BLOGGER
- Part 6 -
ဟိုယိမ်း ဒီယိုင်နဲ့ ငိုက်ကျနေတဲ့ ခေါင်းလေးကို ချန်ယောလ် ပခုံးပေါ်သေချာနေရာချပေးလိုက်သည်။ ချာတိတ်လေး လေယာဉ်ပေါ်ရောက်ကတည်းက ဂိမ်းဆော့လိုက် မုန့်စားလိုက် လုပ်နေရာကနေ ၃ နာရီလောက်ကြာတော့ ဖုန်းကြီးကိုင်ပြီး အိပ်ပျော်သွားသည်။ ၆ နာရီကြာစီးရမည်ဖြစ်သောကြောင့် အချိန်လိုသေးသဖြင့် ကလေးသက်သက်သာသာ အိပ်ရအောင် ဖုန်းကိုသိမ်းပေးရင်း ခြေထောက်ပေါ်ကို ကုတ်တစ်ထည်ခြုံပေးထားလိုက်သည်။
ပြီးခဲ့တဲ့ Tokyo Disneyland Blog က ထင်တာထက် တော်တော်လေး ပေါက်ခဲ့ပြီး Website viewer လည်းတက်သည့်အပြင် စပွန်ဆာပေးခဲ့သည် အဝတ်အစားများကလည်း ရောင်းအားတက်လာသည်ဆိုသောကြောင့် ချာတိတ်လေးက ဒုတိယခရီးအတွက် လိုက်ပါဖို့ သဘောတူလိုက်သည်။
ဒီတစ်ခေါက်ခရီးက hiking နဲ့ camping တွဲထားသည့်နေရာမို့ အနည်းငယ်တော့ပင်ပန်းနိုင်သည်။ Budget trip အနေနဲ့သွားမှာဆိုတော့ အရမ်းတော့ သက်သောင့်သက်သာဖြစ်နေမည်မဟုတ်ပေ။ လူငယ်ခရီးသွားများအတွက် ရည်ရွယ်သောကြောင့် အများသုံးယာဉ်တွေနဲ့ ငွေကြေးသက်သာမည့် တည်းခိုစရာနေရာများကိုသာရွေးပြီး သွားမည့်ခရီးဖြစ်သည်။
"အွန်း ဖင်နာလိုက်တာ"
"နိုးပြီလား"
လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး စကားထပြောပေမဲ့ မျက်လုံးကတော့မပွင့်သေးပေ။ ထိုင်လျက်အိပ်ပျော်ရသည့်အနေအထားမှာ သိပ်အဆင်ပြေပုံမပေါ်။
"ငုတ်တုတ်အိပ်နေရတာ ဖင်တွေတောင်နာနေပြီ မရောက်သေးဘူးလား ယောလ်"
"တစ်နာရီခွဲလောက်လိုသေးတယ် ချာတိတ်"
"ဗိုက်ကဆာနေပြီ"
ဗိုက်ဆာနေပြီသာပြောတာ ခေါင်းကို ချန်ယောလ်ပခုံးပေါ်ပြန်တင်ပြီး ပြန်အိပ်နေပြန်သည်။
"ချာတိတ် သန့်စင်ခန်းမှာ မျက်နှာသွားသစ်လိုက်လေ
တောက်လျောက်အိပ်နေရင် နေလို့မကောင်းဘဲနေမယ်
ခဏနေရင် tea break လာတော့မှာ အဲ့ကျမုန့်စားနော်"
"အင်း အင်း ခဏလေးပဲ"
"မုန့်ကလာနေပြီ"
လေယာဉ်မယ်က tea break အတွက် မုန့်တင်ထားတဲ့လှည်းလေးကို တွန်းလာတာမြင်မှ သန့်စင်ခန်းကို ထ သွားသည်။ စားရမယ်ဆို အချိန်တိုင်းတက်ကြွနေတော့တာပဲ။
မုန့်စားပြီး လေယာဉ်ဆိုက်ဖို့ တစ်နာရီလောက်သာလိုတော့မှ tablet လေးထုတ်ပြီး ခရီးအတွက် သူရေးမှတ်ထားတာလေးတွေကို ပြန်ဖတ်နေသည်။
"ချာတိတ် ကိုယ်တို့ ဒီည ဘန်ကောက်မှာပဲအိပ်မလား"
"ကျွန်တော်က တန်းသွားလိုက်တာပိုကောင်းမယ်ထင်တယ်
အခု လေယာဉ်ဆိုက်ပြီးရင် ခရီးအတွက် လိုတာလေးတွေ ဝယ်မယ်လေ ပြီးရင် Khao Yai ကိုတန်းသွားပြီး တည်းခိုခန်းမှာပဲ တည်းကြမယ်... ဒီည ဘန်ကောက်မှာအိပ်ရင် မနက် စောစောထရမှာ...Khao Yai မှာအိပ်ရင် အရမ်းအစောကြီး ထ စရာမလိုဘူး
နောက်ဆုံးကားက ညနေ ၆ နာရီခွဲအထိရှိတယ်ဆိုတော့ ကျွန်တော်တို့ မီပါတယ်"
"ဘေဘီ့ သဘောပဲ"
"ခေါင်းကို မကိုင်နဲ့..."
ခေါင်းဆီလက်လှမ်းလိုက်တာနဲ့ ဘေးဘက်ကိုစောင်းပြီးရှောင်လိုက်သေးသည်။ အဲ့ဒီခေါင်းကိုင်တာကိုပဲ ဘာလို့ဒီလောက်မကြိုက်မှန်းမသိ။ သူမကြိုက်လို့လားပဲ ကိုယ်ကလည်း အဲ့ဒီခေါင်းကိုပဲအရမ်းကိုင်ချင်နေတော့တာ။
"ကိုယ်ကသဘောကျလို့ ခေါင်းလေးကိုင်တာကို ဘာဖြစ်လို့လဲ"
"မကြိုက်ဘူး ကျွန်တော်နဲ့မရင်းနှီးတဲ့သူတွေဆို ခေါင်းပေးမကိုင်ဘူး"
"ချာတိတ်နဲ့ကိုယ်က ရင်းနှီးနေပြီပဲကို..."
"ဟုတ်လို့လား"
မျက်လုံးလေးအပေါ်တက်ပြီး စဉ်းစားနေတာ အသည်းယားစရာလေး။
"ခရီးတစ်ခုတောင် တူတူသွားပြီးကြပြီပဲ ရင်းနှီးနေပြီပေါ့"
"ဂျွန်ကပြောတယ်..."
"အင်း"
"ယောလ်နဲ့ကအလုပ်သဘောပဲ ပတ်သက်တာမို့လို့ ဂျွန်တို့ကိုဆက်ဆံသလို မဆက်ဆံရဘူးတဲ့"
"ဒါကတော့ ချာတိတ်ရယ်.."
"ရိဖန်ကော ကလည်း ဖုန်းဆက်တုန်းကပြောတယ်...သူစိမ်းတွေနဲ့ရင်းရင်းနှီးနှီးမနေရဘူးတဲ့"
ချန်ယောလ်လည်းစိတ်ထဲကနေ ကလေးကို မဟုတ်တာတွေဆုံးမထားတဲ့ အစ်ကိုနှစ်ယောက်ကို မေတ္တာသာပို့ပစ်လိုက်သည်။
ဂျွန်မြောင်ကတော့ မြင်ဖူးသည်မို့ မျက်နှာကိုမြင်ယောင်ပြီး ပို့လို့ရသည်၊ ရိဖန်ကောဆိုတာကတော့ ချာတိတ်ပြောလို့သာကြားဖူးနေတာ ဖြူသလား မဲသလား၊ ပုသလား ရှည်သလားပင်မသိ။
"ချာတိတ် စိတ်ထဲမှာ ကိုယ်က သူစိမ်းပဲလား"
"အမျိုးမဟုတ်ရင် သူစိမ်းပဲပေါ့"
"သူစိမ်းပေမဲ့ ရင်းနှီးတဲ့သူစိမ်းတွေရှိတာပဲ"
"ရင်းနှီးတဲ့ သူစိမ်းက ဘယ်လိုကိုပြောတာလဲ"
တစ်ခုခုကိုသိချင်ရင် ဖြစ်နေကျပုံစံလေးအတိုင်း မျက်လုံးလေး ဝိုင်းပြီး ချန်ယောလ်ဘက်လှည့် ကြည့်နေသည်။
"နောက်ကျ ဘေဘီ သိလာလိမ့်မယ်
တည့်တည့်ထိုင် လေယာဉ်ဆင်းတော့မှာ"
လေယာဉ်ဆင်းတော့မည်ဖြစ်ကြောင်း အသိပေးခြင်းနှင့်အတူ ချန်ယောလ်နဲ့ဂျောင်ဆူးတို့ စကားစ ပြတ်သွားကြသည်။
ကိုယ်က ဘေဘီ့ကို အခုမပြောပြချင်သေးဘူး။ နောက်မှ ဖြည်းဖြည်းချင်း ရင်းနှီးတဲ့ သူစိမ်းတွေဖြစ်အောင် ကြိုးစားရင်း ပြောပြချင်တာ။
🌍
"ယောလ် အင်းဆက်မကိုက်အောင် လိမ်းတဲ့ဆေးဝယ်ရမယ်နော်
ကျန်တာကတော့ အစုံပါတယ်
ယောလ် sunblock ပါလား ကျွန်တော့်မှာတော့ပါတယ်"
ဘန်ကောက် လေဆိပ်မှာပဲ လိုအပ်တာလေးတွေဝယ်ဖို့ ဆေးဆိုင်ထဲရောက်နေကြတာဖြစ်သည်။ အစကတည်းက လိုတာတွေတော်တော်များများပါလာပြီးသားပေမဲ့ တစ်ချို့အပိုဆောင်းလိုအပ်တာလေးတွေကို ထပ်ဝယ်ကြရမည်။ Hiking ရော Camping ပါ တွဲလုပ်ရမည်ဖြစ်သောကြောင့် အဘက်ဘက်က ပြည့်စုံအောင် အပိုဆောင်းဝယ်ရသည်များလည်းရှိသည်။
"Sun spray တော့ပါတယ်
အင်းဆက်မကိုက်တဲ့ဆေးကတော့ ဝယ်ကိုဝယ်ရမယ်
ဒဏ်ကြေဆေးလည်း spray ဗူးရှိရင် ထပ်ဝယ်မယ်"
အဆာပြေမုန့်အပါအဝင် လိုတာတွေဝယ်ပြီးတဲ့နောက် Khao Yai ကိုသွားသည့် Bangkok - Khao Yai လိုင်းကားစီးရမည့်ဆီသို့ ကားငှားလိုက်သည်။ ၂ နာရီကျော် ထပ်စီးရမည့်ခရီးဖြစ်သော်လည်း Budget ခရီးမို့ လူအများစုပြီး စီးသည့် ဗန်ကားအသေးစားနှင့်သာ သွားကြမည်ဖြစ်သည်။
"ချာတိတ် ပင်ပန်းလည်းနည်းနည်းသည်းခံနော်..ဒီခရီးပဲပင်ပန်းမှာပါ ချွေတာရေးခရီးမို့လို့ ကိုယ်တိုင်ဒီလိုသွားမှ သေချာရေးပြလို့ရမှာလေ"
"ရပါတယ် ကျွန်တော်သွားနိုင်တယ်"
"Khao Yai မှာ ဘယ် ဟိုတယ်အဆင်ပြေမလဲ မသိဘူး"
"ကျွန်တော်ကြည့်ထားတဲ့ တည်းခိုခန်းတော့ရှိတယ် ဒီမှာ.. ဟိုတယ်ထက် ပိုသက်သာမယ်"
ချန်ယောလ်ကြည့်ထားသော ဟိုတယ်နှင့်ယှဉ်လျှင် ဈေးက ကွာသောကြောင့် တည်းခိုခန်းကိုပဲရွေးဖို့ဆုံးဖြတ်လိုက်သည်။
"တည်းခိုခန်းပဲတည်းတာပေါ့
ဖုန်းနံပါတ်ပေး ကိုယ်ဖုန်းဆက်ထားလိုက်မယ်
ရောက်တာနဲ့ နားလို့ရအောင်"
၂ နာရီကျော်လောက် ဗန်ကားလေးပေါ်လိုက်ပါခဲ့ကြပြီးနောက် Khao Yai ရောက်တော့ ည ၇ နာရီထိုးတော့မည်။ ကားရပ်သည့်နေရာကနေ carry ငှားကာ တည်းခိုခန်းကို ထပ်သွားရသည်။
ဟိုတယ်နှင့် အပြင်အဆင်မတူသည့် တည်းခိုခန်းက အနည်းငယ်တော့ ဟောင်းသည့်ပုံပေမဲ့ အတွင်းပိုင်းက သပ်ရပ်သန့်ရှင်းပါသည်။ အိပ်ယာနှင့်အခြားပစ္စည်းများကလည်း ပြည့်စုံပြီး သပ်ရပ်သည်မို့ ပေးရသည့်ဈေးနှင့်တန်သည်လို့ ပြောလို့ရပါသည်။
"နှစ်ယောက်ခန်းပဲ ယူတာ ချာတိတ် သူက twin bed မရှိဘူးဆိုတော့..."
"ကျွန်တော့်ကို ကြိုလည်းမပြောဘူး"
နှစ်ယောက်အိပ်ကုတင်ကြီးကိုကြည့်ရင်း ချာတိတ်က စိတ်ရှုပ်သည့်ပုံနှင့်ပြောသည်။
Twin bed က တကယ်မရှိတာဖြစ်သည်။ တည်းခိုခန်းဆိုတော့ ဟိုတယ်လောက်တော့ ဘယ်ပြည့်စုံပါ့မလဲ။
"ချာတိတ်ကြိုသိတော့ ကြိုစိတ်ညစ်နေရမှာပေါ့"
"အခုလည်း စိတ်ညစ်တာပဲကို"
"ပင်ပန်းနေပြီမလား ရေချိုးပြီး အိပ်လိုက်ရင် ဘေးမှာကိုယ်ရှိမှန်းတောင် ချာတိတ်သတိထားမိမှာမဟုတ်ပါဘူးကွာ
တစ်ည နှစ်ညပဲကို သည်းခံလိုက်ပါ ချာတိတ်အဆင်မပြေရင် မနက်ဖြန် ဟိုတယ်ပြောင်းလိုက်မယ်"
"ထားလိုက်ပါတော့ ကျွန်တော်က တစ်ကုတင်တည်းအိပ်ရမှာ ခင်ဗျားကိုအားနာလို့ပါ"
ချန်ယောလ်နဲ့ တူတူမအိပ်ချင်တာလို့ ထင်နေတာ ချာတိတ်က ချန်ယောလ်ကို အားနာနေတာဆိုပဲ။
"အားမနာပါနဲ့ ကိုယ်ကသဘောကျတယ် ရေချိုးတော့နော်
ညစာစားဖို့ တစ်ခုခုမှာထားလိုက်မယ်"
ချာတိတ်က အဝတ်အိတ်ကို ဖြည်ပြီး ရေချိုးခန်းထဲဝင်သွားတော့ ချန်ယောလ်က reception က ဖုန်းကိုဆက်ပြီး ညစာအတွက် ထမင်းနှင့် ထိုင်းစာတစ်ချို့မှာလိုက်သည်။
ဒီနေ့အတွက်က တောက်လျောက်ပင်ပန်းနေပြီဖြစ်သောကြောင့် အပြင်လည်းမထွက်ချင်တော့။ စောစောနားပြီး မနက်စောစော hiking သွားရဦးမည်ဆိုတော့ တတ်နိုင်သလောက် အင်အားချွေတာတာ ကောင်းပါလိမ့်မည်။
🌍
ညစာစားကတည်းက မျက်လုံးမပွင့်ချင်တော့တဲ့ ချာတိတ်လေးက စားပြီးတာနဲ့ သွားတိုက်ပြီး အိပ်ယာပေါ်တန်းတက်သွားသည်။
ကုတင်တစ်ဖက်ခြမ်းမှာ ကွေးနေအောင်အိပ်နေတာလေးကိုကြည့်ပြီး ချန်ယောလ်က အိပ်ပဲချရတော့မလို၊ ထိုင်ပဲကြည့်နေရတော့မလို ဖြစ်ရသည်။ တစ်ခန်းတည်းနေဖူးပေမဲ့ အခုက တစ်ကုတင်တည်းတူတူဆိုသော အသိက ရင်ခုန်တာလိုလို ဘာလိုလိုပဲ။ ချန်ယောလ်ဘက်က သာမန်ထက်ပိုပြီး ခံစားနေရသူဆိုတော့ ဒီအခြေအနေက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပါသည်။ ဘာမှ မသိတဲ့ ကလေးလေးကတော့ တရှူးရှူးနဲ့အိပ်မောကျနေပြီဖြစ်သည်။ မနက်စောစောထရဦးမည်ဖြစ်သောကြောင့် ရင်ခုန် စိတ်လှုပ်ရှားတာတွေ ဘေးဖယ်ကာ ကောင်လေးဘေးမှာ ဝင်လှဲချလိုက်တော့သည်။ စောင်ထူထူကို နှစ်ယောက်လုံးပေါ် သေချာခြုံပြီး ညအိပ်မီးလေးဖွင့်ကာ အိပ်ပျော်ရင်ကြိုးစားလိုက်သည်။
🌍
"အား"
"ဟင် ယောလ် ဘာဖြစ်တာလဲ"
မျက်စိတွေပွတ်ပြီး အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ထိုင်နေတဲ့ကောင်လေးက သူ့ဘာသာ ဘာလုပ်လို့ လုပ်မိမှန်းသိပုံမရဘူး။
ချန်ယောလ်က နာသွားတဲ့ တင်ပါးကို ပွတ်ရင်း ကြမ်းပေါ်ကနေ ပြန်ထလာရသည်။
"ချာတိတ် ဘာလို့ကန်တာလဲ"
"ကန်လိုက်မိတာလား ဆောရီး ယောလ်
ကျွန်တော်က အိပ်ရင် ကြမ်းလို့ ဘေးကလူကို ထိတတ်တယ်
အဲ့ဒါကြောင့် ပြောသားပဲ အိပ်ယာတူတူအိပ်ရမှာ အားနာပါတယ်ဆို
အခုကစပြီး သတိထားပြီးအိပ်ပါ့မယ် မနက်ကျ နှိုးလိုက်နော်"
အိပ်ချင်မူးတူးနဲ့ ဗလုံးဗထွေးတွေပြောပြီး စောင်ထဲပြန်တိုးဝင်သွားတော့သည်။
ချန်ယောလ်မှာ ကုတင်ပေါ်ပဲ တက်ရတော့မလို၊ အောက်မှာပဲ ဆက်အိပ်ရတော့မလို ဝေခွဲရခက်နေပြီးနောက် အခန်းထဲက ခုံတန်းရှည်လေးပေါ်မှာသာ အိပ်လိုက်တော့သည်။
Hiking မလုပ်ခင် ခန္ဓာကိုယ်ဘယ်နေရာကိုမှ ထိခိုက်ခံလို့မရပါ။ ချာတိတ်လေးနဲ့ နောက်တစ်ကြိမ် တစ်ကုတင်ထဲအိပ်ဖို့ဆို တော်တော်စဉ်းစားရပါဦးမည်။
🌍
Update လေး နောက်ကျ သွားတယ် 😁
စောင့်ပြီးဖတ်ပေး၊ vote,comment ပေးသူတိုင်းကို ချစ်ပါတယ်နော် 🍑
(Zawgyi)
BLOGGER
- Part 6 -
ဟိုယိမ္း ဒီယိုင္နဲ႕ ငိုက္က်ေနတဲ့ ေခါင္းေလးကို ခ်န္ေယာလ္ ပခုံးေပၚေသခ်ာေနရာခ်ေပးလိုက္သည္။ ခ်ာတိတ္ေလး ေလယာဥ္ေပၚေရာက္ကတည္းက ဂိမ္းေဆာ့လိုက္ မုန႔္စားလိုက္ လုပ္ေနရာကေန ၃ နာရီေလာက္ၾကာေတာ့ ဖုန္းႀကီးကိုင္ၿပီး အိပ္ေပ်ာ္သြားသည္။ ၆ နာရီၾကာစီးရမည္ျဖစ္ေသာေၾကာင့္ အခ်ိန္လိုေသးသျဖင့္ ကေလးသက္သက္သာသာ အိပ္ရေအာင္ ဖုန္းကိုသိမ္းေပးရင္း ေျခေထာက္ေပၚကို ကုတ္တစ္ထည္ၿခဳံေပးထားလိုက္သည္။
ၿပီးခဲ့တဲ့ Tokyo Disneyland Blog က ထင္တာထက္ ေတာ္ေတာ္ေလး ေပါက္ခဲ့ၿပီး Website viewer လည္းတက္သည့္အျပင္ စပြန္ဆာေပးခဲ့သည္ အဝတ္အစားမ်ားကလည္း ေရာင္းအားတက္လာသည္ဆိုေသာေၾကာင့္ ခ်ာတိတ္ေလးက ဒုတိယခရီးအတြက္ လိုက္ပါဖို႔ သေဘာတူလိုက္သည္။
ဒီတစ္ေခါက္ခရီးက hiking နဲ႕ camping တြဲထားသည့္ေနရာမို႔ အနည္းငယ္ေတာ့ပင္ပန္းနိုင္သည္။ Budget trip အေနနဲ႕သြားမွာဆိုေတာ့ အရမ္းေတာ့ သက္ေသာင့္သက္သာျဖစ္ေနမည္မဟုတ္ေပ။ လူငယ္ခရီးသြားမ်ားအတြက္ ရည္႐ြယ္ေသာေၾကာင့္ အမ်ားသုံးယာဥ္ေတြနဲ႕ ေငြေၾကးသက္သာမည့္ တည္းခိုစရာေနရာမ်ားကိုသာေ႐ြးၿပီး သြားမည့္ခရီးျဖစ္သည္။
"အြန္း ဖင္နာလိုက္တာ"
"နိုးၿပီလား"
လက္ႏွစ္ဖက္ကို ဆန႔္ထုတ္ၿပီး စကားထေျပာေပမဲ့ မ်က္လုံးကေတာ့မပြင့္ေသးေပ။ ထိုင္လ်က္အိပ္ေပ်ာ္ရသည့္အေနအထားမွာ သိပ္အဆင္ေျပပုံမေပၚ။
"ငုတ္တုတ္အိပ္ေနရတာ ဖင္ေတြေတာင္နာေနၿပီ မေရာက္ေသးဘူးလား ေယာလ္"
"တစ္နာရီခြဲေလာက္လိုေသးတယ္ ခ်ာတိတ္"
"ဗိုက္ကဆာေနၿပီ"
ဗိုက္ဆာေနၿပီသာေျပာတာ ေခါင္းကို ခ်န္ေယာလ္ပခုံးေပၚျပန္တင္ၿပီး ျပန္အိပ္ေနျပန္သည္။
"ခ်ာတိတ္ သန႔္စင္ခန္းမွာ မ်က္ႏွာသြားသစ္လိုက္ေလ
ေတာက္ေလ်ာက္အိပ္ေနရင္ ေနလို႔မေကာင္းဘဲေနမယ္
ခဏေနရင္ tea break လာေတာ့မွာ အဲ့က်မဳန႔္စားေနာ္"
"အင္း အင္း ခဏေလးပဲ"
"မုန႔္ကလာေနၿပီ"
ေလယာဥ္မယ္က tea break အတြက္ မုန႔္တင္ထားတဲ့လွည္းေလးကို တြန္းလာတာျမင္မွ သန႔္စင္ခန္းကို ထ သြားသည္။ စားရမယ္ဆို အခ်ိန္တိုင္းတက္ႂကြေနေတာ့တာပဲ။
မုန႔္စားၿပီး ေလယာဥ္ဆိုက္ဖို႔ တစ္နာရီေလာက္သာလိုေတာ့မွ tablet ေလးထုတ္ၿပီး ခရီးအတြက္ သူေရးမွတ္ထားတာေလးေတြကို ျပန္ဖတ္ေနသည္။
"ခ်ာတိတ္ ကိုယ္တို႔ ဒီည ဘန္ေကာက္မွာပဲအိပ္မလား"
"ကြၽန္ေတာ္က တန္းသြားလိုက္တာပိုေကာင္းမယ္ထင္တယ္
အခု ေလယာဥ္ဆိုက္ၿပီးရင္ ခရီးအတြက္ လိုတာေလးေတြ ဝယ္မယ္ေလ ၿပီးရင္ Khao Yai ကိုတန္းသြားၿပီး တည္းခိုခန္းမွာပဲ တည္းၾကမယ္... ဒီည ဘန္ေကာက္မွာအိပ္ရင္ မနက္ ေစာေစာထရမွာ...Khao Yai မွာအိပ္ရင္ အရမ္းအေစာႀကီး ထ စရာမလိုဘူး
ေနာက္ဆုံးကားက ညေန ၆ နာရီခြဲအထိရွိတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ မီပါတယ္"
"ေဘဘီ့ သေဘာပဲ"
"ေခါင္းကို မကိုင္နဲ႕..."
ေခါင္းဆီလက္လွမ္းလိုက္တာနဲ႕ ေဘးဘက္ကိုေစာင္းၿပီးေရွာင္လိုက္ေသးသည္။ အဲ့ဒီေခါင္းကိုင္တာကိုပဲ ဘာလို႔ဒီေလာက္မႀကိဳက္မွန္းမသိ။ သူမႀကိဳက္လို႔လားပဲ ကိုယ္ကလည္း အဲ့ဒီေခါင္းကိုပဲအရမ္းကိုင္ခ်င္ေနေတာ့တာ။
"ကိုယ္ကသေဘာက်လိဳ႕ ေခါင္းေလးကိုင္တာကို ဘာျဖစ္လို႔လဲ"
"မႀကိဳက္ဘူး ကြၽန္ေတာ္နဲ႕မရင္းႏွီးတဲ့သူေတြဆို ေခါင္းေပးမကိုင္ဘူး"
"ခ်ာတိတ္နဲ႕ကိုယ္က ရင္းႏွီးေနၿပီပဲကို..."
"ဟုတ္လို႔လား"
မ်က္လုံးေလးအေပၚတက္ၿပီး စဥ္းစားေနတာ အသည္းယားစရာေလး။
"ခရီးတစ္ခုေတာင္ တူတူသြားၿပီးၾကၿပီပဲ ရင္းႏွီးေနၿပီေပါ့"
"ဂြၽန္ကေျပာတယ္..."
"အင္း"
"ေယာလ္နဲ႕ကအလုပ္သေဘာပဲ ပတ္သက္တာမို႔လို႔ ဂြၽန္တို႔ကိုဆက္ဆံသလို မဆက္ဆံရဘူးတဲ့"
"ဒါကေတာ့ ခ်ာတိတ္ရယ္.."
"ရိဖန္ေကာ ကလည္း ဖုန္းဆက္တုန္းကေျပာတယ္...သူစိမ္းေတြနဲ႕ရင္းရင္းႏွီးႏွီးမေနရဘူးတဲ့"
ခ်န္ေယာလ္လည္းစိတ္ထဲကေန ကေလးကို မဟုတ္တာေတြဆုံးမထားတဲ့ အစ္ကိုႏွစ္ေယာက္ကို ေမတၱာသာပို႔ပစ္လိုက္သည္။
ဂြၽန္ေျမာင္ကေတာ့ ျမင္ဖူးသည္မို႔ မ်က္ႏွာကိုျမင္ေယာင္ၿပီး ပို႔လို႔ရသည္၊ ရိဖန္ေကာဆိုတာကေတာ့ ခ်ာတိတ္ေျပာလို႔သာၾကားဖူးေနတာ ျဖဴသလား မဲသလား၊ ပုသလား ရွည္သလားပင္မသိ။
"ခ်ာတိတ္ စိတ္ထဲမွာ ကိုယ္က သူစိမ္းပဲလား"
"အမ်ိဳးမဟုတ္ရင္ သူစိမ္းပဲေပါ့"
"သူစိမ္းေပမဲ့ ရင္းႏွီးတဲ့သူစိမ္းေတြရွိတာပဲ"
"ရင္းႏွီးတဲ့ သူစိမ္းက ဘယ္လိုကိုေျပာတာလဲ"
တစ္ခုခုကိုသိခ်င္ရင္ ျဖစ္ေနက်ပဳံစံေလးအတိုင္း မ်က္လုံးေလး ဝိုင္းၿပီး ခ်န္ေယာလ္ဘက္လွည့္ ၾကည့္ေနသည္။
"ေနာက္က် ေဘဘီ သိလာလိမ့္မယ္
တည့္တည့္ထိုင္ ေလယာဥ္ဆင္းေတာ့မွာ"
ေလယာဥ္ဆင္းေတာ့မည္ျဖစ္ေၾကာင္း အသိေပးျခင္းႏွင့္အတူ ခ်န္ေယာလ္နဲ႕ေဂ်ာင္ဆူးတို႔ စကားစ ျပတ္သြားၾကသည္။
ကိုယ္က ေဘဘီ့ကို အခုမေျပာျပခ်င္ေသးဘူး။ ေနာက္မွ ျဖည္းျဖည္းခ်င္း ရင္းႏွီးတဲ့ သူစိမ္းေတြျဖစ္ေအာင္ ႀကိဳးစားရင္း ေျပာျပခ်င္တာ။
"ေယာလ္ အင္းဆက္မကိုက္ေအာင္ လိမ္းတဲ့ေဆးဝယ္ရမယ္ေနာ္
က်န္တာကေတာ့ အစုံပါတယ္
ေယာလ္ sunblock ပါလား ကြၽန္ေတာ့္မွာေတာ့ပါတယ္"
ဘန္ေကာက္ ေလဆိပ္မွာပဲ လိုအပ္တာေလးေတြဝယ္ဖို႔ ေဆးဆိုင္ထဲေရာက္ေနၾကတာျဖစ္သည္။ အစကတည္းက လိုတာေတြေတာ္ေတာ္မ်ားမ်ားပါလာၿပီးသားေပမဲ့ တစ္ခ်ိဳ႕အပိုေဆာင္းလိုအပ္တာေလးေတြကို ထပ္ဝယ္ၾကရမည္။ Hiking ေရာ Camping ပါ တြဲလုပ္ရမည္ျဖစ္ေသာေၾကာင့္ အဘက္ဘက္က ျပည့္စုံေအာင္ အပိုေဆာင္းဝယ္ရသည္မ်ားလည္းရွိသည္။
"Sun spray ေတာ့ပါတယ္
အင္းဆက္မကိုက္တဲ့ေဆးကေတာ့ ဝယ္ကိုဝယ္ရမယ္
ဒဏ္ေၾကေဆးလည္း spray ဗူးရွိရင္ ထပ္ဝယ္မယ္"
အဆာေျပမုန႔္အပါအဝင္ လိုတာေတြဝယ္ၿပီးတဲ့ေနာက္ Khao Yai ကိုသြားသည့္ Bangkok - Khao Yai လိုင္းကားစီးရမည့္ဆီသို႔ ကားငွားလိုက္သည္။ ၂ နာရီေက်ာ္ ထပ္စီးရမည့္ခရီးျဖစ္ေသာ္လည္း Budget ခရီးမို႔ လူအမ်ားစုၿပီး စီးသည့္ ဗန္ကားအေသးစားႏွင့္သာ သြားၾကမည္ျဖစ္သည္။
"ခ်ာတိတ္ ပင္ပန္းလည္းနည္းနည္းသည္းခံေနာ္..ဒီခရီးပဲပင္ပန္းမွာပါ ေခြၽတာေရးခရီးမို႔လို႔ ကိုယ္တိုင္ဒီလိုသြားမွ ေသခ်ာေရးျပလို႔ရမွာေလ"
"ရပါတယ္ ကြၽန္ေတာ္သြားနိုင္တယ္"
"Khao Yai မွာ ဘယ္ ဟိုတယ္အဆင္ေျပမလဲ မသိဘူး"
"ကြၽန္ေတာ္ၾကည့္ထားတဲ့ တည္းခိုခန္းေတာ့ရွိတယ္ ဒီမွာ.. ဟိုတယ္ထက္ ပိုသက္သာမယ္"
ခ်န္ေယာလ္ၾကည့္ထားေသာ ဟိုတယ္ႏွင့္ယွဥ္လွ်င္ ေဈးက ကြာေသာေၾကာင့္ တည္းခိုခန္းကိုပဲေ႐ြးဖို႔ဆုံးျဖတ္လိုက္သည္။
"တည္းခိုခန္းပဲတည္းတာေပါ့
ဖုန္းနံပါတ္ေပး ကိုယ္ဖုန္းဆက္ထားလိုက္မယ္
ေရာက္တာနဲ႕ နားလို႔ရေအာင္"
၂ နာရီေက်ာ္ေလာက္ ဗန္ကားေလးေပၚလိုက္ပါခဲ့ၾကၿပီးေနာက္ Khao Yai ေရာက္ေတာ့ ည ၇ နာရီထိုးေတာ့မည္။ ကားရပ္သည့္ေနရာကေန carry ငွားကာ တည္းခိုခန္းကို ထပ္သြားရသည္။
ဟိုတယ္ႏွင့္ အျပင္အဆင္မတူသည့္ တည္းခိုခန္းက အနည္းငယ္ေတာ့ ေဟာင္းသည့္ပုံေပမဲ့ အတြင္းပိုင္းက သပ္ရပ္သန႔္ရွင္းပါသည္။ အိပ္ယာႏွင့္အျခားပစၥည္းမ်ားကလည္း ျပည့္စုံၿပီး သပ္ရပ္သည္မို႔ ေပးရသည့္ေဈးႏွင့္တန္သည္လို႔ ေျပာလို႔ရပါသည္။
"ႏွစ္ေယာက္ခန္းပဲ ယူတာ ခ်ာတိတ္ သူက twin bed မရွိဘူးဆိုေတာ့..."
"ကြၽန္ေတာ့္ကို ႀကိဳလည္းမေျပာဘူး"
ႏွစ္ေယာက္အိပ္ကုတင္ႀကီးကိုၾကည့္ရင္း ခ်ာတိတ္က စိတ္ရႈပ္သည့္ပုံႏွင့္ေျပာသည္။
Twin bed က တကယ္မရွိတာျဖစ္သည္။ တည္းခိုခန္းဆိုေတာ့ ဟိုတယ္ေလာက္ေတာ့ ဘယ္ျပည့္စုံပါ့မလဲ။
"ခ်ာတိတ္ႀကိဳသိေတာ့ ႀကိဳစိတ္ညစ္ေနရမွာေပါ့"
"အခုလည္း စိတ္ညစ္တာပဲကို"
"ပင္ပန္းေနၿပီမလား ေရခ်ိဳးၿပီး အိပ္လိုက္ရင္ ေဘးမွာကိုယ္ရွိမွန္းေတာင္ ခ်ာတိတ္သတိထားမိမွာမဟုတ္ပါဘူးကြာ
တစ္ည ႏွစ္ညပဲကို သည္းခံလိုက္ပါ ခ်ာတိတ္အဆင္မေျပရင္ မနက္ျဖန္ ဟိုတယ္ေျပာင္းလိုက္မယ္"
"ထားလိုက္ပါေတာ့ ကြၽန္ေတာ္က တစ္ကုတင္တည္းအိပ္ရမွာ ခင္ဗ်ားကိုအားနာလို႔ပါ"
ခ်န္ေယာလ္နဲ႕ တူတူမအိပ္ခ်င္တာလို႔ ထင္ေနတာ ခ်ာတိတ္က ခ်န္ေယာလ္ကို အားနာေနတာဆိုပဲ။
"အားမနာပါနဲ႕ ကိုယ္ကသေဘာက်တယ္ ေရခ်ိဳးေတာ့ေနာ္
ညစာစားဖို႔ တစ္ခုခုမွာထားလိုက္မယ္"
ခ်ာတိတ္က အဝတ္အိတ္ကို ျဖည္ၿပီး ေရခ်ိဳးခန္းထဲဝင္သြားေတာ့ ခ်န္ေယာလ္က reception က ဖုန္းကိုဆက္ၿပီး ညစာအတြက္ ထမင္းႏွင့္ ထိုင္းစာတစ္ခ်ိဳ႕မွာလိုက္သည္။
ဒီေန႕အတြက္က ေတာက္ေလ်ာက္ပင္ပန္းေနၿပီျဖစ္ေသာေၾကာင့္ အျပင္လည္းမထြက္ခ်င္ေတာ့။ ေစာေစာနားၿပီး မနက္ေစာေစာ hiking သြားရဦးမည္ဆိုေတာ့ တတ္နိုင္သေလာက္ အင္အားေခြၽတာတာ ေကာင္းပါလိမ့္မည္။
ညစာစားကတည္းက မ်က္လုံးမပြင့္ခ်င္ေတာ့တဲ့ ခ်ာတိတ္ေလးက စားၿပီးတာနဲ႕ သြားတိုက္ၿပီး အိပ္ယာေပၚတန္းတက္သြားသည္။
ကုတင္တစ္ဖက္ျခမ္းမွာ ေကြးေနေအာင္အိပ္ေနတာေလးကိုၾကည့္ၿပီး ခ်န္ေယာလ္က အိပ္ပဲခ်ရေတာ့မလို၊ ထိုင္ပဲၾကည့္ေနရေတာ့မလို ျဖစ္ရသည္။ တစ္ခန္းတည္းေနဖူးေပမဲ့ အခုက တစ္ကုတင္တည္းတူတူဆိုေသာ အသိက ရင္ခုန္တာလိုလို ဘာလိုလိုပဲ။ ခ်န္ေယာလ္ဘက္က သာမန္ထက္ပိုၿပီး ခံစားေနရသူဆိုေတာ့ ဒီအေျခအေနက တကယ္ကို စိတ္လႈပ္ရွားစရာေကာင္းပါသည္။ ဘာမွ မသိတဲ့ ကေလးေလးကေတာ့ တရႉးရႉးနဲ႕အိပ္ေမာက်ေနၿပီျဖစ္သည္။ မနက္ေစာေစာထရဦးမည္ျဖစ္ေသာေၾကာင့္ ရင္ခုန္ စိတ္လႈပ္ရွားတာေတြ ေဘးဖယ္ကာ ေကာင္ေလးေဘးမွာ ဝင္လွဲခ်လိဳက္ေတာ့သည္။ ေစာင္ထူထူကို ႏွစ္ေယာက္လုံးေပၚ ေသခ်ာၿခဳံၿပီး ညအိပ္မီးေလးဖြင့္ကာ အိပ္ေပ်ာ္ရင္ႀကိဳးစားလိုက္သည္။
"အား"
"ဟင္ ေယာလ္ ဘာျဖစ္တာလဲ"
မ်က္စိေတြပြတ္ၿပီး အိပ္ခ်င္မူးတူးနဲ႕ ကုတင္ေပၚထိုင္ေနတဲ့ေကာင္ေလးက သူ႕ဘာသာ ဘာလုပ္လို႔ လုပ္မိမွန္းသိပုံမရဘူး။
ခ်န္ေယာလ္က နာသြားတဲ့ တင္ပါးကို ပြတ္ရင္း ၾကမ္းေပၚကေန ျပန္ထလာရသည္။
"ခ်ာတိတ္ ဘာလို႔ကန္တာလဲ"
"ကန္လိုက္မိတာလား ေဆာရီး ေယာလ္
ကြၽန္ေတာ္က အိပ္ရင္ ၾကမ္းလို႔ ေဘးကလူကို ထိတတ္တယ္
အဲ့ဒါေၾကာင့္ ေျပာသားပဲ အိပ္ယာတူတူအိပ္ရမွာ အားနာပါတယ္ဆို
အခုကစၿပီး သတိထားၿပီးအိပ္ပါ့မယ္ မနက္က် ႏွိုးလိုက္ေနာ္"
အိပ္ခ်င္မူးတူးနဲ႕ ဗလုံးဗေထြးေတြေျပာၿပီး ေစာင္ထဲျပန္တိုးဝင္သြားေတာ့သည္။
ခ်န္ေယာလ္မွာ ကုတင္ေပၚပဲ တက္ရေတာ့မလို၊ ေအာက္မွာပဲ ဆက္အိပ္ရေတာ့မလို ေဝခြဲရခက္ေနၿပီးေနာက္ အခန္းထဲက ခုံတန္းရွည္ေလးေပၚမွာသာ အိပ္လိုက္ေတာ့သည္။
Hiking မလုပ္ခင္ ခႏၶာကိုယ္ဘယ္ေနရာကိုမွ ထိခိုက္ခံလို႔မရပါ။ ခ်ာတိတ္ေလးနဲ႕ ေနာက္တစ္ႀကိမ္ တစ္ကုတင္ထဲအိပ္ဖို႔ဆို ေတာ္ေတာ္စဥ္းစားရပါဦးမည္။
Update ေလး ေနာက္က် သြားတယ္ 😁
ေစာင့္ၿပီးဖတ္ေပး၊ vote,comment ေပးသူတိုင္းကို ခ်စ္ပါတယ္ေနာ္