Unicode
“နင်မလွန်လာနဲ့နော်..!”
သူမကို ရန်စနေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ဟော်ရူယန်ခမျာ စိတ်မထိန်းနိုင်တော့ဘူး။ မြို့တော်မှာဆိုရင် သူမကို ဘယ်သူမှ ဆန့်ကျင်ရဲတာမဟုတ်ဘူး။ သူမကို ဆန့်ကျင်တဲ့လူတိုင်း အဆုံးသတ်မကောင်းစေရဘူး..!
ဒါပေမဲ့ ဒီတစ်ခေါက်ခရီးမှာ ဒီလောက်အရှက်ရစရာကောင်းတဲ့ အဖြစ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ အခုတော့ ကောင်စုတ်လေးက ‘တစ်လက်မပေးရင် တစ်မိုင်လောက်ယူတတ်တဲ့လူမျိုး’ ဖြစ်နေတယ်။ သောက်ကျိုးနည်း.. သောက်တိရစ္ဆာန်ကတောင် သူမကို အထင်သေးရဲတယ်..!
ပိုပြီးမထင်မှတ်ထားတာက ရင်းဆုယဲ့ကိုပဲ။ အတိတ်တုန်းက သူမအပေါ် အနွံတာခံခဲ့တဲ့ ရင်းဆုယဲ့က အခုတော့ သူမကို လျစ်လျူရှုထားရုံတင်မကဘူး၊ ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက်ကို အသေးစိတ်ကအစ ဂရုစိုက်ပေးနေတယ်။ ရင်းဆုယဲ့နဲ့ ယှဉ်မတိုက်ခိုက်နိုင်တော့ အမျိုးမျိုးရန်စနေတဲ့ ဟိုကောင်စုတ်လေးကို ပညာပေးလို့မရဘူး။ မဟုတ်ရင် ရိုက်ပစ်လိုက်ပြီ..!
ရင်းဆုယဲ့က သူ့ရဲ့အရှိန်အဝါနဲ့တင် သူမကို လှုပ်မရအောင် လုပ်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ကြားက စွမ်းအားကွာခြားချက်က အဆင့်ကြီးတစ်ခုစာမက ရှိနေတယ်။ သူမ မှတ်မိသလောက်ဆိုရင် ရင်းဆုယဲ့ မြို့တော်ကနေ ထွက်သွားတုန်းက သူမနည်းတူ ကနဦးအဆင့် ၁ ပဲ ရှိသေးတာပါ။ လောလောဆယ် ရင်းဆုယဲ့ရဲ့ ကျင့်ကြံဆင့်က ရွှေရောင်တော်ဝင်အဆင့် ၁ ဒါမှမဟုတ် အဲ့ထက်ပိုမြင့်လိမ့်မယ် ထင်တယ်။
ကျင့်ကြံခြင်းအဆင့်မြင့်လေ အဆင့်တက်ဖို့ ပိုခက်ခဲလေပဲ။ ပြီးတော့ အချိန်လည်း ပိုကြာနိုင်တယ်။ သာမန်လူတစ်ယောက်အတွက် ကနဦးအဆင့် ၁ ကနေ အဆင့် ၂ ကို လအနည်းငယ်အတွင်း တက်လှမ်းနိုင်ခဲ့တယ်ဆိုရင်တောင် အရမ်းမြန်လွန်းနေပြီ။
ဒါပေမဲ့ ရင်းဆုယဲ့က အချိန်တိုအတွင်း အဆင့်တွေအများကြီး ချိုးဖြတ်သွားနိုင်ခဲ့တယ်။ ကြည့်ရတာ ရင်းဆုယဲ့က မမျှော်လင့်ဘဲ ရတနာတစ်ခုခု.. ဒါမှမဟုတ် ထူးဆန်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ ဆုံတွေ့ခဲ့တာ ဖြစ်ရမယ်။
ရင်းဆုယဲ့ဆီကသာ အဲ့လူနဲ့ပတ်သက်ပြီး တစ်ခုခုသိနိုင်ခဲ့ရင် ဒါမှမဟုတ် အဲ့ရတနာပစ္စည်းကို ရနိုင်ခဲ့ရင် သူမရဲ့စွမ်းအားလည်း ရင်းဆုယဲ့လို အချိန်တိုအတွင်း အဆင့်တက်သွားမှာပဲ။ ရင်းဆုယဲ့ကို ခယနေတာက ဒီအကြောင်းအရင်းကြောင့်လည်း ပါတယ်။ သူမရဲ့ အကျိုးအတွက် ဒေါသတွေကို မြိုသိပ်ထားပြီး ရင်းဆုယဲ့နဲ့ နီးစပ်နိုင်အောင် ကြိုးစားရမယ်။
“ကိုကိုဆုယဲ့.. အတိတ်က ကျွန်မတို့ရဲ့ ရင်းနှီးမှုတွေကို ကိုကို မေ့ပစ်လိုက်ပြီလား..?”
ရင်းဆုယဲ့ရဲ့ လက်မောင်းကြားမှာ ဇိမ်ကျနေတဲ့ ကောင်လေးကိုကြည့်ပြီး ဟော်ရူယန်တစ်ယောက် မျက်စိဆံပင်မွေး စူးနေတော့တယ်။ ရင်းဆုယဲ့ရဲ့ ထွေးပွေ့အလိုလိုက်မှုကို ရသင့်တဲ့လူက သူမပဲ..! ဒါပေမဲ့ ဒီသောက်ကလေးစုတ်က သူမရဲ့ နေရာကို လုသွားတယ်။ သူမနဲ့ ရင်းဆုယဲ့ကြားက ခင်မင်မှုကိုတောင် ဖျက်လိုဖျက်ဆီးလုပ်ချင်နေသေးတယ်။
တကယ့်အနှောင့်အယှက်ပဲ..!!!
ရင်းဆုယဲ့ကို သေချာပေါက် ပြန်ပြီးဆွဲဆောင်နိုင်စေရမယ်..! ရင်းဆုယဲ့ရဲ့ အပြုအမူတွေက ဘာလို့အရမ်းပြောင်းလဲသွားတာလဲ မသိပေမယ့် သူမအပေါ် အရင်ကထက် ပိုကောင်းလာအောင် လုပ်ရမယ်။ ရှိသမျှနည်းလမ်းအကုန်သုံးပြီး ကြိုးစားနေသရွေ့ အောင်မြင်မှုရလာမှာပဲ။
သူမ လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ရမယ်..!
ဒါတွေအကုန်လုံးက မြို့တော်မှာ ရှင်သန်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေပဲ။ ဟော်ရူယန်က သူမနဲ့ ရင်းဆုယဲ့ကြားက အမှတ်တရတွေကို အသုံးချပြီး အပြစ်ကင်းသူလေးလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီနည်းလမ်းက ရေခဲတုံးကြီးကို ထိုးဖောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
“ကျွန်မ ငယ်ငယ်လေးကတည်းက ကိုကို့ကို အတတ်နိုင်ဆုံး ကူညီပေးခဲ့တယ်လေ.. ကိုကို ဒုက္ခရောက်နေတဲ့အချိန် ဂရုစိုက်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူက ကျွန်မပဲ.. ကိုကိုဘာမှမရှိတဲ့အချိန် အစားအသောက်နဲ့ ကစားစရာတွေ ခိုးပေးခဲ့တဲ့လူက ကျွန်မပဲ.. ကိုကို အနိုင်ကျင့်ခံရတိုင်း ကိုကို့ဘက်က ရပ်တည်ပေးခဲ့တာလည်း ကျွန်မပဲ.. ကိုကို့ကို ကာကွယ်ပေးခဲ့တယ်.. ကိုကို့ကို ဆေးဝါးတွေ ပေးခဲ့တယ်လေ.. ဒါတွေကရော..?”
သူမရဲ့ ကောင်းတဲ့အချက်တွေကို ရင်းဆုယဲ့ ပြန်မှတ်မိလာသရွေ့ သူမရဲ့ အကျင့်ဆိုးတွေကို ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ ဟော်ရူယန်က ယုံကြည်နေခဲ့တယ်။ ရင်းဆုယဲ့ရဲ့ နှစ်သက်မှုကို ပြန်ရတဲ့တစ်နေ့၊ စိတ်ရှုပ်စရာကောင်းတဲ့ ကောင်စုတ်လေးကို သူမရဲ့ မျက်စိအောက်ကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်ပစ်ရမယ်။
“မင်းရဲ့ ကျေးဇူးတွေကို ငါပြန်ဆပ်ခဲ့ပြီးပြီ..”
အစတုန်းကတော့ ရင်းဆုယဲ့က ဟော်ရူယန်ကို လုံးဝလျစ်လျူရှုထားမလို့ပဲ။ ဒါပေမဲ့ ဟော်ရူယန်က ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူတို့ရဲ့ အတိတ်တုန်းက ခံစားချက်တွေကိုတောင် ပြန်ဖော်ထုတ်ချင်နေသေးတယ်။ ပြီးတော့ သူမ ပြောခဲ့တဲ့ စကားလုံးတွေက သူမရဲ့ ကျေးဇူးတရားတွေချည်းပဲ။ သူ့ဘက်က အကူအညီတွေ၊ ပြန်ပေးဆပ်မှုတွေကို လုံးဝထည့်မတွက်ခဲ့ဘူး။
အတိတ်ဘဝကို ထည့်မတွက်နဲ့ဦး၊ လက်ရှိဘဝမှာတောင် သူ ဒီမိန်းမအတွက် အများကြီး လုပ်ဆောင်ပေးခဲ့တယ်။ သူမရဲ့ ပြဿနာတွေ၊ အရှုပ်အထွေးတွေမှန်သမျှ လိုက်ဖြေရှင်းပေးခဲ့တယ်။ ဒါတွေကျတော့ မမှတ်မိတော့ဘူးပဲ။
ထိုအခိုက်အတန့်မှာ ရင်းဆုယဲ့လည်း သူလုပ်ခဲ့သမျှ အရာအားလုံးက မတန်သလို ခံစားလိုက်ရလေတယ်။
သူ့ရဲ့ အတိတ်ဘဝတုန်းက အချိန်၊ စွမ်းအားတွေအကုန် ပေးဆပ်မြှုပ်နှံပြီး ဂရုစိုက်ပေးခဲ့ရတဲ့ ဒီမိန်းမက…
ဘယ်လောက် ဟန်ဆောင်ကောင်းလိုက်သလဲ။
ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။
ဘယ်လောက် သူ့အပေါ် လှောင်ရယ်နေလိမ့်မလဲ။
“ကိုကိုဆုယဲ့.. ကျွန်မအပေါ် တကယ်ပဲရက်စက်တော့မလို့လား..?”
ဟော်ရူယန်က သူမရဲ့ နောက်ဆုံးအကွက်ကို ထုတ်သုံးလိုက်တာတောင် ရင်းဆုယဲ့က မတုန်မလှုပ် ကျောက်ရုပ်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
“ရက်စက်တယ်..? ဟမ်..!!!”
ရင်းဆုယဲ့က မသိမသာ အကြည့်လွှဲလိုက်ပြီး သူ့ရဲ့ မျက်ဝန်းတွေထဲက အဆုံးမရှိတဲ့ လူသတ်ငွေ့တွေကို ဖုံးကွယ်ပစ်လိုက်တယ်။ ဒီမိန်းမနဲ့ သူ့ကြားက အတိတ်ဆိုးတွေက မေ့ပျောက်လို့မရတဲ့ အိပ်မက်ဆိုးတွေလိုပဲ။
“ဝေ့.. ဝေ့.. အမျိုးသမီး.. ခင်ဗျားတစ်ခုခုမှားနေပြီ.. ကျွန်တော့်အမြင်အရဆို ရက်စက်တာက ခင်ဗျားမဟုတ်ဘူးလား..? မျက်နှာပြောင်တိုက်ပြီး ကျွန်တော့်မိသားစုဝင် ရှောင်ယဲ့ယဲ့ကို ရက်စက်တယ်တယ်လို့ပြောနေတာ ခင်ဗျားမျက်နှာမပူဘူးလား..?”
ရင်းဆုယဲ့က စကားသိပ်မကြွယ်တော့ ဘာပြန်ပြောရမှန်းမသိ ရှုံးနိမ့်သွားမှာကို ရွှယ်ယို့ရှန်းတစ်ယောက် စိုးရိမ်နေလေပြီး ရုတ်တရက် ဝင်ပြောလိုက်တယ်။ ဒီမိန်းမက အဖြူကို အမည်းဖြစ်အောင် ပြောတတ်တာပဲ။ တခြားလူမသိပေမယ့် စာရေးသူဖြစ်တဲ့ သူကတော့ စကားအသွားအလာကို ကြည့်လိုက်တာနဲ့ ဘာပြောချင်လဲဆိုတာ သိနေပြီးသား။
ဟော်ရူယန်ကလည်း ဒီတစ်ခေါက်တော့ သင်ခန်းစာရသွားခဲ့ပြီ။ အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ ရင်းဆုယဲ့ကိုပဲ အာရုံစိုက်ထားပြီး ရွှယ်ယို့ရှန်းရဲ့ ရန်စမှုကို လုံးဝလျစ်လျူရှုပစ်လိုက်တယ်။
ဟော်ရူယန်က တစ်ဖက်လှည့်ပြီး ရင်းဆုယဲ့နဲ့ အကြည့်ချင်းစုံအောင် ကြည့်လိုက်တယ်။ သူမ မြင်လိုက်ရတာက တစ်ခါတွေ့ဖူးသူတိုင်း ရူးသွပ်သွားရလောက်အောင် ညှို့ဓာတ်ပြင်းလွန်းတဲ့ အမူအရာကင်းမဲ့နေတဲ့ မျက်နှာသေတစ်ခုပါပဲ။ အရောင်ကွဲမျက်ဝန်းအစုံက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေလေတယ်။ ထိုအကြည့်ကြောင့် သူမရဲ့စိတ်ထဲ အန္တရာယ်အငွေ့အသက်တစ်ခု ခံစားလိုက်ရတယ်။
ထိုအခိုက်အတန့်မှာ သူမရဲ့လည်ပင်းကို တစ်စုံတစ်ယောက် ဖျစ်ညှစ်နေသလိုပဲ။ ဘာစကားမှ ပြောမထွက်ခဲ့ဘူး။ သူမရဲ့ အလိုလိုသိစိတ်အရ သူမ,သာ ရှေ့ဆက်တိုးခဲ့ရင် ရင်းဆုယဲ့က သူမကို ချက်ချင်း လက်စတုံးပစ်လိမ့်မယ်။
ထွက်ပြေးချင်ပေမယ့် ထူပူနေတဲ့အချိန်မှာ အသိစိတ်လွတ်သွားသလိုပဲ။ ဟော်ရူယန်ခမျာ နောက်တစ်လှမ်းဆုတ်လိုက်ရင်း တစ်စုံတစ်ရာကို တိုက်မိပြီး သနားစရာကောင်းအောင် လဲကျသွားတော့တယ်။
ရွှယ်ယို့ရှန်းလည်း အတော်လေး ကြောင်အ,သွားရတယ်။ ရင်းဆုယဲ့က အဲ့လောက်တောင် စွမ်းအားကြီးတာလား..? အကြည့်တစ်ချက်နဲ့တင် လူတွေကို အသိစိတ်လွတ်အောင် လုပ်ပစ်နိုင်တာလား..?
အရမ်းမိမိုက်ပြီး ခန့်ညားလွန်းနေတယ် မဟုတ်ဘူးလား..?!
စွမ်းအားကြီးပုဂ္ဂိုလ်တွေက သောက်ရမ်းလန်းတယ်။ အကြောင်းပြချက် ပေးနေစရာမလိုအောင်ပဲ..!
ဒါပေမဲ့ ရင်းဆုယဲ့ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်း ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားလိုက်ရပြန်တယ်။ သူသာ အောက်ထပ်ကပြဿနာကို မစပ်စုခဲ့ဘူးဆိုရင် ရင်းဆုယဲ့လည်း ဟော်ရူယန်နဲ့ အခုလို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးအထိ ဖြစ်သွားခဲ့မှာမဟုတ်ဘူး..!
“ရင်းဆုယဲ့.. ခုနက,စားထားတာ သိပ်မဝသေးဘူး.. ကျွန်တော် အခု ဗိုက်ဆာလာပြန်ပြီ.. ပြီးတော့ ရေလည်းဆာတယ်.. တခြားနေရာပြောင်းပြီး စားကြမလားဟင်..?”
အခုလိုအချိန်မှာ ရွှယ်ယို့ရှန်းလည်း ‘ရှောင်ယဲ့ယဲ့’ဆိုတဲ့ နာမည်ပြောင်ကို သွားမခေါ်ရဲဘူး။ လက်ဆန့်လိုက်ပြီး ရင်းဆုယဲ့ရဲ့ အင်္ကျီလက်ကို အသာဆွဲကိုင်ကာ ဒီနေရာမှ ထွက်သွားချင်ကြောင်း ပြောလိုက်တယ်။
ဟော်ရူယန်နဲ့သာ ခပ်ဝေးဝေးနေလိုက်ရင် ရင်းဆုယဲ့ကို ပြန်ပြီးချော့မော့နိုင်လိမ့်မယ်လို့ သူယုံကြည်တယ်။ ရင်းဆုယဲ့ရဲ့ စိတ်အခြေအနေကို ပြန်ပြီးကောင်းမွန်လာအောင် သူ လုပ်ပေးနိုင်တယ်။
ရွှယ်ယို့ရှန်းကတော့ သူ့ရဲ့ အပြုအမူက ဟော်ရူယန်ရဲ့ အသက်ကို အမှတ်မထင် ကယ်တင်လိုက်မိမှန်း မသိပါဘူး။ သူဖြစ်ချင်တာက ရင်းဆုယဲ့ စိတ်ချမ်းသာနေဖို့ပဲ။
“ကောင်းပြီ..”
ရင်းဆုယဲ့က သူ့ကိုချော့မော့ဖို့ ကြိုးစားနေတဲ့ ရင်ခွင်ထဲက ကောင်လေးကို ငုံ့ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ မကောင်းတဲ့ စိတ်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်ထိန်းထားလိုက်တယ်။ ဟော်ရူယန်ကို ချက်ချင်း သတ်ပစ်စရာ မလိုအပ်သေးဘူး။ ကောင်လေးက ဗိုက်ဆာနေပြီဆိုတော့ ဒီကိစ္စကို အရင်ဆုံး ဂရုစိုက်သင့်တယ်။
“…………”
ရင်းဆုယဲ့က သူ့ကိုပွေ့ချီပြီး လမ်းစလျှောက်တော့မှ ရွှယ်ယို့ရှန်းလည်း တစ်စုံတစ်ရာကို သတိရသွားတယ်။ ရင်းဆုယဲ့က သူ့ကို တကယ်ကြီး ထမင်းထပ်ကျွေးမလို့လား။ တခြားစားသောက်ဆိုင်ကို သွားနေတာတော့ မဟုတ်ပါဘူးနော်..? အခုမှ စားပြီးတာလေ..!! ဗိုက်တင်းကားနေတဲ့အထိ စားထားတာလေ။ သူပြောခဲ့တဲ့ ဗိုက်ဆာတယ်၊ ရေဆာတယ်ဆိုတာ အကြောင်းပြချက်သပ်သပ်ပဲ။ အကြောင်းပြချက်ဆိုတာရော သိရဲ့လား..? အကြောင်းပြချက်တွေကို အတည်ယူလို့မရဘူးဟ..! နားလည်ရဲ့လား..?!
သူက ဗီလိန်ကြီးတစ်ယောက်ကို ချော့မော့နိုင်တဲ့အထိ အရည်အချင်းမရှိတာ သေချာနေပါပြီ။ ဒါပေမဲ့ ရင်းဆုယဲ့ရဲ့ စိတ်အခြေအနေကို နှစ်သိမ့်ပေးတဲ့အနေနဲ့ သူ့ကိုယ်ပိုင် Image ကို ပျက်စီးခံပြီး အစားပုပ်လေး ဖြစ်ပေးရတော့မှာပေါ့။ နည်းနည်းလောက်တော့ ထပ်စားလို့ရဦးမှာပါလေ။
“ရင်း..”
ကျောခိုင်းထွက်သွားတဲ့ ရင်းဆုယဲ့ကိုကြည့်ပြီး ဟော်ရူယန်က ဟန့်တားချင်ခဲ့တယ်။
“အမျိုးသမီး.. ခင်ဗျားက အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ..!”
ဟော်ရူယန်ပြောနေတာကို မစောင့်တော့ဘဲ ရွှယ်ယို့ရှန်းက ဖြတ်ပြောလိုက်တယ်။ ဒီမိန်းမတော့ ရင်းဆုယဲ့ကို စိတ်အခြေအနေမကောင်းအောင် လုပ်ထားပြီး အခုလည်း ဆွဲထားချင်နေပြန်ပြီ။ ဒီတစ်ခေါက်ထပ်ဖြစ်ရင် သူလည်း ရင်းဆုယဲ့ရဲ့ ဒေါသကို ထိန်းပေးနိုင်တော့မှာ မဟုတ်ဘူး။
“…………”
ဟော်ရူယန်က အောက်နှုတ်ခမ်းကို ကိုက်လိုက်တယ်။ သွေးထွက်လာတာတောင်မှ သူမကိုကြည့်ရတာ ဘာမှမခံစားရသလိုပဲ။ ဟော်ရူယန်ရဲ့စိတ်ထဲ မကျေမချမ်း ဖြစ်နေခဲ့တယ်။ သူမကို လျစ်လျူရှုခဲ့တဲ့ ရင်းဆုယဲ့၊ လူရယ်စရာဖြစ်အောင် လုပ်ခဲ့တဲ့ ရွှယ်ယို့ရှန်း၊ သူမကိုဆန့်ကျင်တဲ့ အဖြူရောင်လူငယ်။ ပြီးတော့ ဒီဖြစ်ရပ်ကို ရပ်ကြည့်နေကြတဲ့ တခြားလူတွေအကုန်လုံးပဲ။
ဒါပေမဲ့ အခုအချိန်မှာတော့ သူမ မလှုပ်ရှားရဲခဲ့ဘူး။ အခုလေးတင် လှည့်ကြည့်သွားတဲ့ ရင်းဆုယဲ့ရဲ့ အေးစက်စက်အကြည့်က အဆုံးမရှိတဲ့ လူသတ်ငွေ့တွေ ပိတ်လှောင်ထားသလိုပဲ။ သူမကို ခေါင်းအစခြေအဆုံး အေးစက်သွားစေတယ်။ ဒီအကြည့်က သူမ တစ်ချက်လှုပ်လိုက်တာနဲ့ ရင်းဆုယဲ့က သူမကို ငဲ့ညှာတော့မှာမဟုတ်ကြောင်း ပြောပြနေလေတယ်။
တရွေ့ရွေ့ထွက်သွားတဲ့ သွယ်လျလျအရိပ်ကိုကြည့်ပြီး ဟော်ရူယန်တစ်ယောက် အမုန်းတွေအားလုံးကို သူမရဲ့ နှလုံးသားထဲမှာ ဖိသိပ်ထားလိုက်ရတယ်။ ဒီနေ့ခံစားခဲ့ရတဲ့ အမုန်းတရားတွေကို သူမ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူး။ နောင်တစ်ချိန် အဆတစ်ထောင်မက ပြန်ပေးဆပ်ရစေမယ်..!
ရင်းဆုယဲ့က သဘာဝကျစွာပဲ ဟော်ရူယန်ရဲ့ စိတ်ပြောင်းလဲမှုမှန်သမျှကို ခံစားမိခဲ့တယ်။ သူမရဲ့ ရွှယ်ယို့ရှန်းအပေါ် ရန်လိုနေစိတ်၊ သူတို့ကို ပစ်မှတ်ထားနေတဲ့ လူသတ်ချင်စိတ်က ပြင်းထန်လွန်းနေတယ်။ အစကတော့ ဟော်ရူယန်ကို စောစောစီးစီး လက်စတုံးပစ်လိုက်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမဲ့ ဟော်ရူယန်က သူမဘာသာ သေလမ်းရှာနေတာပဲလေ။ တခြားလူတွေကို အပြစ်မတင်နဲ့တော့..!
တည်းခိုဆောင်ထဲမှာရှိတဲ့ လူတိုင်းကလည်း ရွှယ်ယို့ရှန်းကို ပွေ့ချီပြီး တစ်လှမ်းချင်း အောက်ဆင်းလာတဲ့ ရင်းဆုယဲ့ကို ရပ်ကြည့်နေကြလေရဲ့။ ဒါပေမဲ့ အနားရောက်လာတာနဲ့ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြတယ်။
လူသတ်နတ်ဘုရားကြီး ရင်းဆုယဲ့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့သာ မျှော်လင့်နေခဲ့ကြတယ်။ သူတို့တွေကို သေလုမျောပါးဖြစ်စေခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ဖိအားအရှိန်အဝါကို ထပ်ပြီးမရင်ဆိုင်ရဲတော့ဘူး..!
ဒီလူတွေက ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်းကို မတားဆီးရဲပေမယ့် လူတိုင်း မတားဆီးရဲဘူးလို့ မဆိုလိုပါဘူး။ ဒီလောက်လူအများကြီး ထိခိုက်ဒဏ်ရာရအောင် လုပ်သွားခဲ့တဲ့ တရားခံကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုမှာလဲ..?
“ခဏနေဦး..”
…………………………………….
Zawgyi
“နင္မလြန္လာနဲ႔ေနာ္..!”
သူမကို ရန္စေနတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ၿပီး ေဟာ္႐ူယန္ခမ်ာ စိတ္မထိန္းႏိုင္ေတာ့ဘူး။ ၿမိဳ႕ေတာ္မွာဆိုရင္ သူမကို ဘယ္သူမွ ဆန႔္က်င္ရဲတာမဟုတ္ဘူး။ သူမကို ဆန႔္က်င္တဲ့လူတိုင္း အဆုံးသတ္မေကာင္းေစရဘူး..!
ဒါေပမဲ့ ဒီတစ္ေခါက္ခရီးမွာ ဒီေလာက္အရွက္ရစရာေကာင္းတဲ့ အျဖစ္မ်ိဳး ႀကဳံေတြ႕ရလိမ့္မယ္လို႔ လုံးဝမထင္ထားဘူး။ အခုေတာ့ ေကာင္စုတ္ေလးက ‘တစ္လက္မေပးရင္ တစ္မိုင္ေလာက္ယူတတ္တဲ့လူမ်ိဳး’ ျဖစ္ေနတယ္။ ေသာက္က်ိဳးနည္း.. ေသာက္တိရစာၦန္ကေတာင္ သူမကို အထင္ေသးရဲတယ္..!
ပိုၿပီးမထင္မွတ္ထားတာက ရင္းဆုယဲ့ကိုပဲ။ အတိတ္တုန္းက သူမအေပၚ အႏြံတာခံခဲ့တဲ့ ရင္းဆုယဲ့က အခုေတာ့ သူမကို လ်စ္လ်ဴရႈထား႐ုံတင္မကဘူး၊ ဘယ္ကမွန္းမသိတဲ့ ကေလးတစ္ေယာက္ကို အေသးစိတ္ကအစ ဂ႐ုစိုက္ေပးေနတယ္။ ရင္းဆုယဲ့နဲ႔ ယွဥ္မတိုက္ခိုက္ႏိုင္ေတာ့ အမ်ိဳးမ်ိဳးရန္စေနတဲ့ ဟိုေကာင္စုတ္ေလးကို ပညာေပးလို႔မရဘူး။ မဟုတ္ရင္ ႐ိုက္ပစ္လိုက္ၿပီ..!
ရင္းဆုယဲ့က သူ႔ရဲ႕အရွိန္အဝါနဲ႔တင္ သူမကို လႈပ္မရေအာင္ လုပ္ခဲ့တယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ သူတို႔ႏွစ္ေယာက္ၾကားက စြမ္းအားကြာျခားခ်က္က အဆင့္ႀကီးတစ္ခုစာမက ရွိေနတယ္။ သူမ မွတ္မိသေလာက္ဆိုရင္ ရင္းဆုယဲ့ ၿမိဳ႕ေတာ္ကေန ထြက္သြားတုန္းက သူမနည္းတူ ကနဦးအဆင့္ ၁ ပဲ ရွိေသးတာပါ။ ေလာေလာဆယ္ ရင္းဆုယဲ့ရဲ႕ က်င့္ႀကံဆင့္က ေ႐ႊေရာင္ေတာ္ဝင္အဆင့္ ၁ ဒါမွမဟုတ္ အဲ့ထက္ပိုျမင့္လိမ့္မယ္ ထင္တယ္။
က်င့္ႀကံျခင္းအဆင့္ျမင့္ေလ အဆင့္တက္ဖို႔ ပိုခက္ခဲေလပဲ။ ၿပီးေတာ့ အခ်ိန္လည္း ပိုၾကာႏိုင္တယ္။ သာမန္လူတစ္ေယာက္အတြက္ ကနဦးအဆင့္ ၁ ကေန အဆင့္ ၂ ကို လအနည္းငယ္အတြင္း တက္လွမ္းႏိုင္ခဲ့တယ္ဆိုရင္ေတာင္ အရမ္းျမန္လြန္းေနၿပီ။
ဒါေပမဲ့ ရင္းဆုယဲ့က အခ်ိန္တိုအတြင္း အဆင့္ေတြအမ်ားႀကီး ခ်ိဳးျဖတ္သြားႏိုင္ခဲ့တယ္။ ၾကည့္ရတာ ရင္းဆုယဲ့က မေမွ်ာ္လင့္ဘဲ ရတနာတစ္ခုခု.. ဒါမွမဟုတ္ ထူးဆန္းတဲ့ ပုဂၢိဳလ္တစ္ေယာက္ေယာက္နဲ႔ ဆုံေတြ႕ခဲ့တာ ျဖစ္ရမယ္။
ရင္းဆုယဲ့ဆီကသာ အဲ့လူနဲ႔ပတ္သက္ၿပီး တစ္ခုခုသိႏိုင္ခဲ့ရင္ ဒါမွမဟုတ္ အဲ့ရတနာပစၥည္းကို ရႏိုင္ခဲ့ရင္ သူမရဲ႕စြမ္းအားလည္း ရင္းဆုယဲ့လို အခ်ိန္တိုအတြင္း အဆင့္တက္သြားမွာပဲ။ ရင္းဆုယဲ့ကို ခယေနတာက ဒီအေၾကာင္းအရင္းေၾကာင့္လည္း ပါတယ္။ သူမရဲ႕ အက်ိဳးအတြက္ ေဒါသေတြကို ၿမိဳသိပ္ထားၿပီး ရင္းဆုယဲ့နဲ႔ နီးစပ္ႏိုင္ေအာင္ ႀကိဳးစားရမယ္။
“ကိုကိုဆုယဲ့.. အတိတ္က ကြၽန္မတို႔ရဲ႕ ရင္းႏွီးမႈေတြကို ကိုကို ေမ့ပစ္လိုက္ၿပီလား..?”
ရင္းဆုယဲ့ရဲ႕ လက္ေမာင္းၾကားမွာ ဇိမ္က်ေနတဲ့ ေကာင္ေလးကိုၾကည့္ၿပီး ေဟာ္႐ူယန္တစ္ေယာက္ မ်က္စိဆံပင္ေမြး စူးေနေတာ့တယ္။ ရင္းဆုယဲ့ရဲ႕ ေထြးေပြ႕အလိုလိုက္မႈကို ရသင့္တဲ့လူက သူမပဲ..! ဒါေပမဲ့ ဒီေသာက္ကေလးစုတ္က သူမရဲ႕ ေနရာကို လုသြားတယ္။ သူမနဲ႔ ရင္းဆုယဲ့ၾကားက ခင္မင္မႈကိုေတာင္ ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္ေနေသးတယ္။
တကယ့္အေႏွာင့္အယွက္ပဲ..!!!
ရင္းဆုယဲ့ကို ေသခ်ာေပါက္ ျပန္ၿပီးဆြဲေဆာင္ႏိုင္ေစရမယ္..! ရင္းဆုယဲ့ရဲ႕ အျပဳအမူေတြက ဘာလို႔အရမ္းေျပာင္းလဲသြားတာလဲ မသိေပမယ့္ သူမအေပၚ အရင္ကထက္ ပိုေကာင္းလာေအာင္ လုပ္ရမယ္။ ရွိသမွ်နည္းလမ္းအကုန္သုံးၿပီး ႀကိဳးစားေနသေ႐ြ႕ ေအာင္ျမင္မႈရလာမွာပဲ။
သူမ လုပ္ႏိုင္တာမွန္သမွ် အကုန္လုပ္ရမယ္..!
ဒါေတြအကုန္လုံးက ၿမိဳ႕ေတာ္မွာ ရွင္သန္ႏိုင္ခဲ့တဲ့ အေတြ႕အႀကဳံေတြပဲ။ ေဟာ္႐ူယန္က သူမနဲ႔ ရင္းဆုယဲ့ၾကားက အမွတ္တရေတြကို အသုံးခ်ၿပီး အျပစ္ကင္းသူေလးလို ဟန္ေဆာင္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒီနည္းလမ္းက ေရခဲတုံးႀကီးကို ထိုးေဖာက္ႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းပါပဲ။
“ကြၽန္မ ငယ္ငယ္ေလးကတည္းက ကိုကို႔ကို အတတ္ႏိုင္ဆုံး ကူညီေပးခဲ့တယ္ေလ.. ကိုကို ဒုကၡေရာက္ေနတဲ့အခ်ိန္ ဂ႐ုစိုက္ေပးခဲ့တဲ့ တစ္ဦးတည္းေသာသူက ကြၽန္မပဲ.. ကိုကိုဘာမွမရွိတဲ့အခ်ိန္ အစားအေသာက္နဲ႔ ကစားစရာေတြ ခိုးေပးခဲ့တဲ့လူက ကြၽန္မပဲ.. ကိုကို အႏိုင္က်င့္ခံရတိုင္း ကိုကို႔ဘက္က ရပ္တည္ေပးခဲ့တာလည္း ကြၽန္မပဲ.. ကိုကို႔ကို ကာကြယ္ေပးခဲ့တယ္.. ကိုကို႔ကို ေဆးဝါးေတြ ေပးခဲ့တယ္ေလ.. ဒါေတြကေရာ..?”
သူမရဲ႕ ေကာင္းတဲ့အခ်က္ေတြကို ရင္းဆုယဲ့ ျပန္မွတ္မိလာသေ႐ြ႕ သူမရဲ႕ အက်င့္ဆိုးေတြကို ဖုံးကြယ္ထားႏိုင္လိမ့္မယ္လို႔ ေဟာ္႐ူယန္က ယုံၾကည္ေနခဲ့တယ္။ ရင္းဆုယဲ့ရဲ႕ ႏွစ္သက္မႈကို ျပန္ရတဲ့တစ္ေန႔၊ စိတ္ရႈပ္စရာေကာင္းတဲ့ ေကာင္စုတ္ေလးကို သူမရဲ႕ မ်က္စိေအာက္ကေန အၿပီးတိုင္ ေပ်ာက္ကြယ္သြားေအာင္ လုပ္ပစ္ရမယ္။
“မင္းရဲ႕ ေက်းဇူးေတြကို ငါျပန္ဆပ္ခဲ့ၿပီးၿပီ..”
အစတုန္းကေတာ့ ရင္းဆုယဲ့က ေဟာ္႐ူယန္ကို လုံးဝလ်စ္လ်ဴရႈထားမလို႔ပဲ။ ဒါေပမဲ့ ေဟာ္႐ူယန္က ဒီေလာက္အရွက္မဲ့လိမ့္မယ္လို႔ သူ မထင္ထားခဲ့ဘူး။ သူတို႔ရဲ႕ အတိတ္တုန္းက ခံစားခ်က္ေတြကိုေတာင္ ျပန္ေဖာ္ထုတ္ခ်င္ေနေသးတယ္။ ၿပီးေတာ့ သူမ ေျပာခဲ့တဲ့ စကားလုံးေတြက သူမရဲ႕ ေက်းဇူးတရားေတြခ်ည္းပဲ။ သူ႔ဘက္က အကူအညီေတြ၊ ျပန္ေပးဆပ္မႈေတြကို လုံးဝထည့္မတြက္ခဲ့ဘူး။
အတိတ္ဘဝကို ထည့္မတြက္နဲ႔ဦး၊ လက္ရွိဘဝမွာေတာင္ သူ ဒီမိန္းမအတြက္ အမ်ားႀကီး လုပ္ေဆာင္ေပးခဲ့တယ္။ သူမရဲ႕ ျပႆနာေတြ၊ အရႈပ္အေထြးေတြမွန္သမွ် လိုက္ေျဖရွင္းေပးခဲ့တယ္။ ဒါေတြက်ေတာ့ မမွတ္မိေတာ့ဘူးပဲ။
ထိုအခိုက္အတန႔္မွာ ရင္းဆုယဲ့လည္း သူလုပ္ခဲ့သမွ် အရာအားလုံးက မတန္သလို ခံစားလိုက္ရေလတယ္။
သူ႔ရဲ႕ အတိတ္ဘဝတုန္းက အခ်ိန္၊ စြမ္းအားေတြအကုန္ ေပးဆပ္ျမႇဳပ္ႏွံၿပီး ဂ႐ုစိုက္ေပးခဲ့ရတဲ့ ဒီမိန္းမက…
ဘယ္ေလာက္ ဟန္ေဆာင္ေကာင္းလိုက္သလဲ။
ဘယ္ေလာက္ ရယ္စရာေကာင္းလိုက္သလဲ။
ဘယ္ေလာက္ သူ႔အေပၚ ေလွာင္ရယ္ေနလိမ့္မလဲ။
“ကိုကိုဆုယဲ့.. ကြၽန္မအေပၚ တကယ္ပဲရက္စက္ေတာ့မလို႔လား..?”
ေဟာ္႐ူယန္က သူမရဲ႕ ေနာက္ဆုံးအကြက္ကို ထုတ္သုံးလိုက္တာေတာင္ ရင္းဆုယဲ့က မတုန္မလႈပ္ ေက်ာက္႐ုပ္ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။
“ရက္စက္တယ္..? ဟမ္..!!!”
ရင္းဆုယဲ့က မသိမသာ အၾကည့္လႊဲလိုက္ၿပီး သူ႔ရဲ႕ မ်က္ဝန္းေတြထဲက အဆုံးမရွိတဲ့ လူသတ္ေငြ႕ေတြကို ဖုံးကြယ္ပစ္လိုက္တယ္။ ဒီမိန္းမနဲ႔ သူ႔ၾကားက အတိတ္ဆိုးေတြက ေမ့ေပ်ာက္လို႔မရတဲ့ အိပ္မက္ဆိုးေတြလိုပဲ။
“ေဝ့.. ေဝ့.. အမ်ိဳးသမီး.. ခင္ဗ်ားတစ္ခုခုမွားေနၿပီ.. ကြၽန္ေတာ့္အျမင္အရဆို ရက္စက္တာက ခင္ဗ်ားမဟုတ္ဘူးလား..? မ်က္ႏွာေျပာင္တိုက္ၿပီး ကြၽန္ေတာ့္မိသားစုဝင္ ေရွာင္ယဲ့ယဲ့ကို ရက္စက္တယ္တယ္လို႔ေျပာေနတာ ခင္ဗ်ားမ်က္ႏွာမပူဘူးလား..?”
ရင္းဆုယဲ့က စကားသိပ္မႂကြယ္ေတာ့ ဘာျပန္ေျပာရမွန္းမသိ ရႈံးနိမ့္သြားမွာကို ႐ႊယ္ယို႔ရွန္းတစ္ေယာက္ စိုးရိမ္ေနေလၿပီး ႐ုတ္တရက္ ဝင္ေျပာလိုက္တယ္။ ဒီမိန္းမက အျဖဴကို အမည္းျဖစ္ေအာင္ ေျပာတတ္တာပဲ။ တျခားလူမသိေပမယ့္ စာေရးသူျဖစ္တဲ့ သူကေတာ့ စကားအသြားအလာကို ၾကည့္လိုက္တာနဲ႔ ဘာေျပာခ်င္လဲဆိုတာ သိေနၿပီးသား။
ေဟာ္႐ူယန္ကလည္း ဒီတစ္ေခါက္ေတာ့ သင္ခန္းစာရသြားခဲ့ၿပီ။ အဓိကပုဂၢိဳလ္ျဖစ္တဲ့ ရင္းဆုယဲ့ကိုပဲ အာ႐ုံစိုက္ထားၿပီး ႐ႊယ္ယို႔ရွန္းရဲ႕ ရန္စမႈကို လုံးဝလ်စ္လ်ဴရႈပစ္လိုက္တယ္။
ေဟာ္႐ူယန္က တစ္ဖက္လွည့္ၿပီး ရင္းဆုယဲ့နဲ႔ အၾကည့္ခ်င္းစုံေအာင္ ၾကည့္လိုက္တယ္။ သူမ ျမင္လိုက္ရတာက တစ္ခါေတြ႕ဖူးသူတိုင္း ႐ူးသြပ္သြားရေလာက္ေအာင္ ညႇိဳ႕ဓာတ္ျပင္းလြန္းတဲ့ အမူအရာကင္းမဲ့ေနတဲ့ မ်က္ႏွာေသတစ္ခုပါပဲ။ အေရာင္ကြဲမ်က္ဝန္းအစုံက သူမကို စူးစူးရဲရဲ စိုက္ၾကည့္ေနေလတယ္။ ထိုအၾကည့္ေၾကာင့္ သူမရဲ႕စိတ္ထဲ အႏၲရာယ္အေငြ႕အသက္တစ္ခု ခံစားလိုက္ရတယ္။
ထိုအခိုက္အတန႔္မွာ သူမရဲ႕လည္ပင္းကို တစ္စုံတစ္ေယာက္ ဖ်စ္ညႇစ္ေနသလိုပဲ။ ဘာစကားမွ ေျပာမထြက္ခဲ့ဘူး။ သူမရဲ႕ အလိုလိုသိစိတ္အရ သူမ,သာ ေရွ႕ဆက္တိုးခဲ့ရင္ ရင္းဆုယဲ့က သူမကို ခ်က္ခ်င္း လက္စတုံးပစ္လိမ့္မယ္။
ထြက္ေျပးခ်င္ေပမယ့္ ထူပူေနတဲ့အခ်ိန္မွာ အသိစိတ္လြတ္သြားသလိုပဲ။ ေဟာ္႐ူယန္ခမ်ာ ေနာက္တစ္လွမ္းဆုတ္လိုက္ရင္း တစ္စုံတစ္ရာကို တိုက္မိၿပီး သနားစရာေကာင္းေအာင္ လဲက်သြားေတာ့တယ္။
႐ႊယ္ယို႔ရွန္းလည္း အေတာ္ေလး ေၾကာင္အ,သြားရတယ္။ ရင္းဆုယဲ့က အဲ့ေလာက္ေတာင္ စြမ္းအားႀကီးတာလား..? အၾကည့္တစ္ခ်က္နဲ႔တင္ လူေတြကို အသိစိတ္လြတ္ေအာင္ လုပ္ပစ္ႏိုင္တာလား..?
အရမ္းမိမိုက္ၿပီး ခန႔္ညားလြန္းေနတယ္ မဟုတ္ဘူးလား..?!
စြမ္းအားႀကီးပုဂၢိဳလ္ေတြက ေသာက္ရမ္းလန္းတယ္။ အေၾကာင္းျပခ်က္ ေပးေနစရာမလိုေအာင္ပဲ..!
ဒါေပမဲ့ ရင္းဆုယဲ့ရဲ႕ လက္ရွိအေျခအေနကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ကိုယ္သူ အျပစ္မကင္းသလို ခံစားလိုက္ရျပန္တယ္။ သူသာ ေအာက္ထပ္ကျပႆနာကို မစပ္စုခဲ့ဘူးဆိုရင္ ရင္းဆုယဲ့လည္း ေဟာ္႐ူယန္နဲ႔ အခုလို စိတ္ပ်က္စရာေကာင္းတဲ့ အေျခအေနမ်ိဳးအထိ ျဖစ္သြားခဲ့မွာမဟုတ္ဘူး..!
“ရင္းဆုယဲ့.. ခုနက,စားထားတာ သိပ္မဝေသးဘူး.. ကြၽန္ေတာ္ အခု ဗိုက္ဆာလာျပန္ၿပီ.. ၿပီးေတာ့ ေရလည္းဆာတယ္.. တျခားေနရာေျပာင္းၿပီး စားၾကမလားဟင္..?”
အခုလိုအခ်ိန္မွာ ႐ႊယ္ယို႔ရွန္းလည္း ‘ေရွာင္ယဲ့ယဲ့’ဆိုတဲ့ နာမည္ေျပာင္ကို သြားမေခၚရဲဘူး။ လက္ဆန႔္လိုက္ၿပီး ရင္းဆုယဲ့ရဲ႕ အက်ႌလက္ကို အသာဆြဲကိုင္ကာ ဒီေနရာမွ ထြက္သြားခ်င္ေၾကာင္း ေျပာလိုက္တယ္။
ေဟာ္႐ူယန္နဲ႔သာ ခပ္ေဝးေဝးေနလိုက္ရင္ ရင္းဆုယဲ့ကို ျပန္ၿပီးေခ်ာ့ေမာ့ႏိုင္လိမ့္မယ္လို႔ သူယုံၾကည္တယ္။ ရင္းဆုယဲ့ရဲ႕ စိတ္အေျခအေနကို ျပန္ၿပီးေကာင္းမြန္လာေအာင္ သူ လုပ္ေပးႏိုင္တယ္။
႐ႊယ္ယို႔ရွန္းကေတာ့ သူ႔ရဲ႕ အျပဳအမူက ေဟာ္႐ူယန္ရဲ႕ အသက္ကို အမွတ္မထင္ ကယ္တင္လိုက္မိမွန္း မသိပါဘူး။ သူျဖစ္ခ်င္တာက ရင္းဆုယဲ့ စိတ္ခ်မ္းသာေနဖို႔ပဲ။
“ေကာင္းၿပီ..”
ရင္းဆုယဲ့က သူ႔ကိုေခ်ာ့ေမာ့ဖို႔ ႀကိဳးစားေနတဲ့ ရင္ခြင္ထဲက ေကာင္ေလးကို ငုံ႔ၾကည့္လိုက္တယ္။ ထို႔ေနာက္ သူ႔ရဲ႕ မေကာင္းတဲ့ စိတ္အေျခအေနကို ျဖည္းျဖည္းခ်င္း ျပန္ထိန္းထားလိုက္တယ္။ ေဟာ္႐ူယန္ကို ခ်က္ခ်င္း သတ္ပစ္စရာ မလိုအပ္ေသးဘူး။ ေကာင္ေလးက ဗိုက္ဆာေနၿပီဆိုေတာ့ ဒီကိစၥကို အရင္ဆုံး ဂ႐ုစိုက္သင့္တယ္။
“…………”
ရင္းဆုယဲ့က သူ႔ကိုေပြ႕ခ်ီၿပီး လမ္းစေလွ်ာက္ေတာ့မွ ႐ႊယ္ယို႔ရွန္းလည္း တစ္စုံတစ္ရာကို သတိရသြားတယ္။ ရင္းဆုယဲ့က သူ႔ကို တကယ္ႀကီး ထမင္းထပ္ေကြၽးမလို႔လား။ တျခားစားေသာက္ဆိုင္ကို သြားေနတာေတာ့ မဟုတ္ပါဘူးေနာ္..? အခုမွ စားၿပီးတာေလ..!! ဗိုက္တင္းကားေနတဲ့အထိ စားထားတာေလ။ သူေျပာခဲ့တဲ့ ဗိုက္ဆာတယ္၊ ေရဆာတယ္ဆိုတာ အေၾကာင္းျပခ်က္သပ္သပ္ပဲ။ အေၾကာင္းျပခ်က္ဆိုတာေရာ သိရဲ႕လား..? အေၾကာင္းျပခ်က္ေတြကို အတည္ယူလို႔မရဘူးဟ..! နားလည္ရဲ႕လား..?!
သူက ဗီလိန္ႀကီးတစ္ေယာက္ကို ေခ်ာ့ေမာ့ႏိုင္တဲ့အထိ အရည္အခ်င္းမရွိတာ ေသခ်ာေနပါၿပီ။ ဒါေပမဲ့ ရင္းဆုယဲ့ရဲ႕ စိတ္အေျခအေနကို ႏွစ္သိမ့္ေပးတဲ့အေနနဲ႔ သူ႔ကိုယ္ပိုင္ Image ကို ပ်က္စီးခံၿပီး အစားပုပ္ေလး ျဖစ္ေပးရေတာ့မွာေပါ့။ နည္းနည္းေလာက္ေတာ့ ထပ္စားလို႔ရဦးမွာပါေလ။
“ရင္း..”
ေက်ာခိုင္းထြက္သြားတဲ့ ရင္းဆုယဲ့ကိုၾကည့္ၿပီး ေဟာ္႐ူယန္က ဟန႔္တားခ်င္ခဲ့တယ္။
“အမ်ိဳးသမီး.. ခင္ဗ်ားက အရမ္းစိတ္ရႈပ္စရာေကာင္းတာပဲ..!”
ေဟာ္႐ူယန္ေျပာေနတာကို မေစာင့္ေတာ့ဘဲ ႐ႊယ္ယို႔ရွန္းက ျဖတ္ေျပာလိုက္တယ္။ ဒီမိန္းမေတာ့ ရင္းဆုယဲ့ကို စိတ္အေျခအေနမေကာင္းေအာင္ လုပ္ထားၿပီး အခုလည္း ဆြဲထားခ်င္ေနျပန္ၿပီ။ ဒီတစ္ေခါက္ထပ္ျဖစ္ရင္ သူလည္း ရင္းဆုယဲ့ရဲ႕ ေဒါသကို ထိန္းေပးႏိုင္ေတာ့မွာ မဟုတ္ဘူး။
“…………”
ေဟာ္႐ူယန္က ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္တယ္။ ေသြးထြက္လာတာေတာင္မွ သူမကိုၾကည့္ရတာ ဘာမွမခံစားရသလိုပဲ။ ေဟာ္႐ူယန္ရဲ႕စိတ္ထဲ မေက်မခ်မ္း ျဖစ္ေနခဲ့တယ္။ သူမကို လ်စ္လ်ဴရႈခဲ့တဲ့ ရင္းဆုယဲ့၊ လူရယ္စရာျဖစ္ေအာင္ လုပ္ခဲ့တဲ့ ႐ႊယ္ယို႔ရွန္း၊ သူမကိုဆန႔္က်င္တဲ့ အျဖဴေရာင္လူငယ္။ ၿပီးေတာ့ ဒီျဖစ္ရပ္ကို ရပ္ၾကည့္ေနၾကတဲ့ တျခားလူေတြအကုန္လုံးပဲ။
ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ သူမ မလႈပ္ရွားရဲခဲ့ဘူး။ အခုေလးတင္ လွည့္ၾကည့္သြားတဲ့ ရင္းဆုယဲ့ရဲ႕ ေအးစက္စက္အၾကည့္က အဆုံးမရွိတဲ့ လူသတ္ေငြ႕ေတြ ပိတ္ေလွာင္ထားသလိုပဲ။ သူမကို ေခါင္းအစေျခအဆုံး ေအးစက္သြားေစတယ္။ ဒီအၾကည့္က သူမ တစ္ခ်က္လႈပ္လိုက္တာနဲ႔ ရင္းဆုယဲ့က သူမကို ငဲ့ညႇာေတာ့မွာမဟုတ္ေၾကာင္း ေျပာျပေနေလတယ္။
တေ႐ြ႕ေ႐ြ႕ထြက္သြားတဲ့ သြယ္လ်လ်အရိပ္ကိုၾကည့္ၿပီး ေဟာ္႐ူယန္တစ္ေယာက္ အမုန္းေတြအားလုံးကို သူမရဲ႕ ႏွလုံးသားထဲမွာ ဖိသိပ္ထားလိုက္ရတယ္။ ဒီေန႔ခံစားခဲ့ရတဲ့ အမုန္းတရားေတြကို သူမ ဘယ္ေတာ့မွ ေမ့ေပ်ာက္မွာမဟုတ္ဘူး။ ေနာင္တစ္ခ်ိန္ အဆတစ္ေထာင္မက ျပန္ေပးဆပ္ရေစမယ္..!
ရင္းဆုယဲ့က သဘာဝက်စြာပဲ ေဟာ္႐ူယန္ရဲ႕ စိတ္ေျပာင္းလဲမႈမွန္သမွ်ကို ခံစားမိခဲ့တယ္။ သူမရဲ႕ ႐ႊယ္ယို႔ရွန္းအေပၚ ရန္လိုေနစိတ္၊ သူတို႔ကို ပစ္မွတ္ထားေနတဲ့ လူသတ္ခ်င္စိတ္က ျပင္းထန္လြန္းေနတယ္။ အစကေတာ့ ေဟာ္႐ူယန္ကို ေစာေစာစီးစီး လက္စတုံးပစ္လိုက္ဖို႔ အစီအစဥ္မရွိခဲ့ဘူး။ ဒါေပမဲ့ ေဟာ္႐ူယန္က သူမဘာသာ ေသလမ္းရွာေနတာပဲေလ။ တျခားလူေတြကို အျပစ္မတင္နဲ႔ေတာ့..!
တည္းခိုေဆာင္ထဲမွာရွိတဲ့ လူတိုင္းကလည္း ႐ႊယ္ယို႔ရွန္းကို ေပြ႕ခ်ီၿပီး တစ္လွမ္းခ်င္း ေအာက္ဆင္းလာတဲ့ ရင္းဆုယဲ့ကို ရပ္ၾကည့္ေနၾကေလရဲ႕။ ဒါေပမဲ့ အနားေရာက္လာတာနဲ႔ အလိုအေလ်ာက္ လမ္းဖယ္ေပးလိုက္ၾကတယ္။
လူသတ္နတ္ဘုရားႀကီး ရင္းဆုယဲ့ ဒီေနရာကေန အျမန္ဆုံးထြက္သြားဖို႔သာ ေမွ်ာ္လင့္ေနခဲ့ၾကတယ္။ သူတို႔ေတြကို ေသလုေမ်ာပါးျဖစ္ေစခဲ့တဲ့ ေၾကာက္မက္ဖြယ္ရာ ဖိအားအရွိန္အဝါကို ထပ္ၿပီးမရင္ဆိုင္ရဲေတာ့ဘူး..!
ဒီလူေတြက ရင္းဆုယဲ့နဲ႔ ႐ႊယ္ယို႔ရွန္းကို မတားဆီးရဲေပမယ့္ လူတိုင္း မတားဆီးရဲဘူးလို႔ မဆိုလိုပါဘူး။ ဒီေလာက္လူအမ်ားႀကီး ထိခိုက္ဒဏ္ရာရေအာင္ လုပ္သြားခဲ့တဲ့ တရားခံကို ဘယ္လိုလုပ္ လြယ္လြယ္ကူကူ ထြက္သြားခြင့္ျပဳမွာလဲ..?
“ခဏေနဦး..”
…………………………………….