( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 126K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 36 ]

29.6K 2.4K 80
By GeGeDiDimimi

[ သူကြီးသမက် ]

" ရိုးမာန်ဂုဏ် ! လာခဲ့ဦး !"

အရိပ်ရဲ့အလန့်တကြားအော်ခေါ်သံကြောင့်ရိုးစိုးရိမ်ကာလက်ထဲကမုန့်လုံးပန်းကန်ကိုစားပွဲပေါ်ချထားခဲ့လိုက်ပြီး အိပ်ခန်းထဲအပြေးဝင်လာချိန်အဝတ်ဗီရိုရှေ့မှာထိုင်ပြီးပိုက်ဆံတွေစစ်နေတဲ့အရိပ်ကိုမြင်လိုက်ရတော့ ရိုးကျော့ပြင်ကအေးစက်ကာတောင့်တင်းသွားသည်။

ထို့နောက် မျက်နှာထားကိုပြင်လိုက်၍ အပြစ်ကင်းစင်ပြီးဘာမှမသိတဲ့လူတစ်ယောက်လို အရိပ်အနားသွားထိုင်လိုက်သည်။

" အရိပ်လေး  ဘာဖြစ်တာလဲ ကိုယ်မှာလန့်သွားတာပဲ !"

" ဘာဖြစ်ရမှာလဲ ! ဒီမှာပိုက်ဆံအုပ်တွေထဲက တစ်သောင်းတန်တစ်သိန်းအုပ်နဲ့ငါးထောင်တန်တစ်သိန်းအုပ် နှစ်သိန်းတိတိပျောက်နေတယ် !"

တစ်သောင်းတန်အုပ်ငါးထောင်တန်အုပ်တွေကြားထဲကပျောက်နေတဲ့ငွေပမာဏတင်မဟုတ်ဘဲ တစ်သောင်းတန်အုပ်ငါးထောင်တန်အုပ်တိတိကျကျပြောနေတဲ့ အရိပ်ကိုရိုးစိတ်ထဲကလေးစားမိစွာမသိချင်ယောင်ဆောင်အပြစ်ကင်းဟန်ဆက်ဆောင်နေလိုက်သည်။

" သေချာရှာကြည့်ပါဦး ဒီလောက်ပိုက်ဆံအုပ်တွေအများကြီးကိုရောမနေဘူးလား "

" ဘာမှမရောဘူး သေချာရှာကြည့်ပြီးပြီ ကျွန်တော်ပိုက်ဆံတစ်ရာနှစ်ရာကမှအစဘယ်နှစ်ရွက်ရှိလဲဆိုတာ ကျွန်တော်မှတ်မိတယ် !"

" ဒါဆိုသူခိုးများ ခိုးသွားသလား "

ရိုးရဲ့စကားကြောင့် အဝတ်ဗီရိုရဲ့အောက်ဆုံးအကန့်ဖြစ်တဲ့ပိုက်ဆံတွေအထပ်လိုက်ထည့်ထားတဲ့နေရာကိုအရိပ်လက်ညိုးထိုးပြလိုက်၍။

" ဘယ်သူခိုးမှသဘောကောင်းစွာနဲ့လိုအပ်သလောက်ယူပြီး ဒီအထပ်လိုက်ကျန်နေတဲ့ငွေသိန်းတစ်ရာငါးဆယ်ကိုချန်ထားပေးခဲ့မှာမဟုတ်ဘူး !"

အရိပ်အပြောကြောင့် ရိုးဘာမှပြန်မဖြေမိပဲ လက်တွေကအကြောင်းမဲ့ ကိုယ်လည်ပင်းကိုပြန်ပွတ်နေမိသည်။

ထို့နောက် အရိပ်ကဆက်ပြောလာပြန်၏။

" ခိုးရင်လဲအပြင်သူခိုးမဟုတ်ဘူး အိမ်တွင်းသူခိုးပဲ ဒီအိမ်မှာ ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်တည်း ဒီသော့ကလဲ ခင်ဗျားနဲ့ကျွန်တော်ပဲသိတာ ကိုရိုးမာန်ဂုဏ် !"

အရိပ်ဆီကထို့စကားကြားမိချိန်တော့ ရိုးတစ်ယောက်အရိပ်ကိုယ်လေးကိုရင်ခွင်ထဲအမြန်ဆွဲပွေ့ချွဲ၍တောင်းပန်မိတော့သည်။

" အရိပ်လေး ကိုယ်တောင်းပန်ပါတယ် ကိုယ်ခိုးတာမဟုတ်ပါဘူးကွာ "

" ဝန်ခံပြီပေါ့ !"

" အင်း , ကိုယ်ဝန်ခံပါတယ် ကိုယ်ခဏလေးပဲယူတာပါ ပြီးရင်အရိပ်မသိအောင်ပြန်ထည့်ထားဖို့ ကိုယ်လုပ်ထားတာ အရိပ်ကအခုသိသွားတာ ကိုယ်တောင်းပန်ပါတယ် "

အရိပ်ကိုသူ့ရင်ခွင်ကျယ်ထဲဆွဲပွေ့ထားပြီးပြောနေတဲ့ရိုးကိုအရိပ်ကြည့်လိုက်၍။

" ရိုးမှာအသုံးလိုအပ်ရင်အရိပ်ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ်လေ ဒါကရိုးရှာထားတဲ့ငွေတွေပါ !"

" အခုလို့ အရိပ်မသိအောင်ယူသုံးစရာမလိုဘူးလေ အရိပ်နဲ့ရိုးကလက်ထပ်ထားတဲ့အိမ်ထောင်သည်တွေလေ !"

" ရိုး ဘာလို့အရိပ်မသိအောင် အရိပ်ကိုဘာတွေလျှိုဝှက်ချက်တွေထားနေရတာလဲ !"

အရိပ်ရိုးရင်ခွင်ထဲကရုန်းထွက်ကာစိတ်တိုတိုနဲ့ရိုးကိုအော်ပစ်လိုက်သည်။

ရိုးငွေယူသုံးတာကိုစိတ်ဆိုးလိုမဟုတ်ပဲ သူမသိအောင်ခိုးကြောင်ခိုးဝှက်လုပ်တာကိုစိတ်တို၍ဖြစ်သည်။

" အရိပ်လေး , ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်ငွေနှစ်သိန်းကိုပြန်ထည့်ပေးပါမယ်နော် "

စိတ်တိုနေတဲ့အရိပ်ကိုရိုးပြန်ဆွဲဖက်ပြီးချော့လိုက်သည်။

" ရိုးမာန်ဂုဏ် ! ငါ့မင်းကိုငွေယူသုံးလို့စိတ်တိုနေတာမဟုတ်ဘူး ငါ့မသိအောင်မင်းဘာလုပ်လိုက်တာလဲ ငွေနှစ်သိန်းကိုဘယ်နေရာမှာသုံးလိုက်တာလဲ !"

အရိပ်မှာရိုးရင်ခွင်ထဲကနေမေးရင်းအတွေးတချို့ကြောင့် လူကစိုးရိမ်ကာဒေါသထွက်ပြီးမျက်ရည်များဝဲလာနေပြီဖြစ်၏ ရိုးများသူ့နောက်ကွယ်မှာတခြားတစ်ယောက်ယောက်နဲ့ဖောက်ပြန်နေလို့ ငွေကိုပံပိုးနေသလားဆိုတဲ့အတွေးတစ်ခုကအရိပ်ကိုထိတ်လန့်တုန်လှုပ်လာစေသည်။

" ငါ့မေးနေတာကိုအရင်ဖြေ ငါ့ကိုဖက်ထားတာလွှတ် ! "

" အင်း , အင်း , ကိုယ်ဖြေပါမယ် ပိုက်ဆံတွေကိုယ်မသုံးပါဘူး အောင်သက်ခဏချေးသွားတာ "

" ဘာ !"

" အောင်သက်ချေးသွားတာ ဟုတ်လား !"

" ဟုတ်တယ်လေ သူကပြန်ဆပ်မှာပါ စိတ်မဆိုးပါနဲ့တော့နော် အရိပ်ကလေးလေး "

" နေပါဦး အောင်သက်ကငွေလိုရင်သူ့အမေဆီက တောင်းလိုရတာပဲ ဘာလို့ရိုးဆီကချေးရတာလဲ "

" အဲဒါကသူ့အမေဆီကမတောင်းချင်လို့နေမှာပေါ့ "

ရိုးစကားတွေကတစ်ခုခုကိုအရိပ်သိမှာစိုးရိမ်နေသလို ရိုးရင်ခွင်ထဲကနေခေါင်းမော့၍ ရိုးမျက်နှာကိုအရိပ်မျက်လုံးတွေကိုမှေးစင်းကာမသင်္ကာတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

" ရိုး , အရိပ်မသိအောင်တစ်ခုခုဖုံးကွယ်ထားတယ်မဟုတ်လား "

" မလုပ်ပါဘူးဗျာ , အရိပ်မသိအောင် ဒီယောကျ်ားကဘာများလုပ်ရဲလိမ့်မတုန်း "

အရိပ်မသိအောင်ပါးစပ်ကမလုပ်ရဲဘူးပြောတဲ့ရိုးတစ်ယောက်သည်။ အရိပ်မသိအောင်မကြာခဏဆိုသလို အရက်ခိုးသောက်တတ်၏ အခုလည်းအရိပ်မသိအောင်ငွေနှစ်သိန်းကိုအောင်သက်ကိုချေးပေးလိုက်သည်။

" ဟင် "

အရိပ်ခေါင်းထဲအတွေးတစ်ခုဝင်လာချိန် ရိုးရင်ခွင်ထဲကရုန်းထွက်လိုက်ပြီး အရိပ်ထရပ်လိုက်တော့။

" အရိပ် ဘယ်လဲ "

မတ်တတ်ရပ်နေတဲ့ အရိပ်လက်ကိုရိုးကထိုင်နေရာကနေပြန်ဆွဲထားပြီးမေးလာသည်။ အရိပ်ရိုးကိုငုံ့ကြည့်လိုက်၍ ခါးကပုဆိုးကိုပြင်ဝတ်လိုက်ပြီး။

" အိမ်ကို "

ထို့စကားတစ်ခွန်းတည်းရိုးကိုပြန်ဖြေပြီးအိပ်ခန်းထဲကနေအရိပ်အမြန်ထွက်လာ၍ အိမ်ကိုသွားရန်ပြင်လိုက်၏ သူ့အိမ်မှာသူ့ညီမနှင်းနုရှိနေသေးသလားဆိုတဲ့အတည်ပြုချက်အခုချိန်မှာအရိပ်အတွက်အရေးကြီးသည်။

" အရိပ် , နေဦးလေ အခုချိန်ရွာထဲကကလေးတွေရေပက်ကြတုန်း ညနေမှကိုယ်နဲ့အတူသွားမယ်လေ အရိပ် !"

အရိပ်အနောက်ပြေးလိုက်ရန်ပြင်လိုက်ချိန် ပွင့်နေတဲ့ဗီရိုကြောင့် ပိတ်လိုက်ပြီးအမြန်လိုက်လာခဲ့လိုက်တော့ အရိပ်ကခြံဝမှာသူ့မိဘတွေနဲ့ရပ်စကားပြောနေ၏ သေချာတာတော့သူကြီးနဲ့သူကြီးကတော်တို့လည်းနှင်းနုပျောက်‌သွားလို့ အရိပ်ကိုလာမေးတာထင်သည်။

" မနက်ကသားနဲ့ရွာလယ်မဏ္ဍပ်မှာမုန့်လုံးလုံးနေကြတာမဟုတ်လား "

" ဟုတ်တယ် , သားနဲ့ရိုးအိမ်ပြန်လာတော့ ညီမလေးမဏ္ဍပ်မှာသူ့သူငယ်ချင်းတွေနဲ့မုန့်လုံးလုံးရင်းနဲ့ကျန်နေခဲ့တာ "

" အခုအမေပန်းဝါတို့ကိုမေးကြည့်ပြီးပြီ သားပြန်သွားပြီးသိပ်မကြာဘူး သူလည်းပြန်တော့မယ်ဆိုပြီးပြန်သွားတာတဲ့ "

အမေမျက်နှာကမိခင်တစ်ဦးရဲ့စိတ်ပူမှုတို့ကထင်းသားပေါ်လွင်နေ၏ အဖေကတော့နံဘေးမှာမျက်နှာထားတင်းတင်းနဲ့ဒေါသထွက်နေသည်။

" ရွာထဲကဘယ်ကောင်ပျောက်နေလဲ ငါ့အထင် မင်းသမီးလင်နောက်လိုက်ပြေးပြီနေမှာ !"

အဖေအပြောကြောင့် အရိပ်စိတ်ဆိုးဆိုးနဲ့ရိုးကိုလှမ်းကြည့်လိုက်တော့ သူဘာမှမသိ ဘာမှမလုပ်ထားတဲ့လူလိုခုတ်ထားတဲ့ကန္တာရထင်းချောင်းတိုတွေကိုကောက်စီနေသည်။

< ရိုးမာန်ဂုဏ် , ခင်ဗျားကတော့လေ မွှေထားပြီးအခုမှဘာမှမသိသလို အပြစ်ကင်းဟန်ဆောင်နေတာ ‌တွေ့မယ် ခင်ဗျားနဲ့ကျွန်တော်တွေ့ဦးမယ် >

အရိပ်စိတ်ထဲကနေကြိမ်းဝါးလိုက်၍ အဖေတို့ရှေ့မှာတော့မသိသလိုသာဟန်ဆောင်နေလိုက်သည်။

" သူကြီးတို့ အရိပ်လေးဆီလာကြတာလား "

အောင်သက်အမေကသူ့အိမ်ထဲကနေထွက်လာကာ ခြံဝမှာအရိပ်နဲ့စကားပြောနေတဲ့ဖေဖေနဲ့မေမေကိုမြင်တော့နှုတ်ဆက်လာသည်။

" ဟုတ်ပါ အစ်မနေကောင်းတယ်နော် "

အမေကလဲအောင်သက်အမေအရီးကိုပြန်နှုတ်ဆက်လိုက်တော့ အရီးကအရိပ်အနားလျှောက်လာသည်။

ထို့နောက်  ခြံထဲကအလုပ်မရှိမလုပ်ရှာထင်းတွေကောက်စီနေတဲ့ရိုးကိုလှမ်းကြည့်လိုက်၍။

" ငရိုး အောင်သက်ကအခုထိပြန်မလာသေးဘူး သူမဏ္ဍပ်မှာမူးပြီးအိပ်နေပြီလား "

" ဗျာ , ဟို , ကျွန်တော်တို့ပြန်လာတော့ သူမဏ္ဍပ်မှာ မူးတော့မူးနေတယ် အိပ်တော့မပျော်သေးဘူး ပြန်မလာသေးဘူးလား "

အရီးအမေးကိုရိုးခပ်တည်တည်နဲ့ပြန်ဖြေလိုက်၏ စိတ်ထဲမှာတော့။

< အရီးသားက သူကြီးသမီးနှင်းနုကို ခိုးပြေးသွားတာ အရီးရေ မဏ္ဍပ်မှာမူးပြီးအိပ်ပျော်နေတာမဟုတ်ဘူး >

" ငါ့တို့မဏ္ဍပ်မှာလည်းရှာခဲ့ပြီ အောင်သက်ကိုလဲမတွေ့ခဲ့ဘူး သေချာတာအောင်သက်နဲ့ခိုးရာလိုက်သွားတာနေမှာ !"

အဖေအပြောကြောင့်အရီးမှာမျက်လုံးပြူးသွားကာ။

" အမလေးတော် , ငါ့သားကဘယ်သူကိုခိုးပြေးတာတုန်း "

" ဘယ်သူရှိရမှာလဲ ငါ့သမီးနှင်းနုပေါ့ အခုရှာမတွေ့ဘူး "

အမေကလဲအရီးအမေးကိုပြန်ဖြလိုက်ပြီး အဖေကိုကြည့်လိုက်သည်။

" တောက် !"

" လာပြန်ပြီနောက်တစ်ယောက် ! အရက်သမားကိုတော်တော်လင်တော်နေချင်ကြတဲ့ဟာတွေ ငါ့သားသမီးတွေတစ်ယောက်မှကောင်းကျိုးမပေးဘူး !"

အဖေအပြောကြောင့် အရိပ်မှာခေါင်းသာငုံ့ထားမိ၏ စိတ်ထဲမှာလည်းရိုးအပေါ်ဒေါသအတော်ကိုထွက်နေပြီဖြစ်သည်။

" သဘောမတူဘူး အချိန်မလွန်ခင်အမြန်လိုက်ရှာရမယ် !"

" ဟို အဖေသားလိုက်ရှာကူပါမယ် "

အရိပ်အပြောကြောင့် အဖေကအရိပ်ဗိုက်ကိုကြည့်လာသည်။

အမေကအဖေအကြည့်ကိုနားလည်စွာအရိပ်ကိုကြည့်၍ပြောလာသည်။

" သား စိတ်မပူပါနဲ့အမေတို့ပဲလိုက်ရှာလိုက်မယ် သားကကိုယ်ဝန်ကြီးနဲ့အိမ်မှာပဲနားနေပါ သားညီမကိုရှာတွေ့ရင်အမေအသိပေးမယ် "

" ဟုတ်ကဲ့ "

ထို့နောက် အဖေရယ်အမေရယ် အောင်သက်အမေအရီးရယ် အောင်သက်နဲ့နှင်းနုတို့ကိုရှာရန်ဆိုကာထွက်သွားကြသည်။

ညအချိန်

" အရိပ်လေး ညစာလည်းမစားသေးဘူး နည်းနည်းလောက်ထွက်စားပါကွာ နော် "

" မစားဘူး ခင်‌‌ဗျားအခန်းထဲလည်းဝင်မလာခဲ့နဲ့ !"

သူ့ကိုစိတ်ကောက်ပြီး ညစာမစားတဲ့အရိပ်ကို အခန်းပြင်ကနေခန်းစီးစလေးအသာမခေါင်းလျှိုဝင်ကာချော့ခေါ်နေပေမဲ့ အရိပ်ဆီကပြန်မောင်းထုတ်တာကိုခံလိုက်ရသည်။

" အရိပ်လေး ယောကျ်ားကိုစိတ်ဆိုးရင်လည်း ထုလိုက်ရိုက်လိုက်ပါ ခံပါမယ် ညစာတော့နည်းနည်းလောက်ထွက်စားပါနော် "

" မစားဘူး အခန်းထဲလည်းဝင်လာဖို့မစဉ်းစားနဲ့ "

" ဒါဆို ကိုယ်ဘယ်မှာသွားအိပ်ရမှာလဲလို့ "

" အိပ်ချင်တဲ့နေရာအိပ် ခင်ဗျားဘာသာပြာပုံမှာပဲတိုးသွားအိပ်အိပ် !"

" အရိပ် မင်းတော်တော်လွန်နေပြီနော် ကိုယ်ဘက်ကဒီလောက်ချော့နေတာကို ‌ခွေးနဲ့လည်းနှိုင်းလို့နှိုင်း အခုချက်ချင်းထွက်လာခဲ့ထမင်းပွဲပြင်ထားပြီ !"

ရိုးတစ်ယောက်အရိပ်ကိုချော့မရတာကြောင့် လေသံမာမာနဲ့ဆူငေါက်လိုက်ပြီးအိပ်ခန်းထဲဝင်လာကာအိပ်နေတဲ့အရိပ်ကိုခပ်ဖွဖွဆွဲထူလိုက်သည်။

" မစားဘူးလို့ ပြောနေတယ်လေ ဘယ်သူကိုလာအော်နေတာလဲ !"

" အင်းပါ , အင်းပါ ကိုယ်အရိပ်ကိုမအော်ပါဘူးနော် လာပါ ထမင်းလေးနည်းနည်းလောက်စားရအောင် "

" မစားဘူး !"

" အရိပ်လေး ကိုယ်ဘာလုပ်မိလို့လဲကွာ အရိပ်ညီမကိုအောင်သက်နဲ့လိုက်သွားပါလို့ ကိုယ်ထည့်လိုက်တာလဲမဟုတ်တာ သူ့ဘာသာလိုက်သွားတာလေ "

" ဒါပေမဲ့  ရိုးသိနေတယ်လေ အောင်သက်နဲ့ခိုးပြေးကြမှာရိုးကအရိပ်မသိအောင်ပိုက်ဆံတောင်ချေးပေးလိုက်သေးတယ်လေ ရိုးညီမဆိုရင် ရိုးအဲလိုလုပ်မှာလား !"

" အရိပ် ဒီကိစ္စကကိုယ်ညီမမဟုတ်လို့ ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့လုပ်လိုက်တာမဟုတ်ပါဘူး နှင်းနုကို ကိုယ်ညီမလေးအရင်းလိုပဲကိုယ်သတ်မှတ်ထားတာပါ ကိုယ်တောင်းပန်ပါတယ် ကိုယ်မှားသွားတယ် အရိပ်ဘက်ကအဲလိုထင်သွားတဲ့ အတွက်ကိုယ်တကယ်စိတ်မကောင်းဘူး "

" ဟင် "

အရိပ်ကိုပြောပြီးအခန်းထဲကနေမျက်နှာမကောင်းထွက်သွားတဲ့ရိုးကြောင့် အရိပ်မှာစိတ်ထဲမကောင်းဖြစ်သွားမိပေမဲ့ ဒေါသထွက်နေတာကြောင့် လျစ်လျူရှုပစ်ထားလိုက်သည်။

အချိန်ကတဖြည်းဖြည်းနဲ့အိပ်ချိန်ရောက်လာတဲ့အထိ ရိုးတစ်ယောက်အခန်းထဲကိုဝင်မလာ ခါတိုင်းဆိုဘယ်လောက်စကားများများ အရိပ်ဘယ်လောက်မောင်းထုတ်ထုတ်အိပ်ချိန်တန်ရင်တော့ အခန်းထဲအရှက်မရှိပေကပ်ကပ်နဲ့ဝင်လာပြီးအရိပ်နံဘေးအတင်းတိုးဝင်အိပ်တတ်သူဖြစ်၏ အခုတော့အခန်းထဲလည်းဝင်မလာအပြင်ဘက်မှာလဲအသံတိတ်ဆိတ်နေတာကြောင့် အိပ်ရာထဲကနေထလိုက်ပြီးအခန်းပြင်ထွက်ကြည့်လိုက်တော့ ဘုရားခန်းရှေ့မှာလည်းရိုးကိုမတွေ့ရဦးလေးအခန်းထဲများဝင်အိပ်နေသလားဆိုတဲ့အတွေးနဲ့ဦးလေးအခန်းရှေ့သွားကာခန်းစီးဖယ်ပြီးချောင်းကြည့်လိုက်တော့လည်းရိုးကိုမတွေ့။

" တောက် ! ဒီယောကျ်ားကတော့ ဘယ်နားသွားတိုးအိပ်နေတာလဲမသိဘူး !"

အရိပ်အိမ်ထဲပတ်ရှာတာမတွေ့တာကြောင့် ခပ်တိုးတိုးလေးတစ်ယောက်တည်းရိုးကိုအပြစ်ပြောရင်းအိမ်ရှေ့ကွပ်ပျစ်ထွက်ကြည့်လိုက်သည်။

" အဲဒါက ဘာလုပ်နေတာလဲ !"

" ထိုင်နေတာလေ "

ကွပ်ပျစ်မှာထိုင်နေလို့ရွဲ့ပြီးမေးတာကို အရိပ်ကိုပြန်ရွဲ့ပြီးဖြေလာတဲ့ ရိုးကြောင့်စိတ်ပိုတိုသွားမိကာ။

" ဒါက ကွပ်ပျစ်မှာထိုင်နေရမယ်အချိန်မဟုတ်တော့ဘူး !"

" သိတယ်လေ အိပ်စရာနေရာမှမရှိတာ !"

" ဘာ !"

အိပ်စရာနေရာမရှိလို့တဲ့ ရိုးပြန်ဖြေလာပုံက ဘယ်လောက်တောင်ထုရိုက်ပစ်ချင်စရာကောင်းလိုက်သလဲ အိမ်အကျယ်ကြီးမှာအိပ်ခန်းသုံးခန်းရှိပြီးဘုရားစင်ရှေ့မှာလဲအိပ်မယ်ဆိုအိပ်လို့ရ၏ ဒါကိုအိပ်စရာနေရာမရှိလို့ဆိုကာရွဲ့ဖြေလာသူက အရိပ်ကိုပြန်ပြီးစိတ်ကောက်နေတာသိသာလှသည်။

ဉာဉ့်နက်နေပြီစကားလည်းမများချင်တော့၍ အရိပ်သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်။

" ဝင်လာခဲ့တော့ "

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

" ခင်ဗျားကိုဝင်လာပြီး အခုချက်ချင်းအိပ်တော့လို့ပြောနေတယ်လေ !"

အရိပ်လေသံခပ်မာမာနဲ့ထပ်ပြောလိုက်မှကွပ်ပျစ်ပေါ်ကထလာ၍ အိမ်ထဲဝင်ကာအရိပ်ကိုဘာစကားမှတောင်မပြောပဲ အိပ်ရာထဲမှာကျော့ပေးအိပ်နေသူကအရိပ်ရဲ့ယောကျ်ားရိုးမာန်ဂုဏ်ပဲဖြစ်သည်။

" ရိုး , အရိပ်စကားမှားသွားပါတယ် ညီမလေးကို တခြားသူစိမ်းယောကျ်ားတစ်ယောက်ကိုပေးလိုက်ရတော့မှာဆိုတဲ့အတွေးကြောင့် ဝမ်းနည်းပြီးအရိပ် ရိုးအပေါ်မှာစကားမှားသွားတာပါအရိပ်ကိုခွင့်လွှတ်ပေးနိုင်မလား "

" အင်း "

အရိပ်အပြောကို , အင်း , တစ်လုံးဖြေလာသူကအခုထိကျော့ပေးကာအိပ်နေတုန်းဖြစ်၏ အရိပ်ပြုံးလိုက်ပြီး။

" ရိုး , အရိပ်ကိုသံလွင်ဆီလိမ်းပေးဦးလေ "

အရိပ်ဗိုက်ကတဖြည်းဖြည်းပူလာကာဗိုက်သားတွေတင်းပြီးအကြောများပြတ်တာသက်သာစေရန် ရိုးကညတိုင်းသံလွင်ဆီလိမ်းပေးနေကြဖြစ်သည်။

" ဒီည မလိမ်းပေးတော့ဘူးလား "

ထိုအခါမှရိုးအိပ်နေရာကထလိုက်၍ သံလွင်ဆီဘူးကိုလှမ်းယူလိုက်ပြီးအရိပ်ဗိုက်ကိုလိမ်းပေးရန်ပြင်လိုက်၏ မျက်နှာကတော့စူပုပ်နေသည်။

" ရိုး အရိပ်ကိုခွင့်လွှတ်တယ်ဆို ဘာလို့မျက်နှာက စူပုပ်နေရတာတုန်း,ဗျ "

" ခွင့်လွှတ်တယ်လေ , ဒါပေမဲ့ အဲလိုအပြောခံရတာ နည်းနည်းစိတ်မကောင်းဖြစ်တယ် စိတ်‌ဆိုးနေတုန်းပဲ "

" ဟော့ , အဲလိုဆို ခွင့်လွှတ်တယ် ဒါပေမဲ့ စိတ်တော့ဆိုးဦးမယ်ပေါ့ အဲလိုလား "

" ဟုတ်တယ် "

ရိုးရဲ့စူအောင့်အောင့်အဖြေကြောင့် အရိပ်သဘောကျကာရယ်လိုက်၍။

" အဲလိုဆိုတော့ စိတ်ဆိုးနေတဲ့ ချစ်ယောကျ်ားကို အရိပ်ကချော့မှာပေါ့ "

" ဘယ်လိုချော့မှာလဲ "

" သိချင်လား လက်တွေ့ပြမယ် "

ထို့နောက် ...  ( ˘ ³˘)

" အရမ်းချစ်တယ် ကိုယ်ကလေးလေး "

" အရိပ်လည်း ရိုးကို အရမ်းချစ်တယ် "

< 12 , 12 , 2021 >

[ သူႀကီးသမက္ ]

" ရိုးမာန္ဂုဏ္ ! လာခဲ့ဦး !"

အရိပ္ရဲ႕အလန႔္တၾကားေအာ္ေခၚသံေၾကာင့္ရိုးစိုးရိမ္ကာလက္ထဲကမုန႔္လုံးပန္းကန္ကိုစားပြဲေပၚခ်ထားခဲ့လိုက္ၿပီး အိပ္ခန္းထဲအေျပးဝင္လာခ်ိန္အဝတ္ဗီရိုေရွ႕မွာထိုင္ၿပီးပိုက္ဆံေတြစစ္ေနတဲ့အရိပ္ကိုျမင္လိုက္ရေတာ့ ရိုးေက်ာ့ျပင္ကေအးစက္ကာေတာင့္တင္းသြားသည္။

ထို႔ေနာက္ မ်က္ႏွာထားကိုျပင္လိုက္၍ အျပစ္ကင္းစင္ၿပီးဘာမွမသိတဲ့လူတစ္ေယာက္လို အရိပ္အနားသြားထိုင္လိုက္သည္။

" အရိပ္ေလး  ဘာျဖစ္တာလဲ ကိုယ္မွာလန႔္သြားတာပဲ !"

" ဘာျဖစ္ရမွာလဲ ! ဒီမွာပိုက္ဆံအုပ္ေတြထဲက တစ္ေသာင္းတန္တစ္သိန္းအုပ္နဲ႕ငါးေထာင္တန္တစ္သိန္းအုပ္ ႏွစ္သိန္းတိတိေပ်ာက္ေနတယ္ !"

တစ္ေသာင္းတန္အုပ္ငါးေထာင္တန္အုပ္ေတြၾကားထဲကေပ်ာက္ေနတဲ့ေငြပမာဏတင္မဟုတ္ဘဲ တစ္ေသာင္းတန္အုပ္ငါးေထာင္တန္အုပ္တိတိက်က်ေျပာေနတဲ့ အရိပ္ကိုရိုးစိတ္ထဲကေလးစားမိစြာမသိခ်င္ေယာင္ေဆာင္အျပစ္ကင္းဟန္ဆက္ေဆာင္ေနလိုက္သည္။

" ေသခ်ာရွာၾကည့္ပါဦး ဒီေလာက္ပိုက္ဆံအုပ္ေတြအမ်ားႀကီးကိုေရာမေနဘူးလား "

" ဘာမွမေရာဘူး ေသခ်ာရွာၾကည့္ၿပီးၿပီ ကြၽန္ေတာ္ပိုက္ဆံတစ္ရာႏွစ္ရာကမွအစဘယ္ႏွစ္႐ြက္ရွိလဲဆိုတာ ကြၽန္ေတာ္မွတ္မိတယ္ !"

" ဒါဆိုသူခိုးမ်ား ခိုးသြားသလား "

ရိုးရဲ႕စကားေၾကာင့္ အဝတ္ဗီရိုရဲ႕ေအာက္ဆုံးအကန႔္ျဖစ္တဲ့ပိုက္ဆံေတြအထပ္လိုက္ထည့္ထားတဲ့ေနရာကိုအရိပ္လက္ညိုးထိုးျပလိုက္၍။

" ဘယ္သူခိုးမွသေဘာေကာင္းစြာနဲ႕လိုအပ္သေလာက္ယူၿပီး ဒီအထပ္လိုက္က်န္ေနတဲ့ေငြသိန္းတစ္ရာငါးဆယ္ကိုခ်န္ထားေပးခဲ့မွာမဟုတ္ဘူး !"

အရိပ္အေျပာေၾကာင့္ ရိုးဘာမွျပန္မေျဖမိပဲ လက္ေတြကအေၾကာင္းမဲ့ ကိုယ္လည္ပင္းကိုျပန္ပြတ္ေနမိသည္။

ထို႔ေနာက္ အရိပ္ကဆက္ေျပာလာျပန္၏။

" ခိုးရင္လဲအျပင္သူခိုးမဟုတ္ဘူး အိမ္တြင္းသူခိုးပဲ ဒီအိမ္မွာ ခင္ဗ်ားနဲ႕ကြၽန္ေတာ္ႏွစ္ေယာက္တည္း ဒီေသာ့ကလဲ ခင္ဗ်ားနဲ႕ကြၽန္ေတာ္ပဲသိတာ ကိုရိုးမာန္ဂုဏ္ !"

အရိပ္ဆီကထို႔စကားၾကားမိခ်ိန္ေတာ့ ရိုးတစ္ေယာက္အရိပ္ကိုယ္ေလးကိုရင္ခြင္ထဲအျမန္ဆြဲေပြ႕ခြၽဲ၍ေတာင္းပန္မိေတာ့သည္။

" အရိပ္ေလး ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ခိုးတာမဟုတ္ပါဘူးကြာ "

" ဝန္ခံၿပီေပါ့ !"

" အင္း , ကိုယ္ဝန္ခံပါတယ္ ကိုယ္ခဏေလးပဲယူတာပါ ၿပီးရင္အရိပ္မသိေအာင္ျပန္ထည့္ထားဖို႔ ကိုယ္လုပ္ထားတာ အရိပ္ကအခုသိသြားတာ ကိုယ္ေတာင္းပန္ပါတယ္ "

အရိပ္ကိုသူ႕ရင္ခြင္က်ယ္ထဲဆြဲေပြ႕ထားၿပီးေျပာေနတဲ့ရိုးကိုအရိပ္ၾကည့္လိုက္၍။

" ရိုးမွာအသုံးလိုအပ္ရင္အရိပ္ကိုပြင့္ပြင့္လင္းလင္းေျပာလို႔ရတယ္ေလ ဒါကရိုးရွာထားတဲ့ေငြေတြပါ !"

" အခုလို႔ အရိပ္မသိေအာင္ယူသုံးစရာမလိုဘူးေလ အရိပ္နဲ႕ရိုးကလက္ထပ္ထားတဲ့အိမ္ေထာင္သည္ေတြေလ !"

" ရိုး ဘာလို႔အရိပ္မသိေအာင္ အရိပ္ကိုဘာေတြလွ်ိုဝွက္ခ်က္ေတြထားေနရတာလဲ !"

အရိပ္ရိုးရင္ခြင္ထဲက႐ုန္းထြက္ကာစိတ္တိုတိုနဲ႕ရိုးကိုေအာ္ပစ္လိုက္သည္။

ရိုးေငြယူသုံးတာကိုစိတ္ဆိုးလိုမဟုတ္ပဲ သူမသိေအာင္ခိုးေၾကာင္ခိုးဝွက္လုပ္တာကိုစိတ္တို၍ျဖစ္သည္။

" အရိပ္ေလး , ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္ေငြႏွစ္သိန္းကိုျပန္ထည့္ေပးပါမယ္ေနာ္ "

စိတ္တိုေနတဲ့အရိပ္ကိုရိုးျပန္ဆြဲဖက္ၿပီးေခ်ာ့လိုက္သည္။

" ရိုးမာန္ဂုဏ္ ! ငါ့မင္းကိုေငြယူသုံးလို႔စိတ္တိုေနတာမဟုတ္ဘူး ငါ့မသိေအာင္မင္းဘာလုပ္လိုက္တာလဲ ေငြႏွစ္သိန္းကိုဘယ္ေနရာမွာသုံးလိုက္တာလဲ !"

အရိပ္မွာရိုးရင္ခြင္ထဲကေနေမးရင္းအေတြးတခ်ိဳ႕ေၾကာင့္ လူကစိုးရိမ္ကာေဒါသထြက္ၿပီးမ်က္ရည္မ်ားဝဲလာေနၿပီျဖစ္၏ ရိုးမ်ားသူ႕ေနာက္ကြယ္မွာတျခားတစ္ေယာက္ေယာက္နဲ႕ေဖာက္ျပန္ေနလို႔ ေငြကိုပံပိုးေနသလားဆိုတဲ့အေတြးတစ္ခုကအရိပ္ကိုထိတ္လန႔္တုန္လႈပ္လာေစသည္။

" ငါ့ေမးေနတာကိုအရင္ေျဖ ငါ့ကိုဖက္ထားတာလႊတ္ ! "

" အင္း , အင္း , ကိုယ္ေျဖပါမယ္ ပိုက္ဆံေတြကိုယ္မသုံးပါဘူး ေအာင္သက္ခဏေခ်းသြားတာ "

" ဘာ !"

" ေအာင္သက္ေခ်းသြားတာ ဟုတ္လား !"

" ဟုတ္တယ္ေလ သူကျပန္ဆပ္မွာပါ စိတ္မဆိုးပါနဲ႕ေတာ့ေနာ္ အရိပ္ကေလးေလး "

" ေနပါဦး ေအာင္သက္ကေငြလိုရင္သူ႕အေမဆီက ေတာင္းလိုရတာပဲ ဘာလို႔ရိုးဆီကေခ်းရတာလဲ "

" အဲဒါကသူ႕အေမဆီကမေတာင္းခ်င္လို႔ေနမွာေပါ့ "

ရိုးစကားေတြကတစ္ခုခုကိုအရိပ္သိမွာစိုးရိမ္ေနသလို ရိုးရင္ခြင္ထဲကေနေခါင္းေမာ့၍ ရိုးမ်က္ႏွာကိုအရိပ္မ်က္လုံးေတြကိုေမွးစင္းကာမသကၤာတဲ့အၾကည့္နဲ႕ၾကည့္လိုက္သည္။

" ရိုး , အရိပ္မသိေအာင္တစ္ခုခုဖုံးကြယ္ထားတယ္မဟုတ္လား "

" မလုပ္ပါဘူးဗ်ာ , အရိပ္မသိေအာင္ ဒီေယာက်္ားကဘာမ်ားလုပ္ရဲလိမ့္မတုန္း "

အရိပ္မသိေအာင္ပါးစပ္ကမလုပ္ရဲဘူးေျပာတဲ့ရိုးတစ္ေယာက္သည္။ အရိပ္မသိေအာင္မၾကာခဏဆိုသလို အရက္ခိုးေသာက္တတ္၏ အခုလည္းအရိပ္မသိေအာင္ေငြႏွစ္သိန္းကိုေအာင္သက္ကိုေခ်းေပးလိုက္သည္။

" ဟင္ "

အရိပ္ေခါင္းထဲအေတြးတစ္ခုဝင္လာခ်ိန္ ရိုးရင္ခြင္ထဲက႐ုန္းထြက္လိုက္ၿပီး အရိပ္ထရပ္လိုက္ေတာ့။

" အရိပ္ ဘယ္လဲ "

မတ္တတ္ရပ္ေနတဲ့ အရိပ္လက္ကိုရိုးကထိုင္ေနရာကေနျပန္ဆြဲထားၿပီးေမးလာသည္။ အရိပ္ရိုးကိုငုံ႕ၾကည့္လိုက္၍ ခါးကပုဆိုးကိုျပင္ဝတ္လိုက္ၿပီး။

" အိမ္ကို "

ထို႔စကားတစ္ခြန္းတည္းရိုးကိုျပန္ေျဖၿပီးအိပ္ခန္းထဲကေနအရိပ္အျမန္ထြက္လာ၍ အိမ္ကိုသြားရန္ျပင္လိုက္၏ သူ႕အိမ္မွာသူ႕ညီမႏွင္းႏုရွိေနေသးသလားဆိုတဲ့အတည္ျပဳခ်က္အခုခ်ိန္မွာအရိပ္အတြက္အေရးႀကီးသည္။

" အရိပ္ , ေနဦးေလ အခုခ်ိန္႐ြာထဲကကေလးေတြေရပက္ၾကတုန္း ညေနမွကိုယ္နဲ႕အတူသြားမယ္ေလ အရိပ္ !"

အရိပ္အေနာက္ေျပးလိုက္ရန္ျပင္လိုက္ခ်ိန္ ပြင့္ေနတဲ့ဗီရိုေၾကာင့္ ပိတ္လိုက္ၿပီးအျမန္လိုက္လာခဲ့လိုက္ေတာ့ အရိပ္ကၿခံဝမွာသူ႕မိဘေတြနဲ႕ရပ္စကားေျပာေန၏ ေသခ်ာတာေတာ့သူႀကီးနဲ႕သူႀကီးကေတာ္တို႔လည္းႏွင္းႏုေပ်ာက္‌သြားလို႔ အရိပ္ကိုလာေမးတာထင္သည္။

" မနက္ကသားနဲ႕႐ြာလယ္မ႑ပ္မွာမုန႔္လုံးလုံးေနၾကတာမဟုတ္လား "

" ဟုတ္တယ္ , သားနဲ႕ရိုးအိမ္ျပန္လာေတာ့ ညီမေလးမ႑ပ္မွာသူ႕သူငယ္ခ်င္းေတြနဲ႕မုန႔္လုံးလုံးရင္းနဲ႕က်န္ေနခဲ့တာ "

" အခုအေမပန္းဝါတို႔ကိုေမးၾကည့္ၿပီးၿပီ သားျပန္သြားၿပီးသိပ္မၾကာဘူး သူလည္းျပန္ေတာ့မယ္ဆိုၿပီးျပန္သြားတာတဲ့ "

အေမမ်က္ႏွာကမိခင္တစ္ဦးရဲ႕စိတ္ပူမႈတို႔ကထင္းသားေပၚလြင္ေန၏ အေဖကေတာ့နံေဘးမွာမ်က္ႏွာထားတင္းတင္းနဲ႕ေဒါသထြက္ေနသည္။

" ႐ြာထဲကဘယ္ေကာင္ေပ်ာက္ေနလဲ ငါ့အထင္ မင္းသမီးလင္ေနာက္လိုက္ေျပးၿပီေနမွာ !"

အေဖအေျပာေၾကာင့္ အရိပ္စိတ္ဆိုးဆိုးနဲ႕ရိုးကိုလွမ္းၾကည့္လိုက္ေတာ့ သူဘာမွမသိ ဘာမွမလုပ္ထားတဲ့လူလိုခုတ္ထားတဲ့ကႏၲာရထင္းေခ်ာင္းတိုေတြကိုေကာက္စီေနသည္။

< ရိုးမာန္ဂုဏ္ , ခင္ဗ်ားကေတာ့ေလ ေမႊထားၿပီးအခုမွဘာမွမသိသလို အျပစ္ကင္းဟန္ေဆာင္ေနတာ ‌ေတြ႕မယ္ ခင္ဗ်ားနဲ႕ကြၽန္ေတာ္ေတြ႕ဦးမယ္ >

အရိပ္စိတ္ထဲကေနႀကိမ္းဝါးလိုက္၍ အေဖတို႔ေရွ႕မွာေတာ့မသိသလိုသာဟန္ေဆာင္ေနလိုက္သည္။

" သူႀကီးတို႔ အရိပ္ေလးဆီလာၾကတာလား "

ေအာင္သက္အေမကသူ႕အိမ္ထဲကေနထြက္လာကာ ၿခံဝမွာအရိပ္နဲ႕စကားေျပာေနတဲ့ေဖေဖနဲ႕ေမေမကိုျမင္ေတာ့ႏႈတ္ဆက္လာသည္။

" ဟုတ္ပါ အစ္မေနေကာင္းတယ္ေနာ္ "

အေမကလဲေအာင္သက္အေမအရီးကိုျပန္ႏႈတ္ဆက္လိုက္ေတာ့ အရီးကအရိပ္အနားေလွ်ာက္လာသည္။

ထို႔ေနာက္  ၿခံထဲကအလုပ္မရွိမလုပ္ရွာထင္းေတြေကာက္စီေနတဲ့ရိုးကိုလွမ္းၾကည့္လိုက္၍။

" ငရိုး ေအာင္သက္ကအခုထိျပန္မလာေသးဘူး သူမ႑ပ္မွာမူးၿပီးအိပ္ေနၿပီလား "

" ဗ်ာ , ဟို , ကြၽန္ေတာ္တို႔ျပန္လာေတာ့ သူမ႑ပ္မွာ မူးေတာ့မူးေနတယ္ အိပ္ေတာ့မေပ်ာ္ေသးဘူး ျပန္မလာေသးဘူးလား "

အရီးအေမးကိုရိုးခပ္တည္တည္နဲ႕ျပန္ေျဖလိုက္၏ စိတ္ထဲမွာေတာ့။

< အရီးသားက သူႀကီးသမီးႏွင္းႏုကို ခိုးေျပးသြားတာ အရီးေရ မ႑ပ္မွာမူးၿပီးအိပ္ေပ်ာ္ေနတာမဟုတ္ဘူး >

" ငါ့တို႔မ႑ပ္မွာလည္းရွာခဲ့ၿပီ ေအာင္သက္ကိုလဲမေတြ႕ခဲ့ဘူး ေသခ်ာတာေအာင္သက္နဲ႕ခိုးရာလိုက္သြားတာေနမွာ !"

အေဖအေျပာေၾကာင့္အရီးမွာမ်က္လုံးျပဴးသြားကာ။

" အမေလးေတာ္ , ငါ့သားကဘယ္သူကိုခိုးေျပးတာတုန္း "

" ဘယ္သူရွိရမွာလဲ ငါ့သမီးႏွင္းႏုေပါ့ အခုရွာမေတြ႕ဘူး "

အေမကလဲအရီးအေမးကိုျပန္ျဖလိုက္ၿပီး အေဖကိုၾကည့္လိုက္သည္။

" ေတာက္ !"

" လာျပန္ၿပီေနာက္တစ္ေယာက္ ! အရက္သမားကိုေတာ္ေတာ္လင္ေတာ္ေနခ်င္ၾကတဲ့ဟာေတြ ငါ့သားသမီးေတြတစ္ေယာက္မွေကာင္းက်ိဳးမေပးဘူး !"

အေဖအေျပာေၾကာင့္ အရိပ္မွာေခါင္းသာငုံ႕ထားမိ၏ စိတ္ထဲမွာလည္းရိုးအေပၚေဒါသအေတာ္ကိုထြက္ေနၿပီျဖစ္သည္။

" သေဘာမတူဘူး အခ်ိန္မလြန္ခင္အျမန္လိုက္ရွာရမယ္ !"

" ဟို အေဖသားလိုက္ရွာကူပါမယ္ "

အရိပ္အေျပာေၾကာင့္ အေဖကအရိပ္ဗိုက္ကိုၾကည့္လာသည္။

အေမကအေဖအၾကည့္ကိုနားလည္စြာအရိပ္ကိုၾကည့္၍ေျပာလာသည္။

" သား စိတ္မပူပါနဲ႕အေမတို႔ပဲလိုက္ရွာလိုက္မယ္ သားကကိုယ္ဝန္ႀကီးနဲ႕အိမ္မွာပဲနားေနပါ သားညီမကိုရွာေတြ႕ရင္အေမအသိေပးမယ္ "

" ဟုတ္ကဲ့ "

ထို႔ေနာက္ အေဖရယ္အေမရယ္ ေအာင္သက္အေမအရီးရယ္ ေအာင္သက္နဲ႕ႏွင္းႏုတို႔ကိုရွာရန္ဆိုကာထြက္သြားၾကသည္။

ညအခ်ိန္

" အရိပ္ေလး ညစာလည္းမစားေသးဘူး နည္းနည္းေလာက္ထြက္စားပါကြာ ေနာ္ "

" မစားဘူး ခင္‌‌ဗ်ားအခန္းထဲလည္းဝင္မလာခဲ့နဲ႕ !"

သူ႕ကိုစိတ္ေကာက္ၿပီး ညစာမစားတဲ့အရိပ္ကို အခန္းျပင္ကေနခန္းစီးစေလးအသာမေခါင္းလွ်ိုဝင္ကာေခ်ာ့ေခၚေနေပမဲ့ အရိပ္ဆီကျပန္ေမာင္းထုတ္တာကိုခံလိုက္ရသည္။

" အရိပ္ေလး ေယာက်္ားကိုစိတ္ဆိုးရင္လည္း ထုလိုက္ရိုက္လိုက္ပါ ခံပါမယ္ ညစာေတာ့နည္းနည္းေလာက္ထြက္စားပါေနာ္ "

" မစားဘူး အခန္းထဲလည္းဝင္လာဖို႔မစဥ္းစားနဲ႕ "

" ဒါဆို ကိုယ္ဘယ္မွာသြားအိပ္ရမွာလဲလို႔ "

" အိပ္ခ်င္တဲ့ေနရာအိပ္ ခင္ဗ်ားဘာသာျပာပုံမွာပဲတိုးသြားအိပ္အိပ္ !"

" အရိပ္ မင္းေတာ္ေတာ္လြန္ေနၿပီေနာ္ ကိုယ္ဘက္ကဒီေလာက္ေခ်ာ့ေနတာကို ‌ေခြးနဲ႕လည္းႏွိုင္းလို႔ႏွိုင္း အခုခ်က္ခ်င္းထြက္လာခဲ့ထမင္းပြဲျပင္ထားၿပီ !"

ရိုးတစ္ေယာက္အရိပ္ကိုေခ်ာ့မရတာေၾကာင့္ ေလသံမာမာနဲ႕ဆူေငါက္လိုက္ၿပီးအိပ္ခန္းထဲဝင္လာကာအိပ္ေနတဲ့အရိပ္ကိုခပ္ဖြဖြဆြဲထူလိုက္သည္။

" မစားဘူးလို႔ ေျပာေနတယ္ေလ ဘယ္သူကိုလာေအာ္ေနတာလဲ !"

" အင္းပါ , အင္းပါ ကိုယ္အရိပ္ကိုမေအာ္ပါဘူးေနာ္ လာပါ ထမင္းေလးနည္းနည္းေလာက္စားရေအာင္ "

" မစားဘူး !"

" အရိပ္ေလး ကိုယ္ဘာလုပ္မိလို႔လဲကြာ အရိပ္ညီမကိုေအာင္သက္နဲ႕လိုက္သြားပါလို႔ ကိုယ္ထည့္လိုက္တာလဲမဟုတ္တာ သူ႕ဘာသာလိုက္သြားတာေလ "

" ဒါေပမဲ့  ရိုးသိေနတယ္ေလ ေအာင္သက္နဲ႕ခိုးေျပးၾကမွာရိုးကအရိပ္မသိေအာင္ပိုက္ဆံေတာင္ေခ်းေပးလိုက္ေသးတယ္ေလ ရိုးညီမဆိုရင္ ရိုးအဲလိုလုပ္မွာလား !"

" အရိပ္ ဒီကိစၥကကိုယ္ညီမမဟုတ္လို႔ ဘာျဖစ္ျဖစ္ဆိုတဲ့စိတ္နဲ႕လုပ္လိုက္တာမဟုတ္ပါဘူး ႏွင္းႏုကို ကိုယ္ညီမေလးအရင္းလိုပဲကိုယ္သတ္မွတ္ထားတာပါ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မွားသြားတယ္ အရိပ္ဘက္ကအဲလိုထင္သြားတဲ့ အတြက္ကိုယ္တကယ္စိတ္မေကာင္းဘူး "

" ဟင္ "

အရိပ္ကိုေျပာၿပီးအခန္းထဲကေနမ်က္ႏွာမေကာင္းထြက္သြားတဲ့ရိုးေၾကာင့္ အရိပ္မွာစိတ္ထဲမေကာင္းျဖစ္သြားမိေပမဲ့ ေဒါသထြက္ေနတာေၾကာင့္ လ်စ္လ်ဴရႈပစ္ထားလိုက္သည္။

အခ်ိန္ကတျဖည္းျဖည္းနဲ႕အိပ္ခ်ိန္ေရာက္လာတဲ့အထိ ရိုးတစ္ေယာက္အခန္းထဲကိုဝင္မလာ ခါတိုင္းဆိုဘယ္ေလာက္စကားမ်ားမ်ား အရိပ္ဘယ္ေလာက္ေမာင္းထုတ္ထုတ္အိပ္ခ်ိန္တန္ရင္ေတာ့ အခန္းထဲအရွက္မရွိေပကပ္ကပ္နဲ႕ဝင္လာၿပီးအရိပ္နံေဘးအတင္းတိုးဝင္အိပ္တတ္သူျဖစ္၏ အခုေတာ့အခန္းထဲလည္းဝင္မလာအျပင္ဘက္မွာလဲအသံတိတ္ဆိတ္ေနတာေၾကာင့္ အိပ္ရာထဲကေနထလိုက္ၿပီးအခန္းျပင္ထြက္ၾကည့္လိုက္ေတာ့ ဘုရားခန္းေရွ႕မွာလည္းရိုးကိုမေတြ႕ရဦးေလးအခန္းထဲမ်ားဝင္အိပ္ေနသလားဆိုတဲ့အေတြးနဲ႕ဦးေလးအခန္းေရွ႕သြားကာခန္းစီးဖယ္ၿပီးေခ်ာင္းၾကည့္လိုက္ေတာ့လည္းရိုးကိုမေတြ႕။

" ေတာက္ ! ဒီေယာက်္ားကေတာ့ ဘယ္နားသြားတိုးအိပ္ေနတာလဲမသိဘူး !"

အရိပ္အိမ္ထဲပတ္ရွာတာမေတြ႕တာေၾကာင့္ ခပ္တိုးတိုးေလးတစ္ေယာက္တည္းရိုးကိုအျပစ္ေျပာရင္းအိမ္ေရွ႕ကြပ္ပ်စ္ထြက္ၾကည့္လိုက္သည္။

" အဲဒါက ဘာလုပ္ေနတာလဲ !"

" ထိုင္ေနတာေလ "

ကြပ္ပ်စ္မွာထိုင္ေနလို႔႐ြဲ႕ၿပီးေမးတာကို အရိပ္ကိုျပန္႐ြဲ႕ၿပီးေျဖလာတဲ့ ရိုးေၾကာင့္စိတ္ပိုတိုသြားမိကာ။

" ဒါက ကြပ္ပ်စ္မွာထိုင္ေနရမယ္အခ်ိန္မဟုတ္ေတာ့ဘူး !"

" သိတယ္ေလ အိပ္စရာေနရာမွမရွိတာ !"

" ဘာ !"

အိပ္စရာေနရာမရွိလို႔တဲ့ ရိုးျပန္ေျဖလာပုံက ဘယ္ေလာက္ေတာင္ထုရိုက္ပစ္ခ်င္စရာေကာင္းလိုက္သလဲ အိမ္အက်ယ္ႀကီးမွာအိပ္ခန္းသုံးခန္းရွိၿပီးဘုရားစင္ေရွ႕မွာလဲအိပ္မယ္ဆိုအိပ္လို႔ရ၏ ဒါကိုအိပ္စရာေနရာမရွိလို႔ဆိုကာ႐ြဲ႕ေျဖလာသူက အရိပ္ကိုျပန္ၿပီးစိတ္ေကာက္ေနတာသိသာလွသည္။

ဉာဉ့္နက္ေနၿပီစကားလည္းမမ်ားခ်င္ေတာ့၍ အရိပ္သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီးေနာက္။

" ဝင္လာခဲ့ေတာ့ "

တစ္စကၠန႔္

ႏွစ္စကၠန႔္

သုံးစကၠန႔္

" ခင္ဗ်ားကိုဝင္လာၿပီး အခုခ်က္ခ်င္းအိပ္ေတာ့လို႔ေျပာေနတယ္ေလ !"

အရိပ္ေလသံခပ္မာမာနဲ႕ထပ္ေျပာလိုက္မွကြပ္ပ်စ္ေပၚကထလာ၍ အိမ္ထဲဝင္ကာအရိပ္ကိုဘာစကားမွေတာင္မေျပာပဲ အိပ္ရာထဲမွာေက်ာ့ေပးအိပ္ေနသူကအရိပ္ရဲ႕ေယာက်္ားရိုးမာန္ဂုဏ္ပဲျဖစ္သည္။

" ရိုး , အရိပ္စကားမွားသြားပါတယ္ ညီမေလးကို တျခားသူစိမ္းေယာက်္ားတစ္ေယာက္ကိုေပးလိုက္ရေတာ့မွာဆိုတဲ့အေတြးေၾကာင့္ ဝမ္းနည္းၿပီးအရိပ္ ရိုးအေပၚမွာစကားမွားသြားတာပါအရိပ္ကိုခြင့္လႊတ္ေပးနိုင္မလား "

" အင္း "

အရိပ္အေျပာကို , အင္း , တစ္လုံးေျဖလာသူကအခုထိေက်ာ့ေပးကာအိပ္ေနတုန္းျဖစ္၏ အရိပ္ၿပဳံးလိုက္ၿပီး။

" ရိုး , အရိပ္ကိုသံလြင္ဆီလိမ္းေပးဦးေလ "

အရိပ္ဗိုက္ကတျဖည္းျဖည္းပူလာကာဗိုက္သားေတြတင္းၿပီးအေၾကာမ်ားျပတ္တာသက္သာေစရန္ ရိုးကညတိုင္းသံလြင္ဆီလိမ္းေပးေနၾကျဖစ္သည္။

" ဒီည မလိမ္းေပးေတာ့ဘူးလား "

ထိုအခါမွရိုးအိပ္ေနရာကထလိုက္၍ သံလြင္ဆီဘူးကိုလွမ္းယူလိုက္ၿပီးအရိပ္ဗိုက္ကိုလိမ္းေပးရန္ျပင္လိုက္၏ မ်က္ႏွာကေတာ့စူပုပ္ေနသည္။

" ရိုး အရိပ္ကိုခြင့္လႊတ္တယ္ဆို ဘာလို႔မ်က္ႏွာက စူပုပ္ေနရတာတုန္း,ဗ် "

" ခြင့္လႊတ္တယ္ေလ , ဒါေပမဲ့ အဲလိုအေျပာခံရတာ နည္းနည္းစိတ္မေကာင္းျဖစ္တယ္ စိတ္‌ဆိုးေနတုန္းပဲ "

" ေဟာ့ , အဲလိုဆို ခြင့္လႊတ္တယ္ ဒါေပမဲ့ စိတ္ေတာ့ဆိုးဦးမယ္ေပါ့ အဲလိုလား "

" ဟုတ္တယ္ "

ရိုးရဲ႕စူေအာင့္ေအာင့္အေျဖေၾကာင့္ အရိပ္သေဘာက်ကာရယ္လိုက္၍။

" အဲလိုဆိုေတာ့ စိတ္ဆိုးေနတဲ့ ခ်စ္ေယာက်္ားကို အရိပ္ကေခ်ာ့မွာေပါ့ "

" ဘယ္လိုေခ်ာ့မွာလဲ "

" သိခ်င္လား လက္ေတြ႕ျပမယ္ "

ထို႔ေနာက္ ...  ( ˘ ³˘)

" အရမ္းခ်စ္တယ္ ကိုယ္ကေလးေလး "

" အရိပ္လည္း ရိုးကို အရမ္းခ်စ္တယ္ "

< 12 , 12 , 2021 >

Continue Reading

You'll Also Like

1.6M 128K 28
သောင်းဆင့်ဆက်နိုင် နှင်းဆီဘွဲ့ဆူး
155K 7.9K 33
ကကြိုးဆိုသောကောင်လေး တောကနေမြို့ကျောင်းတက်ရာက လရိပ်မာန်နဲ့ဘယ်လိုတွေဆုံကြမလဲ။ လရိပ်မာန်နဲ့သံယောဇဉ်တွေဘယ်လိုငြိတွယ်ကြမလဲ။ student life ကိုအခြေခံရေးထားတ...
264K 13.2K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
556K 100K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.