ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.8.22

2.5K 446 61
By devil61002

" ျမန္ျမန္ !! ျမန္ျမန္!! အႀကီးအကဲေတြကို အေၾကာင္းၾကားရမယ္ ..."

" ဝိညာဉ္နတ္ဆိုး အဆင့္ မိစၧာတစ္ေကာင္ေပၚလာၿပီ ဆိုတာ ဂိုဏ္းေတြကို သတိ‌ေပးရမယ္ "

ေလဟာနယ္တစ္ခုတြင္းသို႔ က်ေရာက္သြားရာမွ အခုတင္ေလးျပန္ထြက္လာသၫ့္ ေလာ့ကြၽင္းက ရုတ္ရုတ္သဲသဲ အျဖစ္အပ်က္မ်ားေၾကာင့္ ေၾကာင္အသြားသည္ ။

လူတိုင္း ဒဏ္ရာကိုယ္စီ ရိွေနၾကၿပီး မ်က္ဝန္းထဲတြင္ ျဖစ္ေပၚေနသၫ့္ ေၾကာက္လန႔္မႈအား မဖံုးကြယ္ထားႏိုင္ၾကေပ ။ ေလာ့ကြၽင္းက ေျခေထာက္ဒဏ္ရာ ရထားသၫ့္ လူတစ္ေယာက္အား တားဆီးလိုက္ကာ လက္ေမာင္းကို ကိုင္လိုက္သည္။

" ငါ့ကို မသတ္ပါနဲ႔.. ငါ့ကို မသတ္ပါနဲ႔ " ‌ေလာ့ကြၽင္း လက္ထဲက်ေရာက္သြားသၫ့္ လူက ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ လက္ႏွစ္ဖက္ကို ခါယမ္းလ်က္ ေအာ္ဟစ္ေတာ့သည္ ။

" ဘာေတြ ျဖစ္ေနၾကတာလဲ .. ဒီဒဏ္ရာေတြက ဘယ္သူလုပ္တာလဲ .." ေလာ့ကြၽင္းက ခပ္ဆတ္ဆတ္အသံျဖင့္ ေငါက္လိုက္သည္ ။

" နတ္ဘုရားကမ္းပါးမွာ ဝိညာဉ္နတ္ဆိုး အဆင့္ မိစၧာက်င့္ႀကံသူပၚလာတယ္ .. " နတ္ဘုရားကမ္းပါးဆိုသၫ့္ နာမည္ေၾကာင့္ ေလာ့ကြၽင္း ေၾကာင္အသြားစဉ္ ထိုလူက ေလာ့ကြၽင္းလက္ထဲမွ ရုန္းထြက္ကာ ထြက္ေျပးသြားေတာ့သည္ ။

" နတ္ဘုရားကမ္းပါး .. နတ္ဘုရားကမ္းပါး " ေလာ့ကြၽင္းက ေျမပံုအား အလ်င္အျမန္ ထုတ္ၾကၫ့္လိုက္ရာ ဟန္အာ ေပးခဲ့သၫ့္ ပ်က္သုန္းျခင္းအျမစ္ တည္ေနရာနဲ႔ တူညီေနသည္ကို ေတြ့လိုက္ရသည္။  " ရွီရႈံး .. အဲ့ေနရာကိုမ်ား သြားလိုက္ရင္ ဘယ္လိုလုပ္မလဲ .."

ခ်န္းယန္၏ မ်က္လံုးမ်ားသည္ အေၾကာင္းအရင္းမသိ ျပန္ေကာင္းေနျပီ ျဖစ္ကာ ပ်က္သုန္းျခင္း အျမစ္က မလိုေတာ့‌ေခ် ။ သို႔ေသာ္ ခ်န္းယန္က ထိုေနရာသို႔ သြားလ်ွင္ေရာ .. ။ ေသခ်ာေပါက္ နတ္ဆိုးက်င့္ႀကံသူနဲ႔ ေတြ့ေပလိမ့္မည္ ။ ဝိညာဉ္နတ္ဆိုးအဆင့္က အျမဳေတဝိညာဉ္အဆင့္ က်င့္ႀကံသူတစ္ေယာက္ ယွဉ္ႏိုင္သၫ့္ အရာမဟုတ္ေပ ။

နတ္ဘုရားကမ္းပါးသို႔ သြားရာ လမ္းေလ်ွာက္တြင္ အေလာင္းမ်ားစြာကို ေတြ့ခဲ့ရကာ ေလာ့ကြၽင္းက ရင္တထိတ္ထိတ္ျဖင့္ ေရ႔ွဆက္တိုးခဲ့ရသည္ ။ အသတ္ခံရသူမ်ားသည္ ဝိညာဉ္စုပ္ယူခံထားရကာ ေနာက္ဘဝသို႔ ကူး‌ဖို႔ပင္ အခြင့္အေရး မရၾကေပ ။ ရက္စက္လြန္းလွသည္ ..

အေလာင္းမ်ားသည္ ခပ္စိတ္စိတ္ျဖစ္လာကာ ေလာ့ကြၽင္းက အေလာင္းမ်ားအား စိုးရိမ္စိတ္ျဖင့္ စစ္ေဆးၾကၫ့္ေနရသည္။ သူက ဒီေလာက္ စိတ္ပင္ပန္းမႈမ်ိဳးကို မခံစားခဲ့ရဖူး‌ေပ ။ မေတာ္လို႔ ရင္းႏွီးေနသၫ့္ ထိုသူ၏ မ်က္ႏွာက အေလာင္းပံုၾကားထဲတြင္ ရိွေနခဲ့လ်ွင္ဆိုသၫ့္ စိတ္က သူ႔ အားအင္အားလံုးအား စုပ္ယူခံလိုက္ရသလိုပင္ ။

ကမ္းပါးသည္ အခုအခ်ိန္တြင္ ၿပိဳပ်က္ေနၿပီျဖစ္ကာ အေမွာင္စြမ္းအင္မ်ားကို မေတြ့ရသလို နတ္ဘုရား အရိွန္အဝါမ်ားမွာလည္း မရိွခဲ့ေပ ။

" ရွီရႈံး !! ရွီရႈံး !! မင္း ဒီမွာ ရိွေနလား .." ေလာ့ကြၽင္းက ေအာ္ေခၚေနရင္း ေျခလွမ္းမ်ားက အေလာင္းမ်ားစြာကို ေက်ာ္ျဖတ္ေနခဲ့သည္ ။ သူ႔ေျခလွမ္းမ်ားက ခပ္လွမ္းလွမ္းမွ ေက်ာေပးထားသၫ့္ ျဖဴလြလြ ပံုရိပ္အား ေတြ့လိုက္ရသၫ့္ အခ်ိန္တြင္ စိတ္ကို ဒံုးဒံုးခ်လိုက္ေတာ့သည္ ။ သူက သက္ျပင္းအရွည္ႀကီးခ်ရင္း ေပါ့ေပါ့ပါးပါးၿပံဳးလိုက္ကာ " ရွီရႈံး .. ကြၽန္ေတာ္က ‌ဟင္းလင္းျပင္တစ္ခုထဲ ျပဳတ္က်သြားလို႔ .. အဆက္အသြယ္ ျပတ္သြားတာ .. "

" ထြက္လာေတာ့ ‌လူတိုင္းက နတ္ဘုရားကမ္းပါးမွာ နတ္ဆိုးက်င့္ႀကံသူ တစ္ေယာက္ ေပၚလာတယ္ဆိုၿပီး ေျပာေနၾကတယ္.. " ေလာ့ကြၽင္းက စိတ္လႈပ္ရွားလြန္းသြား၍ထင္ စကားမ်ား အဆက္မျပတ္ေျပာေနမိသည္ ။ " ရွီရွံး .. ဒီေနရာက အႏၲရယ္ရိွတယ္ .. ျပန္ရေအာင္ေလ .."

ေလာ့ကြၽင္းက ပံုရိပ္နဲ႔ ဆယ္လွမ္းေလာက္သာ ကြာေဝးသၫ့္ အခ်ိန္တြင္ လက္တစ္ဖက္က သူ႔အား တားဆီးလိုက္သည္ ။

" မသြားနဲ႔ .. မင္းရွီရႈံးက နတ္ဆိုးတစ္ေကာင္ ျဖစ္သြားၿပီ .." မို႔ေယာင္က ေသေနသၫ့္ လူမ်ားအား ေဝ႔ွဝဲျပလိုက္ၿပီး " ၾကၫ့္ .. သူ သတ္ထားတဲ့ လူေတြ .."

ေလာ့ကြၽင္း မို႔ေယာင္၏ လက္အား တြန္းထုတ္လိုက္ကာ ေအးစက္စြာ ေျပာလိုက္သည္ ။ " အဓိပၸာယ္မရိွလိုက္တာ .. "

" ေကာင္းၿပီ.. ဒါဆို မင္းသြားၾကၫ့္ .. သူမင္းကို မွတ္မိမလား မမွတ္မိဘူးလား ၾကၫ့္ရေအာင္ " မို႔ေယာင္၏ ႏူတ္ခမ္းမ်ားက ခပ္ေဖ်ာ့ေဖ်ာ့ တြန႔္သြားသည္ကို ေလာ့ကြၽင္းက မျမင္လိုက္ရေပ ။ ' ဟမ့္..မင္းတို႔ႏွစ္ေယာက္သာ .. ရန္သူျဖစ္ရင္ ငါအတြက္ အေကာင္းဆံုးဘဲ .. ‌'

‌မို႔‌ေယာင္က ေနာက္အနည္းငယ္ဆုတ္လာ သေကၤတအစီအရင္တခ်ိဳ႕ ေရးဆြဲလိုက္ကာ ခ်န္းယန္ ထံသို႔ ပို႔လြတ္လိုက္ကာ အမိန႔္သံျဖင့္ ေျပာလိုက္သည္ ။ " တိုက္ခိုက္စမ္း !! "

ခ်န္းယန္၏ ခႏၶာကိုယ္က ေလာ့ကြၽင္းဘက္သို႔ ျဖည္းျဖည္းခ်င္း လွၫ့္လာခဲ့သည္ ။ အျဖဴေရာင္ဝတ္ရံုက ယခုအခ်ိန္တြင္ ေသြးမ်ား ရြဲနစ္ေနၿပီး မ်က္ဝန္းမ်ားသည္ ေရေသအလား တည္ၿငိမ္ေနသည္။  နဖူးက အနက္ေရာင္အမွတ္အသားက ေလာ့ကြၽင္း၏ မ်က္ဝန္းမ်ားကို ျပဴးက်ယ္သြားေစခဲ့သည္ ။

" ရွီရႈံး!!"

မို႔ေယာင္က အေနာက္သို႔ ခပ္ျဖည္းျဖည္းဆုတ္ရင္း ေအာင္ႏိုင္သူ အၿပံဳးျဖင့္ ၿပံဳးလိုက္သည္ ။ ' ဟမ့္ .. ေနာက္ဆံုးမွာ အႏိုင္ရသူက အက်ယ္ဆံုး ရယ္ႏိုင္တဲ့ သူဘဲ .. မင္းတို႔ ႏွစ္ေယာက္ကို အခ်င္းခ်င္း သတ္ျဖတ္ခိုင္းတာက ငါ့ရဲ့ အႀကီးက်ယ္ဆံုး ေအာင္ျမင္မႈဘဲ ..'

" ခ်န္းယန္.. ခ်န္းယန္.. မင္း သတိဝင္လာတဲ့အခ်ိန္ မင္းလက္ေပၚမွာ မင္းခ်စ္ရသူရဲ့ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္ ရိွေနမယ္ဆိုရင္ .. ဘယ္လို ခံစားရမလဲ အရမ္းစိတ္ဝင္စားေနၿပီ.." မို႔ေယာင္၏ ႏူတ္ခမ္းမ်ား ျမင့္တက္သြားသည္ ။ ခ်န္းယန္သည္ အေမွာင္စြမ္းအင္မ်ား စုပ္ယူသြားကာ ဝိညာဉ္နတ္ဆိုးအဆင့္သို႔ တက္သြားျခင္းေၾကာင့္ သူက အလြန္ေသာက ေရာက္ခဲ့ရသည္ ။ ကံေကာင္းလွစြာ သူရထားတဲ့ ရတနာတစ္ခုက အေမွာင္စြမ္းအင္ပိုင္ဆိုင္သူကို ထိန္းခ်ဳပ္ႏိုင္စြမ္းရိွေနသည္ ။ ခ်န္းယန္အေပၚတြင္ တစ္ေခါက္သာ အသံုးျပဳႏိုင္ေသာ္လည္း ထိုတစ္‌ေခါက္က လံုေလာက္ေနၿပီ ျဖစ္သည္ ။

ေလာ့ကြၽင္းက သူ႔အား ဓားျဖင့္ခ်ိန္လာသၫ့္ သူေၾကာင့္ ႏွလံုးသားက မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္သြားသည္ ။ ' ရွီရႈံးက သတိမရေသးဘူး .. ရွီရႈံးက အသိစိတ္ေပ်ာက္ေနလို႔ .. မဟုတ္ရင္ ရွီရႈံးက ငါ့ကို ဘယ္ေတာ့မွ ဒီလို လုပ္မွာ မဟုတ္ဘူး '

တဖက္တြင္ ခ်န္းယန္က အေတာ္ေလး စိတ္တည္ၿငိမ္ေနသည္ ။ သူ႔ ခႏၶာကိုယ္သည္ သူ႔စိတ္အတိုင္း လိုက္မလုပ္ေပ အေၾကာင္းအရင္းက မို႔ေယာင္၏ ရတနာလို႔‌ေခၚသၫ့္အစုတ္အပဲ့ေၾကာင့္ မဟုတ္ေပ ။ အဓိကစနစ္က အရင္ကႏွစ္ႀကိမ္က်ရႈံးၿပီးေနာက္တြင္ အခ်ိန္‌ေတာ္‌ေတာ္ယူခဲ့ၿပီး သူ႔အေပၚသို႔ ေနာက္ထပ္ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ျခင္း ။

"" အခ်ိန္ဘယ္ေလာက္ က်န္ေသးလဲ "" ခ်န္းယန္၏ စိတ္စြမ္းအင္သည္ ခႏၶာကိုယ္တြင္း ပိတ္မိေနခဲ့ကာ အျပင္တြင္ ဘာျဖစ္ေနသလဲ မသိရေပ ။

/ ေနာက္ထပ္ ႏွစ္မိနစ္ဆို ခ်ိတ္ပိတ္ျခင္း ပ်က္ျပယ္ပါၿပီ / ေရွာင္ထ်န္းက အခ်ိန္ျပသၫ့္ ဂဏန္းမ်ား စခရင္ထက္တြင္ ေဖာ္ျပလ်က္ ေျပာလိုက္သည္ ။

အျပင္ဘက္တြင္ ‌ခ်န္းယန္၏ တိုက္ခိုက္မႈမ်ားက ေလာ့ကြၽင္းထံသို႔ က်ဆင္းလာသည္ ။ ႏွစ္မိနစ္ဆိုသည္က ဘယ္ေလာက္မွ မၾကာေသာ္လည္း က်င့္ႀကံသူမ်ား တိုက္ပြဲသည္ တခ်ိဳ႕ လနဲ႔ခ်ီၾကာသလို စကၠန႔္‌ပိုင္းေလာက္ျဖင့္ၿပီးဆံုးသြားသၫ့္ တိုက္ပြဲ  မ်ားစြာလဲ ရိွေနဆဲ ။

ေလာ့ကြၽင္းသည္ ခ်န္းယန္၏ တိုက္ခိုက္မႈမ်ားကို ခုခံရံုသာ ခုခံေနၿပီး ျပန္တိုက္ခိုက္မၫ့္ ပံုေပၚမေနခဲ့ေပ ။ သူ႔ ႏူတ္ခမ္းမ်ားက လႈပ္ရွားေနကာ ခ်န္းယန္ သတိဝင္လာေစရန္ အဆက္မျပတ္ လႈံ႔ေဆာ္ေနခဲ့သည္ ။

___________
သာသာ .. အပ်င္းအိုး လုပ္ခ်င္ေနျပန္ၿပီ . 😗

comment ေတြ ေတာင္ reply ရေသးဘူး .. 🥺❤️

ခ်စ္တယ္ေနာ္....* Yang Ge ကို ေျပာတာ😌 *
________________________
Unicode

" မြန်မြန် !! မြန်မြန်!! အကြီးအကဲတွေကို အကြောင်းကြားရမယ် ..."

" ဝိညာဉ်နတ်ဆိုး အဆင့် မိစၧာတစ်ကောင်ပေါ်လာပြီ ဆိုတာ ဂိုဏ်းတွေကို သတိ‌ပေးရမယ် "

လေဟာနယ်တစ်ခုတွင်းသို့ ကျရောက်သွားရာမှ အခုတင်လေးပြန်ထွက်လာသည့် လော့ကျွင်းက ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကြောင့် ကြောင်အသွားသည် ။

လူတိုင်း ဒဏ်ရာကိုယ်စီ ရှိနေကြပြီး မျက်ဝန်းထဲတွင် ဖြစ်ပေါ်နေသည့် ကြောက်လန့်မှုအား မဖုံးကွယ်ထားနိုင်ကြပေ ။ လော့ကျွင်းက ခြေထောက်ဒဏ်ရာ ရထားသည့် လူတစ်ယောက်အား တားဆီးလိုက်ကာ လက်မောင်းကို ကိုင်လိုက်သည်။

" ငါ့ကို မသတ်ပါနဲ့.. ငါ့ကို မသတ်ပါနဲ့ " ‌လော့ကျွင်း လက်ထဲကျရောက်သွားသည့် လူက ကြောက်ကြောက်လန့်လန့်ဖြင့် လက်နှစ်ဖက်ကို ခါယမ်းလျက် အော်ဟစ်တော့သည် ။

" ဘာတွေ ဖြစ်နေကြတာလဲ .. ဒီဒဏ်ရာတွေက ဘယ်သူလုပ်တာလဲ .." လော့ကျွင်းက ခပ်ဆတ်ဆတ်အသံဖြင့် ငေါက်လိုက်သည် ။

" နတ်ဘုရားကမ်းပါးမှာ ဝိညာဉ်နတ်ဆိုး အဆင့် မိစၧာကျင့်ကြံသူပါ်လာတယ် .. " နတ်ဘုရားကမ်းပါးဆိုသည့် နာမည်ကြောင့် လော့ကျွင်း ကြောင်အသွားစဉ် ထိုလူက လော့ကျွင်းလက်ထဲမှ ရုန်းထွက်ကာ ထွက်ပြေးသွားတော့သည် ။

" နတ်ဘုရားကမ်းပါး .. နတ်ဘုရားကမ်းပါး " လော့ကျွင်းက မြေပုံအား အလျင်အမြန် ထုတ်ကြည့်လိုက်ရာ ဟန်အာ ပေးခဲ့သည့် ပျက်သုန်းခြင်းအမြစ် တည်နေရာနဲ့ တူညီနေသည်ကို တွေ့လိုက်ရသည်။  " ရှီရှုံး .. အဲ့နေရာကိုများ သွားလိုက်ရင် ဘယ်လိုလုပ်မလဲ .."

ချန်းယန်၏ မျက်လုံးများသည် အကြောင်းအရင်းမသိ ပြန်ကောင်းနေပြီ ဖြစ်ကာ ပျက်သုန်းခြင်း အမြစ်က မလိုတော့‌ချေ ။ သို့သော် ချန်းယန်က ထိုနေရာသို့ သွားလျှင်ရော .. ။ သေချာပေါက် နတ်ဆိုးကျင့်ကြံသူနဲ့ တွေ့ပေလိမ့်မည် ။ ဝိညာဉ်နတ်ဆိုးအဆင့်က အမြုတေဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ယှဉ်နိုင်သည့် အရာမဟုတ်ပေ ။

နတ်ဘုရားကမ်းပါးသို့ သွားရာ လမ်းလျှောက်တွင် အလောင်းများစွာကို တွေ့ခဲ့ရကာ လော့ကျွင်းက ရင်တထိတ်ထိတ်ဖြင့် ရှေ့ဆက်တိုးခဲ့ရသည် ။ အသတ်ခံရသူများသည် ဝိညာဉ်စုပ်ယူခံထားရကာ နောက်ဘဝသို့ ကူး‌ဖို့ပင် အခွင့်အရေး မရကြပေ ။ ရက်စက်လွန်းလှသည် ..

အလောင်းများသည် ခပ်စိတ်စိတ်ဖြစ်လာကာ လော့ကျွင်းက အလောင်းများအား စိုးရိမ်စိတ်ဖြင့် စစ်ဆေးကြည့်နေရသည်။ သူက ဒီလောက် စိတ်ပင်ပန်းမှုမျိုးကို မခံစားခဲ့ရဖူး‌ပေ ။ မတော်လို့ ရင်းနှီးနေသည့် ထိုသူ၏ မျက်နှာက အလောင်းပုံကြားထဲတွင် ရှိနေခဲ့လျှင်ဆိုသည့် စိတ်က သူ့ အားအင်အားလုံးအား စုပ်ယူခံလိုက်ရသလိုပင် ။

ကမ်းပါးသည် အခုအချိန်တွင် ပြိုပျက်နေပြီဖြစ်ကာ အမှောင်စွမ်းအင်များကို မတွေ့ရသလို နတ်ဘုရား အရှိန်အဝါများမှာလည်း မရှိခဲ့ပေ ။

" ရှီရှုံး !! ရှီရှုံး !! မင်း ဒီမှာ ရှိနေလား .." လော့ကျွင်းက အော်ခေါ်နေရင်း ခြေလှမ်းများက အလောင်းများစွာကို ကျော်ဖြတ်နေခဲ့သည် ။ သူ့ခြေလှမ်းများက ခပ်လှမ်းလှမ်းမှ ကျောပေးထားသည့် ဖြူလွလွ ပုံရိပ်အား တွေ့လိုက်ရသည့် အချိန်တွင် စိတ်ကို ဒုံးဒုံးချလိုက်တော့သည် ။ သူက သက်ပြင်းအရှည်ကြီးချရင်း ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ " ရှီရှုံး .. ကျွန်တော်က ‌ဟင်းလင်းပြင်တစ်ခုထဲ ပြုတ်ကျသွားလို့ .. အဆက်အသွယ် ပြတ်သွားတာ .. "

" ထွက်လာတော့ ‌လူတိုင်းက နတ်ဘုရားကမ်းပါးမှာ နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ပေါ်လာတယ်ဆိုပြီး ပြောနေကြတယ်.. " လော့ကျွင်းက စိတ်လှုပ်ရှားလွန်းသွား၍ထင် စကားများ အဆက်မပြတ်ပြောနေမိသည် ။ " ရှီရှံး .. ဒီနေရာက အန္တရယ်ရှိတယ် .. ပြန်ရအောင်လေ .."

လော့ကျွင်းက ပုံရိပ်နဲ့ ဆယ်လှမ်းလောက်သာ ကွာဝေးသည့် အချိန်တွင် လက်တစ်ဖက်က သူ့အား တားဆီးလိုက်သည် ။

" မသွားနဲ့ .. မင်းရှီရှုံးက နတ်ဆိုးတစ်ကောင် ဖြစ်သွားပြီ .." မို့ယောင်က သေနေသည့် လူများအား ဝှေ့ဝဲပြလိုက်ပြီး " ကြည့် .. သူ သတ်ထားတဲ့ လူတွေ .."

လော့ကျွင်း မို့ယောင်၏ လက်အား တွန်းထုတ်လိုက်ကာ အေးစက်စွာ ပြောလိုက်သည် ။ " အဓိပ္ပာယ်မရှိလိုက်တာ .. "

" ကောင်းပြီ.. ဒါဆို မင်းသွားကြည့် .. သူမင်းကို မှတ်မိမလား မမှတ်မိဘူးလား ကြည့်ရအောင် " မို့ယောင်၏ နူတ်ခမ်းများက ခပ်ဖျော့ဖျော့ တွန့်သွားသည်ကို လော့ကျွင်းက မမြင်လိုက်ရပေ ။ ' ဟမ့်..မင်းတို့နှစ်ယောက်သာ .. ရန်သူဖြစ်ရင် ငါအတွက် အကောင်းဆုံးဘဲ .. ‌'

‌မို့‌ယောင်က နောက်အနည်းငယ်ဆုတ်လာ သငေ်္ကတအစီအရင်တချို့ ရေးဆွဲလိုက်ကာ ချန်းယန် ထံသို့ ပို့လွတ်လိုက်ကာ အမိန့်သံဖြင့် ပြောလိုက်သည် ။ " တိုက်ခိုက်စမ်း !! "

ချန်းယန်၏ ခန္ဓာကိုယ်က လော့ကျွင်းဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာခဲ့သည် ။ အဖြူရောင်ဝတ်ရုံက ယခုအချိန်တွင် သွေးများ ရွဲနစ်နေပြီး မျက်ဝန်းများသည် ရေသေအလား တည်ငြိမ်နေသည်။  နဖူးက အနက်ရောင်အမှတ်အသားက လော့ကျွင်း၏ မျက်ဝန်းများကို ပြူးကျယ်သွားစေခဲ့သည် ။

" ရှီရှုံး!!"

မို့ယောင်က အနောက်သို့ ခပ်ဖြည်းဖြည်းဆုတ်ရင်း အောင်နိုင်သူ အပြုံးဖြင့် ပြုံးလိုက်သည် ။ ' ဟမ့် .. နောက်ဆုံးမှာ အနိုင်ရသူက အကျယ်ဆုံး ရယ်နိုင်တဲ့ သူဘဲ .. မင်းတို့ နှစ်ယောက်ကို အချင်းချင်း သတ်ဖြတ်ခိုင်းတာက ငါ့ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုဘဲ ..'

" ချန်းယန်.. ချန်းယန်.. မင်း သတိဝင်လာတဲ့အချိန် မင်းလက်ပေါ်မှာ မင်းချစ်ရသူရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ် ရှိနေမယ်ဆိုရင် .. ဘယ်လို ခံစားရမလဲ အရမ်းစိတ်ဝင်စားနေပြီ.." မို့ယောင်၏ နူတ်ခမ်းများ မြင့်တက်သွားသည် ။ ချန်းယန်သည် အမှောင်စွမ်းအင်များ စုပ်ယူသွားကာ ဝိညာဉ်နတ်ဆိုးအဆင့်သို့ တက်သွားခြင်းကြောင့် သူက အလွန်သောက ရောက်ခဲ့ရသည် ။ ကံကောင်းလှစွာ သူရထားတဲ့ ရတနာတစ်ခုက အမှောင်စွမ်းအင်ပိုင်ဆိုင်သူကို ထိန်းချုပ်နိုင်စွမ်းရှိနေသည် ။ ချန်းယန်အပေါ်တွင် တစ်ခေါက်သာ အသုံးပြုနိုင်သော်လည်း ထိုတစ်‌ခေါက်က လုံလောက်နေပြီ ဖြစ်သည် ။

လော့ကျွင်းက သူ့အား ဓားဖြင့်ချိန်လာသည့် သူကြောင့် နှလုံးသားက မခံမရပ်နိုင်လောက်အောင် နာကျင်သွားသည် ။ ' ရှီရှုံးက သတိမရသေးဘူး .. ရှီရှုံးက အသိစိတ်ပျောက်နေလို့ .. မဟုတ်ရင် ရှီရှုံးက ငါ့ကို ဘယ်တော့မှ ဒီလို လုပ်မှာ မဟုတ်ဘူး '

တဖက်တွင် ချန်းယန်က အတော်လေး စိတ်တည်ငြိမ်နေသည် ။ သူ့ ခန္ဓာကိုယ်သည် သူ့စိတ်အတိုင်း လိုက်မလုပ်ပေ အကြောင်းအရင်းက မို့ယောင်၏ ရတနာလို့‌ခေါ်သည့်အစုတ်အပဲ့ကြောင့် မဟုတ်ပေ ။ အဓိကစနစ်က အရင်ကနှစ်ကြိမ်ကျရှုံးပြီးနောက်တွင် အချိန်‌တော်‌တော်ယူခဲ့ပြီး သူ့အပေါ်သို့ နောက်ထပ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ။

"" အချိန်ဘယ်လောက် ကျန်သေးလဲ "" ချန်းယန်၏ စိတ်စွမ်းအင်သည် ခန္ဓာကိုယ်တွင်း ပိတ်မိနေခဲ့ကာ အပြင်တွင် ဘာဖြစ်နေသလဲ မသိရပေ ။

/ နောက်ထပ် နှစ်မိနစ်ဆို ချိတ်ပိတ်ခြင်း ပျက်ပြယ်ပါပြီ / ရှောင်ထျန်းက အချိန်ပြသည့် ဂဏန်းများ စခရင်ထက်တွင် ဖော်ပြလျက် ပြောလိုက်သည် ။

အပြင်ဘက်တွင် ‌ချန်းယန်၏ တိုက်ခိုက်မှုများက လော့ကျွင်းထံသို့ ကျဆင်းလာသည် ။ နှစ်မိနစ်ဆိုသည်က ဘယ်လောက်မှ မကြာသော်လည်း ကျင့်ကြံသူများ တိုက်ပွဲသည် တချို့ လနဲ့ချီကြာသလို စက္ကန့်‌ပိုင်းလောက်ဖြင့်ပြီးဆုံးသွားသည့် တိုက်ပွဲ  များစွာလဲ ရှိနေဆဲ ။

လော့ကျွင်းသည် ချန်းယန်၏ တိုက်ခိုက်မှုများကို ခုခံရုံသာ ခုခံနေပြီး ပြန်တိုက်ခိုက်မည့် ပုံပေါ်မနေခဲ့ပေ ။ သူ့ နူတ်ခမ်းများက လှုပ်ရှားနေကာ ချန်းယန် သတိဝင်လာစေရန် အဆက်မပြတ် လှုံ့ဆော်နေခဲ့သည် ။

___________
သာသာ .. အပျင်းအိုး လုပ်ချင်နေပြန်ပြီ . 😗

comment တွေ တောင် reply ရသေးဘူး .. 🥺❤️

ချစ်တယ်နော်....* Yang Ge ကို ပြောတာ😌 *
________________________

Continue Reading

You'll Also Like

519K 34.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
922K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...