Baby of the billionaire
By Garlic_Boom
3.5M 280K 57.8K
It is not written in English, this is fiction written in Burmese . More
Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Epilogue
Extra
Episode-9
90.2K 8.7K 1.2K
By Garlic_Boom
Unicode
" သူလာပြီ "
Alex စကားအသံအဆုံး Club ထဲကို လူငယ်လေးတစ်ယောက်ဝင်လာသည်။
လူငယ်လေးဆိုပေမယ့် ကျစ်ကျစ်လစ်လစ်ရှိသော ခန္ဓာကိုယ် 188 centimeter  ရှိသော အရပ် ကြောင့် လူအများကြားထဲတွင် ထင်းလင်းနေတယ်။
" Crore နဲ့ Great Possession ရဲ့   အမွေဆက်ခံသူလေ ကြီးမြတ်ကုဋေချီတဲ့ Leo လို့လည်း ခေါ်ကြတယ် ။ နောက်တစ်မျိုး ခေါ်သေးတယ် Hades တဲ့ ။ အသက်ငယ်ပေမယ့် အရည်အချင်းအရမ်းရှိတဲ့ ကောင်လေးလေ "
Alex အပြောကို ဘေးက အဝယ်တော်ကခေါင်းတငြိမ့်ငြိမ့်လုပ်ပြသည်။
"  Nice to meet you, Mr. Leo "
" Same thing "
Leo ခြေထောက်နှစ်ဖက် လုံးကို Vodka ပုလင်းတွေ အစီအရီတင်ထားတဲ့ စားပွဲခုံပေါ်ကိုပစ်တင်ကာဝင်ထိုင်လိုက်သည်။
" အဓိကထုတ်လုပ်တာက ဘယ်နိုင်ငံတွေလဲ "
" အာဖဂန်နစ္စတန်က အဓိက ထုတ်လုပ်တာလေ ။ ပြီးရင် မြန်မာ နဲ့  ကိုလံဘီယာ ။ လာအို ။မက္ကဆီကို ။ အိန္ဒိယ ။ ပါကစ္စတန် ။ ထိုင်း ။  တူရကီ ။ တရုတ် ။ သြစတြေးလျနိုင်ငံတို့ က အစဥ်လိုက်ပဲ "
ဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေအကြောင်းကို ရုတ်တရက် မေးလာ၍  Leo အေးအေးလူလူသာပြန်ဖြေပေးလိုက်တယ်။
"That's great, Mr. Leo ။  အကြီးအကျယ် စိုက်ပျိုးတဲ့နိုင်ငံတွေကရော  "
" အိန္ဒိယ ။ အီရန် ။ တူရကီ ။ မက်ဆီဒိုးနီးယား ။ ဘူလ်ဂေးရီးယား ။ အီဂျစ် ။ အာရှမိုင်းနားနဲ့ တရုတ်နိုင်ငံ တွေမှာ အကြီးအကျယ် စိုက်ကြတယ် "
လူကသာ LA ရောက်နေပေမယ့် စိတ်က ဘုန်းဘေဘီ ရှိတဲ့နေရာမှာသာကျန်ခဲ့တာကြောင့် Leo စိတ်မကြည်ဖြစ်နေတယ်။
တစ်ယောက်ထဲ အဆင်ရောပြေရဲ့လားမသိဘူး။ဟိုအမျိုးသမီးနှစ်ယောက်က လွယ်တာ မဟုတ်ဘူး ။
မြန်မြန်ကိစ္စ တွေလက်စသတ်ပြီးပြန်ရမယ်။
" သူက ငါ့သူငယ်ချင်း Sam တဲ့  Leo ။ မင်း Heroin အကြောင်း  နည်းနည်း ရှင်းပြလိုက် ။ သူစိတ်ဝင်စားရင် မင်းဆီကနေ 5 billion ဖိုးလောက် ဖြုန်းပေးလိမ့်မယ် Leo "
" 5 billion "
" ဟုတ်တယ် Leo 5 billion "
သူ့ရှေ့က လူရဲ့ အဝတ်စားအပြင်အဆင်ကိုကြည့်တာနဲ့တင် RK မှန်းသိသာနေတာမို့ Leo Vodka တစ်ပုလင်းကို ဆွဲမော့ကာ လည်ချောင်းရှင်းလိုက်သည်။
"  Heroin က  Morphine မှ ထုတ်ယူရရှိတဲ့ ဆေးဝင်ပစ္စည်းတစ်မျိုး ပဲ ။  ဓာတုဝေါဟာရအနေနဲ့ခေါ်မယ်ဆိုရင်  Diamorphine လို့ခေါ် တယ် ။  Morphine ကို ဘိန်းမှ ထုတ်ယူရရှိတာမလို့  Heroin ကလည်း လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုးပေါ့ ။  အရောင်အဆင်းအားဖြင့်လည်း ဖြူတယ် ဒါကြောင့်  Heroin ကို ဘိန်းဖြူလို့လည်း ခေါ်တယ်  ဆေးဖြူမှုန့် လို့လည်း ခေါ်တယ် ။ နောက်တစ်မျိုးက  နံပါတ်ဖိုးလို့လည်း လူအသိများတယ် "
" ဆက်ပြောပါဦး Leo "
အဝယ်တော်က စိတ်အားထက်သန်စွာမေးလာသဖြင့် Leo ဆက်ရှင်းပြလိုက်တယ် ။
Alex ကတော့ သူ့အရည်အချင်းကိုသိ၍ ဒီဝိုင်းကနေ ထတောင်ထွက်သွားပြီး ကောင်မလေးတွေနဲ့ကဲနေလေသည်။
" Heroin က  Morphine နဲ့ အကျိုးပေးပုံချင်း ဆင်တူတယ် ။  ဆေးဘက်မှာ Morphine ကို အသုံးပြုတဲ့ အတိုင်း Heroin ကိုလည်း အသုံးချလေ့ရှိတယ် ။ ဒါပေမဲ့  အကျိုးအာနိသင်အရာမှာကြတော့  Heroin က  Morphine နဲ့  ဘိန်းတို့ထက် အဆပေါင်းများစွာ ပိုပြီး  ထက်မြက်တယ် ။ ပိုပြီးလည်း အဆိပ်ပြင်းထန်တယ် ။ လွန်ကဲပြီးကို  အလေ့အကျင့်အထုံ စွဲမြဲမြန်ဆန်စေတယ်ပေါ့ ။
ဒီလို  Heroin က   မှီဝဲသူတွေကို တုံ့နှေးခြင်းလည်း ဖြစ်စေတတ်ပြန်ရော။  ဘိန်းစွဲသူတွေကလည်း Heroin ကို  မှီဝဲလေ့ရှိတယ်။  Heroin က  အခြားမူးယစ်ဆေးမျိုးတွေနဲ့မတူဘူး ။ မှီဝဲသူ၏စိတ်ကို ပိုလိုလွန်ကဲစွာ ထိခိုက်စေတတ်တယ် ။ ဥပမာ -  မှီဝဲစမှာ Sam ကို  ပိုပြီးပေါ့ပါးပျော်ရွှင်လာစေတာပေါ့ "
" Thank you Leo "
" It does not matter, Sam "
ဆယ့်ငါးမိနစ်မျှ စကားပြောအပြီးနောက်မှာတော့ Sam က 5 Billion ဖိုးအတိ Heroin တွေဝယ်သွားသည်။
Alex ကိုလည်း သူ့ဆီ ခေါ်လာပေးလို့ ကျေးဇူး တင်ကြောင်း ခဏခဏပြောသွားပြန်တယ်။
" မင်း ငါ့ကို ကျေးဇူး တင်သင့်တယ်နော် Leo "
" Acc ထဲ  1 billion  လွှဲပေးထားတယ် Alex  ကျေးဇူး မတင်လည်း ရတယ်မလား "
" ရတာပေါ့ ရတာပေါ့ ဒါဆို သွားပြီ Leo "
Alex ထွက်သွားမှ Leo  VIP  Room ယူကာ Brandy နဲ့ Vodka အပြင် Tequila ကိုပါထပ်မှာလိုက်တယ်။
Vodka နဲ့ Tequila က စိတ်ဖိစီး မှုကိုလျော့ကျစေပြီး Brandy က ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးတယ် မဟုတ်လား ။
အမြည်းအနေနဲ့ကတော့ Steak နဲ့ Octopus  ပေါ့ ။
သူ အမြန်ပြန်ချင်နေပြီ ဘုန်းဘေဘီက စိတ်ချရတာမဟုတ်ဘူး တုံးလွန်းတယ် ။
မေမေလေးဆိုတဲ့တစ်ယောက်နဲ့မအိဆိုတဲ့တစ်ယောက်ကပိုပြီးစိတ်မချရဘူး။
ဒီညတော့ စိတ်ရှိလက်ရှိ သောက်ပစ်မယ် ။ ဘုန်းဘေဘီဆိုတဲ့ ငတုံးက သူ့ကို မမှတ်မိဘူး ။
_________
" အဲ့ဒါ ဘာလုပ်နေတာလဲ ငယ်လေး "
လက်ထဲက အညိုရောင်   Jacket လေးရဲ့ ဂုတ်နားတစ်ဝိုက်ကို ဘေဘီ နှာခေါင်းလေးနဲ့ အသာနမ်းနေတုန်း  ကိုမင်း အသံကြောင့် jacket လေးအား  အမြန်နောက်ကို ဖွက်လိုက်ရသည်။
" ဘာမှမလုပ်ဘူး ကိုမင်းကရော ဒီကိုဘာလာလုပ် တာလဲ မိုးချုပ်နေပြီ ပြန်လိုက်တော့ မအိမြင်သွားရင် ကျွန်တော် ပဲ အပြောခံရမှာ "
တံခါးပိတ်ပြီးဂျက်ချထားတောင်  ဘယ်လိုဝင်လာတာလဲ မသိ ။
" အဲ့ Jacket က ဟိုကောင့် Jacket မလား ငယ်လေးကဘာလို့ နမ်းနေတာလဲ မဟုတ်မှ ငယ်လေး "
" မဟုတ်ဘူး ကိုမင်း ခင်ဗျား ပြန်လိုက်တော့ နော် ကျွန်တော့်ဘာသာ ဘာလုပ်လုပ် ကိုမင်းနဲ့ဆိုင်မနေဘူး "
ပြောရင်း ရှေ့တိုးလာသည့် ကိုမင်းကြောင့် ဘေဘီ  စားပွဲပေါ်က ကတ်ကြေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။
" ငယ်လေးကို သတိရလို့ ကိုယ်လာတွေ့တာလေ "
" ဒီကို ဘယ်လို ဝင်လာတာလဲ ကိုမင်း ခင်ဗျား ရှေ့မတိုးလာနဲ့နော် ကျွန်တော် ကတ်ကြေးနဲ့ထိုးမှာ "
" ဟား ငယ်လေးရာ ငယ်လေး ပြတင်းပေါက် ပိတ်ဖို့မေ့နေတယ်လေ အဲ့ကဝင်လာတာ ။လာပါဦး ကိုယ့်ဆီ"
" ခင်ဗျား ကလေ ရွံဖို့ ကောင်းလိုက်တာ ကိုမင်း ခင်ဗျားမှာ မိန်းမလည်း ရှိတယ် လူပျိုလူလွတ်မဟုတ်ဘူး ။ လူပျိုလူလွတ် ဟုတ်ရင်တောင် ဒီလိုမျိုး လုပ်ကိုမလုပ်သင့်တာ "
လက်ကို ဆန့်တန်းပေးထားကာ ဘေဘီ့ကိုသူ့ရင်ခွင်ထဲဝင်လာဖို့ပြောနေတာကြောင့် စိတ်ကတိုလာသည်။
" ထွက်သွား ကိုမင်း ခင်ဗျား ကိုထွက်သွားလို့ပြောနေတယ်လေ "
" မသွားဘူး ငယ်လေး ကိုယ်ငယ်လေးနဲ့ အိပ်ချင်တယ် ငယ်လေးက အိအိဖွေးထက်အရမ်းလှတယ်ဆိုတာသိရဲ့လား သူနဲ့နေရတာ ကိုယ်မပျော်တော့ဘူး။ တစ်ကယ်လို့ ငယ်လေးသာကိုယ်နဲ့အိပ်မယ်ဆိုရင် အိအိဖွေးကိုကွာရှင်းပြီး ငယ်လေးကိုကိုယ်ယူပါ့မယ် "
ဘယ်လိုတောင် အရှက်မရှိတဲ့ စကားကြီးလဲ ။
" ခင်ဗျား စကားအပြောအဆို ဆင်ခြင်ရတယ် ကိုမင်း မအိသာကြားသွားရင် အရင်ဆုံး အပြောခံရမှာ ကျွန်တော် နော် သွားလိုက်တော့ ကိုမင်း ကျွန်တော့်ကို ထပ်မနှောင့်ယှက်ပါနဲ့ "
" ငယ်လေး !!!!! "
အနားကိုရောက်လာကာ ဘေဘီ့ကို လှမ်းဖက်တာမို့ လက်ထဲကဘကတ်ကြေးနဲ့ ကိုမင်းလက်မောင်းကို ဘုန်းဘေဘီ ထိုးချပြစ်လိုက်သည်။
" အားးးးးးးးး "
သွေးတွေပါ ဘေဘီ့ကိုလာစင်တာမို့ ဘုန်းဘေဘီ ကြောင်တောင်တောင် လေး ရပ်နေမိသည်။
" ဘုန်းဘေဘီ    !!!! ဘုန်းဘေဘီ !!!  တံခါးဖွင့် ဘုန်းဘေဘီ ငါ့ယောကျာ်း အထဲမှာမလား "
" တံခါးဖွင့် လို့ ပြောနေတယ် ဘုန်းဘေဘီ    !!!! "
ဒုန်း !!!!! ကျွီ
" ဘုန်းဘေဘီ နင် နင် ပြီးမှ တွေ့မယ် ။  ကိုမင်း ဘာဖြစ်သွားသေးလဲ မေမေရေ မိဖွေးရေ လာဦး "
မအိက သူ့ယောကျ်ားကို တွဲသွားပြီး အပြင်ပြေးထွက်သွားမှ ဘေဘီ လက်ထဲက ကတ်ကြေးကို လွှတ်ချမိသည်။
" ဘေဘီ ကြောက်တယ် ဖေဖေ "
ဖေဖေသာ အခုချိန် သူ့အနားမှာ ရှိနေပေးရင် သူအခုလောက်ထိ ကြောက်မှာ မဟုတ်ဘူး ။
သွေးစွန်းနေတဲ့ အင်္ကျီ ကို ချွတ်ကာ ရေထဲထည့်စိမ်ထားလိုက်တယ်။
မြေပြင်ပေါ် ပြုတ်ကျနေတဲ့ အညိုရောင် Jacket လေးကိုလည်း ကောက်ဖို့ သူမမေ့ ။
တစ်ညလုံး သူမအိပ်ဘဲ ကုတင်ပေါ်မှာ တောင့်တောင့်လေး ထိုင်နေမိတယ် ။
ဝုန်း  !!!!!
အရှိန်ပြင်းပြင်းနဲ့ တံခါးကို ဆွဲဖွင့်လာသူက မအိ ။
" မအိ ကျွန်တော် "
ဖြောင်း   !!!!
ပူထူသွားသည့် ပါးပြင်တစ်ဖက် က ဆစ်ခနဲပဲ ။
" ဧည့်ခန်းကို လိုက်ခဲ့ ဘုန်းဘေဘီ  ငါတို့ ရှင်းစရာ ရှိတာ ရှင်းကြမယ် "
မအိနောက်ကနေ သူ ငြိမ်ငြိမ်လေးလိုက်သွားကာလွတ်နေတဲ့ ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်သည်။
မေမေလေးက ထိပ်ဆုံးခုံမှာထိုင်နေပြီး မအိနဲ့ကိုမင်းကတော့ညာဘက်ကခုံမှာ ဖွေးကဘယ်ဘက်ခုံမှာအသီးသီးထိုင်နေကြတယ်။
ကိုမင်း လက်မောင်းရင်းမှာ ပတ်တီးစည်းထားတာကို တွေ့တာမို့ သက်ပြင်းအသာချမိသည်။
" ဘုန်းဘေဘီ "
" ဟုတ်ကဲ့ မေမေလေး "
" ဘာလို့ မင်းအကိုကို ကတ်ကြေးနဲ့ထိုးရတာလဲ ပြီးတော့ ဘာဖြစ်လို့ ညဘက်ကြီး ကိုမင်းကမင်းအခန်းထဲရောက်နေတာလဲ "
မအိကို လှမ်းကြည့်တော့ ဘေဘီ့ကို စူးစိုက်ကြည့်နေသည်။
" ကျွန်တော့်ကို ကိုမင်း လိုက်နှောင့်ယှက်နေတာ ကြာပါပြီ မေမေလေး ။ ညက ပြတင်းပေါက် ကနေ အခန်းထဲခိုး  ဝင်လာပြီး ကျွန်တော်နဲ့ အိပ်ချင်တယ် ဆိုပြီး ပြောတယ် "
" လိမ်နေတာ အမေ သူပဲ ကျွန်တော့်ကို လာတွေ့ဖို့ ပြောတာ  "
" ကြားလား မေမေ အိအိပ်နေတုန်း ကိုမင်းပျောက်သွားတယ်လေစိတ်မချလို့လိုက်ရှာတော့ထင်တဲ့အတိုင်း သူ့ဆီရောက်နေတာလေ "
" ငယ်လေးက ဖွေးကောင်လေးရဲ့ Jacket ကိုလည်းခိုးနမ်းနေတယ်မေမေ "
နန်းမဟာဖွေး လက်သီးကိုသာတင်းတင်းဆုပ်ထားမိတယ်။
" ဘုန်းဘေဘီက အရှက်မရှိဘူး နော် ဖွေးသေချာမှာထားရက်နဲ့ ကုဋေ့ကိုအလွတ်ပေးပါလို့"
" မဟုတ်ဘူး မေမေလေး ကိုမင်းလျှောက်ပြောနေတာ ဘေဘီ မလိမ်ဘူး "
" ဘာမလိမ်ရမှာလဲ ငယ်လေးပဲ ကိုယ်နဲ့တွေ့ချင်တယ်ဆို ကျွန်တော် က ဒီကလေးလမ်းမှားမရောက်အောင်ပြောစရာရှိတာအပြတ်ပြောထားမှဆိုပြီးသွားလိုက်တာ မေမေ ။ ငယ်လေး လိမ်နေတာ  "
လိမ်နေတာ ဆိုသည့် ကိုမင်းစကားကြောင့် မေမေလေးရဲ့ ဒေါသပါသည့်အကြည့်တွေက ဘုန်းဘေဘီထံသက်ရောက်လာသည်။
သူဘာပြောပြော တစ်ယောက်မှ ယုံမယ့်ပုံ မရှိဘူးပဲ ။
___________________________________________________________________
GarlicBoom
6/12/21
Zawgyi
" သူလာၿပီ "
"  Nice to meet you, Mr. Leo "
" Same thing "
" 5 billion "
" ဟုတ်တယ် Leo 5 billion "
" ဆက်ပြောပါဦး Leo "
" Thank you Leo "
" It does not matter, Sam "
_________
" ငယ်လေး !!!!! "
" အားးးးးးးးး "
ဒုန်း !!!!! ကျွီ
မအိက သူ့ယောက်ျားကို တွဲသွားပြီး အပြင်ပြေးထွက်သွားမှ ဘေဘီ လက်ထဲက ကတ်ကြေးကို လွှတ်ချမိသည်။
" ဘေဘီ ကြောက်တယ် ဖေဖေ "
ဝုန်း  !!!!!
" မအိ ကျွန်တော် "
ဖြောင်း   !!!!
" ဘုန်းဘေဘီ "
" ဟုတ်ကဲ့ မေမေလေး "
___________________________________________________________________
GarlicBoom
6/12/21
Continue Reading
You'll Also Like
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
629K 6.5K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
797K 51.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...