"မင်းခန့် ဒီကဒ်နဲ့ ရှင်းလိုက် ။ အားလုံးပြီးရင် clubကို သေရှာပြန်ပို့လိုက်။ ပြီးတော့ မင်း daddyအိမ်ပြန်လိုက် သားသုံးယောက်ကိုပါ ခေါ်သွား။"
"ကိုကြီးကရော--"
"မင်းမကြားဘူးလား--? "
"ကြားတယ်လေ--!ကိုကြီးရဲ့ ။ ကျွန်တော်လည်း အိမ်မပြန်ချင်ဘူး ။ daddy က ပွားမှာ ပြီးတော့--"
"ပြီးတော့ မနေနဲ့ သွားလိုက် မင်းခန့် ။ကိုကြီး မနက်ကြ ပြန်လာမယ်။ အခု clubမှာ လုပ်စရာရှိသေးတယ်---"
"clubက ဒီနေ့မှ ပွဲ နိုင်လာတာလေ ကိုကြီး--"
"နောက်လ ၁၀ရက်နေ့မှာ ဂျပန်မှာ ကျင်းပမယ့်
game ပြိုင်ပွဲအတွက် မင်းသေချာကြိုးစားထား မင်းခန့်---။ ကိုကြီး ဒါပဲ မှာချင်တယ်။ ပြီးတော့ မော်ကွန်း--"
"အေးပြော --"
"သားတွေနဲ့ မင်းခန့်ကို မင်းစီ စိတ်ချမယ်"
"အေး--။ ကားလည်း ဖြေးဖြေးမောင်း မင်းဆက်--"
" ကျွန်တော့်ကျတော့ ဒီလို စိတ်မပူဘူး--"
"ကလေးက ကိုကို့ အပိုင်လေ။ သူက ကိုကို့ သူငယ်ချင်းကို---"
မော်ကွန်း သူ့ရဲ့ အသည်းအသက်ကလေးလေးရဲ့ စကားလေးကြောင့် ရယ်လိုက်ပြီး သူ့ကလေးလေးကိုသာ ကြည့်နေလိုက်သည်။
"အကို့ အရှေ့ဆိုတာကိုလည်း နည်းနည်းပါးပါး သတိရအုံး မင်းခန့်။ မော်ကွန်းတို့ဘက်က သဘောတူလိုက်တာနဲ့ မင်းလည်း ခြေလှန်းတွေပြတ်နေတယ် ။ သတိနဲ့နေ--"
"ကိုကြီးကရော--!"
"ကလေး ကိုယ့် အကိုကို မပြောရဘူးလေ---"
"အင်းပါ သူငယ်ချင်းတွေပဲ ချစ်နေလိုက်ကြ။
ဒီက ကျွန်တော့ကို ပြစ်ထား--"
"ဟားဟား ကိုယ်က ကလေးကို မပြစ်ထားပါဘူးနော်--!"
"မပြစ်ထားဘူးဆို ကိုကို ဒီည--!"
"ခွန်နောင်မင်းခန့်--!"
"ဗျာ ကိုကြီး ခွန်နောင် မင်းဆက်ရဲ့--!"
မင်းဆက် အော်တော့ မင်းခန့်ကလည်း မခေ ။
ပြန်အော်သည်။ ဒီညီအစ်ကို နှစ်ယောက်က ဆယ်နှစ်ကျော်ကျော် ကွာနေလို့သာပဲ။ အကို ဖြစ်သူကလည်း တည်မလိုလိုနဲ့ ညီနဲ့ဆို စနောက်။ညီကလည်း ကြည့်ရင်တော့ လူတည်ကြီး ပြီးရင်တော့ အနောက်သန်လိုက်တာက. သူ့အကိုထက်တောင်ဆိုးသည်။ ညီအစ်ကို နှစ်ယောက်နှင့် မော်ကွန်း ခင်မင်လာရတဲ့ သက်တမ်းကလည်း နှစ်တွေ ဆယ်စုနှစ်ကျော်နေပြီဆိုတော့ ဒီညီအစ်ကို နှစ်ယောက်အကြောင်းကိုတော့ မော်ကွန်းမှာ နောကြေနေပြီသာဖြစ်သည်။
"မင်းငါ့ကို ပြန်မရွဲ့နဲ့--!
daddy အိမ်ဆိုတာလည်း သတိရအုံး။ လူက အသက်ပြည့်တာမှ မကြာသေး---!"
"နှစ်ဆယ့် ပြည့်ပြီးလို့ လာမယ့် နှစ်ဆို နှစ်ဆယ့်တစ်တောင် ရှိပါပြီ။ ဟုတ်တယ်နော် ကိုကို--!"
"အင်းပါ ကလေးသဘော--!"
မင်းဆက် အရှေ့က အတွဲကို ကြည့်ပြီး သူသွေးတွေတက်လာသည်။ဒီအတွဲက ဘယ်လိုတွေပါလိမ့်--?။ ဟို ကောင် မော်ကွန်းကလည်း အေးစက်စက်နဲ့ အရာရာ မင်းခန့်သဘောဆိုတော့ မင်းခန့် က အကြိုက်ပေါ့။ သူ့ညီ အကြောင်းကို သူက အသိဆုံးဆိုတော့လည်း။
မင်းဆက် အရှေ့က နှစ်ယောက်ကိုသာကြည့်ပြီး
ဝင်လာတဲ့ messageကြောင့် ပြုံးလိုက်ပြီး ဒီနေရာက ထွက်ဖို့ ပြင်လိုက်တော့သည်။
"ကိုကြီး ဒါက ဘယ်လဲ--?"
"club ကို --!"
"clubလား ---?။သွား ရှောင်းမှာလား---?"
"ထင်ချင်သလိုထင်--"
မင်းခန့်သာ ပြောနေတာ သူ့အကို မင်းဆက်ကတော့ clubကနေ လာပို့တဲ့ Ford F-150 ဖြစ်တဲ့ သူ့ရဲ့ ကားကို စီးပြီး ထွက်ခွာသွားသည်။ မထွက်သွားခင် "သားသုံးယောက်ကို ဂရုတစိုက်ခေါ်သွား--"လို့ ပြောဖို့ကလည်း မမေ့။
သူ့အကိုက သည်လိုပင်။ ဘာကိစ္စပဲ လုပ်လုပ်
သူ့သားသုံးယောက်ကိုတော့ ဂရုစိုက်သည်။
အခုလည်း သွားသာ သွားတာ အပြင်ကနေ
ခန့်/ဆက်/ဇက် စားသောက်ပြီး ရယ်နေတဲ့ ပုံလေးတွေကို တဝကြီး ကြည်ပြီးမှ သွားတာသာဖြစ်သည်။ မင်းခန့် ဒီလို ပုံမြင်ရတော့ သူလည်း စိတ်မကောင်းမိ။ သူ့အကို နှင့် သူ့တူသုံးယောက်လုံးကို ပျော်ရွှင်တဲ့ မိသားစုလေးမှာ ပြုံးရယ်နေတာကို သူမြင်ချင်သည်။ သူတို့ အားလုံး မနက်က တွေ့ခဲ့တဲ့ သူကရော သူ့အကို ပြောသလို တကယ် မမှတ်တော့တာလား--?။
လေယာဉ်ကွင်းမှ အပြန်တွင်---
မင်းခန့် တို့အဖွဲဲ့ လေဆိပ်က ပြန်ရောက်တော့
၁၀: ၀၀ ထိုးပြီးနေပြီ။ အားလုံး ပင်ပန်းလာကြသည့် အတွက် club ရဲ့ ကိုယ်ပိုင် အခန်းတွေ၌ အသီးသီး ဝင်နားကြသည်။ ရေချိုးတဲ့ သူကလည်း ရေချိုးဆောင်မှာ ရေချိုးကြသည်။
မင်းခန့်လည်း ကိုယ်လက်ပေါ့ပါးအောင် ရေချိုးပြစ်လိုက်သည်။
"မင်းခန့်--!မင်းခန်--!"
"ဝင်ခဲ့လေ ကိုယ့်အချစ်ရဲ့--"
"မင်းခန့် ဒီမှာ--! ကိုယ့်ကို ဉာဏ်ပြောလို့ ကိုယ်ရှာကြည့်တာ တကယ်မရှိတော့ဘူး ။"
မင်းခန့် မော်ကွန်း ပေးလာတဲ့ ဖုန်းကို ကြည့်ပြီး
အင်္ကျီ အမြန်ကောက်ဝတ်ကာ ထိပ်ဆုံးက အခန်းသို့ ခြေလှန်းတွေ ဦးတည်လိုက်သည်။
ဘုန်း---!
"ဖြေးဖြေးဖွင့်လေကွာ---! သားတွေ ပင်ပန်းလို့ အိပ်နေပြီ"။
"အင်း sorry---။ဒါထက် မေးစရာရှိတယ်
ကိုကြီး--"
"ပြော--"
"ကိုကြီး ဒီကိစ္စက---!"
သူမေးတော့ ကိုကြီးက ဖုန်းကိုကြည့်ပြီး မေးတစ်ချက် ဆက်သည်။ သူ့သားတွေကို စောင်သေရှာခြုံပေးနေရင်းကနေပဲ "ဟုတ်တယ် ငါလုပ်တာ"
ဆိုပြီး ဖြေသည်။
"ဘယ်လို လုပ်မလို့--!"
"အဲ့ဒါ မင်းနဲ့ မဆိုင်ဘူး---!"
"ကိုကြီး---! ကိုရှိန်းကို--!"
"မင်းအကို အကြောင်းမင်းမသိတာလား မင်းခန့်။ ငါ ဘယ်တော့မှ သူများကို မယုတ်မာဘူး--!"
"ဒါဆို ဘာလို့ အခုလိုတွေ ဖြတ်တာက--"
"သူမမှတ်မိဘူး ငါ့ကို----။ ပြီးတော့ မင်းတို့ကိုရော --! ဟက်--! စောက်ဆန်းကြီးဖြစ်တာ။
ရှိန်းကလေ စောက်ဆန်းကြီး။ ရောဂါက ဘာတဲ့လဲသိလား---? မင်းခန့်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက် မကောင်းတဲ့ နေရာတွေကို ဦးနှောက်က
ဖြောက်ပြစ်လိုက်တာ။ မေ့ပြစ်လိုက်တာပေါ့ကွာ။ဆေးပညာလိုဆို မှတ်ဉာဏ် ခဏ ပျောက်နေတယ်ပဲ ဆိုရမှာပေါ့။ ဒါကလည်း အဆန်းကြီး
ငါနဲ့ ပါတ်သတ်ခဲ့တဲ့ နှစ်တွေကိုပဲ မေ့ပြစ်တာ။ငါက သူ့အမြင်မှာ လူရုပ်မာကြီး ဖြစ်ခဲ့တာလား--? "
"ဒါကြောင့် ဖြတ်လိုက်တာလား---?"
"မင်းတို့လည်း မသိသလိုပဲ နေပေး။ အထူးသဖြင့် သားတွေပဲ။"
"အင်း--"
မင်းခန့် ကိုကြီး ထွက်ခွာသွားတာကို ကြည့်ပြီး
မနက်က ပြောလာတဲ့ ကိုရှိန်းအကြောင်းကို ပြန်တွေးမိသည်။ ကိုကြီးက မချစ်တာမှ မဟုတ်ပဲ။ ချစ်လွန်းလို့ ဒီနှစ်တွေအတွင်းမှာတောင် အရွယ်တင်နေတဲ့ ခန္တာကိုယ်ကို ကိုရှိန်းအတွက်ပဲ ထိန်းသိမ်းခဲ့တာမလား---?။ဒီ ရှစ်နှစ်ကျော် ကိုးနှစ်အတွင်းမှာလေ။ အခုဆို ကိုကြီးအသက်က ထိပ်စီးပြောင်းနေခဲ့သည်မှာ လေးဆယ်ဆိုသည့် အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ကိုရှိန်းကို မြတ်နိုးလွန်းလို့ သားတွေကိုတောင် အမည် ဆင်တူ ပေးခဲ့တာက--! ။ မင်းခန့် သူ့အကို အကြောင်းသာ တွေးနေမိသည်။အခုလည်းဘယ်က ဘယ်လို သိပြီး ဘယ်ကနေ ဘယ်လို ပြန်ရှောင်းနေမလဲမသိ။ သူ့အကို့ အစား မင်းခန့် ရင်ခုန်လာရျ် နဘေးမှာရှိတဲ့ သူ့ကိုကို ကိုသာ ဖတ်ထားလိုက်သည်။ ဖတ်တာ အားရမှ အထဲကို အတူ ဝင်လာပြီး ကလေးတွေနဲ့ အဖွဲ့သားတွေ ပြန်ဖို့ ပြင်ရသည်။
ခြံထဲသို့ ကားဝင်လာတာနဲ့ ဦးခွန်နောင် ခေါင်းကို မတ်ထားလိုက်ပြီး စာကြည့်ခန်းကနေ ဧည့်ခန်းအတွင်းသို့ လျှောက်လာလိုက်သည်။
"ဦးဦး ဖေဖေရော--?"
"ဇက် ဖေဖေက clubမှာ အလုပ်ပေါ်လာလို့တဲ့--! ဦးဦး သားကို ချီသွားမယ်နော် လာ--"
"အင်း--"
ဦးခွန်နောင် သူ့မြေးငယ် ဇက် လေးရဲ့ အသံနှင့် မတော်ရသေးတဲ့ သားမက်လေးရဲ့ အသံကိုကြားလိုက်ရသည်မို့ သားကြီး မပါလာဘူးဆိုတာ သူအတတ်သိလိုက်ပြီဖြစ်သည်။
"ဟာ ဖိုးဖိုးကြီး--!"
"ခန့်---/ ဆက်---လာကြ"
ဦးခွန်နောင် မြေးနှစ်ယောက် ပြေးလာတာကို လက်နှင့် အသင့်ကြိုလိုက်ပြီး မြေးတွေကို ထွေးပွေ့ထားလိုက်သည်။
"ဖိုးဖိုးကြီး--!"
"ဇက်လေးက အခုမှ သိတာလား---?။ "
"အင်း--- ကျွန်တော်က အိပ်ချင်နေတော့ ဖိုးဖိုးကြီး အိမ်မှန်းမသိလိုက်တာ--"
"ကဲ အခုတော့ သိသွားပြီမဟုတ်လား--?"
"အင်း--!"
"ဒါဆို ဒီည ဖိုးဖိုးကြီးနဲ့ သုံးယောက် လုံး လာအိပ်ရမယ်နော်"
"ဟုတ်---"
"ဒါမှ ငါ့မြေးလေးတွေ---။ လာပါအုံး ဖိုးဖိုးကြီးကို နမ်းပါအုံး--! ဖိုးချစ်မြေးလေးတွေရဲ့--!"
ဦးခွန်နောင် စကားမဆုံးခင်၌ပင် ပါးပေါ်သို့ ရောက်လာတဲ့ နှုတ်ခမ်းသေးသေးလေးတွေကြောင့် ဦးခွန်နောင်ရဲ့ စိတ်အေးချမ်းသွားတာကအမှန်ပင်။
"ဟိုကောင်--! မင်းခန့် လာအုံး။"
"ဟုတ်ကဲ့ daddy--!"
အပေါ်သို့ သူအလစ်ကို တက်ဖို့ ပြင်နေတဲ့ သားငယ်လေးကို ဦးခွန်နောင် ခေါ်လိုက်သည်။
"ခဏထိုင်--"
"ဟုတ်ကဲ့---"
"သား မော်ကွန်း---"
"ဟုတ်--"
"သားဒီအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရတယ် ။အခုမှ သိတဲ့ လူတွေမဟုတ်လို့ စိတ်လွတ်ကိုယ်လွတ်နေ ။ပြီးတော့ သားငယ်ကို တအား အလိုမလိုက်နဲ့ သူ့အကိုလို တအားကြီး မမိုက်ကမ်းပေမယ့် ဆိုးရင် တော်တော်နဲ့ မရတာမလို့ သူ့အလို မလိုက်နဲ့--"
"ဟုတ်ကဲ့ daddy--"
"အေး တက်တော့ --။ ဟိုကောင် ငါ မျက်နှာမပြတ်ချင်ဘူးနော်--!"
"ဟုတ်ကဲ့--! မတော်ပြတ်မှ daddy တို့ မှန်းထားတဲ့ နောက်နှစ်မရောက်ခင် လောက်လေးပါ "
"ဒီကောင်တော့--!"
မင်းခန့်ပြောတော့ မော်ကွန်းက မင်းခန့်ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်သည်။ ထိုအချင်းအရာကို မြင်တဲ့ ဦးခွန်နောင်က ဘာမှတော့ ဆိုမနေတော့။
သားတွေဆိုတာ သားမက်တွေကို မီးသေနေရမယ်လေ။ ဒါမှ သူ့သားတွေအတွက် စိတ်ချနိုင်မှာ။ သားတွေကို ထိန်းပေးမယ့် သူတွေရှိရင်
သူလည်း စိတ်အေးချမ်းရမယ်လေ။
ဦးခွန်နောင် သူ့ရဲ့ မတော်ရသေးတဲ့ သားမက်ဖြစ်သူရဲ့ daddy ဆိုပြီး ခေါ်သံကြောင့် သူတော်တော်ကို အေးချမ်းသွားရပြီး တစ်စက်ထဲမှာပဲ သူ့ဘေးမှာ ထိုင်နေကြတဲ့ ကလေးလေးတွေရဲ့ ဖအေ ဖြစ်သူ သူ့ရဲ့ သားမက်ကြီးကိုလည်း သတိရမိပြီး ကလေးတွေအတွက် စိတ်မကောင်း ဖြစ်ရသည်။
ဟိုကောင် မင်းခန့်ကိုတော့ မျက်နှာမပြတ်ဖို့ အရင်ပြောရသည်။ လက်ထပ်ဖို့ သဘောတူထားပေမယ့် တရားဝင်မှ မထိမ်းမြားရသေးသည်မို့ သူမျက်နှာ မပြတ်ချင်တာက အမှန်။ဒါကို ဟုတ်ကဲ့ ဆိုပြီးနောက်ဆက်တွဲ စကားတွေနဲဲ့ ရွဲ့သွားသေးတယ်လေ။
"ကဲ ဖိုးဖိုးကြီးတို့ နားကျတော့မလား--?"
"အင်း ကျွန်တော်က အိပ်ချင်နေတာကြာပြီ။"
"အင်းပါကွာ သွားကြမယ်--"
"ဟုတ်ကဲ့ ဖိုးဖိုး--"
သားလို့ ပြောရမယ့် အရွယ်ကို ကျွန်တော် ကျွန်တော်နဲ့ ပြောနေတဲ့ မြေးဖြစ်သူတွေကို ဦးခွန်နောင် စိတ်မကောင်းဖြစ်မိသည်။ အမှန်ဆို ဒီအရွယ်လေးတွေက သားလို့ သုံးရမှာမလား။
သူ့မြေးလေးတွေ သားလို့ ပြောပြီး သုံးတဲ့ အသုံးအနှုန်းကို သူ ဘယ်အချိန်တုန်းက နောက်ဆုံး ကြားခဲ့ရတာပါလိမ့်။ မြေးလေးတွေ ခုနှစ်သားလောက်ကလား---?။ မြေးတွေကလည်း ဝါသနာတစ်ခုစီရှိကြသည်မို့ သူ့လုပ်ငန်းတွေကို ဦးစီးဖို့ ဆိုတာကလည်း အကြောင်းမမြင်။ ဒါထက် သူ့တို့ ဖအေကိုက သူ့သားတွေ ဝါသနာပါရာကိုပဲ မိုးဆုံးမြေဆုံး ထောက်ပံ့ မယ့်သူမျိုးဆိုတော့လည်း။ ဦးခွန်နောင် စိတ်သာ ဒုန်းဒုန်းချပြီး မြေးတွေနှင့် အိပ်ယာအတူဝင်လိုက်သည်။ ဒီညတော့ သူ အိပ်ပျော်တော့မည်လေ။
တစ်ဖက်အခန်းတွင်လည်း----
"အာ့--!"
"ကိုကို ဘာလုပ်တာလဲ--?"
"ဆွဲလိုက်တာလေ---"
"အစောကလည်း ဆွဲ အခုလည်း ဆွဲနဲဲ့ ကျွန်တော့်ရဲ့ ချပ်နေတဲ့ ဗိုက်လေးတော့ သွားပါပြီ--"
"သွားပါပြီဆို ငါနဲ့ အတူမအိပ်နဲ့--"
"ဘာဆိုင်လို့လည်း ကိုကိုရဲ့---!"
"မင်းပဲ သွားပါပြီဆို--! သွားလေ--!
ဒီနေ့ကစပြီး ဘယ်တော့မှ အတူမအိပ်ဘူး။ "
"ဒါဆို လက်ထပ်ရင်ရော--"
"လက်လည်း မထပ်ဘူး--"
"ဟား ကိုကိုရာ--"
မင်းခန့် ကောက်နေတဲ့ သူ့ကိုကို ကိုကြည့်ပြီး
အသည်းယားစွာ ဆွဲဖက်ထားလိုက်သည်။ ပထမတော့ သူ့ကိုကိုက ရုန်းသည်။ နောက်တော့ သူ့ရင်ခွင်ထဲကို ပါလာရသည်ပဲလေ။ ဒီကိုကိုက သူ့ထက် ဆယ်နှစ်ကျော်လောက်သာကြီးတာ
စိတ်က ကလေးစိတ် ။ L1 clubရဲ့ မန်နေဂျာ မော်ကွန်းလျှံ။ little kitten အဖွဲ့ဝင်ဟောင်း
ဖြစ်သူ ပင်တိုင် fighterကြီးရဲ့ ဒီလိုပုံကို မြင်ရင်
အံဩသလို ချစ်ကြမယ့် သူတွေကလည်း အများသား။ အို--- အံ့ဩပဲ အံ့ဩရမယ်။ ချစ်တာတော့ တပြားသားမှ မရဘူး။ဒီကကောင်က
ဒီက ကိုကိုကို အပိုင် ချုပ်ပြီးသားမလို့။ အချစ်တွေနဲ့လေ---။
"ကိုကို ဒီည--!"
"မရပါဘူး--!ကိုယ်ပင်ပန်းနေပြီ။ပြီးရင် မင်းက မရပ်တော့ဘူး--!"
"ကိုကိုက အထန်ပဲ--!"
"ဘာကို အထန်လဲ--?"
"ကျွန်တော် ဘာကို ပြောမှာသိနေလို့လဲ--?။ကြိုပြောတာကြီးက--!"
"မသိဘူးကွာ--!"
"ဒါဆို ကိုကို ထင်လက်စနဲ့ ကျွန်တော်--"
"အား--! ကလေး ကလေး ကိုယ်ပင်ပန်းနေလို့လေ--"
"မရဘူး တစ်ခါပဲ--"
"မင်းက တစ်ခါထဲနဲ့ ပြီးတော့လည်း--"
"ပြီးတော့လည်း--?"
"တော်ပြီကွာ--!"
သူ့ကို ကြည့်ပြီး သက်သက် လိုက်နောက်နေသည့် သူကြောင့် မော်ကွန်း မင်းခန့်ရင်ခွင်ထဲက ထွက်ပြီး အိပ်ယာပေါ်ဝင်လှဲလိုက်ကာ တစ်ဖက်သို့ စောင်းအိပ်လိုက်သည်။
"တစ်ဖက် စောင်းလည်း ကျွန်တော်လိုချင်ရင် ရအောင်ယူမှာနော်--။ကိုကို--! ဒီဘက်လှည့်--"
"မလှည့်ဘူးလား--!"
"ကလေး--!"
မော်ကွန်းရဲ့ တင်ပါးလုံးလုံးလေးကို ကိုင်ပြီး
ပြောလာသည့် သူကြောင့် မော်ကွန်း သူ့ဘက်သို့ လှည့်လိုက်ရသည်။
"အဲ့လိုမှာပေါ့ ကိုကိုကလည်း--! လိမ္မာတယ်"
"ကလေး --!မင်း ကိုယ့်ကို--"
"ကိုကို ပင်ပန်းနေတာမလား---?။ ပင်ပန်းနေရင် နားလိုက်။ ကျွန်တော့်ရင်ခွင်ထဲမှာပေါ့။ ကောင်းကောင်းအိပ် ကျွန်တော့်ရဲ့ အထန်ကိုကို--"
"ကလေး မင်းနော်---"
"ဟားဟား ဟုတ်ပါပြီ ဒါဆို မနောက်တော့ဘူးနော်။လက်တော့ ကိုင်မယ်နော် နော်---နော်လို့--"
"အင်း---"
မင်းခန့် ပြောလိုက်တာကို ရှက်သွားပြီး ပါးတွေနားတွေပါ ရဲတက်လာတဲ့ ကိုကိုကြောင့် မင်းခန့်
ကိုကို့ လက်လေးကိုသာ ဆုတ်ကိုင်လိုက်ပြီး ကိုကို့ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ထည့်လိုက်ကာ အိပ်စက်ခြင်း စီသို့ သွားလိုက်သည်။
"ကိုကို့ကို ကျွန်တော်ချစ်တယ်---။ အိမ်မက်ထဲမှာရော အပြင်မှာရော ကျွန်တော့်တစ်ယောက်ထဲကိုပဲ သတိရနေပေး---"
မင်းခန့် ပြောလိုက်ပြီး မော်ကွန်းရဲ့ နှဖူးလေးကို ဖွဖွလေး နမ်းလိုက်ပြီး မျက်လုံးတွေကို မှိတ်ချလိုက်တော့သည်။ဒီနေ့ သူလည်း ပင်ပန်းသည်လေ။
မော်ကွန်းလည်း မင်းခန့် လက်ကို ပြန်ဆုတ်ကိုင်ထားပြီး သူ့ကလေးလေးရဲ့ ရင်ခွင်ကျယ်ကြီးထဲ၌ ခိုလှုံရင်း အနားယူလိုက်တော့သည်။ နောက်ရက်တွေဆို သူတို့မှာ စက်တက်ထားသည့် လူသားတွေကို သံပါတ်ပေးထားသည့် အတိုင်း အလုပ်လုပ်ရတော့မည်။
"Sofei အိပ်သွားပြီလား ငယ်--!"
"အိပ်သွားပြီကိုကြီး--"
"မနက် ပြန်ရတော့မှာဆိုတော့ ဂျီကျနေတာ ထင်တယ်"
"အင်း Sofei လေးက ကျွန်တော်နဲ့ မခွဲချင်ဘူး ထင်ပါတယ်"
"ငယ် သောက်ကြမလား--?"
"ကောင်းတာပေါ့--"
Sofei အကြောင်းပြောပြီး ဝမ်းနည်းနေသည့်
ငယ့်ကို ဟေဂျွန်း ဝိုင်သောက်ဖို့ ဖိတ်ခေါ်လိုက်ပြီး သူရယ် ငယ်ရယ် ဝရံတာလေးပေါ်မှာ စကားပြောရင်း ဝိုင်သောက်ကြမည် ။
ရှိန်း Sofeiကို သိပ်ပြီး ပြန်လာမှ ကိုကြီးက ဝရံတာကနေ ဝိုင်ပုလင်းနှင့် ဝိုင်ခွင်ကိုင်ကာ စောင့်နေသည်မို့ ရှိန်းလည်း ဝရံတာမှာ အသင့်ပဲ ထိုင်လိုက်သည်။ ရှိန်းက ခြံထဲရဲ့ နှစ်ထပ်အိမ်တွင် နေပြီး Alex နှင့် ပွင့်ဖြူက ရှိန်းတို့ နှစ်ထပ်အိမ်လေးရဲ့ ခြေလှန်း နှစ်ဆယ် လှန်းစာလောက်မှာရှိနေတဲ့
Coffee houseလေးမှာ နေကြသည်။ပွင့်ဖြူက မပေါ့မပါးကြီးနှင့် ဖြစ်ရျ် အဆင်းအတက်တွေ ခက်တယ်ဆိုပြီး ထိုတစ်ထပ်အိမ်မှာနေတာကြာနေပြီမှာ ကိုကြီး ရောက်ထဲကဟု ဆိုသည်။
ကိုကြီးက ရှိန်းထက် တစ်လကြိုစောပြီးရောက်နေသူ ဖြစ်သည်။ ဒီနယ်တစ်ခွင်ရဲ့ အလှဆုံးနေရာတွေကို ရေဆေးကားချပ်တစ်ခုအဖြစ် မှတ်တမ်းတင် သိမ်းဆည်းဖို့ ကြိုးပမ်းနေသူလည်း ဖြစ်သည်။ယခုတွင်တော့ အချိန်စေ့ရျ် ရှိန်းတို့နှင့် ခွဲရတော့မည်လည်း ဖြစ်သည်။
"ငယ်--"
"အင်း ---ကိုကြီး"
"ငယ့်ကို ကိုယ်နောက်ဆုံးတစ်ခွန်းပဲ မေးမယ် ငယ်---။ ငယ် ဒီမှာ နေချင်တာ သေချာပြီလား--?"
"သေချာတယ် ကိုကြီး။ ကျွန်တော် စိတ်ဆုံးဖြတ်ထားတဲ့ အရာမှန်သမျှကို ကျွန်တော် ပြီးစီးအောင် လုပ်မှာ ကိုကြီး--"
"အင်း ကောင်းပြီ။ ဒါဆို ကိုကြီး ငယ့်ကို တစ်ခုပဲ မှာချင်တယ် ။ငယ် အစစအရာရာ ဂရုစိုက်ပါ။
ဘာကိစ္စတွေပဲ ကြုံလာကြုံလာ ငယ်တစ်ယောက်ထဲ မဖြေရှင်းဘူးဆိုတဲ့ ဂတိပေးပါ။"
"ဟုတ်ကဲ့ ကိုကြီး ကျွန်တော် ကတိပေးပါတယ်"
"ဒါဆို သောက်ရအောင် ငယ်--"
"ဟုတ်--"
ရှိန်း ဘာမှန်းတော့မသိပေမယ့် ကိုကြီးရဲ့ ကတိစကားကို သူ လက်ခံလိုက်သည်။ ဒီစိတ်ပူပန်မှုတွေက သူ့အတွက် ရိုးနေသည်မို့ ရှိန်း စိတ်ထဲ တစ်ခုခုအဖြစ် မခံစားချင်တော့။ဒါတွေက သူ့အတွက် ရှစ်နှစ်လုံး သူမေးခွန်း ထုတ်နေခဲ့ပြီး
အဖြေရှာမရခဲ့တဲ့ ပဟေဠိတွေမလား---?
"ငယ် နှစ်ပါတ်လည်နေ့ကိုတော့ ပြန်လာပေးပါ"
"ကျွန်တော် ပြန်လာမှာပါ။ ကျွန်တော့်အတွက် Unnieက ဘယ်လို လူမလို့---"
"စိတ်မကောင်း မဖြစ်ပါနဲ့ အားလုံးက ကံစီမံရာတွေပဲ--"
"ကိုကြီး ပြောသလို ကံကိုပဲ အပြစ်ပုံချရတော့မှာပေါ့--"
"ငယ် ရယ်--!"
ဟေဂျွန်း စိတ်မကောင်း ဖြစ်နေတဲ့ ငယ့်ကိုယ်လေးကို သူ့ရင်ခွင်ထဲ ထည့်ပြီး သိုင်းကာဖက်ထားလ်ိုက်သည်။
"ဝမ်းနည်းစရာတွေရှိနေတာလား--?။ ဒါဆို ငိုလိုက် ငယ် --။တင်းမခံနဲ့ ။ ကိုကြီး ပုခုံးက ဒီည
ငယ် မှီနိုင်တဲ့ ပုခုံးတစ်ဖက်အဖြစ် ရှိနေပေးမှာမလို့ ငယ် စိတ်ကြိုက် ငိုလိုက်--"
"ကျေးဇူးပါ ---တကယ်ကို ကျေးဇူးပါ။
ကျွန်တော့် အသက်ကို ကယ်တင်ပေးခဲ့လို့--!
"ငယ် လုပ်ပေးခဲ့တာက အဲ့ထက် ပိုပါတယ် ငယ်ရယ်--"
ရှိန်း ဟေဂျွန်းရဲ့ ကိုယ်ကို ပြန်ဖက်ထားလိုက်ပြီး
သူ့ရဲ့ ဝမ်းနည်းမှုတွေကို မျက်ရည်တွေ အဖြစ် ပြောင်းလဲလိုက်သည်။ ရှိန်းရဲဲ မျက်ရည်တွေက ဟေဂျွန်းရဲ့ ပုခုံးထက်တွင် နေရာယူလို့---။
"တောက်--!"
"ဟက်---! ငယ် မင်းက အရမ်းကို အဆင်ပြေနေတယ်ပေါ့--။ငယ် ---! မင်းကွာ--!
မင်းကျ မိသားစုနဲ့ ပျော်ရွှင်နေပြီး ကိုယ်ကတော့
ကိုယ့်သားတွေကတော့ ဟာကွာ--! တောက်--!။
ငယ် မင်းက သူများရင်ခွင်ထဲမှာ ပျော်နေတယ်ပေါ့ ။ ပျော်နေလိုက် ငယ်။ ဒါပေမယ့် အဲ့ဒီ့ အပြုံးတွေက မကြာတောဘူး ငယ် မင်းစီမှာရှိနေတာ။
ငယ် -- - မင်း နောင်တရစေရမယ်ငယ်---။ကိုယ့်ရဲ့ သားတွေအပေါ် လုပ်ခဲ့တဲ့ မင်းရဲ့ လုပ်ရက်တွေအတွက် မင်း ကောင်းကောင်းကြီး နောင်တရစေရမယ်ငယ်---။ "
မင်းဆက် ကားပေါ်မှာထိုင်ပြီး အပြစ်မရှိတဲ့ ကားစတိီယာခုံကို တစ်ဗုန်းဗုန်းနှင့် လက်သီးတွေနှင့် ထိုးနေမိသည်။ သူ ဒီနေရာကို လာတာက ဒီလို မြင်ကွင်းတွေကို မြင်ရဖို့မှ မဟုတ်ခဲ့ပဲ
သတင်းပေးထားတဲ့အတိုင်း ရပ်ကွက်တစ်ခုကို
မင်းဆက် ဦးတည်နေမိသည် ရင်ခုန်ခြင်းများစွာနှင့်။ ရပ်ကွက်ထဲကို ဝင်လာထဲက သူနဲ့ ရင်းနှီးနေတာမလို့ သူ ပြုံးလည်း ပြုံးမိသည်။ သို့သော်
ထိုအပြုံးတွေက ခြံတစ်ခြံအရှေ့သို့ ရောက်ချိန်မှာတော့ လုံးဝကို စိတ်သုန်းပျောက်ကွယ်သွားတော့သည်။
"ဗူး---ဝူး--"
"ကိုကြီး အမူးသမားတွေ ရမ်းကားတယ်ထင်တယ်။ ကားကို အသားကုန်မောင်းနေတာ--"
"ဂရုစိုက်မနေနဲ့ ငယ် ---။ ဒါက နေရာတိုင်းပါပဲ။"
"အင်း--"
ဟေဂျွန်း ငယ်ပြောလာတဲ့ ကားကို ဝိုင်သောက်နေရင်း၌ပင် ကြည့်လိုက်သည်။ကားက ဆယ်ခေါက်လောက်ရှိနေပြီ ဒီလမ်းကို ဖြတ်မောင်းနေတာ ။ လမ်းထိပ်ကနေ လမ်းဆုံးထိကို ဖြတ်မောင်းနေတာမျိုး။ ကားကို ကြည့်လိုက်တော့လည်း Ford F-150 ဖြစ်ပြီး limited ထုတ်ထားသည်ဖြစ်ရျ် ဟေဂျွန်း ဒီကားပိုင်ရှင်ကို သံသယတော့ ဝင်မိသည်။ ဒီကားပိုင်ရှင်က သူထင်သလို
တော့ မဖြစ်ပါစေနဲ့ ။ ဘာလို့ဆို သူက ငယ်ပျော်နေတာကိုပဲ မြင်ချင်တဲ့သူ ဖြစ်နေတာမလို့။
ဟေဂျွန်း ငယ့်ကို အကြည့်ပိုလိုက်သည်။ ငယ်က ဝိုင်ခွင်ကို ကိုင်ထားပြီး လမ်းမပေါ်မှာ ဖြတ်မောင်းနေတဲ့ အစောက ကားကိုပဲ စူးစမ်းနေသည်။
*ငယ်--- ပြုံးနေငယ်။ ငယ်နဲ့ ပြုံးနေတာကပဲ လိုက်ဖက်တယ်---*
*ငယ် မင်း ကိုယ့်သားတွေ အတွက် နောင်တရစေရမယ်--*
တစ်ဖက်က ပျော်ဖို့ ဆုတောင်းပေးနေပေးမယ့်
တစ်ဖက်က ပေးစပ်ဖို့ ကြုံးဝါးနေသည်။
ရှိန်းကတော့ ဘာမှမသိ လွတ်လပ်စွာပင် ဝိုင်နီနီတွေကို နှစ်ချိုက်စွာ သောက်သုံးလျှက်---။
"ပြတ်ရျ် မပြေခဲ့သောကြိုး---"
ruby---(D.D)🍁
Thanks for reading guys---💙✨
--------------------------------------------------------------
For my zawgyi readermins--- 🙆♀️🙆♀️🙆♀️
"ကိုကြီးကရော--"
"မင်းမကြားဘူးလား--? "
"အေးပြော --"
"ကိုကြီးကရော--!"
"ခွန်နောင်မင်းခန့်--!"
"အင်းပါ ကလေးသဘော--!"
"ကိုကြီး ဒါက ဘယ်လဲ--?"
"club ကို --!"
"clubလား ---?။သွား ရှောင်းမှာလား---?"
"ထင်ချင်သလိုထင်--"
သူ့အကိုက သည်လိုပင်။ ဘာကိစ္စပဲ လုပ်လုပ်
မင်းခန့် တို့အဖွဲ့ လေဆိပ်က ပြန်ရောက်တော့
"မင်းခန့်--!မင်းခန်--!"
ဘုန်း---!
"အင်း sorry---။ဒါထက် မေးစရာရှိတယ်
ကိုကြီး--"
"ပြော--"
"ကိုကြီး ဒီကိစ္စက---!"
ဆိုပြီး ဖြေသည်။
"ဘယ်လို လုပ်မလို့--!"
"ကိုကြီး---! ကိုရှိန်းကို--!"
"အင်း--"
"ဦးဦး ဖေဖေရော--?"
"အင်း--"
"ဟာ ဖိုးဖိုးကြီး--!"
"ခန့်---/ ဆက်---လာကြ"
"ဖိုးဖိုးကြီး--!"
"ဇက်လေးက အခုမှ သိတာလား---?။ "
"အင်း--!"
"ဟုတ်---"
"ဟုတ်ကဲ့ daddy--!"
"ခဏထိုင်--"
"ဟုတ်ကဲ့---"
"သား မော်ကွန်း---"
"ဟုတ်--"
"ဟုတ်ကဲ့ daddy--"
"ဒီကောင်တော့--!"
"အင်းပါကွာ သွားကြမယ်--"
"ဟုတ်ကဲ့ ဖိုးဖိုး--"
တစ်ဖက်အခန်းတွင်လည်း----
"အာ့--!"
"ကိုကို ဘာလုပ်တာလဲ--?"
"ဆွဲလိုက်တာလေ---"
"အစောကလည်း ဆွဲ အခုလည်း ဆွဲနဲ့ ကျွန်တော့်ရဲ့ ချပ်နေတဲ့ ဗိုက်လေးတော့ သွားပါပြီ--"
"ဒါဆို လက်ထပ်ရင်ရော--"
"လက်လည်း မထပ်ဘူး--"
"ဟား ကိုကိုရာ--"
"ကိုကို ဒီည--!"
"ကိုကိုက အထန်ပဲ--!"
"ဘာကို အထန်လဲ--?"
"မသိဘူးကွာ--!"
"မရဘူး တစ်ခါပဲ--"
"ပြီးတော့လည်း--?"
"တော်ပြီကွာ--!"
"မလှည့်ဘူးလား--!"
"ကလေး--!"
"ကလေး --!မင်း ကိုယ့်ကို--"
"ကလေး မင်းနော်---"
"အင်း---"
"အိပ်သွားပြီကိုကြီး--"
"ငယ် သောက်ကြမလား--?"
"ကောင်းတာပေါ့--"
"ငယ်--"
"အင်း ---ကိုကြီး"
"ဒါဆို သောက်ရအောင် ငယ်--"
"ဟုတ်--"
"ငယ် ရယ်--!"
ဟေဂျွန်း စိတ်မကောင်း ဖြစ်နေတဲ့ ငယ့်ကိုယ်လေးကို သူ့ရင်ခွင်ထဲ ထည့်ပြီး သိုင်းကာဖက်ထားလိုက်သည်။
"တောက်--!"
"ဗူး---ဝူး--"
"ဂရုစိုက်မနေနဲ့ ငယ် ---။ ဒါက နေရာတိုင်းပါပဲ။"
"အင်း--"
"ပြတ်ရ်ျ မပြေခဲ့သောကြိုး---"
ruby---(D.D)🍁
--------------------------------------------------------------