ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

63

9.1K 1.7K 101
By Melinoe_Megami

Unicode

“ခဏနေဦး..”

ရင်းဆုယဲ့က ထွက်သွားရန် ပြင်လိုက်တဲ့အချိန် အဖြူရောင်လူငယ်က ဟန့်တားလိုက်တယ်။ ကြောက်မက်ဖွယ်ရာ ဖိအားအောက်ကနေ လွတ်မြောက်လာတာနဲ့ အဖြူရောင်လူငယ်လည်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာ စူးစမ်းရင်း ရင်းဆုယဲ့၊ ရွှယ်ယို့ရှန်းနဲ့ ဟော်ရူယန်ကြားက ဇာတ်ရှုပ်ကို အစအဆုံး ရပ်ကြည့်နေခဲ့တယ်‌။ အခုတော့ ပြဇာတ်ပြီးသွားတာတောင် ဟိုသုံးယောက် ဘာတွေဖြစ်နေသလဲဆိုတာကို နားမလည်နိုင်သေးဘူး။

ဘာမှနားမလည်ပေမယ့် ထွက်သွားမယ့်လူတွေကို အရင်ဆုံး တားဆီးလိုက်တယ်။ ဘာပဲပြောပြော တည်းခိုဆောင်ထဲမှာ ဖြစ်ပျက်သမျှကို တစ်ယောက်ယောက်တော့ တာဝန်ယူရမယ်လေ။

“ဘေးဖယ်စမ်း..”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက မသိမသာ ကျဉ်းမြောင်းသွားခဲ့တယ်။ သိသိသာသာပဲ သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ။ ရွှယ်ယို့ရှန်းကို သူ့ရဲ့လက်နှစ်ဖက်နဲ့ ပွေ့ချီထားလို့သာပေါ့။ မဟုတ်ရင် ရိုက်ထုတ်ပစ်လိုက်ပြီးပြီ..!

“မဖယ်ပေးနိုင်ဘူး..!”

အဖြူရောင်လူငယ်ကလည်း မကျေမနပ် ပြန်ပြောလိုက်တယ်။ ထို့အပြင် လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်နေပြီး လုံးဝမဖယ်ပေးခဲ့ဘူး။

“သေချင်နေတာပဲ..!”

ရင်းဆုယဲ့က လက်တစ်ဖက်တည်းနဲ့ ရွှယ်ယို့ရှန်းကို ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ လှုပ်ရှားရန် အသင့်ပြင်လိုက်တယ်။ တစ်ဖက်လူ စတင်တိုက်ခိုက်လာခဲ့ရင် သူကလည်း သိုလှောင်လက်စွပ်ထဲက ဓားကို ဆွဲထုတ်ပြီး ပြန်တိုက်ခိုက်ဖို့ ဝန်မလေးဘူး။

“နေပါဦး..!”

ရင်းဆုယဲ့ တိုက်ခိုက်တော့မယ့်အချိန် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ လက်ကိုကိုင်ကာ ဟန့်တားလိုက်တယ်။ ထို့နောက် ရင်းဆုယဲ့ကို အသာတကြည် ခေါင်းယမ်းပြရင်း မလုပ်ဖို့ ပြောလိုက်တယ်။

ရင်းဆုယဲ့ရဲ့ တွေ့ကရာနေရာမှာ တိုက်ခိုက်တတ်တဲ့အကျင့်က အရမ်းဆိုးရွားတာပဲ။ အဲ့တာကြောင့် လူတွေက ရင်းဆုယဲ့ကို အမြဲတမ်း ပုန်ကန်ချင်နေကြတာ။ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ ရန်သူတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေခဲ့ရတာ။

ရွှယ်ယို့ရှန်း သဘောမတူမှန်း သိလိုက်တာနဲ့ ရင်းဆုယဲ့က တစ်ခဏတုံ့ဆိုင်းသွားပြီး သူ့ရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာသေကြီးက အခုလေးတင် ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်နေဆဲပဲ။

ရင်းဆုယဲ့ကို ဖျောင်းဖျပြီးနောက် ရွှယ်ယို့ရှန်းက အဖြူရောင်လူငယ်ကို လှည့်ကြည့်လိုက်တယ်။

“ခင်ဗျားက ဘယ်သူလဲ..?”

သူ့ရဲ့ စာမူကြမ်းထဲမှာ အဖြူရောင်လူငယ်တဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မရှိသလိုပဲ။ ဒီအဖြူရောင်လူငယ်က အဓိကဇာတ်ကောင်ကို မြှင့်တင်ပေးမယ့် သာမန်ဇာတ်ပို့လေး ဖြစ်ရမယ်။ စာရေးသူဖြစ်တဲ့ သူကိုယ်တိုင်တောင် အဖြူရောင်လူငယ်နဲ့ ပတ်သက်ပြီး သိပ်မသိဘူး။ ဘယ်စာရေးဆရာမှ တစ်ခန်းလောက်ပဲပါတဲ့ ဇာတ်ပို့ဇာတ်ကောင်တစ်ယောက်ကို တခမ်းတနား ရေးဖွဲ့နေမှာမဟုတ်ဘူးလေ။

“ကျုပ်နာမည် ပိုင်ယွီ.. အဖြူရောင်ဆိုတဲ့ ‘ပိုင်’.. ပြီးတော့ ငှက်မွှေးရဲ့ ‘ယွီ’..”

အဖြူရောင်လူငယ်.. မဟုတ်သေးဘူး.. ပိုင်ယွီဆိုတဲ့တစ်ယောက်က ရုပ်တည်ကြီးနဲ့ သူ့ကိုယ်သူ မိတ်ဆက်လာခဲ့တယ်။

“………”

နာမည်ပြောလိုက်ရင် ရပြီလေ.. အသေးစိတ်ထိ လိုအပ်လို့လားဟ..!

ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ ‘လေအိုး’ဆိုတဲ့ စကားလုံးကို ရုတ်တရက် စဉ်းစားမိလိုက်တယ်။

“ကျုပ်က ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးပြီလေ.. ခင်ဗျားတို့ ဘာလို့မိတ်မဆက်သေးတာလဲ..?”

အတော်ကြာသည့်တိုင်အောင် တစ်ဖက်လူက စကားမပြန်တော့ ပိုင်ယွီလည်း မကျေမနပ် ထပ်ပြောလိုက်တယ်။

“……….”

တစ်ယောက်တည်း ပြောချင်ရာတွေ စွတ်ပြောနေတဲ့ ပိုင်ယွီကိုကြည့်ပြီး ရွှယ်ယို့ရှန်းမှာ ‘နတ်ဘုရားတွေတောင် ဆွံ့အသွားလောက်တယ်’ လို့ စိတ်ထဲ ရေရွတ်လိုက်မိတယ်။ ပိုင်ယွီဆိုတဲ့တစ်ယောက်က ဘာလို့ ဒီလောက်ရဲတင်းရတာလဲ..? ရင်းဆုယဲ့ရဲ့ အရှိန်အဝါကို လျစ်လျူရှုပြီး ပြောချင်ရာပြောရဲတယ်။ တကယ့်ကို မပါးနပ်တဲ့လူပဲ..!

“ကျွန်တော်တို့ကို ဘာလို့တားတာလဲ..?”

ပိုင်ယွီ ပေါက်ကရတွေ ဆက်မပြောလာခင် ရွှယ်ယို့ရှန်းက အဓိကအချက်ကို တည့်မေးလိုက်တယ်။

“အို့.. ဟုတ်သားပဲ.. ခင်ဗျားတို့နဲ့ မိတ်ဖွဲ့မလို့ တားတာမဟုတ်ဘူး.. အရေးကြီးကိစ္စရှိလို့..”

ပိုင်ယွီက အခုမှ သတိရသွားသလို သူ့ခေါင်းသူ ပြန်ရိုက်လိုက်တယ်။ သူ့ပုံစံက အဓိကအချက်ကို မေ့သွားတဲ့အတွက် အတော်လေး စိတ်တိုသွားပုံပဲ။

“………..”

ပိုင်ယွီနဲ့ စကားပြောလိုက်တာ မှားပြီလို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။ ‘ကြက်က ဘဲနဲ့ စကားပြောနေသလိုပဲ..’ စိတ်ရော မှန်သေးရဲ့လားဟင်..?

တစ်ချိန်တည်းမှာပဲ ဒီလိုရူးကြောင်ကြောင်ဇာတ်ကောင်မျိုးကို သူ တကယ်ပဲ ဖန်တီးမိခဲ့တာလားလို့ သံသယဝင်လာခဲ့တယ်။

“အဟမ်း.. အဟမ်း..”

ပိုင်ယွီလည်း သူ့ရဲ့အပြုအမူက အတော်လေး ပေါက်ကရဖြစ်သွားမှန်း သတိပြုမိသွားတယ်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ထိန်းသိမ်းလိုက်ပြီး ချောင်းဟန့်လိုက်တယ်။

အဲ့လိုလုပ်ပြီး သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းချင်တာ ထင်ပါရဲ့။

“ကျွန်တော်တို့ကို ဘာလို့တားတာလဲပြော..! ပြီးတော့ ကျေးဇူးပြုပြီး အဓိကအချက်ကိုပဲ ပြောပေးပါ..!”

သူသာ သတိမပေးဘူးဆိုရင် ပိုင်ယွီတစ်ယောက် အဲ့နေရာမှာ ခြေစုံရပ်ပြီး မျက်နှာအမူအရာပြောင်းလဲတဲ့ ဇာတ်ကွက်ကို ဘယ်လောက်ကြာကြာ လုပ်နေဦးမလဲမသိဘူး..!

“အဟမ်း..! တကယ်တော့ ကျုပ်ပြောချင်တာက ခင်ဗျားရဲ့ သူငယ်ချင်း အကြောင်းပြချက်မရှိ ဖိအားထုတ်လိုက်တဲ့ ကိစ္စပဲ.. ဒီနေရာမှာရှိတဲ့ လူတွေအကုန်လုံး ထိခိုက်စေရုံတင်မကဘူး.. တည်းခိုဆောင်ပါ ပြိုကျတော့မလို့.. အဲတော့ ခင်ဗျားတို့တွေ ဒီအတိုင်း ထွက်သွားလို့မရဘူး..!”

ပိုင်ယွီက ရင်းဆုယဲ့ကို ညွှန်ပြလိုက်ပြီး သူတို့လုပ်သမျှကို တစ်ခုချင်း ပြောပြလိုက်တယ်။

“လူတွေကို ဒဏ်ရာရအောင်လုပ်ခဲ့တာ ဟိုအမျိုးသမီးလေ.. ကျွန်တော်တို့မဟုတ်ဘူး..! ခင်ဗျား လူမှားနေပြီ..”

ရွှယ်ယို့ရှန်းကလည်း ဟော်ရူယန်ကို ညွှန်ပြလိုက်ပြီး ‘ညစ်ပတ်တဲ့ရေနဲ့ လောင်းလိုက်သလို’ ဟော်ရူယန်ကို အပြစ်ပုံချလိုက်တယ်။

ဒီကိစ္စတွေအကုန်လုံးက ဟော်ရူယန်ကြောင့် ဖြစ်လာခဲ့တာပဲ။ အဲတော့ သူမကိုပဲ တာဝန်ယူခိုင်းရမှာပေါ့။ ဟော်ရူယန်အစား သူတို့ကို တာဝန်ယူခိုင်းချင်တာလား..? လူမှားနေပြီး အစ်ကိုကြီးရေ..!

“တခြားအပြစ်ကင်းတဲ့ လူတွေကျတော့ရော.. ဘယ်လိုလုပ်ပေးမှာလဲ..?”

သေရေးရှင်ရေး အခြေအနေမှာတောင် ပိုင်ယွီက ‘ဖိုးတိကျ’ လုပ်နေသေးတယ်။ ဟော်ရူယန်ကြောင့် ထိခိုက်ခဲ့တဲ့လူတွေကို ဖယ်ထုတ်လိုက်ရင် ကျန်တဲ့လူတွေအားလုံးက ရင်းဆုယဲ့ရဲ့ ဖိအားအရှိန်အဝါကြောင့် ထိခိုက်ကုန်တာ အမှန်ပါပဲ။

“သူတို့လား..? ကျွန်တော်တို့နဲ့မှ မဆိုင်တာ..”

ရွှယ်ယို့ရှန်းတစ်ယောက် တည်းခိုဆောင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ဒဏ်ရာမရတဲ့လူဆိုတာ မရှိသလောက်ပဲ။ ထိုအချိန်မှ ရင်းဆုယဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရွှယ်ယို့ရှန်းခမျာ နက်နက်ရှိုင်းရှိုင်း နားလည်သွားတော့တယ်။

“ခင်ဗျားနဲ့ ဟော်ရူယန်ရဲ့ တိုက်ပွဲကြောင့် ရင်းဆုယဲ့ကို ထိခိုက်တော့မလို့လေ.. သူလည်း မတတ်သာဘဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်တုံ့ပြန်လိုက်ရတာပေါ့..”

ရွှယ်ယို့ရှန်းတို့က လိမ်တဲ့အချိန်ဆို မျက်တောင်လုံးဝမခတ်ဘူး။ သူ့ရဲ့ တည်ကြည်တဲ့ အမူအရာက သူပြောတာ အမှန်တရားတွေလို့ လူတိုင်းကို ထင်မြင်သွားစေတယ်။ ဟော်ရူယန်နဲ့ ပိုင်ယွီတို့ အရင်တိုက်ခိုက်ကြတာလေ။ အဲ့မတိုင်ခင် သူနဲ့ ရင်းဆုယဲ့က ဘာမှမလုပ်ခဲ့ပါဘူးနော်။

အမှန်တကယ်တော့ သူတို့နှစ်ယောက်ရဲ့ တိုက်ကွက်က သိပ်မပြင်းထန်ဘူး။ မြေညီထပ်က လူတွေတောင် ဘာမှမဖြစ်တာ၊ ဒုတိယထပ်မှာရှိနေတဲ့ သူနဲ့ရင်းဆုယဲ့က ဘာဖြစ်ရမှာလဲ။ သူတို့ရဲ့ တိုက်ကွက်တွေ ဒီထက်ပြင်းထန်လာရင်တောင် ရင်းဆုယဲ့ရဲ့ စွမ်းအားအရ နည်းနည်းလေးတောင် ထိခိုက်မှာမဟုတ်ဘူး။

“ဒီလိုပြောကြေးဆို ဒီမှာရှိတဲ့လူတွေ ထိခိုက်ကုန်တာ ဟော်ရူယန်နဲ့ ခင်ဗျားရဲ့ တာဝန်မကင်းဘူးနော်..”

ရွှယ်ယို့ရှန်းက တွေဝေခြင်းမရှိဘဲ လိုရာဆွဲပြောလိုက်တယ်။

“တကယ်လို့ ခင်ဗျားတို့နှစ်ယောက် မတိုက်ခိုက်ခဲ့ဘူးဆိုရင် ရင်းဆုယဲ့လည်း တုံ့ပြန်မှာမဟုတ်ဘူး.. ဒီမှာရှိနေတဲ့ လူတွေလည်း ထိခိုက်မှာမဟုတ်တော့ဘူး..!”

ဒါကို အကျိုးအကြောင်းလို့ခေါ်တယ်.. ဟုတ်ပြီလား..?

“အဲလိုလား..?”

ပိုင်ယွီခမျာတော့ ရွှယ်ယို့ရှန်းရဲ့ စကားလုံးတွေကြောင့် အူကြောင်ကြောင် ဖြစ်သွားရတယ်။ သူ ဘယ်လိုတွေးတွေး လက်ရှိအခြေအနေဖြစ်အောင် လုပ်ခဲ့တဲ့လူက သူပဲ။ ပိုင်ယွီလည်း သူ့ကိုယ်သူ ဘဝင်မကျတော့ဘူး။

“ဒါပေါ့.. အဲ့အတိုင်းပဲ..!”

လူတွေကို အရူးလုပ်တဲ့နေရာမှာ ရွှယ်ယို့ရှန်းက အမှတ်ပြည့်ပဲ။ ဘာမှထွေထွေထူးထူး စဉ်းစားနေစရာ မလိုအပ်ဘူး။ ပါးစပ်ဖွင့်ပြီး ပြောလိုက်ရုံနဲ့ သူပြောသမျှအားလုံးက အစီအစဉ်တကျ ကျိုးကြောင်းဆီလျော်သွားလိမ့်မယ်။

“အမှန်တရားက အဲ့လိုထင်တယ်နော်..!”

သိသိသာသာပဲ၊ ပိုင်ယွီကလည်း သူသာ ရန်မဖြစ်ခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။

“နောက်ဆုံးတော့ ခင်ဗျား နားလည်သွားပြီပဲ.. တော်တယ်..”

ရွှယ်ယို့ရှန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်တယ်။ ရိုးသားတဲ့ ဖိုးသခွားလေး ပိုင်ယွီကတော့ လုံးလုံးလျားလျား အရူးလုပ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ပဲ။ ဒါပေမဲ့ မလိုလားအပ်တဲ့ ပြဿနတွေ ထပ်ပြီးမဖြစ်ရလေအောင် ပိုင်ယွီကို ပိုပြီးလှည့်စားနိုင်ဖို့ ကြိုးစားလိုက်တယ်။

“တကယ်လို့ ခင်ဗျားက တရားမျှတမှု ရှာချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်လိုက်.. ဟော်ရူယန်ကိုရောပဲ.. ဒီကိစ္စက ခင်ဗျားတို့ကြောင့် ဖြစ်လာရတာ..”

အချိန်တိုအတွင်း ပိုင်ယွီက တရားမျှတမှုကို လိုချင်နေတဲ့ ရူးကြောင်ကြောင်လူတစ်ယောက်မှန်း ရွှယ်ယို့ရှန်း နားလည်သွားခဲ့တယ်။ မဟုတ်ရင် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဟော်ရူယန်နဲ့ အငြင်းပွားမှာ မဟုတ်ဘူး။

အခုလည်း ရင်းဆုယဲ့က လူတွေကို ထိခိုက်အောင်လုပ်ပါတယ်ဆိုပြီး သူတို့ကို တားဆီးလာပြန်ပြီ။ ဒီလိုခေါင်းမာတဲ့လူမျိုးက ‘နံရံကို မတိုက်သရွေ့ နောက်ပြန်မကြည့်ဘူး..’ဆိုတဲ့ စကားလိုပဲ။ တစ်ခုခုဆိုးဆိုးဝါးဝါးမဖြစ်သရွေ့ အလျော့မပေးတတ်ကြဘူး။

အဲ့တော့ ပြဿနာကို ရှောင်ရှားနိုင်ဖို့ ရွှယ်ယို့ရှန်းလည်း မြားဦးကို တခြားလူဆီ လှည့်ပေးလိုက်ရတယ်။

“ဒါတွေအားလုံးဖြစ်ပျက်ခဲ့ရတာ ကျွန်တော့်ကြောင့်ပေါ့နော်..?!”

ပိုင်ယွီခမျာ ထိုအချက်ကြောင့် စကားမပြောနိုင်အောင် ထိတ်လန့်သွားရပုံပဲ။ မြေပြင်ပေါ်ကို တဖြည်းဖြည်း လဲပြိုကျသွားခဲ့တယ်။

“တကယ်တော့ အဓိကပြဿနာက ခင်ဗျားမဟုတ်ပါဘူး.. ဟော်ရူယန်ဆိုတဲ့ ဟိုအမျိုးသမီးပဲ..”

ပိုင်ယွီရဲ့ အရမ်းခံစားသွားရတဲ့ အမူအရာကိုကြည့်ပြီး ရွှယ်ယို့ရှန်းလည်း မမြင်ရက်တော့ဘူး။ တကယ်တော့ ပိုင်ယွီလို လူစားမျိုးကို သူ မမုန်းပါဘူး။ အဲတာကြောင့် ပိုင်ယွီကို ကူညီပြီး ဟော်ရူယန်ဘက် မြားဦးလှည့်ဖို့ လုပ်လိုက်တယ်။

ပိုင်ယွီဆိုတာ ဇာတ်ကြောင်းအရ ဟော်ရူယန်ကို ပြဿနာရှာရတဲ့ ဇာတ်ကောင်လေးပဲလေ။ သူနဲ့ ရင်းဆုယဲ့ကြောင့် ဇာတ်ကြောင်းအပြောင်းအလဲ ဖြစ်သွားခဲ့တာဆိုတော့ မူလဇာတ်ကြောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးရတော့မှာပေါ့။

စိတ်ဒုက္ခခံနေစရာမလိုဘူး..!

“မင်းဘာကိုဆိုလိုတာလဲ..?”

ပြဿနာတွေက သူတွေးထင်နေသလို မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ ပိုင်ယွီလည်း အသိစိတ်ပြန်ကပ်သွားပြီး ရွှယ်ယို့ရှန်းကို စိတ်အားထက်သန်စွာ မော့ကြည့်လာခဲ့တယ်။

“ဟော်ရူယန်သာ လူတွေကို ထိခိုက်အောင်မလုပ်ခဲ့ရင် ခင်ဗျားလည်း ရှေ့ထွက်ပြီး ဒဏ်ရာရသွားတဲ့ လူတွေအတွက် တရားမျှတမှု ရှာပေးနေစရာ မလိုတော့ဘူးလေ..”

ရွှယ်ယို့ရှန်းလည်း အများကြီး မရှင်းပြချင်ဘူး။ အစောပိုင်းက သူပြောခဲ့တဲ့အတိုင်းပဲဆိုတော့ သိပ်ပြီးပြောပြစရာ မလိုတော့ဘူး။

“နားလည်ပြီ..!”

ပိုင်ယွီရဲ့ မျက်ဝန်းတွေက တောက်ပလာခဲ့တယ်။ ထို့နောက် ရွှယ်ယို့ရှန်းကို ဦးညွတ်ပြီး ကျေးဇူးတင်နေတော့တယ်။ သူ့ရဲ့ပုံစံက ဒီလိုအမှန်တရားမျိုးကို သင်ပြပေးခဲ့တဲ့အတွက် ရွှယ်ယို့ရှန်းအပေါ် အရမ်းကျေးဇူးတင်နေသလိုပါပဲ။

“မလိုပါဘူး..”

ကြည့်ရတာ ဒီကမ္ဘာရဲ့ လူတွေက အဆင့်နိမ့်ပြီး သူက အဆင့်မြင့်တဲ့ပုံပဲ။ ပိုင်ယွီဆိုရင် အရမ်းရိုးအပြီး လှည့်စားရလွယ်တယ်။ စကားလေး နည်းနည်းပြောလိုက်ရုံနဲ့ အတွေးပြောင်းသွားခဲ့တယ်။

ဒီလိုရူးကြောင်ကြောင်လူမျိုးက ‘အလိမ်ခံရတဲ့အပြင် လူလိမ်အတွက် ပိုက်ဆံပါ ကူရေပေးတယ်’ ဆိုတဲ့ စကားအတွက် အကောင်းဆုံးနမူနာပဲ။ ဒါပေမဲ့ ရွှယ်ယို့ရှန်းလည်း လိပ်ပြာမလုံဘူး။ လူကောင်းလေးတစ်ယောက်ကို လမ်းကြောင်းမှားအောင် သင်ပေးလိုက်မိပြီလား..?

“တကယ်လို့ ဒီအကိုကြီးနောက် လိုက်မယ်ဆိုရင် အစားအသောက်ကောင်းအတွက် တာဝန်ယူတယ်..”

ရွှယ်ယို့ရှန်းက ပြောရင်းဆိုရင်း ဆံပင်သပ်တင်လိုက်တယ်။ အခြေအနေနဲ့ သိပ်ပြီးမကိုက်ညီလို့သာပေါ့။ မဟုတ်ရင် ‘ဒီအစ်ကိုကြီးက ဒဏ္ဍာရီလို ဖြစ်တည်မှုမျိုးပဲ..’ ဆိုပြီး နောက်စကားတစ်ခွန်း ထပ်ပြောလိုက်ပြီ။

မိုက်တယ်.. အရမ်းခန့်ညားနေမှာပဲ..!

ရွှယ်ယို့ရှန်းကတော့ သူ့ကိုယ်သူ မသိရှာဘူး။ သူ့ရဲ့ ချစ်စဖွယ်ပုံစံလေးနဲ့ ပေါက်စီလုံးလေးလို အသွင်အပြင်ကြောင့် သူလုပ်ခဲ့သမျှ တည်ကြည်ခန့်ညားတဲ့ အမူအရာတွေက အရမ်းချစ်စရာကောင်းပြီး လူတိုင်း ဖက်နမ်းချင်လာအောင် ဖိတ်ခေါ်နေသလိုပဲ။

လူအုပ်ကြီးကို ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သတ်နေတာလား..?

နည်းနည်းလောက် တည်တည်ကြည်ကြည် နေလို့မရဘူးလား.. ဒီကောင်လေးကတော့..!!!

မော်ကြွားနေတဲ့ ကောင်လေးကတော့ သူ့နောက်မှာရှိနေတဲ့ ရင်းဆုယဲ့ရဲ့ အကြည့်တွေက ပိုပြီးအေးစက်လာသလို ပိုပြီး အန္တရာယ်များလာတာကို သတိမပြုမိခဲ့ဘူး။ ရင်းဆုယဲ့က သူ့ရဲ့ တုနှိုင်းမဲ့ညှို့ဓာတ်ကို သုံးပြီး ကောင်လေးကို သိမ်းသွင်းမှရတော့မယ် ဆိုတာကို သဘောပေါက်လိုက်တယ်။

ကောင်လေး.. အရမ်းဂုဏ်ယူမနေနဲ့ဦး..!

“တကယ်လို့ အတွေးအခေါ်တွေအများကြီး သင်ပေးမယ်ဆိုရင် ငါမင်းနောက်လိုက်မယ်..”

ပိုင်ယွီက ရွှယ်ယို့ရှန်းရဲ့ စကားတွေကို ဟာသလို့ မထင်ခဲ့ဘူး။ သူက တည်တည်ကြည်ကြည် ပြန်ဖြေခဲ့တယ်။

“ကောင်းပြီ.. အဲ့တာဆို ကျွန်တော့်ကို လောင်တ (Boss) လို့ခေါ်..”

ရွှယ်ယို့ရှန်းရဲ့ အတွေးထဲမှာ ပိုင်ယွီလို ညီအစ်ကိုတစ်ယောက်ရတာ မဆိုးဘူးလို့ ခံစားလိုက်မိတယ်။ ပြောရမယ်ဆိုရင် ဝိဉာဉ်ကူးပြောင်းလာပြီးကတည်းက သူ့ရဲ့ ကလေးအသွင်ကြောင့် အထင်မသေးတာ ပိုင်ယွီတစ်ယောက်ပဲ ရှိသေးတယ်လေ။ ပိုင်ယွီက သူ့ကို တန်းတူဆက်ဆံတယ်။ သူ့ရဲ့စကားကို ယုံကြည်ပေးတယ်။ ဒီအကြောင်းအရင်းတွေက ဘဝင်မြင့်လွန်းတဲ့ ရွှယ်ယို့ရှန်းကို အလွန်အမင်း စိတ်ကျေနပ်စေခဲ့တယ်။

သူ့စကားကို နားထောင်တဲ့ ညီငယ်လေးတစ်ယောက်ရထားတာ အရမ်းကောင်းတာပဲ။

“လောင်တ..!”

ပိုင်ယွီကလည်း ရွှယ်ယို့ရှန်း သင်ပေးတဲ့အတိုင်း ‘လောင်တ’(Boss) ဆိုတဲ့အခေါ်အဝေါ်ကို ချက်ချင်း လက်ခံလိုက်တယ်။ သူ့ရဲ့ သဘာဝကျတဲ့ အပြုအမူက ကလေးတစ်ယောက်ကို Boss လို့ သတ်မှတ်လိုက်ရတဲ့အတွက် ထူးဆန်းနေတာမျိုး မရှိခဲ့ဘူး။

“အင်း..”

လူတစ်ယောက်ကို သူ့လက်အောက်သိမ်းသွင်းပြီးနောက်မှာတော့ ‘ညီအစ်ကိုတွေ သိမ်သွင်းတဲ့ လုပ်ငန်းစဉ်’က သိပ်မခက်ခဲဘူးလို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။ အရမ်းလွယ်လွန်းတယ်။ သူ့ကိုယ်သူတောင် မယုံနိုင်သေးဘူး။ အထူးသဖြင့် ပိုင်ယွီရဲ့ အူတိအူကြောင်မျက်နှာကို ကြည့်နေတဲ့အချိန်မှာပေါ့။

ဒါပေမဲ့ ဒီပိုင်ယွီက သေလမ်းရှာတတ်လွန်းတယ်။

အနည်းဆုံးတော့ ပိုင်ယွီကို သူ့ရဲ့ ညီငယ်အဖြစ် လက်ခံသင့်လား၊ လက်မခံသင့်ဘူးလားဆိုတာကို အကြမ်အနည်းငယ်လောက် စဉ်းစားကြည့်ခဲ့သင့်တယ်။ အခုတော့ ညီငယ်အဖြစ် လက်ခံလိုက်ရပြီ။ သူ့ရဲ့အနာဂတ်က ဒီထက်ပိုပြီး ခက်ခဲတော့မှာပဲ။

ပြောရမယ်ဆိုရင် အခုချိန်မှ နောင်တရနေလည်း မမီတော့ဘူးလေ.. ဟူး..

…………………………………….

Zawgyi

“ခဏေနဦး..”

ရင္းဆုယဲ့က ထြက္သြားရန္ ျပင္လိုက္တဲ့အခ်ိန္ အျဖဴေရာင္လူငယ္က ဟန႔္တားလိုက္တယ္။ ေၾကာက္မက္ဖြယ္ရာ ဖိအားေအာက္ကေန လြတ္ေျမာက္လာတာနဲ႔ အျဖဴေရာင္လူငယ္လည္း ဘာေတြျဖစ္ပ်က္ေနသလဲဆိုတာ စူးစမ္းရင္း ရင္းဆုယဲ့၊ ႐ႊယ္ယို႔ရွန္းနဲ႔ ေဟာ္႐ူယန္ၾကားက ဇာတ္ရႈပ္ကို အစအဆုံး ရပ္ၾကည့္ေနခဲ့တယ္‌။ အခုေတာ့ ျပဇာတ္ၿပီးသြားတာေတာင္ ဟိုသုံးေယာက္ ဘာေတြျဖစ္ေနသလဲဆိုတာကို နားမလည္ႏိုင္ေသးဘူး။

ဘာမွနားမလည္ေပမယ့္ ထြက္သြားမယ့္လူေတြကို အရင္ဆုံး တားဆီးလိုက္တယ္။ ဘာပဲေျပာေျပာ တည္းခိုေဆာင္ထဲမွာ ျဖစ္ပ်က္သမွ်ကို တစ္ေယာက္ေယာက္ေတာ့ တာဝန္ယူရမယ္ေလ။

“ေဘးဖယ္စမ္း..”

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းေတြက မသိမသာ က်ဥ္းေျမာင္းသြားခဲ့တယ္။ သိသိသာသာပဲ သူ႔ရဲ႕ သည္းခံႏိုင္စြမ္းကို ေက်ာ္လြန္သြားခဲ့ၿပီ။ ႐ႊယ္ယို႔ရွန္းကို သူ႔ရဲ႕လက္ႏွစ္ဖက္နဲ႔ ေပြ႕ခ်ီထားလို႔သာေပါ့။ မဟုတ္ရင္ ႐ိုက္ထုတ္ပစ္လိုက္ၿပီးၿပီ..!

“မဖယ္ေပးႏိုင္ဘူး..!”

အျဖဴေရာင္လူငယ္ကလည္း မေက်မနပ္ ျပန္ေျပာလိုက္တယ္။ ထို႔အျပင္ လမ္းလယ္ေခါင္မွာ မတ္တပ္ရပ္ေနၿပီး လုံးဝမဖယ္ေပးခဲ့ဘူး။

“ေသခ်င္ေနတာပဲ..!”

ရင္းဆုယဲ့က လက္တစ္ဖက္တည္းနဲ႔ ႐ႊယ္ယို႔ရွန္းကို ေပြ႕ခ်ီလိုက္ၿပီး က်န္လက္တစ္ဖက္နဲ႔ လႈပ္ရွားရန္ အသင့္ျပင္လိုက္တယ္။ တစ္ဖက္လူ စတင္တိုက္ခိုက္လာခဲ့ရင္ သူကလည္း သိုေလွာင္လက္စြပ္ထဲက ဓားကို ဆြဲထုတ္ၿပီး ျပန္တိုက္ခိုက္ဖို႔ ဝန္မေလးဘူး။

“ေနပါဦး..!”

ရင္းဆုယဲ့ တိုက္ခိုက္ေတာ့မယ့္အခ်ိန္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ရဲ႕ လက္ကိုကိုင္ကာ ဟန႔္တားလိုက္တယ္။ ထို႔ေနာက္ ရင္းဆုယဲ့ကို အသာတၾကည္ ေခါင္းယမ္းျပရင္း မလုပ္ဖို႔ ေျပာလိုက္တယ္။

ရင္းဆုယဲ့ရဲ႕ ေတြ႕ကရာေနရာမွာ တိုက္ခိုက္တတ္တဲ့အက်င့္က အရမ္းဆိုး႐ြားတာပဲ။ အဲ့တာေၾကာင့္ လူေတြက ရင္းဆုယဲ့ကို အၿမဲတမ္း ပုန္ကန္ခ်င္ေနၾကတာ။ မျမင္ႏိုင္တဲ့ အႏၲရာယ္ေတြ၊ ရန္သူေတြနဲ႔ အၿမဲလိုလို ရင္ဆိုင္ေနခဲ့ရတာ။

႐ႊယ္ယို႔ရွန္း သေဘာမတူမွန္း သိလိုက္တာနဲ႔ ရင္းဆုယဲ့က တစ္ခဏတုံ႔ဆိုင္းသြားၿပီး သူ႔ရဲ႕လက္ကို ျပန္႐ုတ္သိမ္းလိုက္တယ္။ ဒါေပမဲ့ သူ႔ရဲ႕ မ်က္ႏွာေသႀကီးက အခုေလးတင္ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး တည္ၿငိမ္ေနဆဲပဲ။

ရင္းဆုယဲ့ကို ေဖ်ာင္းဖ်ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက အျဖဴေရာင္လူငယ္ကို လွည့္ၾကည့္လိုက္တယ္။

“ခင္ဗ်ားက ဘယ္သူလဲ..?”

သူ႔ရဲ႕ စာမူၾကမ္းထဲမွာ အျဖဴေရာင္လူငယ္တဲ့ ပတ္သက္တဲ့ အခ်က္အလက္ေတြ သိပ္မရွိသလိုပဲ။ ဒီအျဖဴေရာင္လူငယ္က အဓိကဇာတ္ေကာင္ကို ျမႇင့္တင္ေပးမယ့္ သာမန္ဇာတ္ပို႔ေလး ျဖစ္ရမယ္။ စာေရးသူျဖစ္တဲ့ သူကိုယ္တိုင္ေတာင္ အျဖဴေရာင္လူငယ္နဲ႔ ပတ္သက္ၿပီး သိပ္မသိဘူး။ ဘယ္စာေရးဆရာမွ တစ္ခန္းေလာက္ပဲပါတဲ့ ဇာတ္ပို႔ဇာတ္ေကာင္တစ္ေယာက္ကို တခမ္းတနား ေရးဖြဲ႕ေနမွာမဟုတ္ဘူးေလ။

“က်ဳပ္နာမည္ ပိုင္ယြီ.. အျဖဴေရာင္ဆိုတဲ့ ‘ပိုင္’.. ၿပီးေတာ့ ငွက္ေမႊးရဲ႕ ‘ယြီ’..”

အျဖဴေရာင္လူငယ္.. မဟုတ္ေသးဘူး.. ပိုင္ယြီဆိုတဲ့တစ္ေယာက္က ႐ုပ္တည္ႀကီးနဲ႔ သူ႔ကိုယ္သူ မိတ္ဆက္လာခဲ့တယ္။

“………”

နာမည္ေျပာလိုက္ရင္ ရၿပီေလ.. အေသးစိတ္ထိ လိုအပ္လို႔လားဟ..!

႐ႊယ္ယို႔ရွန္းရဲ႕ စိတ္ထဲမွာ ‘ေလအိုး’ဆိုတဲ့ စကားလုံးကို ႐ုတ္တရက္ စဥ္းစားမိလိုက္တယ္။

“က်ဳပ္က ကိုယ့္ကိုယ္ကို မိတ္ဆက္ၿပီးၿပီေလ.. ခင္ဗ်ားတို႔ ဘာလို႔မိတ္မဆက္ေသးတာလဲ..?”

အေတာ္ၾကာသည့္တိုင္ေအာင္ တစ္ဖက္လူက စကားမျပန္ေတာ့ ပိုင္ယြီလည္း မေက်မနပ္ ထပ္ေျပာလိုက္တယ္။

“……….”

တစ္ေယာက္တည္း ေျပာခ်င္ရာေတြ စြတ္ေျပာေနတဲ့ ပိုင္ယြီကိုၾကည့္ၿပီး ႐ႊယ္ယို႔ရွန္းမွာ ‘နတ္ဘုရားေတြေတာင္ ဆြံ႕အသြားေလာက္တယ္’ လို႔ စိတ္ထဲ ေရ႐ြတ္လိုက္မိတယ္။ ပိုင္ယြီဆိုတဲ့တစ္ေယာက္က ဘာလို႔ ဒီေလာက္ရဲတင္းရတာလဲ..? ရင္းဆုယဲ့ရဲ႕ အရွိန္အဝါကို လ်စ္လ်ဴရႈၿပီး ေျပာခ်င္ရာေျပာရဲတယ္။ တကယ့္ကို မပါးနပ္တဲ့လူပဲ..!

“ကြၽန္ေတာ္တို႔ကို ဘာလို႔တားတာလဲ..?”

ပိုင္ယြီ ေပါက္ကရေတြ ဆက္မေျပာလာခင္ ႐ႊယ္ယို႔ရွန္းက အဓိကအခ်က္ကို တည့္ေမးလိုက္တယ္။

“အို႔.. ဟုတ္သားပဲ.. ခင္ဗ်ားတို႔နဲ႔ မိတ္ဖြဲ႕မလို႔ တားတာမဟုတ္ဘူး.. အေရးႀကီးကိစၥရွိလို႔..”

ပိုင္ယြီက အခုမွ သတိရသြားသလို သူ႔ေခါင္းသူ ျပန္႐ိုက္လိုက္တယ္။ သူ႔ပုံစံက အဓိကအခ်က္ကို ေမ့သြားတဲ့အတြက္ အေတာ္ေလး စိတ္တိုသြားပုံပဲ။

“………..”

ပိုင္ယြီနဲ႔ စကားေျပာလိုက္တာ မွားၿပီလို႔ ႐ႊယ္ယို႔ရွန္း ခံစားလိုက္ရတယ္။ ‘ၾကက္က ဘဲနဲ႔ စကားေျပာေနသလိုပဲ..’ စိတ္ေရာ မွန္ေသးရဲ႕လားဟင္..?

တစ္ခ်ိန္တည္းမွာပဲ ဒီလို႐ူးေၾကာင္ေၾကာင္ဇာတ္ေကာင္မ်ိဳးကို သူ တကယ္ပဲ ဖန္တီးမိခဲ့တာလားလို႔ သံသယဝင္လာခဲ့တယ္။

“အဟမ္း.. အဟမ္း..”

ပိုင္ယြီလည္း သူ႔ရဲ႕အျပဳအမူက အေတာ္ေလး ေပါက္ကရျဖစ္သြားမွန္း သတိျပဳမိသြားတယ္။ ထို႔ေၾကာင့္ ကိုယ့္ကိုယ္ကို ထိန္းသိမ္းလိုက္ၿပီး ေခ်ာင္းဟန႔္လိုက္တယ္။

အဲ့လိုလုပ္ၿပီး သူ႔ရဲ႕ပုံရိပ္ကို ထိန္းသိမ္းခ်င္တာ ထင္ပါရဲ႕။

“ကြၽန္ေတာ္တို႔ကို ဘာလို႔တားတာလဲေျပာ..! ၿပီးေတာ့ ေက်းဇူးျပဳၿပီး အဓိကအခ်က္ကိုပဲ ေျပာေပးပါ..!”

သူသာ သတိမေပးဘူးဆိုရင္ ပိုင္ယြီတစ္ေယာက္ အဲ့ေနရာမွာ ေျခစုံရပ္ၿပီး မ်က္ႏွာအမူအရာေျပာင္းလဲတဲ့ ဇာတ္ကြက္ကို ဘယ္ေလာက္ၾကာၾကာ လုပ္ေနဦးမလဲမသိဘူး..!

“အဟမ္း..! တကယ္ေတာ့ က်ဳပ္ေျပာခ်င္တာက ခင္ဗ်ားရဲ႕ သူငယ္ခ်င္း အေၾကာင္းျပခ်က္မရွိ ဖိအားထုတ္လိုက္တဲ့ ကိစၥပဲ.. ဒီေနရာမွာရွိတဲ့ လူေတြအကုန္လုံး ထိခိုက္ေစ႐ုံတင္မကဘူး.. တည္းခိုေဆာင္ပါ ၿပိဳက်ေတာ့မလို႔.. အဲေတာ့ ခင္ဗ်ားတို႔ေတြ ဒီအတိုင္း ထြက္သြားလို႔မရဘူး..!”

ပိုင္ယြီက ရင္းဆုယဲ့ကို ၫႊန္ျပလိုက္ၿပီး သူတို႔လုပ္သမွ်ကို တစ္ခုခ်င္း ေျပာျပလိုက္တယ္။

“လူေတြကို ဒဏ္ရာရေအာင္လုပ္ခဲ့တာ ဟိုအမ်ိဳးသမီးေလ.. ကြၽန္ေတာ္တို႔မဟုတ္ဘူး..! ခင္ဗ်ား လူမွားေနၿပီ..”

႐ႊယ္ယို႔ရွန္းကလည္း ေဟာ္႐ူယန္ကို ၫႊန္ျပလိုက္ၿပီး ‘ညစ္ပတ္တဲ့ေရနဲ႔ ေလာင္းလိုက္သလို’ ေဟာ္႐ူယန္ကို အျပစ္ပုံခ်လိုက္တယ္။

ဒီကိစၥေတြအကုန္လုံးက ေဟာ္႐ူယန္ေၾကာင့္ ျဖစ္လာခဲ့တာပဲ။ အဲေတာ့ သူမကိုပဲ တာဝန္ယူခိုင္းရမွာေပါ့။ ေဟာ္႐ူယန္အစား သူတို႔ကို တာဝန္ယူခိုင္းခ်င္တာလား..? လူမွားေနၿပီး အစ္ကိုႀကီးေရ..!

“တျခားအျပစ္ကင္းတဲ့ လူေတြက်ေတာ့ေရာ.. ဘယ္လိုလုပ္ေပးမွာလဲ..?”

ေသေရးရွင္ေရး အေျခအေနမွာေတာင္ ပိုင္ယြီက ‘ဖိုးတိက်’ လုပ္ေနေသးတယ္။ ေဟာ္႐ူယန္ေၾကာင့္ ထိခိုက္ခဲ့တဲ့လူေတြကို ဖယ္ထုတ္လိုက္ရင္ က်န္တဲ့လူေတြအားလုံးက ရင္းဆုယဲ့ရဲ႕ ဖိအားအရွိန္အဝါေၾကာင့္ ထိခိုက္ကုန္တာ အမွန္ပါပဲ။

“သူတို႔လား..? ကြၽန္ေတာ္တို႔နဲ႔မွ မဆိုင္တာ..”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ တည္းခိုေဆာင္ထဲကို တစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ဒဏ္ရာမရတဲ့လူဆိုတာ မရွိသေလာက္ပဲ။ ထိုအခ်ိန္မွ ရင္းဆုယဲ့ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈကို ႐ႊယ္ယို႔ရွန္းခမ်ာ နက္နက္ရႈိင္းရႈိင္း နားလည္သြားေတာ့တယ္။

“ခင္ဗ်ားနဲ႔ ေဟာ္႐ူယန္ရဲ႕ တိုက္ပြဲေၾကာင့္ ရင္းဆုယဲ့ကို ထိခိုက္ေတာ့မလို႔ေလ.. သူလည္း မတတ္သာဘဲ ကိုယ့္ကိုယ္ကို ကာကြယ္တဲ့အေနနဲ႔ ျပန္တုံ႔ျပန္လိုက္ရတာေပါ့..”

႐ႊယ္ယို႔ရွန္းတို႔က လိမ္တဲ့အခ်ိန္ဆို မ်က္ေတာင္လုံးဝမခတ္ဘူး။ သူ႔ရဲ႕ တည္ၾကည္တဲ့ အမူအရာက သူေျပာတာ အမွန္တရားေတြလို႔ လူတိုင္းကို ထင္ျမင္သြားေစတယ္။ ေဟာ္႐ူယန္နဲ႔ ပိုင္ယြီတို႔ အရင္တိုက္ခိုက္ၾကတာေလ။ အဲ့မတိုင္ခင္ သူနဲ႔ ရင္းဆုယဲ့က ဘာမွမလုပ္ခဲ့ပါဘူးေနာ္။

အမွန္တကယ္ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ကြက္က သိပ္မျပင္းထန္ဘူး။ ေျမညီထပ္က လူေတြေတာင္ ဘာမွမျဖစ္တာ၊ ဒုတိယထပ္မွာရွိေနတဲ့ သူနဲ႔ရင္းဆုယဲ့က ဘာျဖစ္ရမွာလဲ။ သူတို႔ရဲ႕ တိုက္ကြက္ေတြ ဒီထက္ျပင္းထန္လာရင္ေတာင္ ရင္းဆုယဲ့ရဲ႕ စြမ္းအားအရ နည္းနည္းေလးေတာင္ ထိခိုက္မွာမဟုတ္ဘူး။

“ဒီလိုေျပာေၾကးဆို ဒီမွာရွိတဲ့လူေတြ ထိခိုက္ကုန္တာ ေဟာ္႐ူယန္နဲ႔ ခင္ဗ်ားရဲ႕ တာဝန္မကင္းဘူးေနာ္..”

႐ႊယ္ယို႔ရွန္းက ေတြေဝျခင္းမရွိဘဲ လိုရာဆြဲေျပာလိုက္တယ္။

“တကယ္လို႔ ခင္ဗ်ားတို႔ႏွစ္ေယာက္ မတိုက္ခိုက္ခဲ့ဘူးဆိုရင္ ရင္းဆုယဲ့လည္း တုံ႔ျပန္မွာမဟုတ္ဘူး.. ဒီမွာရွိေနတဲ့ လူေတြလည္း ထိခိုက္မွာမဟုတ္ေတာ့ဘူး..!”

ဒါကို အက်ိဳးအေၾကာင္းလို႔ေခၚတယ္.. ဟုတ္ၿပီလား..?

“အဲလိုလား..?”

ပိုင္ယြီခမ်ာေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕ စကားလုံးေတြေၾကာင့္ အူေၾကာင္ေၾကာင္ ျဖစ္သြားရတယ္။ သူ ဘယ္လိုေတြးေတြး လက္ရွိအေျခအေနျဖစ္ေအာင္ လုပ္ခဲ့တဲ့လူက သူပဲ။ ပိုင္ယြီလည္း သူ႔ကိုယ္သူ ဘဝင္မက်ေတာ့ဘူး။

“ဒါေပါ့.. အဲ့အတိုင္းပဲ..!”

လူေတြကို အ႐ူးလုပ္တဲ့ေနရာမွာ ႐ႊယ္ယို႔ရွန္းက အမွတ္ျပည့္ပဲ။ ဘာမွေထြေထြထူးထူး စဥ္းစားေနစရာ မလိုအပ္ဘူး။ ပါးစပ္ဖြင့္ၿပီး ေျပာလိုက္႐ုံနဲ႔ သူေျပာသမွ်အားလုံးက အစီအစဥ္တက် က်ိဳးေၾကာင္းဆီေလ်ာ္သြားလိမ့္မယ္။

“အမွန္တရားက အဲ့လိုထင္တယ္ေနာ္..!”

သိသိသာသာပဲ၊ ပိုင္ယြီကလည္း သူသာ ရန္မျဖစ္ခဲ့ရင္ အခုလိုျဖစ္မွာမဟုတ္ဘူးလို႔ ခံစားလိုက္ရတယ္။

“ေနာက္ဆုံးေတာ့ ခင္ဗ်ား နားလည္သြားၿပီပဲ.. ေတာ္တယ္..”

႐ႊယ္ယို႔ရွန္းက ဝမ္းသာအားရ ေခါင္းညိတ္ျပလိုက္တယ္။ ႐ိုးသားတဲ့ ဖိုးသခြားေလး ပိုင္ယြီကေတာ့ လုံးလုံးလ်ားလ်ား အ႐ူးလုပ္ခံလိုက္ရၿပီဆိုတာ ေသခ်ာသေလာက္ပဲ။ ဒါေပမဲ့ မလိုလားအပ္တဲ့ ျပႆနေတြ ထပ္ၿပီးမျဖစ္ရေလေအာင္ ပိုင္ယြီကို ပိုၿပီးလွည့္စားႏိုင္ဖို႔ ႀကိဳးစားလိုက္တယ္။

“တကယ္လို႔ ခင္ဗ်ားက တရားမွ်တမႈ ရွာခ်င္တယ္ဆိုရင္ ကိုယ့္ကိုယ္ကိုသာ ျပန္ၾကည့္လိုက္.. ေဟာ္႐ူယန္ကိုေရာပဲ.. ဒီကိစၥက ခင္ဗ်ားတို႔ေၾကာင့္ ျဖစ္လာရတာ..”

အခ်ိန္တိုအတြင္း ပိုင္ယြီက တရားမွ်တမႈကို လိုခ်င္ေနတဲ့ ႐ူးေၾကာင္ေၾကာင္လူတစ္ေယာက္မွန္း ႐ႊယ္ယို႔ရွန္း နားလည္သြားခဲ့တယ္။ မဟုတ္ရင္ လူေတြ ထိခိုက္ဒဏ္ရာရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေဟာ္႐ူယန္နဲ႔ အျငင္းပြားမွာ မဟုတ္ဘူး။

အခုလည္း ရင္းဆုယဲ့က လူေတြကို ထိခိုက္ေအာင္လုပ္ပါတယ္ဆိုၿပီး သူတို႔ကို တားဆီးလာျပန္ၿပီ။ ဒီလိုေခါင္းမာတဲ့လူမ်ိဳးက ‘နံရံကို မတိုက္သေ႐ြ႕ ေနာက္ျပန္မၾကည့္ဘူး..’ဆိုတဲ့ စကားလိုပဲ။ တစ္ခုခုဆိုးဆိုးဝါးဝါးမျဖစ္သေ႐ြ႕ အေလ်ာ့မေပးတတ္ၾကဘူး။

အဲ့ေတာ့ ျပႆနာကို ေရွာင္ရွားႏိုင္ဖို႔ ႐ႊယ္ယို႔ရွန္းလည္း ျမားဦးကို တျခားလူဆီ လွည့္ေပးလိုက္ရတယ္။

“ဒါေတြအားလုံးျဖစ္ပ်က္ခဲ့ရတာ ကြၽန္ေတာ့္ေၾကာင့္ေပါ့ေနာ္..?!”

ပိုင္ယြီခမ်ာ ထိုအခ်က္ေၾကာင့္ စကားမေျပာႏိုင္ေအာင္ ထိတ္လန႔္သြားရပုံပဲ။ ေျမျပင္ေပၚကို တျဖည္းျဖည္း လဲၿပိဳက်သြားခဲ့တယ္။

“တကယ္ေတာ့ အဓိကျပႆနာက ခင္ဗ်ားမဟုတ္ပါဘူး.. ေဟာ္႐ူယန္ဆိုတဲ့ ဟိုအမ်ိဳးသမီးပဲ..”

ပိုင္ယြီရဲ႕ အရမ္းခံစားသြားရတဲ့ အမူအရာကိုၾကည့္ၿပီး ႐ႊယ္ယို႔ရွန္းလည္း မျမင္ရက္ေတာ့ဘူး။ တကယ္ေတာ့ ပိုင္ယြီလို လူစားမ်ိဳးကို သူ မမုန္းပါဘူး။ အဲတာေၾကာင့္ ပိုင္ယြီကို ကူညီၿပီး ေဟာ္႐ူယန္ဘက္ ျမားဦးလွည့္ဖို႔ လုပ္လိုက္တယ္။

ပိုင္ယြီဆိုတာ ဇာတ္ေၾကာင္းအရ ေဟာ္႐ူယန္ကို ျပႆနာရွာရတဲ့ ဇာတ္ေကာင္ေလးပဲေလ။ သူနဲ႔ ရင္းဆုယဲ့ေၾကာင့္ ဇာတ္ေၾကာင္းအေျပာင္းအလဲ ျဖစ္သြားခဲ့တာဆိုေတာ့ မူလဇာတ္ေၾကာင္းအတိုင္း ျပန္ျဖစ္ေအာင္ လုပ္ေပးရေတာ့မွာေပါ့။

စိတ္ဒုကၡခံေနစရာမလိုဘူး..!

“မင္းဘာကိုဆိုလိုတာလဲ..?”

ျပႆနာေတြက သူေတြးထင္ေနသလို မဟုတ္ဘူးဆိုတာ သိလိုက္ရေတာ့ ပိုင္ယြီလည္း အသိစိတ္ျပန္ကပ္သြားၿပီး ႐ႊယ္ယို႔ရွန္းကို စိတ္အားထက္သန္စြာ ေမာ့ၾကည့္လာခဲ့တယ္။

“ေဟာ္႐ူယန္သာ လူေတြကို ထိခိုက္ေအာင္မလုပ္ခဲ့ရင္ ခင္ဗ်ားလည္း ေရွ႕ထြက္ၿပီး ဒဏ္ရာရသြားတဲ့ လူေတြအတြက္ တရားမွ်တမႈ ရွာေပးေနစရာ မလိုေတာ့ဘူးေလ..”

႐ႊယ္ယို႔ရွန္းလည္း အမ်ားႀကီး မရွင္းျပခ်င္ဘူး။ အေစာပိုင္းက သူေျပာခဲ့တဲ့အတိုင္းပဲဆိုေတာ့ သိပ္ၿပီးေျပာျပစရာ မလိုေတာ့ဘူး။

“နားလည္ၿပီ..!”

ပိုင္ယြီရဲ႕ မ်က္ဝန္းေတြက ေတာက္ပလာခဲ့တယ္။ ထို႔ေနာက္ ႐ႊယ္ယို႔ရွန္းကို ဦးၫြတ္ၿပီး ေက်းဇူးတင္ေနေတာ့တယ္။ သူ႔ရဲ႕ပုံစံက ဒီလိုအမွန္တရားမ်ိဳးကို သင္ျပေပးခဲ့တဲ့အတြက္ ႐ႊယ္ယို႔ရွန္းအေပၚ အရမ္းေက်းဇူးတင္ေနသလိုပါပဲ။

“မလိုပါဘူး..”

ၾကည့္ရတာ ဒီကမာၻရဲ႕ လူေတြက အဆင့္နိမ့္ၿပီး သူက အဆင့္ျမင့္တဲ့ပုံပဲ။ ပိုင္ယြီဆိုရင္ အရမ္း႐ိုးအၿပီး လွည့္စားရလြယ္တယ္။ စကားေလး နည္းနည္းေျပာလိုက္႐ုံနဲ႔ အေတြးေျပာင္းသြားခဲ့တယ္။

ဒီလို႐ူးေၾကာင္ေၾကာင္လူမ်ိဳးက ‘အလိမ္ခံရတဲ့အျပင္ လူလိမ္အတြက္ ပိုက္ဆံပါ ကူေရေပးတယ္’ ဆိုတဲ့ စကားအတြက္ အေကာင္းဆုံးနမူနာပဲ။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းလည္း လိပ္ျပာမလုံဘူး။ လူေကာင္းေလးတစ္ေယာက္ကို လမ္းေၾကာင္းမွားေအာင္ သင္ေပးလိုက္မိၿပီလား..?

“တကယ္လို႔ ဒီအကိုႀကီးေနာက္ လိုက္မယ္ဆိုရင္ အစားအေသာက္ေကာင္းအတြက္ တာဝန္ယူတယ္..”

႐ႊယ္ယို႔ရွန္းက ေျပာရင္းဆိုရင္း ဆံပင္သပ္တင္လိုက္တယ္။ အေျခအေနနဲ႔ သိပ္ၿပီးမကိုက္ညီလို႔သာေပါ့။ မဟုတ္ရင္ ‘ဒီအစ္ကိုႀကီးက ဒ႑ာရီလို ျဖစ္တည္မႈမ်ိဳးပဲ..’ ဆိုၿပီး ေနာက္စကားတစ္ခြန္း ထပ္ေျပာလိုက္ၿပီ။

မိုက္တယ္.. အရမ္းခန႔္ညားေနမွာပဲ..!

႐ႊယ္ယို႔ရွန္းကေတာ့ သူ႔ကိုယ္သူ မသိရွာဘူး။ သူ႔ရဲ႕ ခ်စ္စဖြယ္ပုံစံေလးနဲ႔ ေပါက္စီလုံးေလးလို အသြင္အျပင္ေၾကာင့္ သူလုပ္ခဲ့သမွ် တည္ၾကည္ခန႔္ညားတဲ့ အမူအရာေတြက အရမ္းခ်စ္စရာေကာင္းၿပီး လူတိုင္း ဖက္နမ္းခ်င္လာေအာင္ ဖိတ္ေခၚေနသလိုပဲ။

လူအုပ္ႀကီးကို ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔ သတ္ေနတာလား..?

နည္းနည္းေလာက္ တည္တည္ၾကည္ၾကည္ ေနလို႔မရဘူးလား.. ဒီေကာင္ေလးကေတာ့..!!!

ေမာ္ႂကြားေနတဲ့ ေကာင္ေလးကေတာ့ သူ႔ေနာက္မွာရွိေနတဲ့ ရင္းဆုယဲ့ရဲ႕ အၾကည့္ေတြက ပိုၿပီးေအးစက္လာသလို ပိုၿပီး အႏၲရာယ္မ်ားလာတာကို သတိမျပဳမိခဲ့ဘူး။ ရင္းဆုယဲ့က သူ႔ရဲ႕ တုႏႈိင္းမဲ့ညႇိဳ႕ဓာတ္ကို သုံးၿပီး ေကာင္ေလးကို သိမ္းသြင္းမွရေတာ့မယ္ ဆိုတာကို သေဘာေပါက္လိုက္တယ္။

ေကာင္ေလး.. အရမ္းဂုဏ္ယူမေနနဲ႔ဦး..!

“တကယ္လို႔ အေတြးအေခၚေတြအမ်ားႀကီး သင္ေပးမယ္ဆိုရင္ ငါမင္းေနာက္လိုက္မယ္..”

ပိုင္ယြီက ႐ႊယ္ယို႔ရွန္းရဲ႕ စကားေတြကို ဟာသလို႔ မထင္ခဲ့ဘူး။ သူက တည္တည္ၾကည္ၾကည္ ျပန္ေျဖခဲ့တယ္။

“ေကာင္းၿပီ.. အဲ့တာဆို ကြၽန္ေတာ့္ကို ေလာင္တ (Boss) လို႔ေခၚ..”

႐ႊယ္ယို႔ရွန္းရဲ႕ အေတြးထဲမွာ ပိုင္ယြီလို ညီအစ္ကိုတစ္ေယာက္ရတာ မဆိုးဘူးလို႔ ခံစားလိုက္မိတယ္။ ေျပာရမယ္ဆိုရင္ ဝိဉာဥ္ကူးေျပာင္းလာၿပီးကတည္းက သူ႔ရဲ႕ ကေလးအသြင္ေၾကာင့္ အထင္မေသးတာ ပိုင္ယြီတစ္ေယာက္ပဲ ရွိေသးတယ္ေလ။ ပိုင္ယြီက သူ႔ကို တန္းတူဆက္ဆံတယ္။ သူ႔ရဲ႕စကားကို ယုံၾကည္ေပးတယ္။ ဒီအေၾကာင္းအရင္းေတြက ဘဝင္ျမင့္လြန္းတဲ့ ႐ႊယ္ယို႔ရွန္းကို အလြန္အမင္း စိတ္ေက်နပ္ေစခဲ့တယ္။

သူ႔စကားကို နားေထာင္တဲ့ ညီငယ္ေလးတစ္ေယာက္ရထားတာ အရမ္းေကာင္းတာပဲ။

“ေလာင္တ..!”

ပိုင္ယြီကလည္း ႐ႊယ္ယို႔ရွန္း သင္ေပးတဲ့အတိုင္း ‘ေလာင္တ’(Boss) ဆိုတဲ့အေခၚအေဝၚကို ခ်က္ခ်င္း လက္ခံလိုက္တယ္။ သူ႔ရဲ႕ သဘာဝက်တဲ့ အျပဳအမူက ကေလးတစ္ေယာက္ကို Boss လို႔ သတ္မွတ္လိုက္ရတဲ့အတြက္ ထူးဆန္းေနတာမ်ိဳး မရွိခဲ့ဘူး။

“အင္း..”

လူတစ္ေယာက္ကို သူ႔လက္ေအာက္သိမ္းသြင္းၿပီးေနာက္မွာေတာ့ ‘ညီအစ္ကိုေတြ သိမ္သြင္းတဲ့ လုပ္ငန္းစဥ္’က သိပ္မခက္ခဲဘူးလို႔ ႐ႊယ္ယို႔ရွန္း ခံစားလိုက္ရတယ္။ အရမ္းလြယ္လြန္းတယ္။ သူ႔ကိုယ္သူေတာင္ မယုံႏိုင္ေသးဘူး။ အထူးသျဖင့္ ပိုင္ယြီရဲ႕ အူတိအူေၾကာင္မ်က္ႏွာကို ၾကည့္ေနတဲ့အခ်ိန္မွာေပါ့။

ဒါေပမဲ့ ဒီပိုင္ယြီက ေသလမ္းရွာတတ္လြန္းတယ္။

အနည္းဆုံးေတာ့ ပိုင္ယြီကို သူ႔ရဲ႕ ညီငယ္အျဖစ္ လက္ခံသင့္လား၊ လက္မခံသင့္ဘူးလားဆိုတာကို အၾကမ္အနည္းငယ္ေလာက္ စဥ္းစားၾကည့္ခဲ့သင့္တယ္။ အခုေတာ့ ညီငယ္အျဖစ္ လက္ခံလိုက္ရၿပီ။ သူ႔ရဲ႕အနာဂတ္က ဒီထက္ပိုၿပီး ခက္ခဲေတာ့မွာပဲ။

ေျပာရမယ္ဆိုရင္ အခုခ်ိန္မွ ေနာင္တရေနလည္း မမီေတာ့ဘူးေလ.. ဟူး..

…………………………………….

Continue Reading

You'll Also Like

978K 115K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.4M 156K 199
အဓိကဇာတ္ေကာင္ေတြက အမ်ိဳးသားဇာတ္လိုက္ေတြနဲ႔ ပဲေတြ႔ၾကတာလား? ေကာင္းၿပီေလ၊ စာဖတ္သူေတြကတူခဲ့ၾကတဲ့ အေတြးေတြကို သေဘာတူတာ ျငင္းဆုိၾကတာေပါ့။ ေနာက္ပိုင္းေတာ့၊...
180K 34.1K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
2.9M 225K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023