"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး( 4 )"
သိသာထင်ရှားစွာပဲ ရှန်းယိုလင်ဟာ အကြွေးလိုက်သိမ်းတဲ့ ကုမ္ပဏီမှာ နွေရာသီအားလပ်ရက်
အလုပ်လုပ်ပြီးနောက်မှာတော့ ရင့်ကျက်လာခဲ့သည်။
သူမအိမ်ပြန်ရောက်တဲ့ပထမနေ့မှာပဲ သူမကပြောလာသည်။သူမစာလေ့လာရတာကို
အလွန်သဘောကျပြီး စာသင်ရတာ သူပျော်ရွှင်သည်ဟူ၍....သူမက တဖြည်းဖြည်းနဲ့ စာမှာပဲအာရုံစူးစိုက်လာပြီး တခြားကိစ္စတွေ စိတ်မဝင်စားတော့ပေ။
ချန်လီကောက သူမစနောက်နေသည်ဟု
ထင်ခဲ့မိသည်။သို့သော် သူ နောက်ပိုင်းရှာဖွေတွေ့လာသည်က ရှန်းယိုလင်က တကယ်ကြီးတည်ငြိမ်လာတာပဲ ဖြစ်သည်။
အရင်ကဆို သူမသူငယ်ချင်းတွေနဲ့ ညနေဘက်မှာ
သွားကစားကြသည်။သို့သော်အခုတော့ မတူညီစွာပင် သူမက ညစာမြန်မြန်စားလိုက်ပြီး သူမအခန်းထဲသို့ ဝင်သွားလေသည်။
၉နာရီထိုးတော့ ချန်လီကောက သူမကိုလာကြည့်ရာ သူမက စာကြည့်မီးအိမ်နဲ့ စာကြည့်နေခဲ့သည်။
"ယိုလင်????"
ရှန်းယိုလင်က သူမအခန်းတံခါးကို ဖွင့်ပေးလာပြီး သူမရဲ့အမူအရာကလည်း တည်ငြိမ်နေသည်။
"အဖေ ပြောစရာရှိလို့လား????"
"သမီးပြန်လာကတည်းက သမီးကအဖေနဲ့
စကားမပြောချင်တော့ဘူးလား???
"အဖေ အဖေအလုပ်တွေအရမ်း ကြိုးစားရတာ
သမီးသိပါတယ် သမီးအခုချိန်ကစပြီး လိမ္မာတော့မှာပါ အနာဂတ်မှာ တိုးတက်လာစေရပါမယ်"
တည်ငြိမ်ရင့်ကျက်တဲ့အပြုံးက သူမရဲ့မျက်နှာအရောင်ညိုညိုပေါ်မှာ ထင်ဟပ်နေလေသည်။
ချန်လီကော-(သမီးလေး သမီးဘာဖြစ်သွားတာလဲ အဲဒီကုမ္ပဏီကလူတွေ သမီးကိုဘာတွေလုပ်ခဲ့တာလဲ???)
"ကိစ္စမရှိတော့ဘူးဆိုရင် သမီးစာဆက်ကြည့်လိုက်ဦးမယ်"
ရှန်းယိုလင်က ပြောလာခဲ့သည်။
ချန်လီကောက တိတ်ဆိတ်သွားပြီး သူကမနေနိုင်စွာ မေးလာခဲ့သည်။
"သမီးလေး အဖေ့ကိုစိတ်ဆိုးနေတာလား???"
"စိတ်ဆိုးတယ်???...သမီးစိတ်မဆိုးပါဘူး အဖေရဲ့"
ချန်လီကော-"......"
ရှန်းယိုလင်က မီးအလင်းရောင်ကို ကြည့်ပြီးပြောလာသည်။
"အဖေ သမီးတကယ့်ကို စာလေ့လာချင်တာပါ
သမီးအဖေ့ကို စိတ်ဆိုးလို့မဟုတ်ပါဘူး။သမီး
ဒီနွေရာသီအားလပ်ရက်မှာ အများကြီး တွေ့ကြုံခဲ့ရတယ်။သမီး အရင်က အရမ်းကုိ သက်သောင့်သက်သာရှိတဲ့ဘဝမှာ နေခဲ့ရလို့ အပြင်လောကအကြောင်းဘာမှမသိခဲ့ဘူး အဲဒါကြောင့်
မဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ်"
ချန်လီကောက သူ့သမီး ဘာတွေပြောနေမှန်းမသိပေမယ့် သူမရဲ့ အမူအရာက အလွန်ကိုတည်ငြိမ်နေပြီး ရင့်ကျက်ပုံပေါ်နေသည်။သူမက အရင်တုန်းက အလိုလိုက်ခံထားရတဲ့ မင်းသမီးလေး ပုံစံနဲ့မတူညီတော့ပေ။
ချန်လီကောရဲ့ရင်ထဲမှာ ဝမ်းနည်းလာတေယ့သည်။
(ဝူးဝူးဝူး ငါ့ရဲ့ချစ်စရာကောင်းတဲ့ မင်းသမီးလေး ကိုပြန်ခေါ်ပေးကြပါ ဝူးဝူးဝူး)
system-မင်းသမီး လိမ္မာသွားတော့ မကောင်းဘူးလား
"ငါသူ့ရဲ့ ဒီလိုပုံမျိုးကြီးကိုမလိုချင်ဘူး ဝူးဝူးဝူး"
system-ဒါကောင်းတဲ့ကိစ္စပါ
ချန်လီကောက သူ့ကိုယ်သူ အပြစ်တင်နေမိသည်။သူခံစားလိုက်ရတာက သူ့ရဲ့အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးဟာ
သူ့အနားက ထာဝရပျောက်ကွယ်သွားပြီဆိုတာပဲ...
ရီဟွိုင်လည်းပဲ အများကြီး ပြောင်းလဲလာခဲ့သည်။
သူလေ့ကျင့်ရေးစခန်းက ပြန်လာပြီးတဲ့နောက်
အဲကွန်းက လေအေးထုတ်ပေးတဲ့ စက်အလုံးကြီးနဲ့တူလာသည်ထင်ရသည်။သူထိုင်နေလည်း
သူ့ဆီက အေးစက်စက် အငွေ့အသက်တွေ
ထုတ်ပေးမြဲဖြစ်သည်။
ချန်လီကောက သူ့ကို လေ့ကျင့်ရေးက ဘာတွေသင်ပေးလိုက်လဲဆိုတာ မေးလာသည်။
ရီဟွိုင်က တော့ သူအခုချိန်ထိ အားနည်းနေပါသေးတယ်လိ့ုသာ ပြန်ဖြေလာခဲ့သည်။
ချန်လီကောက သူ့ပုခုံးကို လက်နဲ့ပုတ်ပေးလိုက်သည်။ရီဟ်ွိုင်ရဲ့ပုခုံးက သူငယ်ငယ်တုန်းကလို
ပျော့ပျောင်းမနေေတာ့ဘဲ ကြွက်သားတွေနဲ့ပြည့်နေသည်ကို သူတွေ့လိုက်ရတော့ အဲဒါက
အလွန်ကို မာလာခဲ့သည်။
[you know "အဲဒါ"😝]
"မင်းလာမယ့် ဆောင်းရာသီအားလပ်ရက်ကို
ဘယ်လိုဖြတ်သန်းမယ်စိတ်ကူးလဲ???"
"အဆင်ပြေရင် ကျွန်တော် လေ့ကျင့်ရေးစခန်းကိ
ုပြန်သွားချင်တယ်"
ချန်လီကောက ငြင်းလည်းမငြင်းခဲ့သလို သဘောလည်းမတူခဲ့ဘူး။သူက အဲဒီအချိန်ရောက်မှ ဆုံးဖြတ်တော့မယ်လို့ တွေးခဲ့လိုက်သည်။
ရီဟွိုင်က ရင့်ကျက်လာသည်။အခုဆိုရင် ရှန်းယိုလင်ကလည်း သူနဲ့အတူ ရင့်ကျက်လာနေသည်။
သူမက မနက်တိုင်း ၅နာရီခွဲဆိုအိပ်ရာထပြီး
လက်က အင်္ဂလိပ်စာစာအုပ်ကိုကိုင်လျက် ထပြေးသည်။ညဆိုရင်လည်း နောက်ကျထိ ဝရန်တာမှာထွက်ပြီး စာလေ့လာသည်။ချန်လီကောက ဒီအရာတွေအားလုံးကိုမြင်ရတော့
သူ့ရင်ထဲ မကောင်းဖြစ်လာသည်။
သူက သူ့သမီးကို ပြောလာသည်။
"ယိုလင် အဖေသမီး အရမ်းကြီးကြိုးစားနေတာမျိုး မလိုချင်ဘူး"
ရှန်းယိုလင်က ၃လဖြတ် တစ်ခါပိတ်တော့
သူပြန်လာပြီး သူမမျက်နှာကလည်း ကလေးလေးလို ဖောင်းဖောင်းလုံးလုံးလေးဖြစ်နေခဲ့သည်။သူမက သူမအဖေရဲ့ စကားကို နားထောင်ခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
"အဖေ သမီးတို့တွေ အနာဂတ်အတွက် စဥ်းစားပြီး စာကြိုးစားသင့်တယ်လေ"
ချန်လီကော-"........"
ရှန်းယိုလင်က ဆက်ပြောလာပြန်သည်။
"သမီးက အဖေ့ကိုကာကွယ်ရမှာ"
ချန်လီကောက သူ့သမီးကို ဘယ်လိုပြန်ပြောရမှန်းမသိတော့ အခန်းထဲ ပြန်ဝင်ကာ ငိုလာခဲ့သည်။
systemက ချန်လီကောရဲ့စိတ်ကို အထင်သေးသည့်ပုံစံနှင့် ပြောလာသည်။
"ကံကောင်းလို့ ငါရှိနေလို့သာပေါ့ မင်းတစ်ယောက်တည်းသာဆို ကံကြမ္မာရဲ့သမီးတော်က အနှေးနဲ့အမြန် ရေတိမ်နစ်တော့မှာပဲ"
ချန်လီကောက ပိုဝမ်းနည်းစွာ ငိုကြွေးလာသည်။
"ငါ့မင်းသမီးလေးကို ပြန်ပေးစမ်း သေနာကောင်system မင်းစကားကို ငါနားမထောင်ခဲ့သင့်ဘူး ဝူးဝူးဝူး"
systemက သူ့ကို တစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။
ချန်လီကောရဲ့ မိုက်မဲလှတဲ့အဖေစိတ်ဓာတ်ကြောင့် သူ့ခံစားရပေမယ့် ဘဝဆိုတာ ရှင်သန်ဖို့လိုနေတုန်းပဲလေ။
ရှန်းယိုလင်က ပြန်လာပြီးတဲ့နောက်ပိုင်း အလွန်တရာကို ပြောင်းလဲသွားသည်။သူမရဲ့ကြိုးစားမှုကြောင့် ပထမလဝက်စာမေးပွဲမှာ တစ်ကျောင်းလုံး အဆင့်၁နေရာ ရခဲ့သည်။အရင်တုန်းက အဲဒီနေရာက ရီဟွိုင် ပိုင်ခဲ့တာဖြစ်သည်။
အဆင့်မှတ်တမ်းကတ်ကို ရတော့ ချန်လီကောက
ဝေခွဲမရအောင်ဖြစ်နေသည်။ချိုမြိန်မှုအနည်းငယ်ထဲမှာ အချဥ်ပါနေသလို အချဥ်ပါနေရင်းနဲ့လည်း
စိတ်ချမ်းသာရသလို စိတ်ချမ်းသာရင်းနဲ့လည်း
ဝမ်းနည်းလာသလိုလိုပင်....
ရှန်းယိုလင်က သူမကိုယ်သူမ ဂုဏ်ယူစွာဖြင့်
ရင်ကိုကော့ရင်း မေးလာသည်။
"အဖေ သမီးကို ဆုချမှာလား???"
ချန်လီကောက သူမစကားကို ကြားတော့ ပျော်သွားသည်။သူ့အိမ်က မင်းသမီးလေးက ဆုလိုချင်လို့လုပ်တာပဲ အရင်လိုပြန်ဖြစ်တော့မှာပေါ့
သူလိုချင်တာကို မြန်မြန် သဘောတူလိုက်မယ်ဟု တွေးကာ...
"သမီးလိုချင်တာ အကုန်ဖြစ်ရမှာပေါ့"
"သမီး နားလည်မှုစစ်ဆေးခြင်းမေးခွန်း ၅၃ရွက်ပါတဲ့ အထုပ်တစ်ထုပ်လိုချင်တယ်"
ချန်လီကောရဲ့ အပြုံးတွေက ခြောက်ကပ်သွားခဲ့သည်။
"အယ်..အဲဒါ မဖြစ်နိုင်ဘူးလား အဖေ???"
ချန်လီကော-"........"
(ငါ့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ဘယ်လိုလုပ် ဒီလိူပုံစံ ဖြစ်လာရတာလဲ????အားးးးးးးးးးးး)
ရှန်းယိုလင်ရဲ့ မျက်နှာလေး ငယ်နေတော့ ချန်လီကောက မနေနိုင်စွာ သူ့လူတွေကိုလွှတ်လျက်
လွန်ခဲ့တဲ့ငါးနှစ်က ကောလိပ်ဝင်ခွင့်မေးခွန်းတွေကို ဘာသာစုံဝယ်ခိုင်းလိုက်တဲ့အပြင် ၃နှစ်စာ အဖြေလွှာတွေပါ ဝယ်ခိုင်းလိုက်သည်။သူက
အဲဒါတွေကို သူမလက်ထဲထည့်ပေးသောအခါမှာတော့ သူမက အလွန်တရာကို ပျော်ရွှင်လာတော့သည်။
(သမီးလေး မင်းအရင်ကဆို ငွေတွေ အိတ်တွေ
အဝတ်အစားတွေပဲ လိုချင်ခဲ့တာလေ အဲဒီလိုလေးပြန်ပြောင်းပေးလို့မရနိုင်ဘူးလား ဝူးဝူးဝူး)
ရှန်းယိုလင်ရဲ့မျက်နှာ အမူအရာနှင့် ယှဥ်လိုက်ရင်
ရီဟွိုင်အမူအရာကလည်း ဆိုးဝါးနေခဲ့သည်။
သူ့ရဲ့အဆင့်၁နေရာကို ရှန်းယိုလင်က လုယူလိုက်ပြီလေ။သူက အဲနေ့က ဒေါသထွက်စွာဖြင့်
ထမင်းတစ်ပန်းကန်တောင် ကုန်အောင်မစားနိုင်ခဲ့ဘူး။
ချန်လီကောက သူ့ပုံစံကို မြင်တော့ နှစ်သိမ့်ပေးလိုက်သည်။
"သခင် ကျွန်တော့်အဆင့်တွေကျသွားလို့
ကျွန်တော့်ကို အပြစ်မတင်ဘူးလားဟင်???"
ချန်လီကော-(ငါ့အိမ်က ကလေးတွေ ဘာဖြစ်နေကြတာလဲဟ???ဒါလေးကို အဆင့်ကျတယ်လို့ခေါ်တာလား???ရီဟွိုင်ရဲ့ စာပေနဲ့အင်္ဂလိပ်အမှတ်က ယိုလင်ထက် တစ်မှတ်စီပဲ နိမ့်ပြီး အဆင့်၂ရတာလေးကို)
ရီဟွိုင်က သူ့ရဲ့ခေါင်းက ငုံ့သွားပြီး စိတ်ဓာတ်ကျနေခဲ့သည်။
ချန်လီကောက ကမပျော်ပေမယ့်လည်း ရီဟွိုင်က ို နှစ်သိမ့်ပေးလိုက်သည်။
"ရီဟွိုင် မင်းကိုယ်မင်း အရမ်းကြီး တွန်းအားမပေးပါနဲ့"
သို့သော်လည်း ရီဟွိုင်က သူ့ခေါင်းတွေကို ခါရမ်းလိုက်ရင်း ေပြာလာသည်။
"ဒါပေမဲ့ ကျွန်တော်က သခင့်ကိုကူညီချင်တာလေ"
ချန်လီကောက အလွန်တရာကို ပျော်သွားပြီး
သူ့ရဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့သူငယ်ချင်းကိုပြန်တွေ့လိုက်ရသလို ဝမ်းသာသွားသည်။
သို့သော်လည်း systemက သူ့ကလေးတွေ
အရွယ်ရောက်သည်အထိ သူ့ကို တစ်ကိုယ်တည်းသမားအဖြစ်နေခိုင်းပြီး မပျော်ခိုင်းပေ။
ရှန်မိသားစုကအကြီးအကဲတွေကလည်း ချန်လီကောနားကို ရင်သားကြီးကြီး အသားအရေလှပသည့် အမျိုးသမီးများကို ချဥ်းကပ်ခိုင်းခဲ့ကြသည်။
ဒီနှစ် နှစ်ကူးတော့ ချန်လီကောက ကလေးနှစ်ယောက် ကိုပါ အိမ်ပြန်ခေါ်ပြီး ကျင်းပရန် ရည်ရွယ်ထားခဲ့သည်။
သူပထမဆုံး ရီဟွိုင်ကို အိမ်ခေါ်လာခဲ့တုန်းက သူ့ကိုအနိုင်ကျင့်ချင်သူများရှိခဲ့ကြသည်။ချန်လီကောကအစရှိရင် နောက်လည်ထပ်အနိုင်ကျင့်မည်စိုးသောကြောင့် သူကထိုလူတွေကို ခြိမ်းခြောက်ခဲ့သည်။ထိုအခါမှ သူတို့ စကားသံ တစ်ခွန်းမှ မထွက်ရဲတော့ပေ။
ထိုလူတွေက ရီဟွိုင်က ချန်လီကောအတွက် အရေးကြီးတယ်ဆိုတာ သဘောပေါက်လာကြသည်။
အဲဒီအချိန်ကစပြီး ဘယ်သူမှ ရီဟွိုင်ကို အထင်အမြင်မသေးရဲကြတော့......
ရှန်းယွီချန်က တစ်ဦးတည်းသောသားဖြစ်ပေမယ့်
သူ့အဖေရှန်းမျိုးရိုးမှာေတာ့ ညီအကိုတွေအများကြီးရှိသည်။ ထိုအများကြီးထဲကမှ သူနှင့်ဆိုးတူကောင်းဖက်ကြီးပြင်းလာသူတစ်ယောက်ရှိသေးသည်။ဒါကြောင့် ဒီလူက သူတို့အိမ်သို့
"ရေမြင့်ရင် ကြာတင့်တယ်"ဆိုတဲ့စကားပုံထဲကလို အမျိုးအဆွေကောင်းစားတော့ သူပါဝင်ဆံ့လာပြီး ဝင်ထွက်နေခဲ့သည်။
သို့သော်လည်း ရှန်းယွီချန်က သူ့အဖေလိုပဲ
စကားနည်းပြီး အမျိုးအဆွေတွေကို ခင်မင်ပုံမပြပေ။ဒါကြောင့်လည်း မိသားစုထဲကလူတွေက
သူ့ကိုကြောက်ကြခြင်းဖြစ်သည်။
ရီဟွိုင်နဲ့ယိုလင်ကို ချန်လီကော အိမ်ပြန်ခေါ်လာချိန်မှာပဲ ရှန်းမိသားစုက ညစာတောင်စားနေခဲ့ပြီဖြစ်သည်။
"ယွီချန်မင်းရောက်လာပြီလား" သူ့အဖေဘက်က
ဝမ်းကွဲတွေက သူ့ကိုနှုတ်ဆက်လိုက်သည်။
ထိုသူက ရယ်လိုက်ပြီး
"မြန်မြန်လာ လူတိုင်းက မင်းကိုစောင့်နေကြတာ"
ချန်လီကောက ခေါင်းညိမ့်ပြရင်း ထိုင်လိုက်သည်။
ရှန်းယိုလင်နဲ့ရီဟွိုင် ကလည်း လူငယ်မျိုးဆက်တွေအဖြစ် စားပွဲမှာ ဝင်ထိုင်လိုက်သည်။သူတို့နှစ်ယောက်စလူံးက မျက်နှာသေများ ဖြစ်နေကြပြီး
သူတို့ဘာတွေးနေကြလဲဆိုတာ မသိပေ။