BLOGGER
- Part 5 -
ကျောဘက်ကနေ ဖက်ပြီး ခြေထောက်နှစ်ဖက်နဲ့ပါ ခွထားတဲ့ အငယ်လေးကြောင့် ဂျွန်မြောင် အလုပ်ကောင်းကောင်းလုပ်လို့ မရ။
ခရီးကပြန်လာပြီးကတည်းက တစ်ချိန်လုံးတောက်လျှောက်လိုက်နေပြီး အလုပ်သွားရင်လည်း တစ်ချိန်လုံးကပ်နေတတ်သည်။
သူ့ကို အချိန်ပေးမယ်လို့ မပြောမချင်း ဖက်ထားတာကို ဖယ်မဲ့ပုံမပေါ်ဘူး။
"ကလေး ဖယ်ဦး ဒါလေး လက်စသတ်ပြီးရင် ထမင်းတူတူစားမယ်
ညနေပန်းပွဲတော်သွားချင်တာမလား လိုက်ပို့ပေးမယ်"
"တကယ်နော် ဂျွန်"
"အင်း တကယ်"
"မြန်မြန်လုပ်နော်"
ဖက်ထားတာကို လွှတ်ပြီး တစ်ဖက်က ဆိုဖာပေါ်ရွှေ့သွားသည်။
"ခရီးသွားနေတုန်းကရော ချန်ယောလ်ကို အဲ့လိုလိုက်ကပ်နေတာပဲလား ဂျောင်လေး"
"မကပ်ပါဘူး ဂျွန်ကလဲ.."
"ချန်ယောလ်နဲ့အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား နောက်ခရီးတွေရော ဆက်လိုက်ဦးမှာလား ဂျောင်"
ဆိုဖာပေါ်မှာ မှောက်လျက် ခြေထောက်ထောင်ရင်း ဖုန်းသုံးနေရာကနေ ဂျွန်မြောင်ကို လှမ်းကြည့်သည်။
"မသိဘူး ဂျွန်"
"ချန်ယောလ်က မနေ့ညက ကိုယ့်ဆီဖုန်းဆက်တယ်
သူက ကလေးနဲ့ အဆင်ပြေတယ်တဲ့
ကလေးသာ ဆက်လုပ်မယ်ဆို နောက်ခရီးခေါ်သွားချင်တယ်လို့ပြောတယ်"
"ကျွန်တော် မသိသေးဘူး
ခရီးသွားရတာကောင်းပေမဲ့ အလုပ်ကိစ္စကြီးနဲ့ဆိုတော့ သိပ်မပျော်ဘူး ဂျွန်
ပြီးတော့ အဲ့လူက ပြောရဆိုရ လက်ပေါက်ကပ်သေးတာ"
"အလုပ်ပဲ ကလေးရယ်
အပျော်ခရီးနဲ့တော့ ဘယ်တူပါ့မလဲ"
"သူက ကျွန်တော့်ကို အလိုမလိုက်ဘူး"
"ချန်ယောလ်က ကလေးနဲ့ အလုပ်သဘောပဲပတ်သက်တာလေ
ဘယ်လိုလုပ် ကလေးအလိုလိုက်မှာလဲ..
Online course ကရော စာမလုပ်ရဘူးလားကလေး စာလုပ်တာလဲမတွေ့ပါလား"
"လုပ်ရမှာ ပျင်းနေသေးလို့"
"ကိုယ်လုပ်ရမှာတွေကို ဘယ်တော့မှ မပျင်းနဲ့ ကလေး
ကိုယ်က ကလေးကို အမြဲချစ်ပြီး အလိုလိုက်ပေမဲ့ ပေါ့ပျက်ပျက်နေတာတွေကို ခွင့်မပြုဘူးနော်"
"သိပါတယ် ရိဖန်ကောနဲ့တူတူပဲ
တစ်ချိန်လုံး ဆူနေတာ
အပြင်ကပဲစောင့်တော့မယ်"
စူပုတ်ပြီး ထွက်သွားတော့ ဂျွန်မြောင်လည်း အလုပ်ကို လက်စသတ်ကာ ရုံးခန်းအပြင်ဘက်ကိုထွက်လိုက်သည်။ အခန်းအပြင်က ခုံတန်းမှာလည်းမရှိသောကြောင့် အောက်ထပ်အထိဆင်းလိုက်ခဲ့တော့ Agency ရှေ့မှာ လူတစ်ယောက်နဲ့စကားပြောနေသော အငယ်လေးကိုတွေ့လိုက်သည်။ သူစိမ်းနဲ့စကားပြောနေတာကို စိတ်ပူသောကြောင့် အမြန်ထွက်ကြည့်တော့ စကားပြောနေတဲ့သူက ချန်ယောလ်ပဲ...။ ချန်ယောလ်က တစ်ခုခုပြောနေပြီး ကလေးက ခေါင်းခါပြီး ငြင်းနေသည်။
"ဂျောင်..."
ဂျွန်မြောင်ခေါ်လိုက်ရင်းနဲ့ ဂျောင်ဆူးနားအထိသွားလိုက်သည်။
"ဘာဖြစ်လို့လဲ ချန်ယောလ်..."
"ကျွန်တော် ချာတိတ်လေးကို ခဏခေါ်သွားချင်လို့ အစ်ကို
ချာတိတ်ဘယ်မှာရှိမလဲမသိလို့ အစ်ကို့ဆီကို လာမေးတာ အခုတွေ့တော့ အတော်ပဲ"
"ဘယ်ကိုလဲ ကိုယ်အခု ကလေးကို ထမင်းလိုက်ကျွေးဖို့"
"သွားလေ အစ်ကို ရတယ်
ကျွန်တော်လည်း လိုက်ခဲ့မယ် ပြီးရင် ကျွန်တော်နဲ့ ခဏထည့်ပေးလို့ရမလား"
"ဘာလို့လဲ"
"ကျွန်တော်မလိုက်ချင်ဘူးနော် ဂျွန်နဲ့ပဲနေမှာ
ဂျွန်က ညနေကျ ပန်းပွဲတော်လိုက်ပို့မှာဆို"
ဂျွန်မြောင်က မလွှတ်ရင် ချန်ယောလ် ခေါ်လို့မရတော့မှာ စိုးသောကြောင့် လာရင်းကိစ္စကို အမြန်ရှင်းပြရသည်။
"ကျွန်တော် Blog တင်ဖို့အတွက် ပြင်နေတာ အစ်ကို
ခရီးက တူတူသွားခဲ့တာဆိုတော့ ချာတိတ်ဆီက idea လေးနည်းနည်း လိုချင်လို့ပါ
မကြာပါဘူး ခဏပဲခေါ်မှာ"
"မလိုဘဲ သက်သက်ခိုင်းစားတာမလား
ခင်ဗျားဘာသာတစ်ယောက်တည်းရေးပြီး တင်ပါလား
ကျွန်တော်ကဘာလို့အကြံလိုက်ပေးနေရမှာလဲ"
"ဂျောင် အဲ့လိုမပြောရဘူးလေ
ဂျောင်လေးနဲ့တူတူသွားတဲ့ခရီးပဲကို ဂျောင်လေးက Blog အဆုံးထိ ကူညီရမှာပေါ့...
ချန်ယောလ်က ကလေးကို ပန်းပွဲတော်မီအောင် ကိုယ့်ဆီပြန်ပို့မယ်ဆို ကိုယ်ခွင့်ပြုပါတယ်
အချိန်မမီဘူးထင်ရင်တော့ နောက်နေ့မှ လာခေါ်လိုက်လေ"
"မီပါတယ် ခဏပဲကို... လိုက်ခဲ့နော် ချာတိတ်
ကိုယ်အချိန်မီ ပြန်ပို့ပါ့မယ်"
ချာတိတ်လေးက ခေါင်းခါရင်း ဂျွန်မြောင်နားကို ကပ်သွားတော့ ဂျွန်မြောင်က ကောင်လေးဆံပင်လေးတွေကို သပ်ပေးနေသည်။
ဟူဒီအနီရောင်လေးကြောင့်လား အလိုမကျတာကြောင့်လားတော့မသိ ချာတိတ်လေးမျက်နှာလေးက အနီရောင်သန်းနေသည်။
"ဂျောင်လေးက ဘာစားချင်လဲ
ဘာလိုက်ကျွေးရမလဲ"
"သုံးထပ်သားကင် စားချင်တာ"
"ဒါဆိုသွားမယ်လေ... ချန်ယောလ် လိုက်မယ်မလား
ကိုယ်ရှေ့ကသွားနှင့်မယ်နော် နောက်ကနေလိုက်ခဲ့လိုက်
ဟိုဘက်ရပ်ကွက်က ဆိုင် သိလား"
"သိတယ် အစ်ကို သွားနှင့် ကျွန်တော်လိုက်ခဲ့မယ်"
ချန်ယောလ်ကို မကျေနပ်တဲ့ ချာတိတ်က မျက်စောင်းထိုးပြီး သူ့အစ်ကို ကားပေါ်တက်သွားသည်။
တကယ်တော့ ချာတိတ်ပြောသလိုပဲ Blog က အစကတည်းက တစ်ယောက်တည်းရေးနေကျမို့ တစ်ယောက်တည်းရေးလည်း အခက်အခဲလုံးဝမရှိပါ။
ခရီးက ပြန်လာပြီး ချာတိတ်နဲ့ မတွေ့ရတာ ၃ ရက်ရှိပြီဖြစ်လို့ ချန်ယောလ်က တစ်ခုခုလိုနေသလိုခံစားရသည်။ ၄ ရက်လောက် အတူတူရှိခဲ့ပြီးနောက် ဒီကလေးသာသာလေးကို ဘာလို့ ဒီလောက် သံယောဇဉ်ဖြစ်သွားမိမှန်းမပြောတတ်ပေ။ မတွေ့ရရင် မနေနိုင်သောကြောင့် အကြောင်းပြပြီး ခေါ်ဖို့ကြိုးစားပေမဲ့ ကောင်လေးကတော့ သူ့ကို တွေ့ချင်နေပုံမပေါ်ပါ။ ခါးခါးသီးသီးကို ငြင်းနေတော့တာပဲ။ ဒါပေမဲ့ သူ့အစ်ကိုခွင့်ပြုတယ်ဆိုတော့ ခဏလေးတွေ့ရမယ်ဆိုလည်း အလွမ်းပြေလောက်ပါသည်။
🌍
စိတ်မပါဘဲ ဂျွန်မြောင်ချော့မော့ထည့်လိုက်လို့ ကားပေါ်ပါလာတဲ့ကောင်လေးက ချန်ယောလ်ကို လုံးဝမကြည့်ဘဲ မှန်အပြင်ကိုပဲငေးနေသည်။ သုံးထပ်သားစားတဲ့အချိန်ကလည်း ချန်ယောလ်ကို မကျေမနပ် မျက်လုံးလှန်ကြည့်လိုက် အသားကို ပါးစပ်ထဲထည့်ဝါးလိုက်နှင့် ချန်ယောလ်အမှတ်နဲ့ပိုပြီး ကြိတ်ဝါးနေပုံရသည်။ ဘယ်လိုပုံလုပ်လုပ် ချန်ယောလ်ကတော့ အဲ့ဒီဖြူလုံးလုံးလေးကိုမြင်ရုံနဲ့တင် စိတ်ကျေနပ်နေရသည်။ မရေရာသေးတဲ့ ခံစားချက်တစ်ခုပေမဲ့ ဒီချာတိတ်အပေါ်မှာ သာမန်ထက်ပိုနေပြီဆိုတာ သူ့ကိုယ်သူ ကောင်းကောင်းသတိထားမိသည်။
"အဟမ်း ချာတိတ်....
ကိုယ်က အလုပ်ကိစ္စအရေးကြီးလို့ ခေါ်တာပါ
ချာတိတ်အပြင်သွားချင်တာကို နှောက်ယှက်တာမဟုတ်ပါဘူး"
"...."
"ဟို...ချာတိတ် ဘာစားချင်သေးလဲ
ကိုယ်ဘာဝယ်ကျွေးရဦးမလဲ
စားချင်တာပြောလေ တစ်ခါတည်းဝင်ဝယ်လိုက်မယ်"
အပြင်ကိုငေးနေရာကနေ ချန်ယောလ်ဘက် ဆတ်ခနဲပြန်လှည့်လာသည်။
"ဒီမှာ ပတ်ချန်ယောလ်ရှီ
အစားအသောက်နဲ့မြူဆွယ်လိုက်တာနဲ့ စိတ်ပျော့မယ်များထင်နေလို့လား
နောက်ဆို ကျွန်တော့်ကို မပြောမဆိုနဲ့ လာမခေါ်ပါနဲ့ မကြိုက်ဘူး"
"အင်းပါ ချာတိတ်ရယ်..
ကိုယ်ကအခု အရေးကြီးလို့ပါ အလုပ်သဘောလေ နားလည်တယ်မလား"
"နားလည်တယ်ပဲ ထားလိုက်ပါတော့
ကျွန်တော်တာဝန်မကျေလို့ ဂျွန်မျက်နှာပျက်ရမှာကို မလိုချင်ပါဘူး"
"ချာတိတ်က လိမ္မာသားပဲ"
"အပိုတွေပြောမနေနဲ့ ဟိုးရှေ့ကဆိုင်မှာ သီးစုံရေခဲသုတ်နာမည်ကြီးတယ် အဲ့ဒါစားမယ်"
"အိုကေ ဘေဘီ
ကိုယ်ဝယ်ခဲ့မယ်"
ခုနကကျ အစားအသောက်နဲ့ မြူဆွယ်တောင် စိတ်မပျော့ပါဘူးဆိုပြီး အခုကျတော့ မစားတာလည်းမဟုတ်ဘဲနဲ့။ ရီချင်ပေမဲ့ မရီဘဲထိန်းထားလိုက်ပါသည်။ အစကတည်းက ကိုယ့်ကို ကြည်ပြီးလိုက်ခဲ့တာမဟုတ်တော့ စိတ်ပိုခုသွားမှာကြောက်နေရသည်။ ရေခဲသုတ်ဝယ်ပြီးတော့ ချန်ယောလ်အိမ်ကို အမြန်မောင်းလိုက်သည်။ ရေခဲတွေပျော်ရင် စားမကောင်းမှာစိုးရသေးသည်။
တိုက်ခန်းထဲဝင်လာပြီးတာနဲ့ ဟိုဟိုဒီဒီစပ်စုနေသော မျက်လုံးလေးက ဝိုင်းနေသည်။
ရေခဲသုတ်ကို ပန်းကန်နဲ့ပြင်ပြီး စားဖို့ခေါ်မှ ခုံမှာလာထိုင်သည်။
"ယောလ် တစ်ယောက်တည်းနေတာလား"
"အင်း မိဘတွေက နယ်မှာမို့လို့"
"ဒီရေခဲသုတ်က နာမည်ကြီးပဲ ယောလ် စားကြည့်မလား"
"မင်းပဲ စားပါ... ဒီမှာမနေတဲ့သူက ဒီက အစားအသောက် အကြောင်းတော့သိသားပဲ"
"တစ်နှစ် တစ်ခါတော့ရောက်ပါတယ်
အဲ့ဒီအချိန်ဆို ဂျွန်လိုက်ကျွေးတာ"
"မောင်နှမတွေထဲမှာ အစ်ကို ဂျွန်မြောင်ကို အချစ်ဆုံးလား"
"ဂျွန်ရယ် တရုတ်က ကော ရယ် ကို အချစ်ဆုံး"
"ဒီမှာမနေတဲ့အချိန်တွေဆို ဘယ်မှာနေတာလဲ..."
"ခင်ဗျား အလုပ်လုပ်မယ်ဆို"
"အင်း...လုပ်မယ်လေ စားပြီးရင်လာခဲ့"
အလုပ်အကြောင်းပြပြီးခေါ်လာပေမဲ့ ချန်ယောလ်က ချာတိတ်လေးအကြောင်းကိုပဲ စိတ်ဝင်စားနေသည်။ တစ်ချိန်လုံး ဟိုနိုင်ငံ ဒီနိုင်ငံရွှေ့နေသည်ဆိုတော့ တကယ်လို့များ
တစ်နေရာရာမှာ ကြာကြာသွားနေနေရင် လွမ်းလွန်းလို့ ဒုက္ခများနိုင်သည်။ ရက်ပိုင်းလေးနဲ့တောင် ကလေးမျက်နှာလေးကို မြင်ချင်စိတ်တွေပြည့်နေတာ။ တရုတ်က အစ်ကိုဆီများကြာကြာသွားနေရင် ချန်ယောလ်တို့ လွမ်းရချည်သေးရဲ့။
အိမ်ရှေ့ စားပွဲမှာ လာဝင်ထိုင်တဲ့ ချာတိတ်ကို ဓာတ်ပုံတွေ ပြပြီး ရွေးခိုင်းထားလိုက်သည်။
ဒီ့အပြင်လည်း ခိုင်းစရာက ရှိမနေ။
"ဘယ်ပုံလေးတွေ အဆင်ပြေမလဲရွေးပေးပါဦး...အနည်းဆုံး ပုံ ၂၀ ကနေ ၂၅ ပုံလောက်ထိ albumn အနေနဲ့ထည့်မယ်လေ
video clip ကတော့ သုံးခုလောက်ပဲ သုံးမယ်"
"အကုန်လှနေတော့ ရွေးရတောင်ခက်တယ်"
"သေချာရွေးနော် ဒီ Blog ကြောင့် ဝင်ငွေများလာရင် ကိုယ်က ချာတိတ်ကို Bonus ပေးမှာ"
"ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ခင်ဗျား Blog ပဲကို..မလိုပါဘူး"
"မဟုတ်သေးဘူးလေ ဒီခရီး အစ အဆုံးကို ချာတိတ်ကူပေးထားတယ်မလား
ဒီအထဲက ဒေသန္တရ အချက်အလက်တစ်ချို့ကလည်း ချာတိတ်ရှာပေးထားတာတွေလေ"
"...."
"ချာတိတ် ကိုယ့်ကိုသေချာကြည့်"
ပုံထိုင်ရွေးနေတဲ့ ချာတိတ်လေးကိုမျက်နှာချင်းဆိုင်ဖြစ်အောင် ပခုံးက ဆွဲလှည့်လိုက်သည်။
ပြူးဝိုင်းနေတဲ့ မျက်လုံးလေးတွေက ချန်ယောလ်ကို တည့်တည့်ကြည့်လာသည်။
"အခုကိုယ်တို့သွားတဲ့ခရီးနဲ့ ကိုယ့် website မှာတင်မဲ့ Blog က ချာတိတ်နဲ့ ကိုယ်နဲ့ နှစ်ယောက်လုံးနဲ့ သက်ဆိုင်တယ်
ဒီ Blog ရဲ့ အောင်မြင်မှု ကျရှုံးမှုက ကိုယ်တို့နှစ်ယောက်လုံးပေါ်မူတည်တယ်
ကိုယ်က ချာတိတ်ကို သာမန်လက်တိုလက်တောင်းခိုင်းဖို့လောက်ခေါ်သွားတာမဟုတ်ဘူးနော်
ကိုယ့် အလုပ် partner အနေနဲ့ခေါ်သွားတာ အဲ့ဒါကြောင့် သေချာလေး အာရုံစိုက်ပြီးလုပ်ပေးစေချင်တယ်
ဒါက ချာတိတ်ရဲ့ ပထမဆုံး အလုပ်မလား ဒီအလုပ်ရဲ့ အောင်မြင်မှုအတိုင်းအတာက ချာတိတ်ဘဝအတွက် မှတ်တိုင်တစ်ခုပဲ
ရှေ့ဆက်ပြီး ချာတိတ်က ဘယ်လိုအလုပ်နဲ့ အသက်မွေးမလဲ ကိုယ်မပြောတတ်ဘူး
ဒါပေမဲ့ ဒီအတွေ့အကြုံက တစ်နေရာရာမှာတော့ အထောက်အကူပြုလိမ့်မယ် ကိုယ်ပြောတာသဘောပေါက်လား"
"ကျွန်တော်သေချာလုပ်မှာပါ"
လေးနက်သွားတဲ့ မျက်လုံးလေးတွေက ချန်ယောလ်ပြောတာကို သေချာသဘောပေါက်သွားမှန်း သိသာသည်။ အစက အပျော်တမ်း ပေါ့ပေါ့ပါးပါး လုပ်နေတာ ချန်ယောလ် သိတာပေါ့။ အဆင်ပြေရင် ဆက်လုပ်မယ်၊ သူစိတ်အလိုမကျတာနဲ့အလုပ်ထွက်မယ်ဆိုတဲ့ ပုံစံလေးနဲ့လေ။ အခုလိုနားလည်အောင် ပြောပြလိုက်တော့လည်း သူ့စိတ်ထဲ တစ်ခုခုပြောင်းလဲသွားပုံရသည်။
"ယောလ်... ကျွန်တော် အလုပ်ဆက်လုပ် မလုပ်ကို ဒီ Blog ရဲ့ အောင်မြင်မှုအတိုင်းအတာကို ကြည့်ပြီး ဆုံးဖြတ်လို့ရမလား"
"အင်း သိပ်ရတာပေါ့
ဒါလေးအောင်မြင်သွားရင်တော့ ချာတိတ်က အလုပ်ကို ဒီထက်ပို လေးလေးနက်နက်လုပ်ပေးရမယ်နော်"
ခေါင်းငြိမ့်ပြရင်း ပုံဆက်ရွေးနေတဲ့ ချာတိတ်က ခုနကလို ပေါ့ပျက်ပျက်မဟုတ်တော့ဘဲ တစ်ပုံချင်း အားသာချက် အားနည်းချက်တွေကိုပါ ပြောပြနေသေးသည်။ အရည်အချင်းရှိပြီးသား ချာတိတ်က နည်းနည်းသွေးပေးတာနဲ့ အရောင်တက်မည့် ကျောက်အရိုင်းတုံးလေးလိုဖြစ်သည်။ ချန်ယောလ်က ချာတိတ်လေးကို လူကြီးတွေရှိတဲ့နေရာကို လှည့်လည်နေပြီး ဂရုစိုက်ခံချင်နေတာထက်တစ်ယောက်တည်း တစ်နေရာမှာ အတည်တကျ ရပ်တည်နိုင်တဲ့ လူငယ်လေးဖြစ်လာတဲ့အထိ အများကြီး ပံ့ပိုးပေးချင်ပါသည်။ ကိုယ်တိုင်က ဂရုစိုက်ပေးချင်တာက တစ်ပိုင်းပေမဲ့ လူကြီးဆန်လာသည်ကိုလည်း မြင်ချင်သေးသည်။ လူကြီးဆန်မှ လူကြီးကိစ္စတွေက လုပ်လို့ရမှာဆိုတော့ ဒီကလေး တဖြည်းဖြည်း ရင့်ကျက်လာအောင် ကြိုးစားလေ့ကျင့်ေပးရပါဦးမည်။
🌍
နောက်တစ်ပိုင်း ခရီးထပ်ထွက်မယ်နော်
ဖတ်ပေး၊ vote, comment ပေး၊ RL ထဲ ထည့်ပေးသူတိုင်းကို ကျေးဇူးလည်းတင် ချစ်လည်းချစ်ပါတယ်ရှင့်
ပြောခဲ့သလိုပဲ ဒါလေးရေးဖို့က စာဖတ်ရတာများတော့ Daily update မရနိုင်ပါဘူးရှင့်
My Heartless HYUNG ဆိုတဲ့ Chansoo Fic အသစ်လေး တင်ထားတာမို့လို့ စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်ပေးပါဦးနော်
အဲ့ဒါလေးက Daily update လာနိုင်ပါတယ်
(Zawgyi)
BLOGGER
- Part 5 -
ေက်ာဘက္ကေန ဖက္ၿပီး ေျခေထာက္ႏွစ္ဖက္နဲ႕ပါ ခြထားတဲ့ အငယ္ေလးေၾကာင့္ ဂြၽန္ေျမာင္ အလုပ္ေကာင္းေကာင္းလုပ္လို႔ မရ။
ခရီးကျပန္လာၿပီးကတည္းက တစ္ခ်ိန္လုံးေတာက္ေလွ်ာက္လိုက္ေနၿပီး အလုပ္သြားရင္လည္း တစ္ခ်ိန္လုံးကပ္ေနတတ္သည္။
သူ႕ကို အခ်ိန္ေပးမယ္လို႔ မေျပာမခ်င္း ဖက္ထားတာကို ဖယ္မဲ့ပုံမေပၚဘူး။
"ကေလး ဖယ္ဦး ဒါေလး လက္စသတ္ၿပီးရင္ ထမင္းတူတူစားမယ္
ညေနပန္းပြဲေတာ္သြားခ်င္တာမလား လိုက္ပို႔ေပးမယ္"
"တကယ္ေနာ္ ဂြၽန္"
"အင္း တကယ္"
"ျမန္ျမန္လုပ္ေနာ္"
ဖက္ထားတာကို လႊတ္ၿပီး တစ္ဖက္က ဆိုဖာေပၚေ႐ႊ႕သြားသည္။
"ခရီးသြားေနတုန္းကေရာ ခ်န္ေယာလ္ကို အဲ့လိုလိုက္ကပ္ေနတာပဲလား ေဂ်ာင္ေလး"
"မကပ္ပါဘူး ဂြၽန္ကလဲ.."
"ခ်န္ေယာလ္နဲ႕အလုပ္လုပ္ရတာ အဆင္ေျပရဲ႕လား ေနာက္ခရီးေတြေရာ ဆက္လိုက္ဦးမွာလား ေဂ်ာင္"
ဆိုဖာေပၚမွာ ေမွာက္လ်က္ ေျခေထာက္ေထာင္ရင္း ဖုန္းသုံးေနရာကေန ဂြၽန္ေျမာင္ကို လွမ္းၾကည့္သည္။
"မသိဘူး ဂြၽန္"
"ခ်န္ေယာလ္က မေန႕ညက ကိုယ့္ဆီဖုန္းဆက္တယ္
သူက ကေလးနဲ႕ အဆင္ေျပတယ္တဲ့
ကေလးသာ ဆက္လုပ္မယ္ဆို ေနာက္ခရီးေခၚသြားခ်င္တယ္လို႔ေျပာတယ္"
"ကြၽန္ေတာ္ မသိေသးဘူး
ခရီးသြားရတာေကာင္းေပမဲ့ အလုပ္ကိစၥႀကီးနဲ႕ဆိုေတာ့ သိပ္မေပ်ာ္ဘူး ဂြၽန္
ၿပီးေတာ့ အဲ့လူက ေျပာရဆိုရ လက္ေပါက္ကပ္ေသးတာ"
"အလုပ္ပဲ ကေလးရယ္
အေပ်ာ္ခရီးနဲ႕ေတာ့ ဘယ္တူပါ့မလဲ"
"သူက ကြၽန္ေတာ့္ကို အလိုမလိုက္ဘူး"
"ခ်န္ေယာလ္က ကေလးနဲ႕ အလုပ္သေဘာပဲပတ္သက္တာေလ
ဘယ္လိုလုပ္ ကေလးအလိုလိုက္မွာလဲ..
Online course ကေရာ စာမလုပ္ရဘူးလားကေလး စာလုပ္တာလဲမေတြ႕ပါလား"
"လုပ္ရမွာ ပ်င္းေနေသးလို႔"
"ကိုယ္လုပ္ရမွာေတြကို ဘယ္ေတာ့မွ မပ်င္းနဲ႕ ကေလး
ကိုယ္က ကေလးကို အၿမဲခ်စ္ၿပီး အလိုလိုက္ေပမဲ့ ေပါ့ပ်က္ပ်က္ေနတာေတြကို ခြင့္မျပဳဘူးေနာ္"
"သိပါတယ္ ရိဖန္ေကာနဲ႕တူတူပဲ
တစ္ခ်ိန္လုံး ဆူေနတာ
အျပင္ကပဲေစာင့္ေတာ့မယ္"
စူပုတ္ၿပီး ထြက္သြားေတာ့ ဂြၽန္ေျမာင္လည္း အလုပ္ကို လက္စသတ္ကာ ႐ုံးခန္းအျပင္ဘက္ကိုထြက္လိုက္သည္။ အခန္းအျပင္က ခုံတန္းမွာလည္းမရွိေသာေၾကာင့္ ေအာက္ထပ္အထိဆင္းလိုက္ခဲ့ေတာ့ Agency ေရွ႕မွာ လူတစ္ေယာက္နဲ႕စကားေျပာေနေသာ အငယ္ေလးကိုေတြ႕လိုက္သည္။ သူစိမ္းနဲ႕စကားေျပာေနတာကို စိတ္ပူေသာေၾကာင့္ အျမန္ထြက္ၾကည့္ေတာ့ စကားေျပာေနတဲ့သူက ခ်န္ေယာလ္ပဲ...။ ခ်န္ေယာလ္က တစ္ခုခုေျပာေနၿပီး ကေလးက ေခါင္းခါၿပီး ျငင္းေနသည္။
"ေဂ်ာင္..."
ဂြၽန္ေျမာင္ေခၚလိုက္ရင္းနဲ႕ ေဂ်ာင္ဆူးနားအထိသြားလိုက္သည္။
"ဘာျဖစ္လို႔လဲ ခ်န္ေယာလ္..."
"ကြၽန္ေတာ္ ခ်ာတိတ္ေလးကို ခဏေခၚသြားခ်င္လို႔ အစ္ကို
ခ်ာတိတ္ဘယ္မွာရွိမလဲမသိလို႔ အစ္ကို႔ဆီကို လာေမးတာ အခုေတြ႕ေတာ့ အေတာ္ပဲ"
"ဘယ္ကိုလဲ ကိုယ္အခု ကေလးကို ထမင္းလိုက္ေကြၽးဖို႔"
"သြားေလ အစ္ကို ရတယ္
ကြၽန္ေတာ္လည္း လိုက္ခဲ့မယ္ ၿပီးရင္ ကြၽန္ေတာ္နဲ႕ ခဏထည့္ေပးလို႔ရမလား"
"ဘာလို႔လဲ"
"ကြၽန္ေတာ္မလိုက္ခ်င္ဘူးေနာ္ ဂြၽန္နဲ႕ပဲေနမွာ
ဂြၽန္က ညေနက် ပန္းပြဲေတာ္လိုက္ပို႔မွာဆို"
ဂြၽန္ေျမာင္က မလႊတ္ရင္ ခ်န္ေယာလ္ ေခၚလို႔မရေတာ့မွာ စိုးေသာေၾကာင့္ လာရင္းကိစၥကို အျမန္ရွင္းျပရသည္။
"ကြၽန္ေတာ္ Blog တင္ဖို႔အတြက္ ျပင္ေနတာ အစ္ကို
ခရီးက တူတူသြားခဲ့တာဆိုေတာ့ ခ်ာတိတ္ဆီက idea ေလးနည္းနည္း လိုခ်င္လို႔ပါ
မၾကာပါဘူး ခဏပဲေခၚမွာ"
"မလိုဘဲ သက္သက္ခိုင္းစားတာမလား
ခင္ဗ်ားဘာသာတစ္ေယာက္တည္းေရးၿပီး တင္ပါလား
ကြၽန္ေတာ္ကဘာလို႔အႀကံလိုက္ေပးေနရမွာလဲ"
"ေဂ်ာင္ အဲ့လိုမေျပာရဘူးေလ
ေဂ်ာင္ေလးနဲ႕တူတူသြားတဲ့ခရီးပဲကို ေဂ်ာင္ေလးက Blog အဆုံးထိ ကူညီရမွာေပါ့...
ခ်န္ေယာလ္က ကေလးကို ပန္းပြဲေတာ္မီေအာင္ ကိုယ့္ဆီျပန္ပို႔မယ္ဆို ကိုယ္ခြင့္ျပဳပါတယ္
အခ်ိန္မမီဘူးထင္ရင္ေတာ့ ေနာက္ေန႕မွ လာေခၚလိုက္ေလ"
"မီပါတယ္ ခဏပဲကို... လိုက္ခဲ့ေနာ္ ခ်ာတိတ္
ကိုယ္အခ်ိန္မီ ျပန္ပို႔ပါ့မယ္"
ခ်ာတိတ္ေလးက ေခါင္းခါရင္း ဂြၽန္ေျမာင္နားကို ကပ္သြားေတာ့ ဂြၽန္ေျမာင္က ေကာင္ေလးဆံပင္ေလးေတြကို သပ္ေပးေနသည္။
ဟူဒီအနီေရာင္ေလးေၾကာင့္လား အလိုမက်တာေၾကာင့္လားေတာ့မသိ ခ်ာတိတ္ေလးမ်က္ႏွာေလးက အနီေရာင္သန္းေနသည္။
"ေဂ်ာင္ေလးက ဘာစားခ်င္လဲ
ဘာလိုက္ေကြၽးရမလဲ"
"သုံးထပ္သားကင္ စားခ်င္တာ"
"ဒါဆိုသြားမယ္ေလ... ခ်န္ေယာလ္ လိုက္မယ္မလား
ကိုယ္ေရွ႕ကသြားႏွင့္မယ္ေနာ္ ေနာက္ကေနလိုက္ခဲ့လိုက္
ဟိုဘက္ရပ္ကြက္က ဆိုင္ သိလား"
"သိတယ္ အစ္ကို သြားႏွင့္ ကြၽန္ေတာ္လိုက္ခဲ့မယ္"
ခ်န္ေယာလ္ကို မေက်နပ္တဲ့ ခ်ာတိတ္က မ်က္ေစာင္းထိုးၿပီး သူ႕အစ္ကို ကားေပၚတက္သြားသည္။
တကယ္ေတာ့ ခ်ာတိတ္ေျပာသလိုပဲ Blog က အစကတည္းက တစ္ေယာက္တည္းေရးေနက်မိဳ႕ တစ္ေယာက္တည္းေရးလည္း အခက္အခဲလုံးဝမရွိပါ။
ခရီးက ျပန္လာၿပီး ခ်ာတိတ္နဲ႕ မေတြ႕ရတာ ၃ ရက္ရွိၿပီျဖစ္လို႔ ခ်န္ေယာလ္က တစ္ခုခုလိုေနသလိုခံစားရသည္။ ၄ ရက္ေလာက္ အတူတူရွိခဲ့ၿပီးေနာက္ ဒီကေလးသာသာေလးကို ဘာလို႔ ဒီေလာက္ သံေယာဇဥ္ျဖစ္သြားမိမွန္းမေျပာတတ္ေပ။ မေတြ႕ရရင္ မေနနိုင္ေသာေၾကာင့္ အေၾကာင္းျပၿပီး ေခၚဖို႔ႀကိဳးစားေပမဲ့ ေကာင္ေလးကေတာ့ သူ႕ကို ေတြ႕ခ်င္ေနပုံမေပၚပါ။ ခါးခါးသီးသီးကို ျငင္းေနေတာ့တာပဲ။ ဒါေပမဲ့ သူ႕အစ္ကိုခြင့္ျပဳတယ္ဆိုေတာ့ ခဏေလးေတြ႕ရမယ္ဆိုလည္း အလြမ္းေျပေလာက္ပါသည္။
စိတ္မပါဘဲ ဂြၽန္ေျမာင္ေခ်ာ့ေမာ့ထည့္လိုက္လို႔ ကားေပၚပါလာတဲ့ေကာင္ေလးက ခ်န္ေယာလ္ကို လုံးဝမၾကည့္ဘဲ မွန္အျပင္ကိုပဲေငးေနသည္။ သုံးထပ္သားစားတဲ့အခ်ိန္ကလည္း ခ်န္ေယာလ္ကို မေက်မနပ္ မ်က္လုံးလွန္ၾကည့္လိုက္ အသားကို ပါးစပ္ထဲထည့္ဝါးလိုက္ႏွင့္ ခ်န္ေယာလ္အမွတ္နဲ႕ပိုၿပီး ႀကိတ္ဝါးေနပုံရသည္။ ဘယ္လိုပုံလုပ္လုပ္ ခ်န္ေယာလ္ကေတာ့ အဲ့ဒီျဖဴလုံးလုံးေလးကိုျမင္႐ုံနဲ႕တင္ စိတ္ေက်နပ္ေနရသည္။ မေရရာေသးတဲ့ ခံစားခ်က္တစ္ခုေပမဲ့ ဒီခ်ာတိတ္အေပၚမွာ သာမန္ထက္ပိုေနၿပီဆိုတာ သူ႕ကိုယ္သူ ေကာင္းေကာင္းသတိထားမိသည္။
"အဟမ္း ခ်ာတိတ္....
ကိုယ္က အလုပ္ကိစၥအေရးႀကီးလို႔ ေခၚတာပါ
ခ်ာတိတ္အျပင္သြားခ်င္တာကို ႏွောက္ယွက္တာမဟုတ္ပါဘူး"
"...."
"ဟို...ခ်ာတိတ္ ဘာစားခ်င္ေသးလဲ
ကိုယ္ဘာဝယ္ေကြၽးရဦးမလဲ
စားခ်င္တာေျပာေလ တစ္ခါတည္းဝင္ဝယ္လိုက္မယ္"
အျပင္ကိုေငးေနရာကေန ခ်န္ေယာလ္ဘက္ ဆတ္ခနဲျပန္လွည့္လာသည္။
"ဒီမွာ ပတ္ခ်န္ေယာလ္ရွီ
အစားအေသာက္နဲ႕ျမဴဆြယ္လိုက္တာနဲ႕ စိတ္ေပ်ာ့မယ္မ်ားထင္ေနလို႔လား
ေနာက္ဆို ကြၽန္ေတာ့္ကို မေျပာမဆိုနဲ႕ လာမေခၚပါနဲ႕ မႀကိဳက္ဘူး"
"အင္းပါ ခ်ာတိတ္ရယ္..
ကိုယ္ကအခု အေရးႀကီးလို႔ပါ အလုပ္သေဘာေလ နားလည္တယ္မလား"
"နားလည္တယ္ပဲ ထားလိုက္ပါေတာ့
ကြၽန္ေတာ္တာဝန္မေက်လိဳ႕ ဂြၽန္မ်က္ႏွာပ်က္ရမွာကို မလိုခ်င္ပါဘူး"
"ခ်ာတိတ္က လိမၼာသားပဲ"
"အပိုေတြေျပာမေနနဲ႕ ဟိုးေရွ႕ကဆိုင္မွာ သီးစုံေရခဲသုတ္နာမည္ႀကီးတယ္ အဲ့ဒါစားမယ္"
"အိုေက ေဘဘီ
ကိုယ္ဝယ္ခဲ့မယ္"
ခုနကက် အစားအေသာက္နဲ႕ ျမဴဆြယ္ေတာင္ စိတ္မေပ်ာ့ပါဘူးဆိုၿပီး အခုက်ေတာ့ မစားတာလည္းမဟုတ္ဘဲနဲ႕။ ရီခ်င္ေပမဲ့ မရီဘဲထိန္းထားလိုက္ပါသည္။ အစကတည္းက ကိုယ့္ကို ၾကည္ၿပီးလိုက္ခဲ့တာမဟုတ္ေတာ့ စိတ္ပိုခုသြားမွာေၾကာက္ေနရသည္။ ေရခဲသုတ္ဝယ္ၿပီးေတာ့ ခ်န္ေယာလ္အိမ္ကို အျမန္ေမာင္းလိုက္သည္။ ေရခဲေတြေပ်ာ္ရင္ စားမေကာင္းမွာစိုးရေသးသည္။
တိုက္ခန္းထဲဝင္လာၿပီးတာနဲ႕ ဟိုဟိုဒီဒီစပ္စုေနေသာ မ်က္လုံးေလးက ဝိုင္းေနသည္။
ေရခဲသုတ္ကို ပန္းကန္နဲ႕ျပင္ၿပီး စားဖို႔ေခၚမွ ခုံမွာလာထိုင္သည္။
"ေယာလ္ တစ္ေယာက္တည္းေနတာလား"
"အင္း မိဘေတြက နယ္မွာမို႔လို႔"
"ဒီေရခဲသုတ္က နာမည္ႀကီးပဲ ေယာလ္ စားၾကည့္မလား"
"မင္းပဲ စားပါ... ဒီမွာမေနတဲ့သူက ဒီက အစားအေသာက္ အေၾကာင္းေတာ့သိသားပဲ"
"တစ္ႏွစ္ တစ္ခါေတာ့ေရာက္ပါတယ္
အဲ့ဒီအခ်ိန္ဆို ဂြၽန္လိုက္ေကြၽးတာ"
"ေမာင္ႏွမေတြထဲမွာ အစ္ကို ဂြၽန္ေျမာင္ကို အခ်စ္ဆုံးလား"
"ဂြၽန္ရယ္ တ႐ုတ္က ေကာ ရယ္ ကို အခ်စ္ဆုံး"
"ဒီမွာမေနတဲ့အခ်ိန္ေတြဆို ဘယ္မွာေနတာလဲ..."
"ခင္ဗ်ား အလုပ္လုပ္မယ္ဆို"
"အင္း...လုပ္မယ္ေလ စားၿပီးရင္လာခဲ့"
အလုပ္အေၾကာင္းျပၿပီးေခၚလာေပမဲ့ ခ်န္ေယာလ္က ခ်ာတိတ္ေလးအေၾကာင္းကိုပဲ စိတ္ဝင္စားေနသည္။ တစ္ခ်ိန္လုံး ဟိုနိုင္ငံ ဒီနိုင္ငံေ႐ႊ႕ေနသည္ဆိုေတာ့ တကယ္လို႔မ်ား
တစ္ေနရာရာမွာ ၾကာၾကာသြားေနေနရင္ လြမ္းလြန္းလို႔ ဒုကၡမ်ားနိုင္သည္။ ရက္ပိုင္းေလးနဲ႕ေတာင္ ကေလးမ်က္ႏွာေလးကို ျမင္ခ်င္စိတ္ေတြျပည့္ေနတာ။ တ႐ုတ္က အစ္ကိုဆီမ်ားၾကာၾကာသြားေနရင္ ခ်န္ေယာလ္တို႔ လြမ္းရခ်ည္ေသးရဲ႕။
အိမ္ေရွ႕ စားပြဲမွာ လာဝင္ထိုင္တဲ့ ခ်ာတိတ္ကို ဓာတ္ပုံေတြ ျပၿပီး ေ႐ြးခိုင္းထားလိုက္သည္။
ဒီ့အျပင္လည္း ခိုင္းစရာက ရွိမေန။
"ဘယ္ပုံေလးေတြ အဆင္ေျပမလဲေ႐ြးေပးပါဦး...အနည္းဆုံး ပုံ ၂၀ ကေန ၂၅ ပုံေလာက္ထိ albumn အေနနဲ႕ထည့္မယ္ေလ
video clip ကေတာ့ သုံးခုေလာက္ပဲ သုံးမယ္"
"အကုန္လွေနေတာ့ ေ႐ြးရေတာင္ခက္တယ္"
"ေသခ်ာေ႐ြးေနာ္ ဒီ Blog ေၾကာင့္ ဝင္ေငြမ်ားလာရင္ ကိုယ္က ခ်ာတိတ္ကို Bonus ေပးမွာ"
"ကြၽန္ေတာ္နဲ႕ ဘာဆိုင္လို႔လဲ ခင္ဗ်ား Blog ပဲကို..မလိုပါဘူး"
"မဟုတ္ေသးဘူးေလ ဒီခရီး အစ အဆုံးကို ခ်ာတိတ္ကူေပးထားတယ္မလား
ဒီအထဲက ေဒသႏၱရ အခ်က္အလက္တစ္ခ်ိဳ႕ကလည္း ခ်ာတိတ္ရွာေပးထားတာေတြေလ"
"...."
"ခ်ာတိတ္ ကိုယ့္ကိုေသခ်ာၾကည့္"
ပုံထိုင္ေ႐ြးေနတဲ့ ခ်ာတိတ္ေလးကိုမ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ပခုံးက ဆြဲလွည့္လိုက္သည္။
ျပဴးဝိုင္းေနတဲ့ မ်က္လုံးေလးေတြက ခ်န္ေယာလ္ကို တည့္တည့္ၾကည့္လာသည္။
"အခုကိုယ္တို႔သြားတဲ့ခရီးနဲ႕ ကိုယ့္ website မွာတင္မဲ့ Blog က ခ်ာတိတ္နဲ႕ ကိုယ္နဲ႕ ႏွစ္ေယာက္လုံးနဲ႕ သက္ဆိုင္တယ္
ဒီ Blog ရဲ႕ ေအာင္ျမင္မႈ က်ရႈံးမႈက ကိုယ္တို႔ႏွစ္ေယာက္လုံးေပၚမူတည္တယ္
ကိုယ္က ခ်ာတိတ္ကို သာမန္လက္တိုလက္ေတာင္းခိုင္းဖို႔ေလာက္ေခၚသြားတာမဟုတ္ဘူးေနာ္
ကိုယ့္ အလုပ္ partner အေနနဲ႕ေခၚသြားတာ အဲ့ဒါေၾကာင့္ ေသခ်ာေလး အာ႐ုံစိုက္ၿပီးလုပ္ေပးေစခ်င္တယ္
ဒါက ခ်ာတိတ္ရဲ႕ ပထမဆုံး အလုပ္မလား ဒီအလုပ္ရဲ႕ ေအာင္ျမင္မႈအတိုင္းအတာက ခ်ာတိတ္ဘဝအတြက္ မွတ္တိုင္တစ္ခုပဲ
ေရွ႕ဆက္ၿပီး ခ်ာတိတ္က ဘယ္လိုအလုပ္နဲ႕ အသက္ေမြးမလဲ ကိုယ္မေျပာတတ္ဘူး
ဒါေပမဲ့ ဒီအေတြ႕အႀကဳံက တစ္ေနရာရာမွာေတာ့ အေထာက္အကူျပဳလိမ့္မယ္ ကိုယ္ေျပာတာသေဘာေပါက္လား"
"ကြၽန္ေတာ္ေသခ်ာလုပ္မွာပါ"
ေလးနက္သြားတဲ့ မ်က္လုံးေလးေတြက ခ်န္ေယာလ္ေျပာတာကို ေသခ်ာသေဘာေပါက္သြားမွန္း သိသာသည္။ အစက အေပ်ာ္တမ္း ေပါ့ေပါ့ပါးပါး လုပ္ေနတာ ခ်န္ေယာလ္ သိတာေပါ့။ အဆင္ေျပရင္ ဆက္လုပ္မယ္၊ သူစိတ္အလိုမက်တာနဲ႕အလုပ္ထြက္မယ္ဆိုတဲ့ ပုံစံေလးနဲ႕ေလ။ အခုလိုနားလည္ေအာင္ ေျပာျပလိုက္ေတာ့လည္း သူ႕စိတ္ထဲ တစ္ခုခုေျပာင္းလဲသြားပုံရသည္။
"ေယာလ္... ကြၽန္ေတာ္ အလုပ္ဆက္လုပ္ မလုပ္ကို ဒီ Blog ရဲ႕ ေအာင္ျမင္မႈအတိုင္းအတာကို ၾကည့္ၿပီး ဆုံးျဖတ္လို႔ရမလား"
"အင္း သိပ္ရတာေပါ့
ဒါေလးေအာင္ျမင္သြားရင္ေတာ့ ခ်ာတိတ္က အလုပ္ကို ဒီထက္ပို ေလးေလးနက္နက္လုပ္ေပးရမယ္ေနာ္"
ေခါင္းၿငိမ့္ျပရင္း ပုံဆက္ေ႐ြးေနတဲ့ ခ်ာတိတ္က ခုနကလို ေပါ့ပ်က္ပ်က္မဟုတ္ေတာ့ဘဲ တစ္ပုံခ်င္း အားသာခ်က္ အားနည္းခ်က္ေတြကိုပါ ေျပာျပေနေသးသည္။ အရည္အခ်င္းရွိၿပီးသား ခ်ာတိတ္က နည္းနည္းေသြးေပးတာနဲ႕ အေရာင္တက္မည့္ ေက်ာက္အရိုင္းတုံးေလးလိုျဖစ္သည္။ ခ်န္ေယာလ္က ခ်ာတိတ္ေလးကို လူႀကီးေတြရွိတဲ့ေနရာကို လွည့္လည္ေနၿပီး ဂ႐ုစိုက္ခံခ်င္ေနတာထက္တစ္ေယာက္တည္း တစ္ေနရာမွာ အတည္တက် ရပ္တည္နိုင္တဲ့ လူငယ္ေလးျဖစ္လာတဲ့အထိ အမ်ားႀကီး ပံ့ပိုးေပးခ်င္ပါသည္။ ကိုယ္တိုင္က ဂ႐ုစိုက္ေပးခ်င္တာက တစ္ပိုင္းေပမဲ့ လူႀကီးဆန္လာသည္ကိုလည္း ျမင္ခ်င္ေသးသည္။ လူႀကီးဆန္မွ လူႀကီးကိစၥေတြက လုပ္လို႔ရမွာဆိုေတာ့ ဒီကေလး တျဖည္းျဖည္း ရင့္က်က္လာေအာင္ ႀကိဳးစားေလ့က်င့္ေပးရပါဦးမည်။
ေနာက္တစ္ပိုင္း ခရီးထပ္ထြက္မယ္ေနာ္
ဖတ္ေပး၊ vote, comment ေပး၊ RL ထဲ ထည့္ေပးသူတိုင္းကို ေက်းဇူးလည္းတင္ ခ်စ္လည္းခ်စ္ပါတယ္ရွင့္
ေျပာခဲ့သလိုပဲ ဒါေလးေရးဖို႔က စာဖတ္ရတာမ်ားေတာ့ Daily update မရနိုင္ပါဘူးရွင့္
My Heartless HYUNG ဆိုတဲ့ Chansoo Fic အသစ္ေလး တင္ထားတာမို႔လို႔ စိတ္ဝင္စားရင္ ဝင္ဖတ္ၾကည့္ေပးပါဦးေနာ္
အဲ့ဒါေလးက Daily update လာနိုင္ပါတယ္