ချန်လီကော ဟိုတယ်အခန်းထဲရောက်သွားတော့
ထိုအကောင်ရဲ့ ဘောင်းဘီတစ်ဝက်က ကျွတ်နေ ခဲ့ပြီ။သူက သူ့သွားတွေကိုကြိတ်ရင်း ပြောလာသည်။
"မင်းငါ့သမီးကို ဘာတွေလုပ်လိုက်တာလဲ????"
ကောင်လေးက ကြောက်လွန်းပြီး ဘောင်းဘီတွေတောင်စိုစွတ်နေခဲ့ပြီ။သူက ငိုရင်း
ပြောလာသည်။
"ဦးလေး ဦးလေးသမီးကို ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး ဦးလေးသမီးကသာ ကျွန်တော့်ကို
ဖျားယောင်းပြီး သူနဲ့အိပ်ဖို့ပြောခဲ့တာပါ"
ချန်လီကောက လက်ကိုမြှောက်ပြီး သူ့ရှေ့က
မိုက်မဲတဲ့အကောင်ကို ထပ်ခါထပ်ခါရိုက်နေခဲ့သည်။
တကယ်တော့ ချန်လီကောက အိမ်ထောင်မပြုခင်
ကာမဆက်ဆံတာကို သဘောမတူတာတော့
မဟုတ်ပေမဲ့ သူ့ရှေ့က အကောင်က အရင်က
မိန်းကလေးတစ်ယောက်ကို ဗိုက်ကြီးစေခဲ့ပြီး
တာဝန်မယူခဲ့တာကို သူစုံစမ်းသိလာတာကြောင့်
ဖြစ်သည်။
"ကောင်းပြီလေ မင်းငါ့သမီးကို လုပ်ချင်မှတော့
မင်းကို ငါ့လူတွေကလည်း ရိုက်ရတော့မှာပေါ့"
သူက လက်ပြလိုက်တော့ သူ့လူတွေချက်ချင်းပဲဝင်လာပြီး ကောင်လေးကို ဆွဲထုတ်သွားတော့သည်။
ရှန်းယိုလင်က အခန်းထဲမှာ ငိုနေဆဲဖြစ်သည်။
ချန်လီကောက တံခါးနားမှာ ဆေးလိပ်သောက်ရင်း ရပ်လိုက်ပြီး အရင်ဆုံး သူမအဝတ်တွေ
ပြန်ဝတ်ဖို့ပြောလိုက်သည်။
ရှန်းယိုလင်က အတော်ကြာငိုနေပြီးတော့
ထွက်လာပြီး သူမပထမဆုံးပြောလိုက်သည့်
အရာက ချန်လီကောကို ဒေါသအကြီးအကျယ်
ထွက်စေသည်။
"အဖေဘာလုပ်လိုက်တာလဲ သမီးတို့က အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြတာကို"
ချန်လီကောက ထိုးကိုက်နေတဲ့ခေါင်းကို ကိုင်လိုက်ရင်း ပြောလာသည်။
"ရှန်းယိုလင် နင်အဲဒီအကောင်က ဘယ်လိုလူမျိုးလဲဆိုတာ နင်သိသလား???"
"သိတာပေါ့ အထင်ကြီးစရာကောင်းတယ်လေ"
ချန်လီကောက ပထမဆုံးအကြိမ် အံ့သြသွားပြီး သူ့သမီးကို အလွန် စိတ်ပျက်သွားသည်။
"အဲဒီ့အကောင်မှာ ချစ်သူတွေဘယ်လောက်တောင်များခဲ့သလဲ၊မိန်းကလေး ဘယ်နှစ်ယောက်ရဲ့ ဗိုက်တွေသူ့ကြောင့်ကြီးခဲ့သလဲ နင်မသိဘူးမလား"
ရှန်းယိုလင်က တွေဝေသွားသည်။
"ရှန်းယိုလင်.......... နင်ငါ့ကို တော်တော်စိတ်ပျက်စေတာပဲ"
ရှန်းယိုလင်က နောက်တစ်ကြိမ် ထပ်ငိုလာခဲ့သည်။ဒီတစ်ကြိမ်တော့ သူမဒေါသမထွက်တော့ဘဲ ကြောက်လန့်သွားသည်။အဲဒါက ပထမဆုံးအကြိမ် သူမအဖေ သူမအပေါ် စိတ်ပျက်သွားတာကို မြင်ဖူးတာဖြစ်သည်။ သူမက တောင်းပန်လာသည်။
"အဖေ သမီးမှားသွားပါတယ် သမီးတောင်းပန်ပါတယ် "
"ရှန်းယိုလင်"
ချန်လီကောက သူ့ခေါင်းတွေကို ရမ်းခါရင်း
ပြောလာသည်။
"ငါမင်းကို ဒီလိုမပျိုးထောင်ခဲ့သင့်ဘူး"
သူမကြောက်သွားမှာကို သူစိုးရိမ်ခဲ့တာ၊သူမကြောက်သွားရင် ဓားနဲ့သူမကိုယ်သူမအဆုံးစီရင်လိုက်မှာ သူကြောက်ခဲ့တာ။သူသာမရောက်လာရင် သူ့သမီးလေး ရေတိမ်နစ်နေလောက်ပြီ။
"ဒီနှစ်နွရောသီ အပြင်မထွက်နဲ့တော့၊အိမ်မှာပဲနေပြီး သင်ယူတော့"
ရှန်းယိုလင်က ချန်လီကောကိုကြည့်လိုက်ရင်း
စိတ်ရှုပ်ထွေးစွာနှင့် အပြစ်မကင်းသလို ပါ
ခံစားလာရသည်။
ချန်လီကောက ဆေးလိပ်က အငွေ့တွေကို ရှူထုတ်လိုက်ရင်း.......
"မမလေးကို ကျောင်းပြန်လိုက်ပို့လိုက်"
သူ့လူတွေကို ပြောလာခဲ့သည်။
အိမ်အပြန်လမ်းမှာ သူ့systemနဲ့သူ ပညာရေးစနစ်ကို ဆွေးနွေးလာခဲ့သည်။
"မင်းပြောကြည့်စမ်း ယိုလင်ကို ဘယ်လိုနည်းနဲ့များ စဉ်းစားတွေးခေါ်တတ်အောင် လုပ်ပေးရမလဲ????"
system- သူမကို နွရောသီကြရင် အကြွေးလိုက်သိမ်းတဲ့အဖွဲ့ထဲကို ဝင်ခိုင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်
ချန်လီကောက သံသယအနည်းငယ်ဝင်လျက်
ပြောလာသည်။
"အဆင်ပြေပါ့မလား"
systemက တည်ငြိမ်စွာနဲ့ပြောလာသည်။
"အိမ်မှုကိစ္စတွေ ကိုင်တွယ်မဖြေရှင်းနိုင်ရင်
ဆန်တစ်စေ့ရဲ့တန်ဖိုး ဆီရဲ့တန်ဖိုး ဆားရဲ့တန်ဖိုးတွေကို ဘယ်လိုလောက်သိတော့မလဲ"
ချန်လီကောက ခေါင်းညိမ့်ပြရင်း
"အင်း ဟုတ်တယ် ဆီလျော်တယ်"
ပထမဆုံးအကြိမ် ဒီကမ္ဘာမှာ systemနဲ့သူ ပြန်ပြေလည်ခြင်းသာ ဖြစ်ပြီး သူ့systemနဲ့သူ့ရဲ့ ဟန်နီးမွန်းသို့ ပြန်ရောက်သွားသလို ခံစားလာရသည်။
သို့သော် သူ့ရဲ့ ဟန်းနီးမွန်းခရီးဟာ ချိုမြိန်လှသော်လည်း သူ့စိတ်ထဲမှာ မပျော်သလိုခံစားလာရသည်။ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သူ့မိသားစု systemက သူ့ကို အရင်လိုအေးစက်စက်မဆက်ဆံတော့တဲ့အပြင် သူ့ကို
ထေ့ငေါ့လည်း မပြောတော့ဘဲ သူ့ကိုအကြံဉာဏ်တွေပေးလာသည့်အပြင် ကောင်းပေးလာသည်လေ.........
ချန်လီကော- မင်းဘာလို့ အရင်တုန်းကကြတော့
ဒီလိုမျိုး ငါ့ကို မဆက်ဆံရတာလဲ???
system- systemတစ်ခုဆိုတာ ကိုယ့်ရဲ့ hostဘယ်လောက်ခံနိုင်ရည်ရှိတယ်ဆိုတာ
အမြဲစမ်းသပ်ရတယ်လေ ငါမင်းနှလုံးအား
ဘယ်လောက်ကောင်းမကောင်း စမ်းခဲ့တာပါ
ချန်လီကော-(အကျိုးအကြောင်း သင့်လျော်လိုက်တာ ငြင်းနိုင်စရာကို မရှိဘူး)
systemရဲ့ အကြံပေးချက်အတိုင်း ချန်လီကောက ရှန်းယိုလင်ကို မကာကွယ်တော့ဘဲ နွရောသီကျောင်းပိတ်ရက်မှာ အကြွေးလိုက်သိမ်းသည့်
အဖွဲ့ထဲသို့ လိုက်ခိုင်းလိုက်သည်။ ထို့အပြင်
သူက သူမကိုပြောလာသည်။
"မင်းအဲဒီထဲကလည်း လစ်ဦးမယ်ဆိုရင် မင်းအိမ်ပြန်လာစရာမလိုတော့ဘူး"
ရှန်းယိုလင်က သနားစဖွယ်ငိုယိုလာပေမယ့်
သူမအဖေ အတည်ပြောနေမှန်းလည်းသိသည်။
သူမက သူမကံကိုပဲ အပြစ်တင်ရင်း နစ်နာသလိုခံစားခဲ့ရသည်။
ရီဟွိုင်ကလည်း Nနိုင်ငံသို့ ထွက်ခွာခဲ့သည်။
သူမသွားခင် ချန်လီကောက သူ့ကို မှာစရာရှိတာတွေ မှာလိုက်ပြီး သူကလည်းသေချာနားထောင်ခဲ့သည်။
နောက်ဆုံးတော့ ချန်လီကောက သူ့ကို
ပြောလာသည်။
"ယိုလင်သာ မင်းလိုဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ"
ရီဟွိုင်က ရယ်လိုက်ပြီး
"ဒါဆိုရင် သူက ယိုလင် ဘယ်ဟုတ်တော့မလဲ"
ချန်လီကောက ခေါင်းညိမ့်ပြရင်း သူ့ကိုယ်သူ
ဂရုစိုက်ရန် ထပ်ပြောလိုက်သည်။
ကလေးနှစ်ယောက် မရှိတော့ အိမ်ကတကယ့်ကို
ခြောက်ကပ်နေခဲ့သည်။ချန်လီကောက အဲဒါနဲ့နေသားမကျနိုင်အောင် ဖြစ်ရသည်။
ချန်လီကောက သူ့ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ပြီးအရက်ခွက်ထဲကို ရေခဲရေရောသောက်လိုက်ရင်း spongebob ကြည့်နေသည်။ သူက သူ့ရဲ့နေ့ရက်တွေကို သက်တောင့်သက်သာဖြတ်သန်းရသည်ဟု ခံစားလိုက်ရသည်။
"ထုံထုံသိလား ကာမဂုဏ်မခံစားရတာကလွဲရင်
အရာအားလုံးက perfectပဲ"
system-မဟုတ်တာ အရာအားလုံးက perfectပါပဲ ချွင်းချက်မရှိပါဘူး
ဒီကမ္ဘာရဲ့ကံကြမ္မာသမီးတော် ရှန်းယိုလင် ရဲ့ ပြီးမြောက်ခြင်း ကိန်းတန်းကလည်း သူမခေါင်းပေါ်ကဘားပေါ်မှာ တိုးတက်စွာရှိနေသည်။
နှစ်တိုင်းလိုလို သူအမှတ်တွေက တိုးတိုးလာနေသည်။ချန်လီကောက သူ့ကိုယ်သူ
တွေးမိသွားတာက ဒီကမ္ဘာမှာ ရှန်းယိုလင်ကိုပြုစုပျိုးထောင်ပြီး သူမလက်ထပ်လို့မြေးတွေရလာတာကို ကြည့်ရင်း ကုန်ဆုံးသွားရတော့မယ်ဆိုတာပဲ.....
"ဒါပေမဲ့လေ ထုံထုံ ငါသေတဲ့အထိ ကာမဂုဏ်မခံစားရရင်တော့ စကားလုံးတွေနဲ့ပြောမပြတတ်အောင် ဝမ်းနည်းမိမှာပဲ"
system-မင်းက သူတို့ရဲ့လိုအင်ဆန္ဒအတွက်
သူတို့တာဝန်ကို ကျရှုံးတဲ့ အမှိုက်hostတွေလိုဖြစ်ချင်လို့လား????
ချန်လီကောက အရက်ခွက်ထဲကို ရေခဲထပ်ဖြည့်လိုက်ပြီး လေးပင်စွာ ပြောလာသည်။
"ဒါကတော့ ကာမဂုဏ်ခံစားရမရပေါ်မှာပဲ မူတည်တယ်လေ"
ချန်းရှီးလို နည်းလမ်းပေါ်၁သောင်းနဲ့ လိင်ဆက်ဆံနေရင်တော့ သူသေချာပေါက်ပြန်စဉ်းစားမိမှာပေါ့......
systemက ချန်လီကောကို ပြောလာပြန်သည်။
"ငါ့ကို စိတ်မပျက်မိစေနဲ့ ချန်လီကော"
ချန်လီကောက သူ့systemရဲ့ပုံစံကြောင့် တုန်လှုပ်သွားပြီး
"မင်းဘာဖြစ်တာလဲ သတိထားပါဦး မင်းအိပ်မက်ယောင်နေတာလား"
systemက တွေးနေခဲ့သည်။
(ဒီကမ္ဘာက ကိစ္စတွေကို မင်းမဖြေရှင်းချင်ရင် မင်းကိုယ်မင်း ယောက်ျားတစ်ယောက်ဘေးမှာပဲ သွားအိပ်ဖို့သုံးမယ်ဆိုရင် နောက်ကမ္ဘာရောက်ရင် မင်းကိုငါ ဆဲလ်တစ်ခုထဲရှိတဲ့
သက်ရှိကမ္ဘာထဲ ပို့ပြီး အပိုင်းပိုင်း ဖြတ်ပစ်လိုက်မယ်)
systemက သူ့အတွေးကိုမပြောသော်လည်းပဲ
ချန်လီကောက အေးစက်မှုကို ခံစားလိုက်ရသည်။ သူက တုန်လှုပ်စွာ ပြောလာသည်။
"ထုံထုံ မင်းမကောင်းတာတစ်ခုခု တွေးနေတယ်မလား"
system-"ကလေးလေး ကိုယ်မင်းကို နောက်ကမ္ဘာမှာ ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးရမလဲ
စဉ်းစားနေတာ"
ချန်လီကော-"........"
system-"မင်းအဲဒါကို မကြိုက်ဘဲနေမှာ မဟုတ်ဘူး"
ချန်လီကော-မင်းကိုငါသေလောက်အောင် ချစ်သွားပြီ
system-ဟမ့်
ချန်လီကောက ဆိုဖာပေါ်မှာထိုင်ရင်း သူရဲ့အချိန်တွေကို ခွဲခြမ်းစိတ်ဖြာနေလိုက်သည်။
နွရောသီအားလပ်ရက်ပြီးတော့ ရီဟွိုင်နဲ့ရှန်းယိုလင်လည်း ပြန်လာခဲ့သည်။
သို့သော်လည်း သူတို့နှစ်ယောက်ကြားမှာ ဒရမ်မာဆန်ဆန်ပြောင်းလဲလာခဲ့သည်။အဲဒါကတော့
ရီဟွိုင်ရဲ့ အရပ်က ချန်လီကောထပ်ကျော်သွားခြင်းပင်ဖြစ်သည်။သူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း နေရာအနှံ့ဖြစ်လာပြီး သူ့တစ်ကိုယ်လုံးကလည်း အေးစက်တဲ့လေတွေ ထုတ်လွှတ်နေသည်။ရှန်းယိုလင်ကလည်းပဲ မင်းသမီးလေးအသွင်ကနေ လခစားဝန်ထမ်းအသွင်ပေါက်သွားသည်။နှစ်ယောက်စလုံးက အသားအရေညိုလာပြီး ပိန်ပါးလာသည်။ချန်လီကောကို စတွေ့တွေ့ခြင်း သူမပြောလာတာကတော့....
"အဖေသမီး နိုင်ငံတော်အကျိုးပြုအောင်
လေ့လာချင်တယ်"
ချန်လီကော-"........."
(အင်း ရလဒ်ကတော့ ကောင်းခဲ့တာပဲ)
..........................................
စာရေးသူမှာ ပြောစရာရှိပါတယ်.......
ရီဟွိုင် ကြီးပြင်းလာပြီဆိုတော့ အသည်းယားလိုက်တာ ဟားဟားဟားဟား။ရှန်းယိုလင်လည်း
ကြီးပြင်းလာပြီ။သူလည်း နောက်ဆို ရင့်ကျက်လာတော့မယ်.........