"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး( 3 )"
မူလကမ္ဘာရဲ့ဇာတ်ကြောင်းအရတော့
ရီဟွိုင်အပေါ် ရှန်းယွီချန် လူလွှတ်ရိုက်ခိုင်းတာက
သိပ်တော့ မသင့်တော်ဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ရှန်းယွီချန်ရဲ့ စိတ်နေစိတ်ထားနဲ့ ရီဟွိုင်ကို မသတ်ခဲ့တာက သူ့သမီးမျက်နှာကြောင့်ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။
သို့သော်လည်း ရှန်းယွီချန်မမျှော်လင့်ထားတာက
ရီဟွိုင်ဘဝ ပြောင်းလဲလာမယ်ဆိုတာပဲ။
ချန်လီကောက ရှန်းယိုလင်ဘက်က အမြင်ကို
ပဲ သိခဲ့သည်။သို့ပေမယ့် ရီဟွိုင်အရိုက်ခံရပြီးနောက် သူ့အမေက သူ့ကိုစိတ်ပူပြီး ဆေးရုံသို့
အလာလမ်းတွင် ကားတိုက်ခံရပြီး ဆုံးပါးသွား
ခဲ့သည်။
ထို့ကြောင့် ရီဟွိုင်က ရှန်းယွီချန်ဆီက အကြွေး
အားလုံး ပြန်တောင်းခဲ့တာသာဖြစ်သည်။
ရှန်းယိုလင်ဟာ သူမအဖေနဲ့ ရီဟွိုင်ကြားက
သဘောတူမှုကိုမသိဘဲနှင့် သူမအဖေရီဟွိုင်ကို
ဂရုစိုက်ပေးတာ သူမအမှားကြောင့်
ရီဟွိုင်ရဲ့ခြေထောက်ကျိုးသွားသောကြောင့်
ဖြစ်သည်ဟု ယူဆလျက် လိပ်ပြာမလုံစွာ
ရီဟွိုင်အနားသို့ မကပ်ရဲပေ။
သူ့သမီးရဲ့ အမူအရာကို မြင်တော့ ချန်လီကောက မေးလာသည်။
"ငါတို့အိမ်က မင်းသမီးလေးမှာ ဘယ်တုန်းကများ အရေပါးတဲ့မျက်နှာ ရှိသွားတာပါလိမ့်"
[T/N အရေထူတယ်ဆိုရင် မရှက်တာလေနော့
အရေပါးတယ်ဆိုရင် ရှက်တတ်လာတဲ့သဘောပါ😅]
ရှန်းယိုလင်က နှုတ်ခမ်းကိုစူလိုက်ပြီး ဟွန့်
ဟုအသံထွက်လျက်
"အဖေ့ကို မုန်းတယ်"
ချန်လီကောက သူ့သမီးရဲ့ခေါင်းကို ပွတ်ပေးလိုက်ရင်း ပြောလာသည်။
"ပါးနပ်စမ်းပါ၊သမီးတစ်ခုခုကိုလိုချင်ရင်
ရအောင်လိုက်ပေါ့"
systemဆီက သတင်းအချက်အလက်တွေအရ
ရီဟွိုင်ရဲ့ စရုိက်က အကျင့်ကောင်းတယ်လို့
ပြောလို့ရသည်။ ဒုစရိုက်လောကထဲရောက်လာတာက ဘဝပေးအခြေအနေကြောင့်သာ
ဖြစ်သည်။ ချန်လီကောမှာ နောက်ကလေးလည်း
ရှိလာစရာအကြောင်း မရှိတော့ သူပြုခဲ့သမျှအတွက် သူ့သမီးလေးခံစားရမှာကို လက်လွှတ်စပယ် ကြည့်နေနိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့်
အနာဂတ်သူမရှိတော့တဲ့အချိန် သူ့သမီးကို
စိတ်ချနိုင်ဖို့ သူ့သမီးကြိုက်တဲ့ ရီဟွိုင်ကို
သူ့အနားထားပြီး ပျိုးထောင်ပေးမယ်ဟု
ဆုံးဖြတ်လိုက်သည်။
အတွေးလွန်နေတဲ့ သူမအဖေကို ရှန်းယိုလင်က မေးလာခဲ့သည်။
"အဖေ သူသမီးကိုများ မုန်းနေမလားဟင်???"
"သမီးအမှားတစ်ခုလုပ်ပြီးလို့ သေချာပြန်မတောင်းပန်ရင်တော့ သေချာပေါက် အမုန်းခံရမှာပေါ့"
"ဒါဆိုသမီး ဘာလုပ်ရမလဲ"
"အဖေထင်တာတော့ သမီးသူ့ကိုဒီ့ထက်ပိုပြီး
ကောင်းပေးပေါ့"
သူမက သူမအဖေဘာကိုဆိုလိုချင်တာမှန်း
အပြည့်အဝနားမလည်ခဲ့ပေ။
နွေရာသီအားလပ်ရက်ပြီးတော့ ရှန်းယိုလင်နှင့်
ရီဟွိုင်တို့ တတိယနှစ်ကိုရောက်လာခဲ့သည်။
ချန်လီကောက သူတို့နှစ်ယောက်ကို ဘယ်အထက်တန်းကျောင်းတက်ချင်လဲဆိုတာ
မေးခဲ့သည်။
ရီဟွိုင်က မြို့တော်ထဲက အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တဲ့ Aကေျာင်းကို ပြောခဲ့သည်။
သို့ပေမဲ့ အဲဒီကျောင်းရဲ့ စည်းကမ်းချက်တွေက
တင်းကျပ်ပြီး ကျောင်းသားတွေအားလုံး
တစ်ပတ်တစ်ခါသာ အိမ်ပြန်ခွင့်ရှိသည်။
ရှန်းယိုလင်ကလည်း အလွန့်ကိုရည်မှန်းချက်ကြီးသည်။ရီဟွိုင်ပြောသောနေရာသည်သာ သူမတက်မည့်နေရာဖြစ်သည်။
သို့သော် ချန်လီကောက ဘယ်လိုနှလုံးသားမျိုးနှင့် သူ့၏ မျက်ရှုလေးကို စည်းကမ်းတင်းကျပ်သည့် ကျောင်းကိုပို့နိုင်မလဲ???သို့သော်လည်း
သူက သူ့သမီးကို သူသဘောမတူဘူးလို့တော့
မပြောခဲ့ဘူး။ အရာအားလုံးက သူမရဲ့စာမေးပွဲ
ရလဒ်ပေါ်မှာပဲ အဖြေရှိမှာပဲကို...
ဒီနှစ်တွေမှာ ချန်လီကောရဲ့ဘဝဟာ အေးချမ်းတည်ငြိမ်ခဲ့ပြီး ရှန်းမိသားစုမှာ ကြီးမားတဲ့
အလှည့်အပြောင်းတစ်ခုမှ မရှိခဲ့ဘူး။
ရီဟွိုင်နဲ့သူရဲ့ သဘောတူညီထားသည့်နေ့ ရောက်လာတော့ သူက တစ်လမှာ တစ်ရက်
ရီဟွိုင်ကို သွားတွေ့ပြီး ရီဟွိုင်အမြင်ကို
မေးလာခဲ့သည်။
ရီဟွိုင်က သူတက္ကသိုလ်မတက်ဘူးပြောသောအခါ ချန်လီကောက အံ့သြပြီး မေးလာသည်။
"ဘာဖြစ်လို့လဲ???"
"ကျွန်တော် ခင်ဗျားရဲ့အနားမှာ အရင်အလုပ်လုပ်ချင်လို့"
ရီဟွိုင်ရဲ့အဖြေက ပြတ်သားလှသည်။
"ကြည့်ရတာ တက္ကသိုလ်ကလည်း အချိန်ကြာကြာတက်ရဦးမယ်ဆိုတော့လေ"
ချန်လီကောက ရယ်လိုက်ပြီး ပြောလာသည်။
"မင်းငါ့ရဲ့ဘေးမှာ စာသင်တာရော အလုပ်လုပ်တာရော တစ်ချိန်တည်း လုပ်လို့ရပါတယ်ကွာ"
ရီဟွိုင်က စိတ်လှုပ်ရှားသွားသည်။
"အခု ငါလိုချင်တာက ငါ့အတွက် တိုက်ခိုက်နိုင်မယ့် လူသတ်ပေးမယ့်သူကို လိုချင်တာမဟုတ်ပါဘူး၊ငါလိုချင်တာက ခေါင်းကောင်းကောင်းနဲ့
ငါ့လူတွေကို စီမံခန့်ခွဲနိုင်တဲ့သူပဲ"
ရီဟွိုင်က ချန်လီကောရဲ့ စိတ်ကူးကို
သဘောတူလိုက်သည်။
ရှန်းယိုလင်က မတည်ငြိမ်သော်လည်းပဲ သူ့မှာ
သူတက်ချင်တဲ့ နေရာအတွက် ရည်မှန်းချက်လေးတော့ရှိသေးပြန်သည်။ အလယ်တန်းတတိယနှစ်မှာ ကောင်းကောင်း ကြိုးစားခဲ့ပြီး သူမအဆင့်တွေက ရီဟွိုင်နဲ့ မတိမ်းမယိမ်းဖြစ်လာသည်။
ထိုသတင်းကြောင့် ချန်လီကောက သူ့သမီးလေးကို အချစ်ပိုလာရသည်။
တတိယနှစ် စာမေးပဲွဲ ပြီးတော့ ချန်လီကောက
သူ့သမီးနဲ့ရီဟွိုင်ကို ခရီးတစ်ခုလိုက်ပို့ရန် စီစဥ်ခဲ့သည်။သို့သော် မမျှော်လင့်ထားတာက ရီဟွိုင်မိသားစုမှာ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့သည်။ အဲဒါကတော့ သူ့အမေဆုံးပါးသွားခြင်းပင်။သူမရဲ့
သေဆုံးမှုက ကားမတော်တဆမှုကြောင့်ပဲ
ဖြစ်နေပြန်သည်။
ချန်လီကောက သူသင်ယူခဲ့ရသမျှတွေကနေ
လူတွေကို ဘယ်လိုပြောရမလဲ သိလာသည်။
သူက ဖုန်းကိုကောက်ကိုင်လိုက်ပြီး ချက်ချင်းပြန်ဖြေလိုက်သည်။သူက တစ်ဖက်ကလူကိုပြောလိုက်သည်။
"တစ်စိတ်လောက်၊ငါ့မိသားစုမှာ တစ်ခုခုဖြစ်သွားတဲ့အတွက် ငါတို့ကိစ္စတွေကို ဒီနေ့ပဲ အပြတ်ရှင်းရအောင်"
"ကောင်းပြီလေ၊နောက်နေ့မှ ထပ်ပြောကြရအောင်"
တစ်ဘက်လူကလည်း ပညာသားပါပါနဲ့ ပြောလာသည်။
ထို့နောက် ချန်လီကောက ဆေးရုံသို့ သွားခဲ့သည်။
သူအဲဒီကိုရောက်တော့ ရီဟွိုင်က ရေခဲတိုက်ရဲ့
ကြမ်းပြင်မှာ လဲပြီး ငိုနေခဲ့သည်။
သူ့အပြုအမူကြောင့် သူ့ရဲ့ ဖုံးကွယ်ထားတဲ့
ထိရှလွယ်တဲ့ ကလေးဆန်ဆန်အပြုအမူဟာ
ပေါ်လာခဲ့သည်။ သူက ငိုကြွေးရင်း......
"အမေ အမေ သတိထားပါဦး အမေ သားကို
ထကြည့်ပါဦး"
ချန်လီကောက သူ့ဆီလှမ်းလာခဲ့ပြီး သူ့ပုခုံးကို
ပုတ်ပေးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"လိမ္မာလိုက်တဲ့ ကောင်လေး အဆင်ပြေသွားမှာပါ"
ရီဟွိုင်က သူ့ရဲ့နောက်ဆုံး ကောက်ရိုးတစ်မျှင်လိုမျိုး ချန်လီကောကို ဆုတ်ကိုင်ထားလိုက်သည်။
သူ့မျက်ရည်တွေဟာ ချန်လီကောရဲ့ပုခုံးပေါ်မှာ စိုရွှဲနေခဲ့သည်။
"ဟုတ်ပါပြီ၊ဟုတ်ပါပြီ....မင်းဝမ်းနည်းနေသေးရင်လည်း ငိုပါ ဦးလေးဒီမှာရှိပါတယ်"
ရီဟွိုင်က ကျယ်လောင်စွာ ထပ်ငိုလာခဲ့သည်။
သူ့ရဲ့ တစ်ဦးတည်းသောမိသားစုဝင်က အခုတော့
သူ့ကိုထားသွားခဲ့သည်။
ရီဟွိုင်အမေကို တိုက်သောကားသမားက
အရက်မူးနေခဲ့တာဖြစ်သည်။ထိုအခြေအနေက
အလွန်ပြင်းထန်သောကြောင့် သူ့ကိုရဲတွေက
ဖမ်းမိခဲ့သည်။ သို့သော် ထိုလူ့ကို ပြစ်ဒဏ်ကြီးကြီးချမှတ်ရင်တောင်မှ သူ့အမေကပြန်မလာနိုင်တော့ပေ။
ရေခဲတိုက်ထဲက လေထုက အလွန်အေးစက်နေသည်။ရီဟွိုင် ဘယ်လောက်ကြာ ငိုနေခဲ့လဲဆိုတာ ချန်လီကော မသိပေမယ့် သူတစ်ကိုယ်လုံးက
တောင့်တင်းနေပြီး သူ့အသံကတော့ ဝင်လုနီးပါး
ဖြစ်သည်။
ရီဟွိုင်ကနောက်ဆုံး ခြေကုန်လက်ပန်းကျပြီး
အိပ်ပျော်သွားတာကို ချန်လီကောက ကြည့်နေခဲ့သည်။
ချန်လီကောက သက်ပြင်းချလိုက်ရင်း ကောင်လေးကိုပွေ့ချီလာခဲ့သည်။သူတို့အပြင်ဘက်ရောက်မှ အချိန်ကိုကြည့်လိုက်တော့ သူတို့အထဲမှာ ၁၀နါရီကျော်လောက်တောင် နေခဲ့တာဖြစ်သည်။
ချန်လီကောက သူ့ဘေးကိုဝေ့ဝဲ ကြည့်လိုက်ရင်း
ပြောလာခဲ့သည်။
"မမလေးကို အကြောင်းကြားလိုက်ပြီး ဒီကို
မြန်မြန်လာခိုင်းလိုက်!!!"
"ဟုတ်ကဲ့"
ဟုပြောလျက် လက်အောက်ငယ်သားက ထွက်သွားတော့သည်။
ရှန်းယိုလင် ရောက်လာတော့ ရီဟွိုင်က ဆေးရုံက
ကုတင်ပေါ်မှာ အိပ်တောင်ပျော်နေခဲ့ပြီ။
"အဆင်ပြေပါတယ်...သူ့ကို ဒီမှာနေပြီး အဖော်ပြုပေးလိုက်ဦးပေါ့"
"ကောင်းပါပြီ"
ရှန်းယိုလင်က ခေါင်းညိမ့်လိုက်သည်။
သူမက မယုံနိုင်စွာဖြင့် မေးလာသည်။
"ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ???"
"ယိုလင်...သမီး စိတ်ကိုလျှော့ပါ မတော်တဆမှုဆိုတာ ဘယ်သူမှမပြောင်းလဲနိုင်ဘူး"
ရှန်းယိုလင်က ချန်လီကောကို ဖက်လာသည်။
"အဖေလည်း တူတူပဲ...တစ်နေ့မှာ အဖေသမီးကို
မကာကွယ်ပေးနိုင်တော့ရင် သမီးက ပိုသန်မာလာရမယ်နော် သမီးနားလည်ရဲ့လား???"
ချန်လီကောက သူမရဲ့ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလာသည်။သူတို့ရဲ့အလုပ်က ဓားသွားပေါ်က
ပျားရည်စက်ကို လျက်နေရသလိုပင် အမှားသေးသေးလေးကလည်း တောင်ထိပ်ပေါ်ကနေ ဆွဲချသွားဖို့ လုံလောက်သည်။
ရှန်းယိုလင်က ခေါင်းခါလိုက်ရင်း......
"အဖေ့မှာ ဘာတစ်ခုမှ ဖြစ်မှာမဟုတ်ဘူး၊အဲလိုကြီး မပြောပါနဲ့"
"အင်း ရီဟွိုင် နိုးလာပြီထင်တယ် သမီးအထဲဝင်ပြီး သွားကြည့်လိုက်ဦး"
ရှန်းယိုလင်က ခေါင်းညိမ့်ပြရင်း ထွက်သွားသည်။
......................
ဒီနွေရာသီအားလပ်ရက်မှာ သူတို့နှစ်ယောက်စလုံးက အထက်တန်းကျောင်း ဝင်ခွင့်အတွက်
အပြင်းအထန် ကြိုးစားခဲ့တဲ့အတွက်ကြောင့်
သူတို့စာမေးပွဲကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ခဲ့သည်။
အသုဘကိစ္စကို ချန်လီကောက ဦးစီးပေးပြီး
၁၀ရက်အတောအတွင်းမှာ ရီဟွိုင်က သူ့အမေရဲ့အရိုးပြာကို ရှေ့ဆုံးက ဦးဆောင်သယ်ရင်း
ပိန်ပါးဖျော့တော့နေသည်။
မြေချပြီးတဲ့အခါမှာတော့ ချန်လီကောက သူ့ကိုမနှောင့်ယှက်သေးဘဲ သူ့အမေနဲ့အချိန်ဖြုန်းဖို့
ရှောင်ပေးခဲ့သည်။
အသုဘအလုံးစုံပြီးသွားတော့မှ သူက ရီဟွိုင်ကို
မေးလာခဲ့သည်။
"ရီဟွိုင် မင်း ဦးလေးရဲ့မွေးစားသား လုပ်ချင်လား????"
ရှန်းယွီချန်၏ မွေးစားသားဂုဏ်ပုဒ်သာရသွားရင်
မြေအောက်လောကထဲ၌ မရေမတွက်သော
လူများက ရွစိထိုးနေတဲ့ ပုရွက်ဆိတ်တွေလို
ဖြစ်သွားကြမှာပင်။
သို့သော် ရီဟွိုင်က သူ့တောင်းဆိုချက်ကို
ငြင်းခဲ့သည်။
"ဆရာရှန်း ကျွန်တော် ခင်ဗျားနောက်လိုက်ပြီးပဲ
အလုပ်လုပ်ချင်တာပါ ဒါပေမဲ့ ခင်ဗျားကလေးတော့ မဖြစ်ချင်ဘူး"
ချန်လီကောက သူ့စကားကို ကြားတော့ ဆက်မပြောတော့ပေ။သို့သော် သူက ရီဟွိုင်ကို
ရှန်းမိသားစုအိမ်သို့ ခေါ်လာခဲ့သည်။
ရီဟွိုင်နှင့်သူ့အမေနေနေသည့်အိမ်က ငှားထားတာ ဖြစ်တဲ့အတွက်ကြောင့် သူ့အမေဆုံးပါးသွားတော့ ရီဟွိုင်ကို တစ်ယောက်တည်း ထားလို့မဖြစ်သောကြောင့်ဖြစ်သည်။
ထို့အပြင် ချန်လီကောကလည်း ရီဟွိုင်ကို
သူ့ဘေးနားမှာပဲ ကြီးပြင်းစေချင်သည်။
ဒီကလေး သူ့ကွယ်ရာမှာ ကြီးပြင်းလာမည့်အကြောင်းကို တွေးတောင်မတွေးရဲခဲ့ပေ။
ထို့နောက် ရှန်းယိုလင်နဲ့ရီဟွိုင် က သူတို့တက်ချင်တဲ့ ကျောင်းဖောင်ကို ဖြည့်ခဲ့ကြသည်။
ရှန်းယိုလင်က ရီဟွိုင်တက်မည့် Aကေျာင်းနှင့်နီးသည့် ကျောင်းကိုပြောင်းချင်နေတုန်းပဲ
ဖြစ်သည်။ ရီဟွိုင်က အခုမှ သူ့အမေကို ဆုံးရှုံးထားရတာ ဖြစ်တဲ့အတွက်ကြောင့် ချန်လီကောက ရှန်းယိုလင်ကို လွှတ်ထားပေးလိုက်သည်။
သို့သော်လည်း ချန်လီကောက အမိန့်ချမှတ်ထားသည်။အဲဒါကတော့ ရှန်းယိုလင်က တစ်ပတ်တစ်ခါအိမ်ပြန်လာရမည်ဖြစ်ပြီး အတန်းလည်း
ပျက်လို့မရတာ ဖြစ်သည်။တကယ်လို့
သူအတန်းပျက်တာ သူ့အဖေသိသွားရင်
သူမတက်ချင်တဲ့ကျောင်းကို နောက်ထပ်သွားရမည်မဟုတ်တော့........
ရှန်းယိုလင်က သူ့ကို ထိန်းချုပ်တာ မကြိုက်သော်လည်းပဲ သူ့အဖေရဲ့စကားအသွားအလာက
ေနာက်ပြောင်သည့် အရိပ်အယောင်တစ်စက်မှမပါသောကြောင့် ပျော်ရွှင်စွာနဲ့ သဘောတူခဲ့သည်။
Note- ကလေးက မလိုချင်ပါဘူးဆို ချန်လီကောတို့က အတင်း သားအဖဇုန်သွင်းလိုက် ဦးလေးနဲ့တူလေးဇုန်သွင်းလိုက်နဲ့😏