မူပိုင်

By Thithipyaeaung

152K 11.2K 415

ရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ More

Uni Pt.1
💗💗
pt.2
Pt.3
Pt.5
Pt.6
Pt.7
Pt .8
Pt.9
Pt.10
Pt.11
🌲☃️
Pt.12
Pt .13
Pt.14
pt.15
pt.16
Pt.17
Pt 18
Pt .19
Pt.20
Pt .21
pt.22
pt.23
Pt.24
pt.25
pt.26
Pt.27
Pt.28
Pt.29
Pt.30
Pt.31
Pt .32
Pt.33
Pt.34
Final
Extra ✨
Zawgyi Pt .1
💗💗
Pt .2
Pt 3
Pt .4
Pt.5
Pt.6
Pt.7
Pt.8
Pt.9
Pt .10
Pt .11
🌲☃️
Pt.12
Pt .13
Pt. 14
Pt .15
Pt.16
Pt.17
Pt.18
Pt.19
Pt .20
Pt.21
Pt .22
Pt.23
Pt.24
Pt .25
Pt.26
Pt .27
Pt .28
Pt.29
Pt.30
Pt.31
Pt.32
Pt .33
Pt.34
Final
Extra

Pt.4

4.7K 391 10
By Thithipyaeaung

"အင်းးးးးးငါနိုးလာတာလားးး"

ဟိုက်7နာရီတောင်ခွဲနေပြီ ရုံးချိန်က9နာရီ ရေချိုး မနက်စာစားဦးမှာနဲ့ဆိုအခုထမှကွက်တိလောက်သာ

"အမလေးးးကွာ ကျောတွေနာနေတာဘဲ ဟိုအကြောတင်းကန်ထားတာ " တယောက်ထဲညည်းညူရင်းထရတော့သည်

ဒီလိုဒုက္ခတွေသည် အကြောတင်းနှင့်လက်ထက်ပြီးကတည်းကစ၍ ယခုထိတိုင်မနက်တိုင်းခံစားနေရသောအရာသာဖြစ်သည်

ဘာလို့ အတူတူအိပ်ကျတာလဲဆိုလျှင် ကျွန်တော့်အမေ၏ တချက်လွှတ်ရာဇသံ ကြောင့်သာ

မေမေသည်ဂျီမင်းကိုတော့အသေချစ်သည် ဂျီမင်းနဲ့သာဆို ကျွန်တော့်ကိုတောင်သူ့သားမဟုတ်တော့သလို

ဂျီမင်းသည်လည်း သူ့မိဘတွေဆီက မရခဲ့သော ဂရုစိုက်မှုတွေ ယုယမှုတွေအား ကျွန်တော့်မေမေနှင့်မှတွေ့ဖူး၍ အပြည့်အဝရရှိနေသောကြောင့် မေမေ့ကိုတော့သူချစ်ရှာသည်
မေမေ့ရှေ့တွင် ချစ်စရာအမူအရာများနှင့်ချွဲတတ်သည် စားချင်တာများလုပ်ကျွေးခိုင်းသည် ‌

တခါတလေ မေမေ့ပေါင်ပေါ် လှဲအိပ်၍ ချော့သိပ်ခိုင်းသေးသည်

ထိုအပြုအမူများမြင်ရလျှင် ကျွန်တော်သည် ပါးစပ်အဟောင်းသား

ပတ်ဂျီမင်းကြီး လူပြောင်းသွားသလိုအထူးအဆန်းငေးနေမိသည်

ကျွန်တော့်မေမေသည်လည်းထိုအပြုအမူများကိုလွန်စွာသဘောကျနေရချင်းဖြစ်မည်ထင်သည်

ကျွန်တော်တို့2ယောက်သည် မိဘများနှင့်အိမ်ခွဲနေနေခြင်း တစ်လတခါတော့သူ့မိဘအိမ် ကိုယ့်မိဘအိမ် ညစာသွားစားလေ့ရှိကျပါသည်
မေမေကတော့ကျွန်တော်တို့လက်ထက်ခါစတွင်အိမ်ခွဲမနေရန် သူမတို့နှင့်နေရန်အကြံပေးသော်လည်း ကျွန်တော်တို့အကြောင်းကျွန်တော်တို့သာသိသည်
ခဏခဏ ရန်ဖြစ်ပုံမျိုးနဲ့ မိဘများအားစိတ်မဆင်းရဲစေချင်ပါ ဒါကြောင့်ခွဲနေကျရန် သဘောတူခဲ့ချင်း

"ဂျွန်ဂျောင်ကု မင်းရေချိုးနေတာ ပြီးဦးမှာလား ငါလည်းချိုးဦးမှာမြန်မြန်ထွက်ခဲ့ "
"မင်းတယောက်တည်းအလုပ်သွားရမှာမဟုတ်ဘူးကွ ငါလည်းသွားရမှာ ရေချိုးရင်းသေနေတာလား "

တွေးရင်းချိုးရင်း အချိန်သည်မည်မျှကုန်သွားသည်မသိ အကြောတင်းရဲ့အသံစူးစူးကြားမှသာ သတိဝင်တော့သည်

"ငါ့လိုကြာကြာချိုးချင်ရင် စောစောထလေ "

"ဘာ ငနာကောင် ငါဒီအချိန်ထနေကျလေ မင်းဘာသာ ကြာနေတာကွ"

"အော် ဟုတ်လား အေးအေး နောက်တနာရီမှပြီးမယ် စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင် ဦးလေးဂျို ပန်းပင်တွေရေလောင်းတဲ့ ပိုက်ရှိတယ် အပြင်ဘက်ထွက်ချိုးပေါ့ကွာ"

"မင်း အကျင့်မယုတ်နဲ့နော် "
"အေးမင်းထွက်မလာရင် မင်း computerထဲက အရေးကြီးတဲ့ ဖိုင်‌တွေ ငါအကုန်ဖျက်ပစ်မှာ မလုပ်ရဲဘူးမထင်နဲ့နော် ငါ့အကြောင့်မင်းကောင်းကောင်းသိတယ်"

ဟာ သွားပြီ အဲ့အကြောတင်းကတကယ်လုပ်တဲ့အမျိုး

"လာပြီ အခုထွက်လာပြီ ဂျီမင်းး မင်းဘာမှမလုပ်နဲ့နော် "

ဂျလောက်

"ဟွန့် အစောကတည်းကထွက်ပေးရင်ပြီးနေပြီ "

ကျွန်တော့်အား တွန်းတိုက်ကာ‌ရေချိုးခန်းထဲဝင်သွားသောသူ

ကျွန်တော့်အလုပ်ဖိုင်တွေပြန်စစ်ကြည့်ရသေးသည် ပြောမရဘူးလေ အကြောတင်းအကြောင်း ကျွန်တော်သာအသိဆုံး

ကျွန်တော်လည်း ရုံးသွားရန် ပြင်ဆင်ကာ လိုအပ်သည့်ပစ္စည်းများထည့်၍ အောက်ထက်သို့ မနက်စာစားရန်ဆင်းခဲ့တော့သည်

"အကိုလေးဂျွန် မောနင်းး"

"ဟုတ် အာဂျီမား"

"ဟုတ် အကိုလေးဂျွန်"

"သခင်လေးမနက်စာစားတော့မလား ဒါမှမဟုတ် သခင်လေးဂျီကိုစောင့်ဦးမလားဟင်"

"အခုစားမှာ အာဂျီမား သူနဲ့ဘယ်တုန်းကအတူတူစားဖူးလို့လဲ "

"ကျွန်တော်စားနေကျအတိုင်းသာချပေးပါ အာဂျီးမား"

"ဟုတ် အကိုလေးဂျွန်"

အာဂျီးမား လာချပေးသောမနက်စာများ စားကာ အလုပ်အတွက်လိုအပ်သောဖိုင်များအားပြန်စီနေမိသည်

ထိုအချိန်တွင် ဆင်းလာပါပြီ အကြောတင်းး
ဝတ်ထားတာ အဖြူရောင်ဆွယ်တာအား ခြေတံများပိုမိုပေါ်လွှင်စေသောဂျင်းဘောင်းဘီကျပ်ကျပ်ဖြင့် ငွေမျှင်ရောင်ဆံနွယ်များအား လှန်ဖြီးမထားဘဲ ရှေ့သို့ပုံချထားသည် နားတွင်လှုပ်လီလှုပ်လဲ နားဆွဲများအား တပ်ဆင်ထားသေးသည်

လန်ပြန်နေအောင်ဝတ်မှာပေါ့ ဒီနေ့က သောကြာနေ့လေ
ဂျီမင်းသည် အလုပ်လုပ်ရာတွင်တိကျပြတ်သားကာ ကုမ္ပဏီဝန်ထမ်းများအပေါ်တွင်လည်းစည်းကမ်းကြီးသူတယောက်ဖြစ်သည်

ဂျီမင်းဝန်ထမ်းအားလုံး ကြီးငယ်မကျန် ဂျီမင်းအား ချစ်ကြောက်ရိုသေလေးစားကျသည်

ဂျီမင်းသည်သောကြာနေ့တရက် တွင်တော့ သူသဘောကျရာဝတ်တတ်သည်

ဝန်ထမ်းအားလုံးလည်း ထိုသောကြာနေ့တွင် ရုံးဝတ်စုံ မဟုတ်ဘဲ အခြားကြိုက်နှစ်သက်ရာများဝတ်နိုင်သည်

ဝတ်ချင်တာဝတ်နိုင်သည်ဆို၍ လွန်လွန်ကျွံကျွံတော့မဝတ်ရ

ထိုအရာများသည် အကြောတင်းချမှတ်ထားသော စည်းကမ်းများသာဖြစ်သည်

"ဘာကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ငါရုံးသွားတော့မယ်
အာဂျီးမားရေ ကျွန်တော်စားပြီးပီ "

" ဟုတ် သခင်လေးဂျွန်"

သူ့အားကြည့်နေတာသတိထားမိ၍ မေးလာသောသူအား ရုံးသွားတော့မည်သာပြန်ပြောခဲ့သည်

"အာဂျီးမာ ကျွန်တော့် ဂင်ချီထမင်းကြော်"

"ဟုတ်သခင်လေးဂျီ ရပါပြီ "

"ဝါးးး စားမယ်ဟေ့"

ကလေးတယောက်လိုကြုံးဝါးကာ စားသောက်နေသော သခင်လေးဂျီမင်းအား သဘောကျစွာကြည့်နေမိသည်

ဟုတ်ပါတယ် သခင်လေးဂျီမင်းသည် ဂင်ချီထမင်းကြော်အား တပတ်တွင် 4ရက်လောက်စားသည်
သူတအားကြိုက်ပါသည်ဟုလည်း ကျွန်မအားပြောပြထားပါသည်
သခင်လေးဂျီမင်းအား ဘာကြောင့်ဆိုးတယ်ဟု ပြောကျသလဲကျမ မသိပါ
ဒီလောက် ကလေးလေးလို ချစ်ဖို့ကောင်းနေ အပစ်ကင်းစင်နေတဲ့ဟာကို
တခါတလေ အကျင့်မသိမသာပုတ်တာလေးကတော့ ရိုက်ချင်စရာ

"ဦးလေးဂျို "

" ဟုတ်သခင်လေးဂျွန်"

" ကျွန်တော့်ကား"

"ဟုတ် အဆင်သင့်ပါဘဲ သခင်လေးဂျွန်"

"ဟုတ်ပြီ ဦးလေးဂျို ကျွန်တော်သွားမယ်"

"ဟုတ်"

"အော်ဒါနဲ့ ဦးလေးဂျို နောက်ဆိုကော်ဖီဖျော်ရင် အရမ်းမခါးပါနဲ့ ညက ကျွန်တော်တည လုံးရင်တွေ တုန်ပြီးအိပ်မရဘူး နောက်ဆိုလျော့ဖျော်ပေးပါ"

"ဟင် အော် ဟုတ်သခင်းလေးဂျွန် ကျွန်တော်လျော့ဖျော်ပါ့မယ်"

" ဒါဆိုကျွန်တော်သွားပြီ "

ဂျီမင်းလည်းစားသောက်ပြီးစီး၍ မိမိပြိုင်ကားအနက်ရောင်လှလှလေးအားထုတ်ကာ ရုံးသို့မိုင်ကုန်မောင်းခဲ့တော့သည်

ဟုတ်ပါတယ် ကျွန်တော်ဂျီမင်းသည် ပြိုင်ကားတွေဆိုသိပ်ကြိုက်ပါသည်
ရှာသမျှ ပိုက်ဆံတွေ တိုင်းဟာ ဘာမှရေရေရာရာသုံးစရာမရှိ ကျွန်တော့်သားတွေ အသစ်ထွက်လျှင်ဝယ်ဖို့သာဖြစ်သည်
ကျွန်တော်အပျင်းပြေ ရုံးပိတ်ရက်များတွင်လည်းဘော်ဒါများနှင်ချိန်းကာ ကားပြိုင်မောင်းတတ်သေးသည်

ကျွန်တော်သည်စီးပွားရေးလောကမှာသာမက ကားလောကတွင်ပါ နာမည်3လုံးဖြင့်ရပ်တည်ထားပါသည်

"ဟယ်လို ဟိုဆော့လား ငါအခုရုံးသွားရင်းတခါတည်းမင်းကိုပါဝင်ခေါ်မလို့ အသင့်ပြင်ထားတော့နော်"

"ဟုတ် ဆရာ"

ဟိုဆော့သည်အလွန်အားကိုးရသော ကျွန်တော့်အတွင်းရေးမှုးတယောက်ဖြစ်သည်
ကျွန်တော့်ဖေဖေလက်ထက်တွင် ဟိုဆော့အဖေသည် အတွင်းရေးမှုးဖြစ်၍
ကျွန်တော့်လက်ထက်တွင်တော့ ဟိုဆော့သည် အတွင်းရေးမှုးဖြစ်သည်

အလုပ်လုပ်ရာတွင်တိကျသေချာမှုများ စည်းကမ်းရှိမှုများကြောင့် အလွန်သဘောကျရသည် ဟိုဆော့သည်အချိန်လည်းအလွန်လေးစားသူတယောက်
ထိုအချက်များကြောင့်သာ ကျွန်တော်နှင့်အခုလိုအလုပ်ကြာကြာတွဲလုပ်နေနိုင်ချင်းဖြစ်သည်

"တီ တီ"

"ဟော မေမေ ဆရာလာပြီ ကျွန်တော်သွားတော့မယ်နော် စားစရာတွေလည်းအကုန်လုပ်ပေးခဲ့တယ်သိလား သောက်စရာဆေးတွေကိုလည်း ခွက်ထဲထည့်ပေးခဲ့တယ်‌ စောစောပြန်လာခဲ့မယ်နော်မေမေ"

"အင်းအင်း သားကောင်းကောင်းသွား သူဌေးလေးကိုလည်း မေမေက နှုတ်ဆက်တယ်လို့ပြောပေးပါ"

"ဟုတ်မေမေ ပြန်လာရင်အသီးဝယ်ခဲ့မယ် ချစ်တယ်မေမေ မွ "

"အမလေး မေမေလည်းချစ်ပါတယ်သားရယ် သွားသွား သူဌေးလေးစောင့်နေတယ် "

"ဟုတ်"

အင်းး ကျွန်မသားလေးကိုသနားလိုက်တာ
သူ့မှာ ဒီအမေအိုကြီးကို လုပ်ကျွေးနေရရှာတာ ဆေးဖိုးကတဖက် စားဖို့ကတဖက် လုံးပန်းနေရှာတာ
သားအဖေက ဆုံးသွားတာ2နှစ်ရှိပြီ သားသည်သိပ်အားကိုးရသော သားကောင်းလေး
မေမေ သားကိုအားနာရပါတယ် ဆော့လေးရယ်

"လာပြီလား ဟိုဆော့ မနက်စာရော စားခဲ့ပြီးပီလား "

"ဟုတ်ဆရာ စားခဲ့ပြီးပါပြီ"

" အမေကကော ကျန်းမာရေးကောင်းရဲ့လား"

" ဟုတ်ဆရာ အခုတလောတော့ အရင်လိုအမောမဖောက်တော့ဘူး ဆေးပြောင်းသောက်ကြည့်တာ တော်တော်သက်သာနေပါတယ်ဆရာ "

"အေးအေး အမေ့ကိုလည်း စောင့်ရှောက် ကိုယ်လည်းနားစရာရှိတာနားဦး"

" ဟုတ်ဆရာ အခုတောင်မေမေက ဆရာ့ကို မေးလိုက်ပါသေးတယ် "

"အေးအေး ဖေဖေကတောင်ပြောနေတာ ဒေါ်ဒေါ့်ဆီလာလည်ရဦးမယ်တဲ့ ဦးလေးဆုံးပြီးကတည်းက မရောက်ဖြစ်သေးလို့တဲ့"

"ဟုတ်ဆရာ"

ဟိုဆော့နှင့်စကားတပြောပြောဖြင့် မောင်းလာခဲ့ရာကုမ္ပဏီသို့ရောက်လာခဲ့လေပြီ

"အားးး မင်းတို့စောက်သုံးကိုမကျဘူး ငါမနေ့ကတည်းက မှားမှာဆိုးလို့ခဏခဏ ပြောနေတာလေ အဲ့တုန်းကတော့ဟုတ်ဆရာ ဟုတ်ဆရာနဲ့ အခုကျမှ တောင်းပန်ပါတယ်ဆရာတဲ့လား "

"ကျွန်.ကျွန်တော်တို့ အမှားပါ ဆရာ အကုန်ကျွန်တော်တို့ team က တာဝန်ပြန်ယူပါ့မယ်"

"အေး တာဝန်ယူတာဆိုလည်းအဆုံးထိကျေပွန်အောင်လုပ် ပါးစပ်ပြောပြောမနေနဲ့ ငါကိုနောက်တခါလာပြရင် ရပါတယ် ဖြစ်ပါတယ်ဘဲလိုချင်တယ် မဟုတ်ရင်မင်းတို့ teamတခုလုံးကိုငါ မီးရှို့ပစ်မယ် "

" ဟုတ်..ဟုတ်ကဲ့ပါ ဆရာ"

"အေး အခုချက်ချင်းသွားလုပ်ကျတော့ သွားး ငါ့‌အ‌ရှေ့မှာမမြင်ချင်တော့ဘူး"

"ဟုတ်ဆရာ သွားလိုက်ပါဦးမယ်"

ဒါကတော့ အမောင်ဂျီမင်း၏ရုံးခန်းထဲတွင်ဖြစ်သည် စောစောစီးစီးဒေါသထွက်နေရချင်းး

"တောက် စောက်သုံးကိုမကျ ကျဘူး "

"ဂျောက် "

" ငါ့အခန်းထဲဝင်ရင် တံခါးခေါက် ဟင် ထယ်"

"ဂျီဂျီ"

ကဲကဲ upပေးလိုက်ပါပြီနော်
ဇာတ်ကောင်အသစ်က ထယ်လေးပါရှင့်💜

လေးနှစ်အမိန့်ချလည်းကျမတို့သာစည်းလုံးစွာတိုက်လျှင် အမေချက်ချင်းပြန်လွှတ်ပါသည်💗🥺

Continue Reading

You'll Also Like

42.3K 3.1K 27
For Youth Uni+zg အဖိုးကြောင့် လက်ထပ်လိုက်ရပီ မပျော်ခဲ့ရတဲ့ အိမ်ထောင်ရေးတစ်ခု အမှတ်တမဲ့ကနေ အရမ်းချစ်မိသွားချိန် ပြန်ဆုံနိုင်ပါ့မလား??? အတ္တတွေ ခဝါချလ...
110K 2.4K 12
Alexandra was married to Pablo. She thought he was the perfect husband. And he was a great father to their kids. Although she had never liked her mot...
10.3K 265 6
After being abused and neglected by family and friends he was soon betrayed as he was sent to the government which he soon turned into something they...
17.1K 1.7K 15
"ငါမင်းကို ရအောင်ဖမ်းပြမှာ Jeon Jungkook" "ကိုယ့်ကိုကိုယ် $ထင်ကြီးလွန်းနေတာပဲ Park Jimin"