ချန်လီကော စာကြည့်ခန်းထဲကို ဝင်လာတော့ ရီဟွိုင်ရဲ့ မျက်နှာက နီရဲနေတာကိုတွေ့လိုက်ရတယ်။သို့ပေမဲ့လည်း ရီဟွိုင်က မှန်မှန်တပ်လျက် ကွန်ပျူတာမျက်နှာပြင်ကို မျက်မှောင်ကြုတ်လိရင်း ကြည့်နေခဲ့သည်။
"ရှောင်ဟွိုင်"
"သခင်???"
"မင်းဘာဖြစ်လို့ အခုချိန်ထိ မအိပ်သေးတာလဲ???"
ချန်လီကောသူ့ကိုမေးတဲ့အချိန်က မနက်တစ်နာရီတောင်ရှိနေပြီဖြစ်သည်။
ရီဟွိုင်က ပြုံးပြပြီး ပြန်ဖြေလာခဲ့သည်။
"ကျွန်တော်ဒီတစ်ခုကို နားမလည်သေးလို့....အား
ကျွန်တော်ခေါင်းကိုက်သလိုလည်း ခံစားလာရတယ် ကျွန်တော်ဒါကိုတစ်နေ့လုံး သုတေသနလုပ်နေတာ"
သူ့အသားအရေက ပုံမှန်မဟုတ်တာကို ချန်လီကောက တွေ့လိုက်ရသည်။ သူက ရီဟွိုင်ရဲ့ နဖူးကိုထိကြည့်လိုက်တော့ ပူပြင်းလှသည့်အပူချိန်ကြောင့် လန့်သွားရသည်။
"မင်းဖျားနေပြီ"
ရီဟွိုင်က သူ့မျက်မှန်ကို ချွတ်ရင်း ပြောလာသည်။
"မဖြစ်နိုင်ပါဘူး၊ကျွန်တော် နည်းနည်း ပင်ပန်းတာပဲနေမှာပါ"
ချန်လီကောက သူဖျားတာ သက်သေပြဖို့ သာမိုမီတာတစ်ချောင်းယူလာခဲ့သည်။
ငါးမိနစ်လောက်ကြာတော့ သာမိုမီတာက ၃၉ဒီဂရီလောက်ပြလာသည်။
ချန်လီကောက မိသားစုဆရာဝန်ကို သူ့ကိုကုသဖို့ ချက်ချင်း ခေါ်ခဲ့သည်။
ရီဟွိုင်ကို ကြည့်ရတာ စိတ်ရှုပ်နေပုံပေါ်ပြီး သူ့အဖျားကြောင့် သူ့မျက်လုံးထောင့်နားမှာ မျက်ရည်စလေးတွေစုလာကြသည်။သူ့ပုံစံကလည်း အရင်နဲ့မတူတော့ဘဲ အားငယ်နေပုံပေါက်လာသည်။တကယ်တော့ အနည်းငယ်ကလေးဆန်လာခြင်းဖြစ်သည်။
ချန်လီကောက သူ့ခေါင်းကို ဖွဖွလေး ပွတ် ပေးလိုက်ရင်း သူ့ကိုနားဖို့ပြောလိုက်သည်။
ရီဟွိုင်က တော့ သူနေကောင်းပါတယ်လို့သာ တဖွဖွပြောနေသည်။
"အခုချိန်ထိ နေကောင်းချင်ယောင်ဆောင်နေတုန်းလား????ကိုယ်ပူလွန်းလို့ စကားတောင်မပြောနိုင်တော့တဲ့ဟာကို"
ရီဟွိုင်က သူ့စကားကြောင့် သက်ပြင်းချရင်း ကွန်ပျူတာကို ပိတ်လိုက်သည်။
ချန်လီကောက သူ့ပုံစံကို ရယ်ချင်သလိုဖြစ်လာပြီး သူ့စိတ်အခြေအနေကောင်းလာသည်။သူဘယ်တုန်းကမှ မထင်ထားခဲ့တာက ဒီကောင်လေး စာသရဲဖြစ်မယ်လို့။
ဆရာဝန်က ချက်ချင်းရောက်လာပြီး ရီဟွိုင်ကိုဆေးတစ်လုံးထိုးပေးခဲ့သည်။
ရီဟွိုင်က အိပ်ရာပေါ်မှာ လှဲနေရင်း ဆရာဝန်ဆေးထိုးတာကို မျက်မှောင်ကြုတ်ကာ ခံယူနေခဲ့သည်။
ဒီလိုပြင်းထန်တဲ့ အပြုအမူကို လုပ်နေတာ ချန်လီကောကမြင်တော့ ရီဟွိုင်ငယ်ငယ်တုန်းက ဖျားရမှာကြောက်ပြီး တစ်ခါမှမဖျားအောင်နေတတ်တာလေးကို သတိရလာသည်။
ဆရာဝန်က သူ့ကိုစစ်ဆေးပြီးနောက် အဖျားကျသွားရင်သောက်ရန်ဆေးပေးခဲ့သည်။သူ့ခန္ဓာကိုယ်ကဖျားနေတာကြောင့် အလွန်ပင်ပန်းနေပြီး မျက်လုံးတွေကလည်း မှေးကြနေသည်။ထို့ကြောင့် ရီဟွိုင် နားဖို့လိုအပ်သည်။
ဆရာဝန်လာပြီးပြန်သွားသည်အထိ ရီဟွိုင်ရဲ့မျက်ခုံးတွေကတော့ အနားမယူပေ။
ချန်လီကောက သူ့မျက်နှာကို ကြည့်ပြီး ရယ်ချင်လာသည်။
"မင်းကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာ အခုတော့ ဖျားတာ ဘယ်လိုဆိုတာသိပြီလား???"
"ကျွန်တော်နေကောင်းပါတယ်၊ဆရာဝန်က လျှောက်ပြောနေတာ"
ချန်လီကောက ပြန်မပြောတော့။သူက ရီဟွိုင်ဘေးနားမှာထိုင်ရင်း နူးညံ့စွာပြောလာသည်။
"ငါ့အမှားတွေပါ၊ငါမင်းကို အဲလောက်ကြီး တွန်းအားမပေးသင့်ဘူး"
"သခင်ကျွန်တော့်ကို ဒီလိုဆက်ဆံတာ ကျွန်တော်သဘောကျပါတယ်" သူ့သခင်က သူ့ကို တန်ဖိုးထားကြောင်းလည်း သိသည်ဟု တွေးမိသွားသည်။
ချန်လီကောက ရီဟွိုင်ကကလေးပဲ ရှိသေးတာကို သူ့ကိိုစိတ်မချရဘူးလို့တောင် ထင်လိုက်သေးသည်ဟု တွေးကာ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။
[T/N မှားမယ်😂]
ရီဟွိုင်ရဲ့ အဖျားက ဆေးထိုးလိုက်ရင် ပျောက်သွားမယ်လို့ ချန်လီကောက ထင်ခဲ့သည်။ မမျှော်လင့်တာက ဆရာဝန်ပြန်သွားပြီး နာရီဝက်တောင်မရှိသေးတာကို သူ့မျက်နှာက တစ်ခါပြန်နီလာပြန်ပြီ။ချန်လီကောက အဲဒါအစောကထက် ပိုပူလာသည်ဟုပင်ထင်လာသည်။
ဒီတစ်ကြိမ်တော့ ချန်လီကောက ဆရာဝန် မခေါ်တော့ဘဲ ရီဟွိုင်ကို အောက်ကိုတွဲချီလာပြီး ကားဂိုထောင်ထဲကားကို ထုတ်ကာ ဆေးရုံပို့ရတော့သည်။သူအစကတော့ ဒီကောင်လေးကို ပွေ့ချီဖို့ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က အတော်လေးသည့်အတွက်ကြောင့် သူ့ခါးကိုကိုင်းကာ တွဲလာရသည်။အကျိုးဆက်အနေနဲ့ သူ့ခါးနာသွားမလိုတောင်ဖြစ်သွား ရသည်။
သို့သော်လည်း ဘာမှဂရုမစိုက်တော့ဘဲ ရီဟွိုင်၏ကိုယ်ကို သူ့ကျောပေါ်တင်ခဲ့လိုက်သည်။ထိုအချိန်၌ သူ့နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ပွင့်ပေါ်လာပြီး သူ့စိတ်အခြေအနေ ကောင်းနေလေသည်။
ဆေးရုံကို ရောက်တော့ အရေးပေါ်အခန်းထဲမှာထားလိုက်ပြီး အကြောဆေးသွင်းနေရသည်။
ချန်လီကောက အဖျားကျမဲ့ပုံမရှိတာမြင်တော့ ရီဟွိုင်ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေပည လုပ်စေခဲ့သည်။
ဖျားတာက ပြဿနာမရှိပေမဲ့ ရောဂါကြီးတစ်ခုခု၏အစဖြစ်မှာကို သူကြောက်မိသည်။
အဆုံးမှာတော့ ရီဟွိုင်အခြေအနေက အဆိုးကြီးလည်းမဟုတ်တော့ အဖျားပြန်ကျသွားသည်။သို့သော် တစ်နာရီလောက်ကြာတော့ အပူချိန်ပြန်တက်လာပြန်သည်။
ချန်လီကောရဲ့နှလုံးသားဟာ စိုးရိမ်မှုကြောင့် ဆွဲဆုတ်သလိုခံစားလာရသည်။
ရီဟွိုင်ကတော့ ပြုံးပြနေဆဲဖြစ်ပြီး "သခင် ကျွန်တော်အဆင်ပြေပါတယ်"ပဲ ပြောနေသည်။
ချန်လီကောက သွားကြိတ်လိုက်ပြီး ပြောလာသည်။
"အခုချက်ချင်း သွားစစ်ဆေးချေ၊ မင်းကိုယ်မင်း ငါ့အတွက် ထိန်းထား အိပ်မပျော်စေနဲ့"
ရီဟွိုင်က ကောင်းပါပြီ လို့ပြောရင်း တိတ်နေလိုက်သည်။
ချန်လီကောက ရီဟွိုင်ရဲ့ လက်တွေကို ဆွဲယူလိုက်ပြီး ပြောလာသည်။
"ရီဟွိုင် မင်းဘာမှဖြစ်လို့မရဘူး"
သူ့လက်တွေကို ချန်လီကော ထိလာတာခံစားရတော့ ပြုံးလျက် ပြောလာသည်။
"သခင် ကျွန်တော် အဆင်မပြေတဲ့နေရာမရှိပါဘူး"
သူဒါကိုပြောပြီးတော့ သူ့မျက်လုံးတွေ မှိတ်ကျသွားခဲ့သည်။
ချန်လီကောက သူ့ရှေ့ကကောင်လေးသေမှာကို သေမတတ်ကြောက်လန့်လာပြီး systemကို အခြေအနေဘယ်လိုရှိလဲ မေးလိုက်သည်။ မူလဇာတ်ကြောင်းအရ ရီဟွိုင်ဖျားတယ်ဆိုတာ ရှိမှမရှိတာကို။
systemက အဲဒါဇာတ်ညွှန်းထဲမပါကြောင်းပြောလာသည်။
"ဒါပေမဲ့ အဲဒါဖြစ်နေပြီလေ" ချန်လီကောက ပြောလာတော့
system- ခဏလေး ငါစစ်ကြည့်လိုက်ဦးမယ်
systemရဲ့ရွှေလက်ချောင်းက ချန်လီကောကို တစ်ကိုယ်တည်းသမားဖြစ်အောင်ပဲ လုပ်နိုင်တာဖြစ်သည်။ဇာတ်ညွှန်းထဲက ဇာတ်ကောင်တစ်ကောင်သေသွားခဲ့ရင် ချန်လီကောထိုင်ကြည့်နေရမှာပင်ဖြစ်သည်။
သူက ရီဟွိုင်ကို အထူးစစ်ဆေးခန်းထဲ ပို့လိုက်သည်။
နောက်ရက်ရောက်တော့ ရီဟွိုင်ရဲ့အဖျားက ကျမည့်အခြေအနေမရှိသေးပေ။သို့သော်လည်း သူ့၏ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်ကတော့ ပြဿနာမရှိကြောင်း ပြလာသည်။ သူ့ရဲ့အဖျားကြီးတာကလွဲလို့.......
ချန်လီကောက ဒေါသအကြီးအကျယ် ထွက်လာခဲ့သည်။
"ရုပ်ပိုင်းဆိုင်ရာ ကောင်းတယ်"ဆိုတာ ဘာသဘောလဲ!!!!
ဆရာဝန်က ကြောက်ရွံ့စွာ ပျာပျာသလဲ ဖြစ်သွားရတော့သည်။
"ကျွန်တော်လည်း ဒီလိုပြင်းထန်တဲ့အဖျားမျိုး ပထမဆုံးအကြိမ် မြင်ဖူးတာပါပဲ"
ဆရာဝန်စကားကြောင့် တစ်စုံတစ်ယောက်ဖျားလာရင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုခုက ချို့ယွင်းရမည်ဖြစ်သော်လည်း ဘာမှမပြတော့ အတွင်းပိုင်းတစ်ခုခုက ချို့ယွင်းနေသည်ဟု ယူဆရသည်။သို့သော်လည်း ဖျားနေသောဒီလူနာက အဖျားရှိတဲ့လူတစ်ယောက်ထက်တောင် ပိုကောင်းပုံပေါ်နေလေသည်။သာမိုမီတာကသာမပြရင် ဒီလူနေကောင်းတယ်လို့ ဆရာဝန်တွေက ယူဆကြတော့မည်သာဖြစ်သည်။
သို့သော်လည်း စစ်ဆေးချက်အခြေအနေနောက်တစ်ကြိမ်ထွက်လာပြီး လူနာက ကိုမာအခြေအနေသို့ရောက်လာသည်။
ချန်လီကောက မလွယ်တဲ့လူဆိုတော့ ဆရာဝန်တွေသူနာပြုတွေ အုပ်လိုက်ကြီး ရောက်လာကြသည်။
ချန်လီကောက နှလုံးသားထဲမှာ မီးတောက်နေသလိုပူလောင်နေရသည်။
ရီဟွိုင်ကိုမာဝင်ပြီးနောက် သူ့ကိုခေါ်လို့ပင်မရတော့။သူ့မျက်နှာက အလွန်တရာကို နီရဲနေပြီး အဖျားကျဆေးတွေကလည်း အသုံးမဝင်တော့ပေ။
ရှန်းယိုလင်က ရီဟွိုင်ရဲ့သတင်းကိုကြားတော့ သူဆေးရုံကိုချက်ချင်းပြေးလာခဲ့သည်။ဆေးရုံပေါ်မှာ စိုးရိမ်နေတဲ့ သူမအဖေကိုတွေ့တော့ မေးလာသည်။
"အဖေ အစ်ကိုရီဘာဖြစ်တာလဲ???"
"အပြင်ထွက်ပြီး စကားပြောကြရအောင်"
"အဖြေရှာလို့မရသေးဘူးတဲ့"
ချန်လီကောက တစ်ရက်လုံး မအိပ်ရသေးပေ။သူ့နဖူးထက်မှာလည်းချွေးစီးတွေပင်ကျနေလေသည်။ထို့နောက် ဆက်ပြောလာသည်။
"အဖေသူ့ကို ဆေးရုံပြောင်းဖို့လုပ်နေတယ်"
"ဘယ်ကိုပြောင်းမှာလဲ???"
"Bမြို့ကို အဲဒါမှမရသေးရင် နိုင်ငံခြားထွက်ကြတာပေါ့"
ရှန်းယိုလင်က အလွန်ပြင်းထန်တယ်လို့ သဘောပေါက်သွားပြီး တုန်လှုပ်လာခဲ့သည်။
"အဖေ စိတ်ချပါ၊သမီးဒီမှာ နေခဲ့မယ် အဖေ အစ်ကိုရီကိုကုသဖို့ ခေါ်သွားလိုက်ပါ"
"ယိုလင် အဖေသူ့ကို အရမ်းတင်းကျပ်သလိုဖြစ်သွားခဲ့လား???"
သူမအဖေ ဒီလိုပြောလာမယ်မှန်း ရှန်းယိုလင်က မမျှော်ထားခဲ့ဘူး။ဒီစကားကနေ ရီဟွိုင် ဖျားတာက သူမအဖေကို ကြီးကြီးမားမားရိုက်ခတ်တယ်ဆိုတာ သိလာရသည်။
"အဖေ အဖေသူ့ကို စည်းကမ်းတင်းကျပ်သည်ဖြစ်စေ မတင်းကြပ်သည်ဖြစ်စေ သူပျော်နေသရွေ့ အဖေလုပ်တာမှန်ပါတယ်"
ချန်လီကောက အသက်ရှူထုတ်လိုက်သည်။
"အဖေ သွားပြီး အနားယူလိုက်ပါဦး အစ်ကိုရီကို သမီးသွားကြည့်လိုက်မယ်"
ချန်လီကောက အစကငြင်းချင်ပေမဲ့ ဒီဟာကြီးက နှစ်ရှည်တိုက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် သူခံနိုင်ရည်ရှိလည်း အကြာကြီးဒီလိုနေလို့မဖြစ်တာစဥ်းစားမိသွားသည်။ဒါကြောင့် သူကသူမရဲ့ခွင့်တောင်းချက်ကို ခေါင်းညိမ့်လိုက်ရသည်။
ထို့နောက် ချန်လီကောက အိမ်ပြန်ပြီး ရေချိုးခဲ့သည်။
သို့သော် လည်း သူအိပ်ချင်နေခဲ့ပေမဲ့လည်း အိပ်မပျော်ခဲ့ပေ။သူက ဆေးလိပ်သောက်ရင်း systemနဲ့ ဆွေးနွေးခဲ့သည်။
"ထုံထုံ ရီဟွိုင် တစ်ခုခုဖြစ်ခဲ့ရင် ရှန်းယိုလင် ရဲ့ ပြီးမြောက်ခြင်း ဘားတန်းက တစ်ရာပြည့်လောက်လား???"
system- ဖြစ်ချင်လည်းဖြစ်မှာပေါ့။
ချန်လီကောက systemနဲ့ တော်တော်ကြာဆွေးနွေးခဲ့ပြီး ပြောလာသည်။
"တကယ်လို့ ဒီပြဿနာက hostရဲ့ လုပ်ပိုင်ခွင့်လက်အောက်မှာ ရှိတယ်ဆိုရင်ငါ့ရဲ့ ပြီးမြောက်ခြင်းကလည်း တန်းလန်းကြီးဖြစ်နေမှာဆိုတော့
မင်း ရီဟွိုင်ကို ရွှေလက်လေး ငှားလိုက်ပါ့လား??"
system- ဒီလိုကိစ္စက ပြီးမြောက်ခြင်း ဘားတန်းနဲ့မဆိုင်ပါဘူး။
ချန်လီကော -"......."
systemက စိတ်မကောင်းဖြစ်လာပြီး ပြောလာသည်။
"သိပ်လည်းစိတ်မပူပါနဲ့ သူဘာမှ မဖြစ်လောက်ပါဘူး"
"ငါသူ့ကို နှစ်တွေအကြာကြီး ပြုစုပျိုးထောင်လာတာလေ သူက....."
systemက ပိုပြီး စိတ်မကောင်းဖြစ်လာရသည်။
ထို့နောက် ချန်လီကောက နောက်စကားလုံးကို ထပ်ဖြည့်ပြောလာသည်။
"ပြီးတော့ သူက ငါ့ရဲ့ကာမဆက်ဆံဖော်လေ"
system-"........" (အမှိုက်host မတ်တပ်ရပ်တာနဲ့ ပေါက်ကွဲသွားရမှာ)
ချန်လီကောက သူ့လက်တွေကို တွက်ချက်သလိုလုပ်ပြီး systemကိုပြောလာသည်။
"နားထောင်ဦး ငါက အသက်၃၀ကေျာ်နေပြီ ငါအခုမှ တခြားရီဟွိုင်တစ်ယောက်ကို ပျိုးထောင်ရင် သူနဲ့ငါအသက်၂၀ကွာမှာဆိုတော့ ငါကအဲအချိန်လောက်ဆို အသက် ၅၀ဖြစ်နေလောက်ပြီလေ အသက် ၅၀နဲ့ ငါဘာလုပ်ရတော့မလဲ ငါအခုဘာလုပ်ရတော့မလဲ အားးးးးးးးးးးးးးးးးး"
system- မင်းသေလို့တော့ ရပါသေးတယ်
ချန်လီကော -"........"
(လုံးဝကို မဖော်ရွေဘူးပဲ)
သူတို့ စကားပြောရင်းပြောရင်းနဲ့ နောက်ဆုံးတော့ ချန်လီကော အိပ်ပျော်သွားလေသည်။
Note-အမှတ်မရှိဘဲ သနားမိသွားတယ် ဆဲချင်လာပြီ😏