private ကျောင်းတစ်ခုရှေ့၌ ရှည်လျားလှသည့် ကားတန်းကြီးတစ်ခုတွင် မင်းဆက်လည်း ရောက်ရှိနေသည်။ လက်မှာ ပါတ်ထားတဲ့ Rolexနာရီကို တစ်ချက်အကြည့်ပို့မိတော့ လေးနာရီ ထိုးဖို့ မိနစ်ပိုင်းသာ လိုတော့မြည်မို့ မင်းဆက် ကျောင်းဂိတ်ကိုသာ ကြည့်နေပြီး ထွက်လာမယ့် သူတွေကို မျှော်နေမိသည်။ ဒီထဲမှာ သူ့ရဲ့ အသည်းညှာလေးတွေလည်း ပါနေတယ်မလား----?။
"တောင်---!"
ကျောင်းခေါင်းလောင်းထိုးပြီးသည့်နောက်မှာတော့ မင်းဆက် ကားထဲမှ ထွက်လိုက်ပြီး
အပေါ်ကုတ် သုံးထည်ကိုပါ ကားထဲမှ တစ်ပါထဲ ယူလိုက်ကာ သူလည်း ကားပေါ်မှ ဆင်းလိုက်သည်။ နက်စွေးနေသည့် အပေါ်ကုတ်အင်္ကျီကို
လည်း ဒူးထိရောက်အောင် ဆန့်လ်ိုက်ပြီး ကျောင်းထဲမှ ထွက်လာမယ့် ကလေးတွေကို စောင့်မျှော်နေလိုက်သည်။ ရှည်လျားနေသည့် အရပ်ကြီးကို ပိုင်ဆိုင်ထားပြီး တွန့်ချိုးနေသည့် မျက်ခုံးနှစ်ခုက သူ့ရဲ့ သွင်ပြင်ကို ထင်းနေစေသည်။ ရှည်သွယ်နေပြီး အကျောစိမ်းစိမ်းလေးတွေ ထနေတဲ့ လက်ချောင်းဖျားလေးတွေကလည်း ကုတ်အင်္ကျီ လက်အောက်ကနေ အဖျားလေးတွေ မြင်နေရသည်။
"ဖေဖေ---! ဖေဖေ့--! "
"လာပြီလား ဖေ့ play boy တွေ ---။ အားလုံး အဆင်ပြေခဲ့ရဲ့လား--?"
"ကျွန်တော်က အဆင်ပြေတယ်။ ကျွန်တော်လည်း ပြေတယ် ဖေ။ မပြေတာ ညီလေး ဇက်။
"ဘာလို့ သားငယ်က မပြေတာလဲ--?"
မင်းဆက် ပြောလဲပြော သားသုံးယောက် လုံးကို ကားနောက်ခန်းရှိ ထိုင်ခုံမှာ ထိုင်စေလိုက်ပြီး
သားတို့ ဝတ်ထားသည့် ကျောင်းဝတ်စုံပေါ်မှ အပေါ်ကုတ်ကိုလည်း ထပ်ဝတ်ခိုင်းလိုက်သည်။
သူကတော့ မည်သူ့ကိုမှ ဂရုမစိုက်ပဲ ကားကို မောင်းထွက်ဖို့သာ ပြင်လိုက်သည်။ သူတို့ သားဖတွေကို ကြည့်နေတဲ့ မျက်လုံးတွေကိုလည်း ဂရုစိုက်ခြင်း အလျှင်းမရှိပဲ။
"ကျွန်တော့်ရဲ့ ခြေစမ်းပွဲလေ ဖေ---။အဲ့ဒါ ကျွန်တော် ကိုးနှစ်မပြည့်သေးလို့တဲ့ ပါခွင့်မရဘူး--"
"အဟား--! ဒါများ ဇက်ရယ် ။ယောကျာ်း မဟုတ်တဲ့ အတိုင်း နှုတ်ခမ်းကြီး စူထားစရာလား--?။ ဇက် ကိုးနှစ်မပြည့်သေးလို့ အသင်းက ကန်ခွင့်မပေးတာပဲ။ ကိုးနှစ်ပြည့်ရင် ပါပေါ့--"
"ဖေရာ--! ဖေလုပ်ပေးလေ။"
"ဇက် --! ဖေ ဘာပြောထားလဲ ?။ ဘယ်လို ပြိုင်ပွဲပဲ ဖြစ်ဖြစ် တရားသောနည်လမ်းနဲ့ပဲ ယှဉ်ပြိုင်ရမယ်လို့ ဖေ မပြောထားဘူးလား--?။
ဇက် ကကော ဖေ့ ကြိုးစားမှုနဲ့ ဆုကို လိုချင်တာလား---?"
"မလိုချင်ဘူး---"
"ဒါဆို ပြီးနေပြီပဲ ကိုးနှစ်ပြည့်အောင် စောင့်ပေါ့။ကိုးနှစ်ပြည့်လို့မှ ဇက်ကို အသင်းက ကန်ခွင့်မပေးရင် အဲ့ဒါ ဖေနဲ့ ဆိုင်ပြီ။ ဖေ ကိုယ်တိုင် ဇက်ရှေ့ကနေ ပြောမယ် ဟုတ်ပြီလား---?"
"ဟုတ်--"
"ဒါမှ ဖေ့ရဲ့ play boy လေးပေါ့--"
မင်းဆက် ရယ်လိုက်ပြီး သားတွေကိုသာ ကားမောင်းရင်း ကားမှန်ကနေတစ်ဆင့် ကြည့်နေလိုက်သည်။
"ဖေဖေ---! ကျွန်တော်တို့ ကိုးနှစ် ပြည့်တော့မယ် ။ ဒီနှစ်ကော ဖေငယ် က. ပြန်မလာသေးဘူးလား-- ?။ဖေကြီးကို စိတ်ဆိုးတာ မပြေသေးဘူးလား--?"
သားကြီး ခန့် က မေးတော့ ဆက် နှင့် ဇက်ကပါ ခေါင်းလေးတွေ ထောင်လာပြီး မင်းဆက်ကို ကြည့်လာကြသည်။
"မင်းတို့--- မင်းတို့ ဖေငယ် ကို တွေ့ချင်လို့လား--?"
"အင်း---"
"ဇက်--!"
"ဟားဟား--! စိတ်ထဲရှိရာ ပြော။ မင်းတို့နဲ့ ဖေ့ကြားမှာ ဘာအကန့်မှ မရှိစေချင်ဘူး။ ဖေပြောတာနားလည်လား--?"
"ဟုတ်ကဲ့--"
မင်းဆက် မေးလိုက်လျှင် အားလုံးထဲမှ အငယ်ဆုံးဖြစ်သူ ဇက်က အလျှင်အမြန် အဖြေပြန်ပေးလာသည်ကို ခန့် နှင့် ဆက်က မင်းဆက် မျက်နှာကို ကြည့်ပြီး ဇက် ကို လှန်းဟန့်သည်။
*ဟက်---! တူလွန်းတယ် ငယ်ရယ်။ မင်းရဲ့ အကျင့်တွေအတိုင်းပဲ သားတွေကလေ---*
သားတို့ ခုနှစ်ပြည့်ထဲက သားတို့ကို မိခင်က မွေးထားတာမဟုတ်ကြောင်း သူပြောပြထားသည်။
ကလေးတွေဆိုတာ ရွှံ့လေးတွေနှင့်တူသည်။
နုနု နယ်နယ် အရွယ်မှာ လိုရာပုံသွင်းမှ ကြီးလာရင်လည်း နားလည်လာမည်။ ထို့ကြောင့် သူ သားတို့ အသက်ခုနှစ်ပြည့်ထဲက သားတို့ကို
ဖအေနှစ်ယောက်က မွေးထားကြောင်း /သားတို့ ကို မွေးထားတဲ့ သူက ရှားပါးလွန်းတဲ့ သားအိမ်ပါတဲ့ အမျိုးသားဖြစ်ကြောင်း သူနားလည်အောင် ပြောပြထားခဲ့တာ။ သားတို့ကို ဖေဖေ့လို ယောကျာ်းတစ်ယောက်ကပဲ မွေးထားတာလို့ ပြောထဲက သားတို့က သင်စရာကို မလိုခဲ့ပဲ
သူ့ကိုဆို ဖေကြီး/ ဖေဖေ လို့ ခေါ်ပြီး သားတို့ မမြင်ဖူးတဲ့ သူတို့ရဲ့ မွေးဖေဖေကို ဖေငယ် လို့ ခေါ်သည်။ ဒါတွေကြောင့်လည်းသူ့ရဲ့ သားသုံးယောက်လုံးဟာ အရွယ်နှင့် မလိုက်အောင် ရင့်ကျက်ပြီး လူကြီးလေးတွေ အသွင် ပေါက်နေကျသည်။ သား လို့ မပြောအောင် သူ မနည်း ပုံသွင်းခဲ့ရသည်။ဒါတွေကသူ့ရဲ့ မာနတွေကြောင့်။ ငယ် ပြန်လာရင် မင်းမရှိလည်း သူနဲ့ သူ့ရဲ့ သားသုံးယောက် လုံး အဆင်ပြေနေတယ်ဆိုတာ မြင်စေချင်လို့။ ငယ် သူတို့ရဲ့ ပုံတွေကို မြင်ပြီး နောင်တတွေ ရစေချင်လို့ ။ သူဒီလိုတွေ ပျိုးထောင်ခဲ့တာ သူ့ရဲ့ သားသုံးယောက်လုံးကိုလေ။
ထိုနည်းတူ သူကလည်း သားသုံးယောက်လုံးကို သားလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ပဲ သားတို့ ကျွန်တော်လို့ ပြောတဲ့ နေ့ထဲက ဖေ့ play boy လေးတွေဆိုပြီး သူကလည်း ပြောင်းခေါ်ခဲ့တာ။ သူ့သားတွေကို အားလုံးရဲ့ အမြင်မှာလည်း ဖအေ တစ်ယောက်ရဲ့ ပြုစုမှုပဲ ရှိတယ်လို့ မမြင်စေချင် ။ ဖအေ တစ်ယောက်ထဲ ရှိလည်း သားတွေကို မိဘအစုံအလင်ရှိတဲ့ မိသားစုကလို သိမ်ငယ်မှုမရှိပဲ ကြီးပြင်းလာစေချင်သည်။ ဒါက သူ့ရဲ့ သားတွေ အပေါ် ဖြစ်စေချင်တဲဲ့ ဆန္ဒ။ သားတွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း မ်ိုးဆုံး မြေဆုံးလိုက်ရရင်တောင် သူက ဖြည့်ဆည်းပေးမယ့် ကောင်။
"မင်းတို့ ဖေငယ်က ဖေ့ကို စိတ်ဆိုးသွားတာ။
သူစိတ်ဆိုးရင် ကြာတယ်ကွ--!။ "
"ဒါကြောင့် ဖေ့ကို အခုထိ စိတ်ဆိုးမပြေသေးတာလား--?"
"ဟုတ်တာပေါ့ ဇက်ရယ်--!"
"ဟားဟား---!"
မင်းဆက် စကားကို အားလုံးထဲ သွက်တဲ့ ဇက် က မေးရျ် မင်းဆက်လည်း အဖြေပြန်ပေးပြီး ရယ်လိုက်သည်။ သူရယ်တော့ သားသုံးယောက်လုံးကလည်းရယ်လာသည်။
*ဪ --!ဘာလိုလိုနဲ့ သားတွေတောင် ကိုးနှစ်ပြည့်တော့မည်။ ငယ်--- မင်း ကိုယ့် အရိပ်ကနေ ထွက်သွားတာ ကိုးနှစ်ပြည့်တော့မယ်နော် ငယ်--!*
မင်းဆက် ကားကိုသာ သတိနှင့် ထိန်းမောင်းလာပြီး ကားမှန်ကနေ မျက်မှန်ဝိုင်းလေးတွေ တပ်ထားတဲ့ သားတို့ကို အကြည့်ပို့လ်ုက်သည်။ သားတို့က တစ်ခုခုကို အာရုံ စူးစိုက်ချိန်ဆို တစ်ယောက်ယောက်နှင့် အရမ်းကို တူလွန်းသည်။
*ငယ် ဘာလို့ မျက်မှန် တပ်တာလဲ--?။ မျက်မှန်သမားလည်း မဟုတ်ပဲ---*
*မျက်မှန်သမားမှ မျက်မှန်တပ်ရမှာလား--?။
ဒီအတိုင်းလည်း တစ်ခုခုကို အာရုံ စူးစိုက်ရင် မျက်လုံး မထိခိုက်အောင် တပ်လို့ ရတာပဲ*
*ဟက်--! တူလွန်းတယ် ငယ်ရယ်။ သားတွေက မင်းရဲ့ ပုံတူတွေအတိုင်းပဲ ငယ်--*
သူတို့ ဝါသနာ ပါရာကို အာရုံစိုက်ပြီး laptopကိုယ်စီနှင့် ကြည့်နေကြတဲ့ သားသုံးယောက်လုံးကို မင်းဆက် သဘောကျနေပြီး ကားကိုသာ ဖြေးဖြေးမှန်မှန်နှင့် မောင်းနှင်လိုက်တော့သည်။ မင်းဆက် သွားနေသည့် လမ်းက အရင်ရက်တွေက မင်းဆက် ဖြတ်သွားခဲ့တဲ့
လမ်းတော့ ဟုတ်မနေခဲ့။ ထိုအချင်းအရာကို မင်းဆက်နှင့် ဖြတ်သွား ဖြတ်လာလုပ်ဖူးတဲ့ လမ်းတွေသာ သိကြလိမ့်မည်။
"တီတီ--!"
"တီ--!"
ရှိန်း အတန်းပြီးရျ် အိမ်ပြန်ဖို့ လုပ်ရသည်။
ထိုမှ ကိစ္စက ပေါ်လာသည်။ သူ Alex ကို လာမကြိုဖို့ ပြောထားသည် ။ ထို့ကြောင့် ရှိန်း တက္ကသိုလ်ဝင်းထဲကနေ ထွက်ပြီး အိမ်ပြန်ဖို့
Taxi (သို့မဟုတ်) ဆိုင်ကယ် ကယ်ရီ ရှာရသည်။
ကျောင်းထဲရှိ လူတွေသာ ကုန်သွားသည်။ ရှိန်းမှာတော့ Taxi လည်း မရလိုက်သည့်အပြင် ဆိုင်ကယ် ကယ်ရီလည်း မရလိုက်။ ထို့ကြောင့် ရှိန်း ကိုယ့်ခြေထောက်ကိုယ်သုံးပြီးပဲ ပြန်ဖို့ ကြိုးစားလိုက်တော့သည်။ ခြေထောက်သုံးမယ်ဆိုမှ ပြောင်းလဲ သွားတဲ့ လားရှိုးလမ်းတွေရယ် အဆောက်အဦးတွေကြောင့် ရှိန်းမှာ မြို့ကို အခုမှ ရောက်လာဖူးတဲ့ သူငယ်နှပ်စားတစ်ယောက်လို ဖြစ်နေပြီး လည်ထွက်နေသည်။ နောက်ဆုံး
ဘယ်လိုမှ စဉ်းစားမရတဲ့ နောက်မှာတော့ ရှိန်း
Alex ကို ဖုန်းဆက်ဖို့ ပြင်လိုက်သည်။ ထိုမှ ရှိန်း
ကို အနောက်ကနေ ကားတစ်စီးက ဟွန်းတီးလာသည်။ အစတော့ ရှိန်း လမ်းအောက် ဆင်းပေးသည်။ လမ်းအောက် ဆင်းပေးတာလည်း မရသည့်အပြင် ဟွန်းတွေပါ ဆက်တီးလာတော့ ရှိန်း ထိုကားကို ကြည့်လိုက်သည်။
"ဦး ခွန်နောင်မင်းဆက်--!"
"ဟုတ်မလား--?ဟုတ်မလားနဲ့ ကိုယ်က. ဟွန်းတီးနေတာ တကယ်ကိုရှိန်းပဲ"
ရှိန်းရဲဲ တစ်နှစ်ပါတ်လုံး အတန်းပြီးတဲ့ အချိန်စာရင်း တွေကို သူယူထားသည်ကိုတော့ မင်းဆက် မပြောမိ။
"ဟုတ်တယ် ကျွန်တော် အတန်းပြီးလို့ အိမ်ပြန်ဖို့"
"ကားမပါတာလား--?"
"မနေ့ကမှ ပြောင်းလာတာဆိုတော့ ကားကမှာထားတုန်း မနက်ဖြန် ရောက်မယ်ပြောတာပဲ"
"ရှိန်း အဆင်ပြေရင် ကိုယ့်ကားနဲ့ လိုက်ခဲ့ပါလား။
ကိုယ် လိုက်ပို့ပေးမယ်"
"ရပါတယ်---ကျွန်တော်--!"
"အားမနာပါနဲ့ ကိုယ့်သားတွေလည်း ပါတယ်။
သူတို့ကို ကိုယ် ကျောင်းကြိုလာတာလေ"
"အင်း ဒါဆို ကျွန်တော်လိုက်လည်း ဖြစ်လား--?"
"ဖြစ်တယ်"
ရှိန်း မင်းဆက်ရဲ့ "ကိုယ့်သားတွေ ပါတယ်"ဆိုတဲ့ စကားမှာ မျက်ဝန်းတွေ လက်သွားသည်။ဒါကို မင်းဆက်ကလည်း မြင်သွားပြီး
* မင်းက ပြေလို့ မရနိုင်တဲ့ ကြိုးကိုမှ အဖုအထုံးတွေနဲ့ မင်းကိုယ်တိုင် ရစ်ပါတ်ထားတာလေ
ငယ်---။ အခုတော့ မင်း မငြင်းနိုင်တော့ဘူးမလား--?။ ဒါက နှောင်ကြိုးပဲ ငယ်။ မင်းနောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီး ရအုံးမှာမလို့
ဒါက အစပဲရှိသေးတယ် ငယ်*
ရှိန်း မင်းဆက်ရဲ့ ကားပေါ်သို့ ဝင်ထိုင်လိုက်ပြီး
အနောက်မှာရှိနေတဲ့ ကလေးသုံးယောက်ကို ကြည့်လိုက်သည်။ ကလေးတွေက သူကားပေါ်တက်လာတာကို သတိမထားမိလောက်အောင်ကို
သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေနှင့်ရှုပ်နေကြသည်။
သူတို့ ဘာကို ဒီလောက်ထိ စူးစိုက်နေရသည်ကိုတော့ ရှိန်း နောက်မှ မေးဖို့ တေးထားလိုက်တော့သည်။
"ငယ်--- ဖုန်းခေါ်ထားတာလား--?"
"အမ်--"
ရှိန်း ထိုမှ ဖုန်းကို ကြည့်လိုက်ပြီး သူအစောက Alexကို ဖုန်းခေါ်ဖို့ လုပ်တာကို သတိရတော့သည်။ သူ တကယ်ကြီး Alexကို ဖုန်းခေါ်မိလိုက်တာ
"ရှိန်း---! ဖုန်းခေါ်ပြီး ဘာလို့ မပြောတာလဲ--?။ တစ်ခုခု အဆင်မပြေလို့လား။ ပြန်မလာတတ်လို့လား။ဗိုက် ကိုက်နေလို့လား--?"
ရှိန်း ဖုန်းကို နားအနားကပ်လိုက်တာနှင့် Alexရဲ့
ဆိုးရိမ်သံကြီးကို အရင်ကြားလိုက်ရသည်။
"အမ်--! ငါ ဘာမှ မဖြစ်ဘူး။ Taxi ရှာရင်း ရှာမရလို့ မင်းကို ဖုန်းဆက်တာ အခု ရပြီမလို့ ဘာမှမဟုတ်တော့ဘူး။"
"အဆင်ပြေတာ သေချာ ရဲ့လား--?။ မရရင်
မြ ကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်မယ်--။
ဆရာ--! အခန်း ၁၀၂က လူနာ မီးဖွားဖို့ အဆင်သင့် ဖြစ်နေပြီ။
အေး--- လာပြီ"
ရှိန်းနဲ့ စကားပြောနေတုန်း အနောက်မှ နာစ်မလေး ပြောလာသည့် မွေးလူနာကြောင့် Alex ဗြာများသွားရသည်။
"လွှတ်မနေနဲ့ Alex ။ မင်းလည်း ခွဲခန်းဝင်ရမှာနဲ့ ဘာနဲ့ အလုပ်ရှုပ်နေတာမလား။ ငါ့ကို စိတ်မပူနဲ့။
အဆင်ပြေတယ် အိမ်ရောက်မှ တွေ့ကြမယ်"
"အဆင်ပြေတာသေချာလား ----?။အဆင်ပြေရင်တော့ မင်းဘာသာကြည့်လုပ်လိုက်တော့ကွာ။
ဒါဆို OKတယ်လို့ပဲမှတ်လိုက်မယ်နော်။ see you---။"
"see you Alex--"
ရှိန်း Alexနှင့် စကားပြောပြီး ဖုန်းကို ပိတ်ချလိုက်သည်။ Alexလည်း အလုပ်တွေနှင့် ရှုပ်နေသည်လေ။
"ရှိန်း ကို တော်တော် စိတ်ပူတယ်နော်--"
"အင်း---ဒီလိုပါပဲ"
ရှိန်း နောက်ဆက်တွဲ စကားတွေတော့ မပြောချင်တော့။ တစ်ခါ နှစ်ခါ ဆုံဖူးတဲ့ မိတ်ဆွေစီကနေလည်း သနားတဲ့ အကြည့်တွေနဲ့ အကြည့်မခံချင်။ သူရဲ့ accident အကြောင်းသိပြီး မနက်က
ဆရာမကတောင် သူ့ကို သနားသွားတာပဲ။
သူက အတိတ်သာ မေ့နေတာ အားလုံး ကောင်းတဲ့ လူကောင်းပဲလေ ။ဒါကို ဘာလို့ သနားနေကြတာလဲ--?။
"ဘာလုပ်တာလဲ--? ဦးခွန်နောင်မင်းဆက်--!"
"ကိုယ် ခါးပါတ်ပါတ်ပေးတာပါ--"
"ဪ--! ကျွန်တော့်ဘာသာ လုပ်လိုက်မယ်"
"ဒီနေရာက ထိုင်သူမဲ့နေတာ နှစ်တွေ ကြာခဲ့ပြီဆိုတော့ ခါးပါတ်ကလည်း ကျပ်နေပြီ"
* ဒီလူ ဘာလို့ ငါ့ကို တည့်တည့် စိုက်ကြည့်ပြီး ပြောတာလဲ--*
ရှိန်း အဝေးတစ်နေရာကို ကြည့်နေချိန်မှာပဲ သိသိသာသာရလာတဲ့ လပ်ဖက်စိမ်းရနံ့ကြောင့်
ရှိန်း ကိုယ်ကို မတ်လိုက်မှ ဦးခွန်နောင်မင်းဆက်က ရှိန်းကို အုပ်မိုးထားသည်။ ပြီးမှ ခါးပါတ်ပါတ်ပေးမလို့တဲ့---။
"ခါးပါတ် ပါတ်ပြီးပြီဆိုတော့ ကိုယ်တို့ သွားကြတော့မလား---?"
"အင်း"
"ဒါနဲ့ ရှိန်း အဆင်ပြေရင် ကိုယ်တို့နဲ့ တစ်ခုခုလိုက်စားပါလား။ ကိုယ်က သားတွေ ကျောင်းဆင်းရင် တစ်ခုခု ဝယ်ကျွေးနေကျမလို့"
အိမ်မှာပဲ သားတွေ စားချင်တာမှန်သမျှ လုပ်ကျွေးတာကိုတော့ မင်းဆက် ပြောမနေတော့။ သူ့ ဘေးမှာ ထိုင်နေတဲ့ လူသားနဲ့ သူ အချိန်တွေ အများကြီး ကုန်ဆုံးချင်တယ်လေ။
"BBQ စားကြမလား---?။ ကလေးတွေ ရော ကြိုက်ရဲ့လား--"
"ကိုယ့်သားတွေက အစားမရွေးပါဘူး။"
"ဒါဆို ဦးခွန်နောင်မင်းဆက် သိတဲ့
ဆိုင်တစ်ဆိုင် သွားကြမယ်။ကျွန်တော်က အခုမှ ရောက်ဖူးတဲ့ သူလို ဖြစ်နေတော့ ဆိုင်တွေကို မမှတ်မိတော့ဘူး"
"ကောင်းပြီ"
*မမှတ်မိလည်း ရတယ် ငယ်။ ငယ် မှတ်မိလာအောင် ကိုယ်က ပြန်လုပ်ပေးမှာမလို့ ငယ်သာ
မှတ်မိလာအောင် ကြိုးစားပါ*
ရှိန်းတို့ ကားလေးက ဝါးလေးတွေနဲ့ ကာရံထားပြီး ဝါးလေးတွေနှင့်ပင် ဆောက်ထားတဲ့ အိမ်လေးရှေ့မှာ ရပ်လိုက်သည်။ရှိန်းလည်း ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ကားပေါ်မှ ဆင်းသည်။ ထိုမှ ကလေးတွေကလည်း ရှိန်းကို မြင်သည်။
"ဟာ--!ဦးဦး ဘယ်တုန်းက ရောက်တာလဲ--?"
"ဦးဦးက ကားပေါ် ပါလာတာ။ သားတို့ကမှ မကြည့်ကြပဲ"
"ကျွန်တော်တို့ ကြည်စရာတွေများနေလို့"
"အခုတော့ အဲ့ဒါတွေ ပိတ်ထားမယ်မလား။
ဦးဦး တို့ မုန့်စားကြမယ်လေ"
ခန့် တို့ ကလေး သုံးယောက်လုံး အံ့ဩနေပြီး သူတို့ ဖေကိုသာ ကြည့်နေသည်။ ဒါ သူတို့ဖေရောဟုတ်ပါ့ ။ club မှာ လုပ်ပေးတဲ့ စားပွဲတွေ၌သာ
သူတို့ သုံးယောက် အပြင်စာ စားရပြီး အခြားအချိန်တွေဆို အိမ်မှာပဲ စားချင်တာ လုပ်ပေးတဲ့ သူတို့ဖေက အခုအချိန်တွင်တော့ အပြင်စာ စားဖို့ကို ဆိုင်ထိခေါ်လာသည်။
"လာလေ သားတို့ သွားကြမယ်--"
"ဟုတ်ကဲ့--!"
မင်းဆက် သားတွေ အံ့ဩနေတာကို ကြည့်လိုက်ပြီး မသိသလိုပင် အရှေ့မှ ဦးတည်သွားသည်။
သူ့သားသုံးယောက်ကတော့ ရှိန်းနှင့် စကားတွေ ပြောလာကြသည်။
"ရှိန်း--! ထိုင်"
ရှိန်းဘေးတွင် ခန့် နဲ့ ဆက်က ထိုင်ပြီး မင်းဆက်ဘေးတွင် ဇက်က ထိုင်သည်။
ရှိန်းတို့ ရှိနေတဲ့ ဆိုင်လေးက ဘန်ဂလို ပုံစံ ဆောက်ထားတာဖြစ်ပြီး ဝါးလုံးလေးတွေနှင့် အိမ်လေးတွေကို ပုံဖော်ထားသည်။ ဆိုင်ထဲတွင်လည်း ထို ဝါးလုံးအိမ်လေးတွေက အလုံးနှစ်ဆယ် လောက်ရှိမည်။ ရှိန်းတို့ အဖွဲ့က ဝါးလုံး အိမ်တစ်ခုမှာ ရှိနေတာ ဖြစ်ပြီး အပြင်ကသာ ဝါးလုံးနှင့် ဆောက်ထားပြီး အတွင်းမှာတော့ ဖွဲ့စည်းပုံတွေက အတော်ကို အဆင်ပြေသည်။ ရှိန်းနှင့် မင်းဆက်က မျက်နှာချင်းဆိုင် ထိုင်ကြပြီး သားတွေကိုလည်းသူတို့ဘေးတွင် ထိုင်နေစေသည်။
" သားသားလွတ် အကင်ဆုံရယ်၊ ပင်လယ်စာရယ်၊ ရှိန်း ဘာမှာအုံးမလဲ"
"ဦးခွန်နောင်မင်းဆက် မှာထားတာတွေနဲ့တင်
အဆင်ပြေနေပြီ"
"သောက်စရာကော---"
"green teaရလား--"
"ရပါတယ် အကို--"
"green tea တစ်ခွက်ပေးပါ သံပုရာခြမ်းနဲ့
ပျားရည်ကို သတ်သတ်ထည့်ပေး"
"ဟုတ်ကဲ့ အကို"
"ဦးခွန်နောင်မင်းဆက် နဲ့ သားတွေရော ဘာသောက်မလဲ--"
"ကိုယ်တို့ဖို့လည်း green tea ပဲပေး ။ သံပုရာခြမ်းနဲ့ ပျားရည်ကို သတ်သတ်ထည့်ပေး"
"ဟုတ်ကဲ့ပါအကို"
စားပွဲထိုးလေး ပြန်သွားမှ ရှိန်း မင်းဆက်ကို အတော်ကြာ စူးစမ်းနေမိသည်။
ဒီလူက ဘာလဲ--?။ သူ့လို လိုက်သောက်တာက---!။ လူ့အကြိုက်ပဲ တူသူရှိ ။ မတူသူရှိပေါ့။ အကြိုက်တူတာတွေလည်း ရှိတာပဲ။
"သားတို့ မျက်မှန်တပ်ရတာလား--?"
"ကိုယ့်သားတွေက မျက်မှန်သမားတော့ မဟုတ်ဘူး။ ဒါပေမယ့် မျက်လုံးကို ကာကွယ်အောင် မျက်မှန်တပ်တယ် သူတို့ ဖေလိုပေါ့--"
"ဪ--!"
ရှိန်း မင်းဆက်ပြောတာကို နားထောင်ပြီး မျက်မှန်တွေ ချွတ်ကာထိုင်နေကြသည့် ကလေးသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့ ဖေ ပြောသလို မျက်မှန်သမား မဟုတ်တာတော့ သေရှာသည်။ အစောကသာ မျက်မှန်တပ်ထာပြီးကားပေါ်က ဆင်းပါပြီဆိုထဲက မျက်မှန်တွေကို စနစ်တကျပဲ ဗူးထဲ ပြန်ထည့်လိုက်တာကို ရှိန်းလိုက်မြင်သည်။
"ဦးဦး စားကြမယ်--"
"အင်း--"
"ရှိန်း ကြိုက်တဲ့ ပဲပြား---! ဆီ လေးနဲ့ ကြွပ်နေအောင် ကင်ထားလို့ အဆင်ပြေတယ်"
"အင်း--"
ရှိန်းပြောပြီး မင်းဆက် ထည့်ပေးလာတဲ့ ပဲပြားကင်ကို စားလိုက်သည်။ ရှိန်းက သားသားလွတ် သမား ဖြစ်တဲ့ အတွက် အကင်တွေဆိုရင်လည်း သားသားလွတ်ကင်တွေဖြစ်တဲ့ အသားတုတို့/အားလူးတို့/ပဲပြားတို့/အသီးအရွက်ကင်တွေသာ စားဖြစ်သည်။ရှိန်းအစက သားသားလွတ်သမားဖြစ်တဲ့ သူနဲ့ စားဖို့ အဆင်မပြေမှာကို ဆိုးရိမ်ပေမယ့် မင်းဆက်တို့ သားအဖကလည်း ခြေလေးချောင်းသားတွေ မမှာရျ်အဆင်ပြေရသည်။ ကိုယ်က သားသားလွတ်ဆိုပြီးလည်း သူများအစားစားတာကို အနှောက်အယှက် မဖြစ်စေချင်။ မင်းဆက်ကတော့ စားပွဲထိုးလေး လာချပေးသည့် အကင်ပန်းကန်တွေပေါ်မှာရှိတဲ့
အကင်စုံတွေကိုသာ အကင်ဗန်းပေါ်တင်လိုက်ပြီး ဒိုင်ခံကင်နေတော့သည်။
"ခန့် ဖြေးဖြေးစား ။ ဆက် အချဉ်တွေ အများကြီး မစားနဲ့ ။ ဇက် အရွက်လည်းစား"
"ဟုတ်ကဲ့"
အကင်ကင်နေရင်းကနေလည်း အကင်ကင်မပြတ်ပဲ သားသုံးယောက်လုံးကို ကြည့်ပြီး
လိုအပ်တာတွေ လုပ်ပေးသည်။
"ရှိန်း -- အာလူးတွေ အများကြီး မစားနဲ့။
လေစာ ဆိုတော့ ရင်ခံမယ်"
"ဟုတ်ကဲ့"
မင်းဆက် ကင်ပေးသမျှကို ကလေးတွေနှင့်
အပြိုင်စားပြီး ရှုးရှဲဖြစ်နေတဲ့ အရှေ့က ကလေးတွေရဲ့ အဖေကို မင်းဆက် စိတ်ပူလာရျ် စကားဆိုလ်ုက်မိသည်။
"အစပ်ပြေ green teaသောက်လိုက်။ ရှိန်း ကြိုက်သလို သံပုရာခြမ်းနဲ့ ပျားရည်လည်း ထပ်ထည့်ထားတယ် ။ သားတို့ရော သောက်--"
"ဟုတ်ကဲ့--!
ဟုတ်ကဲ့ ဖေ--!"
ရှိန်း မျက်ခုံးပင့် သွားပေးမယ့် လူတွေတောင် နာမည်သူ မရှား လူသူမရှား ရှိသေးသည်။ အကြိုက်တူတာတော့ ရှိမည်ပဲ ဆိုသည့် အတွေးနှင့် မင်းဆက် အပြောကို မေးခွန်းတွေ ထုတ်မနေတော့။
" ဦးဦး--- ဦးဦး--!။ ဟိုးမှာ သက်တံ့ကြီး---!"
"ဘယ်မှာလဲကွ--! သားတို့ရဲ့--"
"ဟိုးမှာလေဗျာ ဟိုးကတောင်ကြီး ပေါ်မှာ"
"ခဏလေး ဦးက အဝေးမှုန်ဆိုတော့ မျက်မှန်နဲ့မှ
မြင်ရမှာ"
မင်းဆက် ရှိန်းရဲ့ စကားကြောင့် မျက်ခုံးပင့်မိသွားသည်။ ငယ်က သူ့ကိုယ်သူ အဝေးမှုန်တဲ့ ဘယ်တုန်းက အဝေးမှုန် ဖြစ်သွားရတာလဲ ငယ်ရယ် ။
"ဟာ ဟုတ်ပါ့ ကွာ---! သက်တံ့ကြီး လှချက်နော်။ မိုးလည်း မရွာပဲ ထွက်နေတာ လှချက်။
ဦးခွန်နောင်မင်းဆက် ကြည့်ကြည့်အုံး ---!။ ဟိုမှာ မလှဘူးလားဗျာ"
"အင်း လှတယ် အရမ်းကို လှတယ် သိပ်ကိုလှတယ်"
မင်းဆက် ထိုစကားတွေကို ရှိန်းရဲ့ မျက်ဝန်းတွေတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
အခု မျက်မှန်ဝိုင်းလေး တပ်လိုက်တော့ ပိုပြီးတော့တောင် လှသွားတယ် ငယ်။ ငယ် မင်းနဲ့ အရမ်း လိုက်ဖက်တာပဲ။မင်းရဲ့ အခု မျက်မှန်လေးနဲ့ ပုံလေးကို ကိုယ် ဘယ်သူ့ကို မှ မမြင်စေချင်ဘူး ငယ်။
ရှိန်းတို့ ထိုဆိုင်လေးမှ အထွက် ကလေးတွေက
သက်တံ့ကြီး ဆိုပြီး ရှိန်းလက်ကို ကိုင်ကာ ပြောလာသည်မို့ ရှိန်း ကလေးတွေပြောရာနေရာကို ကြည့်ပြီး အဝေးမှုန်ဖြစ်တဲ့ ကိုယ့်အတွက် မျက်မှန်က တပ်ရသေးသည်။
"ဦးဦး မျက်မှန်တပ်ရတာလား--?"
"ဦးဦးက အဝေးမှုန် "
" ဦးဦးနဲ့ မျက်မှန်နဲ့ လိုက်တယ်။ ဦးဦးရဲ့ ဆံပင်တွေနဲ့ရော--"
"ဟားဟား ဟုတ်ပါပြီ မျက်မှန်နဲ့ လိုက်တယ်ပြောလိုက် ။ ဆံပင်နဲ့ လိုက်တယ်ပြောလိုက်နဲ့ ။
ဒီကလေးတွေကို ဦးဦး မုန့်တွေ ဝယ်ကျွေးရတော့မှာပဲ။"
"ဦးဦးက မကျွေးချင်လို့လား---?"
"မကျွေးချင်စရာလားကွာ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးတွေပဲ--"
ရှိန်း ပြောပြီး ကလေးတွေ သုံးယောက်လုံးကို
ဖက်လိုက်မိသည်။ ဘာလို့မှန်းမသိ သူ့ရဲ့ စိတ်တွေ အားလုံး လွတ်လပ်ပြီး ပျော်ရွှင်နေရသည်။
"မင်းတို့ ဦးဦးကို အိမ်ပြန်ပို့ကြစို့"
"ဦးဦးက အိမ်ပြန်တော့မှာလား---?"
"အင်းလေ ။ ဦးဦးက သားတို့ အိမ်မှ လိုက်လို့မရပဲ"
"ဦးဦး လ်ိုက်ချင်ရင် လိုက်ခဲလေ။ ဖေဖက ခေါ်ပါတယ် ဟုတ်တယ်မလား ဖေဖေ"
"မင်းတို့ ဦးဦး ကို အရင်မေးလိုက်ပါအုံး။ လိုက်မှာလားလို့"
သားသုံးယောက်က ရှိန်းကို ခေါ်ဖို့ မေးလျှင် မင်းဆက်ကလည်း အလျှင်အမြန်ပဲ ပြန်ဖြေလိုက်သည်။
"ဦးဦးက --! ဒီနေ့တော့ ဦးဦး မအားသေးလို့ ။ နောက် ရက်တွေကျ အလည်လိုက်မယ်လေ နော်--!"
"တကယ်နော်--!"
"တကယ်ပါဗျာ--"
ရှိန်း ကလေးတွေနှင့် စကားပြောနေလိုက်ပြီး
မင်းဆက် မောင်းသည့် ကားပေါ်သို့ လိုက်ပါ စီးနှင်းရင်း ပြုံးရယ်လျှက်သာ ရှိနေလိုက်သည်။
သူ ဒီကလေးတွေနှင့် ဆို ပျော်နေပြီး လောကကြီးကိုတောင် မေ့ထားရတဲ့အထိ ဖြစ်နေသည်။
ဒီကလေးတွေက သူ့အတွက် ဒုတိယ မှီခိုရာလေးတွေလား--?။
သားသုံးယောက်က မေးလိုက် ရှိန်းက ဖြေလိုက်နဲ့ မင်းဆက်တို့ ကားလေးက စကားသံတွေနှင့် ညံ
နေသည်။ အရင်ဆို ဒီကားလေးမှာ စကားသံကြားရဖို့ မပြောနှင့် ကားထဲ ဝင်လိုက်ပြီဆိုတာနဲ့ တိတ်ဆိတ်နေသည်။ အခုတွင်တော့ ဆန့်ကျင်ဘက်တွေ ဖြစ်လျှက်။ မင်းဆက် သားသုံးယောက်နဲ့ ပြုံးရယ်နေတဲ့ ရှိန်းကို ကြည့်လိုက်ပြီး သူပါ ပြုံးမိလိုက်သည်။
ဒီလို မိသားစု ပုံရိပ်တွေကို သူတမ်းတမိနေတာ
က သားတွေ သက်စေ့ ဖြစ်ခဲ့ပြီ။ အခုအချိန်မှာတော့ ရှိန်းက သူမရှာခဲ့ပဲနဲ့ကို ကိုယ်တိုင် ပြန်လာခဲ့သည် ။ကိုယ်တိုင် ပြန်လာခဲ့တဲ့ သူကို
သူက ဘယ်လို စိတ်ကူးနဲ့ စွန့်လွှတ်မှာလဲ။
စွန့်လွှတ်ရင်လည်း အဲ့ဒီ့ လူက ရူးနေလို့ပဲ ဖြစ်မှာပေါ့။
"ဦးဦး ဆင်းပြီနော်။ နောက်မှ ပြန်တွေ့မယ်။
နောက်တစ်ခါ ကျရင် ဦးဦး ဝယ်ကျွေးမယ်"
ရှိန်းပြောလိုက်ပြီး ကားပေါ်မှ မဆင်းသေးပဲ ကားရှေ့ခန်းကနေ ကိုယ်ကို ကိုင်းကာ သားသုံးယောက်လုံးရဲ့ ပါးတွေကို မွှေးကြူလိုက်သည်။
"ဦးခွန်နောင်မင်းဆက် ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို လိုက်ပို့ပေးပြီး ကျွန်တော်ကြိုက်တာပါ ဝယ်ကျွေးလို့"
"မလိုပါဘူး ။ မိတ်ဖြစ်ဆွေဖြစ်လို့ပဲ သဘောထားလိုက်ပါ"
"နောက်တစ်ခါဆို ကျွန်တော် ကျွေးပါ့မယ်။"
"ကိုယ်နဲ့ နောက်တစ်ကြိမ် ပြန်ဆုံချင်တာလား--?"
"မိတ်ဆွေတွေဆိုတော့ ပြန်ဆုံချင်တာတော့ အမှန်ပဲ"
"မိတ်ဆွေ အဖြစ် မဟုတ်ပဲ ဆုံချင်တယ်ဆိုရင်ကော"
"အဲ့ဒီ့လိုဆိုရင်တော့ စဉ်းစားရလိမ့်မယ်"
မင်းဆက် ရှိုန်း အနားသို့ ကပ်သွားလိုက်ပြီး
ကားခါးပါတ်ကို ဖြုတ်ပေးလိုက်သည်။
"ခါးပါတ်က ကျပ်နေလို့--!
မင်းဆက် ခါးပါတ်ကို ပြလိုက်မှ ရှိန်း သက်ပြင်းချသွားပြီး ကားပေါ်မှ ဆင်းသွားသည်။
ဟက်--! တော်တော်မှ ကြောက်နေတယ်ပေါ့လေ။ အဲ့လို ကြောက်ရမယ့် ရက်တွေ ရှိလာအုံးမှာမလို့ အဲ့ဒီ့အချိန်မှ ကြောက်ဖို့ ပြင်ထားပါ ။
ကိုယ့်ရဲ့ ငယ်လေး--
ရှိန်း ကားပေါ်မှ ဆင်းလိုက်ပြီး ကလေးတွေကို နှုတ်ဆက်မှ ကားကို သတိထားကြည့်မိသည်။
ဒီကားကို ရှိန်းမြင်ဖူးနေသည်။ ဘယ်မှာပါလိမ့်--?။
ရှိန်း မသိခဲ့တာက ထိုကားက ရှိန်းရဲ့ အိမ်ရှေ့မှာ
တစ်ညလုံး ရှိနေခဲ့တယ်ဆိုတာကိုပဲ။
ဒွိဟက ဘယ်က ဖြစ်လဲ သိလား ငယ်--။
အကြောင်းတရား အကျိုးတရားကနေ ဖြစ်တယ်။ မင်းရဲ့ အခု ဖြစ်နေတဲ့ ဒွိဟတွေအတွက်အကြောင်းလည်း ရှိသလို အကျိုးလည်း ရှိတယ်ငယ်---။ ပျော်ပျော်ကြီး ဒွိဟ ဖြစ်နေလိုက်ပါ။
မင်း နှလုံးသားထဲကို ကိုယ်က ဖြေးဖြေးချင်း ပြန်ဝင်လာမှာမလို့ မင်းလက်မခံချင်လည်း မရတော့ဘူး ငယ်။ မင်းရဲ့ ယောကျာ်းဆိုတာကြီးကိုလည်း ကိုယ် ဂရုမစိုက်လို့ ။ မင်းရဲ့ နောက်ကြောင်းတွေကို ကိုယ်တစ်ခုမှ မစုံစမ်းထားဘူးငယ် ။ မင်းအကြောင်းတွေ သိလာရင်
ကိုယ်ပဲ ပိုပြီး နာကျင်ရမယ်မလား။ကိုယ့်စိတ်ကို ဘယ်တော့မှ နာကျင်အောင် မလုပ်တော့မှာမလို့
မင်းရဲ့ ယောကျာ်းနဲ့ သမီးအကြောင်းကိုလည်း ကိုယ် မသိချင်ဘူးငယ် ။ ဒါက ကိုယ်မင်းအတွက် ထားတဲ့ ကိုယ့်ရဲ့ ဝန်တိုမှုနဲ့ အတ္တပဲငယ်။
"ကိုရှိန်း ပြန်လာပြီလား--?"
"ပြန်လာပြီ ပွင့်ဖြူ။ ပင်ပန်းနေပြီလား--?"
"မပင်ပန်းပါဘူး ကိုရှိန်းရယ် အကူတွေလည်း ရှိတော့ နားရပါတယ်။ Alexတောင် အစောကလေးတင် ဖုန်းဆက်သေးတယ် ကိုရှိန်း ပြန်လာပြီလားဆိုပြီး"
"အင်း ကိုရှိန်း အသိတစ်ယောက်နဲ့ တွေ့လို့
ဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်သွားတယ် ။"
"အဲ့ဒါကြောင့် ကြာနေတာပဲ။ မြ လည်း
ကိုရှိန်း ပြန်လာပြီလို့ပဲ ပြန်ပြောထားလိုက်ပါတယ် "
"ကျေးဇူး ပွင့်ဖြူ ဒါဆို ကိုရှိန်း ခဏနားလိုက်အုံးမယ် ညစာစားမှ ဆုံကြတာပေါ့"
"ဟုတ်ကဲ့--- ကိုရှိန်း "
ရှိန်းပွင့်ဖြူကို ပြောလိုက်ပြီး ပွင့်ဖြူရဲ့ Coffee ဆိုင်လေးမှ ရှိန်းနေတဲဲ နှစ်ထပ်အိမ်သို့ လမ်းလျှောက်လာလိုက်သည်။ နှာဖျားဝသို့ လာပြီး ကျီစယ်နေကြသည့် လိမ္မော်ရနံ့လေးတွေကိုရှိန်း ရှုရှိုက်လိုက်ပြီး မျက်လုံးထဲ ဝိုးတဝါး မြင်နေရတဲ့ လိမ္မော်ပင်လေးတွေကိုလည်း ကြည့်လိုက်သည်။ အဝေးမှုန် ဖြစ်တဲ့ သူ့အတွက် မျက်မှန်ပါမှ ရှင်းလင်းစွာ မြင်ရသည့် လိမ္မော်ပင်လေးတွေက အခုတွင်တော့ မပီမပြင်ဝိုးတဝါးဝါးနှင့်သာ။
အချိန်ကား ည ၉:၀၀ တိတိ။
Alex တစ်ယောက် သူမရဲ့ အချစ်တော် ladyလေးကို ဆီလိမ်းပေးဖို့ ပြင်နေသည်။
"ကို Alex အဲ့ဒီ့ သံလွင်ဆီဗူးကြီး ကိုင်ပြီး လိမ်းဖို့ ဟန်ပြင်နေတာ ဒီတစ်သက် ပြီးတော့မှာလား"
"ပြီးပါပြီ မြ လေးရဲ့ ။ ကိုယ်က အရင် အဆီဗူးကို လှုပ်နေတာပါ"
"လှုပ်နေတာနဲ့တင် ဒီက ကျွန်တော်မျိုးမက အိပ်ပျော်တော့မယ်"
မျက်စိရှေ့လာပြီး သံလွင်ဆီဗူးကြီး လှုပ်ကာ
လိမ်းပေးဖို့ ဟန်ပြင်နေတဲ့ Alexကို အမြင်ကပ်ပြီး ပွင့်ဖြူ ပြောလိုက်သည်။
"ဟား--- မြ လေးကလည်း ကိုယ်က ဆေးညွှန်းအတိုင်း လုပ်တာပါ"
"လုပ်နေ အဲ့ဒီ့ အညွှန်းအတိုင်း ဒီတစ်သက် ဗူးလှုပ်တာနဲ့တင် ကျွန်မလိမ်းရတော့မှာ မဟုတ်ဘူး"
"လာပါပြီ အခု ရပါပြီ"
"ပြီးရော--"
"သက်ပြင်းတွေ မချပါနဲ့ မြရယ် ။ ကိုယ်ဝန်ကြီးနဲ့ သက်ပြင်းချရင် ဗိုက်ထဲက ကလေးလေး ရုပ်ဆိုးတတ်တယ်တဲ့"
"ဒါကရော ဘယ်က အညွှန်းလဲ"
"ဒီက ဆရာဝန် Alex ထုတ်လိုက်တဲ့ အညွှန်းပါတဲ့ ခင်ဗျ"
ပွင့်ဖြူ ရယ်လိုက်ပြီး အိပ်ယာပေါ်လှဲလိုက်ကာ
Alex လိမ်းပေးသည့် အဆီလေးတွေကို အလိမ်းခံနေလိုက်သည်။
"Alex--"
" ပြောလေ မြရဲ့"
"နေ့လည်ကလေ ကိုရှိန်းရဲ့ အမျိုးသားဆိုင်လာသွားတယ်"
"ကိုယ်သိတယ်လေ ။ ကိုယ်လည်း ရှိနေတာပဲ"
"မြတော့လေ သူ့ရဲ့ အကြည့်တွေကို သိပ်သဘောမကျဘူး ။ သူလည်း ကိုရှိန်းအကြောင်း
ကို သိပြီးသွားပြီးပဲ နေမှာ ။ သူသာ ကိုရှိန်းကို
တစ်ခုခု လုပ်ခဲ့ရင်--"
"ရှုး---! မြ တော်ပြီ မပြောတော့နဲ့။
အခု ရှိန်းက လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ကိုယ်တို့သိခဲ့တဲ့ တစ်ကောင်ကြွက် ရှိန်းမဟုတ်ဘူး။
အခုဆို သူ့မှာ ကိုယ်တို့ ရှိနေပြီ။ သွေးသားတော်စပ်မှ ဆွေမျိုးလို့ သတ်မှတ်တာ မဟုတ်ဘူး
။ သွေးသားမတော်စပ်တဲ့ သူတွေ ဂရုစိုက်ကြရင် သွေးသားရင်းချာကြီးတွေတောင် ငိုသွားရတယ်တဲ့။ မြ စိတ်မပူနဲ့ ။ သူလည်း သူလုပ်ချင်တာတွေလုပ်ပြီး ပျော်နေတာပဲ။ သူ့ဘာသာ မှတ်မိလာတော့မှ ကိုယ်တို့က သူ့အနားမှာ နေပေးပြီး
သူဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်သင့် မလုပ်သင့် အကြံပေးရမှာ။"
ရှိန်းရဲ့ အမျိုးသား ဆိုင်လာတော့ Alexလည်း ရှိသည်။ မြ လို သူလည်း ရှိန်းရဲ့ အမျိုးသားအကြည့်တွေကို သဘောမကျ ။ သို့ပေမယ့်
သူတို့မှာ လုပ်ပေးနိုင်စွမ်းမှ မရှိပဲ။ ရှိန်းက အခု မှတ်ဉာဏ်ခဏ မေ့နေလို့သာ ။ သူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ပြီး သတိရလာခဲ့ရင် သူတို့လည်း ရှိန်းရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပေးရမှာ။
သူတို့က အပြင်လူတွေလေ။
ထိုညက ခြံကျယ်ကြီးထဲရှိ Coffee houseလေးတွင်တော့ ဇနီးဖြစ်သူကို ဂရုတစိုက် သံလွင်အဆီလိမ်း ပေးနေတဲ့ ကောင်မလေးတစ်ယောက်ရှိနေခဲ့ပြီး သူတို့ နှစ်ဦးကလည်း ပျော်ရိပ်မထင်ပဲ
စိုးရိမ်စိတ်တွေနှင့် သာ ရှိနေခဲ့သည်။ သူမတို့ ခြံကြီးထဲရှိ နှစ်ထပ်အိမ်ကြီးမှာတော့ ဝရံတာတွင်
ဝိုင်ခွက်လေးဘေး ချပြီး တယောတီးနေတဲ့
အမျိုးသားတစ်ယောက်က ရှိနေခဲ့လျှက်။
ထိုအမျိုးသားတီးနေတဲ့ တယောသံလေးကို သူမတို့နှစ်ယောက် မကြားခဲ့ကြတာလား--?။
လျစ်လျူရှုခဲ့တာလား ဆိုတာကတော့ သူမတို့နှစ်ယောက်သာ သိကြလိမ့်မည်။
"ဟက်---! ဒီသီချင်းကိုတော့ အခုထိ မမေ့သေးဘူးပဲ ။ မေ့နေတဲ့ မှတ်ဉာဏ်တွေထဲမှာ ဒါတော့ မပါသွားဘူးပေါ့ ။ ဒီသံစဉ်လေးကို မမေ့ပဲသတိတရ ရှိပေးတာကိုတော့ ကိုယ် ကျေနပ်တယ် ငယ်---။ ဒီသံစဉ်လေးက ကိုယ်တို့နှစ်ယောက်လုံးအတွက် ဘယ်လို သံစဉ်လေး ဖြစ်ခဲ့တာမလို့ ကိုယ့်ရဲ့ ဆောင်း အိမ်မက်လေး ငယ်---"
ဝရံတာထက်ကို ကားထဲမှာနေရျ် စောင့်ကြည့်နေသည့် တစ်စုံတစ်ယောက်နှုတ်မှလည်း သီချင်းအပိုင်းအစလေး တစ်ခု ကို ရေရွတ်ခဲ့လျှက်---။
🎶ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကြ ဒီလို အချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ---🎶
ကိုယ်ကတော့ မကြွေကွဲဘူးငယ်။
ကိုယ်တို့ရဲ့ အတိတ်တွေ မလှပခဲ့ရင်တောင် ကိုယ်ဖန်တီးမယ့် အနာဂါတ်ကတော့ လှနေရမယ် ငယ်။ ဒါက ကိုယ့်ရဲ့ အကျိုးအကြောင်းပဲ။
လွမ်းတယ် ငယ်။ လွမ်းတာက အကြောင်းခံဆို
လွမ်းခြင်းရဲ့ ရေသောက်မြစ်က ဘာဖြစ်မလဲ။
"ဒုတ် ဒုတ်---" တဲ့ ဒီအသံက ကိုယ့်နှလုံးအိမ်က လာတဲ့ အသံ။ ဒါဆို လွမ်းခြင်းရဲ့ ရေသောက်မြစ်က နှလုံးအိမ်ရဲ့ စည်းချက်လေးများဖြစ်နေမလား--?။ ကိုယ်တော့ မသိတော့ဘူး ငယ်။ ကိုယ်သိတာ တစ်ခုထဲ ကိုယ်မင်းကို ချစ်တယ်ငယ်။ ကိုယ့်ရဲ့ နှလုံးသားက ရှိန်းဆိုတဲ့ မင်းလေးရဲ့ နှလုံးစည်းချက် အတိုင်း ရှင်သန်တာမလို့ မင်းကို လွမ်းတယ်ငယ်။ ကိုယ့်ရဲ့ စည်းချက်မမှန်တော့တဲ့ နှလုံးခုန်သံတွေအတွက် သင်ကြားရေး ဆရာတစ်ယောက်တော့ ရှိဖို့လိုပြီငယ်။
ruby---(D.D)🍁
Thanks for reading guys---💙✨
(A/N = သီချင်းလေးက ကိုလင်းနစ် သီဆိုထားတဲ့ "ဒီဇင်ဘာည" ဆိုတဲ့ သီချင်းလေးပါ။
အရေးအသားပိုင်း အဆင်မပြေရင် အားမနာတမ်းဝေဖန်အကြံပေးပါ။ ဖတ်လို့ကော အဆင်ပြေကြရဲ့လား မသိဘူးဗျ)
--- --- --- --- ------ --- --- --- ------ --- --- --- ------ ---
For my zawgyi readermins--- 🙆♀️🙆♀️🙆♀️🙆♀️
private ေက်ာင္းတစ္ခုေရ႔ွ၌ ရွည္လ်ားလွသၫ့္ ကားတန္းႀကီးတစ္ခုတြင္ မင္းဆက္လည္း ေရာက္ရိွေနသည္။ လက္မွာ ပါတ္ထားတဲ့ Rolexနာရီကို တစ္ခ်က္အၾကၫ့္ပို႔မိေတာ့ ေလးနာရီ ထိုးဖို႔ မိနစ္ပိုင္းသာ လိုေတာ့ျမည္မို႔ မင္းဆက္ ေက်ာင္းဂိတ္ကိုသာ ၾကၫ့္ေနၿပီး ထြက္လာမယ့္ သူေတြကို ေမ်ွာ္ေနမိသည္။ ဒီထဲမွာ သူ႔ရဲ့ အသည္းၫွာေလးေတြလည္း ပါေနတယ္မလား----?။
"ေတာင္---!"
ေက်ာင္းေခါင္းေလာင္းထိုးၿပီးသၫ့္ေနာက္မွာေတာ့ မင္းဆက္ ကားထဲမွ ထြက္လိုက္ၿပီး
အေပၚကုတ္ သံုးထည္ကိုပါ ကားထဲမွ တစ္ပါထဲ ယူလိုက္ကာ သူလည္း ကားေပၚမွ ဆင္းလိုက္သည္။ နက္ေစြးေနသၫ့္ အေပၚကုတ္အက်ႌကို
လည္း ဒူးထိေရာက္ေအာင္ ဆန႔္လ္ိုက္ၿပီး ေက်ာင္းထဲမွ ထြက္လာမယ့္ ကေလးေတြကို ေစာင့္ေမ်ွာ္ေနလိုက္သည္။ ရွည္လ်ားေနသည့္ အရပ္ႀကီးကို ပိုင္ဆိုင္ထားၿပီး တြန႔္ခ်ိဳးေနသၫ့္ မ်က္ခံုးႏွစ္ခုက သူ႔ရဲ့ သြင္ျပင္ကို ထင္းေနေစသည္။ ရွည္သြယ္ေနၿပီး အေက်ာစိမ္းစိမ္းေလးေတြ ထေနတဲ့ လက္ေခ်ာင္းဖ်ားေလးေတြကလည္း ကုတ္အက်ႌ လက္ေအာက္ကေန အဖ်ားေလးေတြ ျမင္ေနရသည္။
"ေဖေဖ---! ေဖေဖ့--! "
"လာၿပီလား ေဖ့ play boy ေတြ ---။ အားလံုး အဆင္ေျပခဲ့ရဲ့လား--?"
"ကၽြန္ေတာ္က အဆင္ေျပတယ္။ ကၽြန္ေတာ္လည္း ေျပတယ္ ေဖ။ မေျပတာ ညီေလး ဇက္။
"ဘာလို႔ သားငယ္က မေျပတာလဲ--?"
မင္းဆက္ ေျပာလဲေျပာ သားသံုးေယာက္ လံုးကို ကားေနာက္ခန္းရိွ ထိုင္ခံုမွာ ထိုင္ေစလိုက္ၿပီး
သားတို႔ ဝတ္ထားသၫ့္ ေက်ာင္းဝတ္စံုေပၚမွ အေပၚကုတ္ကိုလည္း ထပ္ဝတ္ခိုင္းလိုက္သည္။
သူကေတာ့ မည္သူ႔ကိုမွ ဂရုမစိုက္ပဲ ကားကို ေမာင္းထြက္ဖို႔သာ ျပင္လိုက္သည္။ သူတို႔ သားဖေတြကို ၾကၫ့္ေနတဲ့ မ်က္လံုးေတြကိုလည္း ဂရုစိုက္ျခင္း အလ်ွင္းမရိွပဲ။
"ကၽြန္ေတာ့္ရဲ့ ေျခစမ္းပဲြေလ ေဖ---။အဲ့ဒါ ကၽြန္ေတာ္ ကိုးႏွစ္မျပၫ့္ေသးလို႔တဲ့ ပါခြင့္မရဘူး--"
"အဟား--! ဒါမ်ား ဇက္ရယ္ ။ေယာက်ာ္း မဟုတ္တဲ့ အတိုင္း ႏႈတ္ခမ္းႀကီး စူထားစရာလား--?။ ဇက္ ကိုးႏွစ္မျပၫ့္ေသးလို႔ အသင္းက ကန္ခြင့္မေပးတာပဲ။ ကိုးႏွစ္ျပၫ့္ရင္ ပါေပါ့--"
"ေဖရာ--! ေဖလုပ္ေပးေလ။"
"ဇက္ --! ေဖ ဘာေျပာထားလဲ ?။ ဘယ္လို ၿပိဳင္ပဲြပဲ ျဖစ္ျဖစ္ တရားေသာနည္လမ္းနဲ႔ပဲ ယွဉ္ၿပိဳင္ရမယ္လို႔ ေဖ မေျပာထားဘူးလား--?။
ဇက္ ကေကာ ေဖ့ ႀကိဳးစားမႈနဲ႔ ဆုကို လိုခ်င္တာလား---?"
"မလိုခ်င္ဘူး---"
"ဒါဆို ၿပီးေနၿပီပဲ ကိုးႏွစ္ျပၫ့္ေအာင္ ေစာင့္ေပါ့။ကိုးႏွစ္ျပၫ့္လို႔မွ ဇက္ကို အသင္းက ကန္ခြင့္မေပးရင္ အဲ့ဒါ ေဖနဲ႔ ဆိုင္ၿပီ။ ေဖ ကိုယ္တိုင္ ဇက္ေရ႔ွကေန ေျပာမယ္ ဟုတ္ၿပီလား---?"
"ဟုတ္--"
"ဒါမွ ေဖ့ရဲ့ play boy ေလးေပါ့--"
မင္းဆက္ ရယ္လိုက္ၿပီး သားေတြကိုသာ ကားေမာင္းရင္း ကားမွန္ကေနတစ္ဆင့္ ၾကၫ့္ေနလိုက္သည္။
"ေဖေဖ---! ကၽြန္ေတာ္တို႔ ကိုးႏွစ္ ျပၫ့္ေတာ့မယ္ ။ ဒီႏွစ္ေကာ ေဖငယ္ က. ျပန္မလာေသးဘူးလား-- ?။ေဖႀကီးကို စိတ္ဆိုးတာ မေျပေသးဘူးလား--?"
သားႀကီး ခန႔္ က ေမးေတာ့ ဆက္ ႏွင့္ ဇက္ကပါ ေခါင္းေလးေတြ ေထာင္လာၿပီး မင္းဆက္ကို ၾကၫ့္လာၾကသည္။
"မင္းတို႔--- မင္းတို႔ ေဖငယ္ ကို ေတြ့ခ်င္လို႔လား--?"
"အင္း---"
"ဇက္--!"
"ဟားဟား--! စိတ္ထဲရိွရာ ေျပာ။ မင္းတို႔နဲ႔ ေဖ့ၾကားမွာ ဘာအကန႔္မွ မရိွေစခ်င္ဘူး။ ေဖေျပာတာနားလည္လား--?"
"ဟုတ္ကဲ့--"
မင္းဆက္ ေမးလိုက္လ်ွင္ အားလံုးထဲမွ အငယ္ဆံုးျဖစ္သူ ဇက္က အလ်ွင္အျမန္ အေျဖျပန္ေပးလာသည္ကို ခန႔္ ႏွင့္ ဆက္က မင္းဆက္ မ်က္ႏွာကို ၾကၫ့္ၿပီး ဇက္ ကို လွန္းဟန႔္သည္။
*ဟက္---! တူလြန္းတယ္ ငယ္ရယ္။ မင္းရဲ့ အက်င့္ေတြအတိုင္းပဲ သားေတြကေလ---*
သားတို႔ ခုႏွစ္ျပၫ့္ထဲက သားတို႔ကို မိခင္က ေမြးထားတာမဟုတ္ေၾကာင္း သူေျပာျပထားသည္။
ကေလးေတြဆိုတာ ရႊံ႔ေလးေတြႏွင့္တူသည္။
ႏုႏု နယ္နယ္ အရြယ္မွာ လိုရာပံုသြင္းမွ ႀကီးလာရင္လည္း နားလည္လာမည္။ ထို႔ေၾကာင့္ သူ သားတို႔ အသက္ခုႏွစ္ျပၫ့္ထဲက သားတို႔ကို
ဖေအႏွစ္ေယာက္က ေမြးထားေၾကာင္း /သားတို႔ ကို ေမြးထားတဲ့ သူက ရွားပါးလြန္းတဲ့ သားအိမ္ပါတဲ့ အမ်ိဳးသားျဖစ္ေၾကာင္း သူနားလည္ေအာင္ ေျပာျပထားခဲ့တာ။ သားတို႔ကို ေဖေဖ့လို ေယာက်ာ္းတစ္ေယာက္ကပဲ ေမြးထားတာလို႔ ေျပာထဲက သားတို႔က သင္စရာကို မလိုခဲ့ပဲ
သူ႔ကိုဆို ေဖႀကီး/ ေဖေဖ လို႔ ေခၚၿပီး သားတို႔ မျမင္ဖူးတဲ့ သူတို႔ရဲ့ ေမြးေဖေဖကို ေဖငယ္ လို႔ ေခၚသည္။ ဒါေတြေၾကာင့္လည္းသူ႔ရဲ့ သားသံုးေယာက္လံုးဟာ အရြယ္ႏွင့္ မလိုက္ေအာင္ ရင့္က်က္ၿပီး လူႀကီးေလးေတြ အသြင္ ေပါက္ေနက်သည္။ သား လို႔ မေျပာေအာင္ သူ မနည္း ပံုသြင္းခဲ့ရသည္။ဒါေတြကသူ႔ရဲ့ မာနေတြေၾကာင့္။ ငယ္ ျပန္လာရင္ မင္းမရိွလည္း သူနဲ႔ သူ႔ရဲ့ သားသံုးေယာက္ လံုး အဆင္ေျပေနတယ္ဆိုတာ ျမင္ေစခ်င္လို႔။ ငယ္ သူတို႔ရဲ့ ပံုေတြကို ျမင္ၿပီး ေနာင္တေတြ ရေစခ်င္လို႔ ။ သူဒီလိုေတြ ပ်ိဳးေထာင္ခဲ့တာ သူ႔ရဲ့ သားသံုးေယာက္လံုးကိုေလ။
ထိုနည္းတူ သူကလည္း သားသံုးေယာက္လံုးကို သားလို႔ ဘယ္တုန္းကမွ မေခၚခဲ့ပဲ သားတို႔ ကၽြန္ေတာ္လို႔ ေျပာတဲ့ ေန့ထဲက ေဖ့ play boy ေလးေတြဆိုၿပီး သူကလည္း ေျပာင္းေခၚခဲ့တာ။ သူ႔သားေတြကို အားလံုးရဲ့ အျမင္မွာလည္း ဖေအ တစ္ေယာက္ရဲ့ ျပဳစုမႈပဲ ရိွတယ္လို႔ မျမင္ေစခ်င္ ။ ဖေအ တစ္ေယာက္ထဲ ရိွလည္း သားေတြကို မိဘအစံုအလင္ရိွတဲ့ မိသားစုကလို သိမ္ငယ္မႈမရိွပဲ ႀကီးျပင္းလာေစခ်င္သည္။ ဒါက သူ႔ရဲ့ သားေတြ အေပၚ ျဖစ္ေစခ်င္တဲ့ ဆႏၵ။ သားေတြ ျဖစ္ခ်င္တဲ့ ဆႏၵေတြကိုလည္း မ္ိုးဆံုး ေျမဆံုးလိုက္ရရင္ေတာင္ သူက ျဖၫ့္ဆည္းေပးမယ့္ ေကာင္။
"မင္းတို႔ ေဖငယ္က ေဖ့ကို စိတ္ဆိုးသြားတာ။
သူစိတ္ဆိုးရင္ ၾကာတယ္ကြ--!။ "
"ဒါေၾကာင့္ ေဖ့ကို အခုထိ စိတ္ဆိုးမေျပေသးတာလား--?"
"ဟုတ္တာေပါ့ ဇက္ရယ္--!"
"ဟားဟား---!"
မင္းဆက္ စကားကို အားလံုးထဲ သြက္တဲ့ ဇက္ က ေမးရ်္ မင္းဆက္လည္း အေျဖျပန္ေပးၿပီး ရယ္လိုက္သည္။ သူရယ္ေတာ့ သားသံုးေယာက္လံုးကလည္းရယ္လာသည္။
*ဪ --!ဘာလိုလိုနဲ႔ သားေတြေတာင္ ကိုးႏွစ္ျပၫ့္ေတာ့မည္။ ငယ္--- မင္း ကိုယ့္ အရိပ္ကေန ထြက္သြားတာ ကိုးႏွစ္ျပၫ့္ေတာ့မယ္ေနာ္ ငယ္--!*
မင္းဆက္ ကားကိုသာ သတိႏွင့္ ထိန္းေမာင္းလာၿပီး ကားမွန္ကေန မ်က္မွန္ဝိုင္းေလးေတြ တပ္ထားတဲ့ သားတို႔ကို အၾကၫ့္ပို႔လ္ုက္သည္။ သားတို႔က တစ္ခုခုကို အာရံု စူးစိုက္ခ်ိန္ဆို တစ္ေယာက္ေယာက္ႏွင့္ အရမ္းကို တူလြန္းသည္။
*ငယ္ ဘာလို႔ မ်က္မွန္ တပ္တာလဲ--?။ မ်က္မွန္သမားလည္း မဟုတ္ပဲ---*
*မ်က္မွန္သမားမွ မ်က္မွန္တပ္ရမွာလား--?။
ဒီအတိုင္းလည္း တစ္ခုခုကို အာရံု စူးစိုက္ရင္ မ်က္လံုး မထိခိုက္ေအာင္ တပ္လို႔ ရတာပဲ*
*ဟက္--! တူလြန္းတယ္ ငယ္ရယ္။ သားေတြက မင္းရဲ့ ပံုတူေတြအတိုင္းပဲ ငယ္--*
သူတို႔ ဝါသနာ ပါရာကို အာရံုစိုက္ၿပီး laptopကိုယ္စီႏွင့္ ၾကၫ့္ေနၾကတဲ့ သားသံုးေယာက္လံုးကို မင္းဆက္ သေဘာက်ေနၿပီး ကားကိုသာ ေျဖးေျဖးမွန္မွန္ႏွင့္ ေမာင္းႏွင္လိုက္ေတာ့သည္။ မင္းဆက္ သြားေနသၫ့္ လမ္းက အရင္ရက္ေတြက မင္းဆက္ ျဖတ္သြားခဲ့တဲ့
လမ္းေတာ့ ဟုတ္မေနခဲ့။ ထိုအခ်င္းအရာကို မင္းဆက္ႏွင့္ ျဖတ္သြား ျဖတ္လာလုပ္ဖူးတဲ့ လမ္းေတြသာ သိၾကလိမ့္မည္။
"တီတီ--!"
"တီ--!"
ရိွန္း အတန္းၿပီးရ်္ အိမ္ျပန္ဖို႔ လုပ္ရသည္။
ထိုမွ ကိစၥက ေပၚလာသည္။ သူ Alex ကို လာမႀကိဳဖို႔ ေျပာထားသည္ ။ ထို႔ေၾကာင့္ ရိွန္း တကၠသိုလ္ဝင္းထဲကေန ထြက္ၿပီး အိမ္ျပန္ဖို႔
Taxi (သို႔မဟုတ္) ဆိုင္ကယ္ ကယ္ရီ ရွာရသည္။
ေက်ာင္းထဲရိွ လူေတြသာ ကုန္သြားသည္။ ရိွန္းမွာေတာ့ Taxi လည္း မရလိုက္သၫ့္အျပင္ ဆိုင္ကယ္ ကယ္ရီလည္း မရလိုက္။ ထို႔ေၾကာင့္ ရိွန္း ကိုယ့္ေျခေထာက္ကိုယ္သံုးၿပီးပဲ ျပန္ဖို႔ ႀကိဳးစားလိုက္ေတာ့သည္။ ေျခေထာက္သံုးမယ္ဆိုမွ ေျပာင္းလဲ သြားတဲ့ လားရိႈးလမ္းေတြရယ္ အေဆာက္အဦးေတြေၾကာင့္ ရိွန္းမွာ ၿမိဳ႔ကို အခုမွ ေရာက္လာဖူးတဲ့ သူငယ္ႏွပ္စားတစ္ေယာက္လို ျဖစ္ေနၿပီး လည္ထြက္ေနသည္။ ေနာက္ဆံုး
ဘယ္လိုမွ စဉ္းစားမရတဲ့ ေနာက္မွာေတာ့ ရိွန္း
Alex ကို ဖုန္းဆက္ဖို႔ ျပင္လိုက္သည္။ ထိုမွ ရိွန္း
ကို အေနာက္ကေန ကားတစ္စီးက ဟြန္းတီးလာသည္။ အစေတာ့ ရိွန္း လမ္းေအာက္ ဆင္းေပးသည္။ လမ္းေအာက္ ဆင္းေပးတာလည္း မရသၫ့္အျပင္ ဟြန္းေတြပါ ဆက္တီးလာေတာ့ ရိွန္း ထိုကားကို ၾကၫ့္လိုက္သည္။
"ဦး ခြန္ေနာင္မင္းဆက္--!"
"ဟုတ္မလား--?ဟုတ္မလားနဲ႔ ကိုယ္က. ဟြန္းတီးေနတာ တကယ္ကိုရိွန္းပဲ"
ရိွန္းရဲ တစ္ႏွစ္ပါတ္လံုး အတန္းၿပီးတဲ့ အခ်ိန္စာရင္း ေတြကို သူယူထားသည္ကိုေတာ့ မင္းဆက္ မေျပာမိ။
"ဟုတ္တယ္ ကၽြန္ေတာ္ အတန္းၿပီးလို႔ အိမ္ျပန္ဖို႔"
"ကားမပါတာလား--?"
"မေန့ကမွ ေျပာင္းလာတာဆိုေတာ့ ကားကမွာထားတုန္း မနက္ျဖန္ ေရာက္မယ္ေျပာတာပဲ"
"ရိွန္း အဆင္ေျပရင္ ကိုယ့္ကားနဲ႔ လိုက္ခဲ့ပါလား။
ကိုယ္ လိုက္ပို႔ေပးမယ္"
"ရပါတယ္---ကၽြန္ေတာ္--!"
"အားမနာပါနဲ႔ ကိုယ့္သားေတြလည္း ပါတယ္။
သူတို႔ကို ကိုယ္ ေက်ာင္းႀကိဳလာတာေလ"
"အင္း ဒါဆို ကၽြန္ေတာ္လိုက္လည္း ျဖစ္လား--?"
"ျဖစ္တယ္"
ရိွန္း မင္းဆက္ရဲ့ "ကိုယ့္သားေတြ ပါတယ္"ဆိုတဲ့ စကားမွာ မ်က္ဝန္းေတြ လက္သြားသည္။ဒါကို မင္းဆက္ကလည္း ျမင္သြားၿပီး
* မင္းက ေျပလို႔ မရႏိုင္တဲ့ ႀကိဳးကိုမွ အဖုအထံုးေတြနဲ႔ မင္းကိုယ္တိုင္ ရစ္ပါတ္ထားတာေလ
ငယ္---။ အခုေတာ့ မင္း မျငင္းႏိုင္ေတာ့ဘူးမလား--?။ ဒါက ေနွာင္ႀကိဳးပဲ ငယ္။ မင္းေနာင္တေတြ တစ္ေပြ့တစ္ပိုက္ႀကီး ရအံုးမွာမလို႔
ဒါက အစပဲရိွေသးတယ္ ငယ္*
ရိွန္း မင္းဆက္ရဲ့ ကားေပၚသို႔ ဝင္ထိုင္လိုက္ၿပီး
အေနာက္မွာရိွေနတဲ့ ကေလးသံုးေယာက္ကို ၾကၫ့္လိုက္သည္။ ကေလးေတြက သူကားေပၚတက္လာတာကို သတိမထားမိေလာက္ေအာင္ကို
သူတို႔ရဲ့ ကိုယ္ပိုင္အလုပ္ေတြႏွင့္ရႈပ္ေနၾကသည္။
သူတို႔ ဘာကို ဒီေလာက္ထိ စူးစိုက္ေနရသည္ကိုေတာ့ ရိွန္း ေနာက္မွ ေမးဖို႔ ေတးထားလိုက္ေတာ့သည္။
"ငယ္--- ဖုန္းေခၚထားတာလား--?"
"အမ္--"
ရိွန္း ထိုမွ ဖုန္းကို ၾကၫ့္လိုက္ၿပီး သူအေစာက Alexကို ဖုန္းေခၚဖို႔ လုပ္တာကို သတိရေတာ့သည္။ သူ တကယ္ႀကီး Alexကို ဖုန္းေခၚမိလိုက္တာ
"ရိွန္း---! ဖုန္းေခၚၿပီး ဘာလို႔ မေျပာတာလဲ--?။ တစ္ခုခု အဆင္မေျပလို႔လား။ ျပန္မလာတတ္လို႔လား။ဗိုက္ ကိုက္ေနလို႔လား--?"
ရိွန္း ဖုန္းကို နားအနားကပ္လိုက္တာႏွင့္ Alexရဲ့
ဆိုးရိမ္သံႀကီးကို အရင္ၾကားလိုက္ရသည္။
"အမ္--! ငါ ဘာမွ မျဖစ္ဘူး။ Taxi ရွာရင္း ရွာမရလို႔ မင္းကို ဖုန္းဆက္တာ အခု ရၿပီမလို႔ ဘာမွမဟုတ္ေတာ့ဘူး။"
"အဆင္ေျပတာ ေသခ်ာ ရဲ့လား--?။ မရရင္
ျမ ကို ဖုန္းဆက္ၿပီး လာႀကိဳခိုင္းလိုက္မယ္--။
ဆရာ--! အခန္း ၁၀၂က လူနာ မီးဖြားဖို႔ အဆင္သင့္ ျဖစ္ေနၿပီ။
ေအး--- လာၿပီ"
ရိွန္းနဲ႔ စကားေျပာေနတုန္း အေနာက္မွ နာစ္မေလး ေျပာလာသၫ့္ ေမြးလူနာေၾကာင့္ Alex ျဗာမ်ားသြားရသည္။
"လႊတ္မေနနဲ႔ Alex ။ မင္းလည္း ခဲြခန္းဝင္ရမွာနဲ႔ ဘာနဲ႔ အလုပ္ရႈပ္ေနတာမလား။ ငါ့ကို စိတ္မပူနဲ႔။
အဆင္ေျပတယ္ အိမ္ေရာက္မွ ေတြ့ၾကမယ္"
"အဆင္ေျပတာေသခ်ာလား ----?။အဆင္ေျပရင္ေတာ့ မင္းဘာသာၾကၫ့္လုပ္လိုက္ေတာ့ကြာ။
ဒါဆို OKတယ္လို႔ပဲမွတ္လိုက္မယ္ေနာ္။ see you---။"
"see you Alex--"
ရိွန္း Alexႏွင့္ စကားေျပာၿပီး ဖုန္းကို ပိတ္ခ်လိုက္သည္။ Alexလည္း အလုပ္ေတြႏွင့္ ရႈပ္ေနသည္ေလ။
"ရိွန္း ကို ေတာ္ေတာ္ စိတ္ပူတယ္ေနာ္--"
"အင္း---ဒီလိုပါပဲ"
ရိွန္း ေနာက္ဆက္တဲြ စကားေတြေတာ့ မေျပာခ်င္ေတာ့။ တစ္ခါ ႏွစ္ခါ ဆံုဖူးတဲ့ မိတ္ေဆြစီကေနလည္း သနားတဲ့ အၾကၫ့္ေတြနဲ႔ အၾကၫ့္မခံခ်င္။ သူရဲ့ accident အေၾကာင္းသိၿပီး မနက္က
ဆရာမကေတာင္ သူ႔ကို သနားသြားတာပဲ။
သူက အတိတ္သာ ေမ့ေနတာ အားလံုး ေကာင္းတဲ့ လူေကာင္းပဲေလ ။ဒါကို ဘာလို႔ သနားေနၾကတာလဲ--?။
"ဘာလုပ္တာလဲ--? ဦးခြန္ေနာင္မင္းဆက္--!"
"ကိုယ္ ခါးပါတ္ပါတ္ေပးတာပါ--"
"ဪ--! ကၽြန္ေတာ့္ဘာသာ လုပ္လိုက္မယ္"
"ဒီေနရာက ထိုင္သူမဲ့ေနတာ ႏွစ္ေတြ ၾကာခဲ့ၿပီဆိုေတာ့ ခါးပါတ္ကလည္း က်ပ္ေနၿပီ"
* ဒီလူ ဘာလို႔ ငါ့ကို တၫ့္တၫ့္ စိုက္ၾကၫ့္ၿပီး ေျပာတာလဲ--*
ရိွန္း အေဝးတစ္ေနရာကို ၾကၫ့္ေနခ်ိန္မွာပဲ သိသိသာသာရလာတဲ့ လပ္ဖက္စိမ္းရနံ႔ေၾကာင့္
ရိွန္း ကိုယ္ကို မတ္လိုက္မွ ဦးခြန္ေနာင္မင္းဆက္က ရိွန္းကို အုပ္မိုးထားသည္။ ၿပီးမွ ခါးပါတ္ပါတ္ေပးမလို႔တဲ့---။
"ခါးပါတ္ ပါတ္ၿပီးၿပီဆိုေတာ့ ကိုယ္တို႔ သြားၾကေတာ့မလား---?"
"အင္း"
"ဒါနဲ႔ ရိွန္း အဆင္ေျပရင္ ကိုယ္တို႔နဲ႔ တစ္ခုခုလိုက္စားပါလား။ ကိုယ္က သားေတြ ေက်ာင္းဆင္းရင္ တစ္ခုခု ဝယ္ကၽြေးေနက်မလို႔"
အိမ္မွာပဲ သားေတြ စားခ်င္တာမွန္သမ်ွ လုပ္ကၽြေးတာကိုေတာ့ မင္းဆက္ ေျပာမေနေတာ့။ သူ႔ ေဘးမွာ ထိုင္ေနတဲ့ လူသားနဲ႔ သူ အခ်ိန္ေတြ အမ်ားႀကီး ကုန္ဆံုးခ်င္တယ္ေလ။
"BBQ စားၾကမလား---?။ ကေလးေတြ ေရာ ႀကိဳက္ရဲ့လား--"
"ကိုယ့္သားေတြက အစားမေရြးပါဘူး။"
"ဒါဆို ဦးခြန္ေနာင္မင္းဆက္ သိတဲ့
ဆိုင္တစ္ဆိုင္ သြားၾကမယ္။ကၽြန္ေတာ္က အခုမွ ေရာက္ဖူးတဲ့ သူလို ျဖစ္ေနေတာ့ ဆိုင္ေတြကို မမွတ္မိေတာ့ဘူး"
"ေကာင္းၿပီ"
*မမွတ္မိလည္း ရတယ္ ငယ္။ ငယ္ မွတ္မိလာေအာင္ ကိုယ္က ျပန္လုပ္ေပးမွာမလို႔ ငယ္သာ
မွတ္မိလာေအာင္ ႀကိဳးစားပါ*
ရိွန္းတို႔ ကားေလးက ဝါးေလးေတြနဲ႔ ကာရံထားၿပီး ဝါးေလးေတြႏွင့္ပင္ ေဆာက္ထားတဲ့ အိမ္ေလးေရ႔ွမွာ ရပ္လိုက္သည္။ရိွန္းလည္း ပါတ္ဝန္းက်င္ကို အကဲခတ္လိုက္ၿပီး ကားေပၚမွ ဆင္းသည္။ ထိုမွ ကေလးေတြကလည္း ရိွန္းကို ျမင္သည္။
"ဟာ--!ဦးဦး ဘယ္တုန္းက ေရာက္တာလဲ--?"
"ဦးဦးက ကားေပၚ ပါလာတာ။ သားတို႔ကမွ မၾကၫ့္ၾကပဲ"
"ကၽြန္ေတာ္တို႔ ၾကည္စရာေတြမ်ားေနလို႔"
"အခုေတာ့ အဲ့ဒါေတြ ပိတ္ထားမယ္မလား။
ဦးဦး တို႔ မုန႔္စားၾကမယ္ေလ"
ခန႔္ တို႔ ကေလး သံုးေယာက္လံုး အံ့ဩေနၿပီး သူတို႔ ေဖကိုသာ ၾကၫ့္ေနသည္။ ဒါ သူတို႔ေဖေရာဟုတ္ပါ့ ။ club မွာ လုပ္ေပးတဲ့ စားပဲြေတြ၌သာ
သူတို႔ သံုးေယာက္ အျပင္စာ စားရၿပီး အျခားအခ်ိန္ေတြဆို အိမ္မွာပဲ စားခ်င္တာ လုပ္ေပးတဲ့ သူတို႔ေဖက အခုအခ်ိန္တြင္ေတာ့ အျပင္စာ စားဖို႔ကို ဆိုင္ထိေခၚလာသည္။
"လာေလ သားတို႔ သြားၾကမယ္--"
"ဟုတ္ကဲ့--!"
မင္းဆက္ သားေတြ အံ့ဩေနတာကို ၾကၫ့္လိုက္ၿပီး မသိသလိုပင္ အေရ႔ွမွ ဦးတည္သြားသည္။
သူ႔သားသံုးေယာက္ကေတာ့ ရိွန္းႏွင့္ စကားေတြ ေျပာလာၾကသည္။
"ရိွန္း--! ထိုင္"
ရိွန္းေဘးတြင္ ခန႔္ နဲ႔ ဆက္က ထိုင္ၿပီး မင္းဆက္ေဘးတြင္ ဇက္က ထိုင္သည္။
ရိွန္းတို႔ ရိွေနတဲ့ ဆိုင္ေလးက ဘန္ဂလို ပံုစံ ေဆာက္ထားတာျဖစ္ၿပီး ဝါးလံုးေလးေတြႏွင့္ အိမ္ေလးေတြကို ပံုေဖာ္ထားသည္။ ဆိုင္ထဲတြင္လည္း ထို ဝါးလံုးအိမ္ေလးေတြက အလံုးႏွစ္ဆယ္ ေလာက္ရိွမည္။ ရိွန္းတို႔ အဖဲြ႔က ဝါးလံုး အိမ္တစ္ခုမွာ ရိွေနတာ ျဖစ္ၿပီး အျပင္ကသာ ဝါးလံုးႏွင့္ ေဆာက္ထားၿပီး အတြင္းမွာေတာ့ ဖဲြ႔စည္းပံုေတြက အေတာ္ကို အဆင္ေျပသည္။ ရိွန္းႏွင့္ မင္းဆက္က မ်က္ႏွာခ်င္းဆိုင္ ထိုင္ၾကၿပီး သားေတြကိုလည္းသူတို႔ေဘးတြင္ ထိုင္ေနေစသည္။
" သားသားလြတ္ အကင္ဆံုရယ္၊ ပင္လယ္စာရယ္၊ ရိွန္း ဘာမွာအံုးမလဲ"
"ဦးခြန္ေနာင္မင္းဆက္ မွာထားတာေတြနဲ႔တင္
အဆင္ေျပေနၿပီ"
"ေသာက္စရာေကာ---"
"green teaရလား--"
"ရပါတယ္ အကို--"
"green tea တစ္ခြက္ေပးပါ သံပုရာျခမ္းနဲ႔
ပ်ားရည္ကို သတ္သတ္ထၫ့္ေပး"
"ဟုတ္ကဲ့ အကို"
"ဦးခြန္ေနာင္မင္းဆက္ နဲ႔ သားေတြေရာ ဘာေသာက္မလဲ--"
"ကိုယ္တို႔ဖို႔လည္း green tea ပဲေပး ။ သံပုရာျခမ္းနဲ႔ ပ်ားရည္ကို သတ္သတ္ထၫ့္ေပး"
"ဟုတ္ကဲ့ပါအကို"
စားပဲြထိုးေလး ျပန္သြားမွ ရိွန္း မင္းဆက္ကို အေတာ္ၾကာ စူးစမ္းေနမိသည္။
ဒီလူက ဘာလဲ--?။ သူ႔လို လိုက္ေသာက္တာက---!။ လူ႔အႀကိဳက္ပဲ တူသူရိွ ။ မတူသူရိွေပါ့။ အႀကိဳက္တူတာေတြလည္း ရိွတာပဲ။
"သားတို႔ မ်က္မွန္တပ္ရတာလား--?"
"ကိုယ့္သားေတြက မ်က္မွန္သမားေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ မ်က္လံုးကို ကာကြယ္ေအာင္ မ်က္မွန္တပ္တယ္ သူတို႔ ေဖလိုေပါ့--"
"ဪ--!"
ရိွန္း မင္းဆက္ေျပာတာကို နားေထာင္ၿပီး မ်က္မွန္ေတြ ခၽြတ္ကာထိုင္ေနၾကသၫ့္ ကေလးသံုးေယာက္ကို ၾကၫ့္လိုက္သည္။ သူတို႔ ေဖ ေျပာသလို မ်က္မွန္သမား မဟုတ္တာေတာ့ ေသရွာသည္။ အေစာကသာ မ်က္မွန္တပ္ထာၿပီးကားေပၚက ဆင္းပါၿပီဆိုထဲက မ်က္မွန္ေတြကို စနစ္တက်ပဲ ဗူးထဲ ျပန္ထၫ့္လိုက္တာကို ရိွန္းလိုက္ျမင္သည္။
"ဦးဦး စားၾကမယ္--"
"အင္း--"
"ရိွန္း ႀကိဳက္တဲ့ ပဲျပား---! ဆီ ေလးနဲ႔ ႂကြပ္ေနေအာင္ ကင္ထားလို႔ အဆင္ေျပတယ္"
"အင္း--"
ရိွန္းေျပာၿပီး မင္းဆက္ ထၫ့္ေပးလာတဲ့ ပဲျပားကင္ကို စားလိုက္သည္။ ရိွန္းက သားသားလြတ္ သမား ျဖစ္တဲ့ အတြက္ အကင္ေတြဆိုရင္လည္း သားသားလြတ္ကင္ေတျြဖစ္တဲ့ အသားတုတို႔/အားလူးတို႔/ပဲျပားတို႔/အသီးအရြက္ကင္ေတြသာ စားျဖစ္သည္။ရိွန္းအစက သားသားလြတ္သမားျဖစ္တဲ့ သူနဲ႔ စားဖို႔ အဆင္မေျပမွာကို ဆိုးရိမ္ေပမယ့္ မင္းဆက္တို႔ သားအဖကလည္း ေျခေလးေခ်ာင္းသားေတြ မမွာရ်္အဆင္ေျပရသည္။ ကိုယ္က သားသားလြတ္ဆိုၿပီးလည္း သူမ်ားအစားစားတာကို အေနွာက္အယွက္ မျဖစ္ေစခ်င္။ မင္းဆက္ကေတာ့ စားပဲြထိုးေလး လာခ်ေပးသၫ့္ အကင္ပန္းကန္ေတြေပၚမွာရိွတဲ့
အကင္စံုေတြကိုသာ အကင္ဗန္းေပၚတင္လိုက္ၿပီး ဒိုင္ခံကင္ေနေတာ့သည္။
"ခန႔္ ေျဖးေျဖးစား ။ ဆက္ အခ်ဉ္ေတြ အမ်ားႀကီး မစားနဲ႔ ။ ဇက္ အရြက္လည္းစား"
"ဟုတ္ကဲ့"
အကင္ကင္ေနရင္းကေနလည္း အကင္ကင္မျပတ္ပဲ သားသံုးေယာက္လံုးကို ၾကၫ့္ၿပီး
လိုအပ္တာေတြ လုပ္ေပးသည္။
"ရိွန္း -- အာလူးေတြ အမ်ားႀကီး မစားနဲ႔။
ေလစာ ဆိုေတာ့ ရင္ခံမယ္"
"ဟုတ္ကဲ့"
မင္းဆက္ ကင္ေပးသမ်ွကို ကေလးေတြႏွင့္
အၿပိဳင္စားၿပီး ရႈးရွဲျဖစ္ေနတဲ့ အေရ႔ွက ကေလးေတြရဲ့ အေဖကို မင္းဆက္ စိတ္ပူလာရ်္ စကားဆိုလ္ုက္မိသည္။
"အစပ္ေျပ green teaေသာက္လိုက္။ ရိွန္း ႀကိဳက္သလို သံပုရာျခမ္းနဲ႔ ပ်ားရည္လည္း ထပ္ထၫ့္ထားတယ္ ။ သားတို႔ေရာ ေသာက္--"
"ဟုတ္ကဲ့--!
ဟုတ္ကဲ့ ေဖ--!"
ရိွန္း မ်က္ခံုးပင့္ သြားေပးမယ့္ လူေတြေတာင္ နာမည္သူ မရွား လူသူမရွား ရိွေသးသည္။ အႀကိဳက္တူတာေတာ့ ရိွမည္ပဲ ဆိုသၫ့္ အေတြးႏွင့္ မင္းဆက္ အေျပာကို ေမးခြန္းေတြ ထုတ္မေနေတာ့။
" ဦးဦး--- ဦးဦး--!။ ဟိုးမွာ သက္တံ့ႀကီး---!"
"ဘယ္မွာလဲကြ--! သားတို႔ရဲ့--"
"ဟိုးမွာေလဗ်ာ ဟိုးကေတာင္ႀကီး ေပၚမွာ"
"ခဏေလး ဦးက အေဝးမႈန္ဆိုေတာ့ မ်က္မွန္နဲ႔မွ
ျမင္ရမွာ"
မင္းဆက္ ရိွန္းရဲ့ စကားေၾကာင့္ မ်က္ခံုးပင့္မိသြားသည္။ ငယ္က သူ႔ကိုယ္သူ အေဝးမႈန္တဲ့ ဘယ္တုန္းက အေဝးမႈန္ ျဖစ္သြားရတာလဲ ငယ္ရယ္ ။
"ဟာ ဟုတ္ပါ့ ကြာ---! သက္တံ့ႀကီး လွခ်က္ေနာ္။ မိုးလည္း မရြာပဲ ထြက္ေနတာ လွခ်က္။
ဦးခြန္ေနာင္မင္းဆက္ ၾကၫ့္ၾကၫ့္အံုး ---!။ ဟိုမွာ မလွဘူးလားဗ်ာ"
"အင္း လွတယ္ အရမ္းကို လွတယ္ သိပ္ကိုလွတယ္"
မင္းဆက္ ထိုစကားေတြကို ရိွန္းရဲ့ မ်က္ဝန္းေတြတၫ့္တၫ့္ကို စိုက္ၾကၫ့္ၿပီး ေျပာလိုက္သည္။
အခု မ်က္မွန္ဝိုင္းေလး တပ္လိုက္ေတာ့ ပိုၿပီးေတာ့ေတာင္ လွသြားတယ္ ငယ္။ ငယ္ မင္းနဲ႔ အရမ္း လိုက္ဖက္တာပဲ။မင္းရဲ့ အခု မ်က္မွန္ေလးနဲ႔ ပံုေလးကို ကိုယ္ ဘယ္သူ႔ကို မွ မျမင္ေစခ်င္ဘူး ငယ္။
ရိွန္းတို႔ ထိုဆိုင္ေလးမွ အထြက္ ကေလးေတြက
သက္တံ့ႀကီး ဆိုၿပီး ရိွန္းလက္ကို ကိုင္ကာ ေျပာလာသည္မို႔ ရိွန္း ကေလးေတြေျပာရာေနရာကို ၾကၫ့္ၿပီး အေဝးမႈန္ျဖစ္တဲ့ ကိုယ့္အတြက္ မ်က္မွန္က တပ္ရေသးသည္။
"ဦးဦး မ်က္မွန္တပ္ရတာလား--?"
"ဦးဦးက အေဝးမႈန္ "
" ဦးဦးနဲ႔ မ်က္မွန္နဲ႔ လိုက္တယ္။ ဦးဦးရဲ့ ဆံပင္ေတြနဲ႔ေရာ--"
"ဟားဟား ဟုတ္ပါၿပီ မ်က္မွန္နဲ႔ လိုက္တယ္ေျပာလိုက္ ။ ဆံပင္နဲ႔ လိုက္တယ္ေျပာလိုက္နဲ႔ ။
ဒီကေလးေတြကို ဦးဦး မုန႔္ေတြ ဝယ္ကၽြေးရေတာ့မွာပဲ။"
"ဦးဦးက မကၽြေးခ်င္လို႔လား---?"
"မကၽြေးခ်င္စရာလားကြာ ဒီေလာက္ ခ်စ္စရာေကာင္းတဲ့ ကေလးေတြပဲ--"
ရိွန္း ေျပာၿပီး ကေလးေတြ သံုးေယာက္လံုးကို
ဖက္လိုက္မိသည္။ ဘာလို႔မွန္းမသိ သူ႔ရဲ့ စိတ္ေတြ အားလံုး လြတ္လပ္ၿပီး ေပ်ာ္ရႊင္ေနရသည္။
"မင္းတို႔ ဦးဦးကို အိမ္ျပန္ပို႔ၾကစို႔"
"ဦးဦးက အိမ္ျပန္ေတာ့မွာလား---?"
"အင္းေလ ။ ဦးဦးက သားတို႔ အိမ္မွ လိုက္လို႔မရပဲ"
"ဦးဦး လ္ိုက္ခ်င္ရင္ လိုက္ခဲေလ။ ေဖဖက ေခၚပါတယ္ ဟုတ္တယ္မလား ေဖေဖ"
"မင္းတို႔ ဦးဦး ကို အရင္ေမးလိုက္ပါအံုး။ လိုက္မွာလားလို႔"
သားသံုးေယာက္က ရိွန္းကို ေခၚဖို႔ ေမးလ်ွင္ မင္းဆက္ကလည္း အလ်ွင္အျမန္ပဲ ျပန္ေျဖလိုက္သည္။
"ဦးဦးက --! ဒီေန့ေတာ့ ဦးဦး မအားေသးလို႔ ။ ေနာက္ ရက္ေတြက် အလည္လိုက္မယ္ေလ ေနာ္--!"
"တကယ္ေနာ္--!"
"တကယ္ပါဗ်ာ--"
ရိွန္း ကေလးေတြႏွင့္ စကားေျပာေနလိုက္ၿပီး
မင္းဆက္ ေမာင္းသၫ့္ ကားေပၚသို႔ လိုက္ပါ စီးႏွင္းရင္း ႃပံုးရယ္လ်ွက္သာ ရိွေနလိုက္သည္။
သူ ဒီကေလးေတြႏွင့္ ဆို ေပ်ာ္ေနၿပီး ေလာကႀကီးကိုေတာင္ ေမ့ထားရတဲ့အထိ ျဖစ္ေနသည္။
ဒီကေလးေတြက သူ႔အတြက္ ဒုတိယ မွီခိုရာေလးေတြလား--?။
သားသံုးေယာက္က ေမးလိုက္ ရိွန္းက ေျဖလိုက္နဲ႔ မင္းဆက္တို႔ ကားေလးက စကားသံေတြႏွင့္ ညံ
ေနသည္။ အရင္ဆို ဒီကားေလးမွာ စကားသံၾကားရဖို႔ မေျပာႏွင့္ ကားထဲ ဝင္လိုက္ၿပီဆိုတာနဲ႔ တိတ္ဆိတ္ေနသည္။ အခုတြင္ေတာ့ ဆန႔္က်င္ဘက္ေတြ ျဖစ္လ်ွက္။ မင္းဆက္ သားသံုးေယာက္နဲ႔ ႃပံုးရယ္ေနတဲ့ ရိွန္းကို ၾကၫ့္လိုက္ၿပီး သူပါ ႃပံုးမိလိုက္သည္။
ဒီလို မိသားစု ပံုရိပ္ေတြကို သူတမ္းတမိေနတာ
က သားေတြ သက္ေစ့ ျဖစ္ခဲ့ၿပီ။ အခုအခ်ိန္မွာေတာ့ ရိွန္းက သူမရွာခဲ့ပဲနဲ႔ကို ကိုယ္တိုင္ ျပန္လာခဲ့သည္ ။ကိုယ္တိုင္ ျပန္လာခဲ့တဲ့ သူကို
သူက ဘယ္လို စိတ္ကူးနဲ႔ စြန႔္လႊတ္မွာလဲ။
စြန႔္လႊတ္ရင္လည္း အဲ့ဒီ့ လူက ရူးေနလို႔ပဲ ျဖစ္မွာေပါ့။
"ဦးဦး ဆင္းၿပီေနာ္။ ေနာက္မွ ျပန္ေတြ့မယ္။
ေနာက္တစ္ခါ က်ရင္ ဦးဦး ဝယ္ကၽြေးမယ္"
ရိွန္းေျပာလိုက္ၿပီး ကားေပၚမွ မဆင္းေသးပဲ ကားေရ႔ွခန္းကေန ကိုယ္ကို ကိုင္းကာ သားသံုးေယာက္လံုးရဲ့ ပါးေတြကို ေမႊးၾကဴလိုက္သည္။
"ဦးခြန္ေနာင္မင္းဆက္ ကိုလည္း ေက်းဇူးတင္ပါတယ္။ အခုလို လိုက္ပို႔ေပးၿပီး ကၽြန္ေတာ္ႀကိဳက္တာပါ ဝယ္ကၽြေးလို႔"
"မလိုပါဘူး ။ မိတ္ျဖစ္ေဆျြဖစ္လို႔ပဲ သေဘာထားလိုက္ပါ"
"ေနာက္တစ္ခါဆို ကၽြန္ေတာ္ ကၽြေးပါ့မယ္။"
"ကိုယ္နဲ႔ ေနာက္တစ္ႀကိမ္ ျပန္ဆံုခ်င္တာလား--?"
"မိတ္ေဆြေတြဆိုေတာ့ ျပန္ဆံုခ်င္တာေတာ့ အမွန္ပဲ"
"မိတ္ေဆြ အျဖစ္ မဟုတ္ပဲ ဆံုခ်င္တယ္ဆိုရင္ေကာ"
"အဲ့ဒီ့လိုဆိုရင္ေတာ့ စဉ္းစားရလိမ့္မယ္"
မင္းဆက္ ရိႈန္း အနားသို႔ ကပ္သြားလိုက္ၿပီး
ကားခါးပါတ္ကို ျဖဳတ္ေပးလိုက္သည္။
"ခါးပါတ္က က်ပ္ေနလို႔--!
မင္းဆက္ ခါးပါတ္ကို ျပလိုက္မွ ရိွန္း သက္ျပင္းခ်သြားၿပီး ကားေပၚမွ ဆင္းသြားသည္။
ဟက္--! ေတာ္ေတာ္မွ ေၾကာက္ေနတယ္ေပါ့ေလ။ အဲ့လို ေၾကာက္ရမယ့္ ရက္ေတြ ရိွလာအံုးမွာမလို႔ အဲ့ဒီ့အခ်ိန္မွ ေၾကာက္ဖို႔ ျပင္ထားပါ ။
ကိုယ့္ရဲ့ ငယ္ေလး--
ရိွန္း ကားေပၚမွ ဆင္းလိုက္ၿပီး ကေလးေတြကို ႏႈတ္ဆက္မွ ကားကို သတိထားၾကၫ့္မိသည္။
ဒီကားကို ရိွန္းျမင္ဖူးေနသည္။ ဘယ္မွာပါလိမ့္--?။
ရိွန္း မသိခဲ့တာက ထိုကားက ရိွန္းရဲ့ အိမ္ေရ႔ွမွာ
တစ္ညလံုး ရိွေနခဲ့တယ္ဆိုတာကိုပဲ။
ဒြိဟက ဘယ္က ျဖစ္လဲ သိလား ငယ္--။
အေၾကာင္းတရား အက်ိဳးတရားကေန ျဖစ္တယ္။ မင္းရဲ့ အခု ျဖစ္ေနတဲ့ ဒြိဟေတြအတြက္အေၾကာင္းလည္း ရိွသလို အက်ိဳးလည္း ရိွတယ္ငယ္---။ ေပ်ာ္ေပ်ာ္ႀကီး ဒြိဟ ျဖစ္ေနလိုက္ပါ။
မင္း ႏွလံုးသားထဲကို ကိုယ္က ေျဖးေျဖးခ်င္း ျပန္ဝင္လာမွာမလို႔ မင္းလက္မခံခ်င္လည္း မရေတာ့ဘူး ငယ္။ မင္းရဲ့ ေယာက်ာ္းဆိုတာႀကီးကိုလည္း ကိုယ္ ဂရုမစိုက္လို႔ ။ မင္းရဲ့ ေနာက္ေၾကာင္းေတြကို ကိုယ္တစ္ခုမွ မစံုစမ္းထားဘူးငယ္ ။ မင္းအေၾကာင္းေတြ သိလာရင္
ကိုယ္ပဲ ပိုၿပီး နာက်င္ရမယ္မလား။ကိုယ့္စိတ္ကို ဘယ္ေတာ့မွ နာက်င္ေအာင္ မလုပ္ေတာ့မွာမလို႔
မင္းရဲ့ ေယာက်ာ္းနဲ႔ သမီးအေၾကာင္းကိုလည္း ကိုယ္ မသိခ်င္ဘူးငယ္ ။ ဒါက ကိုယ္မင္းအတြက္ ထားတဲ့ ကိုယ့္ရဲ့ ဝန္တိုမႈနဲ႔ အတၲပဲငယ္။
"ကိုရိွန္း ျပန္လာၿပီလား--?"
"ျပန္လာၿပီ ပြင့္ျဖဴ။ ပင္ပန္းေနၿပီလား--?"
"မပင္ပန္းပါဘူး ကိုရိွန္းရယ္ အကူေတြလည္း ရိွေတာ့ နားရပါတယ္။ Alexေတာင္ အေစာကေလးတင္ ဖုန္းဆက္ေသးတယ္ ကိုရိွန္း ျပန္လာၿပီလားဆိုၿပီး"
"အင္း ကိုရိွန္း အသိတစ္ေယာက္နဲ႔ ေတြ့လို႔
ဆိုင္တစ္ဆိုင္မွာ ထိုင္ျဖစ္သြားတယ္ ။"
"အဲ့ဒါေၾကာင့္ ၾကာေနတာပဲ။ ျမ လည္း
ကိုရိွန္း ျပန္လာၿပီလို႔ပဲ ျပန္ေျပာထားလိုက္ပါတယ္ "
"ေက်းဇူး ပြင့္ျဖဴ ဒါဆို ကိုရိွန္း ခဏနားလိုက္အံုးမယ္ ညစာစားမွ ဆံုၾကတာေပါ့"
"ဟုတ္ကဲ့--- ကိုရိွန္း "
ရိွန္းပြင့္ျဖဴကို ေျပာလိုက္ၿပီး ပြင့္ျဖဴရဲ့ Coffee ဆိုင္ေလးမွ ရိွန္းေနတဲ ႏွစ္ထပ္အိမ္သို႔ လမ္းေလ်ွာက္လာလိုက္သည္။ ႏွာဖ်ားဝသို႔ လာၿပီး က်ီစယ္ေနၾကသၫ့္ လိမၼော္ရနံ႔ေလးေတြကိုရိွန္း ရႈရိႈက္လိုက္ၿပီး မ်က္လံုးထဲ ဝိုးတဝါး ျမင္ေနရတဲ့ လိမၼော္ပင္ေလးေတြကိုလည္း ၾကၫ့္လိုက္သည္။ အေဝးမႈန္ ျဖစ္တဲ့ သူ႔အတြက္ မ်က္မွန္ပါမွ ရွင္းလင္းစြာ ျမင္ရသၫ့္ လိမၼော္ပင္ေလးေတြက အခုတြင္ေတာ့ မပီမျပင္ဝိုးတဝါးဝါးႏွင့္သာ။
အခ်ိန္ကား ည ၉:၀၀ တိတိ။
Alex တစ္ေယာက္ သူမရဲ့ အခ်စ္ေတာ္ ladyေလးကို ဆီလိမ္းေပးဖို႔ ျပင္ေနသည္။
"ကို Alex အဲ့ဒီ့ သံလြင္ဆီဗူးႀကီး ကိုင္ၿပီး လိမ္းဖို႔ ဟန္ျပင္ေနတာ ဒီတစ္သက္ ၿပီးေတာ့မွာလား"
"ၿပီးပါၿပီ ျမ ေလးရဲ့ ။ ကိုယ္က အရင္ အဆီဗူးကို လႈပ္ေနတာပါ"
"လႈပ္ေနတာနဲ႔တင္ ဒီက ကၽြန္ေတာ္မ်ိဳးမက အိပ္ေပ်ာ္ေတာ့မယ္"
မ်က္စိေရ႔ွလာၿပီး သံလြင္ဆီဗူးႀကီး လႈပ္ကာ
လိမ္းေပးဖို႔ ဟန္ျပင္ေနတဲ့ Alexကို အျမင္ကပ္ၿပီး ပြင့္ျဖဴ ေျပာလိုက္သည္။
"ဟား--- ျမ ေလးကလည္း ကိုယ္က ေဆးၫႊန္းအတိုင္း လုပ္တာပါ"
"လုပ္ေန အဲ့ဒီ့ အၫႊန္းအတိုင္း ဒီတစ္သက္ ဗူးလႈပ္တာနဲ႔တင္ ကၽြန္မလိမ္းရေတာ့မွာ မဟုတ္ဘူး"
"လာပါၿပီ အခု ရပါၿပီ"
"ၿပီးေရာ--"
"သက္ျပင္းေတြ မခ်ပါနဲ႔ ျမရယ္ ။ ကိုယ္ဝန္ႀကီးနဲ႔ သက္ျပင္းခ်ရင္ ဗိုက္ထဲက ကေလးေလး ရုပ္ဆိုးတတ္တယ္တဲ့"
"ဒါကေရာ ဘယ္က အၫႊန္းလဲ"
"ဒီက ဆရာဝန္ Alex ထုတ္လိုက္တဲ့ အၫႊန္းပါတဲ့ ခင္ဗ်"
ပြင့္ျဖဴ ရယ္လိုက္ၿပီး အိပ္ယာေပၚလွဲလိုက္ကာ
Alex လိမ္းေပးသၫ့္ အဆီေလးေတြကို အလိမ္းခံေနလိုက္သည္။
"Alex--"
" ေျပာေလ ျမရဲ့"
"ေန့လည္ကေလ ကိုရိွန္းရဲ့ အမ်ိဳးသားဆိုင္လာသြားတယ္"
"ကိုယ္သိတယ္ေလ ။ ကိုယ္လည္း ရိွေနတာပဲ"
"ျမေတာ့ေလ သူ႔ရဲ့ အၾကၫ့္ေတြကို သိပ္သေဘာမက်ဘူး ။ သူလည္း ကိုရိွန္းအေၾကာင္း
ကို သိၿပီးသြားၿပီးပဲ ေနမွာ ။ သူသာ ကိုရိွန္းကို
တစ္ခုခု လုပ္ခဲ့ရင္--"
"ရႈး---! ျမ ေတာ္ၿပီ မေျပာေတာ့နဲ႔။
အခု ရိွန္းက လြန္ခဲ့တဲ့ ရွစ္ႏွစ္ေက်ာ္က ကိုယ္တို႔သိခဲ့တဲ့ တစ္ေကာင္ႂကြက္ ရိွန္းမဟုတ္ဘူး။
အခုဆို သူ႔မွာ ကိုယ္တို႔ ရိွေနၿပီ။ ေသြးသားေတာ္စပ္မွ ေဆြမ်ိဳးလို႔ သတ္မွတ္တာ မဟုတ္ဘူး
။ ေသြးသားမေတာ္စပ္တဲ့ သူေတြ ဂရုစိုက္ၾကရင္ ေသြးသားရင္းခ်ာႀကီးေတြေတာင္ ငိုသြားရတယ္တဲ့။ ျမ စိတ္မပူနဲ႔ ။ သူလည္း သူလုပ္ခ်င္တာေတြလုပ္ၿပီး ေပ်ာ္ေနတာပဲ။ သူ႔ဘာသာ မွတ္မိလာေတာ့မွ ကိုယ္တို႔က သူ႔အနားမွာ ေနေပးၿပီး
သူဆံုးျဖတ္တဲ့ ဆံုးျဖတ္ခ်က္ေတြကို လုပ္သင့္ မလုပ္သင့္ အႀကံေပးရမွာ။"
ရိွန္းရဲ့ အမ်ိဳးသား ဆိုင္လာေတာ့ Alexလည္း ရိွသည္။ ျမ လို သူလည္း ရိွန္းရဲ့ အမ်ိဳးသားအၾကၫ့္ေတြကို သေဘာမက် ။ သို႔ေပမယ့္
သူတို႔မွာ လုပ္ေပးႏိုင္စြမ္းမွ မရိွပဲ။ ရိွန္းက အခု မွတ္ဉာဏ္ခဏ ေမ့ေနလို႔သာ ။ သူ႔ရဲ့ မွတ္ဉာဏ္ေတြ ျပန္ၿပီး သတိရလာခဲ့ရင္ သူတို႔လည္း ရိွန္းရဲ့ ဆံုးျဖတ္ခ်က္ေတြကို ေလးစားေပးရမွာ။
သူတို႔က အျပင္လူေတြေလ။
ထိုညက ၿခံက်ယ္ႀကီးထဲရိွ Coffee houseေလးတြင္ေတာ့ ဇနီးျဖစ္သူကို ဂရုတစိုက္ သံလြင္အဆီလိမ္း ေပးေနတဲ့ ေကာင္မေလးတစ္ေယာက္ရိွေနခဲ့ၿပီး သူတို႔ ႏွစ္ဦးကလည္း ေပ်ာ္ရိပ္မထင္ပဲ
စိုးရိမ္စိတ္ေတြႏွင့္ သာ ရိွေနခဲ့သည္။ သူမတို႔ ၿခံႀကီးထဲရိွ ႏွစ္ထပ္အိမ္ႀကီးမွာေတာ့ ဝရံတာတြင္
ဝိုင္ခြက္ေလးေဘး ခ်ၿပီး တေယာတီးေနတဲ့
အမ်ိဳးသားတစ္ေယာက္က ရိွေနခဲ့လ်ွက္။
ထိုအမ်ိဳးသားတီးေနတဲ့ တေယာသံေလးကို သူမတို႔ႏွစ္ေယာက္ မၾကားခဲ့ၾကတာလား--?။
လ်စ္လ်ူရႈခဲ့တာလား ဆိုတာကေတာ့ သူမတို႔ႏွစ္ေယာက္သာ သိၾကလိမ့္မည္။
"ဟက္---! ဒီသီခ်င္းကိုေတာ့ အခုထိ မေမ့ေသးဘူးပဲ ။ ေမ့ေနတဲ့ မွတ္ဉာဏ္ေတြထဲမွာ ဒါေတာ့ မပါသြားဘူးေပါ့ ။ ဒီသံစဉ္ေလးကို မေမ့ပဲသတိတရ ရိွေပးတာကိုေတာ့ ကိုယ္ ေက်နပ္တယ္ ငယ္---။ ဒီသံစဉ္ေလးက ကိုယ္တို႔ႏွစ္ေယာက္လံုးအတြက္ ဘယ္လို သံစဉ္ေလး ျဖစ္ခဲ့တာမလို႔ ကိုယ့္ရဲ့ ေဆာင္း အိမ္မက္ေလး ငယ္---"
ဝရံတာထက္ကို ကားထဲမွာေနရ်္ ေစာင့္ၾကၫ့္ေနသၫ့္ တစ္စံုတစ္ေယာက္ႏႈတ္မွလည္း သီခ်င္းအပိုင္းအစေလး တစ္ခု ကို ေရရြတ္ခဲ့လ်ွက္---။
🎶ဒီဇင္ဘာည အျဖဴေရာင္ျမဴႏွင္းၾကားမွာ
အတူဆံုေနၾက ဒီလို အခ်ိန္ေလးေရာက္လာ
ဟိုအရင္က အျပာေရာင္အိမ္မက္ေလးကို ျပန္လည္တမ္းတရင္း ေၾကကဲြ---🎶
ကိုယ္ကေတာ့ မႂကြေကဲြဘူးငယ္။
ကိုယ္တို႔ရဲ့ အတိတ္ေတြ မလွပခဲ့ရင္ေတာင္ ကိုယ္ဖန္တီးမယ့္ အနာဂါတ္ကေတာ့ လွေနရမယ္ ငယ္။ ဒါက ကိုယ့္ရဲ့ အက်ိဳးအေၾကာင္းပဲ။
လြမ္းတယ္ ငယ္။ လြမ္းတာက အေၾကာင္းခံဆို
လြမ္းျခင္းရဲ့ ေရေသာက္ျမစ္က ဘာျဖစ္မလဲ။
"ဒုတ္ ဒုတ္---" တဲ့ ဒီအသံက ကိုယ့္ႏွလံုးအိမ္က လာတဲ့ အသံ။ ဒါဆို လြမ္းျခင္းရဲ့ ေရေသာက္ျမစ္က ႏွလံုးအိမ္ရဲ့ စည္းခ်က္ေလးမ်ားျဖစ္ေနမလား--?။ ကိုယ္ေတာ့ မသိေတာ့ဘူး ငယ္။ ကိုယ္သိတာ တစ္ခုထဲ ကိုယ္မင္းကို ခ်စ္တယ္ငယ္။ ကိုယ့္ရဲ့ ႏွလံုးသားက ရိွန္းဆိုတဲ့ မင္းေလးရဲ့ ႏွလံုးစည္းခ်က္ အတိုင္း ရွင္သန္တာမလို႔ မင္းကို လြမ္းတယ္ငယ္။ ကိုယ့္ရဲ့ စည္းခ်က္မမွန္ေတာ့တဲ့ ႏွလံုးခုန္သံေတြအတြက္ သင္ၾကားေရး ဆရာတစ္ေယာက္ေတာ့ ရိွဖို႔လိုၿပီငယ္။
ruby---(D.D)🍁
Thanks for reading guys---💙✨
(A/N = သီခ်င္းေလးက ကိုလင္းနစ္ သီဆိုထားတဲ့ "ဒီဇင္ဘာည" ဆိုတဲ့ သီခ်င္းေလးပါ။
အေရးအသားပိုင္း အဆင္မေျပရင္ အားမနာတမ္းေဝဖန္အႀကံေပးပါ။ ဖတ္လို႔ေကာ အဆငါေျပၾကရဲ့လား မသိဘူးဗ်)
--- --- --- --- ------ --- --- --- ------ --- --- --- ------ ---