( သူကြီးသမက် ) Completed
By GeGeDiDimimi
1.6M 125K 2.5K
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More
ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra
[ 31 ]
30.1K 2.6K 14
By GeGeDiDimimi
[ သူကြီးသမက် ]
နွေဦးကိုရောက်ခဲ့ပြီဖြစ်သလို ဥဩငှက်လေးရဲ့ပျောက်ဆုံးနေတဲ့သူရဲ့ချစ်သူနာမည်ကိုအော်ခေါ်ရှာဖွေနေသံလေးကလဲသစ်ပင်ထိပ်ဖျားဆီကနေကြားနေရသည်။ ငယ်ငယ်တုန်းကဖေဖေပြောပြနေကြဖြစ်တဲ့ညအိပ်ရာဝင်ပုံပြင်လေးသည်။
နွေဦးရာသီတစ်ခုတွင်ရွာတစ်ရွာမှာလင်မယားနှစ်ယောက်ရှိပြီး ယောကျ်ားလုပ်သူဥသြဆိုသူကတောထဲထင်းခွေသွားရင်းနဲ့အဘွားအိုတစ်ဦးနဲ့တွေ့ရာ ‌ထိုအဘွားအိုးရဲ့အကူညီတောင်းမှု့ကြောင့် ရေကန်ထဲကျနေတဲ့ထိုအဘွားအိုရဲ့တောင်‌ဝှေးကိုဆယ်ယူပေးလိုက်ကာ ထိုအဘွားအိုးကစုန်းမကြီးတစ်ယောက်ဖြစ်နေတာကိုသိသွားတဲ့ဥဩတစ်ယောက်ထိုစုန်းမကြီးဆီကအစွမ်းရှိတဲ့တောင်းဝှေးကိုပြန်လုယူဖျက်စီးပြစ်ရန်လုပ်ပေမဲ့ ဥဩအကြံမအောင်မြင်ခဲ့ စုန်းမကြီးမှအလွန်စိတ်ဆိုးကာဥဩကို ငါးတစ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်သည်။
မိန်းမလုပ်ကညနေစောင်းထိယောကျ်ားကအိမ်ပြန်မလာတာကြောင့် တော့ထဲလိုက်သွားရှာချိန် ရေကန်နံဘေးသစ်ပင်အောက်မှာထိုင်နေတဲ့အဘွားအိုကိုတွေ့ရစဉ် သူ့ရဲ့ယောကျ်ားကိုဥဩကိုတွေ့မိသေးလားသွားမေးချိန် ထိုအဘွားအိုကဥဩကိုငါးအဖြစ်ပြောင်းလိုက်သောစုန်းမကြီးဖြစ်နေပြီး ဥဩရဲ့မိန်းမကိုလဲ နင့်ယောကျ်ားကိုတွေ့ချင်ရင် လိုက်ရှာလိုဆိုကာမိန်းမလုပ်သူကိုငှက်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။
ထိုအချိန်မှစ၍ နွေဦးရာသီရောက်တိုင်းငှက်ဖြစ်သွားတဲ့ဥဩရဲ့မိန်းမကအမြင်ဆုံးသစ်ပင်ထိပ်ဖျားမှာရပ်နား၍ သူရဲ့ယောင်္ကျားဥဩရဲ့နာမည်ကိုအော်ခေါ်ရှာဖွေလေရှိပြီး သူ့ရဲ့ယောကျ်ားဥဩမှာသစ်ပင်အောက်ဘက်ကရေကန်ထဲတွင်ငါးဖြစ်နေတာကိုမသိရှိရှာပေ သနားစဖွယ်ကောင်းလွန်းသောထိုပုံပြင်လေးသည်။ ရိုးငယ်စဉ်ဘဝမှာအိပ်ရာဝင်ချိန်တိုင်းဖေဖေဦးရိုးဟန်ပြောပြနေကြပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။
ရိုးမေမေကရိုးကိုမွေးပြီးဆုံးသွားခဲ့တာကြောင့်ဖေဖေကသာရိုးရဲ့မေမေလိုတစ်မျိုးဖေဖေလိုတစ်ဖန်ဒီအရွယ်ထိပြုစုပျိုးထောင်‌ပေးခဲ့တာဖြစ်သည်။
သစ်ပင်ထပ်ကဥဩငှက်ကလေးရဲ့ ဥဩ , ဥဩ , ဆိုတဲ့ အသံစာစာကလေးကြောင့် ဖေဖေငယ်ငယ်ကပြောပြနေကြပုံပြင်ကိုပြန်တွေးရင်းနောက်ဆုံးသူ့လက်ထဲကပိုက်မှာငြိနေတဲ့ငါးတွေကိုဖြုတ်ရင်းအတွေးထဲတွင် ဒီငါးတွေထဲမှာကိုဥဩများပါနေမလားဆိုတဲ့ပေါက်ကရအတွေးကိုတွေးလိုက်မိချိန်။
" ရိုး "
" အားးးး !"
ရုတ်တရက်ကြီးအနောက်ကအရိပ်အသံကြောင့် ရိုးမှလန့်သွားကာလက်ထဲကဖြုတ်နေတဲ့ငါးတစ်ကောင်အင်းထဲပြန်ပြုတ်ကျလွတ်သွားသည်။
"  ရိုး အရိပ်လေ ဘာလိုအဲလောက်လန့်သွားရတာလဲ "
" အရိပ် , ဘာလာလုပ်ပြန်တာလဲ,ကွာ !"
ငါးလရှိနေပြီဖြစ်တဲ့ ဗိုက်လုံးလုံးလေးနဲ့အင်းစပ်မှာတွေ့လိုက်ရတဲ့ အရိပ်ကိုရိုးအလိုမကျဆူငေါက်လိုက်၍ လက်ထဲကဖြုတ်လက်စပိုက်ကိုအင်းစပ်မှာချထားခဲ့လိုက်ပြီး အရိပ်အနားလျှောက်လာခဲ့လိုက်သည်။
အင်းထဲဆင်းထားတဲ့ ရိုးကတစ်ကိုယ်လုံးရေစိုနေကာအပေါ်ပိုင်းအင်္ကျီမပါအညိုရောင်သန်းနေတဲ့ရင်အုပ်ကျယ်ကျယ်ကြီးမှာအရိပ်ရဲ့ညတိုင်းခိုဝင်အိပ်စက်ရာနန်းတော်တစ်ခုဖြစ်သည်။ အောက်ပိုင်းကိုတော့ပုဆိုးခါးတောင်းကြိုက်ထားပြီးကျစ်လစ်တဲ့ပေါင်းတံတွေနဲ့တောင်တင်းနေတဲ့ခြေတစ်လုံးတို့ကအမွေးမျှင်တွေနဲ့လွန်းစွာကြည့်လို့ကောင်းနေ၏ မေးရိုးကားကားတွေနဲ့မျက်ခုံးမွေးထူထူကြီးတွေကတော့ ဟိုဘက်ဒီဘက်ထိလုအောင်ကြုတ်ထားသည်။ လွန်စွာယောကျ်ားပီသလှတဲ့အရိပ်ယောက်ျားရိုးတစ်ယောက်ကအရိပ်အင်းထဲလိုက်လာပြီး ဆူငေါက်တော့မယ်ဆိုတာကိုအရိပ်သိလိုက်သည်။
" ရိုး , အရိပ်က ထမင်းလာပို့တာပါ "
" ကိုယ့်ပြန်လာစားမယ်လို့ မနက်ကပြောခဲ့တယ်လေ !"
ရိုးလေသံကအနည်းငယ်တင်းမာနေသည်။
" ရိုး , အရိပ်လည်းပျင်းတယ်လေ ဘာအလုပ်မှလဲမလုပ်ရဘူး တစ်နေ့တစ်နေ့အိပ်လိုက် စားလိုက် အဖေအိမ်သွားလည်လိုက် အိမ်ထဲဝင်လိုက် လမ်းပတ်လျှောက်လိုက်နဲ့ဘယ်မှမသွားရဘူး !!!"
" အရိပ်ဗိုက်နဲ့တစ်ခုခုဖြစ်မှာစိုးလို့လေကွာ ချော်လဲလို့ တစ်ခုခုဖြစ်သွားရင် ကိုယ့်ရင်ကျိုးရမှာ !"
" ရိုး ! စိုးရိမ်နေတာ အရိပ်ကိုလား ဗိုက်ကိုလား !!!"
" အရိပ်ကလေးလေးရယ် , ဘယ်လိုတောင်မေးလိုက်တာလဲ သေချာပေါက်နှစ်ခုလုံးပေါ့ အရိပ်လေးရော ကိုယ့်ကလေးလေးကိုရော ဒီယောကျ်ားကစိတ်ပူတာ တဲထဲသွားရအောင် လာဒီမှာနေပူတယ် "
အင်းထဲလိုက်လာလို့ ပထမစိတ်ဆိုးမိတဲ့ ရိုးတစ်ယောက် အခုတော့သူ့ကိုပြန်စိတ်ဆိုးသွားတဲ့ အရိပ်ကိုချော့၍ အင်းစပ်ကနေဗိုက်ပူလေးကိုဂရုတစိုက်တွဲခေါ်ကာအင်းတဲလေးရှိရာဆီလာခဲ့လိုက်သည်။
" ဟေ့ , ကောင်တွေ ထမင်းစားနားကြရအောင် !"
အင်းတဲထဲကနေအောင်သက်တို့မောင်လှတို့အဖွဲ့ကိုလှမ်းအော်လိုက်ပြီး ထမင်းချိုင့်တွေဖြုတ်၍ပုဆိုးခင်းပေါ်မှာချပြီး ထမင်းပွဲပြင်နေတဲ့အရိပ်နံဘေးဝင်ထိုင်လိုက်ကာ။
" ဘာလို , ကိုယ့်စကားကိုနားမထောင်တတ်ရတာလဲ ဟင့် ရိုးရဲ့ဗိုက်ပူလေး "
" ရွှတ် "
ရိုးတစ်ယောက်အရိပ်ကိုဆူငေါက်သလို ပြောရင်းပါးလေးကိုနမ်းလိုက်သည်။
" ရိုး , ဘယ်လိုဖြစ်နေတာလဲ သူများတွေမြင်ရင်မကောင်းဘူး "
" ကိုယ့်မောပြီးထမင်းစားဖို့တောင်အားမရှိတော့လို့ , အားသွင်းတာလေ,ကွာ "
" ရွှတ် "
" လူညစ်ကောင်ကြီး , အခုအားပြည့်သွားပြီလား "
" အင်း , နည်းနည်းလိုသေးတယ် အရိပ်ဘက်က ကိုယ်ကိုပြန်နမ်းမှ အားအပြည့်ဖြစ်မှာ "
ရိုးတစ်ယောက်အရှက်မရှိမျက်လုံးကြီးစုံမှိတ်ထား၍ နှုတ်ခမ်းကြီးစူထားကာအရိပ်ဆီကအနမ်းကိုတောင်းခံနေသည်။
" ဟွန်း , ကလေးဆိုးကြီး "
" ပြွတ် "
အရိပ်ကရိုးအလိုကျစူထွက်နေတဲ့နှုတ်ခမ်းကိုနမ်းလိုက်၍။
" ရပြီ ဟိုမှာသူများတွေလာနေပြီ "
" ဟုတ်ကဲ့ပါ,ဗျ "
ခဏအကြာအောင်သက်တို့အဖွဲ့ရဲခြေသံကို ကြားလိုက်ရသည်။
" နွေလရိပ် ဘာဟင်းတွေချက်ခဲ့တာလဲ "
အောင်သက်တို့အဖွဲ့လည်းထမင်းဝိုင်းမှာဝင်ထိုင်လိုက်ကြ၍ ထမင်းချိုင့်ကိုယ်စီဖွင့်ရင်းအရိပ်ကိုမေးလာကြသည်။
" ‌ပန်းမုန်လာပွင့်ကြော် , ငရုတ်သီးထောင်း , ဘဲဥချက် "
အောင်သက်အမေးကို ဖြေနေတုန်း ရိုးကဝင်မေးလာသည်။
" အရိပ်ချက်ခဲ့တာလား !"
" မဟုတ်ပါဘူး , ဦးလေးချက်တာ အရိပ်ကချိုင့်ထဲခူးပဲထည့်လာတာ "
" အိုးဟိုးးး, ငရိုးတို့များ ပိုကိုပိုတယ် "
အောင်သက်ကငရုတ်သီးထောင်းကိုလှမ်းနှိုက်စားရင်းနဲ့ရိုးမာန်ဂုဏ်ကိုအမြင်ကပ်စွာပြောလိုက်တော့။
" မပိုဘူးဟေ့ လိုတောင်လိုသေးတယ် , မင်းလိုစောက်ဖြစ်မရှိတဲ့ လူပျိုကောင်ကဘာသိမှာလဲ "
" ထမင်းစားပြီးရင် စားဖို့ဒီမှာလိမ္မော်သီးတွေဝယ်ခဲ့သေးတယ် "
အရိပ်ကအိမ်မှာစားလာခဲ့ပြီမလို့ ရိုးတို့ထမင်းစားနေချိန်ဘေးမှာထိုင်ကာ ရိုးအတွက်လိ‌မ္မော်သီးအခွံနွှာပေးထားလိုက်၏ တခြားသူတွေတော့ သူတို့ဘာသာနွှာစားကြပါစေ အရိပ်ကတော့ ရိုးအတွက်ပဲနွှာထားပေးလိုက်သည်။
" အရိပ်တစ်ယောက်တည်းပြန်လွှတ်ရမှာ စိတ်မချဘူး ကိုယ်တို့ညနေစောစောသိမ်းမှာတဲထဲမှာပဲ အိပ်ရင်းနဲ့ညနေထိစောင့်နေလိုက် "
" ဟုတ် , အဲလိုလေးကြားချင်တာ "
ရိုးကအရိပ်ကိုလိမ္မော်သီးတစ်စိပ်ခွံကျွေးလာရင်းနဲ့ပြောလာတော့ အရိပ်ဝမ်းသာအားရပြန်ပြောလိုက်သည်။
ဟုတ်တယ်လေတစ်နေ့တစ်နေ့အိမ်မှာပဲနေရတာပျင်းလာပြီ အခုလိုလေးကိုယ်ယောကျ်ားအလုပ်ထဲလိုက်နှောက်ယှက်ရတာပျော်စရာကောင်းသည်။
" ကိုယ်အင်းထဲပြန်ဆင်းတော့မယ်နော် "
" အင်း "
ရိုးတို့အင်းထဲပြန်ဆင်းသွားမှအရိပ်လည်းတဲထဲက ရိုးရဲ့ပုဆိုးအပိုကိုယူကာကွင်းလိုက်ဖြန့်ခင်းလိုက်ပြီး လှဲအိပ်လိုက်သည်။
နွေရာသီရဲ့နေအပူရှိန်ကြောင့် တစ်ချက်တစ်ချက်တိုက်ခိုက်လာတဲ့ လေပြည်ညှင်းလေးကအရသာရှိလွန်းလှ၏ အရိပ်လည်းတဲလေးထဲမှာနေ့လယ်ခင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိသည်။
" ဟေ့ကောင် ငရိုး "
" ဘာလဲ "
အောင်သက်ကတစ်ဘက်ကနေငါးပိုက်ကိုဆွဲရင်ခေါ်လာတော့ ရိုးပြန်ထူးလိုက်သည်။
ရိုးတစ်ယောက်ရင်ဘက်ထိရောက်နေတဲ့ရေထဲငါးပိုက်ကိုဖြန့်တန်းနေတာကိုအောင်သက်ကြည့်လိုက်၍။
" ညနေ ငါ့တို့သောက်ဖို့ ဘယ်လိုလုပ်မှာလဲ "
အောင်သက်အမေးကိုရိုးနားလည်၏ ခါတိုင်းကရိုးတို့အဖွဲအလုပ်သိမ်းရင်အိမ်အရင်မပြန်ပဲအရက်ဆိုင်ဝင်တစ်ခွက်နှစ်ခွက်လောက်သောက်ပြီးမှအိမ်ကို အခုမှအလုပ်ကပြန်လာကြတဲ့အတိုင်းပြန်တာဖြစ်သည်။
" ညနေအိမ်အရင်ပြန်ပြီးမှ အရိပ်အလစ်ခဏထွက်လာခဲ့မယ် "
" ငါ့လာခေါ်ရမလား "
" မင်းလာခေါ်ရင် အရိပ်သိသွားမှာပေါ့ လာမခေါ်နဲ့ ငါ့ဘာသာရွာထဲခဏဆိုပြီးထွက်ခဲ့မယ် "
" အေးပါကွာ , မင်းပိုင်ရင်ပြီးတာပဲ "
အောင်သက်နဲ့ငရိုးတို့စကားကြားတော့ မောင်လှ ရယ်လိုက်၍။
" ဟား, ဟား , အဲဒါပြောတာပေါ့ကွာ , ငါ့ဆို ငါ့မိန်းမမိအေးကိုပိုင်ပြီသားပဲ ငါ့မိန်းမများ ငါ့အရက်သောက်မယ်ဆိုအမြည်းကအစလုပ်ပေးတယ် ဘာမှကြောက်စရာမလိုဘူး "
" ဟား, ဟား "
မောင်လှစကားအဆုံးအားလုံးကရိုးကိုဝိုင်းဟားလာကြသည်။
" ငါ့ကအရိပ်ကိုကြောက်တ မဟုတ်ဘူး, ကွ ,  ချစ်တာ ချစ်တာ ချစ်လို့အလိုလိုက်အလျော့ပေးထားတာ "
ရိုးတစ်ယောက်မောင်လှစကားကိုတုံ့ပြန်ရင်းလက်ထဲကပိုက်ကိုချလိုက်၍ အင်းစပ်ကိုကူးခပ်လိုက်တော့ မောင်လှကမေးလာသည်။
" အဲဒါကဘယ်ပြေးမလိုလဲ "
" အရိပ်တဲထဲမှာတစ်ယောက်တည်းစိတ်မချလို ့သွားကြည်မလို့ "
" မင်းနာမည်ငရိုးမဟုတ်ပဲ ငပိုလို့ပြောင်းလိုက်တော့ "
မောင်လှအပြောကြောင့် အောင်သက်ကပါဝင်ပြောလာသည်။
" သွားပြောမနေနဲ့အဲအကောင်က ဒီနေ့အလုပ်ကောင်းကောင်းလုပ်မှာမဟုတ်တော့ဘူး ဆယ်မိနစ်တစ်ခါတဲထဲပြေးနေမှာ "
ရိုးကိုခနဲ့နေကြတဲ့သူငယ်ချင်းအုပ်စုကိုလျစ်လျူရှုထားခဲ့လိုက်၍ တဲထဲမှာအိပ်ပျော်နေသူလေးဆီ အပြေးလာကာ ရိုးရဲ့တဲတန်းပေါ်ကရှပ်အင်္ကျီအပါးလေးကိုအရိပ်ရင်ဘက်ပေါ်အသာခြုံထားပေးခဲ့လိုက်၍ အိပ်နေတဲ့အရိပ်မနိုးအောင်နဖူးလေးကိုအနမ်းတစ်ပွင့်ခပ်ဖွဖွခြွေလိုက်ပြီးနောက် ....အင်းထဲပြန်ပြေးဆင်းလာခဲ့လိုက်သည်။
ထိုညနေပိုင်းတစ်ချိန်လုံးသည်။ ရိုးတစ်ယောက် အင်းထဲဆင်းလိုက် အရိပ်ဆီပြေးလိုက်နဲ့ညနေအလုပ်မသိမ်းမချင်းဝတ်ရည်စုပျားတွေလိုကူးသန်းနေခဲ့၏။
< 28 , 11 , 2021 >
[ သူကြီးသမက် ]
နွေဦးရာသီတစ်ခုတွင်ရွာတစ်ရွာမှာလင်မယားနှစ်ယောက်ရှိပြီး ယောက်ျားလုပ်သူဥသြဆိုသူကတောထဲထင်းခွေသွားရင်းနဲ့အဘွားအိုတစ်ဦးနဲ့တွေ့ရာ ‌ထိုအဘွားအိုးရဲ့အကူညီတောင်းမှု့ကြောင့် ရေကန်ထဲကျနေတဲ့ထိုအဘွားအိုရဲ့တောင်‌ဝှေးကိုဆယ်ယူပေးလိုက်ကာ ထိုအဘွားအိုးကစုန်းမကြီးတစ်ယောက်ဖြစ်နေတာကိုသိသွားတဲ့ဥဩတစ်ယောက်ထိုစုန်းမကြီးဆီကအစွမ်းရှိတဲ့တောင်းဝှေးကိုပြန်လုယူဖျက်စီးပြစ်ရန်လုပ်ပေမဲ့ ဥဩအကြံမအောင်မြင်ခဲ့ စုန်းမကြီးမှအလွန်စိတ်ဆိုးကာဥဩကို ငါးတစ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်သည်။
မိန်းမလုပ်ကညနေစောင်းထိယောက်ျားကအိမ်ပြန်မလာတာကြောင့် တော့ထဲလိုက်သွားရှာချိန် ရေကန်နံဘေးသစ်ပင်အောက်မှာထိုင်နေတဲ့အဘွားအိုကိုတွေ့ရစဉ် သူ့ရဲ့ယောက်ျားကိုဥဩကိုတွေ့မိသေးလားသွားမေးချိန် ထိုအဘွားအိုကဥဩကိုငါးအဖြစ်ပြောင်းလိုက်သောစုန်းမကြီးဖြစ်နေပြီး ဥဩရဲ့မိန်းမကိုလဲ နင့်ယောက်ျားကိုတွေ့ချင်ရင် လိုက်ရှာလိုဆိုကာမိန်းမလုပ်သူကိုငှက်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။
" ရိုး "
" အားးးး !"
" အရိပ်ကလေးလေးရယ် , ဘယ်လိုတောင်မေးလိုက်တာလဲ သေချာပေါက်နှစ်ခုလုံးပေါ့ အရိပ်လေးရော ကိုယ့်ကလေးလေးကိုရော ဒီယောက်ျားကစိတ်ပူတာ တဲထဲသွားရအောင် လာဒီမှာနေပူတယ် "
" ရွှတ် "
" ရွှတ် "
" ဟွန်း , ကလေးဆိုးကြီး "
" ပြွတ် "
" ဟုတ်ကဲ့ပါ,ဗျ "
" အရိပ်ချက်ခဲ့တာလား !"
ဟုတ်တယ်လေတစ်နေ့တစ်နေ့အိမ်မှာပဲနေရတာပျင်းလာပြီ အခုလိုလေးကိုယ်ယောက်ျားအလုပ်ထဲလိုက်နှောက်ယှက်ရတာပျော်စရာကောင်းသည်။
" အင်း "
" ဟေ့ကောင် ငရိုး "
" ဘာလဲ "
" ငါ့လာခေါ်ရမလား "
" ဟား, ဟား "
" အဲဒါကဘယ်ပြေးမလိုလဲ "
< 28 , 11 , 2021 >
Continue Reading
You'll Also Like
25.4K 875 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...
93.3K 3.9K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
1.6M 125K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
158K 22.7K 59
21+ අසබ්‍ය වචන හා mature content අඩංගුය.