Unicode
နန်းမဟာဖွေး ရှေ့ကနေဦးဆောင်ပြီးပဲ လမ်းညွှန်ပြကာ ကုဋေကို အိမ်၌တည်းဖို့ရန်ခေါ်လာခဲ့လိုက်သည်။
ပြောလို့ မရဘူး အိမ်မှာနေတဲ့အချိန်အတောအတွင်း ကုဋေ သူ့ကို ပြန်ကြိုက်ချင်ကြိုက်လာမှာပေါ့။
ဒီကောင်လေးကို လက်လွှတ်ရအောင် သူကရူးနေတာမှမဟုတ်တာ။
သူသာ ကုဋေနဲ့ လက်ထက်ပြီးရင် ဘဝကချက်ချင်းအဆင်ပြေသွားမှာ။
အခုလက်ရှိ ဘဝကို မတင်းတိမ်နိုင်တာ မဟုတ်ပေမယ့် ဒီထက်ပိုမြင့်တဲ့ဘဝကို ဖွေး ရောက်ဖူးချင်တယ်။
" ရောက်ပြီ ကုဋေ ဟိုထိပ်က ဖွေးတို့ အိမ်ပဲ "
မနန်းမဟာဖွေး လက်ညိုးထိုးပြတဲ့ အိမ်ကို Leo ကြည့်လိုက်တော့ နှစ်ထပ်အိမ်ကိုမှသပ်သပ်ရပ်ရပ်လေးဖြစ်သည်။
" လာလေ ကုဋေ စားဖို့လည်း ဖွေး ထမင်း ပြင်ခိုင်းထားပြီးပြီ ခြေလက်ဆေးပြီး ခဏနားပြီးရင်ထမင်းစားနော်"
" အင်း "
ထမင်းပြင်ခိုင်းထားပြီးပြီဆိုတော့ အိမ်မှာ အလုပ်သမားတွေ ရှိတာလား ။
လူများရင် Leo က စိတ်ရှုပ်တတ်တာမို့ ထင်တဲ့အတိုင်း မနန်းမဟာဖွေးတို့အိမ်မှာ အလုပ်သမားများများစားစား ရှိရင် သူ Hotel မှာပဲ တည်းဖို့ ဆုံးဖြတ်လိုက်တယ်။
ခြံထဲဝင်ဝင်ချင်းမှာပင် သင်းပျပျ စံပယ်ပန်းရနံ့အားရှူရှိုက်မိသွားသည်။
" ကုဋေ အတွက် အပေါ်ထပ်မှာ အခန်းပြင်ပေးထားတယ် "
မနန်းမဟာဖွေး အပေါ်ထပ်တက်ကိုတက်သွားသောကြောင့် Leo Luggage ဆွဲပြီး အနောက်ကလိုက်သွားလိုက်သည်။
" အခု အိမ်မှာ မနန်းမဟာဖွေး တစ်ယောက်ထဲလား "
အပြင်အဆင်အားလုံးက အိမ်တစ်အိမ်၏ရှိသင့်ရှိထိုက်သောဂုဏ်ကျက်သရေကိုဖော်ဆောင်ထားတာမို့ Leo သဘောကျမိတယ် ။
" မဟုတ်ဘူး ကုဋေ တစ်ယောက် ရှိသေးတယ် သူကအခုချိန် အခန်းအောင်းနေပြီ ကုဋေ ရေအရင်ချိူးလိုက်မလား ခရီးဝေးကလာတာဆိုတော့ နွမ်းလာမှာပဲလေ "
" ရေအရင် ချိုးမယ် မနန်းမဟာဖွေး "
Luggage ထဲက Bathrobe နဲ့ တဘက် ကိုယူကာ အောက်ထပ်ကိုပြန်ဆင်းလာလိုက်တယ်။
" နာမည်က အရမ်းရှည်နေတော့ ဖွေး လို့ပဲ ခေါ်ပါနော် ကုဋေ ဒါဆို ရေချိုးဖို့ ဖွေး လိုက်ပြမယ် လာလေ "
ရေချိုးတဲ့နေရာက အိမ်ကလို Bathroom မဟုတ်ဘဲ အပြင်မှာချိုးရတာဖြစ်၍ Leo ငူငူကြီးရပ်နေမိသည်။
သူက ရေချိုးပြီဆိုရင် ကိုယ်တုံးလုံးနဲ့ပဲ ချိုးတတ်တာဆိုတော့ ဒီနေရာက Leo အတွက် နည်းနည်း အဆင်မပြေဖြစ်နေတာ။
" ကျစ် "
စိတ်အလိုမကျစွာ ဖြစ်နေတုန်း သူ့အနောက်ကနေ အသံကြည်ကြည်လေးအား ကြားလိုက်ရသည်။
" ဒီလိုနေရာမျိုးမှာ ရေမချိုးတတ်ဘူး မဟုတ်လားဟင် "
ပုခုံးပေါ်ကို လက်ဖြူဖြူလေး တစ်ဖက် တင်ကာမေးလာသူကြောင့် Leo လှည့်ကြည့်လိုက်မိတယ်။
ရာသီဥတုက အရမ်းမအေးပေမယ့် ဒီလူဝတ်ထားပုံက အင်္ကျီ လည်း လက်ရှည်ကိုမှ နီနီရဲရဲ လက်ချောင်းထိပ်ဖျားတွေ အထိဖုံးထားပြီး ချည်သားဘောင်းဘီအရှည်ကလည်း ခြေမျက်စိဖုံးသည်အထိဝတ်ထားတာ။
မျက်နှာမှာ Mask ကလည်း တပ်ထားသေးတာ။
Leo ထက်နည်းနည်း ပုသောကြောင့် သူကမော့ကြည့်ကာ Leo ကို ပြုံးပြလာသည်။
Mask တပ်ထားပေမယ့် ပြုံးပြနေတာကို ထိုလူ့မျက်လုံးတွေကတစ်ဆင့် Leo ခံစားလို့ရတယ် ။
" အင့် !!! ဘာလုပ်တာလဲ "
ဘုန်းဘေဘီ ခင်မျာ ရုတ်တရက်ကြီး ဆွဲပွေ့ခံလိုက်ရတာကြောင့် ပြုတ်မကျအောင်သာ သူ့ကို ပွေ့ထားတဲ့ ကောင်လေးရဲ့လည်ပင်းကိုအမြန်သိုင်းဖက်လိုက်ရတယ်။
" ခင်ဗျား ပြောသလိုပဲ ဒီလိုနေရာမျိုးမှာ ကျုပ်ရေမချိူးတတ်ဘူး "
ကြီးကျယ်တာ မဟုတ်ပေမယ့် Leo လို Bathroom ထဲ ချိုးနေကြလူက ဒီလို ဟင်းလင်းပြင်မှာ ချိုးဖို့အတွက် အဆင်မပြေဖြစ်တာပေါ့။
ခြံထဲမှာရှိတာ ဆိုပေမယ့် လည်း မချိူးတတ်ဘူး။
" ဟုတ်ပြီ အခု ကိုယ့်ကို အရင်ဆုံး အောက်ချပေး မင်း ရေချိုးဖို့ ကိုယ်ပြင်ပေးမယ် "
သူ့လက်ထဲက ရုန်းကာ ပြောလာသူကြောင့် Leo အောက်ပြန်ချပေးလိုက်ရသည်။
" ခင်ဗျား ဘာလို့ ကျူပ်အပေါ်တက်လာတာလဲ "
ပွေ့လိုက်တာက သူဆိုပေမယ့် ဒီလူ ကရော ဘာလို့ အလိုက်သင့် ငြိမ်ခံနေတာလဲ။
" မင်းပဲ ကိုယ့်ကို ပွေ့လိုက်တာလေ ကိုယ်တောင် ဘာမှ မပြောရသေးဘူး လေ မဟုတ်ဘူးလား "
" ထားပါ ကျုပ် ရေချိုး ချင်တယ် ဘယ်လိုလုပ်ပေးမှာလဲ မြန်မြန်လုပ်ပေး ဒါနဲ့ နာမည်က "
" လိုက်ခဲ့ "
စတိုခန်းထဲက ရေပိုက်ကြိုး အရှည်ကို ယူကာ ဘုန်းဘေဘီ အပြင် ရေချိုးကန်က ရေပိုက်နဲ့ အခန်းထဲက ရေပိုက်နဲ့ နှစ်ခုကို သွယ်လိုက်သည်။
" ဝင်လာလေ နည်းနည်းတော့ မှောင်တယ် မနေ့ညက မီးသီးကျွမ်းသွားလို့ ကိုယ်မလဲတတ်လို့ မလဲဘဲထားထားတာ မီးအိမ်တော့ ရှိတယ် "
ဘေဘီ မီးအိမ်မှိန်မှိန်လေးကို ထွန်းလိုက်ကာ ရေချိုးဖို့အတွက် သစ်သားစည်ပိုင်းကြီးအနားတင်ပေးလိုက်တယ်။
" ရပြီနော် ချိုးလို့ အရမ်းကြီး မအေးပေမယ့် မြန်မြန်ချိုး ကိုယ် အပြင်မှာ ရှိတယ် "
အနားကနေ ခပ်ကုပ်ကုပ်လေး ထွက်သွားတာမို့ Leo မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။
သွက်သွက်လက်လက်ပုံစံမျိုးလည်း မဟုတ်ဘူး အရမ်းကြီးအေးတိအေးစက်ပုံစံမျိုးလည်း မဟုတ်ဘူး။
ရေကမအေးဘူးဆိုပေမယ့်လည်း Leo ခပ်မြန်မြန်သာချိုးပြီး Bathrobe ဝတ်ကာ အပြင်ဘက်ပြန်ထွက်လာလိုက်တယ်။
" ပြီးပြီလား ပြီးရင် ခုနက မင်းလာတဲ့နေရာကို ပြန်သွားလိုက် လမ်းမှတ်မိတယ်မလား "
အခုမှ သေချာကြည့်မိတယ် ဒီလူနေတဲ့အခန်းလေးက ကျဥ်းကျဥ်းလေး ဖြစ်ပြီး ခုနက Leo တည်းတဲ့အိမ်နဲ့ လားလားမျှ မသက်ဆိုင်။
" ခင်ဗျား ကရော ခင်ဗျား တစ်ယောက်ထဲ နေတာလား "
လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မေးလာသူကြောင့် ဘုန်းဘေဘီ ခါထုတ်ပြစ်လိုက်သည်။
" တစ်ဆိတ် မင်းနဲ့ ကိုယ် အဲ့လောက်ထိ မသိဘူး သိစရာလည်း မလိုဘူးလို့ ကိုယ်ထင်တယ် "
ဘုန်းဘေဘီ အမြန်ပြောကာ တံခါးအပြင် တွန်းထုတ်လိုက်သည်။
နေ့ခင်းဘက် တစ်ရေးအိပ်ဖို့ ရှိသေး ပြတင်းပေါက် ကနေ မြင်လိုက်ရတဲ့ မြင်ကွင်းကသိပ်တော့အဆင်မပြေ။
ကောင်လေးတစ်ယောက် Bathrobe ကြီးကိုင်ကာ တောင့်တောင့်ကြီးရပ်နေသည့်မြင်ကွင်းပင်။
ပုံစံအရ ဖွေးပြောထားသည့်ကောင်လေးဖြစ်လောက်မည်ဟု ဘေဘီ သိလိုက်ပြီ ။
ကျောကုန်း မှာလည်း Lion ပုံစံ Tatoo ကြီး ထိုးထားပြီး Coffee ရောင် ဆံပင်ရှည်တွေကြောင့် ဂျစ်ကန်ကန် လူဆိုးလေးဖြစ်မည်ဟု ဘုန်းဘေဘီသတ်မှတ်လိုက်သည်။
နောက်ဆုံး ကိုယ်က မနေတတ်စွာ ဘဲ အိမ်ထဲမှာ ချိုးဖို့ ပြင်ပေးရတော့တာပေါ့။
" စားတတ်ပါ့မလားတော့ ကုဋေ အိမ်ကတစ်ယောက်လက်ရာကတော့ရှယ်ကောင်းတာနော် "
ဟင်းပွဲတွေကိုကြည့်တော့ စုံလင်နေပြီး မနန်းမဟာဖွေးပြောသလိုပင်စားချင်စရာပင်။
" ကျွန်တော်က ထမင်းမရှိဘဲ ဘာနဲ့ သွားစားရမလဲ မနန်းမဟာဖွေး"
" ဟုတ်သားပဲ ကုဋေ ထမင်းပန်းကန်ပျောက်နေတယ် "
ဘုန်းဘေဘီကတော့ ဧည့်သည်ရှေ့မှာ ငါ့ကို အရှက်ခွဲပြန်ပြီ။
" ခဏခဏ ဖွေး သွားမေးလိုက်မယ် ကုဋေ "
တအောင့်လောက်ကြာပြီးမှ မနန်းမဟာဖွေး ပြန်ရောက်လာသည်။
" ဖွေး သွားဝယ်ခိုင်းထားတယ် ကုဋေ မီးပျက်နေလို့ တဲ့ ခဏလောက် စောင့်ပါဦးနော် "
" အင်း "
စကားများများစားစား မပြောချင်တာမို့ Leo ငြိမ်သာနေလိုက်တယ်။
" ရပြီ သူလာပြီ "
ဖွေး ဘုန်းဘေဘီ ဝယ်လာပေးတဲ့ ထမင်းထုပ်ကို ကြွေပန်းကန်ပြားထဲထည့်ကာ ကုဋေရှေ့မှာစားဖို့ချပေးလိုက်သည်။
" သူရော တစ်ခါထဲ မစားဘူးလား မနန်းမဟာဖွေး "
ခေါင်းခါပြလာသဖြင့် Leo ထမင်းပန်းကန်ကို ဇွန်းနဲ့သာမွှေနေမိတယ်။
" သူက အရေပြားရောဂါ ဖြစ်နေတာလေ "
" ဘယ်လို အရေပြားရောဂါ ဟုတ်လား "
" အင်း ဖွေးတို့ အမေရဲ့ နောက်အိမ်ထောင် က ပါလာတဲ့သား သူစိမ်းတွေနဲ့ သိပ်မရောဘူး သူ့အဖေက ခရီး ထွက်သွားတာ ဖွေးမေမေကတော့ရန်ကုန်သွားတယ်မနက်ဖြန်ပြန်လာလိမ့်မယ် "
ဒါဆို အနာတွေ ဖြစ်နေတာ မြင်မှာဆိုးလို့အင်္ကျီ လက်ရှည် ဘောင်းဘီ အရှည်တွေ ခင်ဗျား ဝတ်ထားတာလား။
"ထမင်းမစားဘူး ဆိုတာလည်း သူအနာတွေ မြင်ရင်မေမေကထမင်းစားမဝင်ဘူးလေ ဖွေးရောပဲ ဆေးခန်းပြရမယ့်ပိုက်ဆံတွေလည်းသုံးပစ်လိုက်တယ်ထင်တယ် မေးလိုက်တိုင်း မရှိတော့ဘူးဆိုတာချည်းပဲ"
သူဘာသူပြောနေတာမို့ Leo ထမင်းတစ်လုပ် ပါးစပ်ထဲထည့်လိုက်သည်။
" ဘွဲ့လေး တစ်ခုတော့ ရထားလို့ တော်သေးတယ် ကုဋေရယ် "
" အင်း ဘွဲ့ရပြီးသားလား "
ကိုယ့်ထက်ကြီးမယ်မှန်း သိသော်လည်း တစ်နှစ်နှစ်နှစ်လောက်သာထင်ထားတာမို့ Leo အံ့သြနေရသည်။
" ဟုတ်တယ် အင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတာလေ "
" ဪ "
" ဘုန်းဘေဘီ က "
ခလွမ်း !!!! ချွမ်း !!!! ချွမ်း !!!!
ထမင်းပန်းကန်ပြားရော ဇွန်းနဲ့ခက်ရင်းပါ လွတ်ကျသွားခြင်းပင်။
" အဆင်ပြေလား ကုဋေ ရလား ဘာဖြစ်လို့လဲ ဟင် "
ဘုန်းဘေဘီ ဘုန်းဘေဘီ လို့ ပြောလိုက်တာမလား။
Leo နားကြားမှားတာ မဟုတ်လောက်ပါဘူး ။
" ခုနက စကား ဆက်ပြော မနန်းမဟာဖွေး "
" အမ် "
" ဆက်ပြောလို့ ခုနက ဘုန်းဘေဘီလို့ ပြောလိုက်တာမလား "
ဒေါသ သံပါလာကာ လက်ကအကြောတွေပါထောင်လာတဲ့ ကုဋေကြောင့် ဖွေး စကားကို ဆက်ပြောလိုက်ရသည်။
" ဘုန်းဘေဘီက "
ဝုန်း
ထိုင်ခုံကနေ ချက်ချင်း ပြေးထွက်သွားသူကြောင့် ဖွေးမှာ အကြောင်သားလေးဖြစ်သွားရသည်။
ဒုန်း ဒုန်း ဒုန်း
" တံခါးဖွင့်စမ်း ဘုန်းဘေဘီ "
ဒုန်း
" ကျူပ်ပြောနေတယ်လေ ဘုန်းဘေဘီ "
ဒုန်း
ကုတင်ပေါ်မှာ ပုံထားတဲ့ သစ်သားချောင်းနဲ့ Leo တံခါးလက်ကိုင်ဘုကို ရိုက်ပစ်လိုက်တယ်။
" ဘုန်းဘေဘီ ခင်ဗျား သေချင်နေပြီလား "
ကျွီ
" မင်း ကိုယ့်ကို ဘာပြောမလို့လဲ အင့် "
ဝုန်း
တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ကာ Leo ပိတ်ပြစ်လိုက်ပြီး ရှေ့ကလူအား ပုခုံးပေါ် ဇောက်ထိုးထမ်းတင်လိုက်သည်။
" လွှတ်စမ်း "
ဘုတ်
ကုတင်ပေါ်ကို ပစ်ချခံလိုက်ရတာများ ကျောကုန်းပါအောင့်သွားရသည်။
ဗြီးးးးးး ဗြီးးးးးးး
" မင်း "
လည်ပင်းနားက အင်္ကျီ အစကို ဖြဲကြည့်တော့ ပုခုံးဖြူဖြူလေး နှစ်ဖက်က ရှင်းသန့်ဝင်းမွတ်နေတယ်။
" အခုထိ ရှိသေးတယ် "
" အင့် "
သူ့ကို အူကြောင်ကြောင်လေး ကြည့်နေပြန်
သည့် ဘုန်းဘေဘီကြောင့် Leo ရင်ခွင်ထဲက ခန္ဓာကိုယ်လေးကိုအသာဖြစ်ညှစ်ပစ်လိုက်သည််။
သူ သုံးနစ်သား တုန်းက ဘုန်းဘေဘီရဲ့ ညာဘက်ပုခုံး ကို သွားသေးသေးလေးတွေနစ်ဝင်တဲ့အထိကိုက်ခဲ့တာလေ။
သွားရာအကွင်းလိုက်ဖြစ်နေသည့်အမာရွတ်ကလေးက ညာဘက်ပုခုံး မှာထင်းထင်းလေးရှိနေသည်။
" ခင်ဗျား ကျုပ်လက်ထဲမှာ သေပြီသာမှတ် ဘုန်းဘေဘီ "
သူ့ကို စိုက်ကြည့်ကာ အေးစက်စက် စကားတွေကို တစ်ခွန်းချင်းပြောလာသည်မို့ ဘေဘီ ကိုယ်လေးကျုံ့သွားရသည်။
ခက်ခက်ခဲခဲ ကို ရှာစရာမလိုဘဲ ခင်ဗျား ကို ကျုပ်တွေ့ပြီ။
________________________________________________________________
GarlicBoom
28/11/21
Zawgyi
နန္းမဟာေဖြး ေရွ႕ကေနဦးေဆာင္ၿပီးပဲ လမ္းၫႊန္ျပကာ ကုေဋကို အိမ္၌တည္းဖို႔ရန္ေခၚလာခဲ့လိုက္သည္။
ေျပာလို႔ မရဘူး အိမ္မွာေနတဲ့အခ်ိန္အေတာအတြင္း ကုေဋ သူ႕ကို ျပန္ႀကိဳက္ခ်င္ႀကိဳက္လာမွာေပါ့။
ဒီေကာင္ေလးကို လက္လႊတ္ရေအာင္ သူက႐ူးေနတာမွမဟုတ္တာ။
သူသာ ကုေဋနဲ႕ လက္ထက္ၿပီးရင္ ဘဝကခ်က္ခ်င္းအဆင္ေျပသြားမွာ။
အခုလက္ရွိ ဘဝကို မတင္းတိမ္နိုင္တာ မဟုတ္ေပမယ့္ ဒီထက္ပိုျမင့္တဲ့ဘဝကို ေဖြး ေရာက္ဖူးခ်င္တယ္။
" ေရာက္ၿပီ ကုေဋ ဟိုထိပ္က ေဖြးတို႔ အိမ္ပဲ "
မနန္းမဟာေဖြး လက္ညိုးထိုးျပတဲ့ အိမ္ကို Leo ၾကည့္လိုက္ေတာ့ ႏွစ္ထပ္အိမ္ကိုမွသပ္သပ္ရပ္ရပ္ေလးျဖစ္သည္။
" လာေလ ကုေဋ စားဖို႔လည္း ေဖြး ထမင္း ျပင္ခိုင္းထားၿပီးၿပီ ေျခလက္ေဆးၿပီး ခဏနားၿပီးရင္ထမင္းစားေနာ္"
" အင္း "
ထမင္းျပင္ခိုင္းထားၿပီးၿပီဆိုေတာ့ အိမ္မွာ အလုပ္သမားေတြ ရွိတာလား ။
လူမ်ားရင္ Leo က စိတ္ရႈပ္တတ္တာမို႔ ထင္တဲ့အတိုင္း မနန္းမဟာေဖြးတို႔အိမ္မွာ အလုပ္သမားမ်ားမ်ားစားစား ရွိရင္ သူ Hotel မွာပဲ တည္းဖို႔ ဆုံးျဖတ္လိုက္တယ္။
ၿခံထဲဝင္ဝင္ခ်င္းမွာပင္ သင္းပ်ပ် စံပယ္ပန္းရနံ႕အားရႉရွိုက္မိသြားသည္။
" ကုေဋ အတြက္ အေပၚထပ္မွာ အခန္းျပင္ေပးထားတယ္ "
မနန္းမဟာေဖြး အေပၚထပ္တက္ကိုတက္သြားေသာေၾကာင့္ Leo Luggage ဆြဲၿပီး အေနာက္ကလိုက္သြားလိုက္သည္။
" အခု အိမ္မွာ မနန္းမဟာေဖြး တစ္ေယာက္ထဲလား "
အျပင္အဆင္အားလုံးက အိမ္တစ္အိမ္၏ရွိသင့္ရွိထိုက္ေသာဂုဏ္က်က္သေရကိုေဖာ္ေဆာင္ထားတာမို႔ Leo သေဘာက်မိတယ္ ။
" မဟုတ္ဘူး ကုေဋ တစ္ေယာက္ ရွိေသးတယ္ သူကအခုခ်ိန္ အခန္းေအာင္းေနၿပီ ကုေဋ ေရအရင္ခ်ိဴးလိုက္မလား ခရီးေဝးကလာတာဆိုေတာ့ ႏြမ္းလာမွာပဲေလ "
" ေရအရင္ ခ်ိဳးမယ္ မနန္းမဟာေဖြး "
Luggage ထဲက Bathrobe နဲ႕ တဘက္ ကိုယူကာ ေအာက္ထပ္ကိုျပန္ဆင္းလာလိုက္တယ္။
" နာမည္က အရမ္းရွည္ေနေတာ့ ေဖြး လို႔ပဲ ေခၚပါေနာ္ ကုေဋ ဒါဆို ေရခ်ိဳးဖို႔ ေဖြး လိုက္ျပမယ္ လာေလ "
ေရခ်ိဳးတဲ့ေနရာက အိမ္ကလို Bathroom မဟုတ္ဘဲ အျပင္မွာခ်ိဳးရတာျဖစ္၍ Leo ငူငူႀကီးရပ္ေနမိသည္။
သူက ေရခ်ိဳးၿပီဆိုရင္ ကိုယ္တုံးလုံးနဲ႕ပဲ ခ်ိဳးတတ္တာဆိုေတာ့ ဒီေနရာက Leo အတြက္ နည္းနည္း အဆင္မေျပျဖစ္ေနတာ။
" က်စ္ "
စိတ္အလိုမက်စြာ ျဖစ္ေနတုန္း သူ႕အေနာက္ကေန အသံၾကည္ၾကည္ေလးအား ၾကားလိုက္ရသည္။
" ဒီလိုေနရာမ်ိဳးမွာ ေရမခ်ိဳးတတ္ဘူး မဟုတ္လားဟင္ "
ပုခုံးေပၚကို လက္ျဖဴျဖဴေလး တစ္ဖက္ တင္ကာေမးလာသူေၾကာင့္ Leo လွည့္ၾကည့္လိုက္မိတယ္။
ရာသီဥတုက အရမ္းမေအးေပမယ့္ ဒီလူဝတ္ထားပုံက အကၤ်ီ လည္း လက္ရွည္ကိုမွ နီနီရဲရဲ လက္ေခ်ာင္းထိပ္ဖ်ားေတြ အထိဖုံးထားၿပီး ခ်ည္သားေဘာင္းဘီအရွည္ကလည္း ေျခမ်က္စိဖုံးသည္အထိဝတ္ထားတာ။
မ်က္ႏွာမွာ Mask ကလည္း တပ္ထားေသးတာ။
Leo ထက္နည္းနည္း ပုေသာေၾကာင့္ သူကေမာ့ၾကည့္ကာ Leo ကို ၿပဳံးျပလာသည္။
Mask တပ္ထားေပမယ့္ ၿပဳံးျပေနတာကို ထိုလူ႕မ်က္လုံးေတြကတစ္ဆင့္ Leo ခံစားလို႔ရတယ္ ။
" အင့္ !!! ဘာလုပ္တာလဲ "
ဘုန္းေဘဘီ ခင္မ်ာ ႐ုတ္တရက္ႀကီး ဆြဲေပြ႕ခံလိုက္ရတာေၾကာင့္ ျပဳတ္မက်ေအာင္သာ သူ႕ကို ေပြ႕ထားတဲ့ ေကာင္ေလးရဲ႕လည္ပင္းကိုအျမန္သိုင္းဖက္လိုက္ရတယ္။
" ခင္ဗ်ား ေျပာသလိုပဲ ဒီလိုေနရာမ်ိဳးမွာ က်ဳပ္ေရမခ်ိဴးတတ္ဘူး "
ႀကီးက်ယ္တာ မဟုတ္ေပမယ့္ Leo လို Bathroom ထဲ ခ်ိဳးေနၾကလူက ဒီလို ဟင္းလင္းျပင္မွာ ခ်ိဳးဖို႔အတြက္ အဆင္မေျပျဖစ္တာေပါ့။
ၿခံထဲမွာရွိတာ ဆိုေပမယ့္ လည္း မခ်ိဴးတတ္ဘူး။
" ဟုတ္ၿပီ အခု ကိုယ့္ကို အရင္ဆုံး ေအာက္ခ်ေပး မင္း ေရခ်ိဳးဖို႔ ကိုယ္ျပင္ေပးမယ္ "
သူ႕လက္ထဲက ႐ုန္းကာ ေျပာလာသူေၾကာင့္ Leo ေအာက္ျပန္ခ်ေပးလိုက္ရသည္။
" ခင္ဗ်ား ဘာလို႔ က်ဴပ္အေပၚတက္လာတာလဲ "
ေပြ႕လိုက္တာက သူဆိုေပမယ့္ ဒီလူ ကေရာ ဘာလို႔ အလိုက္သင့္ ၿငိမ္ခံေနတာလဲ။
" မင္းပဲ ကိုယ့္ကို ေပြ႕လိုက္တာေလ ကိုယ္ေတာင္ ဘာမွ မေျပာရေသးဘူး ေလ မဟုတ္ဘူးလား "
" ထားပါ က်ဳပ္ ေရခ်ိဳး ခ်င္တယ္ ဘယ္လိုလုပ္ေပးမွာလဲ ျမန္ျမန္လုပ္ေပး ဒါနဲ႕ နာမည္က "
" လိုက္ခဲ့ "
စတိုခန္းထဲက ေရပိုက္ႀကိဳး အရွည္ကို ယူကာ ဘုန္းေဘဘီ အျပင္ ေရခ်ိဳးကန္က ေရပိုက္နဲ႕ အခန္းထဲက ေရပိုက္နဲ႕ ႏွစ္ခုကို သြယ္လိုက္သည္။
" ဝင္လာေလ နည္းနည္းေတာ့ ေမွာင္တယ္ မေန႕ညက မီးသီးကြၽမ္းသြားလို႔ ကိုယ္မလဲတတ္လို႔ မလဲဘဲထားထားတာ မီးအိမ္ေတာ့ ရွိတယ္ "
ေဘဘီ မီးအိမ္မွိန္မွိန္ေလးကို ထြန္းလိုက္ကာ ေရခ်ိဳးဖို႔အတြက္ သစ္သားစည္ပိုင္းႀကီးအနားတင္ေပးလိုက္တယ္။
" ရၿပီေနာ္ ခ်ိဳးလို႔ အရမ္းႀကီး မေအးေပမယ့္ ျမန္ျမန္ခ်ိဳး ကိုယ္ အျပင္မွာ ရွိတယ္ "
အနားကေန ခပ္ကုပ္ကုပ္ေလး ထြက္သြားတာမို႔ Leo မ်က္စိတစ္ဆုံးေငးၾကည့္ေနမိသည္။
သြက္သြက္လက္လက္ပုံစံမ်ိဳးလည္း မဟုတ္ဘူး အရမ္းႀကီးေအးတိေအးစက္ပုံစံမ်ိဳးလည္း မဟုတ္ဘူး။
ေရကမေအးဘူးဆိုေပမယ့္လည္း Leo ခပ္ျမန္ျမန္သာခ်ိဳးၿပီး Bathrobe ဝတ္ကာ အျပင္ဘက္ျပန္ထြက္လာလိုက္တယ္။
" ၿပီးၿပီလား ၿပီးရင္ ခုနက မင္းလာတဲ့ေနရာကို ျပန္သြားလိုက္ လမ္းမွတ္မိတယ္မလား "
အခုမွ ေသခ်ာၾကည့္မိတယ္ ဒီလူေနတဲ့အခန္းေလးက က်ဥ္းက်ဥ္းေလး ျဖစ္ၿပီး ခုနက Leo တည္းတဲ့အိမ္နဲ႕ လားလားမွ် မသက္ဆိုင္။
" ခင္ဗ်ား ကေရာ ခင္ဗ်ား တစ္ေယာက္ထဲ ေနတာလား "
လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ကာ ေမးလာသူေၾကာင့္ ဘုန္းေဘဘီ ခါထုတ္ျပစ္လိုက္သည္။
" တစ္ဆိတ္ မင္းနဲ႕ ကိုယ္ အဲ့ေလာက္ထိ မသိဘူး သိစရာလည္း မလိုဘူးလို႔ ကိုယ္ထင္တယ္ "
ဘုန္းေဘဘီ အျမန္ေျပာကာ တံခါးအျပင္ တြန္းထုတ္လိုက္သည္။
ေန႕ခင္းဘက္ တစ္ေရးအိပ္ဖို႔ ရွိေသး ျပတင္းေပါက္ ကေန ျမင္လိုက္ရတဲ့ ျမင္ကြင္းကသိပ္ေတာ့အဆင္မေျပ။
ေကာင္ေလးတစ္ေယာက္ Bathrobe ႀကီးကိုင္ကာ ေတာင့္ေတာင့္ႀကီးရပ္ေနသည့္ျမင္ကြင္းပင္။
ပုံစံအရ ေဖြးေျပာထားသည့္ေကာင္ေလးျဖစ္ေလာက္မည္ဟု ေဘဘီ သိလိုက္ၿပီ ။
ေက်ာကုန္း မွာလည္း Lion ပုံစံ Tatoo ႀကီး ထိုးထားၿပီး Coffee ေရာင္ ဆံပင္ရွည္ေတြေၾကာင့္ ဂ်စ္ကန္ကန္ လူဆိုးေလးျဖစ္မည္ဟု ဘုန္းေဘဘီသတ္မွတ္လိုက္သည္။
ေနာက္ဆုံး ကိုယ္က မေနတတ္စြာ ဘဲ အိမ္ထဲမွာ ခ်ိဳးဖို႔ ျပင္ေပးရေတာ့တာေပါ့။
" စားတတ္ပါ့မလားေတာ့ ကုေဋ အိမ္ကတစ္ေယာက္လက္ရာကေတာ့ရွယ္ေကာင္းတာေနာ္ "
ဟင္းပြဲေတြကိုၾကည့္ေတာ့ စုံလင္ေနၿပီး မနန္းမဟာေဖြးေျပာသလိုပင္စားခ်င္စရာပင္။
" ကြၽန္ေတာ္က ထမင္းမရွိဘဲ ဘာနဲ႕ သြားစားရမလဲ မနန္းမဟာေဖြး"
" ဟုတ္သားပဲ ကုေဋ ထမင္းပန္းကန္ေပ်ာက္ေနတယ္ "
ဘုန္းေဘဘီကေတာ့ ဧည့္သည္ေရွ႕မွာ ငါ့ကို အရွက္ခြဲျပန္ၿပီ။
" ခဏခဏ ေဖြး သြားေမးလိုက္မယ္ ကုေဋ "
တေအာင့္ေလာက္ၾကာၿပီးမွ မနန္းမဟာေဖြး ျပန္ေရာက္လာသည္။
" ေဖြး သြားဝယ္ခိုင္းထားတယ္ ကုေဋ မီးပ်က္ေနလို႔ တဲ့ ခဏေလာက္ ေစာင့္ပါဦးေနာ္ "
" အင္း "
စကားမ်ားမ်ားစားစား မေျပာခ်င္တာမို႔ Leo ၿငိမ္သာေနလိုက္တယ္။
" ရၿပီ သူလာၿပီ "
ေဖြး ဘုန္းေဘဘီ ဝယ္လာေပးတဲ့ ထမင္းထုပ္ကို ေႂကြပန္းကန္ျပားထဲထည့္ကာ ကုေဋေရွ႕မွာစားဖို႔ခ်ေပးလိုက္သည္။
" သူေရာ တစ္ခါထဲ မစားဘူးလား မနန္းမဟာေဖြး "
ေခါင္းခါျပလာသျဖင့္ Leo ထမင္းပန္းကန္ကို ဇြန္းနဲ႕သာေမႊေနမိတယ္။
" သူက အေရျပားေရာဂါ ျဖစ္ေနတာေလ "
" ဘယ္လို အေရျပားေရာဂါ ဟုတ္လား "
" အင္း ေဖြးတို႔ အေမရဲ႕ ေနာက္အိမ္ေထာင္ က ပါလာတဲ့သား သူစိမ္းေတြနဲ႕ သိပ္မေရာဘူး သူ႕အေဖက ခရီး ထြက္သြားတာ ေဖြးေမေမကေတာ့ရန္ကုန္သြားတယ္မနက္ျဖန္ျပန္လာလိမ့္မယ္ "
ဒါဆို အနာေတြ ျဖစ္ေနတာ ျမင္မွာဆိုးလို႔အကၤ်ီ လက္ရွည္ ေဘာင္းဘီ အရွည္ေတြ ခင္ဗ်ား ဝတ္ထားတာလား။
"ထမင္းမစားဘူး ဆိုတာလည္း သူအနာေတြ ျမင္ရင္ေမေမကထမင္းစားမဝင္ဘူးေလ ေဖြးေရာပဲ ေဆးခန္းျပရမယ့္ပိုက္ဆံေတြလည္းသုံးပစ္လိုက္တယ္ထင္တယ္ ေမးလိုက္တိုင္း မရွိေတာ့ဘူးဆိုတာခ်ည္းပဲ"
သူဘာသူေျပာေနတာမို႔ Leo ထမင္းတစ္လုပ္ ပါးစပ္ထဲထည့္လိုက္သည္။
" ဘြဲ႕ေလး တစ္ခုေတာ့ ရထားလို႔ ေတာ္ေသးတယ္ ကုေဋရယ္ "
" အင္း ဘြဲ႕ရၿပီးသားလား "
ကိုယ့္ထက္ႀကီးမယ္မွန္း သိေသာ္လည္း တစ္ႏွစ္ႏွစ္ႏွစ္ေလာက္သာထင္ထားတာမို႔ Leo အံ့ၾသေနရသည္။
" ဟုတ္တယ္ အဂၤလိပ္စာနဲ႕ ေက်ာင္းၿပီးထားတာေလ "
" ဪ "
" ဘုန္းေဘဘီ က "
ခလြမ္း !!!! ခြၽမ္း !!!! ခြၽမ္း !!!!
ထမင္းပန္းကန္ျပားေရာ ဇြန္းနဲ႕ခက္ရင္းပါ လြတ္က်သြားျခင္းပင္။
" အဆင္ေျပလား ကုေဋ ရလား ဘာျဖစ္လို႔လဲ ဟင္ "
ဘုန္းေဘဘီ ဘုန္းေဘဘီ လို႔ ေျပာလိုက္တာမလား။
Leo နားၾကားမွားတာ မဟုတ္ေလာက္ပါဘူး ။
" ခုနက စကား ဆက္ေျပာ မနန္းမဟာေဖြး "
" အမ္ "
" ဆက္ေျပာလို႔ ခုနက ဘုန္းေဘဘီလို႔ ေျပာလိုက္တာမလား "
ေဒါသ သံပါလာကာ လက္ကအေၾကာေတြပါေထာင္လာတဲ့ ကုေဋေၾကာင့္ ေဖြး စကားကို ဆက္ေျပာလိုက္ရသည္။
" ဘုန္းေဘဘီက "
ဝုန္း
ထိုင္ခုံကေန ခ်က္ခ်င္း ေျပးထြက္သြားသူေၾကာင့္ ေဖြးမွာ အေၾကာင္သားေလးျဖစ္သြားရသည္။
ဒုန္း ဒုန္း ဒုန္း
" တံခါးဖြင့္စမ္း ဘုန္းေဘဘီ "
ဒုန္း
" က်ဴပ္ေျပာေနတယ္ေလ ဘုန္းေဘဘီ "
ဒုန္း
ကုတင္ေပၚမွာ ပုံထားတဲ့ သစ္သားေခ်ာင္းနဲ႕ Leo တံခါးလက္ကိုင္ဘုကို ရိုက္ပစ္လိုက္တယ္။
" ဘုန္းေဘဘီ ခင္ဗ်ား ေသခ်င္ေနၿပီလား "
ကြၽီ
" မင္း ကိုယ့္ကို ဘာေျပာမလို႔လဲ အင့္ "
ဝုန္း
တံခါးကို ေျခေထာက္နဲ႕ ေဆာင့္ကန္ကာ Leo ပိတ္ျပစ္လိုက္ၿပီး ေရွ႕ကလူအား ပုခုံးေပၚ ေဇာက္ထိုးထမ္းတင္လိုက္သည္။
" လႊတ္စမ္း "
ဘုတ္
ကုတင္ေပၚကို ပစ္ခ်ခံလိုက္ရတာမ်ား ေက်ာကုန္းပါေအာင့္သြားရသည္။
ၿဗီးးးးးး ၿဗီးးးးးးး
" မင္း "
လည္ပင္းနားက အကၤ်ီ အစကို ၿဖဲၾကည့္ေတာ့ ပုခုံးျဖဴျဖဴေလး ႏွစ္ဖက္က ရွင္းသန့္ဝင္းမြတ္ေနတယ္။
" အခုထိ ရွိေသးတယ္ "
" အင့္ "
သူ႕ကို အူေၾကာင္ေၾကာင္ေလး ၾကည့္ေနျပန္
သည့္ ဘုန္းေဘဘီေၾကာင့္ Leo ရင္ခြင္ထဲက ခႏၶာကိုယ္ေလးကိုအသာျဖစ္ညွစ္ပစ္လိုက္သည္္။
သူ သုံးနစ္သား တုန္းက ဘုန္းေဘဘီရဲ႕ ညာဘက္ပုခုံး ကို သြားေသးေသးေလးေတြနစ္ဝင္တဲ့အထိကိုက္ခဲ့တာေလ။
သြားရာအကြင္းလိုက္ျဖစ္ေနသည့္အမာ႐ြတ္ကေလးက ညာဘက္ပုခုံး မွာထင္းထင္းေလးရွိေနသည္။
" ခင္ဗ်ား က်ဳပ္လက္ထဲမွာ ေသၿပီသာမွတ္ ဘုန္းေဘဘီ "
သူ႕ကို စိုက္ၾကည့္ကာ ေအးစက္စက္ စကားေတြကို တစ္ခြန္းခ်င္းေျပာလာသည္မို႔ ေဘဘီ ကိုယ္ေလးက်ဳံ႕သြားရသည္။
ခက္ခက္ခဲခဲ ကို ရွာစရာမလိုဘဲ ခင္ဗ်ား ကို က်ဳပ္ေတြ႕ၿပီ။
________________________________________________________________
GarlicBoom
28/11/21