( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 32 ]

30.2K 2.5K 14
By GeGeDiDimimi

[ သူကြီးသမက် ]

" ရိုး ထမင်းစားတော့မလား "

" ကိုယ်ဗိုက်မဆာသေးဘူး အရိပ်ဆာရင်စားနှင်လိုက်လေ ကိုယ်ရွာထဲခဏသွားလိုက်ဦးမယ် "

" ဘာကိစ္စလဲ !"

ညနေအင်းထဲကပြန်လာကတည်းကရွာထဲသွားဖို့ဖင်တစ်ကြွကြွဖြစ်နေတဲ့ရိုးကိုအရိပ်ကြည့်ကာမေးလိုက်သည်။

" မနက်ဖြန်လယ်ထဲပေါင်းနှုတ်ဖို့ပန်းဝါတို့အဖွဲ့ကိုသွားပြောမလို့ "

" အရိပ်လည်းလိုက်မယ် "

" ဟင် "

အရိပ်ပါရွာထဲလိုက်မယ်ဆိုတာကိုထိတ်လန့်သွားတဲ့ရိုးကိုကြည်ပြီး အရိပ်မယုံသလိုမေးလိုက်သည်။

" အဲဒါကဘာဖြစ်တာလဲ !"

အရိပ်ရဲ့အမေးကြောင့် ရိုးအမြန်ပြန်ဖြေလိုက်ရသည်။

" ဘာမှမဖြစ်ပါဘူး အရိပ်ကကိုယ်ဝန်ကြီးနဲ့ဆိုတော့ မလိုက်ပါနဲ့ ကိုယ်ပဲသွားပြောပြီးအမြန်ပြန်လာမယ် "

တကယ်တော့ ရိုးအောင်သက်တို့နဲ့သောက်ဖို့ချိန်းထားတာဖြစ်၏ အရိပ်လိုက်လာရင်သူအစီစဉ်လေးပျက်တော့မည်အရိပ်ကိုစကားအလှသုံးကာပြောလိုက်တော့။

" ‌ကိုယ်ဝန်ကြီးနဲ့မလို့ လမ်းလျှောက်ဖို့လိုတယ်လေ ဘာလိုအရိပ်လိုက်မှာကိုကြောက်နေတာလဲ အရက်သွားခိုးသောက်ပြန်မလို့လား !"

" ဟာ , မဟုတ်ပါဘူးဆို ကိုယ်တကယ်ပန်းဝါတို့ကို နှမ်းခင်းနဲ့ပဲခင်းတွေပေါင်းများနေလို့ နှုတ်ဖို့သွားငှားမလို့ "

ရိုးတစ်ယောက်အရိပ်ရဲ့မယုံကြည်ကာစစ်မေးနေမှုကိုအမြန်ဖြေရှင်းချက်ပေးရင်းနဲ့စိတ်ထဲကလဲ အရိပ်မလိုက်လာပါစေနဲ့လို့ ဆုတောင်းနေမိသည်။

" ဟေ့ , နွေလရိပ် "

" ဟော့ , မစောထွေးလာထိုင် ဒီမှာရေနွေးကြမ်းသောက်ဦး ဘယ်ကလှည့်ဝင်လာတာလဲ "

မစောထွေးတစ်ယောက်အထည်ထုပ်ကြီးကိုအရိပ်ထိုင်နေတဲ့ကွပ်ပျစ်ပေါ်ချလိုက်၍ နံဘေးမှာထိုင်လိုက်ပြီး လင်ဗန်းနဲ့ထည့်ထားတဲ့ရေနွေးခရားကိုယူကာဖန်ခွက်ထဲငှဲ့သောက်ရင်းကအရိပ်အမေးကိုဖြေလိုက်သည်။

" သင်္ကြန်ရောက်တော့မှာဆိုတော့ ရွာထဲအထည်သစ်လေးတွေလည်ရောင်းရင်းနဲ့ငရိုးနဲ့အရိပ်ကိုပါဝင်ရောင်းတာ "

မစောထွေးအဖြေကြောင့် ရိုးပျော်သွားမိ၏ သူတစ်ယောက်တည်းရွာထဲသွားလိုရပြီဖြစ်သည်။

" အရိပ် ကိုယ်သွားတော့မယ် "

" မြန်မြန်သွား မြန်မြန်ပြန်လာခဲ့ ထမင်းစားစောင့်နေမယ် အရက်ဝင်သောက်လာလို့ကတော့ အရိပ်အကြောင်း သိမယ်နော် ရိုး !"

" ကိုယ်မသောက်ပါဘူးဆိုကွာ !"

" ပြီးတာပဲ !"

" မစောထွေး သွားပြီနော် အရိပ်ကိုအထည်တွေဈေးတင်ရောင်းမနေနဲ့ဦး "

" အမလေးဟယ် , ငါ့အထည်တွေကတစ်ရာစားနှစ်ရာစားလေးတွေပဲရောင်းတာပါတော် "

" ဟား,ဟား , စတာပါ‌ဗျာ အရိပ်ကိုယ်သွားပြီနော် "

ရိုးတစ်ယောက်မစောထွေးကိုစနောက်ပြီး ရွာထဲထွက်သွားမှအရိပ်လည်းအဝတ်ထုပ်ကိုဖြေကြည့်လိုက်၍။

" ဘာတွေပါလဲ ပြပါဦးဗျ "

" ပုဆိုးရှပ်လက်တိုအကွက်‌တွေအရောင်စုံပါတယ် ဒါနဲ့ငရိုးကရွာထဲဘာသွားလုပ်တာလဲ "

မစောထွေးအမေးစကားကြောင့် အရိပ်လည်း အထည်တွေကြည်ရင်းပြန်ဖြေလိုက်သည်။

" ဟိုဘက်မိဘ ဒီဘက်မိဘတွေလက်ဖွဲ့ပေးထားကြတဲ့လယ်တွေလေ အရင်အဖေတို့တုန်းကရွာထဲကလူတွေကိုငှားစားကြတာ ရိုးနဲ့ကျွန်တော်ကတော့ သူများကိုမငှားတော့ပဲ လယ်တွေကိုကိုယ်တိုင်လုပ်ကြည့်မယ်ဆိုပြီးနှမ်းနဲ့မြေပဲတွေစိုက်ထားတာ အခုပေါင်းများနေလို့ ပန်းဝါတို့ကိုသွားပြောတာနှုတ်ဖို့ "

" အလိုလေးနွေလရိပ်တို့များစီးပွားရေးသောင်းကျန်းချက်တော် "

" သောင်းကျန်းရမယ်လေ အခုကရိုးနဲ့ကျွန်တော် နှစ်ယောက်တည်းမဟုတ်တော့ဘူး နောက်ထပ်စားပေါက်တစ်ခုကမကြာခင်တိုးလာတော့မှာ "

" အေး , အခုငါ့မြို့မှာကြားခဲ့တာနှမ်းဈေးကောင်းတယ်တဲ့ "

" ကျွန်တော်တို့သိမ်းပြီးရောင်းတဲ့အချိန်နှမ်းဈေးကောင်းနဲ့တွေ့ရင်တော့ ကံကောင်းတာပေါ့ မဟုတ်ရင်တော့မလွယ်ဘူး အခုတောင်အရင်းနှီးရယ်စိုက်တုန်းကလဲ လူငှားရတယ် အခုလဲပေါင်းနှုတ်ငှားရတယ် တော်တော်ကုန်နေပြီ ကိုယ်တိုင်လုပ်မယ်ဆိုတော့လည်း ရိုးကအင်းတစ်ဖက်နဲ့မလုပ်နိုင်ဘူး ကျွန်တော်လည်းဗိုက်နဲ့ "

" နင့်ဗိုက်မရှိလည်း ငရိုးကမလုပ်ခိုင်းလောက်ပါဘူး ဟယ် "

မစောထွေးအပြောကြောင့် အရိပ်ရယ်လိုက်မိသည်။ မစောထွေးစကားကအမှန်ပဲဖြစ်၏ အရိပ်ဗိုက်မရှိလည်းရိုးဆိုသည်မှာအရိပ်ကိုခိုင်းမယ်လူမဟုတ်။

" ဒီနှစ်ထည်ယူမယ် "

" အင်္ကျီနှစ်ထည်ပဲလား နင့်အတွက်ရော "

" ကျွန်တော်ကဗိုက်ပူပူနဲ့ဘယ်ဟာသွားဝတ်ရမှာလဲ ဟိုရက်ကမကွေးမှာဗိုက်ဆေးခန်းသွားပြရင်းနဲ့တီရှပ်အပွဆိုဒ်ကြီးကြီးငါးထည်ဝယ်လာတယ် ရပြီ "

" အေး , ငရိုးအတွက် ပုဆိုးတွေမယူတော့ဘူးလား "

" တော်ပြီ ဟိုတစ်ခေါက်မစောထွေးဆီကဝယ်ထားတဲ့ ပုဆိုးသုံးကွင်းလုံးဝတ်တောင်မဝတ်ရသေးဘူး "

" ငါး‌လလောက်တောင်ရှိပြီ ငရိုးမဝတ်ဘူးလား "

" သူမဝတ်တာမဟုတ်ဘူး ကျွန်တော်မဝတ်ခိုင်းတာ ဘယ်မှသွားစရာမှမရှိတာ အင်းထဲနဲ့အိမ်ပဲကို ပုဆိုးအဟောင်းတွေပဲဝတ်ခိုင်းထားတာ မဟုတ်ရင် ရိုးကစည်းကမ်းမရှိဘူး "

" အမလေးဟယ် , ငရိုးဘဝသနားစရာ အိမ်ထောင်ကျမှအဝတ်ကောင်းကောင်းမဝတ်ရပါလား "

မစောထွေးအပြောစကားကြောင့် အရိပ်အော်ရယ်လိုက်မိသည်။

" ဟား,ဟား , "

" မစောထွေး မောင်ငရိုးကလူပျိုဘဝကတော်တော် သက်သက်ရပ်ရပ်နေတာကို ကျွန်တော်နဲ့ရမှလူရုပ်ပေါက်လာတာကို လူပျိုဘဝကများအချိန်ပြည့် အားကစားဘောင်းဘီဒူးတိုအနက်ရောင်ကို အောက်ခံဝတ်ပြီးပုဆိုးကွင်းကိုစလွယ်သိုင်း အရက်လေးသမြမြနဲ့မူးရူးရွာထဲကနာရေးအိမ်တဲ့ဆိုရင်ကူလုပ်တာကနည်းနည်းဖဲဝိုင်းထိုင်တာကများများ , ဟွန်း "

ဗိုက်လေးပူပူနဲ့ဖွထားတဲ့အထည်တွေကိုပြန်ကူခေါက်သိမ်းပေးရင်းနဲ့ယောကျ်ားလုပ်သူအတင်းတုတ်နေတဲ့အရိပ်ကိုကြည့်၍ စောထွေးတစ်ယောက်ရယ်လိုက်မိသည်။

" ဦးလေး ရော "

" မရှိဘူးလေ ဆယ်ရက်တရားစခန်းတဲ့ ဒီနေ့ည‌နေကပဲဝင်သွားတယ်သင်္ကြန်ပြီးမှထွက်မှာ "

" နင့်တို့လင်လင်နှစ်ယောက်တည်းပေါ့ "

‌ယောကျ်ားမိန်းမယူထားတဲ့အတွဲကိုတော့ လင်မယားလိုသုံးနှုန်းကာ ရိုးနဲ့အရိပ်ကကောင်လေးနှစ်ဦးအိမ်ထောင်ကျထားတာမလို့ လင်လင်လိုသုံးကာစောထွေးမေးလိုက်တော့ အရိပ်ကရယ်၍ပြန်ဖြေလာသည်။

" အင်း , ခဏနေဦးနော် ကျွန်တော်အိမ်ထဲမှာ ပိုက်ဆံသွားယူလိုက်ဦးမယ် "

" အေး,အေး ဖြည်းဖြည်းထ "

ကွပ်ပျစ်ပေါ်ထိုင်နေရာကထလိုက်တဲ့ အရိပ်ကိုကြည့်ကာမစောထွေးကစိုးရိမ်စွာပြောလာသည်။

အရင်လိုပေါ့ပေါ့ပါးပါးသွားလာလို့ အဆင်မပြေတဲ့ အရိပ်မှာဗိုက်ကလေးပူလာတာနဲ့အမျှအထိုင်အထမှာလေးလံလာရသလို မခိုက်မိအောင်သတိပြုနေရသည်။

" ရော့ မစောထွေး "

" အေး , ငါ့သွားပြီနော် "

" အင်း , လမ်းမှာရိုးကိုတွေ့ရင်ပြောလိုက်ဦး မြန်မြန်ပြန်လာတဲ့လို့ "

" အေး,အေး , "

မစောထွေးပြန်သွားမှအရိပ်လည်းရိုးအတွက်ဝယ်ထားတဲ့ရှပ်ကွက်နှစ်ထည်ကိုသိမ်းရန်အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။

တဖြည်းဖြည်းနဲ့အချိန်ကခြောက်နာရီခွဲကျော်လာပေမဲ့ ညနေငါးနာရီကျော်ကတည်းကထွက်သွားတဲ့ ရိုးတစ်ယောက်ပြန်မလာသေး ဒီလောက်တစ်နာရီကျော်ကြာတဲ့အချိန်ထိတော့ ပန်းဝါတို့ကိုပေါင်းနှုတ်ငှားဖို့သွားပြောနေလို့ကြာတာမဖြစ်နိုင်တော့ သေချာတာတစ်ခုပဲရှိတော့သည်။

" အရက်ဆိုင်မှာတွေ့လိုကတော့ ငါ့အကြောင်းသိစေရမယ် !"

" တော်ပြီကွာ မထည့်နဲ့တော့ ငါ့အိမ်ပြန်တော့မယ် "

နောက်ဆုံးလက်ကျန်ခွက်ထဲကအရက်ကိုမော့သောက်လိုက်၍ ထပ်ငှဲ့ရန်ပြင်နေတဲ့အောင်သက်ကိုရိုးတားလိုက်သည်။

အိမ်ကထွက်လာတာကြာနေပြီမလို့ အခုလောက်ဆိုအရိပ်မျှော်နေတော့မှာဖြစ်၏ ထပ်သာသောက်နေမိလို့ အရိပ်လိုက်လာရင်မိသွားလို့ကတော့ ‌ရိုးရဲ့ အိမ်သူဗိုက်ပူလေးရဲ့ဒေါသနဲ့တွေ့ရလိမ့်မည် အရိပ်တစ်ယောက်ကိုယ်ဝန်ရှိလာမှပို၍ ဒေါသကြီးလာသည်။

ရိုးဆိုင်ထဲကအထွက်ကံဆိုးတယ်လို့ ခေါ်ရမလား ယောက္ခထီးလုပ်သူ သူကြီးကဆိုင်ရှေ့ကနေဖြတ်အလျှောက်ချိန်းထားရင်တောင်လွဲဦးမည် အခုတော့လုံးဝကွက်တိကြီးဖြစ်နေသည်။

" ထွီး , အရက်သမားကိုများယောကျ်ားလေးတန်မဲ့ကိုယ်ဝန်လွယ်ပေးလောက်ရတဲ့ထိမွေးထားမိတဲ့ ငါ့သားကိုပဲတွေးမိတိုင်းမွေးထုတ်ခဲ့မိတာနောင်တရတယ် !"

ပထမတော့ ရိုးကိုယ်ဘာသာရှောင်ထွက်သွားဖို့လုပ်ပေမဲ့ သူကြီးဆီကကြားလိုက်ရတဲ့ အရိပ်အပေါ်ကိုပြောဆိုလိုက်တဲ့စကားကြောင့် ဒေါသထွက်သွားမိသည်။ လူကလဲအရည်လေးဝင်ထားတော့ သွေးကရဲပြီးမဟုတ်မခံဇလေးကရှိနေသည်။

" ဒီမှာသူကြီး သူကြီးကလူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး ကိုယ်မွေးထုတ်ထားတဲ့ သားကိုမွေးမိလို့နောင်တရတယ်ဆိုတာမျိုးကို မပြောသင့်ဘူး !"

" ဘာကွ မင်းကဘာကောင်မလို့ ငါ့လာဆုံးမနေရတာလဲ အရက်သမားကများ !"

" ကျွန်တော်ကဆုံးမနေတာမဟုတ်ဘူး ကျွန်တော်ချစ်လို့လက်ထပ်ယူထားတဲ့ ကျွန်တော်ယောကျ်ားကိုမွေးမိလို့ နောင်တရတယ်ဆိုတဲ့စကားမျိုးမကြားချင်တာ !"

" ဘာကွ ငါ့မွေးထားတာယောကျ်ားလေးကွ အရမ်းချစ်ပြီး ငါ့အရမ်းမျှော်လင့်ချက်တွေထားခဲ့ရတဲ့ သားယောင်္ကျားလေးကမိန်းမယူကလေးမွေးရင် ငါ့ကဂုဏ်ယူမဆုံးဖြစ်နေမှာ အခုကယောကျ်ားယူသွားရုံမကဘူး ယောကျ်ားလေးတန်မဲ့ဗိုက်ကြီးတယ် ကလေးပါမွေးမယ်တဲ့ တောက် ရှက်ဖို့ကောင်းလိုက်တာ !"

" ဒီမှာသူကြီး အဖေတစ်ယောက်အနေနဲ့အရိပ်ကိုတကယ်ချစ်တယ်ဆိုရင် ဒါကိုလက်ခံပေးနိုင်ရမှာပဲ ဘယ်အဖေမှကိုယ်သားသမီးကကိုယ်ဝန်ကြီးနဲ့ကိုဆွဲမထိုးဘူး !"

ရိုးတစ်ယောက်ပြောရင်ဒေါသထွက်လာမိသည်။ အရိပ်ကိုယ်ဝန်ရှိစချိန်ကသူကြီးကိုသွားပြောပြစဉ် လက်ခံမပေးဘဲ အရိပ်ကိုရိုးရှေ့မှာတင်ထိုးလိုက်တဲ့ အဖြစ်ပျက်ကိုမျက်လုံးထဲပြန်မြင်ယောင်လာမိတိုင်းမနေ့တစ်နေ့ကလို ရိုးဒေါသထွက်လာမိသည်။

ဘယ်ယောကျ်ားမှကိုယ်နဲ့လက်ထပ်ထားတဲ့အိမ်ထောင်ဘက်ကိုကိုယ်ထိလက်ရောက်နာကျင်အောင်လုပ်တာမျိုးကိုကြိုက်မှမဟုတ် အဲနေရာမှာ မိဘဖြစ်နေရင်တောင်ရိုးအနေနဲ့ကတော့ အရိပ်ကိုထိလာရင်ဘယ်သူကိုမှမကြိုက် မိဘဆိုတာဆိုင်ပဲဆိုင်တော့တာမပိုင်တော့ဘူး သားသမီးကိုဆုံးမချင်ရင်ပါးစပ်နဲ့ပဲဆုံးမပိုင်ခွင့်ရှိသည်။

" ရိုးမာန်ဂုဏ် !"

" ဟင် "

ရုတ်တရက်ကြီးကြားလိုက်ရတဲ့ အရိပ်အသံကြောင့် ရိုးမှတော့နွေခေါင်ခေါင်ကြီးမိုးကြိုးပစ်ချခံလိုက်ရသလို ခန္ဓာကိုယ်လေးတုန်သွား၍ ထိတ်လန့်သွားကာမူးနေတဲ့အရှိန်လေးပါပြေသွားရသည်။

" အရိပ်လေး ဘယ်လိုရောက် "?

" ဘယ်လိုရောက်ရမှာလဲ ခြေထောက်နဲ့ရောက်လာတာပေါ့ အရက်သမားကောင်ရဲ့ !"

အရိပ်မှာလိုက်လာမိလို့သာတော်သေး၏ လိုက်များမလာခဲ့မိရင်အဖေနဲ့ရိုးတစ်ယောက်နဲ့တစ်ယောက်ထိုးပွဲတွေများဖြစ်နေကြမလားမသိ ရိုးအရက်ဆိုင်ရောက်နေပြီနေမှာဆိုတဲ့အတွေးနဲ့လိုက်လာခဲ့ချိန် တွေ့လိုက်ရတာကတစ်ယောက်တစ်ခွန်းအပြန်အလှန်အကြီးကျယ်စကားများနေကြတဲ့သမက်နဲ့ယောက္ခထီးတို့နှစ်ယောက်သည်။ ပတ်ဝန်းကျင်ကိုရှက်ရကောင်းမှန်းလည်းသတိမရကြဘူးထင်မိ၏ ကြည့်နေကြတဲ့လူတွေကိုအရိပ်ရှက်ရှက်နဲ့လျစ်လျူရှုလိုက်ကာရိုးနဲ့အဖေကြားဝင်တားလိုက်သည်။

" ရိုး ! တော်တော့ !"

" အဖေ , သားတောင်းပန်ပါတယ် "

ဦးနွေအောင်မှာရိုးမာန်ဂုဏ်ဆိုတဲ့ကောင်ကိုဒေါသထွက်နေမိပေမဲ့ ‌ဗိုက်ကြီးကြီးနဲ့သူတို့နှစ်ကြားဝင်ရပ်ကာမျက်နှာငယ်လေးနဲ့တောင်းပန်လာတဲ့သားလုပ်သူကြောင့် ဘာမှမပြောတော့ပဲမျက်နှာထားတင်းတင်းနဲ့ပဲလှည့်ထွက်လာခဲ့လိုက်သည်။

" အဟင့် "

" အရိပ်လေး ဘာလို့ငိုတာလဲကွာ "

အဖေလှည့်ထွက်သွားတော့ အရိပ်ပတ်ဝန်းကျင်ကိုဒီရန်ပွဲကြောင့် ရှက်စိတ်ဝမ်းနည်းစိတ်တွေမထိန်းထားနိုင်တော့ပဲငိုမိတော့မှရိုးတစ်ယောက်ပျာယာခတ်စွာအရိပ်ကိုစိုးရိမ်ပြီးချော့လာသည်။

" ဖယ်စမ်း ! မင်းငါ့အသားလာမထိနဲ့ !"

" အရိပ် "

တကယ်ပဲစိတ်ဆိုးသွားတဲ့အရိပ်က ရိုးကိုမင်းနဲ့ငါ့ပြောလာတော့သည်။ အိမ်ပြန်လမ်းတစ်လျောက်ရိုးလည်းအရိပ်နံဘေးကနေတစ်လမ်းလုံးချော့နေပေမဲ့ အရိပ်ကတော့အကြီးအကျယ်အိမ်ရောက်တဲ့ထိငိုနေတာမရပ်တော့ ရိုးမှာလည်းဗိုက်ကြီးကြီးနဲ့ငိုနေတဲ့အရိပ်အငိုတိတ်ရန်နောက်ဆုံးတော့ မာနကိုခဝါချကာယောက္ခထီးကိုဒူးထောက်တောင်းပန်ဆိုလည်း အရိပ်အငိုတိတ်ရန်တောင်းပန်ဖို့တွေးလိုက်သည်။

" အရိပ် မငိုပါနဲ့တော့ကွာ  ကိုယ်မှားပါတယ် မနက်ဖြန်ကျရင် ကိုယ်တို့အရိပ်အဖေနဲ့အမေကို သင်္ကြန်အကြိုသွားကန်တော့ရင်းနဲ့အရိပ်ဖေဖေကျေနပ်တဲ့အထိကိုယ်ပြန်တောင်းပန်ပါမယ်နော် "

" တကယ်ပြောတာလား "

" တကယ်ပါ ကိုယ်မလိမ်ပါဘူး ဒါကြောင့်မငိုနဲ့တော့နော် "

အရိပ်ပါးပေါ်ကမျက်ရည်တွေကိုကြင်နာစွာသုတ်ပေးလိုက်ပြီးနောက် အရိပ်ရဲ့မျက်ရည်တွေနဲ့စိုနေတဲ့မျက်ဝန်လေးကိုနမ်းလိုက်ချိန်အရိပ်ကမျက်လုံး‌မှိတ်ကြသွားသည်။

" ဘာလုပ်တာလဲ !"

" နမ်းလိုက်တာလေ နောက်တစ်ခါကိုယ်အရိပ်ဖေဖေနဲ့တွေ့ရင်ပြိုင်ပြီးစကားမများတော့ဘူးနော် ဒါကြောင့်နောက်ထပ်မငိုပါနဲ့အရိပ်လေး "

" အဲဒါ , မင်းအပေါ်မူတည်တယ် "

" ဟုတ်ပါပြီ , ကိုယ်ဆင်ခြင်ပါမယ်နော် "

" ဗိုက်ဆာပြီ !"

" ဟုတ်ကဲ့ပါဗျ  ဒီယောကျ်ားအခုပြင်လိုက်ပါမယ် "

ထို့နောက် ... ရိုးတစ်ယောက်ညစာပြင်ရန်မီးဖိုတဲလေးထဲအပြေးဝင်လာ၍ အရိပ်နဲ့သူစားဖို့ထမင်းဟင်းတွေခူးကာအမြန်ပြင်လိုက်သည်။

" ကိုယ်ဗိုက်ပူလေးရေ စားလိုရပါပြီ,ခင်ဗျာ "

< 30 , 11 , 2021 >

[ သူႀကီးသမက္ ]

" ရိုး ထမင္းစားေတာ့မလား "

" ကိုယ္ဗိုက္မဆာေသးဘူး အရိပ္ဆာရင္စားႏွင္လိုက္ေလ ကိုယ္႐ြာထဲခဏသြားလိုက္ဦးမယ္ "

" ဘာကိစၥလဲ !"

ညေနအင္းထဲကျပန္လာကတည္းက႐ြာထဲသြားဖို႔ဖင္တစ္ႂကြႂကြျဖစ္ေနတဲ့ရိုးကိုအရိပ္ၾကည့္ကာေမးလိုက္သည္။

" မနက္ျဖန္လယ္ထဲေပါင္းႏႈတ္ဖို႔ပန္းဝါတို႔အဖြဲ႕ကိုသြားေျပာမလို႔ "

" အရိပ္လည္းလိုက္မယ္ "

" ဟင္ "

အရိပ္ပါ႐ြာထဲလိုက္မယ္ဆိုတာကိုထိတ္လန႔္သြားတဲ့ရိုးကိုၾကည္ၿပီး အရိပ္မယုံသလိုေမးလိုက္သည္။

" အဲဒါကဘာျဖစ္တာလဲ !"

အရိပ္ရဲ႕အေမးေၾကာင့္ ရိုးအျမန္ျပန္ေျဖလိုက္ရသည္။

" ဘာမွမျဖစ္ပါဘူး အရိပ္ကကိုယ္ဝန္ႀကီးနဲ႕ဆိုေတာ့ မလိုက္ပါနဲ႕ ကိုယ္ပဲသြားေျပာၿပီးအျမန္ျပန္လာမယ္ "

တကယ္ေတာ့ ရိုးေအာင္သက္တို႔နဲ႕ေသာက္ဖို႔ခ်ိန္းထားတာျဖစ္၏ အရိပ္လိုက္လာရင္သူအစီစဥ္ေလးပ်က္ေတာ့မည္အရိပ္ကိုစကားအလွသုံးကာေျပာလိုက္ေတာ့။

" ‌ကိုယ္ဝန္ႀကီးနဲ႕မလို႔ လမ္းေလွ်ာက္ဖို႔လိုတယ္ေလ ဘာလိုအရိပ္လိုက္မွာကိုေၾကာက္ေနတာလဲ အရက္သြားခိုးေသာက္ျပန္မလို႔လား !"

" ဟာ , မဟုတ္ပါဘူးဆို ကိုယ္တကယ္ပန္းဝါတို႔ကို ႏွမ္းခင္းနဲ႕ပဲခင္းေတြေပါင္းမ်ားေနလို႔ ႏႈတ္ဖို႔သြားငွားမလို႔ "

ရိုးတစ္ေယာက္အရိပ္ရဲ႕မယုံၾကည္ကာစစ္ေမးေနမႈကိုအျမန္ေျဖရွင္းခ်က္ေပးရင္းနဲ႕စိတ္ထဲကလဲ အရိပ္မလိုက္လာပါေစနဲ႕လို႔ ဆုေတာင္းေနမိသည္။

" ေဟ့ , ေႏြလရိပ္ "

" ေဟာ့ , မေစာေထြးလာထိုင္ ဒီမွာေရေႏြးၾကမ္းေသာက္ဦး ဘယ္ကလွည့္ဝင္လာတာလဲ "

မေစာေထြးတစ္ေယာက္အထည္ထုပ္ႀကီးကိုအရိပ္ထိုင္ေနတဲ့ကြပ္ပ်စ္ေပၚခ်လိဳက္၍ နံေဘးမွာထိုင္လိုက္ၿပီး လင္ဗန္းနဲ႕ထည့္ထားတဲ့ေရေႏြးခရားကိုယူကာဖန္ခြက္ထဲငွဲ႕ေသာက္ရင္းကအရိပ္အေမးကိုေျဖလိုက္သည္။

" သၾကၤန္ေရာက္ေတာ့မွာဆိုေတာ့ ႐ြာထဲအထည္သစ္ေလးေတြလည္ေရာင္းရင္းနဲ႕ငရိုးနဲ႕အရိပ္ကိုပါဝင္ေရာင္းတာ "

မေစာေထြးအေျဖေၾကာင့္ ရိုးေပ်ာ္သြားမိ၏ သူတစ္ေယာက္တည္း႐ြာထဲသြားလိုရၿပီျဖစ္သည္။

" အရိပ္ ကိုယ္သြားေတာ့မယ္ "

" ျမန္ျမန္သြား ျမန္ျမန္ျပန္လာခဲ့ ထမင္းစားေစာင့္ေနမယ္ အရက္ဝင္ေသာက္လာလို႔ကေတာ့ အရိပ္အေၾကာင္း သိမယ္ေနာ္ ရိုး !"

" ကိုယ္မေသာက္ပါဘူးဆိုကြာ !"

" ၿပီးတာပဲ !"

" မေစာေထြး သြားၿပီေနာ္ အရိပ္ကိုအထည္ေတြေဈးတင္ေရာင္းမေနနဲ႕ဦး "

" အမေလးဟယ္ , ငါ့အထည္ေတြကတစ္ရာစားႏွစ္ရာစားေလးေတြပဲေရာင္းတာပါေတာ္ "

" ဟား,ဟား , စတာပါ‌ဗ်ာ အရိပ္ကိုယ္သြားၿပီေနာ္ "

ရိုးတစ္ေယာက္မေစာေထြးကိုစေနာက္ၿပီး ႐ြာထဲထြက္သြားမွအရိပ္လည္းအဝတ္ထုပ္ကိုေျဖၾကည့္လိုက္၍။

" ဘာေတြပါလဲ ျပပါဦးဗ် "

" ပုဆိုးရွပ္လက္တိုအကြက္‌ေတြအေရာင္စုံပါတယ္ ဒါနဲ႕ငရိုးက႐ြာထဲဘာသြားလုပ္တာလဲ "

မေစာေထြးအေမးစကားေၾကာင့္ အရိပ္လည္း အထည္ေတြၾကည္ရင္းျပန္ေျဖလိုက္သည္။

" ဟိုဘက္မိဘ ဒီဘက္မိဘေတြလက္ဖြဲ႕ေပးထားၾကတဲ့လယ္ေတြေလ အရင္အေဖတို႔တုန္းက႐ြာထဲကလူေတြကိုငွားစားၾကတာ ရိုးနဲ႕ကြၽန္ေတာ္ကေတာ့ သူမ်ားကိုမငွားေတာ့ပဲ လယ္ေတြကိုကိုယ္တိုင္လုပ္ၾကည့္မယ္ဆိုၿပီးႏွမ္းနဲ႕ေျမပဲေတြစိုက္ထားတာ အခုေပါင္းမ်ားေနလို႔ ပန္းဝါတို႔ကိုသြားေျပာတာႏႈတ္ဖို႔ "

" အလိုေလးေႏြလရိပ္တို႔မ်ားစီးပြားေရးေသာင္းက်န္းခ်က္ေတာ္ "

" ေသာင္းက်န္းရမယ္ေလ အခုကရိုးနဲ႕ကြၽန္ေတာ္ ႏွစ္ေယာက္တည္းမဟုတ္ေတာ့ဘူး ေနာက္ထပ္စားေပါက္တစ္ခုကမၾကာခင္တိုးလာေတာ့မွာ "

" ေအး , အခုငါ့ၿမိဳ႕မွာၾကားခဲ့တာႏွမ္းေဈးေကာင္းတယ္တဲ့ "

" ကြၽန္ေတာ္တို႔သိမ္းၿပီးေရာင္းတဲ့အခ်ိန္ႏွမ္းေဈးေကာင္းနဲ႕ေတြ႕ရင္ေတာ့ ကံေကာင္းတာေပါ့ မဟုတ္ရင္ေတာ့မလြယ္ဘူး အခုေတာင္အရင္းႏွီးရယ္စိုက္တုန္းကလဲ လူငွားရတယ္ အခုလဲေပါင္းႏႈတ္ငွားရတယ္ ေတာ္ေတာ္ကုန္ေနၿပီ ကိုယ္တိုင္လုပ္မယ္ဆိုေတာ့လည္း ရိုးကအင္းတစ္ဖက္နဲ႕မလုပ္နိုင္ဘူး ကြၽန္ေတာ္လည္းဗိုက္နဲ႕ "

" နင့္ဗိုက္မရွိလည္း ငရိုးကမလုပ္ခိုင္းေလာက္ပါဘူး ဟယ္ "

မေစာေထြးအေျပာေၾကာင့္ အရိပ္ရယ္လိုက္မိသည္။ မေစာေထြးစကားကအမွန္ပဲျဖစ္၏ အရိပ္ဗိုက္မရွိလည္းရိုးဆိုသည္မွာအရိပ္ကိုခိုင္းမယ္လူမဟုတ္။

" ဒီႏွစ္ထည္ယူမယ္ "

" အကၤ်ီႏွစ္ထည္ပဲလား နင့္အတြက္ေရာ "

" ကြၽန္ေတာ္ကဗိုက္ပူပူနဲ႕ဘယ္ဟာသြားဝတ္ရမွာလဲ ဟိုရက္ကမေကြးမွာဗိုက္ေဆးခန္းသြားျပရင္းနဲ႕တီရွပ္အပြဆိုဒ္ႀကီးႀကီးငါးထည္ဝယ္လာတယ္ ရၿပီ "

" ေအး , ငရိုးအတြက္ ပုဆိုးေတြမယူေတာ့ဘူးလား "

" ေတာ္ၿပီ ဟိုတစ္ေခါက္မေစာေထြးဆီကဝယ္ထားတဲ့ ပုဆိုးသုံးကြင္းလုံးဝတ္ေတာင္မဝတ္ရေသးဘူး "

" ငါး‌လေလာက္ေတာင္ရွိၿပီ ငရိုးမဝတ္ဘူးလား "

" သူမဝတ္တာမဟုတ္ဘူး ကြၽန္ေတာ္မဝတ္ခိုင္းတာ ဘယ္မွသြားစရာမွမရွိတာ အင္းထဲနဲ႕အိမ္ပဲကို ပုဆိုးအေဟာင္းေတြပဲဝတ္ခိုင္းထားတာ မဟုတ္ရင္ ရိုးကစည္းကမ္းမရွိဘူး "

" အမေလးဟယ္ , ငရိုးဘဝသနားစရာ အိမ္ေထာင္က်မွအဝတ္ေကာင္းေကာင္းမဝတ္ရပါလား "

မေစာေထြးအေျပာစကားေၾကာင့္ အရိပ္ေအာ္ရယ္လိုက္မိသည္။

" ဟား,ဟား , "

" မေစာေထြး ေမာင္ငရိုးကလူပ်ိဳဘဝကေတာ္ေတာ္ သက္သက္ရပ္ရပ္ေနတာကို ကြၽန္ေတာ္နဲ႕ရမွလူ႐ုပ္ေပါက္လာတာကို လူပ်ိဳဘဝကမ်ားအခ်ိန္ျပည့္ အားကစားေဘာင္းဘီဒူးတိုအနက္ေရာင္ကို ေအာက္ခံဝတ္ၿပီးပုဆိုးကြင္းကိုစလြယ္သိုင္း အရက္ေလးသျမျမနဲ႕မူး႐ူး႐ြာထဲကနာေရးအိမ္တဲ့ဆိုရင္ကူလုပ္တာကနည္းနည္းဖဲဝိုင္းထိုင္တာကမ်ားမ်ား , ဟြန္း "

ဗိုက္ေလးပူပူနဲ႕ဖြထားတဲ့အထည္ေတြကိုျပန္ကူေခါက္သိမ္းေပးရင္းနဲ႕ေယာက်္ားလုပ္သူအတင္းတုတ္ေနတဲ့အရိပ္ကိုၾကည့္၍ ေစာေထြးတစ္ေယာက္ရယ္လိုက္မိသည္။

" ဦးေလး ေရာ "

" မရွိဘူးေလ ဆယ္ရက္တရားစခန္းတဲ့ ဒီေန႕ည‌ေနကပဲဝင္သြားတယ္သၾကၤန္ၿပီးမွထြက္မွာ "

" နင့္တို႔လင္လင္ႏွစ္ေယာက္တည္းေပါ့ "

‌ေယာက်္ားမိန္းမယူထားတဲ့အတြဲကိုေတာ့ လင္မယားလိုသုံးႏႈန္းကာ ရိုးနဲ႕အရိပ္ကေကာင္ေလးႏွစ္ဦးအိမ္ေထာင္က်ထားတာမလို႔ လင္လင္လိုသုံးကာေစာေထြးေမးလိုက္ေတာ့ အရိပ္ကရယ္၍ျပန္ေျဖလာသည္။

" အင္း , ခဏေနဦးေနာ္ ကြၽန္ေတာ္အိမ္ထဲမွာ ပိုက္ဆံသြားယူလိုက္ဦးမယ္ "

" ေအး,ေအး ျဖည္းျဖည္းထ "

ကြပ္ပ်စ္ေပၚထိုင္ေနရာကထလိုက္တဲ့ အရိပ္ကိုၾကည့္ကာမေစာေထြးကစိုးရိမ္စြာေျပာလာသည္။

အရင္လိုေပါ့ေပါ့ပါးပါးသြားလာလို႔ အဆင္မေျပတဲ့ အရိပ္မွာဗိုက္ကေလးပူလာတာနဲ႕အမွ်အထိုင္အထမွာေလးလံလာရသလို မခိုက္မိေအာင္သတိျပဳေနရသည္။

" ေရာ့ မေစာေထြး "

" ေအး , ငါ့သြားၿပီေနာ္ "

" အင္း , လမ္းမွာရိုးကိုေတြ႕ရင္ေျပာလိုက္ဦး ျမန္ျမန္ျပန္လာတဲ့လို႔ "

" ေအး,ေအး , "

မေစာေထြးျပန္သြားမွအရိပ္လည္းရိုးအတြက္ဝယ္ထားတဲ့ရွပ္ကြက္ႏွစ္ထည္ကိုသိမ္းရန္အိမ္ထဲျပန္ဝင္လာခဲ့လိုက္သည္။

တျဖည္းျဖည္းနဲ႕အခ်ိန္ကေျခာက္နာရီခြဲေက်ာ္လာေပမဲ့ ညေနငါးနာရီေက်ာ္ကတည္းကထြက္သြားတဲ့ ရိုးတစ္ေယာက္ျပန္မလာေသး ဒီေလာက္တစ္နာရီေက်ာ္ၾကာတဲ့အခ်ိန္ထိေတာ့ ပန္းဝါတို႔ကိုေပါင္းႏႈတ္ငွားဖို႔သြားေျပာေနလို႔ၾကာတာမျဖစ္နိုင္ေတာ့ ေသခ်ာတာတစ္ခုပဲရွိေတာ့သည္။

" အရက္ဆိုင္မွာေတြ႕လိုကေတာ့ ငါ့အေၾကာင္းသိေစရမယ္ !"

" ေတာ္ၿပီကြာ မထည့္နဲ႕ေတာ့ ငါ့အိမ္ျပန္ေတာ့မယ္ "

ေနာက္ဆုံးလက္က်န္ခြက္ထဲကအရက္ကိုေမာ့ေသာက္လိုက္၍ ထပ္ငွဲ႕ရန္ျပင္ေနတဲ့ေအာင္သက္ကိုရိုးတားလိုက္သည္။

အိမ္ကထြက္လာတာၾကာေနၿပီမလို႔ အခုေလာက္ဆိုအရိပ္ေမွ်ာ္ေနေတာ့မွာျဖစ္၏ ထပ္သာေသာက္ေနမိလို႔ အရိပ္လိုက္လာရင္မိသြားလို႔ကေတာ့ ‌ရိုးရဲ႕ အိမ္သူဗိုက္ပူေလးရဲ႕ေဒါသနဲ႕ေတြ႕ရလိမ့္မည္ အရိပ္တစ္ေယာက္ကိုယ္ဝန္ရွိလာမွပို၍ ေဒါသႀကီးလာသည္။

ရိုးဆိုင္ထဲကအထြက္ကံဆိုးတယ္လို႔ ေခၚရမလား ေယာကၡထီးလုပ္သူ သူႀကီးကဆိုင္ေရွ႕ကေနျဖတ္အေလွ်ာက္ခ်ိန္းထားရင္ေတာင္လြဲဦးမည္ အခုေတာ့လုံးဝကြက္တိႀကီးျဖစ္ေနသည္။

" ထြီး , အရက္သမားကိုမ်ားေယာက်္ားေလးတန္မဲ့ကိုယ္ဝန္လြယ္ေပးေလာက္ရတဲ့ထိေမြးထားမိတဲ့ ငါ့သားကိုပဲေတြးမိတိုင္းေမြးထုတ္ခဲ့မိတာေနာင္တရတယ္ !"

ပထမေတာ့ ရိုးကိုယ္ဘာသာေရွာင္ထြက္သြားဖို႔လုပ္ေပမဲ့ သူႀကီးဆီကၾကားလိုက္ရတဲ့ အရိပ္အေပၚကိုေျပာဆိုလိုက္တဲ့စကားေၾကာင့္ ေဒါသထြက္သြားမိသည္။ လူကလဲအရည္ေလးဝင္ထားေတာ့ ေသြးကရဲၿပီးမဟုတ္မခံဇေလးကရွိေနသည္။

" ဒီမွာသူႀကီး သူႀကီးကလူႀကီးလူေကာင္းတစ္ေယာက္ျဖစ္ၿပီး ကိုယ္ေမြးထုတ္ထားတဲ့ သားကိုေမြးမိလို႔ေနာင္တရတယ္ဆိုတာမ်ိဳးကို မေျပာသင့္ဘူး !"

" ဘာကြ မင္းကဘာေကာင္မလို႔ ငါ့လာဆုံးမေနရတာလဲ အရက္သမားကမ်ား !"

" ကြၽန္ေတာ္ကဆုံးမေနတာမဟုတ္ဘူး ကြၽန္ေတာ္ခ်စ္လို႔လက္ထပ္ယူထားတဲ့ ကြၽန္ေတာ္ေယာက်္ားကိုေမြးမိလို႔ ေနာင္တရတယ္ဆိုတဲ့စကားမ်ိဳးမၾကားခ်င္တာ !"

" ဘာကြ ငါ့ေမြးထားတာေယာက်္ားေလးကြ အရမ္းခ်စ္ၿပီး ငါ့အရမ္းေမွ်ာ္လင့္ခ်က္ေတြထားခဲ့ရတဲ့ သားေယာကၤ်ားေလးကမိန္းမယူကေလးေမြးရင္ ငါ့ကဂုဏ္ယူမဆုံးျဖစ္ေနမွာ အခုကေယာက်္ားယူသြား႐ုံမကဘူး ေယာက်္ားေလးတန္မဲ့ဗိုက္ႀကီးတယ္ ကေလးပါေမြးမယ္တဲ့ ေတာက္ ရွက္ဖို႔ေကာင္းလိုက္တာ !"

" ဒီမွာသူႀကီး အေဖတစ္ေယာက္အေနနဲ႕အရိပ္ကိုတကယ္ခ်စ္တယ္ဆိုရင္ ဒါကိုလက္ခံေပးနိုင္ရမွာပဲ ဘယ္အေဖမွကိုယ္သားသမီးကကိုယ္ဝန္ႀကီးနဲ႕ကိုဆြဲမထိုးဘူး !"

ရိုးတစ္ေယာက္ေျပာရင္ေဒါသထြက္လာမိသည္။ အရိပ္ကိုယ္ဝန္ရွိစခ်ိန္ကသူႀကီးကိုသြားေျပာျပစဥ္ လက္ခံမေပးဘဲ အရိပ္ကိုရိုးေရွ႕မွာတင္ထိုးလိုက္တဲ့ အျဖစ္ပ်က္ကိုမ်က္လုံးထဲျပန္ျမင္ေယာင္လာမိတိုင္းမေန႕တစ္ေန႕ကလို ရိုးေဒါသထြက္လာမိသည္။

ဘယ္ေယာက်္ားမွကိုယ္နဲ႕လက္ထပ္ထားတဲ့အိမ္ေထာင္ဘက္ကိုကိုယ္ထိလက္ေရာက္နာက်င္ေအာင္လုပ္တာမ်ိဳးကိုႀကိဳက္မွမဟုတ္ အဲေနရာမွာ မိဘျဖစ္ေနရင္ေတာင္ရိုးအေနနဲ႕ကေတာ့ အရိပ္ကိုထိလာရင္ဘယ္သူကိုမွမႀကိဳက္ မိဘဆိုတာဆိုင္ပဲဆိုင္ေတာ့တာမပိုင္ေတာ့ဘူး သားသမီးကိုဆုံးမခ်င္ရင္ပါးစပ္နဲ႕ပဲဆုံးမပိုင္ခြင့္ရွိသည္။

" ရိုးမာန္ဂုဏ္ !"

" ဟင္ "

႐ုတ္တရက္ႀကီးၾကားလိုက္ရတဲ့ အရိပ္အသံေၾကာင့္ ရိုးမွေတာ့ေႏြေခါင္ေခါင္ႀကီးမိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခႏၶာကိုယ္ေလးတုန္သြား၍ ထိတ္လန႔္သြားကာမူးေနတဲ့အရွိန္ေလးပါေျပသြားရသည္။

" အရိပ္ေလး ဘယ္လိုေရာက္ "?

" ဘယ္လိုေရာက္ရမွာလဲ ေျခေထာက္နဲ႕ေရာက္လာတာေပါ့ အရက္သမားေကာင္ရဲ႕ !"

အရိပ္မွာလိုက္လာမိလို႔သာေတာ္ေသး၏ လိုက္မ်ားမလာခဲ့မိရင္အေဖနဲ႕ရိုးတစ္ေယာက္နဲ႕တစ္ေယာက္ထိုးပြဲေတြမ်ားျဖစ္ေနၾကမလားမသိ ရိုးအရက္ဆိုင္ေရာက္ေနၿပီေနမွာဆိုတဲ့အေတြးနဲ႕လိုက္လာခဲ့ခ်ိန္ ေတြ႕လိုက္ရတာကတစ္ေယာက္တစ္ခြန္းအျပန္အလွန္အႀကီးက်ယ္စကားမ်ားေနၾကတဲ့သမက္နဲ႕ေယာကၡထီးတို႔ႏွစ္ေယာက္သည္။ ပတ္ဝန္းက်င္ကိုရွက္ရေကာင္းမွန္းလည္းသတိမရၾကဘူးထင္မိ၏ ၾကည့္ေနၾကတဲ့လူေတြကိုအရိပ္ရွက္ရွက္နဲ႕လ်စ္လ်ဴရႈလိုက္ကာရိုးနဲ႕အေဖၾကားဝင္တားလိုက္သည္။

" ရိုး ! ေတာ္ေတာ့ !"

" အေဖ , သားေတာင္းပန္ပါတယ္ "

ဦးေႏြေအာင္မွာရိုးမာန္ဂုဏ္ဆိုတဲ့ေကာင္ကိုေဒါသထြက္ေနမိေပမဲ့ ‌ဗိုက္ႀကီးႀကီးနဲ႕သူတို႔ႏွစ္ၾကားဝင္ရပ္ကာမ်က္ႏွာငယ္ေလးနဲ႕ေတာင္းပန္လာတဲ့သားလုပ္သူေၾကာင့္ ဘာမွမေျပာေတာ့ပဲမ်က္ႏွာထားတင္းတင္းနဲ႕ပဲလွည့္ထြက္လာခဲ့လိုက္သည္။

" အဟင့္ "

" အရိပ္ေလး ဘာလို႔ငိုတာလဲကြာ "

အေဖလွည့္ထြက္သြားေတာ့ အရိပ္ပတ္ဝန္းက်င္ကိုဒီရန္ပြဲေၾကာင့္ ရွက္စိတ္ဝမ္းနည္းစိတ္ေတြမထိန္းထားနိုင္ေတာ့ပဲငိုမိေတာ့မွရိုးတစ္ေယာက္ပ်ာယာခတ္စြာအရိပ္ကိုစိုးရိမ္ၿပီးေခ်ာ့လာသည္။

" ဖယ္စမ္း ! မင္းငါ့အသားလာမထိနဲ႕ !"

" အရိပ္ "

တကယ္ပဲစိတ္ဆိုးသြားတဲ့အရိပ္က ရိုးကိုမင္းနဲ႕ငါ့ေျပာလာေတာ့သည္။ အိမ္ျပန္လမ္းတစ္ေလ်ာက္ရိုးလည္းအရိပ္နံေဘးကေနတစ္လမ္းလုံးေခ်ာ့ေနေပမဲ့ အရိပ္ကေတာ့အႀကီးအက်ယ္အိမ္ေရာက္တဲ့ထိငိုေနတာမရပ္ေတာ့ ရိုးမွာလည္းဗိုက္ႀကီးႀကီးနဲ႕ငိုေနတဲ့အရိပ္အငိုတိတ္ရန္ေနာက္ဆုံးေတာ့ မာနကိုခဝါခ်ကာေယာကၡထီးကိုဒူးေထာက္ေတာင္းပန္ဆိုလည္း အရိပ္အငိုတိတ္ရန္ေတာင္းပန္ဖို႔ေတြးလိုက္သည္။

" အရိပ္ မငိုပါနဲ႕ေတာ့ကြာ  ကိုယ္မွားပါတယ္ မနက္ျဖန္က်ရင္ ကိုယ္တို႔အရိပ္အေဖနဲ႕အေမကို သၾကၤန္အႀကိဳသြားကန္ေတာ့ရင္းနဲ႕အရိပ္ေဖေဖေက်နပ္တဲ့အထိကိုယ္ျပန္ေတာင္းပန္ပါမယ္ေနာ္ "

" တကယ္ေျပာတာလား "

" တကယ္ပါ ကိုယ္မလိမ္ပါဘူး ဒါေၾကာင့္မငိုနဲ႕ေတာ့ေနာ္ "

အရိပ္ပါးေပၚကမ်က္ရည္ေတြကိုၾကင္နာစြာသုတ္ေပးလိုက္ၿပီးေနာက္ အရိပ္ရဲ႕မ်က္ရည္ေတြနဲ႕စိုေနတဲ့မ်က္ဝန္ေလးကိုနမ္းလိုက္ခ်ိန္အရိပ္ကမ်က္လုံး‌မွိတ္ၾကသြားသည္။

" ဘာလုပ္တာလဲ !"

" နမ္းလိုက္တာေလ ေနာက္တစ္ခါကိုယ္အရိပ္ေဖေဖနဲ႕ေတြ႕ရင္ၿပိဳင္ၿပီးစကားမမ်ားေတာ့ဘူးေနာ္ ဒါေၾကာင့္ေနာက္ထပ္မငိုပါနဲ႕အရိပ္ေလး "

" အဲဒါ , မင္းအေပၚမူတည္တယ္ "

" ဟုတ္ပါၿပီ , ကိုယ္ဆင္ျခင္ပါမယ္ေနာ္ "

" ဗိုက္ဆာၿပီ !"

" ဟုတ္ကဲ့ပါဗ်  ဒီေယာက်္ားအခုျပင္လိုက္ပါမယ္ "

ထို႔ေနာက္ ... ရိုးတစ္ေယာက္ညစာျပင္ရန္မီးဖိုတဲေလးထဲအေျပးဝင္လာ၍ အရိပ္နဲ႕သူစားဖို႔ထမင္းဟင္းေတြခူးကာအျမန္ျပင္လိုက္သည္။

" ကိုယ္ဗိုက္ပူေလးေရ စားလိုရပါၿပီ,ခင္ဗ်ာ "

< 30 , 11 , 2021 >

Continue Reading

You'll Also Like

17.1K 2.7K 53
කිරුළ නොපලන් රජෙකුගෙ කතාව
134K 4.8K 49
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
532K 97.4K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.
28.1K 3.6K 20
" ඔව් ඉතින් තොට මං මොකක් හරි කිව්වම තමයි දහසක් හේතු මතක් වෙන්නෙ..!! " " දැන් මොකක්ද කියන්නෙ !? " " අන්න දැක්කනෙ..! මේ ටිකකට කලින් කිව්ව දේ දැන් මතක න...