ရှန်းယိုလင်မျက်နှာက အေးခဲသွားပြီး သူမက ရီဟွိုင်ကို မေးလာခဲ့သည်။
"အဖေဘာဖြစ်တာလဲ??? သူ့စိတ်က ဘာလို့ဒီလောက်တောင် ဆိုးဝါးနေရတာလဲ????"
ရီဟွိုင်က သက်ပြင်းချလာသည်။
"ဒီအချိန်ခဏလေးတော့ လိမ္မာပေးဦး၊သခင်က...စိတ်အခြေအနေ မကောင်းသေးလို့"
"နင်အဖေနဲ့ ကုမ္ပဏီကိုနေ့တိုင်း လိုက်နေတာ မဟုတ်ဘူးလား????"
"သူနင့်ကို အရမ်းသဘောကျတာကို အခုသူက စိတ်ဆိုးနေတယ်တဲ့လား????"
ရီဟွိုင်က စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ ဒီကိစ္စအကြောင်း ချန်လီကောရှေ့မှာ ဘာတစ်ခုမှ ထုတ်မပြောခဲ့ရင်တောင် အားလုံးခြုံငုံကြည့်လိုက်တော့ သူ့အပြစ်တွေသာဖြစ်သည်။အခုဆိုသူ့သခင်က ပြန်လာရင် သူ့ခန္ဓာကိုယ်ကို သူ တစ်နာရီလောက်ကြာအောင်ဆေးကြောနေခဲ့သည်။ဒါကိုမြင်တော့ သူ့ကိုယ်သူလည်း မုန်းတီးလာခဲ့သည်။သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ သခင့်ကို ထိခိုက်စေမိပြီ။တကယ်တော့ ရီဟွိုင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်စွမ်းက အလွန်တရာကို ကြီးမားသည်။သို့သော် ထိုနေ့က သူ့မသိစိတ်ကို ဘယ်မကောင်းဆိုးဝါးက ပိုင်ဆိုင်သွားမှန်း သူပင်မသိလိုက်ချေ။
ချန်လီကောက ရေချိုးခန်းထဲမှာ သန့်စင်ပြီးပြန်ထွက်လာတော့ spongebob ပြန်ကြည့်နေလိုက်သည်။
နေ့တိုင်း ဒီလိုရေချိုးမှုက ရှန်းယွီချန်ရဲ့ဇာတ်ကောင်အတိုင်း ကိုက်ညီသော်လည်း
ချန်လီကောအနေနဲ့ စိတ်ဖိစီးမှုများပေမဲ့ OOCဖြစ်မှာကြောက်လို့ ငြိမ်နေလိုက်ရသည်။
ချန်လီကောက ဆေးလိပ်တစ်လိပ်ကို စိမ်ပြေနပြေသောက်လျက် spongebob ကြည့်နေသည်။
systemရဲ့ စိတ်အခြေအနေလည်း တော်တော်ကောင်းလာလေပြီ။ သူတိတ်ဆိတ်နေခဲ့ရင်တောင်
ချန်လီကောက သူ့ရဲ့နားထဲမှာ systemရဲ့ ဘုရားစာကို အသံထွက်ဖတ်သံကို ကြားနေရသည်။
"ထုံအာ မင်းဘာမကောင်းဆိုးဝါး စာအုပ်တွေဖတ်နေတာလဲ မင်းအဆင်ပြေရဲ့လား????"
systemက စိတ်ထဲမှာ နှာချေနေလိုက်သည်။
ဖတ်တယ်????စာအုပ်မဖတ်တာကြာရောပေါ့
သူ့ရဲ့systemထိပ်ဆုံးပိုင်းမှာ ဗုဒ္ဓကျမ်းစာ အသံဖိုင် နောက်ဆုံးversionကို ဖွင့်ပြီး နားထောင်ရင်းကနေ ချန်လီကောရဲ့နားထဲကို ၂၄နာရီတစ်ရက်လောက် ပျံ့လွင့်နေသည်ကိုး..........။
ချန်လီကောက systemအတွက် စိတ်ပူလာတာကြောင့် ပြောလာခဲ့သည်။
"မင်းကိုယ်မင်း အဲလောက်ကြီးလည်း ဖိအားမပေးပါနဲ့လား ဘေဘီ"
system- ဘယ်သူက မင်းရဲ့ ဘေဘီလဲ????
"သေချာပေါက်၊သေချာပေါက်၊သေချာပေါက်
ချစ်စရာsystemလေးမင်းပေါ့"
system-".........."
systemက ဒေါသတွေထွက်လာရသည်။သို့သော်လည်း ဗုဒ္ဓတရားတော်တွေက သူ့နားထဲ ပျံ့လွင့်လာနေတော့ ရလဒ်အနေနဲ့ သူ့ဒေါသတွေကို ချိုးနှိမ်ထားလိုက်ရသည်။ထို့နောက် စိတ်ထဲတွင် တရားမှတ်နေလိုက်သည်။
"hostကို သတ်ရင် တရားမဝင်ဘူး....တရားမဝင်ဘူး........ တရားမဝင်ဘူး........ "
စသဖြင့်...........
"ကောင်းပြီ ငါတို့ဒီအကြောင်းမပြောကြရအောင်
ရှန်းယိုလင် အကြောင်းပြောရအောင်"
ကံကြမ္မာရဲ့သမီးတော်အကြောင်း သူ့hostကပြောလာတော့ ဝိဉာဉ်ပြန့်တော့မလိုဖြစ်နေတဲ့ systemလည်း ဝိဉာဉ်ပြန်ကပ်လာသည်။
ထို့နောက် systemက ပြောလာသည်။
"ရှန်းယိုလင် အခြေအနေက တော်တော်ကောင်းနေပြီ၊ကြည့်ရတာသူမဘဝရဲ့ ဘဝလက်တွဲဖော်ကိုတွေ့နေပြီ"
ဒီစကားကို ကြားတော့ ချန်လီကောက
"ဘာ???ငါ့သမီးက ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတွေ ရှိနေပြန်ပြီ?????"
system- အဲဒါက သူမ၁၄နှစ်တုန်းကပါ အဲတုန်းက သူရီဟွိုင်ကို သဘောကျခဲ့တာပါ
ချန်လီကောက ခဏလောက်ဝမ်းနည်းလာပြီးသူ့ကိုယ်သူအပြစ်တင်ပြီးနောက် သူ့အခက်အခဲကို လက်ခံလာခဲ့သည်။
"အဲဒီလူက ဘယ်လို အခြေအနေရှိလဲ????"
system- မင်းထက်ပိုသာတယ်
ချန်လီကော-"........"
system-အင်း..အနည်းဆုံးတော့ မင်းထက် အရပ်ပိုရှည်တယ်
ချန်လီကောရဲ့ မျက်ရည်တွေ စီးကျလာသည်။ သူ့မိသားစု systemက သူ့ရဲ့အားနည်းချက်ကို ရှာတွေ့ပြီး အချိန်မဆွဲဘဲချက်ချင်း အရှိန်မြင့်တင်ပြီး ရိုက်ချက်လိုက်သည်လေ။
systemအသိပေးပြီးမကြာခင် ရှန်းယိုလင်ရဲ့ချစ်သူနဲ့ သူတွေ့ခဲ့ရသည်။
အဲဒီအချိန်တုန်းက သူက ကားထဲမှာ ရီဟွိုင်နဲ့ ထိုင်နေခဲ့ပြီး ဆိုင်တစ်ဆိုင်ထဲက ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက်ကို လက်ချင်းချိတ်ပြီးထွက်လာတဲ့ ရှန်းယိုလင်ကို မြင်ခဲ့ရသည်။
ချန်လီကောရဲ့ အသားအရေဟာ ခဏအတွင်း
ပြိုလဲလာရသည်။
ရီဟွိုင်အပြုအမူတွေလည်း လှုပ်ရှားသွားရသည်။ တကယ်တော့ ဒီကိစ္စကို ချန်လီကောမသိခင်ကတည်းက သူကြားပြီးသားပါ ချန်လီကောရဲ့ စိတ်အခြေအနေ မကောင်းသေးဘဲ ပြောရင် အနာပေါ်တုတ်ကျသလိုဖြစ်သွားမှာစိုးလို့ သူ့စိတ်အခြေအနေပြန်ကောင်းလာမှ နားဝင်အောင်ပြောဖို့ စဉ်းစားထားတာဖြစ်သည်။
တခြားတစ်ဖက်ကပြောရင်လည်း သူတို့ကိုလက်ပူးလက်ကြပ်မိသွားတော့ ကောင်းတာပေါ့လေ။
ချန်လီကောက ကားထဲကနေ ဆင်းချလာပြီး
ရှန်းယိုလင်ဆီ လမ်းလျှောက်သွားခဲ့သည်။
ရှန်းယိုလင်က သူမအဖေကို မြင်တော့ တော်တော်လေးကြောက်လန့်သွားသဖြင့် သူမဘေးနားက ထိုလူကမေးလာသည်။
"မင်းဘာဖြစ်နေတာလဲ????"
ရှန်းယိုလင်က သူမမျက်နှာအမူအရာကို ချက်ချင်း ပြောင်းလိုက်ပြီး ပြောလာသည်။
"ရှောင်ဇယ်၊ ဒါ ကျွန်မအဖေပါ"
ရှောင်ဇယ်လို့ခေါ်တဲ့ကောင်လေးက သူ့ချစ်သူစကားကိုကြားတော့ ချန်လီကောကို ထိတ်ထိတ်လန့်လန့်ကြည့်လာသည်။ထို့နောက် သူ့မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလိုက်ပြီး တစ်ရာရာခိုင်နှုန်းလောက်ပြုံးပြလာသည်။
"မင်္ဂလာပါ ဦးလေး၊မင်္ဂလာပါ ဦးလေး ကျွန်တော်က ရွှီဇယ်ပါ ယိုလင်ရဲ့ချစ်သူပါ"
ရှန်းယိုလင်က သူ့အဖေရဲ့ အမူအရာတွေကိုလိုက်ကြည့်နေလိုက်ပြီး တံထွေးမြိုချနေလိုက်သည်။တကယ်တော့ သူမလည်းနားမလည်ခဲ့ပါ။သူမအဖေက သူမ ရီဟွိုင်ကို သဘောကျတုန်းက ပွင့်လင်းမြင်သာခဲ့ပြီး အခုလူပြောင်းသွားတော့မှ သူ့အခြေအနေက မကောင်းခဲ့ပေ။
ချန်လီကောက ရီဟွိုင်နဲ့ထိုကောင်လေးနဲ့ကို သူ့စိတ်ထဲမှာ ႏွိုင်းယွဥ်နေမိသည်။ရီဟွိုင်ဆိဳတာက သူဒီကမၻာကို ကူးပြောင်းလာကတည်းက သူသိခဲ့တဲ့ သူ့ရဲ့သမက်လောင်းလေ။
ဒါ့အပြင် ရှန်းယိုလင်က အခုသူ့ကိုမကြိုက်တော့ဘူးဆိုတော့...........
ရွှီဇယ်တစ်ကိုယ်လုံးကို ချန်လီကောက ဝါးစားမတတ်ကြည့်နေပြီး ရွှီဇယ်ခဗျာမှာလည်း စိုက်ကြည့်ခံရလွန်းလို့ ပြာကျမတတ်ဖြစ်နေလေသည်။
"အဖေ....အဖေက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ????တိုက်ဆိုင်လိုက်တာ....."
"အင်း...တိုက်ဆိုင်တာပဲ..."
ရှန်းယိုလင်က ပြုံးစစနဲ့ မေးလာတော့ ချန်လီကောက အေးစက်စွာ ပြန်ပြောလာသည်။
ချန်လီကောက ရှန်းယိုလင်ကို ကြည့်ပြီး သက်ပြင်းချလျက်....
"ထားလိုက်ပါတော့လေ၊မင်းလည်းအရွယ်ရောက်လာပြီပဲ အဖေမင်းကို မစီမံနိုင်တော့ပါဘူးလေ"
ရှန်းယိုလင်က သူမအဖေစကားကို ကြားတော့
သူမနှလုံးတွေနာကျင်လာပြီး သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိပေ။
"အဖေ အဲလိုကြီး မနေပါနဲ့ သမီးက အဖေ့ကိုအမြဲချစ်ပြီးသားပါ"
ချန်လီကောက ရှန်းယိုလင်ရဲ့စကားကြောင့်
ခေါင်းမော့ကြည့်လိုက်တော့ သူမခေါင်းပေါ်က ဘားတန်းက ရှေ့ဆက်သွားနေတာကိုတွေ့လိုက်ရသည်။သူက သူ့နှလုံးသားထဲက မျက်ရည်တွေကိုဘသုတ်ရင်း ရီဟွိုင်ကို တိုးတိုးလေး ပြောလာခဲ့သည်။
"သွားစို့"
ရီဟွိုင်က ချက်ချင်း ချန်လီကောရဲ့ နောက်ကပြေးလိုက်သွားသည်။
......................................................................
အန်းဂတ်စ် အသတ်ခံရတဲ့ကိစ္စက အဖြေထွက်လာခဲ့သည်။အဲဒါဘာလို့လဲဆိုတော့ Nနိုင်ငံက သူ့ရန်သူတွေက သူ့ကို အခွင့်ရေးရတုန်း လေဆိပ်က အိမ်သာထဲမှာ သတ်ခဲ့ခြင်းသာဖြစ်သည်ဟူ၍ပင်....
ချန်လီကောက စကားတစ်ခွန်းမှ မပြောခဲ့ပေမဲ့ သူ့မျက်နှာပေါ်မှာ သူအလှောင်ခံရသည့်အရိပ်က ဖြတ်ပြေးနေလေသည်။
ရီဟွိုင်က အဲဒီနေ့ညက အကြောင်းကို ထပ်မပြောပြရဲပေ၊ချန်လီကောအခြေအနေ ပိုဆိုးသွားမှာကြောက်လို့သာဖြစ်သည်။
တကယ်တော့ ရီဟွိုင်ထင်သလိုမျိုး ချန်လီကောက မပျော့ညံ့ပေ။ဒီလောကထဲမှာ သူအများကြီးတွေ့ကြုံခဲ့ပြီးပြီ။လူတစ်ယောက်က သူ့ကိုတစ်ကြိမ်စော်ကားတာနဲ့ပဲသတ်သေစရာလား???
စိတ်ပျက်စရာကောင်းပေမဲ့ ခွေးတစ်ကောင်ကိုက်ခံဖူးတော့ရော ဘာအရေးလဲ?????
ထို့အပြင် ရီဟွိုင်က ဒီအတောအတွင်းမှာ သိတတ်နေပြီး ချန်လီကောရဲ့ အလုပ်အများစုကို ကူညီပေးလာသည်။အစတုန်းက သူက နူးညံ့ညင်သာပေမဲ့လည်း ချန်လီကောဆီက အများကြီး သင်ယူပြီးတဲ့နောက် သူအလုပ်မြန်မြန်ဆန်ဆန် လုပ်နိုင်လာသည်။တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုလုံးကိုပါ သူစီမံလာနိုင်သည်။
ရီဟွိုင်က အလွန့်ကို အကင်းပါးသောကြောင့် ချန်လီကောရဲ့ စိတ်အခြေအနေကို ရိပ်စားမိသဖြင့်
ရှန်းယိုလင်ကို ကုမ္ပဏီကို ဦးစီးချင်သလားလို့မေးလာခဲ့သည်။သို့သော် ထိုကောင်မလေးက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလာခဲ့သည်။
"အစ်ကိုရီ ရှိတာပဲ အဖေဒုက္ခမရောက်လောက်ပါဘူး"
ချန်လီကောက ဒီစကားကို ကြားတော့ ရယ်မောလျက် မေးလာသည်။
"မင်းရဲ့အစ်ကိုရီကို မင်းဒီလောက်တောင် ယုံတယ်ပေါ့???"
ရှန်းယိုလင်က ပြုံးလျက်....
"သမီးက အဖေ့အမြင်ကို ယုံတာပါ" ပြောလိုက်သည်။
ဒီကောင်မလေးက ချန်လီကောကို စိတ်ချမ်းသာအောင်ပြောတတ်လေသည်။
ရှန်းမိသားစုစီးပွားရေးကို ရီဟွိုင်လက်လွှဲယူလိုက်သောကြောင့် လူတစ်ချို့၏ မကျေမနပ်ခြင်းကိုခံရသည်။ချန်လီကောက ထိုမကျေမနပ်သံများကို လျစ်လျူရှုလျက် ဆုံးဖြတ်ချက်ပြတ်သားစွာ သူ့ဦးလေးတွေထဲက တစ်ယောက်ကို ဥပမာအနေနဲ့အိမ်က နှင်ထုတ်လိုက်သည်။
အဲဒီဦးလေးက အိမ်တော်ရဲ့အပြင်ဘက်မှာ မတ်တပ်ရပ်နေပြီး ဆဲဆိုကျိန်းမောင်းနေသည်။
ချန်လီကောကလည်း ယဉ်ကျေးတဲ့သူမဟုတ်ငည့်အတွက် သူ့သေနတ်ကိုထုတ်လျက် သူ့ဦးလေးရဲ့အင်္ကျီလက်ကို အပေါက်ဖြစ်အောင် ပစ်လိုက်သည်။
ထိုအခါမှ သူ့ဦးလေးကြောက်ရွံ့သွားပြီး မျက်နှာဖြူဖျော့သွားသည်။
ရီဟွိုင်က ချန်လီကောရဲ့ နောက်ကရပ်လျက် ချဉ်သလိုချိုသလိုခံစားလာရသည်။
"သခင် ဒါကသင့်တော်လို့လား???"
သူက မနေနိုင်မထိုင်နိုင်မေးလာခဲ့သည်။
ချန်လီကောက သူ့ကိုခေါင်းခါပြီး ပြုံးပြလာသည်။
"ရီဟွိုင် မင်းကငယ်သေးတယ်...ဒီလောကမှာ သွေးသားတော်စပ်လည်း မယုံရဘူးကွ"
ရီဟွိုင်က စကားမပြောနိုင်တော့........
"ငါ့အဖေသေတုန်းက ငါက ဆယ်ကျော်သက်တစ်ယောက်ပဲ ရှိသေးတယ် ဒီလူတွေကငါ့ကို တစ်ကြိမ်တစ်ခါတောင် မကူညီခဲ့ဘဲ အသားတစ်ကို ဝိုင်းနေကြတဲ့ တောခွေးအုပ်စုလိုကြည့်နေခဲ့ကြတာ သူတို့ကို ရှန်းမိသားစုထဲ နေခိုင်းထားတာတောင် မျက်နှာသာပေးလွန်းနေပြီ"
အဲဒီအခါမှ ရီဟွိုင်လည်း နားလည်သဘောပေါက်လာပြီး လူငယ်လေး ရှန်းယွီချန် သူ့ခါးသေးသေးလေးကို ဖြောင့်အောင်မတ်ရင်း အခက်အခဲတွေကို ခါးစီးခံရသည့်ပုံရိပ်ကို ပြေးမြင်လာသည်။
အဲဒီတုန်းက သူ့သခင်တော်တော်ဒုက္ခရောက်ခဲ့မှာပဲ၊သူသာ စောစောမွေးလာရင် သူ့သခင်ကို ကူညီခွင့်ရခဲ့မှာပဲ။
သို့သော်လည်း ဒါတွေအားလုံးက ရီဟွိုင်ရဲ့စိတ်ကူးတွေသာဖြစ်ပြီး လက်တွေ့မှာတော့ ရှန်းယွီချန်က လေတွေမိုးတွေတိုက်ပါစေ သူ့အကိုင်းအခက်တွေကို မြန်မြန်ဖြန့်ကားနိုင်ပြီး ဘယ်သူမှ လာရောက်မချိုးပစ်နိုင်တဲ့ အတက်အလက်တွေဝေဆာတဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ကျရောက်ခဲ့ပြီလေ။
ထိုကြားထဲတွင်တောင် ရီဟွိုင်ရဲ့အတွေးတွေက အလင်းရောင်ကိုမမြင်နိုင်ခဲ့။ထိုအတွေးတွေကို ရှန်းယွီချန်သာ သိသွားပါက သူ့သေနတ်ကိုထုတ်ပြီးသေချာပေါက် သူ့ကိုပစ်သတ်လိမ့်မည်သာ။
ရီဟွိုင်ရဲ့ စိတ်အခြေအနေက အတွေးတွေအရမ်းများလွန်းသည်သာမက အလုပ်တွေပါဖိစီးပြီး
ဖျားလာလေတော့သည်။
ချန်လီကောသူ့ကို ဖျားနေမှန်း ရှာတွေ့တော့ ရီဟွိုင်က စာကြည့်စားပွဲမှာ ထိုင်နေတုန်းပင်ဖြစ်သည်။
အရင်က သူဘာလို့ ကျောင်းမသွားသလဲ ချန်လီကောက မေးတော့ ကျောင်းသင်ခန်းစာတွေကို
ကိုယ်တိုင်လေ့လာဖို့အချိန်ရောက်လို့သာ မသွားတာဖြစ်ကြောင်း သူကပြောခဲ့သည်။