Transmigrated into a School I...

By EmerldH

604K 99.9K 3.1K

Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian... More

Synonysis
Chapter 1
Chapter 2
Chapter 2.5
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 23.5
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61 (Final)
Extra

Chapter 48

7.1K 1.2K 70
By EmerldH


(Zawgyi)

He Yan က သူ့ဆီ ချဉ်းကပ်လာချိန်ကစပြီး Yu Baizhou ရဲ့စိတ်ထဲ မသေချာမရေရာသည့်ခံစားချက်များ ဝင်လာသည်။ He Yan က သူ့ရဲ့နောက်ဆုံးစကားကို ပြောပြီးချိန်မှာတော့ Yu Baizhou က သူပုံမှန်ပင်မတွေးနိုင်တော့သလို ခံစားရသည်။

မီးရှူးမီးပန်းသံများ သူ့နားထဲတွင် ကြားလာရကာ သူ့နှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက်များသည် မီးရှူးမီးပန်းများကဲ့သို့ ဖောက်ပြန်သွားသည်ကို သူ ရိပ်မိစပြုလာခဲ့သည်။

မကြာသေးမီက He Yan ၏ လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရန် သေချာ ဆုံးဖြတ်ခဲ့သော်လည်း Yu Baizhou သည် သူအားနည်းလွန်းနေသည်ကို တွေ့ရှိခဲ့သည်။ စာတစ်ကြောင်းတည်းဖြင့်၊ He Yan သည် သူ့နှလုံးသားအတွင်းက တည်ငြိမ်နေသည့် ရေကန်ကို နှောင့်ယှက်နိုင်ပြီး ဆင်ခြင်တုံတရားနှင့် ဦးနှောက်ကို ရှုပ်ထွေးသွားစေနိုင်သည်။

သူ He Yan နဲ့ရှိနေတဲ့အချိန်မှာဘဲ။

ယခုအချိန်တွင် Yu Baizhou သည် He Yan အတွက် သူ၏အချစ်*ကို ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။

[T/N- တကယ်တော့ 'ကြိုက်' လို့ပြောတာပေမယ့် ဝါကျထဲမှာ ထူးဆန်းနေတာမို့ e tranက သူ့ခံစားချက်ကို နည်းနည်း အဆင့်မြှင့်ထားတာပါ။]

ပထမတော့ သူ၏ He Yan အပေါ် အနည်းငယ်စိတ်ဝင်စားခြင်းကို ယာယီထင်ယောင်ထင်မှားဖြစ်ခြင်းတစ်ခုအဖြစ်သာ ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူတို့ အတူတူ လျှောက်သွားကြတဲ့ အချိန်မှာ သူ့အပေါ် He Yan ၏စဉ်းစားပေးမှု၊ သူ့အပေါ်ထားသည့် ချစ်ခြင်းမေတ္တာများကို ခံစားခဲ့ရပြီး အခုအချိန်တွင်တော့ သူ့ နှလုံးသားကို သူရင်မဆိုင်ရဲတော့ပေ။

He Yan က သူ့ကိုကြိုက်သလို သူကလည်း He Yan ကို ကြိုက်နေကြောင်း ကောင်းကောင်းသိသည်။ ဘယ်သူက ပိုကြိုက်လဲ အတိအကျ မပြောနိုင်ပေ။ ခံစားချက်လို အရာတွေက အရေအတွက်နဲ့ တိုင်းတာလို့ မရတာကြောင့်ပင်။

သေချာပေါက် ဝန်ခံနိုင်သည့် တစ်ခုတည်းသောအချက်မှာ He Yan ၏ဘေးတွင် ရှိနေသောအခါ သူခံစားရသည့် ခံစားချက်ကို သူတကယ်သဘောကျသည်။ ထိုအကြောင်းက အမှန်ပင်။

ထိုလူ၏ခန္ဓာကိုယ်သည် သူ့ကို အချစ်ရေးတွင် ရိုမက်တစ်ဖြစ်သူ လူကြီးလူကောင်း၊ စာနာတတ်သူ စသော အညွှန်းတံဆိပ်များဖြင့် ကပ်ထားပုံရသည်။ လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်း၊ သူလုပ်သမျှအရာတိုင်းသည် အချိန်တိုင်း ဆွဲဆောင်မှုရှိနေသည်။

သူ့ကို ဘယ်လို ငြင်းနိုင်မလဲ။ ဒါမှမဟုတ် သူ့ကို ငြင်းပယ်ဖို့ အလားအလာတောင် ရှိသေးလား။

Yu Baizhou သည် သူ့အတွင်းစိတ်တွင် လွန်ဆွဲနေမှုကို မပေါ်လွင်စေရန် ဖြည်းညှင်းစွာအသက်ရှူလိုက်သည်။ “မင်းသိထားသင့်တာက… ငါ့မှာ ချို့ယွင်းချက်တွေအများကြီးရှိတယ်။ ငါ့လက်ရေးက သိပ်လှတာမဟုတ်ဘူး၊ ငါမင်းလောက်အရပ်မရှည်ဘူး၊ ငါ့ရဲ့ပညာရေးစွမ်းဆောင်ရည်ကလည်း အတော်ကြီးမဟုတ်ဘူး။ ဂိမ်းဆော့တဲ့အခါတောင် ငါကမင်းလောက်မတော်ဘူး ၊ တစ်ခါတစ်လေ ငါ့အဝတ်အစားတွေ အမြန်ဝတ်တဲ့အခါ ကြယ်သီးတွေပြီး အပေါက်လွဲ သွားတတ်တယ်။”

“မင်းနဲ့ပတ်သက်သမျှ အရာအားလုံးကို ငါကြိုက်တယ်။ မင်းရဲ့ အားသာချက်၊ အားနည်းချက်တွေအကုန်လုံးကို ငါ သဘောကျတယ်"

Yu Baizhou ၏ ရင်ဘတ်သည် နှိမ့်လိုက်ကျလိုက်ဖြင့် ခပ်ဖြည်းဖြည်း လှုပ်ရှားနေသည်။

“မင်းလက်ရေးက မလှရင်တောင် အရေးမကြီးဘူး၊ မင်းက လက်ရေးလှကျွမ်းဖို့ မလိုဘူး။ မင်းက ငါ့လောက် အရပ်မရှည်ဘူးဆိုရင်တောင် မင်းမတ်တပ်ဘဲရပ်နေလို့ရတယ်၊ ငါမင်းအတွက် ကိုင်းညွှတ်ပေးမယ်။ မင်းရဲ့ ပညာရေးစွမ်းဆောင်ရည်က ထိပ်တန်းထဲမပါရင် ငါမင်းကို ကျူရှင်သင်ပေးနိုင်တယ်။ ဂိမ်းမကစားနိုင်ရင်လည်း ငါသင်ပေးနိုင်တယ်။ ပြီးတော့ မင်း ကြယ်သီးတွေမှားတပ်ထားလည်း ရတယ်။ ငါက အဲဒါတွေကို ပြန်ဖြုတ်ပြီး မှန်သွားအောင် ပြန်ချိတ်ပေးမယ်။”

Yu Baizhou သည် ခဏတာ ဘာပြောရမှန်းမသိဖြစ်သွားရသည်။ သူ့နောက်ကျောနှင့် ယခု ပူလောင်နေတဲ့ နားရွက်တွေအပေါ် တင်းတင်းကြပ်ကြပ် သက်ရောက်နေသော နွေးထွေးမှုကိုသာ သူခံစားရသည်။

သူ့ခါးပေါ်ရှိ လက်က အနည်းငယ် ပိုတင်းကျပ်သွားသည်။ He Yan က သူ့ပါးစပ်နဲ့ နားရွက်ကို ဖိလိုက်ပြီး "ငါ မင်းကို သဘောကျတယ် အဲဒါကို မင်းသိရဲ့လား"

သူသိတယ်။ ဟုတ်ပါတယ် သူသိတယ်။

ဒါပေမယ့် သူစကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ပေ။

"ငါ မင်းကို ကြိုက်တယ်၊ အဲ့ဒါကြောင့် ငါ မင်းရဲ့အကုန်လုံးကို သည်းခံနိုင်တယ်"

Yu Baizhou က သူ့အောက်နှုတ်ခမ်းကို ခပ်ဖြည်းဖြည်း ကိုက်လိုက်သည်။

He Yan က သူ့ကို သဘောကျသည်ဟု ပဥ္စမအကြိမ် ပြောလိုက်ခြင်း။

He Yan ဝန်ခံလိုက်တိုင်း သူ့နှလုံးသားက ဧရာမရေလှိုင်းလုံးကြီးနဲ့ မျောပါသွားသလိုပင်။

Yu Baizhou က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို" He Yan က "မင်းငါ့ကိုလက်ခံလား" လို့ တိုးတိုးလေးမေးသည်။

Yu Baizhou က မဖြေ။ ထိုအစား သူက လှည့်လိုက်ပြီး မီးရှူးမီးပန်းတွေအားလုံးကို သူ့နောက်ဘက် ချန်ထားလိုက်ကာ ခြေဖျားထောက်ရင်း သူ့နှုတ်ခမ်းကို He Yan ၏ ပါးပြင်ပေါ်မှာ ကပ်လိုက်သည်။ နူးညံ့လွန်းသောအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။
“ငါ……မင်းကိုလက်ခံပါတယ်”

He Yan ရင်ထဲမှာ အချိန်အတော်ကြာအောင် မျိုသိပ်ထားရတဲ့ ခံစားချက်တွေက နောက်ဆုံးမှာ လောင်ကျွမ်းသွားသည်။ သူက ထိန်းချုပ်နိုင်မည်ဟု မူလက ထင်ခဲ့သော်လည်း သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီးစွာတွက်ဆထားသည်မှာ ထင်ရှားသည်။

Yu Baizhou နှင့်ပတ်သက်လျှင် သူ့ခံစားချက်များကို မည်သည့်အချိန်ကမှ မရပ်တန့်နိုင်ခဲ့ပေ။

He Yan သည် ထိုလူကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပြင်းထန်စွာ နမ်ချင်နေသည်ကို ထိန်းချုပ်လိုက်သည်။ ထိုအစား Yu Baizhou ၏နှုတ်ခမ်းထောင့်တွင် ပေါ့ပါးသော အနမ်းတစ်ခုကိုသာ ဖိနှိပ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက အရမ်းနူးညံ့ပြီး သူ့နှုတ်ခမ်းတွေက Yu Baizhou နဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ထိတွေ့သွားသည်။ အတိအကျပြောရလျှင် ဒါက အနမ်းတစ်ခုထက် ညင်သာသည့်အထိအတွေ့တစ်ခုပင်။

Yu Baizhou ဟာ ဆက်ဆံရေးမှာ အတွေ့အကြုံမရှိဘူးဆိုတာကို He Yan က သိခဲ့ပြီး Yu Baizhou ၏ပထမဆုံးအနမ်းက သူနှင့်ဖြစ်သည်ဆိုတာကိုလည်း သူသိခဲ့သည်။

အခုချိန်မှာ ချစ်သူတွေဖြစ်နေကြပေမယ့်လည်း သူ့ချစ်သူရဲ့ ပထမဆုံးအနမ်းကို ယခုလိုမလုံခြုံသည့် နေရာတွင် အလျင်စလို မခိုးယူချင်ပေ။

ချစ်မိသွားသော ကောင်လေးတစ်ယောက်အတွက် ပထမဆုံးအနမ်းက မည်မျှအဓိပ္ပါယ်ရှိသည်ကို သူ အသေအချာသိသည်။

သူလိုချင်တာက သူ့ချစ်ရတဲ့သူလေးကို အချိန်တန်လျှင် ချစ်ဖို့ကောင်းပြီး သက်တောင့်သက်သာဖြစ်ဖြစ်နဲ့ အကြာကြီးအနမ်းပေးဖို့ပင်။

Yu Baizhou သည် He Yan ၏ ဦးနှောက်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို သတိမမူမိသော်လည်း He Yan ၏ အောက်နှုတ်ခမ်းထောင့်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် နီမြန်းနေပြီဖြစ်သည်။

He Yan ၏မျက်နှာကို သူယခုပင် နမ်းရန် စတင်နမ်းခဲ့သော်လည်း တစ်စက္ကန့်မျှပင် မကြာဘဲ He Yan ၏ ထိုးစစ်ကြောင့် ရှုံးနိမ့်သွားရသည်။ သေချာပါသည်။ သူ့မျက်နှာ ဘယ်လောက်ထူလဲ ခန့်မှန်းသည့်နေရာတွင် သူ အသုံးမကျသေးပါ။

မီးရှူးမီးပန်းများကြောင့် ရေကန်ဘေးတွင် လူများ ပိုမိုစည်ကားနေခဲ့သည်။ Yu Baizhou နှင့် He Yan တို့သည် ရေကန်ဘေးတွင် ရပ်ကာ ညကောင်းကင်ယံတွင် အံ့သြဖွယ်ကောင်းသော မြင်ကွင်းကို ခံစားနေသည်။

မီးရှူးမီးပန်းများ ပြန်ကျလာသောအခါ၊ Yu Baizhou သည် သူ့မျက်လုံးများကို ရုပ်သိမ်းရန် တွန့်ဆုတ်နေဆဲဖြစ်သည်။

အချိန်ရောက်တော့မယ်။

He Yan က “မင်းကို အိမ်ပြန်ပို့ပေးမယ်” လို့ ပြောလာသည်။

ယနေ့တွင်၊ Yu Baizhou သည် သူ့ဘာသာသူ ထွက်လာသောကြောင့် ဦးလေး Li သည်လည်း ထိုနေရာဝန်းကျင်တွင် မရှိပေ။

ဒီအချိန်တွင် သူ့အဖေတွေက သူတို့နှစ်ယောက်တည်းဘဲရှိချိန် အိမ်တွင် ကောင်းကောင်းပျော်နေမှာသေချာသည်။ သူ အခုပြန်လိုက်လျှင် ထိုလေထုအငွေ့အသက်ကို ပျက်စီးစေမှာပင်။

Yu Baizhou သည် ယနေ့ည အိမ်ပြန်ရန် မရည်ရွယ်ထားဘဲ Fu Xia နှင့် Yu Chen တို့ကိုပင် ကြိုတင်အသိပေးထားပြီးဖြစ်သည်။

အိမ်ကို ပြန်လို့မရ၍ သူက He Yan ကို "ငါ Li Bei အိမ်ကို သွားမယ်။" ဟုပြောလိုက်သည်။

He Yan က အံ့အားသင့်သွားပြီး မေးလာသည်။
"အရမ်းနောက်ကျနေပြီ Li Bei အိမ်ကို သွားမှာလား? ဘာလို့လဲ?"

Yu Baizhou က ဘာမှ မဖုံးကွယ်ဘဲ အိမ်မပြန်ရတဲ့ အကြောင်းရင်းကို He Yan ကို ချက်ချင်းပြောပြလိုက်သည်။

Yu Baizhou  Li Bei ရဲ့ နေရာကို သွားဖို့က နောက်ဆုံးမိနစ် ဆုံးဖြတ်ချက် မဟုတ်ပေ ၊ မနေ့ညက သူ တကယ် တွေးခဲ့သည်။ ပထမဦးစွာ Li Bei ၏အိမ်သည် သူ့အနီးတွင်ရှိသောကြောင့် နောက်တစ်နေ့နံနက်စောစောတွင် သူ့အိမ်သို့ပြန်နိုင်ပြီး Tu Gaoming နှင့် Che Cong ၏အိမ်သည် သူ့ရပ်ကွက်နှင့် အလွန်ဝေးသည်။ သူက He Yan ကို တစ်ခါမှ မစဉ်းစားဖူးတာမျိုး မဟုတ်သော်လည်း ယနေ့ညမတိုင်အထိ သူနှင့် He Yan ဟာ မရေရာသည့် တက်ဆံရေးရှိနသည်။ မင်းနဲ့ မရေရာတဲ့ ဆက်ဆံရေးရှိတဲ့သူတစ်ယောက်မှာ တစ်ညနေဖို့ တောင်းဆိုတာက …….. တစ်ဖက်သူလက်မောင်းထဲ ကိုယ့်ကိုကိုယ် ပစ်ဝင်ကာ ဖက်ပေးခိုင်းထားရန် အစပြုလိုက်သလိုပင်။ ထို့ကြောင့် သင့်တော်မှုမရှိ။

Yu Baizhou သည် He Yan နှင့် ကိစ္စရပ်များကို ရှင်းလင်းပြောပြသောအခါတွင် ဖခင်ဖြစ်သူတို့ကို မနှောင့်ယှက်ချင်ဘဲ နောက်နေ့တွင် အိမ်ပြန်ရန် အဆင်ပြေမပြေဆိုသည့််အကြောင်းသာ ပြောခဲ့သည်။ သူ့မှာ နောက်ဆုံးအချက်ကို ပါးစပ်ဖြင့် ဖွင့်ဟပြောရန် ရည်ရွယ်ချက်မရှိပေ။

အကြောင်းကိစ္စကို ပြောပြဖို့လုံလောက်ပြီဖြစ်သည်။

He Yan သည် Li Bei အပေါ် Yu Baizhou ၏သဘောထားကို အလွန်ရှင်းလင်းစွာသိသော်လည်း Li Bei ၏အိမ်သို့ Yu Baizhou ၏အစီအစဉ်ကိုကြားသောအခါ He Yan သည် အနည်းငယ် တုန်လှုပ်သွားသေးသည်။

“သူ့နေရာကို မသွားနဲ့ ငါ့ဆီလာခဲ့” လို့ပြောလိုက်သည်။

Yu Baizhou အံ့အားသင့်သွားသည်။ သူအရင်က He Yan ကို မစဉ်းစားခဲ့ဘူးဆိုလျှင် သူတို့နှစ်ယောက်က မတွဲရသေးသည့်အတွက် ရှက်စရာဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်။ သို့သော်လည်း အခု သူတို့နှစ်ယောက် တွဲနေသည့်အခါ တစ်ဖက်လူအိမ်သွားရန် ပိုရှက်စရာကောင်းသွားသည်။

Yu Baizhou သည် သူ့စကားကြောင့် အနည်းငယ် စကားထစ်သွားသည်။ "မလိုပါဘူး... မလိုပါဘူး၊ ငါ ဘယ်မှသွားစရာမရှိတာလည်းမဟုတ်ဘူး"

He Yan မျက်လုံးမှိတ်ပြီး အမှန်အတိုင်းပြောရန် ရွေးချယ်လိုက်သည်။ "ကိုယ်မနာလိုဘူး။"

သူ့အသံကတော့ အလွန်နူးညံ့နေသေးသည်။

Yu Baizhou က  အေးခဲသွားပြီး "Li Bei နဲ့ ငါက Old Tu နဲ့ Che Cong တွေလို သူငယ်ချင်းတွေပဲ" လို့ အမြန်ပြောလိုက်သည်။

"ကိုယ်သိပါတယ်၊ ဒါပေမယ့် ဒီနေ့က ငါတို့ရဲ့ဆက်ဆံရေးကို အတည်ပြုတဲ့ပထမဆုံးနေ့မို့ မင်းကို ညအိပ်ဖို့ တခြားကောင်လေးရှိတဲ့ နေရာကို မပို့ချင်ဘူး။ မင်းသိလား?"

He Yan က သူ့ခံစားချက်တွေကို ထုတ်ပြောပြီးတာနဲ့ Yu Baizhou က နောက်ဆုံး နားလည်သွားသည်။ သူက ခေါင်းညိတ်ပြပြီး နာခံစွာနဲ့ဘဲပြောလိုက်သည်။ “ဒါဆို ငါ မသွားတော့ဘူး”

အနည်းငယ် ခေတ်နောက်ကျနေသော်လည်း He Yan သည် သူ့အတွင် ရှာလကာရည်သောက်ရသည်ကို သိလိုက်ရသောအခါတွင် သူ့စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်နေသေးသည်။

ပန်းခြံထဲက လမ်းလျှောက်လာရင်း လမ်းမှာ လူသွားလူလာနည်းတာကို တွေ့ခဲ့ကြသော်လည်း ပွဲတော်အငွေ့အသက်ကတော့ လုံးဝ ပျောက်ကွယ်မသွားပေ။

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် လက်နှစ်ဖက်ကို မကြာခဏ ပွတ်သပ်ရင်း ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။ သူတို့လက်တွေတွဲကြတာ့မည်ဟုတွေးကာ Yu Baizhou သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ဘာမှမဖြစ်လာဘဲ ပြီးဆုံးသွားခဲ့သည်။ သူသည် သူ့လက်ကို အနည်းငယ် ရုတ်လိုက်သောကြောင့် အချင်းချင်း မတိုက်မိတော့ပေ။ သို့သော်လည်း ယခုတွင် သူ့စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသော အရာမှာ သူ့လက်ဖြစ်ပြီး နောက်ဆုံးတွင် သူ၏ခြေလှမ်းများပင် ယိမ်းယိုင်သွားတော့သည်။

Yu Baizhou သည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သောအခါတွင် သူ့ပခုံးကို လက်ကြီးကြီးတစ်ခုက ရုတ်တရက်ဖမ်းမိသွားကာ သူ့ခန္ဓာကိုယ်ကိုလည်း ပွေ့ဖက်ထားလိုက်သည်။ နွေးထွေးသော လက်မောင်းဖြင့် ပွေ့ဖက်ထားကာ He Yan က အနည်းငယ် ငုံ့ကာ ပြုံးလိုက်သည်။ “လက်ကို အပြင်မှာ ကိုင်ထားရင် အရမ်းသိသာနေလိမ့်မယ်။ သည်းခံလိုက်ဦး၊ ငါတို့အိမ်ရောက်ရင် ကြိုက်သလောက်လက်ကိုင်လို့ရတယ်။"

Yu Baizhou မှာ အပြစ်ရှိသလိုခံစားရပေမယ့် သူ့ပါးစပ်က "ငါလက် မကိုင်ချင်ပါဘူး" လို့ အခိုင်အမာ ပြောလိုက်သည်။

He Yan တိုးညှင်းစွာရယ်မောလိုက်သည်။

တိတ်ဆိတ်သောညတွင် Yu Baizhou သည် He Yan ၏ ရယ်သံကို သူ့နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူက ပိုလို့တောင် အပြစ်ရှိသလိုခံစားရပေမယ့် သူ့ခန္ဓာကိုယ်က လုံးဝမရုန်းကန်ဘဲ ရှေ့ဆက်သွားရင်း He Yan ကို နာခံစွာ ဖက်ထားသည်။

လူနှစ်ယောက်၏နောက်ကွယ်ရှိ လူမမြင်ရသောထောင့်ကွယ်တစ်ခုတွင် တစ်စုံတစ်ယောက်သည် ကင်မရာတစ်လုံးကို မြှောက်လိုက်ပြီး ဓာတ်ပုံတစ်ပုံတွင် လူနှစ်ယောက်၏နောက်ကျောကို ဖမ်းယူလိုက်သည်။ သူတို့၏ ပါးစပ်ထောင့်စွန်းများက အန္တာယ်ရှိဟန်ဖြင့် တွန့်ကွေးနေသည်။

အဆုံးတွင်၊ Yu Baizhou သည် He Yan နှင့် မယှဉ်ပြောနိုင်ဘဲ သူ့အိမ်တွင်နေရန် ဆုံးဖြတ်ခဲ့သည်။ အရမ်းကြီးမစဉ်းစားမိအောင် သူအစွမ်းကုန်ကြိုးစားသည်။ ထို့အပြင်၊ သူသည် ယခင်က တစ်ဖက်သူအိမ်တွင် မနေခဲ့ဖူးသည်လည်းမဟုတ်ပေ။ ယခုအလည်အပတ်သွားခြင်းကို နောက်ဆုံးအကြိမ်ကကဲ့သို့ ပြုမူဆက်ဆံသရွေ့ အရာအားလုံး အဆင်ပြေသွားနိုင်သည်။

He Yan က စောင်တစ်ထည်ကို ဆိုဖာဆီသို့ သယ်လာသည်။ Yu Baizhou သည် ယခင်အကြိမ်က ဆိုဖာပေါ်တွင် အိပ်ခဲ့ရသောကြောင့် ရေချိုးပြီးနောက် အိပ်ရန်ပြင်ဆင်ကာ ဆိုဖာပေါ်သို့ တက်ခဲ့သော်လည်း သူ့ခြေထောက်က ကူရှင်ပေါ်ရောက်စဉ်တွင် ခြေဖျားထောက်ကာ သူ့တစ်ကိုယ်လုံးကို အနောက်ကနေ ပွေ့ဖက်ခံထားရသည်။

သူ့တစ်ကိုယ်လုံး တောင့်တင်းနေပြီး အများအားဖြင့် ခြေထောက်ဗလာနဲ့ လေထဲမှာ မှောက်လျက်သားဖြစ်နေသည်။ ထိတ်လန့်စွာနဲ့ သူ့နောက်ကလူကို ပြန်ကြည့်ဖို့ ကြိုးစားသည်။ "အိုး၊ မင်း ဘာလုပ်နေတာလဲ"

He Yan က သူ့ကို အိပ်ခန်းထဲက ကုတင်ပေါ် ပွေ့ဖက်ခေါ်သွားပြီး စောင်တစ်ထည်နဲ့ အုပ်ပေးကာ "မင်းဒီမှာဘဲနေ" လို့ ပြောလိုက်တယ်။

ထိတ်လန့်မှုမပြီးခင်မှာ သူ့နဖူးကို အနမ်းတစ်ခု ကျရောက်သွားသည်။

"ကောင်းကောင်းအိပ်တော့။"

He Yan က မီးတွေပိတ်ပြီး အပြင်ထွက်သွားသည်။

Yu Baizhou သည် စောင်ထဲသို့ ကျုံ့ဝင်သွားသည်။ သူ့နှလုံးသားထဲတွင် ခံစားချက်အတော်ကောင်းမွန်နေသည်။

He Yan အနီးအနားတွင်ရှိနေရသည်က သူထင်ထားသည်ထက်  ပိုလုံခြုံသည်။ ထိုခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် နှစ်သိမ့်မှုအပြည့်အဝ ပေးစွမ်းသည်။ ဤနေရာ၌ သူသည် လုံးလုံးလျားလျား ကာကွယ်ခံထားရပုံရသည်။

Yu Baizhou ၏ နှလုံးသားက အနည်းငယ် ပူပြင်းလာသည်။ သူသည် သူ့ခန္ဓာကိုယ်ကို စောင်ထဲသို့ ကျုံ့ဝင်အောင်လုပ်လိုက်ပြီး He Yan ၏ ရနံ့နှင့် ရောယှက်နေသော စောင်ကို ရှူရှိုက်ရင်း မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။

သူက ဆိုဖာပေါ်လှဲချလိုက်ပြီး Pan Yi ကို စာတိုတစ်စောင်ပို့လိုက်သည်။ "ဒီည မီးပန်းတွေအတွက် ကျေးဇူးဘဲ"

ပန်ရီ စာအမြန်ပြန်လာသည်။
“Ge အဲဒါက အရမ်းခက်ခဲလွန်းတယ်။ မန်နေဂျာကို စည်းရုံးဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရလဲ မင်းမသိဘူး၊ ဟား၊ ဒါပေမယ့် နောက်ဆုံးတော့ သူသဘောတူလိုက်တယ်။ အဟွတ် အဟွတ် ၊ ငါ စကားပြောတာ ရပ်တော့မယ် ၊ ဒီည သာယာတဲ့ ညလေး ဖြစ်ပါစေ ဟီးဟီး ”

He Yan က ပြုံးပြီး ဖုန်းကိုချလိုက်သည်။

အံ့သြစရာကောင်းတဲ့ည……

မျက်လုံးတစ်စုံက အိပ်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ အင်း၊ အဲဒါက တော်တော် အံ့သြစရာကောင်းတယ်။

ကုတင်ပေါ်ရှိက သူ့အကြောင်းတွေးနေတဲ့ သူ့လူ။

Tu Gaoming သည် ခရစ္စမတ်အကြိုနေ့ကတည်းက သူ့ဘော့စ်က အမြဲမျက်နှာနီရဲနေပြီး သူ့ပေါ်လာသည့်အချိန်တိုင်းလည်း ချိုမြိန်သော နောက်ခံ BGM ပါလာသည်ကို တွေ့ရှိခဲ့ရကာ ထိုနေ့က ဘော့စ်က သူ့ဒိတ်လုပ်ဖော်နှင့် ပိုရင်းနှီးလာသည်ဟု သံသယဝင်လာသည်။ သူမေးပြီးနောက် Yu Baizhou က ဝန်ခံခဲ့သည်။ သို့သော် သူသည် သူ့ဘော့စ်ကို မည်မျှပင် ခက်ခက်ခဲခဲ လိုက်ချောင်းစေကာ အဖြေများတောင်းစေကာမူ Yu Baizhou က သူ့အား တစ်ဖက်သူက မည်သူဖြစ်သည်ကို မပြောပြပေ။

Yu Baizhou မရှိချိန်တွင် Tu Gaoming သည် သူ့နောက်တွင် He Yan နှင့် စကားစမြည်ပြောရင်း၊ Yu Baizhou ၏ ခေါင်းစဉ်ဖြင့် ၎င်းတို့၏ စကားဝိုင်းကို အဆုံးသတ်လိုက်သောအခါ သူက He Yan ကိုမေးလိုက်သည်။ "Old He၊ ငါတို့ Boss မှာ ရည်းစားရှိတယ်ဆိုတာ မင်းသိလား?"

ဤမေးခွန်းကို မေးလိုက်သောအခါ၊ He Yan သည် မျက်နှာပေါ်တွင် သိမ်မွေ့သော အမူအရာ ပေါ်လာသည်။ “အင်း။”

Tu Gaoming က အနားကို တိုးလိုက်သည်။ "ဒါဆို အဲ့ဒီလူက ဘယ်သူလဲ သိလား"

He Yan ဖြေဆိုခွင့်မရခင်မှာပဲ Che Cong က သူ့ဖုန်းကို ကိုင်ထားရင်း သူတို့နှစ်ယောက်ဆီ အမြန်ပြေးလာသည်။ "ဟေ့ကောင်၊ ဒီဟာကိုကြည့်!"

နှစ်ယောက်သား အော်သံကြားသဖြင့် လှမ်းကြည့်ကြသည်။ Che Cong သည် သူ၏စခရင်ပေါ်ရှိ ပို့စ်ကို အောက်သို့ဆွဲချကာ လူအချို့၏ နောက်ကျောရိုက်ချက်အချို့ ဘေးတိုက်ရိုက်ချက်များနှင့် ဓာတ်ပုံရှိအကြောင်းအရာများကို တွေ့ရသည်။ ...

He Yan က မျက်မှောင်ကြုတ်လိုက်သည်။

သူနှင့် Yu Baizhou တို့ဖြစ်သည်။

Yu Baizhou သည် ရေချိုးခန်းမှ ပြန်လာသောအခါ စင်္ကြံရှိလူတိုင်းက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက အလွန်အမင်းအံ့သြကြောင်အသွားသည့်တိုင်အောင် စိုက်ကြည့်နေကြကာ သူလည်း စာသင်ခန်းဆီသို့ ပြန်လာခဲ့သည်။

ကျောင်းဖိုရမ်တွင် တင်ထားသော သူနှင့် He Yan ၏ ဓာတ်ပုံကို Che Cong ၏ ဖုန်းကို ငုံ့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ "WTH?!"

ပို့စ်အောက်မှာတော့ သူနဲ့ He Yan က စုံတွဲတွေများဖြစ်ကြောင်း မှတ်ချက်တွေ ရခဲ့သည်။







(Zawgyi)

He Yan က သူ႔ဆီ ခ်ဥ္းကပ္လာခ်ိန္ကစၿပီး Yu Baizhou ရဲ႕စိတ္ထဲ မေသခ်ာမေ႐ရာသည့္ခံစားခ်က္မ်ား ဝင္လာသည္။ He Yan က သူ႔ရဲ့ေနာက္ဆုံးစကားကို ေျပာၿပီးခ်ိန္မွာေတာ့ Yu Baizhou က သူပုံမွန္ပင္မေတြးနိုင္ေတာ့သလို ခံစားရသည္။

မီးရႉးမီးပန္းသံမ်ား သူ႔နားထဲတြင္ ႀကားလာရကာ သူ႔ႏွလုံးသားထဲတြင္ ျပင္းထန္ေသာ ခံစားခ်က္မ်ားသည္ မီးရႉးမီးပန္းမ်ားကဲ့သို႔ ေဖာက္ျပန္သြားသည္ကို သူ ရိပ္မိစျပဳလာခဲ႔သည္။

မၾကာေသးမီက He Yan ၏ လုပ္ရပ္ေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ရန္ ေသခ်ာ ဆုံးျဖတ္ခဲ့ေသာ္လည္း Yu Baizhou သည္ သူအားနည္းလြန္းေနသည္ကို ေတြ႕ရွိခဲ့သည္။ စာတစ္ေၾကာင္းတည္းျဖင့္၊ He Yan သည္ သူ႔ႏွလုံးသားအတြင္းက တည္ျငိမ္ေနသည့္ ေရကန္ကို ေႏွာင့္ယွက္နိုင္ၿပီး ဆင္ျခင္တုံတရားႏွင့္ ဦးေႏွာက္ကို ရႈပ္ေထြးသြားေစနိုင္သည္။

သူ He Yan နဲ႔ရွိေနတဲ႔အခ်ိန္မွာဘဲ။

ယခုအခ်ိန္တြင္ Yu Baizhou သည္ He Yan အတြက္ သူ၏အခ်စ္*ကို ဖုံးကြယ္ထားနိုင္ေတာ့မည္မဟုတ္ေပ။

[T/N- တကယ္ေတာ့ 'ႀကိဳက္' လို႔ေျပာတာေပမယ့္ ဝါက်ထဲမွာ ထူးဆန္းေနတာမို႔ e tranက သူ႔ခံစားခ်က္ကို နည္းနည္း အဆင့္ျမႇင့္ထားတာပါ။]

ပထမေတာ့ သူ၏ He Yan အေပၚ အနည္းငယ္စိတ္ဝင္စားျခင္းကို ယာယီထင္ေယာင္ထင္မွားျဖစ္ျခင္းတစ္ခုအျဖစ္သာ ထင္မွတ္ခဲ့သည္။ သို႔ေသာ္လည္း သူတို႔ အတူတူ ေလ်ွာက္သြားႀကတဲ့ အခ်ိန္မွာ သူ႔အေပၚ He Yan ၏စဥ္းစားေပးမႈ၊ သူ႔အေပၚထားသည့္ ခ်စ္ျခင္းေမတၱာမ်ားကို ခံစားခဲ့ရၿပီး အခုအခ်ိန္တြင္ေတာ့ သူ႔ ႏွလုံးသားကို သူရင္မဆိုင္ရဲေတာ့ေပ။

He Yan က သူ႔ကိုႀကိဳက္သလို သူကလည္း He Yan ကို ႀကိဳက္ေနေႀကာင္း ေကာင္းေကာင္းသိသည္။ ဘယ္သူက ပိုႀကိဳက္လဲ အတိအက် မေျပာနိုင္ေပ။ ခံစားခ်က္လို အရာေတြက အေရအတြက္နဲ႔ တိုင္းတာလို႔ မရတာေႀကာင့္ပင္။

ေသခ်ာေပါက္ ဝန္ခံနိုင္သည့္ တစ္ခုတည္းေသာအခ်က္မွာ He Yan ၏ေဘးတြင္ ရွိေနေသာအခါ သူခံစားရသည့္ ခံစားခ်က္ကို သူတကယ္သေဘာက်သည္။ ထိုအေႀကာင္းက အမွန္ပင္။

ထိုလူ၏ခႏၶာကိုယ္သည္ သူ႔ကို အခ်စ္ေရးတြင္ ရိုမက္တစ္ျဖစ္သူ လူႀကီးလူေကာင္း၊ စာနာတတ္သူ စေသာ အညႊန္းတံဆိပ္မ်ားျဖင့္ ကပ္ထားပုံရသည္။ လႈပ္ရွားမႈတိုင္း၊ အမူအရာတိုင္း၊ သူလုပ္သမၽွအရာတိုင္းသည္ အခ်ိန္တိုင္း ဆြဲေဆာင္မႈရွိေနသည္။

သူ႔ကို ဘယ္လို ျငင္းနိုင္မလဲ။ ဒါမွမဟုတ္ သူ႔ကို ျငင္းပယ္ဖို႔ အလားအလာေတာင္ ရွိေသးလား။

Yu Baizhou သည္ သူ႔အတြင္းစိတ္တြင္ လြန္ဆြဲေနမႈကို မေပၚလြင္ေစရန္ ျဖည္းညႇင္းစြာအသက္ရႉလိုက္သည္။ “မင္းသိထားသင့္တာက… ငါ့မွာ ခ်ိဳ႕ယြင္းခ်က္ေတြအမ်ားႀကီးရွိတယ္။ ငါ့လက္ေရးက သိပ္လွတာမဟုတ္ဘူး၊ ငါမင္းေလာက္အရပ္မရွည္ဘူး၊ ငါ့ရဲ့ပညာေရးစြမ္းေဆာင္ရည္ကလည္း အေတာ္ႀကီးမဟုတ္ဘူး။ ဂိမ္းေဆာ့တဲ့အခါေတာင္ ငါကမင္းေလာက္မေတာ္ဘူး ၊ တစ္ခါတစ္ေလ ငါ့အဝတ္အစားေတြ အျမန္ဝတ္တဲ့အခါ ႀကယ္သီးေတြၿပီး အေပါက္လြဲ သြားတတ္တယ္။”

“မင္းနဲ႔ပတ္သက္သမ်ွ အရာအားလုံးကို ငါႀကိဳက္တယ္။ မင္းရဲ့ အားသာခ်က္၊ အားနည္းခ်က္ေတြအကုန္လံုးကို ငါ သေဘာက်တယ္"

Yu Baizhou ၏ ရင္ဘတ္သည္ ႏွိမ့္လိုက္က်လိုက္ျဖင့္ ခပ္ျဖည္းျဖည္း လႈပ္ရွားေနသည္။

“မင္းလက္ေရးက မလွရင္ေတာင္ အေရးမႀကီးဘူး၊ မင္းက လက္ေရးလွက်ြမ္းဖို႔ မလိုဘူး။ မင္းက ငါ့ေလာက္ အရပ္မရွည္ဘူးဆိုရင္ေတာင္ မင္းမတ္တပ္ဘဲရပ္ေနလို႔ရတယ္၊ ငါမင္းအတြက္ ကိုင္းညႊတ္ေပးမယ္။ မင္းရဲ႕ ပညာေရးစြမ္းေဆာင္ရည္က ထိပ္တန္းထဲမပါရင္ ငါမင္းကို က်ဴရွင္သင္ေပးနိုင္တယ္။ ဂိမ္းမကစားနိုင္ရင္လည္း ငါသင္ေပးနိုင္တယ္။ ၿပီးေတာ့ မင္း ႀကယ္သီးေတြမွားတပ္ထားလည္း ရတယ္။ ငါက အဲဒါေတြကို ျပန္ျဖဳတ္ၿပီး မွန္သြားေအာင္ ျပန္ခ်ိတ္ေပးမယ္။”

Yu Baizhou သည္ ခဏတာ ဘာေျပာရမွန္းမသိျဖစ္သြားရသည္။ သူ႔ေနာက္ေက်ာႏွင့္ ယခု ပူေလာင္ေနတဲ့ နားရြက္ေတြအေပၚ တင္းတင္းၾကပ္ၾကပ္ သက္ေရာက္ေနေသာ ေႏြးေထြးမႈကိုသာ သူခံစားရသည္။

သူ႔ခါးေပၚရွိ လက္က အနည္းငယ္ ပိုတင္းက်ပ္သြားသည္။ He Yan က သူ႔ပါးစပ္နဲ႔ နားရြက္ကို ဖိလိုက္ၿပီး "ငါ မင္းကို သေဘာက်တယ္ အဲဒါကို မင္းသိရဲ႕လား"

သူသိတယ္။ ဟုတ္ပါတယ္ သူသိတယ္။

ဒါေပမယ့္ သူစကားတစ္ခြန္းေတာင္ မေျပာနိုင္ခဲ႔ေပ။

"ငါ မင္းကို ႀကိဳက္တယ္၊ အဲ႔ဒါေႀကာင့္ ငါ မင္းရဲ႕အကုန္လံုးကို သည္းခံနိုင္တယ္"

Yu Baizhou က သူ႔ေအာက္ႏႈတ္ခမ္းကို ခပ္ျဖည္းျဖည္း ကိုက္လိုက္သည္။

He Yan က သူ႔ကို သေဘာက်သည္ဟု ပဥၥမအႀကိမ္ ေျပာလိုက္ျခင္း။

He Yan ဝန္ခံလိုက္တိုင္း သူ႔ႏွလုံးသားက ဧရာမေရလွိုင္းလုံးႀကီးနဲ႔ ေမ်ာပါသြားသလိုပင္။

Yu Baizhou က ျဖည္းညွင္းစြာ ေခါင္းညိတ္လိုက္သည္။

"ဒါဆို" He Yan က "မင္းငါ့ကိုလက္ခံလား" လို႔ တိုးတိုးေလးေမးသည္။

Yu Baizhou က မေျဖ။ ထိုအစား သူက လွည့္လိုက္ၿပီး မီးရႉးမီးပန္းေတြအားလုံးကို သူ႔ေနာက္ဘက္ ခ်န္ထားလိုက္ကာ ေျခဖ်ားေထာက္ရင္း သူ႔ႏႈတ္ခမ္းကို He Yan ၏ ပါးျပင္ေပၚမွာ ကပ္လိုက္သည္။ ႏူးညံ့လြန္းေသာအသံျဖင့္ တိုးတိုးေလးေျပာလိုက္သည္။
“ငါ……မင္းကိုလက္ခံပါတယ္”

He Yan ရင္ထဲမွာ အခ်ိန္အေတာ္ၾကာေအာင္ မ်ိဳသိပ္ထားရတဲ့ ခံစားခ်က္ေတြက ေနာက္ဆုံးမွာ ေလာင္ကၽြမ္းသြားသည္။ သူက ထိန္းခ်ဳပ္နိုင္မည္ဟု မူလက ထင္ခဲ့ေသာ္လည္း သူ႔ကိုယ္သူ အလြန္အမင္း အထင္ႀကီးစြာတြက္ဆထားသည္မွာ ထင္ရွားသည္။

Yu Baizhou ႏွင့္ပတ္သက္လ်ွင္ သူ႔ခံစားခ်က္မ်ားကို မည္သည့္အခ်ိန္ကမွ မရပ္တန္႔ႏိုင္ခဲ႔ေပ။

He Yan သည္ ထိုလူကို သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းကာ ျပင္းထန္စြာ နမ္ခ်င္ေနသည္ကို ထိန္းခ်ဳပ္လိုက္သည္။ ထိုအစား Yu Baizhou ၏ႏႈတ္ခမ္းေထာင့္တြင္ ေပါ့ပါးေသာ အနမ္းတစ္ခုကိုသာ ဖိႏွိပ္လိုက္သည္။ သူ႔လႈပ္ရွားမႈေတြက အရမ္းႏူးညံ့ၿပီး သူ႔ႏႈတ္ခမ္းေတြက Yu Baizhou နဲ႔ ဆယ္ပုံတစ္ပုံေလာက္ပဲ ထိေတြ႕သြားသည္။ အတိအက်ေျပာရလ်ွင္ ဒါက အနမ္းတစ္ခုထက္ ညင္သာသည့္အထိအေတြ႔တစ္ခုပင္။

Yu Baizhou ဟာ ဆက္ဆံေရးမွာ အေတြ႕အၾကဳံမရွိဘူးဆိုတာကို He Yan က သိခဲ့ၿပီး Yu Baizhou ၏ပထမဆုံးအနမ္းက သူႏွင့္ျဖစ္သည္ဆိုတာကိုလည္း သူသိခဲ့သည္။

အခုခ်ိန္မွာ ခ်စ္သူေတြျဖစ္ေနၾကေပမယ့္လည္း သူ႔ခ်စ္သူရဲ႕ ပထမဆုံးအနမ္းကို ယခုလိုမလုံျခဳံသည့္ ေနရာတြင္ အလ်င္စလို မခိုးယူခ်င္ေပ။

ခ်စ္မိသြားေသာ ေကာင္ေလးတစ္ေယာက္အတြက္ ပထမဆုံးအနမ္းက မည္မ်ွအဓိပၸါယ္ရွိသည္ကို သူ အေသအခ်ာသိသည္။

သူလိုခ်င္တာက သူ႔ခ်စ္ရတဲ့သူေလးကို အခ်ိန္တန္လ်ွင္ ခ်စ္ဖို႔ေကာင္းၿပီး သက္ေတာင့္သက္သာျဖစ္ျဖစ္နဲ႔ အၾကာႀကီးအနမ္းေပးဖို႔ပင္။

Yu Baizhou သည္ He Yan ၏ ဦးေႏွာက္ထဲရွိ ရႈပ္ေထြးေနေသာ အေတြးမ်ားကို သတိမမူမိေသာ္လည္း He Yan ၏ ေအာက္ႏႈတ္ခမ္းေထာင့္ကို တစ္ခ်က္စိုက္ၾကည့္ၿပီးေနာက္ နီျမန္းေနၿပီျဖစ္သည္။

He Yan ၏မ်က္ႏွာကို သူယခုပင္ နမ္းရန္ စတင္နမ္းခဲ႔ေသာ္လည္း တစ္စကၠန႔္မၽွပင္ မၾကာဘဲ He Yan ၏ ထိုးစစ္ေၾကာင့္ ရွံဳးနိမ့္သြားရသည္။ ေသခ်ာပါသည္။ သူ႔မ်က္ႏွာ ဘယ္ေလာက္ထူလဲ ခန႔္မွန္းသည့္ေနရာတြင္ သူ အသုံးမက်ေသးပါ။

မီးရႉးမီးပန္းမ်ားေၾကာင့္ ေရကန္ေဘးတြင္ လူမ်ား ပိုမိုစည္ကားေနခဲ့သည္။ Yu Baizhou ႏွင့္ He Yan တို႔သည္ ေရကန္ေဘးတြင္ ရပ္ကာ ညေကာင္းကင္ယံတြင္ အံ့ၾသဖြယ္ေကာင္းေသာ ျမင္ကြင္းကို ခံစားေနသည္။

မီးရႉးမီးပန္းမ်ား ျပန္က်လာေသာအခါ၊ Yu Baizhou သည္ သူ႔မ်က္လုံးမ်ားကို ႐ုပ္သိမ္းရန္ တြန႔္ဆုတ္ေနဆဲျဖစ္သည္။

အခ်ိန္ေရာက္ေတာ့မယ္။

He Yan က “မင္းကို အိမ္ျပန္ပို႔ေပးမယ္” လို႔ ေျပာလာသည္။

ယေန႔တြင္၊ Yu Baizhou သည္ သူ႔ဘာသာသူ ထြက္လာေသာေၾကာင့္ ဦးေလး Li သည္လည္း ထိုေနရာဝန္းက်င္တြင္ မရွိေပ။

ဒီအခ်ိန္တြင္ သူ႔အေဖေတြက သူတို႔ႏွစ္ေယာက္တည္းဘဲရွိခ်ိန္ အိမ္တြင္ ေကာင္းေကာင္းေပ်ာ္ေနမွာေသခ်ာသည္။ သူ အခုျပန္လိုက္လ်ွင္ ထိုေလထုအေငြ႔အသက္ကို ပ်က္စီးေစမွာပင္။

Yu Baizhou သည္ ယေန႔ည အိမ္ျပန္ရန္ မရည္ရြယ္ထားဘဲ Fu Xia ႏွင့္ Yu Chen တို႔ကိုပင္ ႀကိဳတင္အသိေပးထားၿပီးျဖစ္သည္။

အိမ္ကို ျပန္လို႔မရ၍ သူက He Yan ကို "ငါ Li Bei အိမ္ကို သြားမယ္။" ဟုေျပာလိုက္သည္။

He Yan က အံ့အားသင့္သြားၿပီး ေမးလာသည္။
"အရမ္းေနာက္က်ေနၿပီ Li Bei အိမ္ကို သြားမွာလား? ဘာလို႔လဲ?"

Yu Baizhou က ဘာမွ မဖုံးကြယ္ဘဲ အိမ္မျပန္ရတဲ့ အေၾကာင္းရင္းကို He Yan ကို ခ်က္ခ်င္းေျပာျပလိုက္သည္။

Yu Baizhou  Li Bei ရဲ့ ေနရာကို သြားဖို႔က ေနာက္ဆုံးမိနစ္ ဆုံးျဖတ္ခ်က္ မဟုတ္ေပ ၊ မေန႔ညက သူ တကယ္ ေတြးခဲ့သည္။ ပထမဦးစြာ Li Bei ၏အိမ္သည္ သူ႔အနီးတြင္ရွိေသာေၾကာင့္ ေနာက္တစ္ေန႔နံနက္ေစာေစာတြင္ သူ႔အိမ္သို႔ျပန္နိုင္ျပီး Tu Gaoming ႏွင့္ Che Cong ၏အိမ္သည္ သူ႔ရပ္ကြက္ႏွင့္ အလြန္ေဝးသည္။ သူက He Yan ကို တစ္ခါမွ မစဥ္းစားဖူးတာမ်ိဳး မဟုတ္ေသာ္လည္း ယေန႔ညမတိုင္အထိ သူႏွင့္ He Yan ဟာ မေရရာသည့္ တက္ဆံေရးရွိနသည္။ မင္းနဲ႔ မေရရာတဲ့ ဆက္ဆံေရးရွိတဲ့သူတစ္ေယာက္မွာ တစ္ညေနဖို႔ ေတာင္းဆိုတာက …….. တစ္ဖက္သူလက္ေမာင္းထဲ ကိုယ့္ကိုကိုယ္ ပစ္ဝင္ကာ ဖက္ေပးခိုင္းထားရန္ အစျပဳလိုက္သလိုပင္။ ထို႔ေၾကာင့္ သင့္ေတာ္မႈမရွိ။

Yu Baizhou သည္ He Yan ႏွင့္ ကိစၥရပ္မ်ားကို ရွင္းလင္းေျပာျပေသာအခါတြင္ ဖခင္ျဖစ္သူတို႔ကို မေႏွာင့္ယွက္ခ်င္ဘဲ ေနာက္ေန႔တြင္ အိမ္ျပန္ရန္ အဆင္ေျပမေျပဆိုသည့္္အေၾကာင္းသာ ေျပာခဲ့သည္။ သူ႔မွာ ေနာက္ဆုံးအခ်က္ကို ပါးစပ္ျဖင့္ ဖြင့္ဟေျပာရန္ ရည္ရြယ္ခ်က္မရွိေပ။

အေႀကာင္းကိစၥကို ေျပာျပဖို႔လုံေလာက္ျပီျဖစ္သည္။

He Yan သည္ Li Bei အေပၚ Yu Baizhou ၏သေဘာထားကို အလြန္ရွင္းလင္းစြာသိေသာ္လည္း Li Bei ၏အိမ္သို႔ Yu Baizhou ၏အစီအစဥ္ကိုၾကားေသာအခါ He Yan သည္ အနည္းငယ္ တုန္လႈပ္သြားေသးသည္။

“သူ႔ေနရာကို မသြားနဲ႔ ငါ့ဆီလာခဲ့” လို႔ေျပာလိုက္သည္။

Yu Baizhou အံ့အားသင့္သြားသည္။ သူအရင္က He Yan ကို မစဥ္းစားခဲ့ဘူးဆိုလ်ွင္ သူတို႔ႏွစ္ေယာက္က မတြဲရေသးသည့္အတြက္ ရွက္စရာျဖစ္လိမ့္မည္ ျဖစ္ေသာေႀကာင့္ပင္။ သို႔ေသာ္လည္း အခု သူတို႔ႏွစ္ေယာက္ တြဲေနသည့္အခါ တစ္ဖက္လူအိမ္သြားရန္ ပိုရွက္စရာေကာင္းသြားသည္။

Yu Baizhou သည္ သူ႔စကားေၾကာင့္ အနည္းငယ္ စကားထစ္သြားသည္။ "မလိုပါဘူး... မလိုပါဘူး၊ ငါ ဘယ္မွသြားစရာမရွိတာလည္းမဟုတ္ဘူး"

He Yan မ်က္လုံးမွိတ္ၿပီး အမွန္အတိုင္းေျပာရန္ ေရြးခ်ယ္လိုက္သည္။ "ကိုယ္မနာလိုဘူး။"

သူ႔အသံကေတာ့ အလြန္ႏူးညံ့ေနေသးသည္။

Yu Baizhou က  ေအးခဲသြားျပီး "Li Bei နဲ႔ ငါက Old Tu နဲ႔ Che Cong ေတြလို သူငယ္ခ်င္းေတြပဲ" လို႔ အျမန္ေျပာလိုက္သည္။

"ကိုယ္သိပါတယ္၊ ဒါေပမယ့္ ဒီေန႔က ငါတို႔ရဲ့ဆက္ဆံေရးကို အတည္ျပဳတဲ့ပထမဆံုးေန႔မို႔ မင္းကို ညအိပ္ဖို႔ တျခားေကာင္ေလးရွိတဲ႔ ေနရာကို မပို႔ခ်င္ဘူး။ မင္းသိလား?"

He Yan က သူ႔ခံစားခ်က္ေတြကို ထုတ္ေျပာၿပီးတာနဲ႔ Yu Baizhou က ေနာက္ဆုံး နားလည္သြားသည္။ သူက ေခါင္းညိတ္ျပၿပီး နာခံစြာနဲ႔ဘဲေျပာလိုက္သည္။ “ဒါဆို ငါ မသြားေတာ့ဘူး”

အနည္းငယ္ ေခတ္ေနာက္က်ေနေသာ္လည္း He Yan သည္ သူ႔အတြင္ ရွာလကာရည္ေသာက္ရသည္ကို သိလိုက္ရေသာအခါတြင္ သူ႔စိတ္ထဲတြင္ အနည္းငယ္ ေပ်ာ္ရႊင္ေနေသးသည္။

ပန္းၿခံထဲက လမ္းေလၽွာက္လာရင္း လမ္းမွာ လူသြားလူလာနည္းတာကို ေတြ႕ခဲ့ၾကေသာ္လည္း ပြဲေတာ္အေငြ႕အသက္ကေတာ့ လုံးဝ ေပ်ာက္ကြယ္မသြားေပ။

ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ လက္ႏွစ္ဖက္ကို မၾကာခဏ ပြတ္သပ္ရင္း ေဘးခ်င္းကပ္လ်က္ ေလၽွာက္သြားၾကသည္။ သူတို႔လက္ေတြတြဲႀကတာ့မည္ဟုေတြးကာ Yu Baizhou သည္ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ေသာ္လည္း ဘာမွမျဖစ္လာဘဲ ၿပီးဆုံးသြားခဲ့သည္။ သူသည္ သူ႔လက္ကို အနည္းငယ္ ႐ုတ္လိုက္ေသာေႀကာင့္ အခ်င္းခ်င္း မတိုက္မိေတာ့ေပ။ သို႔ေသာ္လည္း ယခုတြင္ သူ႔စိတ္ထဲတြင္ရွိသည့္ တစ္ခုတည္းေသာ အရာမွာ သူ႔လက္ျဖစ္ၿပီး ေနာက္ဆုံးတြင္ သူ၏ေျခလွမ္းမ်ားပင္ ယိမ္းယိုင္သြားေတာ့သည္။

Yu Baizhou သည္ ေျခလွမ္းအနည္းငယ္လွမ္းလိုက္ေသာအခါတြင္ သူ႔ပခုံးကို လက္ႀကီးႀကီးတစ္ခုက ႐ုတ္တရက္ဖမ္းမိသြားကာ သူ႔ခႏၶာကိုယ္ကိုလည္း ေပြ႕ဖက္ထားလိုက္သည္။ ေႏြးေထြးေသာ လက္ေမာင္းျဖင့္ ေပြ႕ဖက္ထားကာ He Yan က အနည္းငယ္ ငုံ႔ကာ ျပဳံးလိုက္သည္။ “လက္ကို အျပင္မွာ ကိုင္ထားရင္ အရမ္းသိသာေနလိမ့္မယ္။ သည္းခံလိုက္ဦး၊ ငါတို႔အိမ္ေရာက္ရင္ ႀကိဳက္သေလာက္လက္ကိုင္လို႔ရတယ္။"

Yu Baizhou မွာ အျပစ္ရွိသလိုခံစားရေပမယ့္ သူ႔ပါးစပ္က "ငါလက္ မကိုင္ခ်င္ပါဘူး" လို႔ အခိုင္အမာ ေျပာလိုက္သည္။

He Yan တိုးညႇင္းစြာရယ္ေမာလိုက္သည္။

တိတ္ဆိတ္ေသာညတြင္ Yu Baizhou သည္ He Yan ၏ ရယ္သံကို သူ႔နားထဲတြင္ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။ သူက ပိုလို႔ေတာင္ အျပစ္ရွိသလိုခံစားရေပမယ့္ သူ႔ခႏၶာကိုယ္က လုံးဝမ႐ုန္းကန္ဘဲ ေရွ႕ဆက္သြားရင္း He Yan ကို နာခံစြာ ဖက္ထားသည္။

လူႏွစ္ေယာက္၏ေနာက္ကြယ္ရွိ လူမျမင္ရေသာေထာင့္ကြယ္တစ္ခုတြင္ တစ္စုံတစ္ေယာက္သည္ ကင္မရာတစ္လုံးကို ေျမႇာက္လိုက္ၿပီး ဓာတ္ပုံတစ္ပုံတြင္ လူႏွစ္ေယာက္၏ေနာက္ေက်ာကို ဖမ္းယူလိုက္သည္။ သူတို႔၏ ပါးစပ္ေထာင့္စြန္းမ်ားက အႏၱာယ္ရွိဟန္ျဖင့္ တြန္႔ေကြးေနသည္။

အဆုံးတြင္၊ Yu Baizhou သည္ He Yan ႏွင့္ မယွဥ္ေျပာနိုင္ဘဲ သူ႔အိမ္တြင္ေနရန္ ဆုံးျဖတ္ခဲ့သည္။ အရမ္းႀကီးမစဥ္းစားမိေအာင္ သူအစြမ္းကုန္ႀကိဳးစားသည္။ ထို႔အျပင္၊ သူသည္ ယခင္က တစ္ဖက္သူအိမ္တြင္ မေနခဲ့ဖူးသည္လည္းမဟုတ္ေပ။ ယခုအလည္အပတ္သြားျခင္းကို ေနာက္ဆုံးအႀကိမ္ကကဲ႔သို႔ ျပဳမူဆက္ဆံသေရြ႕ အရာအားလုံး အဆင္ေျပသြားႏိုင္သည္။

He Yan က ေစာင္တစ္ထည္ကို ဆိုဖာဆီသို႔ သယ္လာသည္။ Yu Baizhou သည္ ယခင္အႀကိမ္က ဆိုဖာေပၚတြင္ အိပ္ခဲ႔ရေသာေၾကာင့္ ေရခ်ိဳးၿပီးေနာက္ အိပ္ရန္ျပင္ဆင္ကာ ဆိုဖာေပၚသို႔ တက္ခဲ့ေသာ္လည္း သူ႔ေျခေထာက္က ကူရွင္ေပၚေရာက္စဥ္တြင္ ေျခဖ်ားေထာက္ကာ သူ႔တစ္ကိုယ္လုံးကို အေနာက္ကေန ေပြ႕ဖက္ခံထားရသည္။

သူ႔တစ္ကိုယ္လုံး ေတာင့္တင္းေနၿပီး အမ်ားအားျဖင့္ ေျခေထာက္ဗလာနဲ႔ ေလထဲမွာ ေမွာက္လ်က္သားျဖစ္ေနသည္။ ထိတ္လန႔္စြာနဲ႔ သူ႔ေနာက္ကလူကို ျပန္ၾကည့္ဖို႔ ႀကိဳးစားသည္။ "အိုး၊ မင္း ဘာလုပ္ေနတာလဲ"

He Yan က သူ႔ကို အိပ္ခန္းထဲက ကုတင္ေပၚ ေပြ႕ဖက္ေခၚသြားၿပီး ေစာင္တစ္ထည္နဲ႔ အုပ္ေပးကာ "မင္းဒီမွာဘဲေန" လို႔ ေျပာလိုက္တယ္။

ထိတ္လန႔္မႈမၿပီးခင္မွာ သူ႔နဖူးကို အနမ္းတစ္ခု က်ေရာက္သြားသည္။

"ေကာင္းေကာင္းအိပ္ေတာ့။"

He Yan က မီးေတြပိတ္ၿပီး အျပင္ထြက္သြားသည္။

Yu Baizhou သည္ ေစာင္ထဲသို႔ က်ဳံ႕ဝင္သြားသည္။ သူ႔ႏွလံုးသားထဲတြင္ ခံစားခ်က္အေတာ္ေကာင္းမြန္ေနသည္။

He Yan အနီးအနားတြင္ရွိေနရသည္က သူထင္ထားသည္ထက္  ပိုလုံျခဳံသည္။ ထိုခံစားခ်က္က သူ႔တစ္ကိုယ္လုံးကို လႊမ္းျခဳံထားသည့္ ႏွစ္သိမ့္မႈအျပည့္အဝ ေပးစြမ္းသည္။ ဤေနရာ၌ သူသည္ လုံးလုံးလ်ားလ်ား ကာကြယ္ခံထားရပုံရသည္။

Yu Baizhou ၏ ႏွလုံးသားက အနည္းငယ္ ပူျပင္းလာသည္။ သူသည္ သူ႔ခႏၶာကိုယ္ကို ေစာင္ထဲသို႔ က်ံဳ႕ဝင္ေအာင္လုပ္လိုက္ျပီး He Yan ၏ ရနံ႔ႏွင့္ ေရာယွက္ေနေသာ ေစာင္ကို ရႉရွိုက္ရင္း မ်က္လုံးမွိတ္ကာ အိပ္ေပ်ာ္သြားသည္။

သူက ဆိုဖာေပၚလွဲခ်လိုက္ၿပီး Pan Yi ကို စာတိုတစ္ေစာင္ပို႔လိုက္သည္။ "ဒီည မီးပန္းေတြအတြက္ ေက်းဇူးဘဲ"

ပန္ရီ စာအျမန္ျပန္လာသည္။
“Ge အဲဒါက အရမ္းခက္ခဲလြန္းတယ္။ မန္ေနဂ်ာကို စည္း႐ုံးဖို႔ ငါဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ မင္းမသိဘူး၊ ဟား၊ ဒါေပမယ့္ ေနာက္ဆုံးေတာ့ သူသေဘာတူလိုက္တယ္။ အဟြတ္ အဟြတ္ ၊ ငါ စကားေျပာတာ ရပ္ေတာ့မယ္ ၊ ဒီည သာယာတဲ့ ညေလး ျဖစ္ပါေစ ဟီးဟီး ”

He Yan က ျပဳံးၿပီး ဖုန္းကိုခ်လိုက္သည္။

အံ့ၾသစရာေကာင္းတဲ့ည……

မ်က္လုံးတစ္စုံက အိပ္ခန္းဆီသို႔ လွမ္းၾကည့္လိုက္သည္။ အင္း၊ အဲဒါက ေတာ္ေတာ္ အံ့ၾသစရာေကာင္းတယ္။

ကုတင္ေပၚရွိက သူ႔အေၾကာင္းေတြးေနတဲ႔ သူ႔လူ။

Tu Gaoming သည္ ခရစၥမတ္အႀကိဳေန႔ကတည္းက သူ႔ေဘာ့စ္က အျမဲမ်က္ႏွာနီရဲေနၿပီး သူ႔ေပၚလာသည့္အခ်ိန္တိုင္းလည္း ခ်ိဳၿမိန္ေသာ ေနာက္ခံ BGM ပါလာသည္ကို ေတြ႕ရွိခဲ႔ရကာ ထိုေန႔က ေဘာ့စ္က သူ႔ဒိတ္လုပ္ေဖာ္ႏွင့္ ပိုရင္းႏွီးလာသည္ဟု သံသယဝင္လာသည္။ သူေမးၿပီးေနာက္ Yu Baizhou က ဝန္ခံခဲ့သည္။ သို႔ေသာ္ သူသည္ သူ႔ေဘာ့စ္ကို မည္မၽွပင္ ခက္ခက္ခဲခဲ လိုက္ေခ်ာင္းေစကာ အေျဖမ်ားေတာင္းေစကာမူ Yu Baizhou က သူ႔အား တစ္ဖက္သူက မည္သူျဖစ္သည္ကို မေျပာျပေပ။

Yu Baizhou မရွိခ်ိန္တြင္ Tu Gaoming သည္ သူ႔ေနာက္တြင္ He Yan ႏွင့္ စကားစျမည္ေျပာရင္း၊ Yu Baizhou ၏ ေခါင္းစဥ္ျဖင့္ ၎တို႔၏ စကားဝိုင္းကို အဆုံးသတ္လိုက္ေသာအခါ သူက He Yan ကိုေမးလိုက္သည္။ "Old He၊ ငါတို႔ Boss မွာ ရည္းစားရွိတယ္ဆိုတာ မင္းသိလား?"

ဤေမးခြန္းကို ေမးလိုက္ေသာအခါ၊ He Yan သည္ မ်က္ႏွာေပၚတြင္ သိမ္ေမြ႕ေသာ အမူအရာ ေပၚလာသည္။ “အင္း။”

Tu Gaoming က အနားကို တိုးလိုက္သည္။ "ဒါဆို အဲ႔ဒီလူက ဘယ္သူလဲ သိလား"

He Yan ေျဖဆိုခြင့္မရခင္မွာပဲ Che Cong က သူ႔ဖုန္းကို ကိုင္ထားရင္း သူတို႔ႏွစ္ေယာက္ဆီ အျမန္ေျပးလာသည္။ "ေဟ့ေကာင္၊ ဒီဟာကိုၾကည့္!"

ႏွစ္ေယာက္သား ေအာ္သံၾကားသျဖင့္ လွမ္းၾကည့္ၾကသည္။ Che Cong သည္ သူ၏စခရင္ေပၚရွိ ပို႔စ္ကို ေအာက္သို႔ဆြဲခ်ကာ လူအခ်ိဳ႕၏ ေနာက္ေက်ာရိုက္ခ်က္အခ်ိဳ႕ ေဘးတိုက္ရိုက္ခ်က္မ်ားႏွင့္ ဓာတ္ပုံရွိအေၾကာင္းအရာမ်ားကို ေတြ႔ရသည္။ ...

He Yan က မ်က္ေမွာင္ၾကဳတ္လိုက္သည္။

သူႏွင့္ Yu Baizhou တို႔ျဖစ္သည္။

Yu Baizhou သည္ ေရခ်ိဳးခန္းမွ ျပန္လာေသာအခါ စႀကႍရွိလူတိုင္းက သူ႔ကို ထူးဆန္းေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္ကို ေတြ႕လိုက္ရသည္။ သူ႔မ်က္ႏွာက အလြန္အမင္းအံ႔ႀသေႀကာင္အသြားသည့္တိုင္ေအာင္ စိုက္ႀကည့္ေနႀကကာ သူလည္း စာသင္ခန္းဆီသို႔ ျပန္လာခဲ့သည္။

ေက်ာင္းဖိုရမ္တြင္ တင္ထားေသာ သူႏွင့္ He Yan ၏ ဓာတ္ပုံကို Che Cong ၏ ဖုန္းကို ငုံ႔ၾကည့္လိုက္ၿပီး ထိတ္လန႔္တုန္လႈပ္သြားခဲ့သည္။ "WTH?!"

ပို႔စ္ေအာက္မွာေတာ့ သူနဲ႔ He Yan က စုံတြဲေတြမ်ားျဖစ္ေႀကာင္း မွတ္ခ်က္ေတြ ရခဲ႔သည္။

Continue Reading

You'll Also Like

256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.6M 102K 82
Nolan, an unapproachable guy who ignores the existence of all his schoolmates, sleeps in all of his classes. Normally, this wouldn't be Chelsea Arnol...
622K 59.8K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...