ချန်လီကော ဘားထဲဝင်လာတော့ လူမရှိတာကိုတွေ့လိုက်ရသည်။
အနီးနားက ကောင်တာနားရောက်တော့ အန်းဂတ်စ်ကို အရက်စပ်ပေးတဲ့သူနေရာရောက်နေတာကိုတွေ့လိုက်ရသည်။
လိင်တူချစ်သူတစ်ယောက်အနေနဲ့ပြောရရင်
အန်းဂတ်စ်က အရမ်းဆွဲဆောင်မှုရှိသည်။ထို့အပြင် သူ့၏ အရက်စပ်ဝတ်စုံကလည်း သူ့ချောမောမှုကို ပံ့ပိုးပေးနေလေသည်။
"မင်းရောက်လာပြီလား???"
အန်းဂတ်စ်က ရယ်လျက် ပြောလာသည်။
"ကိုယ်မင်းအတွက် ဝိုင်တစ်ခွက် စပ်ပေးမယ်
မင်းမြည်းကြည့်မလား????"
ချန်လီကောက သူကမ်းပေးလာတဲ့ ခွက်ကို ကြည့်လာရင်း တစ်ငုံသောက်လိုက်သည်။သူသိသည်
အန်းဂတ်စ်က ဘယ်လောက်ပဲ ပေါ့ပျက်ပျက်နိုင်ပါစေဦး အရက်ထဲဆေးခပ်မဲ့သူမဟုတ်မှန်း။ထို့ကြောင့် သူလူများများ မခေါ်ခဲ့မိဘူး။
ဝိုင်က ပါးစပ်ထဲ ဝင်လိုက်တာနဲ့ ပြင်းရှရှနိုင်လှသည်။ထို့ကြောင့် သူမျက်ခုံးတွန့်မိသော်လည်း
လျှာနောက်ကိုရောက်သွားတဲ့အခါမှာတော့ ပူပြင်းရှတတနိုင်တဲ့အရသာကနေ ချိုမြိန်တဲ့အရသာသို့ ပြောင်းသွားသည်။အဲဒါက တဖြည်းဖြည်းနဲ့ သူ့လည်ချောင်းကနေ ဗိုက်ထဲသို့ ရောက်သွားသည်။
ချန်လီကောက သူ့လက်ကို ပါးစပ်လေးနဲ့ အုပ်လျက် ချောင်း တိုးတိုးလေး ဆိုးလိုက်သည်။
"ဘယ်လိုနေလဲ???"
အန်းဂတ်စ်က မေးလာသည်။
ချန်လီကောက မဖြေချင်ပေမဲ့ နောက်ဆုံးမှာတော့ ဝိုင်ကို သူချီးကျူးမိသွားသည်။
"ကိုယ်က တရုတ်သွေး ၈ပုံတစ်ပုံလောက် စပ်တယ်လေ....ကိုယ့်အဘွားက ကပြားလေ"
ချန်လီကောက သူ့ကို ပျင်းရိစွာကြည့်လိုက်ပြီး
ဘာမှမပြောပေ။
အန်းဂတ်စ်က ထပ်ပြောလာသည်။
"ကိုယ်တရုတ်နိုင်ငံကို သဘောကျတယ်..ဒီနိုင်ငံက အတော်လှတယ် အင်း..လူမျိုးတွေကလည်း
အရမ်းလှတယ်လေ..အထူးသဖြင့် မင်းလိုလူပေါ့"
အန်းဂတ်စ်က ရယ်ရင်း နောက်ဆက်တွဲစကားကို
ဆက်ပြောလာသည်။
"မင်းအဘွားက မင်းကိုမသင်ပေးလိုက်ဘူးလား
တရုတ်ယောက်ျားတွေကို အလှလေးလို့မခေါ်ရဘူးဆိုတာ"
"မသင်ပေးလိုက်ဘူး...ဘာလို့လဲဆိုတော့ ကိုယ့်အဘွားက ကိုယ်ကလေးတုန်းက ဆုံးသွားလို့လေ"
ချန်လီကောက ဝိုင်တစ်ငုံ ထပ်သောက်လိုက်သည်။
"ကိုယ်ဒီတစ်ခေါက် တရုတ်ကိုပြန်လာတာ
မင်းနဲ့တွေ့ဆုံရလို့ ကိုယ့်အတွက် အကောင်းဆုံးသောဆုလာဘ်ကြီးရလိုက်သလိုပဲ"
ချန်လီကောက မေးထောက်လိုက်ရင်း သူ့လက်ထဲက ဝိုင်ခွက်ကို လှုပ်ရမ်းလိုက်ပြီး ပြောလာသည်။
"ငါက မင်းရဲ့ ဆုလာဘ်မဟုတ်ဘူး"
အန်းဂတ်စ်က ဒါကိုကြားတော့ ရယ်လိုက်သည်။
သူက အနီရင့်ရောင် ကော့တေးတစ်ခွက်ကို ထပ်ဖျော်ပေးလျက် ကမ်းပေးလာသည်။
"ဒါလေးစမ်းကြည့်ဦး"
ချန်လီကောက လက်ခံလိုက်ပြီး အရသာခံကြည့်တော့ အရသာက အရမ်းချိုလွန်းနေသည်။သူက
သူ့မျက်ခုံးတွေကို တွန့်ချိုးလျက် ပြောလာသည်။
"အရမ်းချိုလွန်းတယ်"
"ထပ်သောက်ချင်သေးလား???"
ချန်လီကောက နောက်တစ်ငုံထပ်သောက်လိုက်တော့ အရသာကမတူတော့ဘဲ ချိုရာကနေ ပျော့လာသည်။သူ့လျှာတွေကလည်း အဲဒီအရသာကိုအသားကျနေသလို သူ့လျှာထဲမှာ နူးညံ့တဲ့အရသာလေး စွဲနေသည်။
ချန်လီကောရဲ့ မျက်နှာဖြူဖြူလေး နီရဲနေတာ အန်းဂတ်စ်မြင်တော့ သူ့မျက်လုံးတွေ တဖြည်းဖြည်းနဲ့ အခိုးတွေပြည့်လာသည်။သူက စိတ်ချချပြုံးရင်း မေးလာသည်။
"အခုရော ဘယ်လိုနေလဲ???"
"မဆိုးပါဘူး"
အန်းဂတ်စ်က တတိယခွက်ကို ထပ်ကမ်းပေးလာသည်။
ချန်လီကောက သူ့စိတ်ခံနိုင်ရည်ပြိုလဲစပြုလာတာကြောင့် ပြောလာသည်။
"ငါထပ်မသောက်နိုင်တော့ဘူး"
"နောက်ဆုံးတစ်ခွက်"
ချန်လီကောက နည်းနည်းလေးသောက်တာ
ပြဿနာမရှိဘူးဟုတွေးကာ မငြင်းတော့ပေ။
အန်းဂတ်စ်က အပေါ်ပိုင်းမှာ အပြာအရစ်ရယ်
အောကျဆုံးမှာ လိမ္မော်ရောင်ပါတဲ့ ဝိုင်တစ်ခွက် ကိုကမ်းပေးလာခဲ့သည်။
"ဒါလေးစမ်းကြည့်ပါဦး"
ချန်လီကောက တစ်ငုံသောက်ပြီး အရသာမရှိတာကိုတွေ့လိုက်ရသည်။
"အရသာလည်း မရှိဘူး"
အန်းဂတ်စ်က သူ့ကို ပြောလာသည်။
"အရသာမရှိဘူးဆိုမှ မှန်မှာပေါ့"
ချန်လီကော စပြီးမူးနောက်နောက်ခံစားလာရသည်။ထို့နောက် သူ့ကိုယ်သူ မူမမှန်မှန်း သိလိုက်ပြီး သူ့သွားတွေကိုကြိတ်ရင်း ပြောလာသည်။
"အန်းဂတ်စ်....... မင်း"
"အာ...သူဌေးရှန်း က ကိုယ်တို့ မိသားစုအကြောင်းကို မသိလို့ပါ ကိုယ်တို့မိသားစုအလိုရှိရင် ကိုယ်တို့ရဲ့ ဦးနှောက်တွေဖျက်ပစ်ရမယ်ဆိုရင်တောင် ရအောင်ယူတတ်ကြတယ်...အဲဒီသန်းတစ်ရာအမှာစာအစား သူဌေးရှန်းကိုရတာ တန်ပါတယ်"
ချန်လီကောက စကားထပ်ပြောချင်သေးပေမယ့် ကမ္ဘာကြီးတစ်ခုလုံးက သူ့မျက်စိထဲမှာ ချာချာလည်နေလေပြီ။
အန်းဂတ်စ်က သူ့ဆီရောက်လာပြီး ချန်လီကောကိုမလိုက်သည်။မျက်ခွံတွေလေးစပြုနေသည့်
ချန်လီကောကို သူက ကြည့်လိုက်သည်။ထို့နောက် သူ့ခေါင်းကို ငုံ့ကာ ချန်လီကောရဲ့နဖူးကို တစ်ချက်နမ်းလိုက်သည်။
"မစ္စတာရှန်း မင်းဘယ်လောက်တောင်လှနေသလဲဆိုတာ မင်းမသိဘူး"
အန်းဂတ်စ်က ပြောလာလျက် သူ့လက်ထဲက အလှလေးက ဆီဆေးပန်းချီကားတစ်ချက်နဲ့တူသည်ဟု သူကတွေးလိုက်သည်။သန်းတစ်ရာကိုရင်းပြီးမှ ဒီလိုအဖိုးတန် ဆီဆေးပန်းချီကားလေးကို ရတာ သူ့အတွက် တန်ပါတယ်လေ....
ချန်လီကောသာ သတိရှိသေးရင် သူဒီနိုင်ငံခြားသားကို သူ့အကြောင်း ကောင်းကောင်း သိအောင်ပြုလုပ်လိမ့်မည်။သန်းတစ်ရာကို နင်းခြေပြီး သူ့ကိုသတ်လိမ့်မည်။
အန်းဂတ်စ်က ချန်လီကောကို အပေါ်ထပ်ကိုခေါ်သွားသည်။ထို့နောက် သူ့အိပ်ရာပေါ်မှာ ချန်လီကော၏ လက်နဲ့ခြေထောက်တွေကို အထူးပြင်ဆင်ထားသည့် ဖဲသားအနက်ရောင်ကြိုးနှင့်
ချည်ထားလိုက်သည်။
ဘားထဲက အလင်းရောင်က တဖြည်းဖြည်း မှိန်လာပြီး မြင်ရဖို့မလွယ်ကူတော့ပေ။အခုတော့
အလင်းရောင်က သူ့ရှေ့က အလှတရားလေးကို
အန်းဂတ်စ် မြင်နိုင်ရုံလောက်သာ ရှိတော့သည်။
ချန်လီကောရဲ့ နူးညံ့တဲ့ အသားဖွေးဖွေးလေးကို ကြည့်ပြီး ပိုင်ဆိုင်ချင်စိတ်တွေ အလွန်ပြင်းထန်လာလေသည်။
"ဒုန်း ဒုန်း ဒုန်း!!! "
တံခါးကျိုးမတတ် ထုနေသော အသံထွက်လာခဲ့သည်။
ဒီအချိန်ကြီး ဘယ်သူလာတာလဲဆိုပြီး အန်းဂတ်စ် အံ့သြသွားသည်။သူက တံခါးဆီသို့လမ်းလျှောက်သွားပြီး တံခါးကို ဖွင့်လိုက်တော့
ထိုလူက မျက်မှောင်ကြုတ်လိုက်ရင်း သူ့ကိုမြေကြီးပေါ်သို့ ဆောင့်ကန်ချလိုက်သည်။
ထိုသူက ရီဟွိုင်ဖြစ်ပြီး သူတစ်ကိုယ်လုံးက လေအေးတွေထုတ်လွှတ်နေသည်။သူက မြေကြီးပေါ်လဲကျနေသည့် အန်းဂတ်စ်ကို ကြည့်လိုက်ပြီး အချက်ပေါင်းများစွာ စကန်တော့သည်။
အန်းဂတ်စ်က ပြန်မတိုက်ခဲ့ဘူး။ဘာလို့လဲဆိုတော့ သူရှန်းယွီချန်ကိုတောင် နိုင်အောင်မတိုက်နိုင်သောကြောင့် ဖြစ်သည်။
ရီဟွိုင်က သူ့သွားတွေကျိုးမတတ်ကြိတ်ရင်း
ပြောလာသည်။
"မင်း အယုတ်တမာကောင် မင်းငါ့သခင်ကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
အန်းဂတ်စ်က ချောင်းဆိုးလိုက်ပြီး တစ်ခွန်းမှ မထွက်နိုင်တော့။
"သခင်"
အန်းဂတ်စ်ကို တွန်းထုတ်လိုက်ရင်း ချန်လီကောဆီသို့လျှောက်သွားသည်။
အနက်ရောင်ကုတင်ထက်မှာ အသိစိတ်မရှိတော့တဲ့ လူတစ်ယောက် လဲလျောင်းနေလေသည်။
သူ့မျက်လုံးတွေ၊ခြေထောက်တွေလက်တွေက
အနက်ရောင်ဖဲကြိုးတွေနဲ့ ချည်ခံထားရသည်။
"သခင်"
ရီဟွိုင်ရဲ့အသံကက တိုးလျနေပြီး သူ့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေဝင်လာသောကြောင့်
သူ့ဆန္ဒတွေကို ချိုးနှိမ်ထားရပြန်သည်။
ရီဟွိုင်က အန်းဂတ်စ်ကို ပြန်ကြည့်လာရင်း
အန်းဂတ်စ်ရဲ့လည်ပင်းကို သတိမေ့အောင်ရိုက်ချလိုက်သည်။အန်းဂတ်စ်သတိမေ့သွားတော့ ဘေးကအခန်းထဲကို ဆွဲခေါ်သွားပြီး ကြိုးတစ်ချောင်းနဲ့တစ်ကိုယ်လုံးကို ချည်ထားလိုက်တော့သည်။
ထို့အပြင် သူ့ရဲ့ပါးစပ်ထဲမှာလည်း အဝတ်စနဲ့ ဆို့ထားလိုက်သည်။ထို့နောက်မှာမှ ရေချိုးခန်းထဲ ပြန်ခေါ်လာပြီး အန်းဂတ်စ်ကို အထဲသွင်းကာ တံခါးလော့ချထားလိုက်သည်။
ချန်လီကောက အိပ်ပျော်နေတုန်းဖြစ်သည်။
သူက စုန်းမရဲ့ကျိန်စာကြောင့် လဲလျောင်းနေတဲ့
မင်းသားလေးတစ်ပါးနှင့်တူနေလေသည်။
ရီဟွိုင်က သူ့ကို ငုံ့ကြည့်လိုက်ပြီး....
"သခင်"
ဟု တိုးလျစွာ ခေါ်လာသည်။
ချန်လီကောက ပြန်မပြောနိုင်ပေ။
"သခင်....ကျွန်တော် တောင်းပန်ပါတယ်"
ထို့နောက် သူက ချန်လီကောရဲ့ မျက်လုံးတွေကို
အနက်ရောင် အဝတ်နဲ့အုပ်ထားလိုက်သည်။
ချန်လီကောက တစ်ခုခုကိုခံစားမိပြီး သူ့ခန္ဓာကိုယ်ကကြောက်နေသလို ရွေ့လျားလာသည်။
"သခင်....ကျွန်တော်...မင်းကို သဘောကျတယ်"
ရီဟွိုင်က ချန်လီကောရဲ့ အင်္ကျီက ကြယ်သီးတွေကိုဖြုတ်လိုက်ရင်း ဆက်ပြောလာသည်။
"သခင့်ကို စတွေ့ကတည်းက ကျွန်တော် နက်နက်ရှိုင်းရှိုင်းကို ချစ်မိသွားတာ"
ချန်လီကောရဲ့ နှုတ်ခမ်းလေးတွေက နီရဲနေပြီး
သွေးရောင်သမ်းနေလေသည်။ရီဟွိုင်က သူ့ခေါင်းကို တဖြည်းဖြည်း ငုံ့ချလိုက်ပြီး ချန်လီကောရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။
သူ့သခင်ကတော့ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုမက်နေလေသည်။သို့သော်လည်း ဒီအိပ်မက်ထဲမှာပင် သူက လိုအင်ဆန္ဒတွေ ပြင်းပြနေသောကြောင့် အပြင်ဘက်က ရီဟွိုင်ကလည်း သူ့ပုံစံကြည့်ပြီး ထိန်းချုပ်နိုင်စွမ်းလျော့နည်းသွားလေသည်။
ချန်လီကောက သူ့ကိုယ်သူ ဝေတွေဝါးတား အိမ်မက်ထဲမှာ ပိတ်မိနေခဲ့သည်။
ထိုအိပ်မက်ထဲမှာ သူက သနားစရာကောင်းတဲ့
ဂျုံလုံးလေးတစ်လုံး ဖြစ်နေပြီး သူ့ကို တစ်စုံတစ်ယောက်က သူအလိုရှိသလို နယ်လိုက်လှိမ့်လိုက် ဖိလိုက် လုပ်နေလေသည်။သူက စိတ်မသက်မသာခံစားရပြီး သူ့ကို ထိုသူက နေရာအမျိုးမျိုးကနေ အပေါ်အောက်မြှောက်နေလေသည်။နောက်ဆုံး သူခေါင်းတွေအရမ်းကိုက်လာပြီး "မလုပ်ပါနဲ့"လို့ အသံထွက်ငိုလာသည်။
ထိုအသံကြောင့် သူ့ကိုလုပ်နေသောသူသည် ရပ်သွားပြီး ခဏကြာ အညှာအတာမရှိ ဆက်လုပ်လာပြန်သည်.......
နောက်ဆုံးတော့ ချန်လီကောရဲ့စိတ်က မရှင်းမလင်းဖြစ်နေဆဲပေမယ့် အသိလည်းရှိမနေခဲ့ပေ။
သူ့မျက်လုံးထဲမှာ အမှောင်ထုကိုပဲ မြင်နေရသည်။သူ့မျက်လုံးကနေ မျက်ရည်တွေ စီးကျလာပြီး သူ့ကိုစည်းထားတဲ့ အမည်းရောင်အဝတ်စကို
စိုစွတ်လာခဲ့သည်။သူကြောက်လန့်စွာ နာမည်တစ်ခုကို ဟစ်အော်ခဲ့သည်။သို့သော် သေချာတာကတော့ ဘယ်သူ့နာမည်ကိုသူခေါ်မိလဲ မမှတ်မိတော့.........
..................................
နောက်တစ်နေ့မနက်မှာတော့ သူနိုးလာခဲ့သည်။
သူက သူ့မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လာပြီး ခံစားလိုက်ရတာက သူ့ခန္ဓာကြီးတစ်ခုလုံးပြိုလဲနေသလိုပင်........
သူက သူ့လက်ကောက်ဝတ်ပေါ်က အနီရောင်အမှတ်တွေကို မြင်လိုက်တော့ ကွဲအက်နေတဲ့အသံနဲ့ systemကိုပြောလာသည်။
"ထုံအာ"
systemက တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့.....
[T/N systemက liveကြည့်လိုက်ရလို့ ကြေကွဲနေပါတယ်ဆို😂]
"အင်း....အရက်...အရက်...သောက်ကောင်းကျိုးမပေးတဲ့အရက်"
system-အဲဒီတော့
ချန်လီကော- အဲဒီတော့ မူးနေပြီး ဘာမှမသိတော့
ခံစားလို့ မကောင်းတော့ဘူးပေါ့
သူ့ခေါင်းတွေ မူးဝေနေပြီး ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က အမှတ်အသားတွေကြောင့် သူဘာမှမမှတ်မိရင်တောင် ဘာဖြစ်ခဲ့တာလဲဆိုတာ သိသည်။
system-အဲဒီတော့?????
ချန်လီကောက ဝမ်းနည်းစွာ ပြောလာသည်။
"ဝူးဝူးဝူး ငါ့ခန္ဓာကိုယ် မသန့်ရှင်းတော့ဘူး ဝူးဝူးဝူး"
system-အဲဒါ မင်းအကြောင်းရှာလို့ရမဲ့ အချက်လား???
သူ့အကြံကို သူ့systemက သိနေတာကို ချန်လီကောက အံ့သြနေလေသည်။သူက သက်ပြင်းချရင်း ပြောလာသည်။
"ရှန်းယွီချန်ရဲ့ လိင်စိတ်အရ ငါတို့သူ့အစား အပြစ်သားကို ဖမ်းပေးရတော့မှာပေါ့"
system-ခဏလေး ငါဇာတ်ညွှန်းအသစ် ဒေါင်းလုတ်ဆွဲနေတယ်
"ဟင်.....ဒေါင်းလုတ်ဆွဲနေတယ်....... အရင်တစ်ခုက ဖျက်ပစ်လိုက်ပြီလား???"
systemက ထိုနေ့ညက သူ့ဝိဉာဉ်တွေ ဖန်ကွဲစလို
ကွဲကြေသွားသလို ခံစားခဲ့ရသည်။ထို့နောက် နှလုံးသားကလည်း ဓားနဲ့ထိုးသလို သွေးစိမ်းရှင်ရှင်ထွက်နေလေသည်။အဆုံးမှာတော့ ဘာဖြစ်လို့များ သူက ချန်လီကောကို လိင်တူဆက်ဆံရေးမတည်ဆောက်နိုင်တော့ဘူး ကလေးမွေးစားလည်း ဘာမှမဖြစ်တော့ဘူးလို့များထင်ခဲ့ရတာပါလိမ်....အခုတော့ မနေ့ညကအဖြစ်အပျက်က သူလုံးဝမထင်ထားခဲ့သော ဇာတ်ကွက်ပင်ဖြစ်နေပြီး သူ့မျက်နှာကို ရိုက်ချလိုက်သလို ခံစားလိုက်ရစေသည်။
system-ပြီးပြီ
"ထုံထုံ မင်းဘာလို့ ဝိဉာဉ်လွင့်နေသလိုကြီးဖြစ်နေရတာလဲ???"
systemက တော့ သူ့အတွေးထဲတွင်.....
(ငါတစ်ညလုံး မမျှော်မှန်းထားတာကြီး ကြည့်ရင်းအချိန်ကုန်ခဲ့တယ်ဆိုရင် မင်းယုံမှာလား ငါမင်းကို အဲဒါကြည့်ပြီးတာတောင်မှ ပျော်ပျော်ရွှင်ရွှင်နဲ့
"မင်္ဂလာနံနက်ခင်းပါ ဘေဘီ"လို့ နှုတ်ဆက်နိုင်ဦးမယ် မင်းထင်လား)
Note- ပြိုင်ကားမျှော်နေသူများ လာပါပြီ။နောက်ပိုင်းအလုပ်တွေရှုပ်နေလို့ နေ့တိုင်းတော့တင်ပေးပါမယ် အချိန်တော့ တိကျချင်မှတိကျပါတော့မယ် BTW systemအတွက် မျက်ရည်နှစ်စက်ကျလိုက်ကြရအောင်😂