နေခဲ့သည်။

အချိန်ကူးပြောင်းမှုက လျင်မြန်လွန်းသဖြင့် နောက်တစ်နေ့သို့ရောက်ရှိသွားပြန်သည်။ သာယာတဲ့မနက်ခင်းအကြား နှောက်ယှက်နေသော raingtonသံက တိမ်ယံဆင့်ကို စိတ်ညည်းညူစေသည်။ တိုးဝင်လာသောသီချင်းသံကို အလိုအလျောက် cancel လုပ်လိုက်ကာ ပုံမှန်အတိုင်း ဆက်လက်အိပ်စက်နေခဲ့လေသည်။ တစ်စုံတစ်ရာမှားယွင်းနေသည်ကို ရေးတေးတေးသိလိုက်သော်လည်း အိပ်ချင်စိတ်ကြီးစိုးနေသည်မှာ ဆင်အော်တာတောင် သိမည်မထင်တော့ပေ။

" အား..... "

အဝေးလို့လွှတ်ပစ်လိုက်သော ဖုန်းအား လေအလျင်ဖြင့်ကောက်ယူလျက် screenကိုသေချာပြန်ဆန်းစစ်ကြည့်မိသည်။

" ရှင်း....ရှင်းဖုန်းခေါ်ထားတာပဲ "

" ရှင်းမင်းသတိရလာပြီလား....ငါအခုလာခဲ့မယ် "

" ဖြည်းဖြည်း ငါအကုန်အဆင်ပြေတယ်....အရမ်းလောမနေနဲ့ "

" ကောင်စုတ် ငါမင်းနဲ့နောက်မှစာရင်းရှင်းရမယ် "

" ငါ့အပေါ်ဘယ်ထဲက မကြေနပ်ချက်တွေရှိနေတာလဲ တိမ်ယံဆင့် "

" ပြောပြရရင်အများကြီးပဲ မင်းသာခံနိုင်ရည်ရှိအောင် ကြိုးစားထား "

" ဒါနဲ့ ငါ့ပုံစံကိုမြင်ပြီး ကိုးလ်‌ဘယ်လောက်လန့်သွားသေးလဲ "

" တော်တော်လေးရှော့ရသွားတာပေါ့ သတိမေ့လဲတဲ့ထိဖြစ်သွားတယ်။ နောက်တော့ အဆင်ပြေသွားတာပါပဲ "

" အင်း သူ့ကြည့်ရတာအဆင်ပြေနေတဲ့ပုံပါပဲ "

ဆင့်ဖြင့်ဖုန်းပြောနေရင်းမှ အခန်းအတွင်းဝေယာဝိစ္စတွေကို လိုက်လုပ်ပေးနေသော ကိုးလ်ကိုကြည့်လျက် ပြန်ဖြေလိုက်သည်။ ထို့နောက် စိတ်သက်သာရာရသွားသည့် အဖြေသည် ရှင်းနှုတ်ဖျားမှ ဆက်လက်ထွက်ကျလာသည်။

" တော်သေးတာပေါ့ "

" မင်းဘာစားချင်လဲ ငါလာရင်းနဲ့ဝယ်လာခဲ့မယ် "

" မလာနဲ့... မင်းဒီလိုပဲသတိလက်လွတ် သွားလာနေတာလား။ သတင်းထောက်တွေက အချိန်ပြည့်မင်းအကြောင်း သိချင်နေကြတာ ကိစ္စတွေပိုကြီးလာလိမ့်မယ် မလာနဲ့ "

" ငါအရင်နေ့ကလည်း ဒီလိုလုပ်နေကျပဲ အခုမှအထူးအဆန်းဖြစ်မနေနဲ့ "

" အရင်နေ့ကလဲ ဒီအတိုင်းပဲလား ? ....... တိမ်ယံဆင့် မင်းငါ့ကိုတစ်ကယ်ဂရုစိုက်တာကော ဟုတ်ရဲ့လား။ ငါနေပြန်ကောင်းရင် ပြဿနာတွေအဆင့်သင့်ရှင်းရအောင် လုပ်နေတာတော့မဟုတ်ဘူးမလား ။ "

" ပါးစပ်ပိတ် ကောက်စုတ် ငါမလာတော့ဘူး ရပြီလား။ ငါ့ကိုအချိန်ပြည့် ပြဿနာရှာနေတဲ့ ပြဿနာကောင်လို့လဲ မြင်မနေနဲ့ဦး "

အမှန်စင်စစ်တွင် ရှင်းပြောလိုက်သော စကားအဓိပ္ပါယ်ကို ရှင်းတစ်ယောက်သာ ကောင်းကောင်းသိပါလိမ့်မည်။ မဝန်ခံချင်သော်လည်း မှန်သောစကားမှာ ရှင်းလုပ်သမျှအရာအားလုံးက သူ့အနားမှာရှိတဲ့ မြတ်နိုးရသူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပင်။ မိမိကိုယ်ကိုတောင် မကာကွယ်နိုင်သော အနေအထားမှာ သူငယ်ချင်းဖြစ်သူအား အန္တရာယ်ကင်းစေရန်အဝေးမှာ ထားရန်ကြံစည်လိုက်ခြင်းဖြစ်သည်။ ရှင်းနှင့် ဦးမင်းအာကာ၏ ရန်စွယ်တို့သည့် မီးဟုန်းဟုန်းတောက်လောင်လျက် အနားရှိလူများအပေါ် မီးပွားလာစင်မည်ကို လုံးဝလက်မခံနိုင်ပေ။ ထို့ကြောင့် နောက်ထပ်ကြုံတွေ့လာရမည့် ဖြစ်အင်များအတွက် တိမ်ယံဆင့်တို့အပေါ် အကျိုးသက်ရောက်မှုမရှိစေရန် ခပ်ဝေးဝေးတွန်းပို့လိုက်ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ပင်ဖြစ်သည်။

" ငါပင်ပန်းနေပြီ ဖုန်းချလိုက်‌တော့မယ် မင်လည်းကိုယ့်ကိုကိုယ်ဂရုစိုက်ဦး "

ဆက်ပြောမည့်စကားက အခွင့်မသာဘဲ လေပြေရှင်း၏ နှုတ်ပိတ်ခြင်းခံလိုက်ရသည်။ နေပြန်ကောင်းလာမှသာ ကောင်းကောင်းနှိပ်ဆက်ရမည်ဟု ရေရွတ်လိုက်ပြီး မလန်းမဆန်းဖြစ်နေသော စိတ်အခြေအနေကို အနားပေးရန် ပြန်လည်အိပ်စက်လိုက်လေသည်။

တိမ်ယံဆင့်နှင့်စကားလမ်းကြောင်း အဆက်ဖြတ်ကာ ကိုးလ်၏လှုပ်ရှားမှုတိုင်း တစ်စထက်တစ်စ လေပြေရှင်းအပေါ် လွှမ်းမိုးလာခဲ့သည်။

" ကိုးလ် "

ရှင်းနှုတ်ဖျားမှ အားပျော့စွာထွက်ပေါ်လာသော ကိုးလ်၏နာမည်

" ဘာဖြစ်လို့လဲဟင် ရှင်းတစ်ခုခုလိုချင်လို့လား။ နေရတာအဆင်ပြေရဲ့လား။ ဘယ်နားနာနေလို့လဲ "

" ကိုယ်ဒီတိုင်းခေါ်လိုက်တာပါ....ဒီနာမည်ကိုထပ်ခေါ်ခွင့်မရတော့ဘူးလို့ ထင်နေခဲ့တာ "

" အရမ်းမတွေးပါပဲ....အားလုံးပုံမှန်ပါပဲ ရှင်း နေပြန်ကောင်းဖို့ပဲလိုတာပါ "

ကိုးလ်တစ်ယောက် စွပ်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်ပြီး ရှင်းလက်ထဲဂရုတစိုက်ထည့်ပေးသည်။

" ကျွန်တော်အအေးခံထားတာ ရှင်းသောက်လိုက်နော် "

ခေါင်းငြိမ့်ပြလျက် နာခံစွာလိုက်နာလိုက်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများက လေပြေရှင်းကို လူစွမ်းကောင်းလုပ်ခွင့်မပေးပေ။ ညည်းညူသံထွက်မလာတာကလွှဲလို့ မျက်နှာကအလွန်တရာရှုံ့တွသွားသည်။ လက်ထဲကပန်းကန်ကိုအလျင်အမြန် ပြန်ဆွဲယူလိုက်ကာ ကိုးလ်က သက်သောင့်သက်သာဖြစ်စေရန် ကူညီပေးသည့်အပြင် ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးလေသည်။ အစဦးတွင် ရှင်းကြောင်အနေပြီး အနေအထားက အလွန်ရှက်စရာကောင်းတယ်လို့ တွေးနေမိသည်။ တစ်ဖြည်းဖြည်းနေသားကျလာသည့်အခါတွင် ဒီအခြေအနေကို ရှင်း နှစ်သက်လာမိလေသည်။

" ရှင်း "

" ကိုးလ် '

" အာ ရှင်းအရင်ပြောပါ "

" ကိုးလ် အရင်ပြောပါ "

" ရှင်း ပဲအရင်ပြောလိုက်ပါ "

" ကိုးလ်သာအရင်ပြောပါ "

" ဒုန်း.....ဘယ်သူမှမပြောနဲ့ ငါအရင်ပြောမယ် "

" တိမ်ယံဆင့် ! "

" ဆင့် ! "

" ငါသတင်းထောက်တွေကို ပတ်ရှောင်လာရတာ မောလိုက်တာ "

" မင်းဘယ်လိုရောက်လာတာလဲ "

" စိတ်မပူပါနဲ့ ငါမင်းဆီလာတာမဟုတ်ဘူး ကိုးလ်ဆီလာတာ "

" ဗျာ ကျွန်တော်ဆီလား ? ကျွန်တော်တစ်ခုခုလုပ်မိထားတာ ရှိလို့လား "

" မဟုတ်ဘူး ကိုးလ်နဲ့ ညှီနှိုင်းစရာလေးရှိလို့ ။ ကိုးလ်ကို ကျွန်တော့်ရဲ့ကိုယ်ပိုင် designer အဖြစ်ကမ်းလှမ်းချင်လို့ပါ "

" မရဘူး ငါကန့်ကွက်တယ်။ မင်းကဒီလောက်အလုပ်တွေများတာ ကိုးလ်ပင်ပန်းလိမ့်မယ် "

" ငါမင်းကိုမပြောဘူး ပါးစပ်ပိတ်နေ "

" ဟို KKကနုတ်ထွက်ဖို့က အခက်အခဲရှိပါတယ် အဲ့တာကြောင့် တိမ်ယံဆင့်ကို တစ်ကယ်တောင်းပန်ပါတယ် ကျွန်တော်မလုပ်နိုင်ပါဘူး "

" စဉ်းတောင်မစဉ်းစားဘဲ တန်းငြင်းလိုက်တာပဲလား "

" တောင်းပန်ပါတယ် "

" တောင်းပန်စရာမလိုပါဘူး ....ကိုရံကလူတော်တစ်ယောက်ရထားတာပဲ ကျွန်တော်တောင်လှည့်စားဖို့ အခွင့်အရေးမရဘူး "

ပြုံးရောင်သန်းလျက် လေပြေရှင်းနားလျှောက်သွားလိုက်ပြီး ဒဏ်ရာတွေကိုအသေးစိတ် ကြည့်ရှုနေခဲ့သည်။ ခဏတာတိတ်ဆိတ်သွားပြီး တိမ်ယံဆင့်တစ်ယောက် ကိုးလ်ကိုလှည့်ထုတ်ရန်ကြံစည်ရတော့သည်။

" ကိုးလ် ကျွန်တော်အရမ်းမောလာလို့ ရေလေးတစ်ခွက်လောက်တိုက်လို့ရမလား "

" ခဏလေးစောင့်နော် ကျွန်တော်သွားဝယ်ပေးမယ် "

ဘာကိုမှမရိပ်မိသော ဖြူစင်သည့် ကိုးလ်မှာ ရေသန့်ဘူးသွားဝယ်ရန် ချက်ခြင်းထွက်ခွာသွားသည်။

" ရှင်း ငါလာတာအခြားကိစ္စလည်းရှိသေးတယ်။ ဦးလေးက မင်းကိုဆေးရုံပြောင်းစေချင်နေတယ် "

" ဒယ်ဒီကလား "

" အင်း ငါလည်းမင်းကို စိတ်မချဘူး။ ဦးလေးပြောသလို ဆေးရုံပြောင်းလိုက်ပါလား "

" ငါမလုပ်ချင်ဘူး "

" လေပြေရှင်း မင်းကိုတိုက်ခိုက်တဲ့လူတွေက မင်းမသေသေးတာသိရင် ချက်ချင်းရောက်လာနိုင်တယ်။ ငါ့ကိုစိတ်မပူရအောင် လုပ်လို့မရဘူးလား။ ဟိုးအရင်ထဲက မင်းဒဏ်ရာရနေတဲ့ပုံတွေမြင်ရတာ ငါ့အတွက်အဆင်ပြေတယ်ထင်နေလား "

" ဆင့် ဆက်မပြောနဲ့တော့ ကိုးလ်ပြန်လာပြီ ။ငါသူ့ကိုဘာမှမသိစေချင်ဘူး "

စကားလက်စဖြတ်လိုက်ပြီး သိပ်မကြာခင်မှာပင် ကိုးလ်အမှန်တစ်ကယ်ပင် ပြန်ရောက်လာသည်။ အရာရာကိုသတိနဲ့နေတတ်ပြီး နားပါးလွန်းသည့် ရှင်းကရိပ်မိနေတာ ထူးဆန်းသည်တော့မဟုတ်ပေ။ အခန်းတံခါးဖွင့်၍ ဝင်လာသောကိုးလ်က တိမ်ယံဆင့်ထံ ရေဘူးကမ်းပေးလေသည်။

" ရေရပါပြီ "

" ကျေးဇူးပဲနော် "

ရေဘူးကိုလွှဲပြောင်းယူလိုက်ကာ ချက်ချင်းဖွင့်လျက် ဖောက်သောက်လိုက်ပြီး ထပ်မံဆက်ပြောလိုက်သည်။

" လာရင်းကိစ္စလည်းပြီးသွားပြီဆိုတော့ ငါပြန်တော့မယ်။ ရှင်းမင်းလည်း အသေအချာစဉ်းစားစေချင်တယ် ။ ငါကရွေးချယ်ခွင့်ပေးမှာမဟုတ်ဘူး ငါပြောတဲ့အတိုင်းပဲမင်းလုပ်ရမှာ ဒါပေမယ့် အချိန်ကိုတော့ မင်းစိတ်တိုင်းကျဖြစ်စေရမယ်။ "

‌သူပြောချင်တာပြောပြီး လုပ်ချင်တာ လုပ်တတ်တာက တိမ်ယံဆင့်၏ စရိုက်ဝသီတွေထဲက တစ်ခုပင်။ အစပိုင်းတွင် ရှင်းကို နားချနေခဲ့ပြီး မရသည့်အခါအကြမ်းနည်းသုံး၍ တရားသူကြီးတစ်ဦးနှယ် တစ်ချက်လွှတ်အမိန့်ထုတ်ပြန်သွားသည်။ ရုတ်တရက် ပြဒါးရံအတွက်တောင် နည်းနည်း‌တောင် စိတ်မကောင်းဖြစ်လာမိသည်။ ရှင်းသိသလောက်ဆိုလျှင် သူတို့နှစ်ယောက်က မြင်တာနဲ့ထကိုက်တတ်တဲ့ ကြောင်နဲ့ကြွက်လိုဆက်ဆံရေးပင်။ သူမသိလိုက်သော အချိန်ခဏလေးအတွင်း ဒီလောက်မြန်မြန်တိုးတက်သွားလိမ့်မည်ဟု မည်သူမှထင်မိမှာတဲ့လဲ။ ခေါင်းခါလိုက်ပြီး အတွေးမျှင်တို့ကို ရှင်းထုတ်ပစ်လျက် ကိုးလ်လည်ပင်းက သူကိုယ်တိုင်ဆွဲပေးထားသော ဆွဲကြိုးလေးမှာ မျက်နှာပြင်ထက် ရောင်ပြန်ဟပ်နေခဲ့သည်။

ကိုးလ်နဲ့ အချိန်အတိုင်းအတာတစ်ခုထိ ခပ်ဝေးဝေးနေတာ ကောင်းမယ်ထင်တယ် ။ငါ့ကြောင့် ငါ့အနားမှာရှိတဲ့လူတွေကို မနာကျင်စေချင်ဘူး။

" ကိုးလ်နောက်နေ့ကစပြီး ဆေးရုံကိုမလာပါနဲ့တော့လား "

" ဘာဖြစ်လို့လဲ ကျွန်တော်ကအနှောက်အယှက်ဖြစ်နေလို့လား "

" မဟုတ်ဘူး ကိုးလ်ကြောင့်တစ်ခါမှ အနှောက်အယှက်မဖြစ်ဖူးပါဘူး။ ကိုယ်က ကိုးလ်ပင်ပန်းမှာကြောက်လို့ပါ "

" ကျွန်တော်မပင်ပန်းပါဘူး "

" မင်းပင်ပန်းနေပါပြီ "

လေပြေရှင်း၏ စကားမှာခေါင်းလောင်းသံနှယ် ကိုးလ်ရဲ့နားထဲ ကြိမ်ဖန်များစွာပဲ့တင်ထပ်နေခဲ့ပြီး အကြည့်ချင်းစုံနေသောမျက်ဝန်းတစ်စုံမှာ မြွေတစ်ကောင်၏ ညှို့ယူနိုင်စွမ်းအင်များနှင့် ဖုံးလွှမ်းကာ ရည်ရွယ်ရာပန်းတိုင်မရောက်မချင်း ဖမ်းစားနေခဲ့သည်။

" ဟုတ်တယ် ကျွန်တော်ပင်ပန်းနေပြီ အိမ်ပြန်ပြီးသွားနားတော့မယ် "

အိပ်ငွေ့ချခြင်းပင်ဖြစ်သည်။ မျက်လုံးနဲ့ ညှို့ယူပြီးအသံနဲ့ဖမ်းစားကာ ကိုယ်လိုရာခိုင်းစေလို့ရသည့် ပညာရပ်ပင်။ ထိုပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ရောက်ခြင်းမရှိသော်ငြား ရှင်းက စိတ်ဝင်စားသောကြောင့် အနည်းငယ်တော့လေ့လာဖူးလေသည်။ တိမ်ယံဆင့်အပေါ်ကြိမ်ဖန်များစွာ စမ်းသပ်ဖူးသော်လည်း တစ်ခါမှမအောင်မြင်ခဲ့ပေ။ ထိုသူငယ်ချင်းလေးမှာ သတိအရမ်းကပ်သည့်အပြင် လွယ်လွယ်နှင့် ဖောက်ထွင်းမမြင်နိုင်သည့် စိတ်ခွန်အားတို့ကြောင့် ရှင်းတစ်ယောက်သာ ကြိုးစားတိုင်း အရှုံးသမားဖြစ်ခဲ့ရသည်။ ရှင်းလေ့လာထား‌သော အနေအထားအရဆိုလျှင် သာမာန်လူများအပေါ်သာ အကျိုးသက်ရောက်မှုရှိပြီး အချို့သတိကပ်လွန်းသော လူများအပေါ်တွင်တော့ သက်ရောက်မှုမရှိပေ။ သူလေ့လာနေတာက လိုအပ်ချက်များစွာ ရှိသေးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

နာခံမှုအပြည့်ဖြင့် ထွက်ခွာသွားသော ကိုးလ်ကိုကြည့်ရင်း ပတ်ဝန်းကျင်က ရုတ်ချင်းထူးဆန်းလာသည်။ ပြတင်းပေါက်က တိုးဝင်နေသောလေထုက ခြောက်ခြားဖွယ်ကောင်းနေပြီး နေရောင်ခြည်ကပူလောင်လွန်းလှသည်ဟု ခံစားရစေလေသည်။ အရာအားလုံးက ပျက်ဆီးသွားလျှင်ကောင်းမည်ဟု အတွေးဝင်လာသည့် တစ်ခဏတွင် မြတ်နိုးရသူတွေကို ဆုံးရှုံးရမှာကိုလည်း ကြောက်ရွံ့လာသည်။

" ရောက်နေရင်လည်းဝင်လာခဲ့ကြ အချိန်ဆွဲမနေနဲ့ "

" သခင်လေး "

လေပြေရှင်း တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး တံခါးမှဝင်လာသောအနက်ရောင်ဝမ်းဆက်နဲ့ လူနှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။

" ဒယ်ဒီကော "

" ပါမလာပါဘူး သခင်လေးကိုတော့ ဂရုတစိုက်ခေါ်ခဲ့ဖို့ မှာလိုက်ပါတယ် "

" လေပြေကော "

" ဩဇီမှာအန္တရာယ်ကင်းပါတယ် ။ အနားမှာလည်းသက်တော်စောင့်တွေနဲ့ လျှို့ဝှက်စောင့်ကြည့်ခိုင်းထားပါတယ် "

" အရင်လက ပဲရစ်မှာမဟုတ်ဘူးလား "

" ခရီးထွက်တာဝါသနာပါတဲ့လူမလို့ အချိန်တိုင်းလျှောက်သွားနေတာပါ နေရာအတည်တကျမရှိပါဘူး "

" လေပြေကို သေချာဂရုစိုက်ကြ။ သူသာတစ်ခုခုဖြစ်သွားရင် ငါအရာအားလုံးကို မီးလောင်တိုက်သွင်းပစ်မယ် "

" ဟုတ်ကဲ့သိပါပြီ "

" လူတွေအာရုံမစိုက်မိခင် မြန်မြန်ဆန်ဆန် လုပ်ကြရအောင် "
________________________________

(KK၏ CEO ရုံးခန်း )

" ဆင့် အနားယူရတာအဆင်ပြေရဲ့လား ကိုယ်မုန့်ပို့လိုက်ရမလား "

" ရတယ်မလိုဘူး "

" ဒါဆို ဆင့် ကောင်းကောင်းအနားယူလို့ရအောင် ကိုယ်ခွင့်ပေးထားမယ် "

" ရတယ်မလိုဘူး "

" ရှင်းလည်းသတိပြန်ရလာပြီဆိုတော့ အရမ်းစိတ်ပူမနေနဲ့တော့ "

" အင်း "

" ဆင့်ဘာလိုချင်လဲ ပြောလေ..... ကိုယ်အကုန်ဖြည့်ဆည်းပေး‌မယ် "

" ကျွန်တော်ကိုရံကို တွေ့ချင်နေတာ "

" ကောင်းပြီခဏလေးစောင့် ကိုယ်အခုလာခဲ့မယ် "

" ကိုရံ ခဏလေး ဖုန်းချတော့မလို့လား "

" ဆင့်မှာစရာရှိလို့လား "

" ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားနည်းတစ်ခုသိထားတယ် "

" ........... "

" Condo နဲ့ KKက သိပ်မဝေးဘူးဆိုပေမယ့် နည်းနည်းတော့လှမ်းတာပဲလေ ။ အဲ့တော့ကျွန်တော့်ဆီ လာနေတဲ့အချိန်အတွင်းမှာ စိတ်ဝင်စားဖို့ကောင်းတာလေး လုပ်ကြည့်ကြရင်မကောင်းဘူးလား "

" ပြောကြည့် "

" ရှုံးတဲ့လူက နိုင်တဲ့လူခိုင်းတာလုပ်ကြေး။ လုပ်ရမှာက လာနေတဲ့လမ်းတစ်လျှောက်လုံးမှာ ကျွန်တော့်ကိုမတူတဲ့ဆိုင်က မုန့် 1500 ဝယ်လာခဲ့ရမယ်။ ထပ်မနေရဘူး ၊ အရသာဆိုးဝါးမနေရဘူး ။ ကန့်သတ်ချိန်က တစ်နာရီ။ "

" ဆင့် ကိုယ့်အပေါ်နည်းနည်းလောက် ငဲ့ညှာပေးလို့မရဘူးလား။ ကိုယ်ကြားဖူးသလောက်တော့ အချစ်စာကြောင်း 1500ကို တစ်နာရီအတွင်း ပြောခိုင်းတာလောက်ပါပဲ။ "

မှန်ပေသည် သူကအချစ်ရေးမှာ မကျွမ်းကျင်ဖူးဆိုပေမယ့် Googleမှာ အချစ်ရေးနဲ့ပက်သက်တဲ့စာသားတွ ထောင်သောင်းမက ရှာဖတ်နိုင်ပေသည်။

" ကိုရံမလုပ်ချင်ဘူးလား "

" အာ ကိုယ်လုပ်ချင်ပါတယ် "

" ဒါဆိုခုကစပြီး အချိန်စမှတ်ပြီ "

" တီ...."

ထိုစကားအဆုံးကျသွားသောဖုန်းသံ။ ‌ငယ်ထိပ်ကိုမြွေပေါက်သလို ပျာယာခတ်နေရမည့်အစား ပြဒါးရံက ပိုလို့တောင်ရွှင်မြူးနေပေသည်။ သူ့ကောင်လေးမှာ မာနထောင်လွှားကာ ခေါင်းမာနေရမည့်အစား ဒီနေ့မှထူးထူးခြားခြား ကလေးဆန်နေသောကြောင့်ပင်။ ကစားပွဲမှာရှုံးသွားမည်ဆိုလည်း ကိစ္စတော့မရှိပေ တိမ်ယံဆင့်လိုချင်တာမှန်သမျှ သူအကုန်ဖြည့်ဆည်းပေးမှာမလို့ ဖြစ်သည်။ ထို့ပြင်သူ့ကိုအနိုင်ပိုင်း၍ ပျော်ရွှင်‌နေသော ဆင့်မျက်နှာကိုလည်း ကြည့်ချင်သေးပေသည်။

" 56, 57, 58 ,59, 60 နောက်ဆုံးတော့ပြည့်သွားပြီ "

မြင်သူတကာ ရှုံးသွားစေနိုင်သောအပြုံးသည် တိမ်ယံဆင့်၏မျက်နှာပေါ် တောက်ပစွာနေရာယူနေပြီး ပြဒါးရံအားအနိုင်ယူရမည့်အပေါ် အလွန်ကြေနပ်နေမိပုံပင်။ အချိန်ကိုက်ပင် သူ၏အိမ်တံခါးအား တစ်စုံတစ်ယောက်က စည်းချက်မှန်မှန်တီးခတ်နေလေသည်။ သွားဖွင့်လိုက်ပြီးနောက် တံခါးနောက်ကလူ၏ နာမည်ကိုရေရွတ်လိုက်သည်။

" ကိုရံ "

" အွန့်... "

ထိုသူကတိမ်ယံဆင့်ကို စကားဆက်ပြောခွင့်မပေးပေ။ အရှုံးကိုလက်မခံသေးခင်မှာပင် သူဟာအခွင့်ကောင်းယူလျက် ပြိုင်ပွဲရဲ့အရှင်သခင်ကို အနိုင်ကျင့်နေခဲ့သည်။ တိမ်ယံဆင့်၏ ရုန်းကန်မှုများကြောင့် ပြဒါးရံကခဏအကြာတွင် လွှတ်ပေးလာလေသည်။ သို့သော် ထိုမျက်လုံးများကတော့ ပြဒါးရံအားဖောက်ထွင်းသွားမတတ် စိုက်ကြည့်နေခဲ့ပြီး အသက်ကိုဝအောင်ရှုသွင်းနေခဲ့သည်။

" ကိုရံရှုံးပြီ....မုန့်တွေပါမလာဘူး "

" ခဏလေး ကိုယ်မရှုံးသေးဘူး ဆင့်လည်းမနိုင်သေးဘူး "

ပြဒါးရံကသူဆွဲလာသော အိတ်ကိုဖွင့်ဟပြလေသည်။

" သကြားလုံးတွေ ? "

တိမ်ယံဆင့် နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။

" ဒီသကြားလုံး‌တွေက အလုံး 1500ရှိတယ်......ဆင့်ရေကြည့်လို့ရတယ် "

တိမ်ယံဆင့် မျက်နှာပျက်သွားပြီး လေသံမာမာဖြင့် ထပ်ပြောလိုက်လေသည်။

" ကျွန်တော်တစ်ခုနဲ့တစ်ခု ထပ်မနေရဘူးလို့ပြောခဲ့တယ် "

" ကိုယ်သိတယ် အဲ့တာကြောင့် တံဆိပ်မတူတာတွေရွေးလာတယ် လုံးဝမထပ်စေရဘူး "

" ကိုရံ.... ! "

" ဟင်.... "

" ဒီသကြားလုံးတွေက အကျုံးမဝင်ဘူး။ တံဆိပ်မတူဘူးဆိုပေမယ့် သကြားလုံးတွေကြီးပဲလေ....ကျွန်တော်လက်မခံဘူး ကန့်ကွက်တယ်။ "

" ကောင်းပြီလေ .....ဆင့်စိတ်တိုင်းကျ ကိုယ်အကုန်လိုက်နာရမှာပေါ့ "

" ‌ဖျောက် "

ပြဒါးရံ၏ လက်ဖြောင့်တီးသံနှင့်အတူ မရေမတွက်နိုင်သော မုန့်တွေနှင့် လူတွေအများကြီးဟာ condoရဲ့အောက်ထပ်မှာစောင့်နေကြလေသည်။ လက်ထဲတွင် အမျိုးအမည်မတူသော မုန့်တွေကိုင်ဆောင်ထားကြပြီး တိမ်ယံဆင့်ကို အံအားသင့်စေခဲ့သည်။

" ကိုယ်အမှားတစ်ခုကို ကျူးလွန်လိုက်မိတယ်..... ကိုယ်ဝယ်ခဲ့တဲ့မုန့်တွေက 1499ခုပဲရှိတယ် "

ပြဒါးရံက ဆွဲဆောင်အားကောင်းသာ ညှို့ယူမှုတွေနှင့် ထပ်ပြောလေသည်။

" ကိုယ်သင်္ချာအရမ်းညံ့လို့ တစ်ခုထပ်ဝယ်ဖို့မေ့သွားတယ်....အဲ့တာကြောင့် ဆင့် ပေးမယ့်အပြစ်ကို ကိုယ်ကြေကြေနပ်နပ်ကြီးခံယူပါ့မယ် "

တစ်ကယ်တော့ အဖြေကရှင်းရှင်းလင်းလင်း သိနေခဲ့ပြီးသားပင်။ မုန့်တစ်ခုဝယ်ဖို့ကျန်ခဲ့ခြင်းက လုံးဝမဖြစ်နိုင်ပေ။ ထိုလူသားက တမင်သက်သက်အရှုံးပေးရန်အတွက် မဝယ်ခဲ့ခြင်းက ပိုမှန်ပါလိမ့်မည်။ မည်သို့ပေဆိုပါစေ ပြဒါးရံ၏ အပြုအမူများကြောင့် ဆင့် အမှန်တစ်ကယ်ပင် ပျော်ရွှင်မိလေသည်။

_________________________________

[Zawgyi]

" လူနာအသက္အႏၲရာယ္ ကင္းရွင္းသြားပါၿပီ "

" ဒါေပမယ့္ ဓားဒဏ္ရာေတြေၾကာင့္ ေသြးေၾကာေတြျပတ္ေနတာလည္း ရွိေနခဲ့ၿပီး အ႐ိုးက်ိဳးတာေတြလည္း မ်ားပါတယ္။ အထူးသျဖင့္ကေတာ့ ေသနတ္ဒဏ္ရာေတြပါ။ လက္ဖ်ံ႐ိုးက ေသနတ္ဒဏ္ရာက ေတာ္ေတာ္ေလးနက္ရႈိင္းတာေၾကာင့္ လူနာျပန္ေကာင္းလာမယ္ဆိုရင္ေတာင္ ဒဏ္ျဖစ္ေနဦးမွာပါ ။ ဒဏ္ရာရထားတဲ့လက္ကို ျပင္းျပင္းထန္ထန္မလႈပ္ရွားတာက အေကာင္း‌ဆုံးပါပဲ။ "

" ဟုတ္ကဲ့ ကြၽန္ေတာ္တို႔သိပါၿပီ "

" ၿပီးေတာ့ ခြဲစိတ္တာေအာင္ျမင္သြားေပမယ့္ လူနာကအခ်ိန္ျပည့္ေစာင့္ၾကည့္ရမယ့္ စာရင္းထဲပါပါတယ္။ ကြၽန္ေတာ္တို႔အားလုံး လက္ေလ်ာ့ဖို႔လုပ္ခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ လူနာရဲ႕ကိုယ့္ခံအားနဲ႔ စိတ္အားထက္သန္မႈေၾကာင့္ ေအာင္ျမင္ခဲ့တာပါ။ ခုခ်ိန္ထိ အေရးေပၚအေျခအေနမွာ ရွိေနတုန္းပါပဲ က်န္တာကလူနာရဲ႕အေပၚမွာပဲ မူတည္ပါေတာ့တယ္ "

" ရွင္းရဲ႕အေျခအေနက အေရးေပၚျဖစ္ေနတုန္းလား ?"

" ကြၽန္ေတာ္တို႔လည္း စိတ္မေကာင္းပါဘူး "

ဆရာဝန္မွာ ထြက္ခြာသြားခဲ့ေလၿပီ။ ဆင့္တို႔သုံးေယာက္သာ ထိုေနရာမွာေက်ာက္႐ုပ္သဖြယ္ ရပ္ေနခဲ့ၿပီး ခံစားခ်က္မ်ိဳးစုံက ေသာင္းေျပာင္းေရာေႏွာေနခဲ့သည္။ ကိုးလ္တစ္ေယာက္မွာေတာ့ မ်က္ရည္ၾကည္မ်ား တစ္စက္ခ်င္းက်ဆင္းေနေသာ္လည္း အမူအယာကလုံးဝ ေအးစက္ေနခဲ့သည္။ မ်က္ေတာင္ပင္မခတ္ႏိုင္ဘဲ အေရးေပၚအေျခအေနဟူေသာ ဆရာဝန္၏စကားတစ္ခြန္းသာ ဦးေခါင္းထဲေနရာအျပည့္ယူေနခဲ့ၿပီး နားထဲ၌ ဖန္ခါတလဲလဲၾကားေယာင္ေနခဲ့သည္။ ရႈိက္သံမ်ားလည္း ထြက္မလာခဲ့သလို ေအာ္ဟစ္ငိုေကြၽးေနျခင္းလည္း မရွိခဲ့ဘဲ ဒီအတိုင္းမ်က္ရည္မ်ား က်ေနျခင္းသာ။

ကိုးလ္တစ္ေယာက္ထဲသာ ဒီေလာက္အေျခအေနဆိုးေနလွ်င္ ငယ္စဥ္ထဲကရင္းႏွီးခဲ့ေသာ တိမ္ယံဆင့္အတြက္ ႀကီးမားေသာတိုက္ခိုက္မႈတစ္ရပ္ေပ။ ကိုးလ္ကဲ့သို႔ငိုေနျခင္းမရွိေသာ္လည္း သူသည္လည္း ဝိညဥ္ထြက္သြားေသာ ခႏၶာကိုယ္အလြတ္ကဲ့သို႔ ေတာင့္တင္းေနခဲ့သည္။ ဟန္ခ်က္မညီ၍ ယိုင္နဲ႔သြားေသာ ဆင့္အားျပဒါးရံကလွမ္းဆြဲ၍ ထိန္းေပးလိုက္ကာ ဘယ္သူမွမျမင္ခင္ ေအးစက္ေနေသာလက္ကို က်ယ္ျပန႔္လွေသာ သူ၏လက္ဖဝါးႏွင့္ ဆုပ္‌ေထြးကိုင္လိုက္သည္။

ဒီလိုႏွင့္ သူတို႔သုံးေယာက္လုံး ေဆး႐ုံေပၚအခ်ိန္ျပည့္ ေသာင္တင္ေနခဲ့ၾကျပန္သည္။ ကိုးလ္၏က်န္းမာေရးမွာလည္း ျပန္မေကာင္းမြန္ေသးသျဖင့္ ကုသမႈဆက္လက္ခံယူေနရဆဲပင္။ သူတို႔အားလုံး ေလေျပရွင္းကို အနီးကပ္ၾကည့္ရႈခ်င္ေသာ္လည္း ေဆး႐ုံစည္းကမ္းအရ ျပင္ပမွပါလာေသာ ပိုးေတြကူးမည္ဆိုးေသာေၾကာင့္ လူနာမက်န္းမာခင္စပ္ၾကား အခန္းတြင္းသို႔ ဝင္ခြင့္မျပဳေပ။ ထို႔ေၾကာင့္ မွန္တံခါးအျပင္ဘက္က တစ္ဆင့္သာ ရွင္း၏အေျခအေနကိုေလ့လာရသည္။

ေန႔တိုင္း ေန႔တိုင္း ဆင့္ႏွင့္ျပဒါးရံက ကိုးလ္အတြက္ အာဟာရျဖစ္ေစမည့္အစားအစာေတြကို ယူလာေပးေလ့ရွိၿပီး အလုပ္အတြက္ ခြင့္ရက္ရွည္ႀကီးကိုလည္း ေပးထားေသးသည္။ ေလေျပရွင္းရဲ႕ အေျခအေနက 3ရက္ၾကာသြားတဲ့အထိ မတိုးတက္ေသးဘဲ ပုံမွန္အတိုင္းလည္ပတ္ေနခဲ့သည္။ သတိရျခင္းမရွိေသာ္ျငား ထို႔ထက္လည္း ပိုမဆိုး႐ြားေသးေပ။ ကိုးလ္ကေတာ့ ေတာ္ေတာ္ေလး ထူထူေထာင္ေထာင္ျပန္ျဖစ္လာခဲ့ၿပီး 4ရက္ေန႔မနက္ပိုင္းကစလို႔ ဆရာဝန္ကလူနာအား ေတြ႕ခြင့္ေပးလာခဲ့သည္။ မလႈပ္မယွက္လဲေနေသာ ျဖဴေဖ်ာ့ေနသည့္ပုံစံႏွင့္ ရွင္းကလုံးဝ မလိုက္ဖက္ေပ။ ထိုလူသားဟာ အၿမဲတေစ႐ြတ္ေနာက္ေနာက္ႏွင့္ ရံဖန္ရံခါ တည္တံ့လြန္းသည့္အသြင္ကို ပိုင္ဆိုင္ထားသည္မဟုတ္ပါလား။ ယခုလိုေအးစက္မာေက်ာေနျခင္းက ေလေျပရွင္းမဟုတ္သည့္ ေလေျပရွင္းပင္။

" ရွင္းအိပ္ေနတာ 4ရက္ေတာင္ရွိၿပီ သူအခုလိုတိတ္ဆိတ္ေနတာ ပထမဆုံးပဲ "

တိမ္ယံဆင့္ တစ္ေယာက္ ကိုးလ္ကိုလွည့္ၾကည့္ၿပီး ဆက္ေျပာလာခဲ့သည္။ ထို႔ေနာက္ ဆင့္ကဆက္ေျပာလိုက္ေသးသည္။

" အရမ္းမစိုးရိမ္ပါနဲ႔ ရွင္းကေပ်ာ့ညံ့တဲ့လူ မဟုတ္ပါဘူး သူျပန္ႏိုးလာမွာပါ "

" ကြၽန္ေတာ္သိပါတယ္ ရွင္းျပန္ႏိုးလာမွာပါ....ကြၽန္ေတာ္တို႔ၾကားမွာ မၿပီးျပတ္ေသးတဲ့ ကိစၥေတြအမ်ားႀကီးရွိေသးတယ္ေလ။ အတည္ျပဳစရာေတြလည္း ရွိတယ္။ ရွင္း တစ္ကိုယ္ေကာင္းဆန္သြားလို႔ မရဘူး "

ဘာအဓိပၸါယ္ႏွင့္ေျပာလည္း ဆင့္မသိေသာ္လည္း ကိုးလ္အသံက အလြန္တိုးတိမ္လြန္းလွသည္။ အားပ်က္ေနေသာအသြင္ၾကားမွ ယုံၾကည္ခ်က္ခိုင္မာေသာ မ်က္လုံးတစ္စုံသည္ အေမွာင္ယံမွာ ေတာက္ပေနသည့္ ၾကယ္တံခြန္မ်ားအလား။ ထိုးေဖာက္လာေသာ ေမွ်ာ္လင့္ခ်က္သည္ ေလေျပရွင္းျပန္လည္ သတိရလာမည္ဟု ေရ႐ြတ္လ်က္ရွိေသာ စာတစ္ေၾကာင္းမွ်သာ။

" ဆင့္.... "

ေလဟာနယ္ကိုျဖတ္သန္းလ်က္ တိုးေဝွ႔ကလူလာေသာ ျပဒါးရံ၏အသံ

" ျပန္ရေအာင္ "

" ကြၽန္ေတာ္ခဏေလာက္ ထပ္ေနခ်င္‌ေသးတယ္ "

" မင္းပင္ပန္းေနၿပီ အလုပ္တစ္ဖက္နဲ႔ ရွင္းကိုၾကည့္ရတာနဲ႔ ပိုပိုၿပီးပိန္လာတယ္ ဆင့္။ အိမ္ျပန္ၿပီးအနားယူလိုက္ပါ "

" ကြၽန္ေတာ္ အဆင္ေျပတယ္ "

ပို၍ပိုကာေခါင္းမာလာေသာ ဆင့္အား မ်က္ႏွာတစ္ခ်က္အၿငိဳးမခံႏိုင္သည့္ ျပဒါးရံက အတင္းကာေရာအမိန႔္ေပးႏိုင္မည္တဲ့လား။ တိမ္ယံဆင့္သာ ေပ်ာ္႐ႊင္ႏိုင္မယ္ဆိုလွ်င္ ေမာင္းတင္ထားသည့္ေသနတ္လို ‌သခင္အလိုရွိရာ လူသတ္ေပးမည့္ လူသတ္လက္နက္တစ္ခုေတာင္ အျဖစ္ခံႏိုင္ေပသည္။ ထို႔ထက္လည္း ပိုေကာင္းပိုႏိုင္ပါသည္။

" တိမ္ယံဆင့္တို႔ျပန္လိုက္ပါ ရွင္းကိုကြၽန္ေတာ္ ဂ႐ုစိုက္လိုက္ပါ့မယ္။ အခုလိုပုံစံကို ရွင္းလည္းျမင္ခ်င္မွာ မဟုတ္ဘူးေလ "

တိတ္ဆိတ္သြားၿပီး အခ်ိန္အေတာ္ၾကာသြားသည့္အခါ ဆင့္ ျပန္ေျဖလာခဲ့သည္။

" ကြၽန္ေတာ္ သိၿပီ။ ျပန္ရေအာင္ .......ကိုရံ "

အခန္းတံခါးပိတ္သံအဆုံးမွာ ဝိညာဥ္မ်ားပါ ႏုတ္ယူသြားသည့္အလား အသူတစ္ရာ ေခ်ာက္နက္တစ္ခုဖြယ္ ေအးစက္တိတ္ဆိတ္လြန္းလွသည္။ အရာရာတိုင္းမွာ အသြားနဲ႔အျပန္ရွိတယ္လို႔ ေျပာၾကေပမယ့္ လိုက္လိုက္ေလ်ာေလ်ာ ေပးဆပ္ခ်င္တဲ့ဆက္ဆံေရးေတြမွာ အသြားတစ္ခုသာ မွတ္ေက်ာက္တင္ႏိုင္ၿပီး အျပန္အတြက္ ျမဴတစ္မႈန္စာေတာင္ စိတ္ကူးမယဥ္ဖူးေသာ လူေပါင္းေထာင္ေသာင္းမက ရွိေနတတ္ေလသည္။

ပင္ပန္းမႈေပါင္းမ်ားစြာႏွင့္ ဖိအားအလုံးစုံသည္ တိမ္ယံဆင့္အား ပို၍သိမ္ငယ္လာေအာင္ တြန္းအားေပးေနခဲ့သည္။ ခိုင္ခံလွပါသည္ဆိုေသာ ေထာက္တိုင္မွာေတာင္ အေလးခ်ိန္မခံႏိုင္ေတာ့သည့္အခ်ိန္၌ က်ိဳးပဲ့ပ်က္ဆီးသြားတတ္တာႀကီးပင္။ သက္ရွိေထာက္တိုင္တစ္ခုျဖစ္ေသာ တိမ္ယံဆင့္အဖို႔ ထိုဖိအားတို႔အား ခါးဆီးခံထားမႈအေပၚ အလြန္အမင္းသက္ေရာက္မႈ ႀကီးမားလွေပသည္။ ထိုလူသားမွာ သန္မာခ်င္ေယာင္ေဆာင္တတ္ေသာ အက်င့္စ႐ိုက္ႏွင့္ ေခါင္းမာတတ္မႈတို႔ကိုသာ ဖယ္ထုတ္လိုက္ပါလွ်င္ တိမ္ယံဆင့္သည္လည္း သာမာန္လူသားမ်ားကဲ့သို႔ အားနည္းေပ်ာ့ညံ့သည့္ အသြင္မ်ားရွိေနသည္ကို ထင္ထင္ရွားရွားေတြ႕ျမင္ရမည္ျဖစ္သည္။ သို႔ေသာ္ ထိုကိစၥမွာလည္း ဘယ္ေတာ့မွျဖစ္မလာႏိုင္ေသာ ျဖစ္ရပ္ပင္ ။အကယ္၍ရွိလာခဲ့ပါလွ်င္ ထိုလူသားက ဤအသြင္ကို မည္သူတစ္ဦးတစ္ေယာက္ကိုမွ ျမင္ေတြ႕ခြင့္ေပးမည္မဟုတ္ေပ။

ျပဒါးရံ ေခၚေဆာင္ျခင္းခံလာေသာ ဆင့္အဖို႔ ကားေပၚတြင္ မ်က္လုံးမွိတ္အနားယူျခင္းမွ အိပ္စက္ျခင္းအျဖစ္သို႔ ကူးေျပာင္းသြားသည္။ လမ္းတစ္ေလွ်ာက္ဂ႐ုတစိုက္ေမာင္းေနရင္း လွည့္ၾကည့္လိုက္အခါ တိမ္ယံဆင့္မွာ အလြန္ႏွစ္ၿခိဳက္ အိပ္ေမာက်လ်က္ရွိသည္။ မူရင္းအစတြင္ တိမ္ယံဆင့္အား ကြန္ဒိုရွိရာသို႔ ေခၚေဆာင္သြားမည့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ကာ KKဆီသာ ေမာင္းႏွင္လိုက္ေလသည္။ ထို႔ေနာက္မ်ားမၾကာမီတြင္ ႏူးညံ့ေသာအသံႏွင့္ ခ်ိန္ၿမိန္ေသာစကားလုံးလို႔စြက္ေနေသာ အသံတစ္ခု တိမ္ယံဆင့္ကိုလႈပ္ႏႈိးေနခဲ့သည္။

" ဆင့္ ထေတာ့ေလ ..... ဒီတိုင္းအိပ္ရင္ ဇာက္နာလိမ့္မယ္ "

" ဟင္....ခဏေလး ကြၽန္ေတာ္အိပ္ေရးမဝေသးဘူး "

ပုံမွန္လူရွင္းသည့္ေနရာဆိုလွ်င္ ျပဒါးရံက တိမ္ယံဆင့္ကိုေပြ႕လ်က္ အထဲသို႔ဝင္သြားမည္မွာ ေသခ်ာေပသည္။ ယခုေတာ့ျဖင့္ KKတြင္ေရာက္ေနသည့္အတြက္ အေနအထိုင္အသြားအလာကအစ ဆင္ျခင္ရသည္။

" မထေသးဘူးဆိုရင္ ကိုယ္ companyမွာလည္း မဆင္ျခင္ေတာ့ဘူးေနာ္ ဆင့္ကိုေပြ႕ၿပီးအထဲေခၚသြားမွာ "

" ရၿပီ.....ကြၽန္ေတာ္ႏိုးၿပီ "

အိပ္ခ်င္စိတ္ပင္ အစရွာမရေတာ့ပဲ အလန႔္တၾကားႏိုးထလားေသာ တိမ္ယံဆင့္။

စႀကႍလမ္းတစ္ေလွ်ာက္လုံး မႈိင္တိမႈိင္တိုင္ျဖင့္ တိမ္ယံဆင့္ကို ျပဒါးရံမသိမသာထိန္းလ်က္ ႐ုးခန္းထဲေရာက္ေအာင္ မနည္းေခၚလာရသည္။ CEO ႐ုံးခန္းအျပင္တြင္ရွိေသာ အတြင္းေရးမႉးတို႔ေနရာအား အာဏာအျပည့္ျဖင့္ အမိန႔္ေပးလိုက္သည္။

" ယြန္းေဟမီေကာ "

" CEO အစား ဆိုင္ဖြင့္ပြဲအခ်ိဳ႕ သြားတက္ပါတယ္ "

" ႐ုံးခန္းထဲကိုဘယ္သူ႔ကိုမွ ဝင္မလာေစနဲ႔ ေသေရးရွင္ေရးကိစၥဆိုရင္ေတာင္ ဝင္မလာနဲ႔ "

" ဟုတ္ကဲ့ သိပါၿပီ......လက္မွတ္ထိုးရမယ့္ဖိုင္ေတြကို စားပြဲေပၚတင္ေပးထားပါတယ္ "

ျပဒါးရံ၏အခန္းသည္ အရွိအဝါတို႔လႊမ္းမိုးသက္ေရာက္မႈ ႀကီးမားေနပါေသာ္လည္း တိမ္ယံဆင့္၏ အိပ္ခ်င္စိတ္ကို မခ်ိဳးျဖတ္ႏိုင္ေပ။ ေမွးစင္းေနေသာ မ်က္လုံးအစုံျဖင့္ ဆိုဖာေပၚသြားထိုင္ေနေသာ ျပဒါးရံကို မလႈပ္မယွက္ၾကည့္ေနခဲ့သည္။ သိလိုစိတ္ျပင္းျပလာသည့္အခိုက္တြင္ ဆင့္ကအိပ္ခ်င္မူးတူးျဖင့္ ေမးျမန္းလိုက္သည္။

" ဘာလို႔ KKကိုေခၚလာတာလဲ condoမွာသြားအိပ္တာက ပိုလြတ္လပ္တာမဟုတ္ဘူးလား "

" ဒီလိုလာခဲ့ "

ျပဒါးရံက လက္ႏွစ္ေခ်ာင္းျဖင့္ ဆင့္ကိုေခၚလိုက္ၿပီး သူ႔ေပါင္ကိုလက္ျဖင့္ထပ္ပုတ္ျပသည္။

အမိန႔္နာခံေသာ စစ္သူႀကီးႏွယ္ ဘုရင့္ထံခစားဖို႔ အသင့္ျဖစ္ေနသည့္ လူတစ္ဦးပဏ ဆင့္ေလွ်ာက္သြားလိုက္သည္။ အနားသို႔ေရာက္ေသာအခါ ျပဒါးရံ၏ လက္ေကာက္ဝတ္ကိုဆုပ္ကိုင္လ်က္ အားျဖင့္ဆြဲလဲျခင္းကို ခံလိုက္ရေလသည္။ အရွိန္မထိန္းႏိုင္ဘဲ ျပဒါးရံအေပၚထပ္ရပ္လဲက်သြားတာ အိပ္ခ်င္စိတ္ပင္ ေပ်ာက္ကြယ္သြားၿပီး တစ္ခ်ိန္ထဲထပ္ေျပာလာေသာ စကားေၾကာင့္ ေဒါသထြက္ရမွာပင္ ေမ့ေလ်ာ့သြားခဲ့သည္။

" ပင္ပန္းေနၿပီမလား .....ကိုယ့္ေပၚမွာ အနားယူလို႔ရတယ္။ ကိုယ္မင္းအတြက္ဆို ဘာမဆိုအျဖစ္ခံႏိုင္တယ္။ မင္းပင္ပန္းတဲ့အခ်ိန္တိုင္း အနားယူဖို႔ေခါင္းအုံးေလးတစ္ခု ျဖစ္ခ်င္တယ္ "

ခဏတာေၾကာင္အသြားၿပီး အသိစိတ္ျပန္ကပ္လာခဲ့ေလသည္။ ဆူပူစိတ္ဆိုးရမည္ကို ေမ့ေလ်ာ့လ်က္ ႏူးညံ့စြာအေျဖျပန္ေပးမိသည္။

" ကြၽန္ေတာ္ကိုရံ စိတ္ပ်က္ရေအာင္ ဘယ္ေတာ့မွမလုပ္ဘူး "

ေန‌မင္းေတာင္ အရႈံးေပးသြားႏိုင္ေသာ ေတာက္ပသည့္အၿပဳံးသည္ ျပဒါးရံဆီမွ ထြက္ေပၚလာခဲ့သည္။ တိမ္ယံဆင့္၏ လက္ေကာက္ဝတ္မွာ သူ႔လက္ထဲတြင္ေနရာယူထားလ်က္ရွိၿပီး သူအားႏွင့္ဆုပ္ကိုင္ခဲ့ေသာေနရာမွာ ရဲရဲနီေနခဲ့သည္။ ေခါင္းကိုငုံ႔လ်က္ ထိုနီရဲေနေသာ လက္ေကာက္ဝတ္အား ဂ႐ုတစိုက္ငုံ႔နမ္းလိုက္ကာ အခ်ိန္ကုန္ေစခဲ့သည္။

ႏူးညံ့အိစက္လွသည့္ ျပဒါးရံ၏ေပါင္ကို ေခါင္းအုံးသဖြယ္အသုံးျပဳလ်က္ လူတစ္ေယာက္ေကာင္းေကာင္းအိပ္စက္ႏိုင္ေသာ ဆိုဖာေပၚအိပ္ေပ်ာ္လာေအာင္ ႀကိဳးစားေနခဲ့သည္။ ခဏအတြင္းမွာပင္ မ်က္ခြံမ်ားေလးလံလာၿပီး ပတ္ဝန္က်င္ရွိ အသံမ်ားႏွင့္ျပဒါးရံစကားေျပာေနေသာ အသံမ်ားမွာ ဆင့္နားအတြင္းတိုးညႇင္းလာသည္။ အရာအားလုံးဟာ ထုံထိုင္းလာၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့သည္။

" တစ္ကယ္ေတာ့ condoကို ေခၚသြားမလို႔ပါပဲ။ ဒါေပမယ့္ ကိုယ့္မ်က္လုံးေအာက္ကလြဲၿပီး ဘယ္ေနရာမွ ဆင့္ကိုစိတ္မခ်ႏိုင္ဘူး။ ကိုယ္အရမ္းတစ္ကိုယ္ေကာင္းဆန္သလိုျဖစ္ေနေပမယ့္ ဆင့္တစ္ေယာက္ထဲအေပၚပဲ ေလာဘႀကီးမိတာပါ။ "

ေခါင္းကိုငုံ႔လ်က္ၾကည့္ရႈလိုက္ခ်ိန္တြင္ သူ႔ေပါင္ေပၚရွိလူသားမွာ အလြန္အမင္းအိပ္ေမာက်ေနၿပီျဖစ္သည္။ ႏွဖူးေပၚဝဲက်ေနေသာ ဆံပင္တို႔အားလက္ျဖင့္သပ္ေပးလိုက္လ်က္ အိပ္ေပ်ာ္ေနေသာသူ ႏိုးမသြားေစရန္အစိတ္အပိုင္းတစ္ခုစီတိုင္းကို ဂ႐ုစိုက္ေနခဲ့သည့္အျပင္ မလႈပ္ရွားမိေအာင္လည္း အတတ္ႏိုင္ဆုံးထိန္းေနခဲ့သည္။ တဆစ္ဆစ္ကိုက္ခဲလာေသာ ေျခေထာက္ကို လ်စ္လ်ဴရႈကာ တစ္ေယာက္ေသာသူကိုသာ အၿပဳံးမပ်က္အထူးဂ႐ုစိုက္ေနခဲ့သည္။

အခ်ိန္ကူးေျပာင္းမႈက လ်င္ျမန္လြန္းသျဖင့္ ေနာက္တစ္ေန႔သို႔ေရာက္ရွိသြားျပန္သည္။ သာယာတဲ့မနက္ခင္းအၾကား ေႏွာက္ယွက္ေနေသာ raingtonသံက တိမ္ယံဆင့္ကို စိတ္ညည္းညဴေစသည္။ တိုးဝင္လာေသာသီခ်င္းသံကို အလိုအေလ်ာက္ cancel လုပ္လိုက္ကာ ပုံမွန္အတိုင္း ဆက္လက္အိပ္စက္ေနခဲ့ေလသည္။ တစ္စုံတစ္ရာမွားယြင္းေနသည္ကို ေရးေတးေတးသိလိုက္ေသာ္လည္း အိပ္ခ်င္စိတ္ႀကီးစိုးေနသည္မွာ ဆင္ေအာ္တာေတာင္ သိမည္မထင္ေတာ့ေပ။

" အား..... "

အေဝးလို႔လႊတ္ပစ္လိုက္ေသာ ဖုန္းအား ေလအလ်င္ျဖင့္ေကာက္ယူလ်က္ screenကိုေသခ်ာျပန္ဆန္းစစ္ၾကည့္မိသည္။

" ရွင္း....ရွင္းဖုန္းေခၚထားတာပဲ "

" ရွင္းမင္းသတိရလာၿပီလား....ငါအခုလာခဲ့မယ္ "

" ျဖည္းျဖည္း ငါအကုန္အဆင္ေျပတယ္....အရမ္းေလာမေနနဲ႔ "

" ေကာင္စုတ္ ငါမင္းနဲ႔ေနာက္မွစာရင္းရွင္းရမယ္ "

" ငါ့အေပၚဘယ္ထဲက မေၾကနပ္ခ်က္ေတြရွိေနတာလဲ တိမ္ယံဆင့္ "

" ေျပာျပရရင္အမ်ားႀကီးပဲ မင္းသာခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားထား "

" ဒါနဲ႔ ငါ့ပုံစံကိုျမင္ၿပီး ကိုးလ္‌ဘယ္ေလာက္လန႔္သြားေသးလဲ "

" ေတာ္ေတာ္ေလးေရွာ့ရသြားတာေပါ့ သတိေမ့လဲတဲ့ထိျဖစ္သြားတယ္။ ေနာက္ေတာ့ အဆင္ေျပသြားတာပါပဲ "

" အင္း သူ႔ၾကည့္ရတာအဆင္ေျပေနတဲ့ပုံပါပဲ "

ဆင့္ျဖင့္ဖုန္းေျပာေနရင္းမွ အခန္းအတြင္းေဝယာဝိစၥေတြကို လိုက္လုပ္ေပးေနေသာ ကိုးလ္ကိုၾကည့္လ်က္ ျပန္ေျဖလိုက္သည္။ ထို႔ေနာက္ စိတ္သက္သာရာရသြားသည့္ အေျဖသည္ ရွင္းႏႈတ္ဖ်ားမွ ဆက္လက္ထြက္က်လာသည္။

" ေတာ္ေသးတာေပါ့ "

" မင္းဘာစားခ်င္လဲ ငါလာရင္းနဲ႔ဝယ္လာခဲ့မယ္ "

" မလာနဲ႔... မင္းဒီလိုပဲသတိလက္လြတ္ သြားလာေနတာလား။ သတင္းေထာက္ေတြက အခ်ိန္ျပည့္မင္းအေၾကာင္း သိခ်င္ေနၾကတာ ကိစၥေတြပိုႀကီးလာလိမ့္မယ္ မလာနဲ႔ "

" ငါအရင္ေန႔ကလည္း ဒီလိုလုပ္ေနက်ပဲ အခုမွအထူးအဆန္းျဖစ္မေနနဲ႔ "

" အရင္ေန႔ကလဲ ဒီအတိုင္းပဲလား ? ....... တိမ္ယံဆင့္ မင္းငါ့ကိုတစ္ကယ္ဂ႐ုစိုက္တာေကာ ဟုတ္ရဲ႕လား။ ငါေနျပန္ေကာင္းရင္ ျပႆနာေတြအဆင့္သင့္ရွင္းရေအာင္ လုပ္ေနတာေတာ့မဟုတ္ဘူးမလား ။ "

" ပါးစပ္ပိတ္ ေကာက္စုတ္ ငါမလာေတာ့ဘူး ရၿပီလား။ ငါ့ကိုအခ်ိန္ျပည့္ ျပႆနာရွာေနတဲ့ ျပႆနာေကာင္လို႔လဲ ျမင္မေနနဲ႔ဦး "

အမွန္စင္စစ္တြင္ ရွင္းေျပာလိုက္ေသာ စကားအဓိပၸါယ္ကို ရွင္းတစ္ေယာက္သာ ေကာင္းေကာင္းသိပါလိမ့္မည္။ မဝန္ခံခ်င္ေသာ္လည္း မွန္ေသာစကားမွာ ရွင္းလုပ္သမွ်အရာအားလုံးက သူ႔အနားမွာရွိတဲ့ ျမတ္ႏိုးရသူေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ပင္။ မိမိကိုယ္ကိုေတာင္ မကာကြယ္ႏိုင္ေသာ အေနအထားမွာ သူငယ္ခ်င္းျဖစ္သူအား အႏၲရာယ္ကင္းေစရန္အေဝးမွာ ထားရန္ႀကံစည္လိုက္ျခင္းျဖစ္သည္။ ရွင္းႏွင့္ ဦးမင္းအာကာ၏ ရန္စြယ္တို႔သည့္ မီးဟုန္းဟုန္းေတာက္ေလာင္လ်က္ အနားရွိလူမ်ားအေပၚ မီးပြားလာစင္မည္ကို လုံးဝလက္မခံႏိုင္ေပ။ ထို႔ေၾကာင့္ ေနာက္ထပ္ႀကဳံေတြ႕လာရမည့္ ျဖစ္အင္မ်ားအတြက္ တိမ္ယံဆင့္တို႔အေပၚ အက်ိဳးသက္ေရာက္မႈမရွိေစရန္ ခပ္ေဝးေဝးတြန္းပို႔လိုက္ျခင္းက မွန္ကန္ေသာဆုံးျဖတ္ခ်က္ပင္ျဖစ္သည္။

" ငါပင္ပန္းေနၿပီ ဖုန္းခ်လိုက္‌ေတာ့မယ္ မင္လည္းကိုယ့္ကိုကိုယ္ဂ႐ုစိုက္ဦး "

ဆက္ေျပာမည့္စကားက အခြင့္မသာဘဲ ေလေျပရွင္း၏ ႏႈတ္ပိတ္ျခင္းခံလိုက္ရသည္။ ေနျပန္ေကာင္းလာမွသာ ေကာင္းေကာင္းႏွိပ္ဆက္ရမည္ဟု ေရ႐ြတ္လိုက္ၿပီး မလန္းမဆန္းျဖစ္ေနေသာ စိတ္အေျခအေနကို အနားေပးရန္ ျပန္လည္အိပ္စက္လိုက္ေလသည္။

တိမ္ယံဆင့္ႏွင့္စကားလမ္းေၾကာင္း အဆက္ျဖတ္ကာ ကိုးလ္၏လႈပ္ရွားမႈတိုင္း တစ္စထက္တစ္စ ေလေျပရွင္းအေပၚ လႊမ္းမိုးလာခဲ့သည္။

" ကိုးလ္ "

ရွင္းႏႈတ္ဖ်ားမွ အားေပ်ာ့စြာထြက္ေပၚလာေသာ ကိုးလ္၏နာမည္

" ဘာျဖစ္လို႔လဲဟင္ ရွင္းတစ္ခုခုလိုခ်င္လို႔လား။ ေနရတာအဆင္ေျပရဲ႕လား။ ဘယ္နားနာေနလို႔လဲ "

" ကိုယ္ဒီတိုင္းေခၚလိုက္တာပါ....ဒီနာမည္ကိုထပ္ေခၚခြင့္မရေတာ့ဘူးလို႔ ထင္ေနခဲ့တာ "

" အရမ္းမေတြးပါပဲ....အားလုံးပုံမွန္ပါပဲ ရွင္း ေနျပန္ေကာင္းဖို႔ပဲလိုတာပါ "

ကိုးလ္တစ္ေယာက္ စြပ္ျပဳတ္ပန္းကန္ကိုလွမ္းယူလိုက္ၿပီး ရွင္းလက္ထဲဂ႐ုတစိုက္ထည့္ေပးသည္။

" ကြၽန္ေတာ္အေအးခံထားတာ ရွင္းေသာက္လိုက္ေနာ္ "

ေခါင္းၿငိမ့္ျပလ်က္ နာခံစြာလိုက္နာလိုက္ေသာ္လည္း ခႏၶာကိုယ္ေပၚရွိဒဏ္ရာမ်ားက ေလေျပရွင္းကို လူစြမ္းေကာင္းလုပ္ခြင့္မေပးေပ။ ညည္းညဴသံထြက္မလာတာကလႊဲလို႔ မ်က္ႏွာကအလြန္တရာရႈံ႕တြသြားသည္။ လက္ထဲကပန္းကန္ကိုအလ်င္အျမန္ ျပန္ဆြဲယူလိုက္ကာ ကိုးလ္က သက္ေသာင့္သက္သာျဖစ္ေစရန္ ကူညီေပးသည့္အျပင္ ကိုယ္တိုင္ကိုယ္က် ခြံ႕ေကြၽးေလသည္။ အစဦးတြင္ ရွင္းေၾကာင္အေနၿပီး အေနအထားက အလြန္ရွက္စရာေကာင္းတယ္လို႔ ေတြးေနမိသည္။ တစ္ျဖည္းျဖည္းေနသားက်လာသည့္အခါတြင္ ဒီအေျခအေနကို ရွင္း ႏွစ္သက္လာမိေလသည္။

" ရွင္း "

" ကိုးလ္ '

" အာ ရွင္းအရင္ေျပာပါ "

" ကိုးလ္ အရင္ေျပာပါ "

" ရွင္း ပဲအရင္ေျပာလိုက္ပါ "

" ကိုးလ္သာအရင္ေျပာပါ "

" ဒုန္း.....ဘယ္သူမွမေျပာနဲ႔ ငါအရင္ေျပာမယ္ "

" တိမ္ယံဆင့္ ! "

" ဆင့္ ! "

" ငါသတင္းေထာက္ေတြကို ပတ္ေရွာင္လာရတာ ေမာလိုက္တာ "

" မင္းဘယ္လိုေရာက္လာတာလဲ "

" စိတ္မပူပါနဲ႔ ငါမင္းဆီလာတာမဟုတ္ဘူး ကိုးလ္ဆီလာတာ "

" ဗ်ာ ကြၽန္ေတာ္ဆီလား ? ကြၽန္ေတာ္တစ္ခုခုလုပ္မိထားတာ ရွိလို႔လား "

" မဟုတ္ဘူး ကိုးလ္နဲ႔ ညႇီႏႈိင္းစရာေလးရွိလို႔ ။ ကိုးလ္ကို ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ designer အျဖစ္ကမ္းလွမ္းခ်င္လို႔ပါ "

" မရဘူး ငါကန႔္ကြက္တယ္။ မင္းကဒီေလာက္အလုပ္ေတြမ်ားတာ ကိုးလ္ပင္ပန္းလိမ့္မယ္ "

" ငါမင္းကိုမေျပာဘူး ပါးစပ္ပိတ္ေန "

" ဟို KKကႏုတ္ထြက္ဖို႔က အခက္အခဲရွိပါတယ္ အဲ့တာေၾကာင့္ တိမ္ယံဆင့္ကို တစ္ကယ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ္မလုပ္ႏိုင္ပါဘူး "

" စဥ္းေတာင္မစဥ္းစားဘဲ တန္းျငင္းလိုက္တာပဲလား "

" ေတာင္းပန္ပါတယ္ "

" ေတာင္းပန္စရာမလိုပါဘူး ....ကိုရံကလူေတာ္တစ္ေယာက္ရထားတာပဲ ကြၽန္ေတာ္ေတာင္လွည့္စားဖို႔ အခြင့္အေရးမရဘူး "

ၿပဳံးေရာင္သန္းလ်က္ ေလေျပရွင္းနားေလွ်ာက္သြားလိုက္ၿပီး ဒဏ္ရာေတြကိုအေသးစိတ္ ၾကည့္ရႈေနခဲ့သည္။ ခဏတာတိတ္ဆိတ္သြားၿပီး တိမ္ယံဆင့္တစ္ေယာက္ ကိုးလ္ကိုလွည့္ထုတ္ရန္ႀကံစည္ရေတာ့သည္။

" ကိုးလ္ ကြၽန္ေတာ္အရမ္းေမာလာလို႔ ေရေလးတစ္ခြက္ေလာက္တိုက္လို႔ရမလား "

" ခဏေလးေစာင့္ေနာ္ ကြၽန္ေတာ္သြားဝယ္ေပးမယ္ "

ဘာကိုမွမရိပ္မိေသာ ျဖဴစင္သည့္ ကိုးလ္မွာ ေရသန႔္ဘူးသြားဝယ္ရန္ ခ်က္ျခင္းထြက္ခြာသြားသည္။

" ရွင္း ငါလာတာအျခားကိစၥလည္းရွိေသးတယ္။ ဦးေလးက မင္းကိုေဆး႐ုံေျပာင္းေစခ်င္ေနတယ္ "

" ဒယ္ဒီကလား "

" အင္း ငါလည္းမင္းကို စိတ္မခ်ဘူး။ ဦးေလးေျပာသလို ေဆး႐ုံေျပာင္းလိုက္ပါလား "

" ငါမလုပ္ခ်င္ဘူး "

" ေလေျပရွင္း မင္းကိုတိုက္ခိုက္တဲ့လူေတြက မင္းမေသေသးတာသိရင္ ခ်က္ခ်င္းေရာက္လာႏိုင္တယ္။ ငါ့ကိုစိတ္မပူရေအာင္ လုပ္လို႔မရဘူးလား။ ဟိုးအရင္ထဲက မင္းဒဏ္ရာရေနတဲ့ပုံေတြျမင္ရတာ ငါ့အတြက္အဆင္ေျပတယ္ထင္ေနလား "

" ဆင့္ ဆက္မေျပာနဲ႔ေတာ့ ကိုးလ္ျပန္လာၿပီ ။ငါသူ႔ကိုဘာမွမသိေစခ်င္ဘူး "

စကားလက္စျဖတ္လိုက္ၿပီး သိပ္မၾကာခင္မွာပင္ ကိုးလ္အမွန္တစ္ကယ္ပင္ ျပန္ေရာက္လာသည္။ အရာရာကိုသတိနဲ႔ေနတတ္ၿပီး နားပါးလြန္းသည့္ ရွင္းကရိပ္မိေနတာ ထူးဆန္းသည္ေတာ့မဟုတ္ေပ။ အခန္းတံခါးဖြင့္၍ ဝင္လာေသာကိုးလ္က တိမ္ယံဆင့္ထံ ေရဘူးကမ္းေပးေလသည္။

" ေရရပါၿပီ "

" ေက်းဇူးပဲေနာ္ "

ေရဘူးကိုလႊဲေျပာင္းယူလိုက္ကာ ခ်က္ခ်င္းဖြင့္လ်က္ ေဖာက္ေသာက္လိုက္ၿပီး ထပ္မံဆက္ေျပာလိုက္သည္။

" လာရင္းကိစၥလည္းၿပီးသြားၿပီဆိုေတာ့ ငါျပန္ေတာ့မယ္။ ရွင္းမင္းလည္း အေသအခ်ာစဥ္းစားေစခ်င္တယ္ ။ ငါကေ႐ြးခ်ယ္ခြင့္ေပးမွာမဟုတ္ဘူး ငါေျပာတဲ့အတိုင္းပဲမင္းလုပ္ရမွာ ဒါေပမယ့္ အခ်ိန္ကိုေတာ့ မင္းစိတ္တိုင္းက်ျဖစ္ေစရမယ္။ "

‌သူေျပာခ်င္တာေျပာၿပီး လုပ္ခ်င္တာ လုပ္တတ္တာက တိမ္ယံဆင့္၏ စ႐ိုက္ဝသီေတြထဲက တစ္ခုပင္။ အစပိုင္းတြင္ ရွင္းကို နားခ်ေနခဲ့ၿပီး မရသည့္အခါအၾကမ္းနည္းသုံး၍ တရားသူႀကီးတစ္ဦးႏွယ္ တစ္ခ်က္လႊတ္အမိန႔္ထုတ္ျပန္သြားသည္။ ႐ုတ္တရက္ ျပဒါးရံအတြက္ေတာင္ နည္းနည္း‌ေတာင္ စိတ္မေကာင္းျဖစ္လာမိသည္။ ရွင္းသိသေလာက္ဆိုလွ်င္ သူတို႔ႏွစ္ေယာက္က ျမင္တာနဲ႔ထကိုက္တတ္တဲ့ ေၾကာင္နဲ႔ႂကြက္လိုဆက္ဆံေရးပင္။ သူမသိလိုက္ေသာ အခ်ိန္ခဏေလးအတြင္း ဒီေလာက္ျမန္ျမန္တိုးတက္သြားလိမ့္မည္ဟု မည္သူမွထင္မိမွာတဲ့လဲ။ ေခါင္းခါလိုက္ၿပီး အေတြးမွ်င္တို႔ကို ရွင္းထုတ္ပစ္လ်က္ ကိုးလ္လည္ပင္းက သူကိုယ္တိုင္ဆြဲေပးထားေသာ ဆြဲႀကိဳးေလးမွာ မ်က္ႏွာျပင္ထက္ ေရာင္ျပန္ဟပ္ေနခဲ့သည္။

ကိုးလ္နဲ႔ အခ်ိန္အတိုင္းအတာတစ္ခုထိ ခပ္ေဝးေဝးေနတာ ေကာင္းမယ္ထင္တယ္ ။ငါ့ေၾကာင့္ ငါ့အနားမွာရွိတဲ့လူေတြကို မနာက်င္ေစခ်င္ဘူး။

" ကိုးလ္ေနာက္ေန႔ကစၿပီး ေဆး႐ုံကိုမလာပါနဲ႔ေတာ့လား "

" ဘာျဖစ္လို႔လဲ ကြၽန္ေတာ္ကအေႏွာက္အယွက္ျဖစ္ေနလို႔လား "

" မဟုတ္ဘူး ကိုးလ္ေၾကာင့္တစ္ခါမွ အေႏွာက္အယွက္မျဖစ္ဖူးပါဘူး။ ကိုယ္က ကိုးလ္ပင္ပန္းမွာေၾကာက္လို႔ပါ "

" ကြၽန္ေတာ္မပင္ပန္းပါဘူး "

" မင္းပင္ပန္းေနပါၿပီ "

ေလေျပရွင္း၏ စကားမွာေခါင္းေလာင္းသံႏွယ္ ကိုးလ္ရဲ႕နားထဲ ႀကိမ္ဖန္မ်ားစြာပဲ့တင္ထပ္ေနခဲ့ၿပီး အၾကည့္ခ်င္းစုံေနေသာမ်က္ဝန္းတစ္စုံမွာ ေႁမြတစ္ေကာင္၏ ညႇိဳ႕ယူႏိုင္စြမ္းအင္မ်ားႏွင့္ ဖုံးလႊမ္းကာ ရည္႐ြယ္ရာပန္းတိုင္မေရာက္မခ်င္း ဖမ္းစားေနခဲ့သည္။

" ဟုတ္တယ္ ကြၽန္ေတာ္ပင္ပန္းေနၿပီ အိမ္ျပန္ၿပီးသြားနားေတာ့မယ္ "

အိပ္ေငြ႕ခ်ျခင္းပင္ျဖစ္သည္။ မ်က္လုံးနဲ႔ ညႇိဳ႕ယူၿပီးအသံနဲ႔ဖမ္းစားကာ ကိုယ္လိုရာခိုင္းေစလို႔ရသည့္ ပညာရပ္ပင္။ ထိုပညာကို ကြၽမ္းကြၽမ္းက်င္က်င္ တတ္ေရာက္ျခင္းမရွိေသာ္ျငား ရွင္းက စိတ္ဝင္စားေသာေၾကာင့္ အနည္းငယ္ေတာ့ေလ့လာဖူးေလသည္။ တိမ္ယံဆင့္အေပၚႀကိမ္ဖန္မ်ားစြာ စမ္းသပ္ဖူးေသာ္လည္း တစ္ခါမွမေအာင္ျမင္ခဲ့ေပ။ ထိုသူငယ္ခ်င္းေလးမွာ သတိအရမ္းကပ္သည့္အျပင္ လြယ္လြယ္ႏွင့္ ေဖာက္ထြင္းမျမင္ႏိုင္သည့္ စိတ္ခြန္အားတို႔ေၾကာင့္ ရွင္းတစ္ေယာက္သာ ႀကိဳးစားတိုင္း အရႈံးသမားျဖစ္ခဲ့ရသည္။ ရွင္းေလ့လာထား‌ေသာ အေနအထားအရဆိုလွ်င္ သာမာန္လူမ်ားအေပၚသာ အက်ိဳးသက္ေရာက္မႈရွိၿပီး အခ်ိဳ႕သတိကပ္လြန္းေသာ လူမ်ားအေပၚတြင္ေတာ့ သက္ေရာက္မႈမရွိေပ။ သူေလ့လာေနတာက လိုအပ္ခ်က္မ်ားစြာ ရွိေသးေသာေၾကာင့္လည္း ျဖစ္ႏိုင္ေပသည္။

နာခံမႈအျပည့္ျဖင့္ ထြက္ခြာသြားေသာ ကိုးလ္ကိုၾကည့္ရင္း ပတ္ဝန္းက်င္က ႐ုတ္ခ်င္းထူးဆန္းလာသည္။ ျပတင္းေပါက္က တိုးဝင္ေနေသာေလထုက ေျခာက္ျခားဖြယ္ေကာင္းေနၿပီး ေနေရာင္ျခည္ကပူေလာင္လြန္းလွသည္ဟု ခံစားရေစေလသည္။ အရာအားလုံးက ပ်က္ဆီးသြားလွ်င္ေကာင္းမည္ဟု အေတြးဝင္လာသည့္ တစ္ခဏတြင္ ျမတ္ႏိုးရသူေတြကို ဆုံးရႈံးရမွာကိုလည္း ေၾကာက္႐ြံ႕လာသည္။

" ေရာက္ေနရင္လည္းဝင္လာခဲ့ၾက အခ်ိန္ဆြဲမေနနဲ႔ "

" သခင္ေလး "

ေလေျပရွင္း တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္ၿပီး တံခါးမွဝင္လာေသာအနက္ေရာင္ဝမ္းဆက္နဲ႔ လူႏွစ္ေယာက္ကို လ်စ္လ်ဴရႈလိုက္သည္။

" ဒယ္ဒီေကာ "

" ပါမလာပါဘူး သခင္ေလးကိုေတာ့ ဂ႐ုတစိုက္ေခၚခဲ့ဖို႔ မွာလိုက္ပါတယ္ "

" ေလေျပေကာ "

" ဩဇီမွာအႏၲရာယ္ကင္းပါတယ္ ။ အနားမွာလည္းသက္ေတာ္ေစာင့္ေတြနဲ႔ လွ်ိဳ႕ဝွက္ေစာင့္ၾကည့္ခိုင္းထားပါတယ္ "

" အရင္လက ပဲရစ္မွာမဟုတ္ဘူးလား "

" ခရီးထြက္တာဝါသနာပါတဲ့လူမလို႔ အခ်ိန္တိုင္းေလွ်ာက္သြားေနတာပါ ေနရာအတည္တက်မရွိပါဘူး "

" ေလေျပကို ေသခ်ာဂ႐ုစိုက္ၾက။ သူသာတစ္ခုခုျဖစ္သြားရင္ ငါအရာအားလုံးကို မီးေလာင္တိုက္သြင္းပစ္မယ္ "

" ဟုတ္ကဲ့သိပါၿပီ "

" လူေတြအာ႐ုံမစိုက္မိခင္ ျမန္ျမန္ဆန္ဆန္ လုပ္ၾကရေအာင္ "
________________________________

(KK၏ CEO ႐ုံးခန္း )

" ဆင့္ အနားယူရတာအဆင္ေျပရဲ႕လား ကိုယ္မုန႔္ပို႔လိုက္ရမလား "

" ရတယ္မလိုဘူး "

" ဒါဆို ဆင့္ ေကာင္းေကာင္းအနားယူလို႔ရေအာင္ ကိုယ္ခြင့္ေပးထားမယ္ "

" ရတယ္မလိုဘူး "

" ရွင္းလည္းသတိျပန္ရလာၿပီဆိုေတာ့ အရမ္းစိတ္ပူမေနနဲ႔ေတာ့ "

" အင္း "

" ဆင့္ဘာလိုခ်င္လဲ ေျပာေလ..... ကိုယ္အကုန္ျဖည့္ဆည္းေပး‌မယ္ "

" ကြၽန္ေတာ္ကိုရံကို ေတြ႕ခ်င္ေနတာ "

" ေကာင္းၿပီခဏေလးေစာင့္ ကိုယ္အခုလာခဲ့မယ္ "

" ကိုရံ ခဏေလး ဖုန္းခ်ေတာ့မလို႔လား "

" ဆင့္မွာစရာရွိလို႔လား "

" ကြၽန္ေတာ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကစားနည္းတစ္ခုသိထားတယ္ "

" ........... "

" Condo နဲ႔ KKက သိပ္မေဝးဘူးဆိုေပမယ့္ နည္းနည္းေတာ့လွမ္းတာပဲေလ ။ အဲ့ေတာ့ကြၽန္ေတာ့္ဆီ လာေနတဲ့အခ်ိန္အတြင္းမွာ စိတ္ဝင္စားဖို႔ေကာင္းတာေလး လုပ္ၾကည့္ၾကရင္မေကာင္းဘူးလား "

" ေျပာၾကည့္ "

" ရႈံးတဲ့လူက ႏိုင္တဲ့လူခိုင္းတာလုပ္ေၾကး။ လုပ္ရမွာက လာေနတဲ့လမ္းတစ္ေလွ်ာက္လုံးမွာ ကြၽန္ေတာ့္ကိုမတူတဲ့ဆိုင္က မုန႔္ 1500 ဝယ္လာခဲ့ရမယ္။ ထပ္မေနရဘူး ၊ အရသာဆိုးဝါးမေနရဘူး ။ ကန႔္သတ္ခ်ိန္က တစ္နာရီ။ "

" ဆင့္ ကိုယ့္အေပၚနည္းနည္းေလာက္ ငဲ့ညႇာေပးလို႔မရဘူးလား။ ကိုယ္ၾကားဖူးသေလာက္ေတာ့ အခ်စ္စာေၾကာင္း 1500ကို တစ္နာရီအတြင္း ေျပာခိုင္းတာေလာက္ပါပဲ။ "

မွန္ေပသည္ သူကအခ်စ္ေရးမွာ မကြၽမ္းက်င္ဖူးဆိုေပမယ့္ Googleမွာ အခ်စ္ေရးနဲ႔ပက္သက္တဲ့စာသားတြ ေထာင္ေသာင္းမက ရွာဖတ္ႏိုင္ေပသည္။

" ကိုရံမလုပ္ခ်င္ဘူးလား "

" အာ ကိုယ္လုပ္ခ်င္ပါတယ္ "

" ဒါဆိုခုကစၿပီး အခ်ိန္စမွတ္ၿပီ "

" တီ...."

ထိုစကားအဆုံးက်သြားေသာဖုန္းသံ။ ‌ငယ္ထိပ္ကိုေႁမြေပါက္သလို ပ်ာယာခတ္ေနရမည့္အစား ျပဒါးရံက ပိုလို႔ေတာင္႐ႊင္ျမဴးေနေပသည္။ သူ႔ေကာင္ေလးမွာ မာနေထာင္လႊားကာ ေခါင္းမာေနရမည့္အစား ဒီေန႔မွထူးထူးျခားျခား ကေလးဆန္ေနေသာေၾကာင့္ပင္။ ကစားပြဲမွာရႈံးသြားမည္ဆိုလည္း ကိစၥေတာ့မရွိေပ တိမ္ယံဆင့္လိုခ်င္တာမွန္သမွ် သူအကုန္ျဖည့္ဆည္းေပးမွာမလို႔ ျဖစ္သည္။ ထို႔ျပင္သူ႔ကိုအႏိုင္ပိုင္း၍ ေပ်ာ္႐ႊင္‌ေနေသာ ဆင့္မ်က္ႏွာကိုလည္း ၾကည့္ခ်င္ေသးေပသည္။

" 56, 57, 58 ,59, 60 ေနာက္ဆုံးေတာ့ျပည့္သြားၿပီ "

ျမင္သူတကာ ရႈံးသြားေစႏိုင္ေသာအၿပဳံးသည္ တိမ္ယံဆင့္၏မ်က္ႏွာေပၚ ေတာက္ပစြာေနရာယူေနၿပီး ျပဒါးရံအားအႏိုင္ယူရမည့္အေပၚ အလြန္ေၾကနပ္ေနမိပုံပင္။ အခ်ိန္ကိုက္ပင္ သူ၏အိမ္တံခါးအား တစ္စုံတစ္ေယာက္က စည္းခ်က္မွန္မွန္တီးခတ္ေနေလသည္။ သြားဖြင့္လိုက္ၿပီးေနာက္ တံခါးေနာက္ကလူ၏ နာမည္ကိုေရ႐ြတ္လိုက္သည္။

" ကိုရံ "

" အြန႔္... "

ထိုသူကတိမ္ယံဆင့္ကို စကားဆက္ေျပာခြင့္မေပးေပ။ အရႈံးကိုလက္မခံေသးခင္မွာပင္ သူဟာအခြင့္ေကာင္းယူလ်က္ ၿပိဳင္ပြဲရဲ႕အရွင္သခင္ကို အႏိုင္က်င့္ေနခဲ့သည္။ တိမ္ယံဆင့္၏ ႐ုန္းကန္မႈမ်ားေၾကာင့္ ျပဒါးရံကခဏအၾကာတြင္ လႊတ္ေပးလာေလသည္။ သို႔ေသာ္ ထိုမ်က္လုံးမ်ားကေတာ့ ျပဒါးရံအားေဖာက္ထြင္းသြားမတတ္ စိုက္ၾကည့္ေနခဲ့ၿပီး အသက္ကိုဝေအာင္ရႈသြင္းေနခဲ့သည္။

" ကိုရံရႈံးၿပီ....မုန႔္ေတြပါမလာဘူး "

" ခဏေလး ကိုယ္မရႈံးေသးဘူး ဆင့္လည္းမႏိုင္ေသးဘူး "

ျပဒါးရံကသူဆြဲလာေသာ အိတ္ကိုဖြင့္ဟျပေလသည္။

" သၾကားလုံးေတြ ? "

တိမ္ယံဆင့္ နားမလည္ႏိုင္စြာ ေရ႐ြတ္လိုက္သည္။

" ဒီသၾကားလုံး‌ေတြက အလုံး 1500ရွိတယ္......ဆင့္ေရၾကည့္လို႔ရတယ္ "

တိမ္ယံဆင့္ မ်က္ႏွာပ်က္သြားၿပီး ေလသံမာမာျဖင့္ ထပ္ေျပာလိုက္ေလသည္။

" ကြၽန္ေတာ္တစ္ခုနဲ႔တစ္ခု ထပ္မေနရဘူးလို႔ေျပာခဲ့တယ္ "

" ကိုယ္သိတယ္ အဲ့တာေၾကာင့္ တံဆိပ္မတူတာေတြေ႐ြးလာတယ္ လုံးဝမထပ္ေစရဘူး "

" ကိုရံ.... ! "

" ဟင္.... "

" ဒီသၾကားလုံးေတြက အက်ဳံးမဝင္ဘူး။ တံဆိပ္မတူဘူးဆိုေပမယ့္ သၾကားလုံးေတြႀကီးပဲေလ....ကြၽန္ေတာ္လက္မခံဘူး ကန႔္ကြက္တယ္။ "

" ေကာင္းၿပီေလ .....ဆင့္စိတ္တိုင္းက် ကိုယ္အကုန္လိုက္နာရမွာေပါ့ "

" ‌ေဖ်ာက္ "

ျပဒါးရံ၏ လက္ေျဖာင့္တီးသံႏွင့္အတူ မေရမတြက္ႏိုင္ေသာ မုန႔္ေတြႏွင့္ လူေတြအမ်ားႀကီးဟာ condoရဲ႕ေအာက္ထပ္မွာေစာင့္ေနၾကေလသည္။ လက္ထဲတြင္ အမ်ိဳးအမည္မတူေသာ မုန႔္ေတြကိုင္ေဆာင္ထားၾကၿပီး တိမ္ယံဆင့္ကို အံအားသင့္ေစခဲ့သည္။

" ကိုယ္အမွားတစ္ခုကို က်ဴးလြန္လိုက္မိတယ္..... ကိုယ္ဝယ္ခဲ့တဲ့မုန႔္ေတြက 1499ခုပဲရွိတယ္ "

ျပဒါးရံက ဆြဲေဆာင္အားေကာင္းသာ ညႇိဳ႕ယူမႈေတြႏွင့္ ထပ္ေျပာေလသည္။

" ကိုယ္သခ်ၤာအရမ္းညံ့လို႔ တစ္ခုထပ္ဝယ္ဖို႔ေမ့သြားတယ္....အဲ့တာေၾကာင့္ ဆင့္ ေပးမယ့္အျပစ္ကို ကိုယ္ေၾကေၾကနပ္နပ္ႀကီးခံယူပါ့မယ္ "

တစ္ကယ္ေတာ့ အေျဖကရွင္းရွင္းလင္းလင္း သိေနခဲ့ၿပီးသားပင္။ မုန႔္တစ္ခုဝယ္ဖို႔က်န္ခဲ့ျခင္းက လုံးဝမျဖစ္ႏိုင္ေပ။ ထိုလူသားက တမင္သက္သက္အရႈံးေပးရန္အတြက္ မဝယ္ခဲ့ျခင္းက ပိုမွန္ပါလိမ့္မည္။ မည္သို႔ေပဆိုပါေစ ျပဒါးရံ၏ အျပဳအမူမ်ားေၾကာင့္ ဆင့္ အမွန္တစ္ကယ္ပင္ ေပ်ာ္႐ႊင္မိေလသည္။

Continue Reading

You'll Also Like

327K 22.8K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
40.8K 866 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆
796K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။