ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... Еще

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.8.16

2.7K 465 111
devil61002

" အားေယာင္ .. ရွီမန္ဂိတ္က ဖြင့္ေတာ့မွာ .. အဆင့္တက္ဖို႔ကို အာရံုစိုက္သင့္တယ္ .." ယုလန္က ေမ်ွာ္စင္ထဲ ဝင္ရန္ျပင္ေနသည္ မို႔ေယာင္အား လွမ္းတားလိုက္သည္ ။ သို႔ေသာ္ မို႔ေယာင္က စိတ္ပူသၫ့္ အမႈအရာမျပေပ ။ သူက အလြန္တက္ႂကြေနခဲ့ေသးသည္ ။ ယုလန္၏ မ်က္ႏွာေလးအား အသာထိေတြ့ရင္း " ကိုယ့္မွာ အစီအစဉ္ရိွပါတယ္ .. မပူနဲ႔ေနာ္ .."

သူက ေမ်ွာ္စင္အား ပိုင္ဆိုင္ဖို႔ အလြန္နီးကပ္ေနၿပီ ဟု ခံစားရသည္ ။ အျခားသူမ်ား သတိမထားမိေစရန္ ခ်န္းယန္အား မနာလိုသၫ့္ ပံုစံအသံုးခ်ထားတာ ျဖစ္သည္ ။ ေမ်ွာ္စင္အား ရၿပီးသည္နဲ႔ သူ႔တြင္ အဆင့္တက္ဖို႔ နည္းလမ္းရိွသည္ ။ အရာအားလံုးက သူ႔အစီအစဉ္အတိုင္းသာ ျဖစ္ေနသလို ခံစားရသျဖင့္ အလြန္စိတ္ေက်နပ္ေနခဲ့သည္ ။

ခ်န္းယန္၏ စကားကို နားေထာင္ၿပီးေနာက္ ေလာ့ကြၽင္း မို႔ေယာင္အား ဂရုမစိုက္ေတာ့ေပ။ သို႔ေသာ္ သူ႔အား အလြန္ အေနွာက္အယွက္ေပးေနသၫ့္ အရာတစ္ခုေတာ့ ရိွစၿမဲပင္ ။ သူ႔ေျခလွမ္းမ်ားက ခ်န္းယန္၏ အေဆာင္ဘက္သို႔ ေရာက္ခါရိွေသး သူ မၾကည္ျဖဴသၫ့္ လူတစ္ေယာက္အား ျမင္လိုက္ရေလသည္ ။ ခ်န္းယင္!! ထိုအေကာင္သည္ ဒီရက္ပိုင္းတြင္ ေဆးမိထားသၫ့္အလား ခ်န္းယန္ထံသို႔ ေရာက္ေရာက္လာခဲ့သည္ ။ ၿပီးေနာက္ မလိုအပ္သၫ့္ ကိစၥမ်ားအား ျပဳလုပ္ေပးတတ္‌ေသးသည္ ။ ဥပမာ - မင္ေသြးေပးတာတို႔ .. အဝတ္ေလ်ွာ္ဖို႔ ယူသြားတာတို႔ .. ခ်ယ္ရီပြင့္ေတြ လွဲက်င္းေပးတာတို႔ ။

ထိုကိစၥမ်ားသည္ က်င့္ႀကံသူမ်ားအတြက္ လက္တစ္ခ်က္ေဝ႔ွယမ္းလ်ွင္ ၿပီးေျမာက္သြားႏိုင္သၫ့္ အရာမ်ားပင္ ။ သို႔တိုင္ ခ်န္းယင္က ျပဳလုပ္ေပးေနသည္အား မရပ္တန႔္ေပ ။ ေလာ့ကြၽင္းက မီးရိႈးပစ္ခ်င္စိတ္အား ထိန္းခ်ဳပ္ထားရသည္မွာ သူ႔အတြင္းအဂၤါမ်ား ေလာင္ကြၽမ္းေတာ့ မလိုပင္ ။ သူက ခ်န္းယင္သည္ က်င့္ႀကံမႈ အေထာက္အပံ့ပစၥည္းမ်ား ရခ်င္၍ ျပဳလုပ္ေနျခင္း မဟုတ္ေၾကာင္း သိေနေပသည္ ။

ခ်န္းယင္သည္ ေရႏြေးၾကမ္းထၫ့္ေပးေနရာမွ ေလာ့ကြၽင္းေရာက္လာသည္ကို ေတြ့လိုက္ရ၍ သူ႔အမႈအရာကလဲ မည္းေမွာင္သြားသည္ ။ ခ်န္းယန္သည္ သူ႔အား ေလကဲ့သို႔ ဆက္ဆံေနသၫ့္တိုင္ သူက တခ်ိန္ခ်ိန္ အသိအမွတ္ျပဳခံရလိမ့္မည္ဟု ယံုၾကည္ေလသည္ ။ သို႔ေသာ္ ေလာ့ကြၽင္းအား ၾကၫ့္မိခ်ိန္ ထိုယံုၾကည္မႈက ေပ်ာက္ဆံုးသြားရသည္ ။ ဒီလူရိွေနသေရြ့ေတာ့ သူက ခ်န္းယန္နဲ႔ အကြာအေဝးတစ္ခုတြင္ အၿမဲရိွေနမည္သာ ။

ခ်န္းယန္က ခ်န္းယင္ ထၫ့္ေပးသၫ့္ ေရႏြေးခြက္အား မထိေသာ္လည္း သူ႔အား ေမာင္းထုတ္ျခင္း မျပဳေပ ။ အေၾကာင္းအရင္းမွာ ခ်န္းယင္အား သူ႔အနားတြင္ ေတြ့ခ်ိန္တြင္ ေလာ့ကြၽင္း  လုပ္မၫ့္ အျပဳအမႈေၾကာင့္ဆိုလ်ွင္ မွန္ေပလိမ့္မည္ ။

ေတြးထားသၫ့္ အတိုင္းပင္ ေလာ့ကြၽင္းသည္ အနားသို႔ ေရာက္လာကာ စားပြဲေပၚတြင္ ေပါ့ပါးစြာ ထိုင္လိုက္ၿပီး ခ်န္းယန္၏ ႏူတ္ခမ္းမ်ားအား နမ္းရိႈက္လိုက္သည္ ။ သူက ခ်န္းယန္၏ နား အနားသို႔ အသာကပ္ရင္း " ရွီရႈံးက .. ကြၽန္ေတာ္ ဘယ္မွ မသြားဘဲ.. ရွီရႈံး အနားမွာဘဲေနေအာင္ လုပ္တတ္တာဘဲ .."

ခ်န္းယန္က ျဖဴစင္ အျပစ္ကင္းစင္သၫ့္ ပံုစံေလးျဖင့္ ေခါင္းအသာငဲ့ေစာင္းလ်က္ " ဟင္ .. ကိုယ္လုပ္မိလို႔လား .. "

" ဟူးး ဒီရက္ပိုင္း .. ရွီမန္ဂိတ္အျပင္ ဂိုဏ္းက ေနာက္ထပ္ တပၫ့္ လက္ခံေတာ့မွာ‌ဆိုေတာ့ .. ကြၽန္ေတာ္ အလုပ္ရႈပ္ေနတာ .. " ေလာ့ကြၽင္းက ေမွးေထာက္လိုက္ၿပီး ခ်န္းယန္၏ နဖူးအား လက္ညိုးျဖင့္ ေထာက္လိုက္ကာ " ခမ်ား .. ခမ်ား ဘဲ ‌ေကာင္းတယ္ .. ဘာမွ မလုပ္ရဘူး .." သူက လက္ညိုးအား အသာတြန္းရင္ " တျခားတစ္ေယာက္နဲ့ .. အီစီကလီရိုက္ဖို႔ အခ်ိန္ေတာင္ ရိွေသးတယ္.. "

" မေကာင္းတဲ့ အစ္ကိုႀကီး !! "

ခဏအၾကာတြင္ ပါးျပင္အိအိအား လက္ညိုးျဖင့္ အသာထိုးေနသၫ့္ ေလာ့ကြၽင္း၏ လက္မ်ားက ရွတ္ခ်ည္း ရပ္တန႔္သြားခဲ့သည္ ။ " အိုင္းရား!.. ေသၿပီ.. ေမ့ေနလိုက္တာ .. ဆရာက သူ႔ရဲ့ ေဆးအိုး ၾကၫ့္ခိုင္းထားခဲ့တာ ... ခမ်ားကိုတစ္ခ်က္ဘဲ ၾကၫ့္မယ္ဆိုၿပီး ဒီဘက္ထြက္လာတာ .. ေသၿပီ.. ေသၿပီ .. ေသၿပီ.. လူအိုႀကီးေတာ့ သတ္ေတာ့မွာဘဲ .."

ေလာ့ကြၽင္းက ဝုန္းခနဲ ထရပ္လိုက္ကာ အလြန္ျမန္သၫ့္ အရိွန္ႏႈန္းျဖင့္ ျပန္ေျပးေတာ့သည္ ။ ျမန္ဆန္လြန္း၍ ေျပာခဲ့သၫ့္ စကားက ပံုရိပ္၏ အေနာက္တြင္ က်န္ရစ္ခဲ့ေလသည္ ။ " အဲ့ဒါ‌ ခမ်ားေၾကာင့္ .. ကြၽန္ေတာ့္ ေနာက္ကြယ္မွာ တစ္ခုခုလုပ္ရဲ လုပ္ၾကၫ့္ေနာ္ .. အကုန္မီးရိႈ႔ပစ္မွာ .."

ေလာ့ကြၽင္း၏ ပံုရိပ္ေပ်ာက္သြားသည္နဲ႔ ခ်န္းယန္၏ မ်က္ႏွာေပၚက အၿပံဳးက ေပ်ာက္သြားခဲ့သည္ ။ သူက အခန္းသို႔ ျပန္ရန္ လွၫ့္လိုက္ၿပီး ဝတ္ရံုစအား ေဝ႔ွယမ္းကာ ခ်န္းယင္ အား " မင္းရဲ့ ကိုယ္ပိုင္အေဆာင္ကို ျပန္ေတာ့ .. "

ခ်န္းယင္သည္ တစ္စံုတစ္ခုက တြန္းကန္ေနသၫ့္အလား ၿခံျပင္သို႔ ေရာက္သြားခဲ့သည္ ။ ခ်န္းယင္၏ အမႈအရာက ေတာင့္တင္းသြားသည္ ။ သူက ဒီလူထက္ စြမ္းအား မႀကီးမခ်င္း ဒီလူ၏ အာရံုကို ရရိွမၫ့္ ပံု မေပၚေၾကာင္း သိလိုက္ရကာ လက္ကို တင္းတင္းဆုပ္လ်က္ ၿခံဝင္းအား ေက်ာခိုင္းကာ ထြက္သြားေတာ့သည္ ။

/ ညစ္ေထးေနသၫ့္ စြမ္းအင္မ်ား ေတြ့ရိွပါသည္.. ဖယ္ရွားပါမည္လား /

/ မသန႔္စင္သၫ့္ စြမ္းအင္မ်ား တိုးပြားလာေနပါၿပီ.. ဖယ္ရွားပါမည္လား /

/ သခင္ .. ဒီတိုင္းေနရင္ နတ္ဆိုးက်င့္ႀကံသူ ျဖစ္သြားလိမ့္မယ္ /

ခ်န္းယန္၏ ခႏၶာကိုယ္မွ ယင္ေအာ္ရာမ်ားသည္ တျဖည္းျဖည္းနက္ေမွာင္လာကာ ခႏၶာကိုယ္တစ္ေလ်ာက္စီးဆင္းေနခဲ့သည္ ။ မႏွစ္ၿမိဳ႔ဖြယ္ အေမွာင္စြမ္းအင္မ်ားသည္ ယင္ေအာ္ရာမ်ား၏ အေထာက္အပံ့ျဖင့္ ႀကီးထြားလာကာ ထူးျခားသၫ့္ စြမ္းအင္တမ်ိဳးအျဖစ္ ေျပာင္းလဲေနခဲ့သည္ ။ မႏွစ္ၿမိဳ႔ဖြယ္ အေငြ့အသက္မ်ားမရိွဘဲ ေအးစက္သၫ့္အေငြ့အသက္သာ ရိွသၫ့္ အေမွာင္စြမ္းအင္ အျဖစ္သို႔ ကူးေျပာင္းေနခဲ့သည္ ။

/ ဒီတိုင္းဆို အသက္အႏၲရယ္ရိွႏိုင္.../ ေရွာင္ထ်န္းက သိပ္သည္းလာသၫ့္ မသန႔္စင္ေသာ ယင္စြမ္းအားမ်ားကို ၾကၫ့္ရင္း ဆက္တိုပ္ သတိေပးေနသည္ ။

" ႏိုး.. ႏိုး.. ႏိုး.. ငါက ငါ့အသက္အႏၲရယ္ရိွမဲ့ ကိစၥကို လုပ္မယ္ထင္လား .." ခ်န္းယန္က သက္ေတာင့္သက္သာ ၿပံဳးလိုက္ကာ ေျပာသည္ ။

/ ေသခ်ာေပါက္ မလုပ္ဘူးေပါ့ /

"  စိတ္ကူးလို႔ ရသမ်ွ cheat ေတြ အကုန္ ေပးလို႔ရတာမို႔ က်င့္ႀကံျခင္းေလာကက တကယ္တမ္း အႏၲရယ္မ်ားတယ္.. ပါရမီရိွတဲ့လူ ႀကိဳးစားတဲ့လူ ခက္ထန္ၾကမ္းတမ္းတဲ့လူ အကုန္လံုးကို သတ္ဖို႔က လြယ္တယ္.. ကံေကာင္းတဲ့ သူတစ္ေယာက္ကို သတ္ဖို႔ အခက္ဆံုးျဖစ္တယ္ .. အဲ့ကံေကာင္းတဲ့သူက ဇာတ္လိုက္ျဖစ္ေနရင္ အဆိုးဆံုးဘဲ .. " ခ်န္းယန္က ေမးေထာက္လ်က္ လက္ေခ်ာင္းတို႔က စားပြဲခံုအား ညင္သာစြာ ေခါက္ေနခဲ့သည္ ။ သူ႔ ႏူတ္ခမ္းပါးမ်ားက ၿပံဳးေယာင္သန္းလာကာ

" နတ္ဆိုးက်င့္ႀကံသူ .. နာမည္မဆိုးဘူး .. "

***

ရွီမန္ဂိတ္ဖြင့္ဖို႔ ႏွစ္ရက္အလိုတြင္ျဖစ္သည္။ မို႔ေယာင္သည္ သူ႔အေရ႔ွက အပ်က္အစီးပံုအား ၾကၫ့္ရင္း အိမ္မက္မက္ေနသလို ခံစားရသည္ ။ တစစီက်ိဳးပဲ့ေနသၫ့္ အစီအရင္အလံမ်ားအား ေကာက္ကိုင္လိုက္ၿပီး သူက ငိုခ်င္ေသာ္လည္း ေအာင့္ထားရသၫ့္ ပံုျဖစ္သြားခဲ့၏ ။ ခ်က္ခ်င္း ထိုင္လိုက္ကာ တရားထိုင္လိုက္ၿပီး ေဘးနားရိွ စြမ္းအင္မ်ားကို အာရံုခံလိုက္သည္ ။

ခနအၾကာတြင္ မို႔ေယာင္၏ အမႈအရာက ဆိုးရြားသထက္ ဆိုးရြားလာသည္ ။ သူစုပ္ယူေနၾက အေမွာင္စြမ္းအင္ နဲနဲေလးပင္ မေတြ့ရေတာ့ေပ ။ " ဘယ္သူလဲ!! ဘယ္သူလုပ္တာလဲ!! ဘယ္သူက ငါ့ေနရာကို ဖ်က္ဆီးရဲတာလဲ!!!  ငါမေတြ့ေစနဲ႔ ေတြ့လို႔ကေတာ့ ငရဲဆယ့္ရွစ္ထပ္ထိ ပို႔ေပးလိုက္မယ္ "

မို႔ေယာင္က အေမွာင္စြမ္းအင္မ်ား ပ်ံ့ႏွံ႔ကာ ပ်က္စီးသြားသည္ဟုသာ မွတ္ယူထားသည္ ။ သူေတာင္ အနည္းငယ္သာ စုပ္ယူသန႔္စင္ႏိုင္ရာ အျခားတစ္ေယာက္က အကုန္လံုး သန႔္စင္လိုက္နိုင္သည္ဆိုတာကို မယံုၾကည္ေပ ။

( A/N : ရွန္းရွစာစဉ္ေတြထဲမွာဆို ငရဲ ဆယ့္ရွစ္ထပ္လို႔ဘဲ ဖတ္ဖူးတာမို႔ .. ဆယ့္ရွစ္ထပ္ဘဲ ေရးလိုက္တာ .. တာအိုဝါဒနဲ႔ ဆိုင္မယ္ထင္တယ္.. * မီလဲ မေသခ်ာ -_- * )

______________

အတင္းခူးဆြတ္ခံရတဲ့ ဖရဲသီးက မခ်ိဳၿမိန္သလို 😔

အတင္းေတာင္းလို့ရတဲ့ comment ေတြက သာသာ့ကို ..
.
.
.
ေပ်ာ္ေစပါတယ္.. မ်ားမ်ားေပးၾကပါ .. 😌😗❤️

ေျဖာင္း!! * နရင္း တစ္ခ်က္ ပိတ္အုပ္ *

ခ်န္းယန္ : အေရးထဲ ရုပ္ၾကမ္းႀကီးနဲ႔ ..ဒရမ္မာ လာခင္းေနတယ္..

ေလာ့ကြၽင္း : အဟုတ္မွတ္လို႔ နားေထာင္ေနတာ .. အခုေတာ့ မီးရိႈ႔ၿပီ .. နားညီးတယ္ . ..

DeDe * ေဖ်ာ္ရည္မဟုတ္ပါ * 🥴 : ဒီအေခ်ာေလးကိုဘဲ အႏိုင္က်င့္ေနၾကတယ္ ....

* ေနာင္တခ်ိန္ Yang Ge နဲ႔ ရုပ္ရွင္ရိုက္မို႔ သရုပ္ေဆာင္ေလ့က်င့္ေနပါတယ္ဆို.. အစ္ကိုတို႔က စိတ္ဓာတ္ဘဲ * 🙂

_________________
Unicode

" အားယောင် .. ရှီမန်ဂိတ်က ဖွင့်တော့မှာ .. အဆင့်တက်ဖို့ကို အာရုံစိုက်သင့်တယ် .." ယုလန်က မျှော်စင်ထဲ ဝင်ရန်ပြင်နေသည် မို့ယောင်အား လှမ်းတားလိုက်သည် ။ သို့သော် မို့ယောင်က စိတ်ပူသည့် အမှုအရာမပြပေ ။ သူက အလွန်တက်ကြွနေခဲ့သေးသည် ။ ယုလန်၏ မျက်နှာလေးအား အသာထိတွေ့ရင်း " ကိုယ့်မှာ အစီအစဉ်ရှိပါတယ် .. မပူနဲ့နော် .."

သူက မျှော်စင်အား ပိုင်ဆိုင်ဖို့ အလွန်နီးကပ်နေပြီ ဟု ခံစားရသည် ။ အခြားသူများ သတိမထားမိစေရန် ချန်းယန်အား မနာလိုသည့် ပုံစံအသုံးချထားတာ ဖြစ်သည် ။ မျှော်စင်အား ရပြီးသည်နဲ့ သူ့တွင် အဆင့်တက်ဖို့ နည်းလမ်းရှိသည် ။ အရာအားလုံးက သူ့အစီအစဉ်အတိုင်းသာ ဖြစ်နေသလို ခံစားရသဖြင့် အလွန်စိတ်ကျေနပ်နေခဲ့သည် ။

ချန်းယန်၏ စကားကို နားထောင်ပြီးနောက် လော့ကျွင်း မို့ယောင်အား ဂရုမစိုက်တော့ပေ။ သို့သော် သူ့အား အလွန် အနှောက်အယှက်ပေးနေသည့် အရာတစ်ခုတော့ ရှိစမြဲပင် ။ သူ့ခြေလှမ်းများက ချန်းယန်၏ အဆောင်ဘက်သို့ ရောက်ခါရှိသေး သူ မကြည်ဖြူသည့် လူတစ်ယောက်အား မြင်လိုက်ရလေသည် ။ ချန်းယင်!! ထိုအကောင်သည် ဒီရက်ပိုင်းတွင် ဆေးမိထားသည့်အလား ချန်းယန်ထံသို့ ရောက်ရောက်လာခဲ့သည် ။ ပြီးနောက် မလိုအပ်သည့် ကိစ္စများအား ပြုလုပ်ပေးတတ်‌သေးသည် ။ ဥပမာ - မင်သွေးပေးတာတို့ .. အဝတ်လျှော်ဖို့ ယူသွားတာတို့ .. ချယ်ရီပွင့်တွေ လှဲကျင်းပေးတာတို့ ။

ထိုကိစ္စများသည် ကျင့်ကြံသူများအတွက် လက်တစ်ချက်ဝှေ့ယမ်းလျှင် ပြီးမြောက်သွားနိုင်သည့် အရာများပင် ။ သို့တိုင် ချန်းယင်က ပြုလုပ်ပေးနေသည်အား မရပ်တန့်ပေ ။ လော့ကျွင်းက မီးရှိုးပစ်ချင်စိတ်အား ထိန်းချုပ်ထားရသည်မှာ သူ့အတွင်းအင်္ဂါများ လောင်ကျွမ်းတော့ မလိုပင် ။ သူက ချန်းယင်သည် ကျင့်ကြံမှု အထောက်အပံ့ပစ္စည်းများ ရချင်၍ ပြုလုပ်နေခြင်း မဟုတ်ကြောင်း သိနေပေသည် ။

ချန်းယင်သည် ရေနွေးကြမ်းထည့်ပေးနေရာမှ လော့ကျွင်းရောက်လာသည်ကို တွေ့လိုက်ရ၍ သူ့အမှုအရာကလဲ မည်းမှောင်သွားသည် ။ ချန်းယန်သည် သူ့အား လေကဲ့သို့ ဆက်ဆံနေသည့်တိုင် သူက တချိန်ချိန် အသိအမှတ်ပြုခံရလိမ့်မည်ဟု ယုံကြည်လေသည် ။ သို့သော် လော့ကျွင်းအား ကြည့်မိချိန် ထိုယုံကြည်မှုက ပျောက်ဆုံးသွားရသည် ။ ဒီလူရှိနေသရွေ့တော့ သူက ချန်းယန်နဲ့ အကွာအဝေးတစ်ခုတွင် အမြဲရှိနေမည်သာ ။

ချန်းယန်က ချန်းယင် ထည့်ပေးသည့် ရေနွေးခွက်အား မထိသော်လည်း သူ့အား မောင်းထုတ်ခြင်း မပြုပေ ။ အကြောင်းအရင်းမှာ ချန်းယင်အား သူ့အနားတွင် တွေ့ချိန်တွင် လော့ကျွင်း  လုပ်မည့် အပြုအမှုကြောင့်ဆိုလျှင် မှန်ပေလိမ့်မည် ။

တွေးထားသည့် အတိုင်းပင် လော့ကျွင်းသည် အနားသို့ ရောက်လာကာ စားပွဲပေါ်တွင် ပေါ့ပါးစွာ ထိုင်လိုက်ပြီး ချန်းယန်၏ နူတ်ခမ်းများအား နမ်းရှိုက်လိုက်သည် ။ သူက ချန်းယန်၏ နား အနားသို့ အသာကပ်ရင်း " ရှီရှုံးက .. ကျွန်တော် ဘယ်မှ မသွားဘဲ.. ရှီရှုံး အနားမှာဘဲနေအောင် လုပ်တတ်တာဘဲ .."

ချန်းယန်က ဖြူစင် အပြစ်ကင်းစင်သည့် ပုံစံလေးဖြင့် ခေါင်းအသာငဲ့စောင်းလျက် " ဟင် .. ကိုယ်လုပ်မိလို့လား .. "

" ဟူးး ဒီရက်ပိုင်း .. ရှီမန်ဂိတ်အပြင် ဂိုဏ်းက နောက်ထပ် တပည့် လက်ခံတော့မှာ‌ဆိုတော့ .. ကျွန်တော် အလုပ်ရှုပ်နေတာ .. " လော့ကျွင်းက မှေးထောက်လိုက်ပြီး ချန်းယန်၏ နဖူးအား လက်ညိုးဖြင့် ထောက်လိုက်ကာ " ခများ .. ခများ ဘဲ ‌ကောင်းတယ် .. ဘာမှ မလုပ်ရဘူး .." သူက လက်ညိုးအား အသာတွန်းရင် " တခြားတစ်ယောက်နဲ့ .. အီစီကလီရိုက်ဖို့ အချိန်တောင် ရှိသေးတယ်.. "

" မကောင်းတဲ့ အစ်ကိုကြီး !! "

ခဏအကြာတွင် ပါးပြင်အိအိအား လက်ညိုးဖြင့် အသာထိုးနေသည့် လော့ကျွင်း၏ လက်များက ရှတ်ချည်း ရပ်တန့်သွားခဲ့သည် ။ " အိုင်းရား!.. သေပြီ.. မေ့နေလိုက်တာ .. ဆရာက သူ့ရဲ့ ဆေးအိုး ကြည့်ခိုင်းထားခဲ့တာ ... ခများကိုတစ်ချက်ဘဲ ကြည့်မယ်ဆိုပြီး ဒီဘက်ထွက်လာတာ .. သေပြီ.. သေပြီ .. သေပြီ.. လူအိုကြီးတော့ သတ်တော့မှာဘဲ .."

လော့ကျွင်းက ဝုန်းခနဲ ထရပ်လိုက်ကာ အလွန်မြန်သည့် အရှိန်နှုန်းဖြင့် ပြန်ပြေးတော့သည် ။ မြန်ဆန်လွန်း၍ ပြောခဲ့သည့် စကားက ပုံရိပ်၏ အနောက်တွင် ကျန်ရစ်ခဲ့လေသည် ။ " အဲ့ဒါ‌ ခများကြောင့် .. ကျွန်တော့် နောက်ကွယ်မှာ တစ်ခုခုလုပ်ရဲ လုပ်ကြည့်နော် .. အကုန်မီးရှို့ပစ်မှာ .."

လော့ကျွင်း၏ ပုံရိပ်ပျောက်သွားသည်နဲ့ ချန်းယန်၏ မျက်နှာပေါ်က အပြုံးက ပျောက်သွားခဲ့သည် ။ သူက အခန်းသို့ ပြန်ရန် လှည့်လိုက်ပြီး ဝတ်ရုံစအား ဝှေ့ယမ်းကာ ချန်းယင် အား " မင်းရဲ့ ကိုယ်ပိုင်အဆောင်ကို ပြန်တော့ .. "

ချန်းယင်သည် တစ်စုံတစ်ခုက တွန်းကန်နေသည့်အလား ခြံပြင်သို့ ရောက်သွားခဲ့သည် ။ ချန်းယင်၏ အမှုအရာက တောင့်တင်းသွားသည် ။ သူက ဒီလူထက် စွမ်းအား မကြီးမချင်း ဒီလူ၏ အာရုံကို ရရှိမည့် ပုံ မပေါ်ကြောင်း သိလိုက်ရကာ လက်ကို တင်းတင်းဆုပ်လျက် ခြံဝင်းအား ကျောခိုင်းကာ ထွက်သွားတော့သည် ။

/ ညစ်ထေးနေသည့် စွမ်းအင်များ တွေ့ရှိပါသည်.. ဖယ်ရှားပါမည်လား /

/ မသန့်စင်သည့် စွမ်းအင်များ တိုးပွားလာနေပါပြီ.. ဖယ်ရှားပါမည်လား /

/ သခင် .. ဒီတိုင်းနေရင် နတ်ဆိုးကျင့်ကြံသူ ဖြစ်သွားလိမ့်မယ် /

ချန်းယန်၏ ခန္ဓာကိုယ်မှ ယင်အော်ရာများသည် တဖြည်းဖြည်းနက်မှောင်လာကာ ခန္ဓာကိုယ်တစ်လျောက်စီးဆင်းနေခဲ့သည် ။ မနှစ်မြို့ဖွယ် အမှောင်စွမ်းအင်များသည် ယင်အော်ရာများ၏ အထောက်အပံ့ဖြင့် ကြီးထွားလာကာ ထူးခြားသည့် စွမ်းအင်တမျိုးအဖြစ် ပြောင်းလဲနေခဲ့သည် ။ မနှစ်မြို့ဖွယ် အငွေ့အသက်များမရှိဘဲ အေးစက်သည့်အငွေ့အသက်သာ ရှိသည့် အမှောင်စွမ်းအင် အဖြစ်သို့ ကူးပြောင်းနေခဲ့သည် ။

/ ဒီတိုင်းဆို အသက်အန္တရယ်ရှိနိုင်.../ ရှောင်ထျန်းက သိပ်သည်းလာသည့် မသန့်စင်သော ယင်စွမ်းအားများကို ကြည့်ရင်း ဆက်တိုပ် သတိပေးနေသည် ။

" နိုး.. နိုး.. နိုး.. ငါက ငါ့အသက်အန္တရယ်ရှိမဲ့ ကိစ္စကို လုပ်မယ်ထင်လား .." ချန်းယန်က သက်တောင့်သက်သာ ပြုံးလိုက်ကာ ပြောသည် ။

/ သေချာပေါက် မလုပ်ဘူးပေါ့ /

"  စိတ်ကူးလို့ ရသမျှ cheat တွေ အကုန် ပေးလို့ရတာမို့ ကျင့်ကြံခြင်းလောကက တကယ်တမ်း အန္တရယ်များတယ်.. ပါရမီရှိတဲ့လူ ကြိုးစားတဲ့လူ ခက်ထန်ကြမ်းတမ်းတဲ့လူ အကုန်လုံးကို သတ်ဖို့က လွယ်တယ်.. ကံကောင်းတဲ့ သူတစ်ယောက်ကို သတ်ဖို့ အခက်ဆုံးဖြစ်တယ် .. အဲ့ကံကောင်းတဲ့သူက ဇာတ်လိုက်ဖြစ်နေရင် အဆိုးဆုံးဘဲ .. " ချန်းယန်က မေးထောက်လျက် လက်ချောင်းတို့က စားပွဲခုံအား ညင်သာစွာ ခေါက်နေခဲ့သည် ။ သူ့ နူတ်ခမ်းပါးများက ပြုံးယောင်သန်းလာကာ

" နတ်ဆိုးကျင့်ကြံသူ .. နာမည်မဆိုးဘူး .. "

***

ရှီမန်ဂိတ်ဖွင့်ဖို့ နှစ်ရက်အလိုတွင်ဖြစ်သည်။ မို့ယောင်သည် သူ့အရှေ့က အပျက်အစီးပုံအား ကြည့်ရင်း အိမ်မက်မက်နေသလို ခံစားရသည် ။ တစစီကျိုးပဲ့နေသည့် အစီအရင်အလံများအား ကောက်ကိုင်လိုက်ပြီး သူက ငိုချင်သော်လည်း အောင့်ထားရသည့် ပုံဖြစ်သွားခဲ့၏ ။ ချက်ချင်း ထိုင်လိုက်ကာ တရားထိုင်လိုက်ပြီး ဘေးနားရှိ စွမ်းအင်များကို အာရုံခံလိုက်သည် ။

ခနအကြာတွင် မို့ယောင်၏ အမှုအရာက ဆိုးရွားသထက် ဆိုးရွားလာသည် ။ သူစုပ်ယူနေကြ အမှောင်စွမ်းအင် နဲနဲလေးပင် မတွေ့ရတော့ပေ ။ " ဘယ်သူလဲ!! ဘယ်သူလုပ်တာလဲ!! ဘယ်သူက ငါ့နေရာကို ဖျက်ဆီးရဲတာလဲ!!!  ငါမတွေ့စေနဲ့ တွေ့လို့ကတော့ ငရဲဆယ့်ရှစ်ထပ်ထိ ပို့ပေးလိုက်မယ် "

မို့ယောင်က အမှောင်စွမ်းအင်များ ပျံ့နှံ့ကာ ပျက်စီးသွားသည်ဟုသာ မှတ်ယူထားသည် ။ သူတောင် အနည်းငယ်သာ စုပ်ယူသန့်စင်နိုင်ရာ အခြားတစ်ယောက်က အကုန်လုံး သန့်စင်လိုက်နိုင်သည်ဆိုတာကို မယုံကြည်ပေ ။

( A/N : ရှန်းရှစာစဉ်တွေထဲမှာဆို ငရဲ ဆယ့်ရှစ်ထပ်လို့ဘဲ ဖတ်ဖူးတာမို့ .. ဆယ့်ရှစ်ထပ်ဘဲ ရေးလိုက်တာ .. တာအိုဝါဒနဲ့ ဆိုင်မယ်ထင်တယ်.. * မီလဲ မသေချာ -_- * )

______________

အတင်းခူးဆွတ်ခံရတဲ့ ဖရဲသီးက မချိုမြိန်သလို 😔

အတင်းတောင်းလို့ရတဲ့ comment တွေက သာသာ့ကို ..
.
.
.
ပျော်စေပါတယ်.. များများပေးကြပါ .. 😌😗❤️

ဖြောင်း!! * နရင်း တစ်ချက် ပိတ်အုပ် *

ချန်းယန် : အရေးထဲ ရုပ်ကြမ်းကြီးနဲ့ ..ဒရမ်မာ လာခင်းနေတယ်..

လော့ကျွင်း : အဟုတ်မှတ်လို့ နားထောင်နေတာ .. အခုတော့ မီးရှို့ပြီ .. နားညီးတယ် . ..

DeDe * ဖျော်ရည်မဟုတ်ပါ * 🥴 : ဒီအချောလေးကိုဘဲ အနိုင်ကျင့်နေကြတယ် ....

* နောင်တချိန် Yang Ge နဲ့ ရုပ်ရှင်ရိုက်မို့ သရုပ်ဆောင်လေ့ကျင့်နေပါတယ်ဆို.. အစ်ကိုတို့က စိတ်ဓာတ်ဘဲ * 🙂

_________________

Продолжить чтение

Вам также понравится

My Dear Second Husband Celeste

Любовные романы

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
လွမ်းပျက်ပြယ် ReRe

Любовные романы

606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်