~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...

By lka__thv

214K 20.4K 3.9K

...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင္လယ္ႀကီးနဲ႔တူတယ္... Start Date-3. 7. 2021 End Date-21. 10. 2021 More

အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း
heyyy
Extra 2
! BOOK!
Extra 3

Extra 1

6.7K 550 229
By lka__thv

Unicode

နေ့ရက်လေးဟာ သာယာလှပလို့နေသည်။ နေရောင်ခြည်နွေးနွေးရယ်၊ ခြံထဲကနှင်းဆီနီနီတွေရယ်၊ နှင်းဆီတွေကြားက အသက်၃၀အရွယ် လှပပျိုမျစ်ဆဲဖြစ်တဲ့ အဖြူရောင်လူသားတစ်ဦးရယ်....။ နှင်းဆီနီတွေကြားက အဖြူထည်လေးကတော့ ဂျီမင်းပင်ဖြစ်သည်။ နှင်းဆီခြံကြီးထဲ အားတိုင်းဆင်းနေတတ်တဲ့ဂျီမင်းက လမ်းသွားလမ်းလာတွေအတွက်တော့ ရှုမငြီးနိုင်တဲ့မြင်ကွင်းတစ်ခုလိုပင်ဖြစ်နေချေပြီ။

အနီရောင်နှင်းဆီခြံကြီးက ဂျီမင်းရဲ့ပြယုဂ်ပင်။ နှင်းဆီတွေနီရင် ဂျီမင်းပျော်တယ်။ သို့သော် ဂျီမင်းမှာ နှင်းဆီတွေထက်ပိုတွယ်တာရမယ့် လူတွေလည်းရှိနေသေးသည်။

"အစ်ကိုလေးရေ..ဟိုလေ ဂျောင်ဟိုလေးငိုနေလို့"

"ဟင်..."

ရင်နှစ်သည်းချာလေးငိုနေသည်ဟုကြားသောအခါ ဂျီမင်းသည် နှင်းဆီတွေကိုပင်ပြစ်ချထားခဲ့ကာ အိမ်ထဲသို့အလောတကြီးဝင်သွားတော့သည်။ အိမ်ထဲရောက်တော့ ကလေးက ကောင်မလေးတွေဝိုင်းချော့မြှူနေသည့်ကြားမှ အသည်းအသန်ကို အော်ငိုနေလေသည်။ ငိုနေရင်းမှ အိမ်ထဲဝင်လာတဲ့ဂျီမင်းကို မြင်သွားပုံရသည်။ ဂျီမင်းဆီသို့လက်ပိစိလေးတွေဆန့်ထုတ်ကာ ပိုအော်တော့သည်။

ဂျီမင်းလည်း ကောင်မလေးတွေဆီမှ ကလေးကိုလွှဲယူပြီး တင်ပါးလေးကိုပုတ်ကာ အငိုတိတ်ရန်စွမ်းဆောင်ရတော့သည်။

"သားရယ်..မငိုပါနဲ့ ပင်ပန်းပါတယ် ပါပါးကိုချစ်ရင် မငိုနဲ့နော် လိမ္မာတယ် မင်းဒယ်ဒီလည်းပြန်လာတော့မှာ သားငိုနေတာတွေ့ရင် ဒုတ်ဒုတ်နဲ့ရိုက်ခံရမှာနော်"

ဒယ်ဒီဆိုတဲ့အသံကြားချိန်မှာတော့ လောင်နေတဲ့မီးကို ရေနဲ့လှမ်းပက်လိုက်သလို ငိုနေတဲ့အသံကလည်းတိကနဲရပ်သွားလေသည်။ ဂျွန်ဂျောင်ကုနဲ့ ဂျွန်ဂျီမင်းတို့ရဲ့ ရတနာလေးဖြစ်တဲ့ ဂျွန်ဂျောင်ဟိုသည် ဂျီမင်းကိုခင်တွယ်ပြီးကပ်သလောက် ဂျောင်ကုကိုဆို တုန်နေအောင်ကိုကြောက်သည်။ ကြောက်ပေမယ့် မချစ်ဘူးလားဆိုတော့လည်းမဟုတ် စကားစပြောတတ်ကတည်းက ဒယ်ဒယ်ဆိုတဲ့နာမ်စားကိုပါးစပ်ဖျားကမချခဲ့ချေ။ ပါပါးဂျီမင်းက သဘောကောင်းပြီးအလိုလိုက်သောကြောင့် ပါပါးကိုဂျောင်ဟိုကအများကြီးချစ်သည်။ ဒယ်ဒီဂျောင်ကုကတော့ အလိုမလိုက်တဲ့အပြင်စည်းကမ်းတင်းကျပ်တာကြောင့် ဒယ်ဒီ့ကိုဂျောင်ဟိုကချစ်ပေမယ့် ကြောက်သည်။

"​ပြောပါဦး ပါပါးသားလေးကဘာလို့ငိုနေတာလဲ"

"ဟင့် ဗိုက်..ဗိုက်ဆာ"

"ဗိုက်ဆာရင်ပြောမှပေါ့ အခုလိုငိုနေရလား သားငိုတာကိုသားဒယ်ဒီကမကြိုက်တာ မသိတာလည်းမဟုတ်ပဲနဲ့"

"ဗိုက်ဆာတာကို ပါးကိုမတွေ့ရတော့ ဂျောင်ဂျောင်က ဝမ်းနည်း..နည်း"

"ဟား...သားလေးက ပါးကိုမတွေ့ရလို့ငိုတာပေါ့ အခုပါးရောက်ပါပြီ လာမုန့်မုန့်သွားစားရအောင်"

"ဒယ်ဒယ့်ဆီသွား..."

"ဟင် ဒယ်ဒီ့ဆီသွားချင်လို့လား"

"အင်း...လွမ်းနေတာ"

"ပါးတို့သွားကြတာပေါ့ ဒယ်ဒီ့ဆီရောက်မှ မုန့်စားကြမယ်နော်"

"ဟုတ်..ဟုတ်"

ဂျီမင်းသည် ကလေးကိုချီကာtaxiစီးပြီး ဂျောင်ကုရှိမည့် Jeonphoria သို့ထွက်လာခဲ့သည်။ ကုမ္ပဏီထဲသို့ဝင်လာသောအခါ ကလေးချီထားသောသူ့ကို အကုန်လုံးကပြုံးပြီးနှုတ်ဆက်ကြသည်။ ဒီမှာဂျောင်ဟိုလေးကိုမသိတဲ့သူမရှိသလို ဂျောင်ဟိုလေးကမသိတဲ့သူလည်းမရှိ။ ဂျောင်ကုရုံးခန်းရှေ့ရောက်တော့ ဂျီမင်းကအရင်ဆုံးတံခါးခေါက်ကာအသံပေးပြီးမှ ရုံးခန်းထဲဝင်လိုက်သည်။

အတွင်းရေးမှူးကို ပွစိပွစိနဲ့ဆူပူနေတဲ့ဂျောင်ကုက ဂျီမင်းကိုမြင်တော့ထိုင်ရာမှထကာ ပြေးလာပြီးကလေးကိုလွှဲယူလေသည်။

"ကိုကို ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"သားကမင်းကိုတွေ့ချင်လို့တဲ့"

"ဒယ်ဒယ်..ဗိုက်ဆာ.."

နှစ်ယောက်သားစကားပြောနေစဉ် ကလေးကသူ့လက်ပိစိလေးတွေနဲ့ဂျောင်ကုမျက်နှာကို လာကိုင်သည်။ ဂျောင်ကုက လက်သေးသေးလေးတွေကို သူ့လက်အကြီးကြီးတွေနဲ့ပြန်ချုပ်လိုက်ပြီး....

"ဘာမှ ဒယ်ဒယ်ဗိုက်ဆာမလုပ်နဲ့...လမ်းလျှောက်တတ်နေပြီဟာကို ဘာလို့ပါပါးကိုချီခိုင်းရတာလဲ ဂျွန်ဂျောင်ဟို"

ဂျောင်ကုကဆူတော့ ဂျောင်ဟိုလေးမျက်နှာမဲ့သွားပြီး ဂျီမင်းကိုလှမ်းကြည့်ကာ အသံတိတ်စစ်ကူတောင်းလေသည်။

"သားကိုမဆူပါနဲ့မောင်ရယ် ကြာတော့သားက မင်းကိုကြောက်လာပြီ"

"သားကမောင့်ကိုမကြောက်ပါဘူးဗျာ နော်...ဂျောင်ဟို ဒယ်ဒီ့ကိုချစ်တယ်မလား"

ဂျောင်ကုကဂျီမင်းစကားကိုခွန်းတုံ့ပြန်လိုက်ရင်း သားကိုပါတစ်ဆက်တည်းမေးလိုက်သည်။

"ဟုတ်..ချစ်"

"တွေ့လားချစ်တယ်တဲ့ ကဲ..မင်းပါပါးနဲ့ ဒယ်ဒီဆိုရင်ရော ဘယ်သူ့ကိုပိုချစ်လဲ"

"ဒယ်ဒယ့်ကိုပိုချစ်"

"ဟင် မနေ့ကပါပါးမေးတော့ ပါပါးကိုပိုချစ်တယ်ဆို"

ဂျီမင်းကနှုတ်ခမ်းလေးဆူကာမေးတော့ သားကလည်းပြုံးပြပြီးအဖြေပေးလေသည်။

"ဒယ်ဒယ်မေးရင် ဒယ်ဒယ့်ကိုပိုချစ်...ပါပါးမေးရင် ပါပါးကိုပိုချစ် ခစ်ခစ်.."

"ဒီလိုမရဘူးလေ အမှန်တိုင်းပြော ဘယ်သူ့ကိုပိုချစ်တာလဲ"

"တွင်းမူးကိုကို"

"ဟင်"

"တွင်းမူးကိုကိုလို့"

ဂျောင်ဟိုကတစ်နေရာရာကို လက်ညှိုးထိုးပြီး တွင်းမူးကိုကိုလို့ပဲပြောနေတာမို့ ဂျောင်ကုနဲ့ဂျီမင်းလည်း နားမလည်နိုင်စွာ လက်ညှိုးထိုးရာလိုက်ကြည့်လိုက်တော့ ဂျောင်ဟိုလေးလက်ညှိုးထိုးပြနေသူက ဂျောင်ကုရဲ့အတွင်းရေးမှူးလေး။ နောက်တစ်မျိုးပြောရရင် ဂျောင်ကုမူးနေချိန် ဂျီမင်းကိုဖုန်းဆက်ကာ လန်ကြုတ်ဇာတ်လမ်းတွေပြောပြီးကူညီပေးလိုက်တာ အောင်မြင်သွားလို့hawaiiကို ခွင့်သုံးလနဲ့ခရီးထွက်ပြီး ပြန်ရောက်လာတဲ့ အတွင်းရေးမှူးအလိမ္မာလေး။

ဂျောင်ဟိုလေးက သူ့မိဘတွေထက်စာရင် အတွင်းရေးမှူးကိုကိုနဲ့နေရချိန်ကပိုများသည်။ သူဋ္ဌေးဂျွန်က family tripဟုပြောကာ ကလေးကိုသူ့လက်ထဲထိုးထည့်ထားပြီး သူ့ယောက်ျားလှလှလေးနဲ့အချိန်ကုန်နေတတ်တာမို့ အတွင်းရေးမှူးကပဲ သူဋ္ဌေးရဲ့ကလေးကိုထိန်းပေးရသည်။ ကလေးကလည်း သူ့ကိုဆိုအရမ်းခင်တွယ်သည်။ တစ်ခါတစ်ခါ ကိုကိုလို့ချွဲပြီး အာဘွားတွေလည်းပေးတတ်တာကြောင့် ကလေးမချစ်ပေမယ့် ဂျောင်ဟိုလေးကိုတော့ချစ်သည်။

အခုလည်းသူ့ကိုလက်ညှိုးထိုးပြီ တွင်းမူးကိုကိုကို အချစ်ဆုံးပါလို့ပြောနေတဲ့ဂျောင်ပေါက်စလေးကို လှမ်းပြုံးပြလိုက်ပြီး

"မုန့်စားချင်လို့ချစ်တယ်ပြောနေတာလား ကိုကို့မှာပိုက်ဆံမရှိသေးဘူးပိစိရေ မင်းဒယ်ဒီကလစာမထုတ်ပေးသေးဘူး"

"ဟေ့ကောင် မင်းသုံးလလုံးလုံး အလုပ်မလာပဲ bikiniဝတ်ထားတဲ့ကောင်မလေးတွေနဲ့ ကမ်းခြေမှာပျော်မြူးနေတာမလား ဘယ်ကလစာကိုလာတောင်းနေတာလဲ"

"အီးဟီး ကိုကို ကောင်မလေးတွေနဲ့ပျော်ရဘူး ဂျောင်ဂျောင့်ကိုပဲချစ် အဟင့်..."

အကုန်လုံးကိုနားလည်နေပြီဖြစ်တဲ့ ဂျောင်ဟိုတစ်ယောက် ဂျောင်ကုရဲ့စကားအဆုံးမှာတော့ အော်ငိုတော့သည်။ ဂျောင်ဟိုသည် သားအရင်းမဟုတ်သည့်တိုင်အောင် ဖခင်ဖြစ်သူဂျောင်ကုရဲ့ အမူအကျင့်တွေနဲ့ အကုန်တစ်ထပ်တည်းတူလေသည်။ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အရာတွေကိုလည်း လွန်စွာအူတိုလေသည်။ အထူးသဖြင့် အတွင်းရေးမှူးကိုကိုနဲ့ပတ်သက်ရင် ဂျောင်ဟိုသည်အလွန်အကျွံဖြစ်သည်။

"ဟေ့ကောင် မင်းကြောင့်ငါ့သားငိုသွားပြီ လာချော့"

ဂျောင်ကုလည်း ထိန်းမနိုင်တာကြောင့်အတွင်းရေးမှူးလက်ထဲ ထည့်ပေးလိုက်သည်။ ဒီကလေးက အငိုအရမ်းသန်သည်။ ဒါကတော့ဂျွန်ဂျီမင်းနဲ့တူတာဖြစ်လိမ့်မည်။ အတွင်းရေးမှူးလေးလည်း ဂျောင်ဟို့ကိုချီရင်း...

"မငိုရဘူးလေ ကိုကိုကပိစိကိုပဲချစ်တာပါ"

"ဟင့်...ဂျောင်ဂျောင့်ကိုပဲချစ်ရမယ်နော် ကတိ..ကတိ"

"ကတိကွာ ကတိ"

ကလေးရဲ့လက်သန်းလေးကို သူ့လက်သန်းရှည်တွေနဲ့ချိတ်ဆက်ပြီးလိုက်တော့ ဂျောင်ဟို့မျက်နှာလေးကပြုံးရွှင်သွားကာ သူ့ပါးကိုရွှတ်ခနဲနမ်းလာသည်။

"မုန့်စားမယ်ဆို လာလေ"

"ဟင့်အင်း ကိုကိုချီ..."

ဂျောင်ကုချီတာကို လက်မခံပဲအတွင်းရေးမှူးကိုပဲ ကုပ်ဖက်တွယ်ကပ်ထားတဲ့ ဂျောင်ဟို့ကိုကြည့်ကာ ဂျောင်ကုသက်ပြင်းတစ်ချက်ပဲချလိုက်သည်။

"မင်း...ကလေးချီပြီး ငါတို့နောက်ကလိုက်ခဲ့"

"ဟုတ်ကဲ့"

ပြောမရတဲ့အဆုံး ဂျောင်ကုလည်းအတွင်းရေးမှူးကိုပါ မုန့်ဆိုင်ခေါ်လာခဲ့သည်။ ဒယ်ဒီဂျောင်ကုတစ်ယောက် အိမ်မှာဆိုရင်လည်း ဂျီမင်းကိုဒီသားနဲ့ပဲအပြိုင်လုရသည်။ တစ်ခါတစ်လေ ဒီကောင့်ကိုငါဘာလို့မွေးခဲ့မိတာပါလိမ့်ဆိုပြီးစိတ်ကူးပေါက်မိတဲ့အထိ။ သားကနှစ်ယောက်တည်းရှိချိန်ဆိုသူ့ကိုကြောက်ပေမယ့် ဂျီမင်းရှေ့မှာဆိုရင်တော့ အားကိုးနဲ့ကလန်ကဆန်လုပ်ချင်သည်။ ဂျောင်ကုကတော့ သားကိုငယ်ငယ်ကတည်းက စည်းစနစ်တကျသွန်သင်ထားတာမို့လို့ ဂျောင်ကုရဲ့ဆုံးမနည်းတွေကို ဂျီမင်းအနေနဲ့လည်းဝင်စွက်ဖက်ခွင့်မရှိ။ ဂျောင်ကုတို့မိသားစုထဲ ဂျောင်ဟိုလေးဘယ်လိုပါဝင်လာတာလဲဆိုတော့....
.....................
ထို့နေ့က ဂျီမင်းရဲ့မွေးနေ့ညဖြစ်သည်။ မနက်ကမိဘမဲ့ဂေဟာမှာအလှူသွားလုပ်ထားတာမို့လို့ ပင်ပင်ပန်းပန်းနဲ့ အစောကြီးအိပ်ပျော်နေတုန်း ကလေးငိုသံကြားတာမို့လို့ မျက်လုံးဖွင့်ပြီးထ
ကြည့်လိုက်တော့ ကလေးကိုချီပြီး မတ်တပ်ရပ်နေတဲ့ဂျောင်ကု။

"မောင်!! ဒီကလေးကဘယ်က"

"အာ...မနက်ကမိဘမဲ့ဂေဟာမှာတွေ့လို့ မောင်တစ်ခါတည်းမွေးစားခဲ့တာ ကိုကို့ကိုမနက်ကျမှအသိပေးမလို့ပဲ ဒါပေမယ့်..."

ဂျောင်ကုက ကုတင်ပေါ်တက်လာကာ ကလေးကိုဂျီမင်းဘေးမှာနေရာချပေးရင်း စကားဆိုလာသည်။

"ဒါပေမယ့် ကိုကို့ကိုအရင်တိုင်ပင်သင့်တယ်လေ"

"ဟင် ကိုကိုဒီကလေးကိုမချစ်လို့လား ဒါဆို မောင်ပြန်သွားထားလိုက်မယ်"

"မဟုတ်ပါဘူး ကိုကိုချစ်ပါတယ်"

ဂျီမင်းလည်း ကလေးလေးကိုကြည့်ပြီးဖြန်ဖြေမိသည်။ ကလေးက ဂျီမင်းရဲ့လက်ညှိုးလေးကို သူ့လက်လေးနဲ့ဆွဲစုပ်ပြီး ပါးစပ်ထဲထိုးထည့်နေသည်။

"နာမည်ကဘာတဲ့လဲ မောင်"

"မပေးရသေးဘူး ကိုကိုဘယ်လိုပေးချင်လဲ ကိုကို့သဘော"

"အင်း...ဂျောင်ဟိုဆိုရင်ရော ပါပါးသားလေးဂျွန်ဂျောင်ဟို"

"ဂျွန်ဂျောင်ကုနဲ့ ဂျွန်ဂျီမင်းရဲ့သားလေး ဂျွန်ဂျောင်ဟိုပေါ့ မောင်ကြိုက်တယ်အဲ့နာမည်လေး"

ဂျောင်ဟိုသည် ပါပါးဂျီမင်း၏အလိုလိုက်မှုနှင့် ဒယ်ဒီဂျောင်ကု၏ စည်းကမ်းတကျအုပ်ထိန်းမှုအောက်တွင် လိမ္မာစွာအရွယ်ရောက်လာခဲ့သည်။
.........
"ဟိုဘက်အိမ်ကသူငယ်ချင်းက ဂျောင်ဂျောင့်ကိုဆော့ဖို့လာခဲ့တဲ့ ဒယ်ဒယ်...ဂျောင်ဂျောင်သွားဆော့မယ်နော်"

ဧည့်ခန်းထဲကSofaပေါ်ထိုင်နေတဲ့ဂျောင်ကုတို့နှစ်ယောက်ရှေ့ကို ပြေးလာပြီးဆော့ဖို့ခွင့်တောင်းလေသည်။ ဘာလုပ်လုပ်အမြဲခွင့်တောင်းတတ်တဲ့ဂျောင်ဟို့ရဲ့အကျင့်က ဒယ်ဒီဂျောင်ကုရဲ့စနစ်တကျသင်ကြားထားမှုရဲ့ အကျိုးဆက်။

"အင်း သွားဆော့လေ အဝတ်အစားလဲသွားနော်"

"ဟုတ်ကဲ့....ဒယ်ဒယ်"

ခွင့်ပြုချက်ရတာနဲ့ သူ့ကိုယ်ပိုင်အခန်းလေးထဲသို့တစ်ချိုးထဲဝင်ပြေးသွားလေသည်။ ခဏအကြာတော့ အဝါရောင်ဝမ်းဆက်လေးဝတ်ပြီး ခြံထဲပြေးဆင်းသွားသည်။ အလောတကြီးလုပ်လာလို့လားမသိ၊ ဘောင်းဘီကရှေ့နောက်ပြောင်းပြန်။

"သား ဘောင်းဘီပြောင်းပြန်..."

"ထားလိုက် ကိုကို"

ဘောင်းဘီပြောင်းပြန်ဝတ်ထားတာကို လှမ်းမြင်လိုက်တဲ့ဂျီမင်းက sofaမှထကာ ကလေးဆီသွားမယ်လုပ်တော့ ဂျောင်ကုကလက်ကောက်ဝတ်ကိုလှမ်းဆွဲကာ ဟန့်တားလေသည်။

"သား ဘောင်းဘီဝတ်ထားတာမှားနေတယ်လေ မောင်ရယ်..."

"သူမှားမှန်းသိရင် သူ့ဘာသာသူပြန်ပြင်လိမ့်မယ်ကိုကို၊ ကလေးတွေကဒီလိုပဲ ကိုယ့်ဘာသာကိုယ်သင်ယူပြီးတတ်မြောက်လာရတာ၊ မောင်တို့မိဘတွေအနေနဲ့ဘေးကနေ ထိန်းသင့်တာပဲလိုက်ထိန်းပေးရမှာ၊ နေရာတကာဝင်ပါနေလို့မရဘူး၊ ကြာရင်ကလေးက မိဘအပေါ်အားကိုးစိတ်ဝင်ပြီး ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်လိမ့်မယ်"

ဂျီမင်းလည်း ဂျောင်ကုစကားကိုနားထောင်ပြီးငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ မောင်ကတစ်ကယ်သဘောကျစရာ လူတစ်ယောက်ပဲ။ အိမ်ထောင်ဦးစီးတစ်ယောက်တာဝန်ကိုရော ဖခင်တစ်ယောက်တာဝန်ကိုရော မလစ်ဟင်းစေရပဲ နိုင်နင်းစွာထမ်းဆောင်နိုင်သည်။ ကလေးကိုသွန်သင်ပုံတွေကလည်း နည်းစနစ်ကျလှတာမို့ ဂျီမင်းအနေနဲ့လည်း ဘာမှဝင်ပြောစရာမရှိ။ သူ့သားကို သူနိုင်အောင်ထိန်းတတ်သည်။ ခဏကြာတော့ သားကအိမ်ထဲပြန်ဝင်လာသည်။ ထိုင်နေတဲ့ဂျောင်ကုဆီတန်းတန်းမတ်မတ်ပြေးလာပြီး

"ဒယ်ဒယ်...သူငယ်ချင်းကပြောတယ် ဂျောင်ဂျောင်က ဘောင်းဘီကိုပြောင်းပြန်ကြီးဝတ်ထားတယ်တဲ့...ဂျောင်ဂျောင့်ဘောင်းဘီက တစ်ကယ်ပြောင်းပြန်ကြီးဖြစ်နေလားဟင်..ဒယ်ဒယ်"

"အင်း သူငယ်ချင်းပြောတာမှန်တယ် ပြောင်းပြန်ကြီး"

"အာ့ဆိုဂျောင်ဂျောင် ပြန်ပြင်ဝတ်လိုက်မယ် မှန်လားကြည့်ပေးနော်ဒယ်ဒယ်"

ပြောပြောဆိုဆို ဘောင်းဘီအဝါလေးကိုချွတ်ချပြီး ရှေ့နောက်တည့်မတည့်သေချာကြည့်ကာ ပြင်ဝတ်လေသည်။ ဒီတစ်ခါတော့တည့်သွားချေပြီ။

"မှန်သွားပြီလား ဒယ်ဒယ်...ပါပါး"

"အင်း မှန်သွားပြီ ဒယ်ဒီ့သားကတော်လိုက်တာ"

"ဟီး....အာ့ဆို ဂျောင်ဂျောင်သွားပြန်ဆော့လိုက်ဦးမယ်"

ဂျောင်ဟိုလေးအနောက်အလှည့် အိမ်တံခါးပွင့်သွားပြီး လူနှစ်ယောက်ဝင်လာသည်။

"ဂျောင်ဟို​လေးရေ ဦးဦးတို့လာလည်တယ်"

"ဟာ...ဦးဦးထယ်...ဂီဂီ"

ထယ်ယောင်းတို့အတွဲလည်း ဂျောင်ဟိုလေးရောက်လာသည့်နေမှစ၍ အိမ်ကိုချောင်းပေါက်မတတ်ကိုလာလည်ခြင်းဖြစ်သည်။ ကလေးသိပ်ချစ်တတ်တဲ့ ကင်ထယ်ယောင်းဟာ ဂျောင်ဟိုကိုသူ့သားအရင်းလိုချစ်ခင်ရှာသည်။ ကလေးစားချင်တာ၊ လိုချင်တာမှန်သမျှကိုလည်း ဂျောင်ဟိုမျက်နှာတစ်ချက်မညှိုးခင် အကုန်ဝယ်ပေးတတ်သူဖြစ်သည်။ ဂျောင်ဟိုကလည်း ပါပါးဂျီမင်းထက်ပင် သူ့ကိုအလိုပိုလိုက်သည့် ဦးဦးထယ်ကိုအများကြီးခင်တွယ်သည်။ ပြီးတော့ဦးဦးထယ်ရဲ့လူ ဂီဂီ့ကိုရော...။

အသားညိုညို၊ အရပ်မြင့်မြင့်၊ လူကောင်ကြီးကြီးဖြစ်တဲ့ ဦးဦးထယ်နဲ့ပုံမှန်ထက်ပို၍လိုက်ဖက်သည့် အသားဖြူဖြူ၊ သေးသေးလုံးလုံးလေးဖြစ်သည့် ယွန်းဂီကိုလည်းဂျောင်ဟိုကအသည်းယားသည်။ အထူးသဖြင့် ဂီဂီပြုံးလိုက်ရင်ပေါ်လာသည့် သွားသေးသေးလေးတွေကိုလည်း ဦးဦးထယ်နဲ့အပြိုင်သဘောကျသည်။ လူခင်တတ်ပြီး လူကြီးတွေကိုဘယ်လိုချွဲရမလဲကောင်းကောင်းသိတဲ့ ဂျောင်ဟိုဟာ ထယ်ယောင်းကိုမြင်တာနဲ့ ပြေးဖက်ပြီးသား။

"ဂျောင်ဂျောင်က ဦးဦးထယ်ကို ရမ်းလွမ်းနေတာ"

"ဦးဦးလည်း သားကိုလွမ်းနေတာပေါ့ကွ"

"ဂီဂီ့ကိုလည်းလွမ်း..."

ထယ်ယောင်းကိုဖက်ထားရင်းနဲ့မှ ဘေးမှာမတ်တပ်ရပ်နေတဲ့ ယွန်းဂီကိုပါပြုံးပြရင်းပြောလိုက်သည်။ ယွန်းဂီကလည်း ဂျောင်ဟို့ပါးကိုအသာလေးဆွဲညှစ်လိုက်သည်။

"ဂီဂီလည်း ဂျောင်ဟို့ကိုသတိရပါတယ်"

"သားဆီလာလည်တာလား ယောင်း"

"အေး အခုရက်ပိုင်းအလုပ်ရှုပ်နေတာနဲ့ ငါ့တူဆီမရောက်ဖြစ်တာကြာပြီလေဂျီမင်းရာ သတိရလို့လာတာ"

ကလေးကိုနမ်းနေရင်းမှ ဂျီမင်းမေးခွန်းကိုထယ်ယောင်းကပြန်ဖြေလိုက်သည်။

"ညနေစာစားပြီးကြပြီလား"

"မစားရသေးဘူး ဂျောင်ကု"

"အဲ့တာဆိုတစ်ခါတည်းစားသွားကြပါလားHyungတို့၊ ကျွန်တော်တို့လည်းခဏနေစားတော့မှာ"

"ဟုတ်သားပဲ တစ်ခါတည်းစားသွားလေနော် Yoongi hyung..."

ဂျီမင်းကပါ ဝင်ပြောသဖြင့်ယွန်းဂီလည်း လက်ခံသည့်အနေဖြင့်ခေါင်းညိမ့်ပြလိုက်ရသည်။

"ဦးဦးကိုချစ်လား ဂျောင်ဟို"

"ဟုတ် ချစ်တယ်"

"ဘယ်လောက်ချစ်လဲ"

"ရမ်းချစ်...ရမ်းချစ် များကြီးချစ်"

"ဒါဆို ဦးဦးနဲ့မင်းပါပါးဆိုရင်ရော"

"ဦးဦးကိုပိုချစ်"

"မင်းဒယ်ဒီနဲ့ဦးဦးနဲ့ဆိုရင်ရော"

"ဦးဦးကိုပဲပိုချစ်..."

"ဒါမှငါ့တူ"

ထယ်ယောင်းသည် ဂျောင်ဟိုရဲ့အဖြေကိုသဘောကျစွာရယ်ရင်း ပါးလေးတစ်ဖက်ကိုဖိနမ်းလိုက်သည်။

"ဒါဆိုဂီဂီ့ကိုရောမချစ်ဘူးလား"

ဘေးကနေရပ်ကြည့်နေတဲ့ ယွန်းဂီကပြုံးပြုံးလေးမေးလိုက်တော့ ဂျောင်ဟိုကလည်းခပ်မြန်မြန်ပင်ပြန်ဖြေသည်။

"ဂီဂီ့ကိုချစ်ဆုံး..."

"ဟေ့ကောင် ငါ့ယောက်ျားငါပဲချစ်မယ် မင်းမချစ်နဲ့"

"ချစ်မှာချစ်မှာ ဂီဂီ့ကိုချစ်"

"တယ်...ဒီကောင် ငါလုပ်လိုက်ရ ပြိုင်ကားအရုပ်မဝယ်ပေးတော့ဘူး"

"တွင်းမူးကိုကိုနဲ့တိုင်မှာ ဝယ်ပေးဝယ်ပေး အီးဟီး"

ကလေးဆီမှ ယွန်းဂီကိုချစ်တယ်ဟူသောစကားသံကြားရသောအခါ ထယ်ယောင်းသည်မပြုံးနိုင်တော့ပေ။ တစ်ယောက်တည်းသောယောက်ျားကိုလာထိတဲ့အခါမှာတော့ မရင့်ကျက်နိုင်စွာ ကလေးနဲ့ပါရန်ပြိုင်ဖြစ်တဲ့အထိ။ အိမ်ထဲတွင်လည်း ကလေးနှစ်ယောက်ရဲ့ရန်ဖြစ်သံရော၊ ကလေးမိဘတွေရဲ့ရယ်သံရော၊ ကလေးကြီးနဲ့သက်ဆိုင်သူရဲ့ရယ်သံနဲ့ပါ ရောနှောသွားလေသည်။
................
ထမင်းစားပြီး ထယ်ယောင်းတို့အိမ်ပြန်သွားချိန်မှာတော့ ကလေးကိုသိပ်ဖို့လုပ်ရသည်။ ငယ်ငယ်တည်းကဂျောင်ကုက ကိုယ့်အခန်းနဲ့ကိုယ်အိပ်စေခဲ့တာမို့လို့ ဂျောင်ဟိုကတစ်ယောက်တည်းလည်းအိပ်ရဲသည်။ ညသန်းခေါင်လည်းထပြီး ဂျီမကျတတ်။

"ပါပါး...တီလေးနဲ့ဗွီကောပြောမယ်လေ"

"တီလေးလား...အခုချိန်လောက်ဆို ကနေဒါမှာသန်းခေါင်ချိန်ဆိုတော့ တီလေးလည်းအိပ်နေလောက်ပြီသားရဲ့ သားပြောချင်ရင်မနက်ကျမှပါးခေါ်ပေးမယ်လေ ခုအိပ်တော့"

"ဟုတ် အာ့ဆိုနက်ဖြန်ပြောမယ်နော် ဖွားဖွားတို့ဆီလည်းသွားလည်မယ်"

"ဟုတ်ပါပြီ ပါးကလေးရယ်...မနက်ဖြန်ပါးအကုန်လုပ်ပေးမယ် ခုအိပ်တော့"

"ဂွတ်နိုက်ကစ်..."

နှုတ်ခမ်းလေးဆူပြီး goodnight kissဟုဆိုလာတော့ ဂျီမင်းလည်းသားရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်သည်။ သားကလည်း ဂျီမင်းရဲ့ပါးတွေကို လက်လေးနှစ်ဖက်နဲ့ပြန်ကိုင်ကာတစ်မွမွပြန်နမ်းသည်။

"မွ...ဒါ ပါပါးအတွက်"

"မွ...ဒါ ဒယ်ဒယ့်အတွက် ဒယ်ဒယ့်ကိုဂျောင်ဂျောင့်အစားပြန်နမ်းလိုက်နော် ပါပါး၊ ဂျောင်ဂျောင်ကနိုက်ကစ်ပေးလိုက်တယ်လို့"

"အင်းပါ ပါပါးပြန်နမ်းလိုက်ပါ့မယ်"

ထိုသို့ပြောလိုက်မှ အလိုကျသွားဟန်ဖြင့်မျက်လုံးတွေမှိတ်သွားသည်။ ဂျီမင်းလည်းအိပ်ပျော်သွားတဲ့အထိစောင့်ပေးပြီးမှ ဂျောင်ဟို့အခန်းထဲကထွက်လာလိုက်သည်။ ထို့နောက်အိပ်ရာဝင်ရန် သူတို့အိပ်ခန်းထဲဝင်သွားလိုက်တော့ ဂျောင်ကုကဝရန်တာဘောင်ကို လက်ထောက်ကာမတ်တပ်ရပ်နေသည်။ ဂျီမင်းလည်း ဂျောင်ကုဆီလှမ်းသွားပြီး နောက်ကနေခါးကိုသိုင်းဖက်ပြီး ကျောပြင်ကြီးထဲခေါင်းတိုးကာပွတ်သပ်နေလိုက်သည်။

"သားအိပ်သွားပြီလား"

"အင်း"

"မောင့်အမျိုးသားလေးရော အိပ်ချင်ပြီလား"

"ဟင့်အင်း...မောင် ဒီဘက်လှည့်"

"ဟင်..."

ဂျောင်ကုရဲ့ခန္ဓာကိုယ်ကြီးကိုဆွဲလှည့်ပြီး ပါးပေါ်ကိုနှုတ်ခမ်းလေးဆူပြီး ခြေဖျားထောက်နမ်းလိုက်သည်။ ဂျောင်ကုကသူ့ကိုပြူးကြောင်ကြောင်နဲ့ကြည့်တော့ ချောင်းတစ်ချက်ဟန့်လိုက်ပြီး...

"သားပေးခိုင်းလိုက်လို့ goodnight kissတဲ့"

ဂျောင်ကုလည်းပြုံးလိုက်ပြီး ဂျီမင်းကိုခါးမှဆွဲဖက်ကာ ဝရန်တာဘောင်ပေါ်မှီစေပြီး နှုတ်ခမ်းတို့ကိုစတင်သုံးဆောင်တော့သည်။ သည်းသည်းမဲမဲအနမ်းမိုးတွေကြောင့် လမင်းကြီးလည်းရှက်ကာ တိမ်တွေကြားပုန်းကွယ်လို့။ အတော်ကြားနမ်းလို့ဝတော့မှ နှဖူးလေးကိုနမ်းပြီး အမျိုးသားလေးကိုရင်ခွင်ကြားထည့်ကာဖက်ထားမိသည်။ အမျိုးသားလေးကလည်း ရင်ခွင်ထဲကနေမောင့်ကိုပြုံးကြည့်ကာ ခါးသွယ်သွယ်ကိုလက်သေးသေးလေးတစ်စုံနဲ့ပြန်ဖက်တွယ်ထားသည်။ လရောင်ကြည်ပြာအောက်မှာ ကပ်ထားတဲ့ရင်ခွင်တွေက နွေးစစ။

ကိုကို့ရဲ့အကြည့်တွေမှာ
မောင်အကြိမ်ကြိမ်ကျရှုံးတယ်၊

ကိုကို့​ရဲ့အပြုံးတွေမှာ
မောင်အကြိမ်ကြိမ်ပြိုလဲတယ်၊

ကိုကို့မျက်ဝန်းထဲစိုက်ကြည့်မိချိန်တိုင်းမှာ
ကမ္ဘာကြီးရပ်တန့်သွားသလိုပဲ
ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်သွားတယ်၊

ကိုကိုက မောင့်ကိုအကြိမ်ကြိမ်သေဆုံးစေတယ်
ရှင်သန်စေတယ်
စိတ်ကူးသစ်တွေရစေတယ်၊

ကိုကိုသာမရှိရင် မောင့်ကမ္ဘာငယ်လေးပျက်စီးသွားလိမ့်မယ်၊
ကိုကိုက ​မောင့်ရဲ့တစ်ခုတည်းသောကမ္ဘာငယ်လေးပါ ဂျွန်ဂျီမင်း။

သိပ်ချစ်ရပါတယ် မောင့်ရဲ့ကမ္ဘာဦးလူသားလေးရယ်။
..........
( မနေ့ကတည်းက တင်ပေးမလို့ကိုWP errorတက်နေလို့။ အခုတော့ပင်လယ်လေးကတစ်ကယ်ပြီးသွားပါပြီ။ ဂျွန်မိသားစုနဲ့အတူ အားလုံးကိုအပြီးအပိုင်နှုတ်ဆက်လိုက်ပါတယ်။ )
............

Zawgyi

ေန႔ရက္ေလးဟာ သာယာလွပလို႔ေနသည္။ ေနေရာင္ျခည္ေႏြးေႏြးရယ္၊ ျခံထဲကႏွင္းဆီနီနီေတြရယ္၊ ႏွင္းဆီေတြၾကားက အသက္၃၀အ႐ြယ္ လွပပ်ိဳမ်စ္ဆဲျဖစ္တဲ့ အျဖဴေရာင္လူသားတစ္ဦးရယ္....။ ႏွင္းဆီနီေတြၾကားက အျဖဴထည္ေလးကေတာ့ ဂ်ီမင္းပင္ျဖစ္သည္။ ႏွင္းဆီျခံႀကီးထဲ အားတိုင္းဆင္းေနတတ္တဲ့ဂ်ီမင္းက လမ္းသြားလမ္းလာေတြအတြက္ေတာ့ ႐ႈမၿငီးႏိုင္တဲ့ျမင္ကြင္းတစ္ခုလိုပင္ျဖစ္ေနေခ်ၿပီ။

အနီေရာင္ႏွင္းဆီျခံႀကီးက ဂ်ီမင္းရဲ႕ျပယုဂ္ပင္။ ႏွင္းဆီေတြနီရင္ ဂ်ီမင္းေပ်ာ္တယ္။ သို႔ေသာ္ ဂ်ီမင္းမွာ ႏွင္းဆီေတြထက္ပိုတြယ္တာရမယ့္ လူေတြလည္း႐ွိေနေသးသည္။

"အစ္ကိုေလးေရ..ဟိုေလ ေဂ်ာင္ဟိုေလးငိုေနလို႔"

"ဟင္..."

ရင္ႏွစ္သည္းခ်ာေလးငိုေနသည္ဟုၾကားေသာအခါ ဂ်ီမင္းသည္ ႏွင္းဆီေတြကိုပင္ျပစ္ခ်ထားခဲ့ကာ အိမ္ထဲသို႔အေလာတႀကီးဝင္သြားေတာ့သည္။ အိမ္ထဲေရာက္ေတာ့ ကေလးက ေကာင္မေလးေတြဝိုင္းေခ်ာ့ျမႇဴေနသည့္ၾကားမွ အသည္းအသန္ကို ေအာ္ငိုေနေလသည္။ ငိုေနရင္းမွ အိမ္ထဲဝင္လာတဲ့ဂ်ီမင္းကို ျမင္သြားပုံရသည္။ ဂ်ီမင္းဆီသို႔လက္ပိစိေလးေတြဆန္႔ထုတ္ကာ ပိုေအာ္ေတာ့သည္။

ဂ်ီမင္းလည္း ေကာင္မေလးေတြဆီမွ ကေလးကိုလႊဲယူၿပီး တင္ပါးေလးကိုပုတ္ကာ အငိုတိတ္ရန္စြမ္းေဆာင္ရေတာ့သည္။

"သားရယ္..မငိုပါနဲ႔ ပင္ပန္းပါတယ္ ပါပါးကိုခ်စ္ရင္ မငိုနဲ႔ေနာ္ လိမၼာတယ္ မင္းဒယ္ဒီလည္းျပန္လာေတာ့မွာ သားငိုေနတာေတြ႕ရင္ ဒုတ္ဒုတ္နဲ႔႐ိုက္ခံရမွာေနာ္"

ဒယ္ဒီဆိုတဲ့အသံၾကားခ်ိန္မွာေတာ့ ေလာင္ေနတဲ့မီးကို ေရနဲ႔လွမ္းပက္လိုက္သလို ငိုေနတဲ့အသံကလည္းတိကနဲရပ္သြားေလသည္။ ဂြၽန္ေဂ်ာင္ကုနဲ႔ ဂြၽန္ဂ်ီမင္းတို႔ရဲ႕ ရတနာေလးျဖစ္တဲ့ ဂြၽန္ေဂ်ာင္ဟိုသည္ ဂ်ီမင္းကိုခင္တြယ္ၿပီးကပ္သေလာက္ ေဂ်ာင္ကုကိုဆို တုန္ေနေအာင္ကိုေၾကာက္သည္။ ေၾကာက္ေပမယ္​့ မခ်စ္ဘူးလားဆိုေတာ့လည္းမဟုတ္ စကားစေျပာတတ္ကတည္းက ဒယ္ဒယ္ဆိုတဲ့နာမ္စားကိုပါးစပ္ဖ်ားကမခ်ခဲ့ေခ်။ ပါပါးဂ်ီမင္းက သေဘာေကာင္းၿပီးအလိုလိုက္ေသာေၾကာင့္ ပါပါးကိုေဂ်ာင္ဟိုကအမ်ားႀကီးခ်စ္သည္။ ဒယ္ဒီေဂ်ာင္ကုကေတာ့ အလိုမလိုက္တဲ့အျပင္စည္းကမ္းတင္းက်ပ္တာေၾကာင့္ ဒယ္ဒီ့ကိုေဂ်ာင္ဟိုကခ်စ္ေပမယ့္ ေၾကာက္သည္။

"​ေျပာပါဦး ပါပါးသားေလးကဘာလို႔ငိုေနတာလဲ"

"ဟင္​့ ဗိုက္..ဗိုက္ဆာ"

"ဗိုက္ဆာရင္ေျပာမွေပါ့ အခုလိုငိုေနရလား သားငိုတာကိုသားဒယ္ဒီကမႀကိဳက္တာ မသိတာလည္းမဟုတ္ပဲနဲ႔"

"ဗိုက္ဆာတာကို ပါးကိုမေတြ႕ရေတာ့ ေဂ်ာင္ေဂ်ာင္က ဝမ္းနည္း..နည္း"

"ဟား...သားေလးက ပါးကိုမေတြ႕ရလို႔ငိုတာေပါ့ အခုပါးေရာက္ပါၿပီ လာမုန္႔မုန္႔သြားစားရေအာင္"

"ဒယ္ဒယ့္ဆီသြား..."

"ဟင္ ဒယ္ဒီ့ဆီသြားခ်င္လို႔လား"

"အင္း...လြမ္းေနတာ"

"ပါးတို႔သြားၾကတာေပါ့ ဒယ္ဒီ့ဆီေရာက္မွ မုန္႔စားၾကမယ္ေနာ္"

"ဟုတ္..ဟုတ္"

ဂ်ီမင္းသည္ ကေလးကိုခ်ီကာtaxiစီးၿပီး ေဂ်ာင္ကု႐ွိမည့္ Jeonphoria သို႔ထြက္လာခဲ့သည္။ ကုမၸဏီထဲသို႔ဝင္လာေသာအခါ ကေလးခ်ီထားေသာသူ႕ကို အကုန္လုံးကျပဳံးၿပီးႏႈတ္ဆက္ၾကသည္။ ဒီမွာေဂ်ာင္ဟိုေလးကိုမသိတဲ့သူမ႐ွိသလို ေဂ်ာင္ဟိုေလးကမသိတဲ့သူလည္းမ႐ွိ။ ေဂ်ာင္ကု႐ုံးခန္းေ႐ွ႕ေရာက္ေတာ့ ဂ်ီမင္းကအရင္ဆုံးတံခါးေခါက္ကာအသံေပးၿပီးမွ ႐ုံးခန္းထဲဝင္လိုက္သည္။

အတြင္းေရးမႉးကို ပြစိပြစိနဲ႔ဆူပူေနတဲ့ေဂ်ာင္ကုက ဂ်ီမင္းကိုျမင္ေတာ့ထိုင္ရာမွထကာ ေျပးလာၿပီးကေလးကိုလႊဲယူေလသည္။

"ကိုကို ဒီကိုဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ"

"သားကမင္းကိုေတြ႕ခ်င္လို႔တဲ့"

"ဒယ္ဒယ္..ဗိုက္ဆာ.."

ႏွစ္ေယာက္သားစကားေျပာေနစဥ္ ကေလးကသူ႕လက္ပိစိေလးေတြနဲ႔ေဂ်ာင္ကုမ်က္ႏွာကို လာကိုင္သည္။ ေဂ်ာင္ကုက လက္ေသးေသးေလးေတြကို သူ႕လက္အႀကီးႀကီးေတြနဲ႔ျပန္ခ်ဳပ္လိုက္ၿပီး....

"ဘာမွ ဒယ္ဒယ္ဗိုက္ဆာမလုပ္နဲ႔...လမ္းေလွ်ာက္တတ္ေနၿပီဟာကို ဘာလို႔ပါပါးကိုခ်ီခိုင္းရတာလဲ ဂြၽန္ေဂ်ာင္ဟို"

ေဂ်ာင္ကုကဆူေတာ့ ေဂ်ာင္ဟိုေလးမ်က္ႏွာမဲ့သြားၿပီး ဂ်ီမင္းကိုလွမ္းၾကည့္ကာ အသံတိတ္စစ္ကူေတာင္းေလသည္။

"သားကိုမဆူပါနဲ႔ေမာင္ရယ္ ၾကာေတာ့သားက မင္းကိုေၾကာက္လာၿပီ"

"သားကေမာင့္ကိုမေၾကာက္ပါဘူးဗ်ာ ေနာ္...ေဂ်ာင္ဟို ဒယ္ဒီ့ကိုခ်စ္တယ္မလား"

ေဂ်ာင္ကုကဂ်ီမင္းစကားကိုခြန္းတုံ႔ျပန္လိုက္ရင္း သားကိုပါတစ္ဆက္တည္းေမးလိုက္သည္။

"ဟုတ္..ခ်စ္"

"ေတြ႕လားခ်စ္တယ္တဲ့ ကဲ..မင္းပါပါးနဲ႔ ဒယ္ဒီဆိုရင္ေရာ ဘယ္သူ႕ကိုပိုခ်စ္လဲ"

"ဒယ္ဒယ့္ကိုပိုခ်စ္"

"ဟင္ မေန႔ကပါပါးေမးေတာ့ ပါပါးကိုပိုခ်စ္တယ္ဆို"

ဂ်ီမင္းကႏႈတ္ခမ္းေလးဆူကာေမးေတာ့ သားကလည္းျပဳံးျပၿပီးအေျဖေပးေလသည္။

"ဒယ္ဒယ္ေမးရင္ ဒယ္ဒယ့္ကိုပိုခ်စ္...ပါပါးေမးရင္ ပါပါးကိုပိုခ်စ္ ခစ္ခစ္.."

"ဒီလိုမရဘူးေလ အမွန္တိုင္းေျပာ ဘယ္သူ႕ကိုပိုခ်စ္တာလဲ"

"တြင္းမူးကိုကို"

"ဟင္"

"တြင္းမူးကိုကိုလို႔"

ေဂ်ာင္ဟိုကတစ္ေနရာရာကို လက္ညိႇဳးထိုးၿပီး တြင္းမူးကိုကိုလို႔ပဲေျပာေနတာမို႔ ေဂ်ာင္ကုနဲ႔ဂ်ီမင္းလည္း နားမလည္ႏိုင္စြာ လက္ညိႇဳးထိုးရာလိုက္ၾကည့္လိုက္ေတာ့ ေဂ်ာင္ဟိုေလးလက္ညိႇဳးထိုးျပေနသူက ေဂ်ာင္ကုရဲ႕အတြင္းေရးမႉးေလး။ ေနာက္တစ္မ်ိဳးေျပာရရင္ ေဂ်ာင္ကုမူးေနခ်ိန္ ဂ်ီမင္းကိုဖုန္းဆက္ကာ လန္ၾကဳတ္ဇာတ္လမ္းေတြေျပာၿပီးကူညီေပးလိုက္တာ ေအာင္ျမင္သြားလို႔hawaiiကို ခြင့္သုံးလနဲ႔ခရီးထြက္ၿပီး ျပန္ေရာက္လာတဲ့ အတြင္းေရးမႉးအလိမၼာေလး။

ေဂ်ာင္ဟိုေလးက သူ႕မိဘေတြထက္စာရင္ အတြင္းေရးမႉးကိုကိုနဲ႔ေနရခ်ိန္ကပိုမ်ားသည္။ သူေ႒းဂြၽန္က family tripဟုေျပာကာ ကေလးကိုသူ႕လက္ထဲထိုးထည့္ထားၿပီး သူ႕ေယာက်္ားလွလွေလးနဲ႔အခ်ိန္ကုန္ေနတတ္တာမို႔ အတြင္းေရးမႉးကပဲ သူေ႒းရဲ႕ကေလးကိုထိန္းေပးရသည္။ ကေလးကလည္း သူ႕ကိုဆိုအရမ္းခင္တြယ္သည္။ တစ္ခါတစ္ခါ ကိုကိုလို႔ခြၽဲၿပီး အာဘြားေတြလည္းေပးတတ္တာေၾကာင္​့ ကေလးမခ်စ္ေပမယ့္ ေဂ်ာင္ဟိုေလးကိုေတာ့ခ်စ္သည္။

အခုလည္းသူ႕ကိုလက္ညိႇဳးထိုးၿပီ တြင္းမူးကိုကိုကို အခ်စ္ဆုံးပါလို႔ေျပာေနတဲ့ေဂ်ာင္ေပါက္စေလးကို လွမ္းျပဳံးျပလိုက္ၿပီး

"မုန္႔စားခ်င္လို႔ခ်စ္တယ္ေျပာေနတာလား ကိုကို႔မွာပိုက္ဆံမ႐ွိေသးဘူးပိစိေရ မင္းဒယ္ဒီကလစာမထုတ္ေပးေသးဘူး"

"ေဟ့ေကာင္ မင္းသုံးလလုံးလုံး အလုပ္မလာပဲ bikiniဝတ္ထားတဲ့ေကာင္မေလးေတြနဲ႔ ကမ္းေျခမွာေပ်ာ္ျမဴးေနတာမလား ဘယ္ကလစာကိုလာေတာင္းေနတာလဲ"

"အီးဟီးးး ကိုကို ေကာင္မေလးေတြနဲ႔ေပ်ာ္ရဘူး ေဂ်ာင္ေဂ်ာင့္ကိုပဲခ်စ္ အဟင့္..."

အကုန္လုံးကိုနားလည္ေနၿပီျဖစ္တဲ့ ေဂ်ာင္ဟိုတစ္ေယာက္ ေဂ်ာင္ကုရဲ႕စကားအဆုံးမွာေတာ့ ေအာ္ငိုေတာ့သည္။ ေဂ်ာင္ဟိုသည္ သားအရင္းမဟုတ္သည့္တိုင္ေအာင္ ဖခင္ျဖစ္သူေဂ်ာင္ကုရဲ႕ အမူအက်င့္ေတြနဲ႔ အကုန္တစ္ထပ္တည္းတူေလသည္။ သူ႕အပိုင္လို႔သတ္မွတ္ထားတဲ့အရာေတြကိုလည္း လြန္စြာအူတိုေလသည္။ အထူးသျဖင့္ အတြင္းေရးမႉးကိုကိုနဲ႔ပတ္သက္ရင္ ေဂ်ာင္ဟိုသည္အလြန္အကြၽံျဖစ္သည္။

"ေဟ့ေကာင္ မင္းေၾကာင့္ငါ့သားငိုသြားၿပီ လာေခ်ာ့"

ေဂ်ာင္ကုလည္း ထိန္းမႏိုင္တာေၾကာင့္အတြင္းေရးမႉးလက္ထဲ ထည့္ေပးလိုက္သည္။ ဒီကေလးက အငိုအရမ္းသန္သည္။ ဒါကေတာ့ဂြၽန္ဂ်ီမင္းနဲ႔တူတာျဖစ္လိမ့္မည္။ အတြင္းေရးမႉးေလးလည္း ေဂ်ာင္ဟို႔ကိုခ်ီရင္း...

"မငိုရဘူးေလ ကိုကိုကပိစိကိုပဲခ်စ္တာပါ"

"ဟင့္...ေဂ်ာင္ေဂ်ာင့္ကိုပဲခ်စ္ရမယ္ေနာ္ ကတိ..ကတိ"

"ကတိကြာ ကတိ"

ကေလးရဲ႕လက္သန္းေလးကို သူ႕လက္သန္း႐ွည္ေတြနဲ႔ခ်ိတ္ဆက္ၿပီးလိုက္ေတာ့ ေဂ်ာင္ဟို႔မ်က္ႏွာေလးကျပဳံး႐ႊင္သြားကာ သူ႕ပါးကို႐ႊတ္ခနဲနမ္းလာသည္။

"မုန္႔စားမယ္ဆို လာေလ"

"ဟင့္အင္း ကိုကိုခ်ီ..."

ေဂ်ာင္ကုခ်ီတာကို လက္မခံပဲအတြင္းေရးမႉးကိုပဲ ကုပ္ဖက္တြယ္ကပ္ထားတဲ့ ေဂ်ာင္ဟို႔ကိုၾကည့္ကာ ေဂ်ာင္ကုသက္ျပင္းတစ္ခ်က္ပဲခ်လိုက္သည္။

"မင္း...ကေလးခ်ီၿပီး ငါတို႔ေနာက္ကလိုက္ခဲ့"

"ဟုတ္ကဲ့"

ေျပာမရတဲ့အဆုံး ေဂ်ာင္ကုလည္းအတြင္းေရးမႉးကိုပါ မုန့္ဆိုင္ေခၚလာခဲ့သည္။ ဒယ္ဒီေဂ်ာင္ကုတစ္ေယာက္ အိမ္မွာဆိုရင္လည္း ဂ်ီမင္းကိုဒီသားနဲ႔ပဲအၿပိဳင္လုရသည္။ တစ္ခါတစ္ေလ ဒီေကာင့္ကိုငါဘာလို႔ေမြးခဲ့မိတာပါလိမ့္ဆိုၿပီးစိတ္ကူးေပါက္မိတဲ့အထိ။ သားကႏွစ္ေယာက္တည္း႐ွိခ်ိန္ဆိုသူ႕ကိုေၾကာက္ေပမယ့္ ဂ်ီမင္းေ႐ွ႕မွာဆိုရင္ေတာ့ အားကိုးနဲ႔ကလန္ကဆန္လုပ္ခ်င္သည္။ ေဂ်ာင္ကုကေတာ့ သားကိုငယ္ငယ္ကတည္းက စည္းစနစ္တက်သြန္သင္ထားတာမို႔လို႔ ေဂ်ာင္ကုရဲ႕ဆုံးမနည္းေတြကို ဂ်ီမင္းအေနနဲ႔လည္းဝင္စြက္ဖက္ခြင့္မ႐ွိ။ ေဂ်ာင္ကုတို႔မိသားစုထဲ ေဂ်ာင္ဟိုေလးဘယ္လိုပါဝင္လာတာလဲဆိုေတာ့....
.....................
ထို႔ေန႔က ဂ်ီမင္းရဲ႕ေမြးေန႔ညျဖစ္သည္။ မနက္ကမိဘမဲ့ေဂဟာမွာအလႉသြားလုပ္ထားတာမို႔လို႔ ပင္ပင္ပန္းပန္းနဲ႔ အေစာႀကီးအိပ္ေပ်ာ္ေနတုန္း ကေလးငိုသံၾကားတာမို႔လို႔ မ်က္လုံးဖြင့္ၿပီးထ
ၾကည့္လိုက္ေတာ့ ကေလးကိုခ်ီၿပီး မတ္တပ္ရပ္ေနတဲ့ေဂ်ာင္ကု။

"ေမာင္!! ဒီကေလးကဘယ္က"

"အာ...မနက္ကမိဘမဲ့ေဂဟာမွာေတြ႕လို႔ ေမာင္တစ္ခါတည္းေမြးစားခဲ့တာ ကိုကို႔ကိုမနက္က်မွအသိေပးမလို႔ပဲ ဒါေပမယ့္..."

ေဂ်ာင္ကုက ကုတင္ေပၚတက္လာကာ ကေလးကိုဂ်ီမင္းေဘးမွာေနရာခ်ေပးရင္း စကားဆိုလာသည္။

"ဒါေပမယ့္ ကိုကို႔ကိုအရင္တိုင္ပင္သင့္တယ္ေလ"

"ဟင္ ကိုကိုဒီကေလးကိုမခ်စ္လို႔လား ဒါဆို ေမာင္ျပန္သြားထားလိုက္မယ္"

"မဟုတ္ပါဘူး ကိုကိုခ်စ္ပါတယ္"

ဂ်ီမင္းလည္း ကေလးေလးကိုၾကည့္ၿပီးျဖန္ေျဖမိသည္။ ကေလးက ဂ်ီမင္းရဲ႕လက္ညိႇဳးေလးကို သူ႕လက္ေလးနဲ႔ဆြဲစုပ္ၿပီး ပါးစပ္ထဲထိုးထည့္ေနသည္။

"နာမည္ကဘာတဲ့လဲ ေမာင္"

"မေပးရေသးဘူး ကိုကိုဘယ္လိုေပးခ်င္လဲ ကိုကို႔သေဘာ"

"အင္း...ေဂ်ာင္ဟိုဆိုရင္ေရာ ပါပါးသားေလးဂြၽန္ေဂ်ာင္ဟို"

"ဂြၽန္ေဂ်ာင္ကုနဲ႔ ဂြၽန္ဂ်ီမင္းရဲ႕သားေလး ဂြၽန္ေဂ်ာင္ဟိုေပါ့ ေမာင္ႀကိဳက္တယ္အဲ့နာမည္ေလး"

ေဂ်ာင္ဟိုသည္ ပါပါးဂ်ီမင္း၏အလိုလိုက္မႈႏွင့္ ဒယ္ဒီေဂ်ာင္ကု၏ စည္းကမ္းတက်အုပ္ထိန္းမႈေအာက္တြင္ လိမၼာစြာအ႐ြယ္ေရာက္လာခဲ့သည္။
.........
"ဟိုဘက္အိမ္ကသူငယ္ခ်င္းက ေဂ်ာင္ေဂ်ာင့္ကိုေဆာ့ဖို႔လာခဲ့တဲ့ ဒယ္ဒယ္...ေဂ်ာင္ေဂ်ာင္သြားေဆာ့မယ္ေနာ္"

ဧည့္ခန္းထဲကSofaေပၚထိုင္ေနတဲ့ေဂ်ာင္ကုတို႔ႏွစ္ေယာက္ေ႐ွ႕ကို ေျပးလာၿပီးေဆာ့ဖို႔ခြင့္ေတာင္းေလသည္။ ဘာလုပ္လုပ္အၿမဲခြင့္ေတာင္းတတ္တဲ့ေဂ်ာင္ဟို႔ရဲ႕အက်င့္က ဒယ္ဒီေဂ်ာင္ကုရဲ႕စနစ္တက်သင္ၾကားထားမႈရဲ႕ အက်ိဳးဆက္။

"အင္း သြားေဆာ့ေလ အဝတ္အစားလဲသြားေနာ္"

"ဟုတ္ကဲ့....ဒယ္ဒယ္"

ခြင့္ျပဳခ်က္ရတာနဲ႔ သူ႕ကိုယ္ပိုင္အခန္းေလးထဲသို႔တစ္ခ်ိဳးထဲဝင္ေျပးသြားေလသည္။ ခဏအၾကာေတာ့ အဝါေရာင္ဝမ္းဆက္ေလးဝတ္ၿပီး ျခံထဲေျပးဆင္းသြားသည္။ အေလာတႀကီးလုပ္လာလို႔လားမသိ၊ ေဘာင္းဘီကေ႐ွ႕ေနာက္ေျပာင္းျပန္။

"သား ေဘာင္းဘီေျပာင္းျပန္..."

"ထားလိုက္ ကိုကို"

ေဘာင္းဘီေျပာင္းျပန္ဝတ္ထားတာကို လွမ္းျမင္လိုက္တဲ့ဂ်ီမင္းက sofaမွထကာ ကေလးဆီသြားမယ္လုပ္ေတာ့ ေဂ​်ာင္ကုကလက္ေကာက္ဝတ္ကိုလွမ္းဆြဲကာ ဟန္႔တားေလသည္။

"သား ေဘာင္းဘီဝတ္ထားတာမွားေနတယ္ေလ ေမာင္ရယ္..."

"သူမွားမွန္းသိရင္ သူ႕ဘာသာသူျပန္ျပင္လိမ့္မယ္ကိုကို၊ ကေလးေတြကဒီလိုပဲ ကိုယ့္ဘာသာကိုယ္သင္ယူၿပီးတတ္ေျမာက္လာရတာ၊ ေမာင္တို႔မိဘေတြအေနနဲ႔ေဘးကေန ထိန္းသင့္တာပဲလိုက္ထိန္းေပးရမွာ၊ ေနရာတကာဝင္ပါေနလို႔မရဘူး၊ ၾကာရင္ကေလးက မိဘအေပၚအားကိုးစိတ္ဝင္ၿပီး ဘာမွမလုပ္တတ္ မကိုင္တတ္ျဖစ္လိမ့္မယ္"

ဂ်ီမင္းလည္း ေဂ်ာင္ကုစကားကိုနားေထာင္ၿပီးၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္သည္။ ေမာင္ကတစ္ကယ္သေဘာက်စရာ လူတစ္ေယာက္ပဲ။ အိမ္ေထာင္ဦးစီးတစ္ေယာက္တာဝန္ကိုေရာ ဖခင္တစ္ေယာက္တာဝန္ကိုေရာ မလစ္ဟင္းေစရပဲ ႏိုင္နင္းစြာထမ္းေဆာင္ႏိုင္သည္။ ကေလးကိုသြန္သင္ပုံေတြကလည္း နည္းစနစ္က်လွတာမို႔ ဂ်ီမင္းအေနနဲ႔လည္း ဘာမွဝင္ေျပာစရာမ႐ွိ။ သူ႕သားကို သူႏိုင္ေအာင္ထိန္းတတ္သည္။ ခဏၾကာေတာ့ သားကအိမ္ထဲျပန္ဝင္လာသည္။ ထိုင္ေနတဲ့ေဂ်ာင္ကုဆီတန္းတန္းမတ္မတ္ေျပးလာၿပီး

"ဒယ္ဒယ္...သူငယ္ခ်င္းကေျပာတယ္ ေဂ်ာင္ေဂ်ာင္က ေဘာင္းဘီကိုေျပာင္းျပန္ႀကီးဝတ္ထားတယ္တဲ့...ေဂ​်ာင္ေဂ်ာင့္ေဘာင္းဘီက တစ္ကယ္ေျပာင္းျပန္ႀကီးျဖစ္ေနလားဟင္..ဒယ္ဒယ္"

"အင္း သူငယ္ခ်င္းေျပာတာမွန္တယ္ ေျပာင္းျပန္ႀကီး"

"အာ့ဆိုေဂ်ာင္ေဂ​်ာင္ ျပန္ျပင္ဝတ္လိုက္မယ္ မွန္လားၾကည့္ေပးေနာ္ဒယ္ဒယ္"

ေျပာေျပာဆိုဆို ေဘာင္းဘီအဝါေလးကိုခြၽတ္ခ်ၿပီး ေ႐ွ႕ေနာက္တည့္မတည့္ေသခ်ာၾကည့္ကာ ျပင္ဝတ္ေလသည္။ ဒီတစ္ခါေတာ့တည့္သြားေခ်ၿပီ။

"မွန္သြားၿပီလား ဒယ္ဒယ္...ပါပါး"

"အင္း မွန္သြားၿပီ ဒယ္ဒီ့သားကေတာ္လိုက္တာ"

"ဟီး....အာ့ဆို ေဂ်ာင္ေဂ်ာင္သြားျပန္ေဆာ့လိုက္ဦးမယ္"

ေဂ်ာင္ဟိုေလးအေနာက္အလွည့္ အိမ္တံခါးပြင့္သြားၿပီး လူႏွစ္ေယာက္ဝင္လာသည္။

"ေဂ်ာင္ဟို​ေလးေရ ဦးဦးတို႔လာလည္တယ္"

"ဟာ...ဦးဦးထယ္...ဂီဂီ"

ထယ္ေယာင္းတို႔အတြဲလည္း ေဂ်ာင္ဟိုေလးေရာက္လာသည့္ေနမွစ၍ အိမ္ကိုေခ်ာင္းေပါက္မတတ္ကိုလာလည္ျခင္းျဖစ္သည္။ ကေလးသိပ္ခ်စ္တတ္တဲ့ ကင္ထယ္ေယာင္းဟာ ေဂ်ာင္ဟိုကိုသူ႕သားအရင္းလိုခ်စ္ခင္႐ွာသည္။ ကေလးစားခ်င္တာ၊ လိုခ်င္တာမွန္သမွ်ကိုလည္း ေဂ်ာင္ဟိုမ်က္ႏွာတစ္ခ်က္မညိႇဳးခင္ အကုန္ဝယ္ေပးတတ္သူျဖစ္သည္။ ေဂ်ာင္ဟိုကလည္း ပါပါးဂ်ီမင္းထက္ပင္ သူ႕ကိုအလိုပိုလိုက္သည့္ ဦးဦးထယ္ကိုအမ်ားႀကီးခင္တြယ္သည္။ ၿပီးေတာ့ဦးဦးထယ္ရဲ႕လူ ဂီဂီ့ကိုေရာ...။

အသားညိဳညိဳ၊ အရပ္ျမင့္ျမင့္၊ လူေကာင္ႀကီးႀကီးျဖစ္တဲ့ ဦးဦးထယ္နဲ႔ပုံမွန္ထက္ပို၍လိုက္ဖက္သည္​့ အသားျဖဴျဖဴ၊ ေသးေသးလုံးလုံးေလးျဖစ္သည့္ ယြန္းဂီကိုလည္းေဂ်ာင္ဟိုကအသည္းယားသည္။ အထူးသျဖင့္ ဂီဂီျပဳံးလိုက္ရင္ေပၚလာသည့္ သြားေသးေသးေလးေတြကိုလည္း ဦးဦးထယ္နဲ႔အၿပိဳင္သေဘာက်သည္။ လူခင္တတ္ၿပီး လူႀကီးေတြကိုဘယ္လိုခြၽဲရမလဲေကာင္းေကာင္းသိတဲ့ ေဂ်ာင္ဟိုဟာ ထယ္ေယာင္းကိုျမင္တာနဲ႔ ေျပးဖက္ၿပီးသား။

"ေဂ်ာင္ေဂ်ာင္က ဦးဦးထယ္ကို ရမ္းလြမ္းေနတာ"

"ဦးဦးလည္း သားကိုလြမ္းေနတာေပါ့ကြ"

"ဂီဂီ့ကိုလည္းလြမ္း..."

ထယ္ေယာင္းကိုဖက္ထားရင္းနဲ႔မွ ေဘးမွာမတ္တပ္ရပ္ေနတဲ့ ယြန္းဂီကိုပါျပဳံးျပရင္းေျပာလိုက္သည္။ ယြန္းဂီကလည္း ေဂ်ာင္ဟို႔ပါးကိုအသာေလးဆြဲညႇစ္လိုက္သည္။

"ဂီဂီလည္း ေဂ်ာင္ဟို႔ကိုသတိရပါတယ္"

"သားဆီလာလည္တာလား ေယာင္း"

"ေအး အခုရက္ပိုင္းအလုပ္႐ႈပ္ေနတာနဲ႔ ငါ့တူဆီမေရာက္ျဖစ္တာၾကာၿပီေလဂ်ီမင္းရာ သတိရလို႔လာတာ"

ကေလးကိုနမ္းေနရင္းမွ ဂ်ီမင္းေမးခြန္းကိုထယ္ေယာင္းကျပန္ေျဖလိုက္သည္။

"ညေနစာစားၿပီးၾကၿပီလား"

"မစားရေသးဘူး ေဂ်ာင္ကု"

"အဲ့တာဆိုတစ္ခါတည္းစားသြားၾကပါလားHyungတို႔၊ ကြၽန္ေတာ္တို႔လည္းခဏေနစားေတာ့မွာ"

"ဟုတ္သားပဲ တစ္ခါတည္းစားသြားေလေနာ္ Yoongi hyung..."

ဂ်ီမင္းကပါ ဝင္ေျပာသျဖင့္ယြန္းဂီလည္း လက္ခံသည့္အေနျဖင့္ေခါင္းညိမ့္ျပလိုက္ရသည္။

"ဦးဦးကိုခ်စ္လား ေဂ်ာင္ဟို"

"ဟုတ္ ခ်စ္တယ္"

"ဘယ္ေလာက္ခ်စ္လဲ"

"ရမ္းခ်စ္...ရမ္းခ်စ္ မ်ားႀကီးခ်စ္"

"ဒါဆို ဦးဦးနဲ႔မင္းပါပါးဆိုရင္ေရာ"

"ဦးဦးကိုပိုခ်စ္"

"မင္းဒယ္ဒီနဲ႔ဦးဦးနဲ႔ဆိုရင္ေရာ"

"ဦးဦးကိုပဲပိုခ်စ္..."

"ဒါမွငါ့တူ"

ထယ္ေယာင္းသည္ ေဂ်ာင္ဟိုရဲ႕အေျဖကိုသေဘာက်စြာရယ္ရင္း ပါးေလးတစ္ဖက္ကိုဖိနမ္းလိုက္သည္။

"ဒါဆိုဂီဂီ့ကိုေရာမခ်စ္ဘူးလား"

ေဘးကေနရပ္ၾကည့္ေနတဲ့ ယြန္းဂီကျပဳံးျပဳံးေလးေမးလိုက္ေတာ့ ေဂ်ာင္ဟိုကလည္းခပ္ျမန္ျမန္ပင္ျပန္ေျဖသည္။

"ဂီဂီ့ကိုခ်စ္ဆုံး..."

"ေဟ့ေကာင္ ငါ့ေယာက်ာ္းငါပဲခ်စ္မယ္ မင္းမခ်စ္နဲ႔"

"ခ်စ္မွာခ်စ္မွာ ဂီဂီ့ကိုခ်စ္"

"တယ္...ဒီေကာင္ ငါလုပ္လိုက္ရ ၿပိဳင္ကားအ႐ုပ္မဝယ္ေပးေတာ့ဘူး"

"တြင္းမူးကိုကိုနဲ႔တိုင္မွာ ဝယ္ေပးဝယ္ေပး အီးဟီးး"

ကေလးဆီမွ ယြန္းဂီကိုခ်စ္တယ္ဟူေသာစကားသံၾကားရေသာအခါ ထယ္ေယာင္းသည္မျပဳံးႏိုင္ေတာ့ေပ။ တစ္ေယာက္တည္းေသာေယာက်ာ္းကိုလာထိတဲ့အခါမွာေတာ့ မရင့္က်က္ႏိုင္စြာ ကေလးနဲ႔ပါရန္ၿပိဳင္ျဖစ္တဲ့အထိ။ အိမ္ထဲတြင္လည္း ကေလးႏွစ္ေယာက္ရဲ႕ရန္ျဖစ္သံေရာ၊ ကေလးမိဘေတြရဲ႕ရယ္သံေရာ၊ ကေလးႀကီးနဲ႔သက္ဆိုင္သူရဲ႕ရယ္သံနဲ႔ပါ ေရာေႏွာသြားေလသည္။
................
ထမင္းစားၿပီး ထယ္ေယာင္းတို႔အိမ္ျပန္သြားခ်ိန္မွာေတာ့ ကေလးကိုသိပ္ဖို႔လုပ္ရသည္။ ငယ္ငယ္တည္းကေဂ်ာင္ကုက ကိုယ့္အခန္းနဲ႔ကိုယ္အိပ္ေစခဲ့တာမို႔လို႔ ေဂ်ာင္ဟိုကတစ္ေယာက္တည္းလည္းအိပ္ရဲသည္။ ညသန္းေခါင္လည္းထၿပီး ဂ်ီမက်တတ္။

"ပါပါး...တီေလးနဲ႔ဗြီေကာေျပာမယ္ေလ"

"တီေလးလား...အခုခ်ိန္ေလာက္ဆို ကေနဒါမွာသန္းေခါင္ခ်ိန္ဆိုေတာ့ တီေလးလည္းအိပ္ေနေလာက္ၿပီသားရဲ႕ သားေျပာခ်င္ရင္မနက္က်မွပါးေခၚေပးမယ္ေလ ခုအိပ္ေတာ့"

"ဟုတ္ အာ့ဆိုနက္ျဖန္ေျပာမယ္ေနာ္ ဖြားဖြားတို႔ဆီလည္းသြားလည္မယ္"

"ဟုတ္ပါၿပီ ပါးကေလးရယ္...မနက္ျဖန္ပါးအကုန္လုပ္ေပးမယ္ ခုအိပ္ေတာ့"

"ဂြတ္ႏိုက္ကစ္..."

ႏႈတ္ခမ္းေလးဆူၿပီး goodnight kissဟုဆိုလာေတာ့ ဂ်ီမင္းလည္းသားရဲ႕ပါးေဖာင္းေဖာင္းေလးကိုနမ္းလိုက္သည္။ သားကလည္း ဂ်ီမင္းရဲ႕ပါးေတြကို လက္ေလးႏွစ္ဖက္နဲ႔ျပန္ကိုင္ကာတစ္မြမြျပန္နမ္းသည္။

"မြ...ဒါ ပါပါးအတြက္"

"မြ...ဒါ ဒယ္ဒယ့်အတြက္ ဒယ္ဒယ့်ကိုေဂ်ာင္ေဂ်ာင့္အစားျပန္နမ္းလိုက္ေနာ္ ပါပါး၊ ေဂ်ာင္ေဂ်ာင္ကႏိုက္ကစ္ေပးလိုက္တယ္လို႔"

"အင္းပါ ပါပါးျပန္နမ္းလိုက္ပါ့မယ္"

ထိုသို႔ေျပာလိုက္မွ အလိုက်သြားဟန္ျဖင့္မ်က္လုံးေတြမွိတ္သြားသည္။ ဂ်ီမင္းလည္းအိပ္ေပ်ာ္သြားတဲ့အထိေစာင့္ေပးၿပီးမွ ေဂ်ာင္ဟို႔အခန္းထဲကထြက္လာလိုက္သည္။ ထို႔ေနာက္အိပ္ရာဝင္ရန္ သူတို႔အိပ္ခန္းထဲဝင္သြားလိုက္ေတာ့ ေဂ်ာင္ကုကဝရန္တာေဘာင္ကို လက္ေထာက္ကာမတ္တပ္ရပ္ေနသည္။ ဂ်ီမင္းလည္း ေဂ်ာင္ကုဆီလွမ္းသြားၿပီး ေနာက္ကေနခါးကိုသိုင္းဖက္ၿပီး ေက်ာျပင္ႀကီးထဲေခါင္းတိုးကာပြတ္သပ္ေနလိုက္သည္။

"သားအိပ္သြားၿပီလား"

"အင္း"

"ေမာင့္အမ်ိဳးသားေလးေရာ အိပ္ခ်င္ၿပီလား"

"ဟင့္အင္း...ေမာင္ ဒီဘက္လွည့္"

"ဟင္..."

ေဂ်ာင္ကုရဲ႕ခႏၶာကိုယ္ႀကီးကိုဆြဲလွည့္ၿပီး ပါးေပၚကိုႏႈတ္ခမ္းေလးဆူၿပီး ေျခဖ်ားေထာက္နမ္းလိုက္သည္။ ေဂ်ာင္ကုကသူ႕ကိုျပဴးေၾကာင္ေၾကာင္နဲ႔ၾကည့္ေတာ့ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး...

"သားေပးခိုင္းလိုက္လို႔ goodnight kissတဲ့"

ေဂ်ာင္ကုလည္းျပဳံးလိုက္ၿပီး ဂ်ီမင္းကိုခါးမွဆြဲဖက္ကာ ဝရန္တာေဘာင္ေပၚမွီေစၿပီး ႏႈတ္ခမ္းတို႔ကိုစတင္သုံးေဆာင္ေတာ့သည္။ သည္းသည္းမဲမဲအနမ္းမိုးေတြေၾကာင့္ လမင္းႀကီးလည္း႐ွက္ကာ တိမ္ေတြၾကားပုန္းကြယ္လို႔။ အေတာ္ၾကားနမ္းလို႔ဝေတာ့မွ ႏွဖူးေလးကိုနမ္းၿပီး အမ်ိဳးသားေလးကိုရင္ခြင္ၾကားထည့္ကာဖက္ထားမိသည္။ အမ်ိဳးသားေလးကလည္း ရင္ခြင္ထဲကေနေမာင့္ကိုျပဳံးၾကည့္ကာ ခါးသြယ္သြယ္ကိုလက္ေသးေသးေလးတစ္စုံနဲ႔ျပန္ဖက္တြယ္ထားသည္။ လေရာင္ၾကည္ျပာေအာက္မွာ ကပ္ထားတဲ့ရင္ခြင္ေတြက ေႏြးစစ။

ကိုကို႔ရဲ႕အၾကည့္ေတြမွာ
ေမာင္အႀကိမ္ႀကိမ္က်႐ႈံးတယ္၊

ကိုကို႔​ရဲ႕အျပဳံးေတြမွာ
ေမာင္အႀကိမ္ႀကိမ္ၿပိဳလဲတယ္၊

ကိုကို႔မ်က္ဝန္းထဲစိုက္ၾကည့္မိခ်ိန္တိုင္းမွာ
ကမ႓ာႀကီးရပ္တန္႔သြားသလိုပဲ
ပတ္ဝန္းက်င္နဲ႔အဆက္အသြယ္ျပတ္သြားတယ္၊

ကိုကိုက ေမာင့္ကိုအႀကိမ္ႀကိမ္ေသဆုံးေစတယ္
႐ွင္သန္ေစတယ္
စိတ္ကူးသစ္ေတြရေစတယ္၊

ကိုကိုသာမ႐ွိရင္ ေမာင့္ကမ႓ာငယ္ေလးပ်က္စီးသြားလိမ့္မယ္၊
ကိုကိုက ​ေမာင့္ရဲ႕တစ္ခုတည္းေသာကမ႓ာငယ္ေလးပါ ဂြၽန္ဂ်ီမင္း။

သိပ္ခ်စ္ရပါတယ္ ေမာင့္ရဲ႕ကမ႓ာဦးလူသားေလးရယ္။
..........
( မေန႔ကတည္းက တင္ေပးမလို႔ကိုWP errorတက္ေနလို႔။ အခုေတာ့ပင္လယ္ေလးကတစ္ကယ္ၿပီးသြားပါၿပီ။ ဂြၽန္မိသားစုနဲ႔အတူ အားလုံးကိုအၿပီးအပိုင္ႏႈတ္ဆက္လိုက္ပါတယ္။ )

Continue Reading

You'll Also Like

265K 28.7K 35
Cover by @AL2LUKAR ~~မီး​ေတာက္​မီးလွ်ံ​ေတြလို ပူျပင္​းတဲ့မာန​ေတြကို ​ေ႐ွ႕တန္​းတင္​ၿပီး တည္​​ေဆာက္​ခဲ့တဲ့ အိမ္​​ေထာင္​​ေရးတစ္​ခုဟာ........... ခ်စ္​ျခင...
592K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
874K 35.9K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကြၽန္ေတာ္ တစ္ခါ နမ္းရင္ ငါးသိန္း ထက္မနည္းရတယ္..သေဘာေပါက္လား?"(18+)
716K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!