ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

60

9.7K 1.7K 118
By Melinoe_Megami

Unicode

“ကိုကိုဆုယဲ့.. ညီမက ဟော်ရူယန်လေ..!”

ရင်းဆုယဲ့က သူမကို မသိသလိုမျိုး မတ်တပ်ရပ်နေပြီး သူမရဲ့စကားကို အဖက်မလုပ်တာကြောင့် ဟော်ရူယန်က ဆက်ပြောလိုက်တယ်။ စတွေ့ကတည်းက ရင်းဆုယဲ့က သူမကို မမှတ်မိဘူး။ ဒီကိစ္စကို အတော်လေး စိတ်ပျက်မိပေမယ့် အကြောင်းအရင်းတချို့ကြောင့် နားလည်ပေးလိုက်တယ်။

ဟော်ရူယန်က သူမကိုယ်သူ အရမ်းသိတတ်နားလည်တဲ့ အမျိုးသမီးလို့ တွေးထင်နေတော့တယ်။ ထို့ကြောင့် သူမက ရင်းဆုယဲ့အနားကို ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး အချိန်ဖြုန်းမနေဘဲ သူမရဲ့နာမည်ကို ထုတ်ပြောပြလိုက်တယ်။

“………..”

ဟော်ရူယန်က ရင်းဆုယဲ့ကို အော်ခေါ်နေတဲ့အချိန် ရွှယ်ယို့ရှန်းခမျာ ကြက်သီးမွေးညင်းများပင် ထသွားရတယ်။ ချိုအီချွဲပျစ်နေတဲ့ အသံက အော့အန်ချင်စရာပဲ။ အဲ့တာထက်ပိုပြီး သည်းခံရခက်တာက ရင်းဆုယဲ့ကို ကြည့်နေတဲ့ ဟော်ရူယန်ရဲ့ အကြည့်တွေပဲ။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို အသည်းအသန် Crush နေတဲ့ ဆယ်ကျော်သက်မလေးလိုပဲ။

တခြားလူတွေ မသိပေမယ့် ရွှယ်ယို့ရှန်းကတော့ စာရေးဆရာအနေနဲ့ သူ့ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ အကျင့်စရိုက်တွေကို ရှင်းရှင်းလင်းလင်း သိထားတယ်။ ဟော်ရူယန်က ရင်းဆုယဲ့ကို ဘယ်တုန်းကမှ မျက်လုံးထဲထည့်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ‘ရင်းဆုယဲ့သာ အရာရာပါ’ဆိုတဲ့ မျက်နှာထားနဲ့ ချဉ်းကပ်နေလေရဲ့။

ဟန်ဆောင်ပန်ဆောင် လုပ်တတ်ပုံများကွာ..!!!

အပြင်လူတွေရှေ့မှာ သူ့ရဲ့ မြင့်မြတ်အေးစက်တဲ့ ပုံရိပ်လေး ပျက်စီးသွားမှာကို စိုးရိမ်နေလို့သာပေါ့။ မဟုတ်ရင် ရှေ့တက်ပြီး ဟော်ရူယန်ဆိုတဲ့ မိန်းမကို အသိစိတ်ပြန်ဝင်သွားအောင် ခပ်ကြမ်းကြမ်းလေး ဆွဲဆောင့်ပစ်လိုက်ပြီးပြီ။ ပြီးရင် အဲ့မိန်းမကို ဒီလိုမျိုး အော်ဟစ်ပစ်လိုက်ချင်တယ်။

သူမက အတိတ်တုန်းကလို အပြစ်ကင်းတဲ့ မိန်းမငယ်လေး မဟုတ်တော့ဘူးလေ။ လက်ရှိဟော်ရူယန်က ရိုးသားစစ်မှန်ခြင်းတွေ မရှိတော့တဲ့ မကောင်းတဲ့စိတ်တွေနဲ့ အရောင်ဆိုးခံလိုက်ရတဲ့ မိန်းမတစ်ယောက်ပဲ။

အဲတာကြာင့် ကလေးဘဝရဲ့ အမှတ်တရတွေကို ဒီလိုမျိုး ဖျက်ဆီးပစ်ဖို့ မကြိုးစားပါနဲ့.. ဟုတ်ပြီလား..? တောင်းပန်ပါတယ်.. အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ရဲ့ အတိတ်ကခံစားချက်တွေကို ထပ်ပြီးမနှိုးဆွပါနဲ့တော့..!

“ကိုကိုဆုယဲ့.. ညီမကို မမှတ်မိသေးဘူးလား..?”

ရင်းဆုယဲ့ရဲ့ မျက်နှာသေကြီးကိုကြည့်ပြီး ဟော်ရူယန်ရဲ့ အပြုံးတွေက ပျောက်ကွယ်လုမတတ် မှိန်ဖျော့လာခဲ့တယ်။ နောက်တစ်စက္ကန့်ကြာတော့ ငိုမဲ့မဲ့မျက်နှာမျိုး ဖြစ်လာခဲ့တော့တယ်။ သနားချင့်စဖွယ် မျက်နှာလေးက သူမကို မြင်တွေ့သူတိုင်း ထွေးပွေ့နှစ်သိမ့်ပေးချင်လောက်အောင်ပဲ။

“ရင်းဆုယဲ့.. ခင်ဗျား သူ့ကို သိလို့လား..?”

ဟော်ရူယန်တစ်ယောက်တည်း တစ်ကိုယ်တော်ရှိုးပွဲ လုပ်နေတာကို ရပ်ကြည့်နေရတာ စိတ်မချမ်းမြေ့စရာပဲ။ ထို့ကြောင့် ရွှယ်ယို့ရှန်းလည်း သူမနဲ့အတူတူ ဖျော်ဖြေပေးရန် ဆုံးဖြတ်လိုက်ပြီး ဟော်ရူယန်ရဲ့ စကားအတိုင်း ရင်းဆုယဲ့ကို မေးခွန်းထုတ်လိုက်တယ်။

သူ့အနေနဲ့ ရင်းဆုယဲ့အကြောင်းကို အကုန်လုံး နားမလည်သေးသည့်တိုင် အတော်များများ သိနေပြီလို့ ယူဆမိတယ်။

သို့နှင့် သစ်သားတုံးကြီးလို မလှုပ်မယှက် အနားမှာရပ်နေတဲ့ ရင်းဆုယဲ့ကို မော့ကြည့်လိုက်သည်။ တည်ကြည်လေးနက်တဲ့ မျက်ဝန်းအစုံက သူ့အရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဟော်ရူးယန်ကို လုံးလုံးလျားလျား လျစ်လျူရှုထားလေရဲ့။ ထိုအခိုက်အတန့်မှာ ရင်းဆုယဲ့က ဟော်ရူယန်ကို မသိချင်ယောင်ဆောင်နေမှန်း ရွှယ်ယို့ရှန်း သဘောပေါက်သွားခဲ့တယ်။

“……….”

ရင်းဆုယဲ့လည်း တခြားလူကို စနောက်ကျီစယ်ချင်နေတဲ့ ကောင်လေးကြောင့် ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ပြဿနာဖန်တီးချင်နေတဲ့ ကောင်လေးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သူ ဘာမှမပြောခဲ့ဘူး။ တားလည်း မတားချင်ခဲ့ဘူး။

“အဲ့မိန်းမကိုမသိလို့.. ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်နေတာမလား..?”

ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ဆီကအဖြေကို မျှော်လင့်နေလို့မရမှန်း သိတာကြောင့် သူကပဲ ဆက်ပြောလိုက်တယ်။ ဒါက  မေးခွန်းတစ်ခုလို ဖြစ်နေပေမယ့် တဖက်လှည့်နဲ့အဖြေပေးလိုက်တာလို့ ဆိုနိုင်တယ်။

“ဒီကလေးက ဘယ်ကရောက်လာတာလဲ..? ရိုင်းစိုင်းလိုက်တာ..!”

ဟော်ရူယန်ရဲ့ စိတ်အခြေအနေက အစကတည်းက ကောင်းမနေဘူး။ ရင်းဆုယဲ့က အသက်မဲ့နေတဲ့ နံရံကြီးလို ပြုမူနေတာကြောင့် ထွက်နေတဲ့ ဒေါသတွေဟာ ရွှယ်ယို့ရှန်းရဲ့ နှောင့်ယှက်မှုကြောင့် ပိုမိုဆိုးရွားလာခဲ့တော့တယ်။

ဒါပေမဲ့ ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေတာဆိုတော့ ဟော်ရူယန်က ကောင်စုတ်လေးအပေါ် အရမ်းဆိုးဝါးတဲ့ စကားလုံးတွေ အသုံးမပြုခဲ့ဘူး။ သူမရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုအပ်သေးတယ်လေ။

သူမအမြင်မှာတော့ ရင်းဆုယဲ့က သူတို့နှစ်ယောက်ကြားက အမှတ်တရတွေကို ပြန်တွေးမိပြီး သူမရဲ့ မေးခွန်းကို ပြန်မဖြေနိုင်တာ ဖြစ်ရမယ်။ အဲ့တာကို ဒီရိုင်းစိုင်းတဲ့ ကောင်စုတ်လေးက ဘယ်ကနေ ဘယ်လိုထွက်လာမှန်းမသိ၊ သူမကို အထင်လွဲအောင်လုပ်ပြီး သူမနဲ့ ရင်းဆုယဲ့ကြားမှာ ပြဿနာဖန်တီးချင်နေတယ်။

ကြည့်ရတာ ဒီကောင်စုတ်လေးက တစ်ခုခုလုပ်ထားတာပဲ ဖြစ်ရမယ်။ အဲ့တာကြောင့် ရင်းဆုယဲ့က သူမကို လျစ်လျူရှုနေတာပေါ့..!

“ကိုကိုဆုယဲ့.. တချို့လူတွေကို အပြစ်ကင်းတဲ့ မျက်နှာလေးတစ်ခုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးနော်..!”

ဟော်ရူယန်က စကားဆုံးတာနဲ့ ရွှယ်ယို့ရှန်းဘက်ကို အဓိပ္ပါယ်ပါပါ လှည့်ကြည့်လိုက်လေရဲ့။ စောင်းပြောနေတာလို့တောင် ပြောမရတော့ဘူး၊ ဒါက ရွှယ်ယို့ရှန်းကို တမင်တည့်ပြောနေတာပဲ။

ရင်းဆုယဲ့ရဲ့ နှလုံးသားထဲက သူမရဲ့ လှပတဲ့ပုံရိပ်လေး ပျက်စီးသွားမှာကိုသာ မစိုးရိမ်ခဲ့ရင် တစ်ဖက်လူကို ရန်တွေ့ဖို့ ဒီလိုရှုပ်ထွေးတဲ့ နည်းလမ်းမျိုး သုံးခဲ့မှာမဟုတ်ဘူး။ အချိန်ကုန်သက်သာတဲ့ နည်းလမ်းကို ရွေးချယ်လိုက်လို့ရတယ်။ ကိုယ်တိုင်ထရိုက်ပစ်လိုက်ရင် ဒီကလေးစုတ်ကတာ့ မိနစ်ပိုင်းအတွင်း ကျိုးပဲ့သွားတော့မှာ။

“ဒီလောကကြီးမှာ လူလိမ်တွေအများကြီးရှိတယ်ဆိုတာ ကိုကိုသိသင့်တယ်.. အသက်ငယ်လေ လိမ်လည်တဲ့နေရာမှာ ပိုပြီးကျွမ်းကျင်လေပဲ.. အဲ့လိုကလေးတွေကြောင့် ညီမဆို ခဏခဏ အလိမ်ခံခဲ့ရဖူးတယ်.. အဲ့တာကြောင့် ကိုကိုဆုယဲ့လည်း သတိရှိရှိနဲ့ နေသင့်တယ်..”

သူမပြောလိုက်တာ သိပ်မပြည့်စုံသေးဘူးလို့ တွေးမိလိုက်တော့ ဟော်ရူယန်က နောက်ထပ်စကားတချို့ ထပ်ပြောလိုက်တယ်။

“အလိမ်ခံရတယ်ဆိုတာ ကိုယ်ညံ့လို့ကိုယ်ခံရတာဆိုတော့ တခြားလူကို အပြစ်တင်လို့ မရပါဘူးလေ..”

ရွှယ်ယို့ရှန်းက မျက်စောင်းထိုးပစ်လိုက်တယ်။ သိသိသာသာပဲ.. သူ မပျော်တော့ဘူးနော်။

ဟော်ရူယန်က သူ့ကို ရိုင်းစိုင်းတဲ့ကလေးလို့ ပြောရဲတယ်..?

သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံရင် အရမ်းမုန်းတာပဲ..!

‘ရိုင်းစိုင်းတယ်’ဆိုတဲ့ စကားလုံးကိုတောင် သုံးလိုက်သေးတယ်။ သူ့ရဲ့စိတ်ကို လာစမ်းနေတာပဲဟ..!

ပြီးတော့ သူ့ကို လူလိမ်လို့တောင် ပြောရဲသေးတယ်။ သူက ရင်းဆုယဲ့ကို လိမ်ညာနေတယ်လို့ ပြောချင်တာလား..?!

ဒီမိန်းမက သူ့ကိုယ်သူ IQ နိမ့်တယ်လို့ ပြောချင်တာလား..? ဒါမှမဟုတ် ရင်းဆုယဲ့ကို IQ နိမ့်တယ်လို့ ပြောချင်တာလား..?

တကယ့်ကို သည်းမခံနိုင်လောက်စရာပဲ..!!!

ပထမဆုံးအကြိမ် ဝတ္ထုထဲကကမ္ဘာကြီးနဲ့ တကယ့်ကမ္ဘာကြီးက လုံးဝခြားနားလွန်းတယ်ဆိုတာ ရွှယ်ယို့ရှန်း နားလည်သွားခဲ့တယ်။ ဝိဉာဉ်ကူးပြောင်းလာပြီးနောက်မှာ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း နားလည်လာလိမ့်မယ်လို့ ထင်ထားခဲ့မိတယ်။ သူရေးခဲ့တာက အစပိုင်းလေးပဲ ရှိသေးပေမယ့်လို့ပေါ့။

ဒါပေမဲ့ ဇာတ်ကောင်တွေနဲ့ သိကျွမ်းလာပြီးနောက် ဇာတ်ကောင်တိုင်းမှာ သူ,မသိသေးတဲ့ အရာတွေရှိနေမှန်း သိလိုက်ရတယ်။ သူရေးထားတာမဟုတ်တဲ့ ဇာတ်ကောင်စရိုက်တွေပေါ့။ လူသားတွေရဲ့ အကျင့်က ရှုပ်ထွေးလွန်းလို့ အကျယ်ချဲ့ရေးပြဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ စာလုံးအနည်းငယ်၊ စာပိုဒ်အနည်းငယ်၊ ဇာတ်ကြောင်းအနည်းငယ်နဲ့ပဲ ဖော်ပြနိုင်ခဲ့တယ်။

‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုကို ရေးနေတုန်းကဆို ဟော်ရူယန်ရဲ့ တည့်တိုးဆန်တဲ့အကျင့်နဲ့ ဘယ်အရာကိုမှ မကြောက်တတ်တဲ့ အကျင့်စရိုက်ကို အတော်လေး ကြိုက်နှစ်သက်ခဲ့မိတယ်။ အဲ့တာကြောင့် သူမကို အမျိုးသမီးဇာတ်လိုက်ထက် တစ်ဆင့်ပဲနိမ့်တဲ့ အမျိုးသမီးဇာတ်ရံအဖြစ် ရေးသားခဲ့မိတယ်။

အစတုန်းကတော့ သူမနဲ့ အဓိကဇာတ်လိုက် တွေ့ဆုံရမယ့် ကံကြမ္မာကို ဖျက်ဆီးပြီး မြူနှင်းတောအုပ်ထဲ မဝင်နိုင်အောင် တားဆီးမိခဲ့တဲ့အတွက် အပြစ်မကင်းသလို ခံစားခဲ့ရသေးတယ်။ ဒါပေမဲ့ လူအရှင်လတ်လတ်ကြီး တွေ့လိုက်ရတော့ လိပ်ပြာမလုံတာတွေ၊ စိတ်မကောင်းဖြစ်မိတာတွေ ထပ်ပြီးခံစားရတော့မှာ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ ဟော်ရူယန်က အရမ်းမုန်းစရာကောင်းတယ်..!

သူ့မျက်စိရှေ့က လူအရှင်လတ်လတ်ကြီး ဟော်ရူယန်နဲ့ ယှဉ်လိုက်ရင် ဝတ္ထုထဲက ဟော်ရူယန်ဆိုတာ ဒီဟော်ရူယန်ရဲ့ လှပတဲ့ အရိပ်တစ်ခုသာသာပဲ။ နောက်ဆုံးတော့ အမှောင်နဲ့အလင်း ရောယှက်နေတဲ့မြို့တော်မှာ နေခဲ့ရတဲ့သူပီပီ သူမရဲ့စိတ်ထဲမှာ မျိုးရိုးမြင့်တွေကြားက ရှုပ်ထွေးမှုနဲ့ မကောင်းတဲ့စရိုက်တွေ အမြစ်တွယ်နေခဲ့ပြီ။

တခြားရှုထောင့်ကကြည့်ရင် သူ့အမြင်နဲ့ ကွဲပြားနေမလားတော့ မသိဘူး။ ဒါပေမဲ့ သူက မျက်မြင်တွေ့ရတဲ့ အရာကိုပဲ ယုံတယ်။ အနည်းဆုံးတော့ ရင်းဆုယဲ့က သူ့ဝတ္ထုထဲကလို သွေးဆာရက်စက်တဲ့ ဗီလိန်ကြီးမဟုတ်တာတော့ သေချာတယ်။

ဒါပေမဲ့ ရင်းဆုယဲ့က သစ်သားတုံးကြီးလိုပဲ။ သူ့ရဲ့ စိတ်ကောင်းစေတနာကို ဘယ်လိုဖော်ပြရမှန်း နားမလည်ဘူး။ အဲ့တာကြောင့် သူကပဲ ရင်းဆုယဲ့ကို လိုက်ကူညီပေးနေရတာပေါ့။ ရင်းဆုယဲ့နဲ့ ထိုက်တန်ပါတယ်လေ။

အခုလိုပေါ့။ ဟော်ရူယန်ကို မုန်းစရာအကြောင်း မရှိပေမယ့် ပြဿနာရှာချင်စိတ်ကို ထိန်းမရတော့ဘူး။

“ဘာဖြစ်တယ်.? အသက်ငယ်လေ ပိုပြီးလိမ်တတ်လေပဲ.. ဟုတ်လား..? တကယ့်မူရင်းစာသားက မိန်းကလေးတွေက ပိုပြီးလှပလေ.. လူတွေကို ပိုပြီးလှည့်ဖျားတတ်လေပဲတဲ့..! ခင်ဗျားလိုပေါ့.. ရုပ်လှလှလေးနဲ့ အလိမ်အညာတွေကို ပြောနေလိုက်တာများ.. တကယ့်ကို ဉာဏ်များလွန်းတယ်.. ဟမ့်..!”

ဒီလိုမျိုးရန်တွေ့တာက သူ့ရဲ့စတိုင် မဟုတ်ပါဘူးနော်။ တစ်ဖက်လူ ဒုက္ခရောက်နေတာကို ယဉ်ကျေးမှုမရှိ ‘ဟမ့်’ခနဲ လုပ်လိုက်မိသလိုများ ဖြစ်သွားမလား..?

ဒါပေမဲ့ ‘မျက်တောင်မခတ်လိမ်တယ်’ ဆိုတာကို နားမလည်တဲ့ ဟော်ရူယန်ကိုတောင် နည်းနည်း သနားမိသွားပြီ။ ဟော်ရူယန်က ခေတ်နောက်ကျတော့ သူ့ဘက်က အသာချည်းပဲ။ ဟော်ရူယန်ကို အပေါ်စီးကနေ ကြိုက်သလို ပြောပစ်လိုက်လို့ရတယ်။

သူ့မှာလည်း အဲ့လိုမကောင်းတဲ့ ဉာဉ်‌လေးက ရှိနေသေးတာ။

“နင်..”

ဟော်ရူယန်ခမျာ ရွှယ်ယို့ရှန်းရဲ့ ယုတ္တိမရှိတဲ့ စကားတွေကြောင့် ပြန်မပြောနိုင်လောက်အောင် ဒေါသထွက်လာတော့တယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း သတိထားနေရသေးတော့ ပြန်ပြီးရန်မတွေ့နိုင်ခဲ့ဘူး။

စိတ်တိုဖို့ကောင်းလိုက်တာနော်..!

“ကျွန်တော်သိတာပေါ့.. လူတွေကို လိမ်လည်တဲ့နေရာမှာ ခင်ဗျားအရမ်းတော်တယ်ဆိုတာ.. ရှင်းပြဖို့မလိုပါဘူး..”

သူက ပုံမှန်ဆိုရင် ဒီလိုအဆိပ်ပြင်းတဲ့ စကားလုံးတွေ မပြောတတ်ပါဘူး။ ဒါပေမဲ့ ပြောလိုက်ရင်လည်း လူ့မျက်နှာ မကြည့်တတ်တော့ဘူး။ ဟော်ရူယန်လို ဘာမဟုတ်တဲ့လူနဲ့ယှဉ်ရင် သူက နတ်ဘုရားလို ဖြစ်တည်မှုပဲ။

“အဲတော့ နောက်တစ်ခါ ပေါက်ကရတွေ လျှောက်ပြောချင်ရင် ကိုယ့်ကိုယ်ကိုပါ ဆွဲမထည့်နဲ့ဦး.. ပညာရှင်ဆန်စမ်းပါ..”

ရွှယ်ယို့ရှန်းက မျက်လုံးပင့်လိုက်ပြီး အထင်သေးနှိမ်ချသလို စကားမျိုးနဲ့ စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။

“နင် လျှောက်ပြောနေတာ..!”

ဟော်ရူယန်ခမျာ ကိုယ့်ကိုယ်ကို စိတ်ထိန်းထားဖို့ သတိပေးနေရင်း သူမရဲ့ အပြုအမူကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်ရတယ်။ ကလေးတစ်ယောက်ကြောင့် သူမရဲ့ ဂုဏ်သရေကို အဆုံးရှုံးမခံနိုင်ဘူး။

“အဲ့တော့ ဘာဖြစ်လဲ..?”

သေသေချာချာ တွေးကြည့်မယ်ဆိုရင် သူ့ရဲ့စကားထဲမှာ ဟာကွက်တွေ ရှိနေတယ်ဆိုတာ ရွှယ်ယို့ရှန်း သိနေပြီးသားပါပဲ။ ဒါပေမဲ့ ဟော်ရူယန်ကို ကန့်လန်တိုက်ချင်ရုံပဲဆိုတော့ သိပ်မတွေးခဲ့ဘူး။ သူမရဲ့ ဒေါသတွေကို ဆွပေးချင်ရုံသပ်သပ်ပဲလေ။

“အဲ့တော့ နင်က ဉာဏ်များတဲ့ လူလိမ်လေးဆိုတာ ဝန်ခံလိုက်တာလား..?”

ဟော်ရူယန်ကလည်း ရွှယ်ယို့ရှန်းရဲ့ စကားထဲက အားနည်းချက်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး မော်ကြွားစွာ ခွန်းတုံ့ပြန်လိုက်တယ်။ အဖြူနဲ့အမည်းကို ပြောင်းပြန်ဖြစ်အောင် ပြောတာလောက်ကတော့ သူမလည်း လုပ်တတ်ပါတယ်။

“အမျိုးသမီး.. မင်းက အရမ်းဆူညံလွန်းတယ်..”

ဟော်ရူယန်ရဲ့ အောင်နိုင်သူတစ်ယောက်လို ပျော်မြူးနေပုံကိုကြည့်ရင်း ရွှယ်ယို့ရှန်းလည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ဒီမိန်းမရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းက သိပ်ကောင်းပါလား..? သူလုပ်ခဲ့တဲ့ လှည့်ကွက်ကို သူ စကားမပြောချင်တော့တဲ့ အချိန်ကျမှ ဟော်ရူယန်က သင်ကြားနိုင်ခဲ့တယ်။ သိပ်တော်ပါပေတယ်။

ရွှယ်ယို့ရှန်းတစ်ယောက် စိတ်ထဲမှာ လှောင်ပြောနေခဲ့ပေမယ့် အပြင်မှာတော့ ရုပ်တည်နဲ့ပဲ။ လူတွေနဲ့ မိုင်ထောင်ချီ စည်းခြားထားသလိုမျိုး သီးခြားဆန်တဲ့ အရှိန်အဝါတွေကို ထုတ်ဖော်လိုက်ရင်း သူ့ရဲ့ မျက်ဝန်းတွေက မသိမသာ မှောင်မိုက်လာခဲ့တယ်။

သူသိပါတယ်၊ သူ့ရဲ့ လက်ရှိသွင်ပြင်က ဒီစိတ်နေစိတ်ထားနဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာ။ ဒါပေမဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် ကြီးမြတ်မြင့်မားတဲ့ အရှိန်အဝါကို ထုတ်ဖော်ချင်သေးတယ်လေ။

ရွှယ်ယို့ရှန်းရဲ့ ခံယူချက်က ‘ကိုယ့်ထက် မျက်လုံးပြူးတဲ့လူနဲ့ ရင်ဆိုင်တွေ့ခဲ့ရင် သူ့ထက် မျက်လုံးပိုပြူးပြလိုက်ပါ..’ ဆိုတာပဲ။

(TN : သဘောက ကိုယ့်ထက် မျက်နှာပြောင်တိုက်တဲ့လူနဲ့ ရင်ဆိုင်တွေ့ခဲ့ရင် သူ့ထက်ပိုပြီး မျက်နှာပြောင်တိုင်လိုက်ပါ ဆိုတဲ့သဘောပါ။)

ရွှယ်ယို့ရှန်းက ဟော်ရူယန်နဲ့ ဆက်ပြီးစကားများနေလို့ ဘာအဓိပ္ပါယ်မှမရှိဘူးဆိုပြီး တွေးနေလေရဲ့။ ဘာလို့လဲဆိုတော့ သူက စင်ပေါ်ကပဲလေ။

ကြည့်ရတာ လမ်းကြောင်းပြောင်းပေးမှ ဖြစ်တော့မယ်။ ဟော်ရူယန်ကို သူမနဲ့ ရင်းဆုယဲ့ကြားမှာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးလောက် ကွာခြားသွားပြီဆိုတာကို သေချာသိသွားအောင် လုပ်ပေးရမယ်..!

သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုနည်းလမ်းနဲ့ တုံ့ပြန်ရမလဲဆိုတာကို စဉ်းစားထားပြီးသား..!!!

…………………………………….

Zawgyi

“ကိုကိုဆုယဲ့.. ညီမက ေဟာ္႐ူယန္ေလ..!”

ရင္းဆုယဲ့က သူမကို မသိသလိုမ်ိဳး မတ္တပ္ရပ္ေနၿပီး သူမရဲ႕စကားကို အဖက္မလုပ္တာေၾကာင့္ ေဟာ္႐ူယန္က ဆက္ေျပာလိုက္တယ္။ စေတြ႕ကတည္းက ရင္းဆုယဲ့က သူမကို မမွတ္မိဘူး။ ဒီကိစၥကို အေတာ္ေလး စိတ္ပ်က္မိေပမယ့္ အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ နားလည္ေပးလိုက္တယ္။

ေဟာ္႐ူယန္က သူမကိုယ္သူ အရမ္းသိတတ္နားလည္တဲ့ အမ်ိဳးသမီးလို႔ ေတြးထင္ေနေတာ့တယ္။ ထို႔ေၾကာင့္ သူမက ရင္းဆုယဲ့အနားကို ခပ္ျမန္ျမန္ ေလွ်ာက္သြားလိုက္ၿပီး အခ်ိန္ျဖဳန္းမေနဘဲ သူမရဲ႕နာမည္ကို ထုတ္ေျပာျပလိုက္တယ္။

“………..”

ေဟာ္႐ူယန္က ရင္းဆုယဲ့ကို ေအာ္ေခၚေနတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းခမ်ာ ၾကက္သီးေမြးညင္းမ်ားပင္ ထသြားရတယ္။ ခ်ိဳအီခြၽဲပ်စ္ေနတဲ့ အသံက ေအာ့အန္ခ်င္စရာပဲ။ အဲ့တာထက္ပိုၿပီး သည္းခံရခက္တာက ရင္းဆုယဲ့ကို ၾကည့္ေနတဲ့ ေဟာ္႐ူယန္ရဲ႕ အၾကည့္ေတြပဲ။ သူ႔ပုံစံက တစ္စုံတစ္ေယာက္ကို အသည္းအသန္ Crush ေနတဲ့ ဆယ္ေက်ာ္သက္မေလးလိုပဲ။

တျခားလူေတြ မသိေပမယ့္ ႐ႊယ္ယို႔ရွန္းကေတာ့ စာေရးဆရာအေနနဲ႔ သူ႔ဝတၳဳထဲက ဇာတ္ေကာင္ရဲ႕ အက်င့္စ႐ိုက္ေတြကို ရွင္းရွင္းလင္းလင္း သိထားတယ္။ ေဟာ္႐ူယန္က ရင္းဆုယဲ့ကို ဘယ္တုန္းကမွ မ်က္လုံးထဲထည့္ခဲ့တာမဟုတ္ဘူး။ ဒါေပမဲ့ အခုေတာ့ ‘ရင္းဆုယဲ့သာ အရာရာပါ’ဆိုတဲ့ မ်က္ႏွာထားနဲ႔ ခ်ဥ္းကပ္ေနေလရဲ႕။

ဟန္ေဆာင္ပန္ေဆာင္ လုပ္တတ္ပုံမ်ားကြာ..!!!

အျပင္လူေတြေရွ႕မွာ သူ႔ရဲ႕ ျမင့္ျမတ္ေအးစက္တဲ့ ပုံရိပ္ေလး ပ်က္စီးသြားမွာကို စိုးရိမ္ေနလို႔သာေပါ့။ မဟုတ္ရင္ ေရွ႕တက္ၿပီး ေဟာ္႐ူယန္ဆိုတဲ့ မိန္းမကို အသိစိတ္ျပန္ဝင္သြားေအာင္ ခပ္ၾကမ္းၾကမ္းေလး ဆြဲေဆာင့္ပစ္လိုက္ၿပီးၿပီ။ ၿပီးရင္ အဲ့မိန္းမကို ဒီလိုမ်ိဳး ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္။

သူမက အတိတ္တုန္းကလို အျပစ္ကင္းတဲ့ မိန္းမငယ္ေလး မဟုတ္ေတာ့ဘူးေလ။ လက္ရွိေဟာ္႐ူယန္က ႐ိုးသားစစ္မွန္ျခင္းေတြ မရွိေတာ့တဲ့ မေကာင္းတဲ့စိတ္ေတြနဲ႔ အေရာင္ဆိုးခံလိုက္ရတဲ့ မိန္းမတစ္ေယာက္ပဲ။

အဲတာၾကာင့္ ကေလးဘဝရဲ႕ အမွတ္တရေတြကို ဒီလိုမ်ိဳး ဖ်က္ဆီးပစ္ဖို႔ မႀကိဳးစားပါနဲ႔.. ဟုတ္ၿပီလား..? ေတာင္းပန္ပါတယ္.. အျပစ္ကင္းစင္တဲ့ ကေလးတစ္ေယာက္ရဲ႕ အတိတ္ကခံစားခ်က္ေတြကို ထပ္ၿပီးမႏႈိးဆြပါနဲ႔ေတာ့..!

“ကိုကိုဆုယဲ့.. ညီမကို မမွတ္မိေသးဘူးလား..?”

ရင္းဆုယဲ့ရဲ႕ မ်က္ႏွာေသႀကီးကိုၾကည့္ၿပီး ေဟာ္႐ူယန္ရဲ႕ အၿပဳံးေတြက ေပ်ာက္ကြယ္လုမတတ္ မွိန္ေဖ်ာ့လာခဲ့တယ္။ ေနာက္တစ္စကၠန႔္ၾကာေတာ့ ငိုမဲ့မဲ့မ်က္ႏွာမ်ိဳး ျဖစ္လာခဲ့ေတာ့တယ္။ သနားခ်င့္စဖြယ္ မ်က္ႏွာေလးက သူမကို ျမင္ေတြ႕သူတိုင္း ေထြးေပြ႕ႏွစ္သိမ့္ေပးခ်င္ေလာက္ေအာင္ပဲ။

“ရင္းဆုယဲ့.. ခင္ဗ်ား သူ႔ကို သိလို႔လား..?”

ေဟာ္႐ူယန္တစ္ေယာက္တည္း တစ္ကိုယ္ေတာ္ရႈိးပြဲ လုပ္ေနတာကို ရပ္ၾကည့္ေနရတာ စိတ္မခ်မ္းေျမ့စရာပဲ။ ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း သူမနဲ႔အတူတူ ေဖ်ာ္ေျဖေပးရန္ ဆုံးျဖတ္လိုက္ၿပီး ေဟာ္႐ူယန္ရဲ႕ စကားအတိုင္း ရင္းဆုယဲ့ကို ေမးခြန္းထုတ္လိုက္တယ္။

သူ႔အေနနဲ႔ ရင္းဆုယဲ့အေၾကာင္းကို အကုန္လုံး နားမလည္ေသးသည့္တိုင္ အေတာ္မ်ားမ်ား သိေနၿပီလို႔ ယူဆမိတယ္။

သို႔ႏွင့္ သစ္သားတုံးႀကီးလို မလႈပ္မယွက္ အနားမွာရပ္ေနတဲ့ ရင္းဆုယဲ့ကို ေမာ့ၾကည့္လိုက္သည္။ တည္ၾကည္ေလးနက္တဲ့ မ်က္ဝန္းအစုံက သူ႔အေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ ေဟာ္႐ူးယန္ကို လုံးလုံးလ်ားလ်ား လ်စ္လ်ဴရႈထားေလရဲ႕။ ထိုအခိုက္အတန႔္မွာ ရင္းဆုယဲ့က ေဟာ္႐ူယန္ကို မသိခ်င္ေယာင္ေဆာင္ေနမွန္း ႐ႊယ္ယို႔ရွန္း သေဘာေပါက္သြားခဲ့တယ္။

“……….”

ရင္းဆုယဲ့လည္း တျခားလူကို စေနာက္က်ီစယ္ခ်င္ေနတဲ့ ေကာင္ေလးေၾကာင့္ ကူကယ္ရာမဲ့သလို ခံစားလိုက္ရတယ္။ ဒါေပမဲ့ ျပႆနာဖန္တီးခ်င္ေနတဲ့ ေကာင္ေလးရဲ႕ အျပဳအမူနဲ႔ ပတ္သက္ၿပီး သူ ဘာမွမေျပာခဲ့ဘူး။ တားလည္း မတားခ်င္ခဲ့ဘူး။

“အဲ့မိန္းမကိုမသိလို႔.. ဘယ္လိုျပန္ေျဖရမွန္းမသိျဖစ္ေနတာမလား..?”

႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ဆီကအေျဖကို ေမွ်ာ္လင့္ေနလို႔မရမွန္း သိတာေၾကာင့္ သူကပဲ ဆက္ေျပာလိုက္တယ္။ ဒါက  ေမးခြန္းတစ္ခုလို ျဖစ္ေနေပမယ့္ တဖက္လွည့္နဲ႔အေျဖေပးလိုက္တာလို႔ ဆိုႏိုင္တယ္။

“ဒီကေလးက ဘယ္ကေရာက္လာတာလဲ..? ႐ိုင္းစိုင္းလိုက္တာ..!”

ေဟာ္႐ူယန္ရဲ႕ စိတ္အေျခအေနက အစကတည္းက ေကာင္းမေနဘူး။ ရင္းဆုယဲ့က အသက္မဲ့ေနတဲ့ နံရံႀကီးလို ျပဳမူေနတာေၾကာင့္ ထြက္ေနတဲ့ ေဒါသေတြဟာ ႐ႊယ္ယို႔ရွန္းရဲ႕ ေႏွာင့္ယွက္မႈေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့ေတာ့တယ္။

ဒါေပမဲ့ ပတ္ဝန္းက်င္မွာ လူေတြအမ်ားႀကီး ရွိေနတာဆိုေတာ့ ေဟာ္႐ူယန္က ေကာင္စုတ္ေလးအေပၚ အရမ္းဆိုးဝါးတဲ့ စကားလုံးေတြ အသုံးမျပဳခဲ့ဘူး။ သူမရဲ႕ပုံရိပ္ကို ထိန္းသိမ္းဖို႔ လိုအပ္ေသးတယ္ေလ။

သူမအျမင္မွာေတာ့ ရင္းဆုယဲ့က သူတို႔ႏွစ္ေယာက္ၾကားက အမွတ္တရေတြကို ျပန္ေတြးမိၿပီး သူမရဲ႕ ေမးခြန္းကို ျပန္မေျဖႏိုင္တာ ျဖစ္ရမယ္။ အဲ့တာကို ဒီ႐ိုင္းစိုင္းတဲ့ ေကာင္စုတ္ေလးက ဘယ္ကေန ဘယ္လိုထြက္လာမွန္းမသိ၊ သူမကို အထင္လြဲေအာင္လုပ္ၿပီး သူမနဲ႔ ရင္းဆုယဲ့ၾကားမွာ ျပႆနာဖန္တီးခ်င္ေနတယ္။

ၾကည့္ရတာ ဒီေကာင္စုတ္ေလးက တစ္ခုခုလုပ္ထားတာပဲ ျဖစ္ရမယ္။ အဲ့တာေၾကာင့္ ရင္းဆုယဲ့က သူမကို လ်စ္လ်ဴရႈေနတာေပါ့..!

“ကိုကိုဆုယဲ့.. တခ်ိဳ႕လူေတြကို အျပစ္ကင္းတဲ့ မ်က္ႏွာေလးတစ္ခုပဲ ၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူးေနာ္..!”

ေဟာ္႐ူယန္က စကားဆုံးတာနဲ႔ ႐ႊယ္ယို႔ရွန္းဘက္ကို အဓိပၸါယ္ပါပါ လွည့္ၾကည့္လိုက္ေလရဲ႕။ ေစာင္းေျပာေနတာလို႔ေတာင္ ေျပာမရေတာ့ဘူး၊ ဒါက ႐ႊယ္ယို႔ရွန္းကို တမင္တည့္ေျပာေနတာပဲ။

ရင္းဆုယဲ့ရဲ႕ ႏွလုံးသားထဲက သူမရဲ႕ လွပတဲ့ပုံရိပ္ေလး ပ်က္စီးသြားမွာကိုသာ မစိုးရိမ္ခဲ့ရင္ တစ္ဖက္လူကို ရန္ေတြ႕ဖို႔ ဒီလိုရႈပ္ေထြးတဲ့ နည္းလမ္းမ်ိဳး သုံးခဲ့မွာမဟုတ္ဘူး။ အခ်ိန္ကုန္သက္သာတဲ့ နည္းလမ္းကို ေ႐ြးခ်ယ္လိုက္လို႔ရတယ္။ ကိုယ္တိုင္ထ႐ိုက္ပစ္လိုက္ရင္ ဒီကေလးစုတ္ကတာ့ မိနစ္ပိုင္းအတြင္း က်ိဳးပဲ့သြားေတာ့မွာ။

“ဒီေလာကႀကီးမွာ လူလိမ္ေတြအမ်ားႀကီးရွိတယ္ဆိုတာ ကိုကိုသိသင့္တယ္.. အသက္ငယ္ေလ လိမ္လည္တဲ့ေနရာမွာ ပိုၿပီးကြၽမ္းက်င္ေလပဲ.. အဲ့လိုကေလးေတြေၾကာင့္ ညီမဆို ခဏခဏ အလိမ္ခံခဲ့ရဖူးတယ္.. အဲ့တာေၾကာင့္ ကိုကိုဆုယဲ့လည္း သတိရွိရွိနဲ႔ ေနသင့္တယ္..”

သူမေျပာလိုက္တာ သိပ္မျပည့္စုံေသးဘူးလို႔ ေတြးမိလိုက္ေတာ့ ေဟာ္႐ူယန္က ေနာက္ထပ္စကားတခ်ိဳ႕ ထပ္ေျပာလိုက္တယ္။

“အလိမ္ခံရတယ္ဆိုတာ ကိုယ္ညံ့လို႔ကိုယ္ခံရတာဆိုေတာ့ တျခားလူကို အျပစ္တင္လို႔ မရပါဘူးေလ..”

႐ႊယ္ယို႔ရွန္းက မ်က္ေစာင္းထိုးပစ္လိုက္တယ္။ သိသိသာသာပဲ.. သူ မေပ်ာ္ေတာ့ဘူးေနာ္။

ေဟာ္႐ူယန္က သူ႔ကို ႐ိုင္းစိုင္းတဲ့ကေလးလို႔ ေျပာရဲတယ္..?

သူ႔ကို ကေလးတစ္ေယာက္လို ဆက္ဆံရင္ အရမ္းမုန္းတာပဲ..!

‘႐ိုင္းစိုင္းတယ္’ဆိုတဲ့ စကားလုံးကိုေတာင္ သုံးလိုက္ေသးတယ္။ သူ႔ရဲ႕စိတ္ကို လာစမ္းေနတာပဲဟ..!

ၿပီးေတာ့ သူ႔ကို လူလိမ္လို႔ေတာင္ ေျပာရဲေသးတယ္။ သူက ရင္းဆုယဲ့ကို လိမ္ညာေနတယ္လို႔ ေျပာခ်င္တာလား..?!

ဒီမိန္းမက သူ႔ကိုယ္သူ IQ နိမ့္တယ္လို႔ ေျပာခ်င္တာလား..? ဒါမွမဟုတ္ ရင္းဆုယဲ့ကို IQ နိမ့္တယ္လို႔ ေျပာခ်င္တာလား..?

တကယ့္ကို သည္းမခံႏိုင္ေလာက္စရာပဲ..!!!

ပထမဆုံးအႀကိမ္ ဝတၳဳထဲကကမာၻႀကီးနဲ႔ တကယ့္ကမာၻႀကီးက လုံးဝျခားနားလြန္းတယ္ဆိုတာ ႐ႊယ္ယို႔ရွန္း နားလည္သြားခဲ့တယ္။ ဝိဉာဥ္ကူးေျပာင္းလာၿပီးေနာက္မွာ သူဖန္တီးခဲ့တဲ့ ဇာတ္ေကာင္ေတြနဲ႔ ပတ္သက္ၿပီး တျဖည္းျဖည္း နားလည္လာလိမ့္မယ္လို႔ ထင္ထားခဲ့မိတယ္။ သူေရးခဲ့တာက အစပိုင္းေလးပဲ ရွိေသးေပမယ့္လို႔ေပါ့။

ဒါေပမဲ့ ဇာတ္ေကာင္ေတြနဲ႔ သိကြၽမ္းလာၿပီးေနာက္ ဇာတ္ေကာင္တိုင္းမွာ သူ,မသိေသးတဲ့ အရာေတြရွိေနမွန္း သိလိုက္ရတယ္။ သူေရးထားတာမဟုတ္တဲ့ ဇာတ္ေကာင္စ႐ိုက္ေတြေပါ့။ လူသားေတြရဲ႕ အက်င့္က ရႈပ္ေထြးလြန္းလို႔ အက်ယ္ခ်ဲ႕ေရးျပဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ စာလုံးအနည္းငယ္၊ စာပိုဒ္အနည္းငယ္၊ ဇာတ္ေၾကာင္းအနည္းငယ္နဲ႔ပဲ ေဖာ္ျပႏိုင္ခဲ့တယ္။

‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳကို ေရးေနတုန္းကဆို ေဟာ္႐ူယန္ရဲ႕ တည့္တိုးဆန္တဲ့အက်င့္နဲ႔ ဘယ္အရာကိုမွ မေၾကာက္တတ္တဲ့ အက်င့္စ႐ိုက္ကို အေတာ္ေလး ႀကိဳက္ႏွစ္သက္ခဲ့မိတယ္။ အဲ့တာေၾကာင့္ သူမကို အမ်ိဳးသမီးဇာတ္လိုက္ထက္ တစ္ဆင့္ပဲနိမ့္တဲ့ အမ်ိဳးသမီးဇာတ္ရံအျဖစ္ ေရးသားခဲ့မိတယ္။

အစတုန္းကေတာ့ သူမနဲ႔ အဓိကဇာတ္လိုက္ ေတြ႕ဆုံရမယ့္ ကံၾကမၼာကို ဖ်က္ဆီးၿပီး ျမဴႏွင္းေတာအုပ္ထဲ မဝင္ႏိုင္ေအာင္ တားဆီးမိခဲ့တဲ့အတြက္ အျပစ္မကင္းသလို ခံစားခဲ့ရေသးတယ္။ ဒါေပမဲ့ လူအရွင္လတ္လတ္ႀကီး ေတြ႕လိုက္ရေတာ့ လိပ္ျပာမလုံတာေတြ၊ စိတ္မေကာင္းျဖစ္မိတာေတြ ထပ္ၿပီးခံစားရေတာ့မွာ မဟုတ္ဘူး။

ဘာလို႔လဲဆိုေတာ့ ေဟာ္႐ူယန္က အရမ္းမုန္းစရာေကာင္းတယ္..!

သူ႔မ်က္စိေရွ႕က လူအရွင္လတ္လတ္ႀကီး ေဟာ္႐ူယန္နဲ႔ ယွဥ္လိုက္ရင္ ဝတၳဳထဲက ေဟာ္႐ူယန္ဆိုတာ ဒီေဟာ္႐ူယန္ရဲ႕ လွပတဲ့ အရိပ္တစ္ခုသာသာပဲ။ ေနာက္ဆုံးေတာ့ အေမွာင္နဲ႔အလင္း ေရာယွက္ေနတဲ့ၿမိဳ႕ေတာ္မွာ ေနခဲ့ရတဲ့သူပီပီ သူမရဲ႕စိတ္ထဲမွာ မ်ိဳး႐ိုးျမင့္ေတြၾကားက ရႈပ္ေထြးမႈနဲ႔ မေကာင္းတဲ့စ႐ိုက္ေတြ အျမစ္တြယ္ေနခဲ့ၿပီ။

တျခားရႈေထာင့္ကၾကည့္ရင္ သူ႔အျမင္နဲ႔ ကြဲျပားေနမလားေတာ့ မသိဘူး။ ဒါေပမဲ့ သူက မ်က္ျမင္ေတြ႕ရတဲ့ အရာကိုပဲ ယုံတယ္။ အနည္းဆုံးေတာ့ ရင္းဆုယဲ့က သူ႔ဝတၳဳထဲကလို ေသြးဆာရက္စက္တဲ့ ဗီလိန္ႀကီးမဟုတ္တာေတာ့ ေသခ်ာတယ္။

ဒါေပမဲ့ ရင္းဆုယဲ့က သစ္သားတုံးႀကီးလိုပဲ။ သူ႔ရဲ႕ စိတ္ေကာင္းေစတနာကို ဘယ္လိုေဖာ္ျပရမွန္း နားမလည္ဘူး။ အဲ့တာေၾကာင့္ သူကပဲ ရင္းဆုယဲ့ကို လိုက္ကူညီေပးေနရတာေပါ့။ ရင္းဆုယဲ့နဲ႔ ထိုက္တန္ပါတယ္ေလ။

အခုလိုေပါ့။ ေဟာ္႐ူယန္ကို မုန္းစရာအေၾကာင္း မရွိေပမယ့္ ျပႆနာရွာခ်င္စိတ္ကို ထိန္းမရေတာ့ဘူး။

“ဘာျဖစ္တယ္.? အသက္ငယ္ေလ ပိုၿပီးလိမ္တတ္ေလပဲ.. ဟုတ္လား..? တကယ့္မူရင္းစာသားက မိန္းကေလးေတြက ပိုၿပီးလွပေလ.. လူေတြကို ပိုၿပီးလွည့္ဖ်ားတတ္ေလပဲတဲ့..! ခင္ဗ်ားလိုေပါ့.. ႐ုပ္လွလွေလးနဲ႔ အလိမ္အညာေတြကို ေျပာေနလိုက္တာမ်ား.. တကယ့္ကို ဉာဏ္မ်ားလြန္းတယ္.. ဟမ့္..!”

ဒီလိုမ်ိဳးရန္ေတြ႕တာက သူ႔ရဲ႕စတိုင္ မဟုတ္ပါဘူးေနာ္။ တစ္ဖက္လူ ဒုကၡေရာက္ေနတာကို ယဥ္ေက်းမႈမရွိ ‘ဟမ့္’ခနဲ လုပ္လိုက္မိသလိုမ်ား ျဖစ္သြားမလား..?

ဒါေပမဲ့ ‘မ်က္ေတာင္မခတ္လိမ္တယ္’ ဆိုတာကို နားမလည္တဲ့ ေဟာ္႐ူယန္ကိုေတာင္ နည္းနည္း သနားမိသြားၿပီ။ ေဟာ္႐ူယန္က ေခတ္ေနာက္က်ေတာ့ သူ႔ဘက္က အသာခ်ည္းပဲ။ ေဟာ္႐ူယန္ကို အေပၚစီးကေန ႀကိဳက္သလို ေျပာပစ္လိုက္လို႔ရတယ္။

သူ႔မွာလည္း အဲ့လိုမေကာင္းတဲ့ ဉာဥ္‌ေလးက ရွိေနေသးတာ။

“နင္..”

ေဟာ္႐ူယန္ခမ်ာ ႐ႊယ္ယို႔ရွန္းရဲ႕ ယုတၱိမရွိတဲ့ စကားေတြေၾကာင့္ ျပန္မေျပာႏိုင္ေလာက္ေအာင္ ေဒါသထြက္လာေတာ့တယ္။ ဒါေပမဲ့ ပတ္ဝန္းက်င္က လူေတြကိုလည္း သတိထားေနရေသးေတာ့ ျပန္ၿပီးရန္မေတြ႕ႏိုင္ခဲ့ဘူး။

စိတ္တိုဖို႔ေကာင္းလိုက္တာေနာ္..!

“ကြၽန္ေတာ္သိတာေပါ့.. လူေတြကို လိမ္လည္တဲ့ေနရာမွာ ခင္ဗ်ားအရမ္းေတာ္တယ္ဆိုတာ.. ရွင္းျပဖို႔မလိုပါဘူး..”

သူက ပုံမွန္ဆိုရင္ ဒီလိုအဆိပ္ျပင္းတဲ့ စကားလုံးေတြ မေျပာတတ္ပါဘူး။ ဒါေပမဲ့ ေျပာလိုက္ရင္လည္း လူ႔မ်က္ႏွာ မၾကည့္တတ္ေတာ့ဘူး။ ေဟာ္႐ူယန္လို ဘာမဟုတ္တဲ့လူနဲ႔ယွဥ္ရင္ သူက နတ္ဘုရားလို ျဖစ္တည္မႈပဲ။

“အဲေတာ့ ေနာက္တစ္ခါ ေပါက္ကရေတြ ေလွ်ာက္ေျပာခ်င္ရင္ ကိုယ့္ကိုယ္ကိုပါ ဆြဲမထည့္နဲ႔ဦး.. ပညာရွင္ဆန္စမ္းပါ..”

႐ႊယ္ယို႔ရွန္းက မ်က္လုံးပင့္လိုက္ၿပီး အထင္ေသးႏွိမ္ခ်သလို စကားမ်ိဳးနဲ႔ စကားဝိုင္းကို အဆုံးသတ္လိုက္တယ္။

“နင္ ေလွ်ာက္ေျပာေနတာ..!”

ေဟာ္႐ူယန္ခမ်ာ ကိုယ့္ကိုယ္ကို စိတ္ထိန္းထားဖို႔ သတိေပးေနရင္း သူမရဲ႕ အျပဳအမူကို အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္ထားလိုက္ရတယ္။ ကေလးတစ္ေယာက္ေၾကာင့္ သူမရဲ႕ ဂုဏ္သေရကို အဆုံးရႈံးမခံႏိုင္ဘူး။

“အဲ့ေတာ့ ဘာျဖစ္လဲ..?”

ေသေသခ်ာခ်ာ ေတြးၾကည့္မယ္ဆိုရင္ သူ႔ရဲ႕စကားထဲမွာ ဟာကြက္ေတြ ရွိေနတယ္ဆိုတာ ႐ႊယ္ယို႔ရွန္း သိေနၿပီးသားပါပဲ။ ဒါေပမဲ့ ေဟာ္႐ူယန္ကို ကန႔္လန္တိုက္ခ်င္႐ုံပဲဆိုေတာ့ သိပ္မေတြးခဲ့ဘူး။ သူမရဲ႕ ေဒါသေတြကို ဆြေပးခ်င္႐ုံသပ္သပ္ပဲေလ။

“အဲ့ေတာ့ နင္က ဉာဏ္မ်ားတဲ့ လူလိမ္ေလးဆိုတာ ဝန္ခံလိုက္တာလား..?”

ေဟာ္႐ူယန္ကလည္း ႐ႊယ္ယို႔ရွန္းရဲ႕ စကားထဲက အားနည္းခ်က္ကို ခ်က္ခ်င္း ဆြဲကိုင္လိုက္ၿပီး ေမာ္ႂကြားစြာ ခြန္းတုံ႔ျပန္လိုက္တယ္။ အျဖဴနဲ႔အမည္းကို ေျပာင္းျပန္ျဖစ္ေအာင္ ေျပာတာေလာက္ကေတာ့ သူမလည္း လုပ္တတ္ပါတယ္။

“အမ်ိဳးသမီး.. မင္းက အရမ္းဆူညံလြန္းတယ္..”

ေဟာ္႐ူယန္ရဲ႕ ေအာင္ႏိုင္သူတစ္ေယာက္လို ေပ်ာ္ျမဴးေနပုံကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းလည္း ဘာျပန္ေျပာရမွန္း မသိေတာ့ဘူး။ ဒီမိန္းမရဲ႕ ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္းက သိပ္ေကာင္းပါလား..? သူလုပ္ခဲ့တဲ့ လွည့္ကြက္ကို သူ စကားမေျပာခ်င္ေတာ့တဲ့ အခ်ိန္က်မွ ေဟာ္႐ူယန္က သင္ၾကားႏိုင္ခဲ့တယ္။ သိပ္ေတာ္ပါေပတယ္။

႐ႊယ္ယို႔ရွန္းတစ္ေယာက္ စိတ္ထဲမွာ ေလွာင္ေျပာေနခဲ့ေပမယ့္ အျပင္မွာေတာ့ ႐ုပ္တည္နဲ႔ပဲ။ လူေတြနဲ႔ မိုင္ေထာင္ခ်ီ စည္းျခားထားသလိုမ်ိဳး သီးျခားဆန္တဲ့ အရွိန္အဝါေတြကို ထုတ္ေဖာ္လိုက္ရင္း သူ႔ရဲ႕ မ်က္ဝန္းေတြက မသိမသာ ေမွာင္မိုက္လာခဲ့တယ္။

သူသိပါတယ္၊ သူ႔ရဲ႕ လက္ရွိသြင္ျပင္က ဒီစိတ္ေနစိတ္ထားနဲ႔ ဘယ္လိုမွ မအပ္စပ္ဘူးဆိုတာ။ ဒါေပမဲ့ နည္းနည္းေလးပဲျဖစ္ျဖစ္ ႀကီးျမတ္ျမင့္မားတဲ့ အရွိန္အဝါကို ထုတ္ေဖာ္ခ်င္ေသးတယ္ေလ။

႐ႊယ္ယို႔ရွန္းရဲ႕ ခံယူခ်က္က ‘ကိုယ့္ထက္ မ်က္လုံးျပဴးတဲ့လူနဲ႔ ရင္ဆိုင္ေတြ႕ခဲ့ရင္ သူ႔ထက္ မ်က္လုံးပိုျပဴးျပလိုက္ပါ..’ ဆိုတာပဲ။

(TN : သေဘာက ကိုယ့္ထက္ မ်က္ႏွာေျပာင္တိုက္တဲ့လူနဲ႔ ရင္ဆိုင္ေတြ႕ခဲ့ရင္ သူ႔ထက္ပိုၿပီး မ်က္ႏွာေျပာင္တိုင္လိုက္ပါ ဆိုတဲ့သေဘာပါ။)

႐ႊယ္ယို႔ရွန္းက ေဟာ္႐ူယန္နဲ႔ ဆက္ၿပီးစကားမ်ားေနလို႔ ဘာအဓိပၸါယ္မွမရွိဘူးဆိုၿပီး ေတြးေနေလရဲ႕။ ဘာလို႔လဲဆိုေတာ့ သူက စင္ေပၚကပဲေလ။

ၾကည့္ရတာ လမ္းေၾကာင္းေျပာင္းေပးမွ ျဖစ္ေတာ့မယ္။ ေဟာ္႐ူယန္ကို သူမနဲ႔ ရင္းဆုယဲ့ၾကားမွာ ေကာင္းကင္ဘုံနဲ႔ ကမာၻေျမႀကီးေလာက္ ကြာျခားသြားၿပီဆိုတာကို ေသခ်ာသိသြားေအာင္ လုပ္ေပးရမယ္..!

သူ႔ရဲ႕စိတ္ထဲမွာ ဘယ္လိုနည္းလမ္းနဲ႔ တုံ႔ျပန္ရမလဲဆိုတာကို စဥ္းစားထားၿပီးသား..!!!

…………………………………….

Continue Reading

You'll Also Like

1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
308K 30.7K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
52.6K 5.7K 28
Эрт урьдын цагт... Үлгэр бүхэн эрт урьдын цагт гэж эхэлдэг. Тэгээд амар сайхандаа жарган дуусна. Гэхдээ "эрт урьдын цагт" биш "одоо цагт" үлгэр эхэлв...