ရာဇဝတ်အရှင်

By Kazegafuku3

13.3K 1.1K 3.1K

Moriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်​ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်... More

ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း(၁)
ကြက်သွေးနီရောင်ကိုစူးစမ်းခြင်း ၂
ရှားလော့ခ် ဟုမ်းစ် နှင့် တစ်နေ့တာ
Merry Christmas,William
လူးဝစ်နှင့် မိုက်ခရော့ဟုမ်း
Catch me. Don't let me go
Just Manga 58 spoilers!!
လစ်ဟာနေသောနှလုံးသားများ
Favorite things
ဝီလီယမ်နှင့်ရှားလော့အကြောင်းတစ်စေ့တစ်စောင်း
လစ်ဟာနေသောနှလုံးသားများ (part2)
Extra !
သို့ ရာဇဝတ်အရှင်
ရေခဲပြင်လိုနှလုံးသား
ငါရဲ့ဝိဉာဥ်က မင်းနဲ့အတူတူ
မော်ရီအာတီအိမ်တော်ရဲ့ ညစာစားပွဲ
မင်းမသိသေးတဲ့ကမ္ဘာသစ်ဆီမှာ
Answer
Surprise Gift
Mon premier amour
သကြားလုံးထက်ချိုမြိန်သော(smut)//
Study of Sherlock(part 1)
Study of Sherlock (Part 2)
Study of Sherlock (Ending)
Manga brainrot
သူငယ်ချင်းဆိုတာဘာပါလိမ့်
လူးဝစ်,မိုရမ် နှင့် ရှားလော့ (Christmas special)
Mystery makes me crazy🚨
SherLiam Doujinshi (Translation)
Mystery makes me crazy (part 2)
Translation
Translation part 2
Doujinshi translation
Dear Liam
Doujinshi Translation part 1
Doujinshi Translation Part 2 (18+)
Changed man

မော်ရီအာတီနဲ့ဟုမ်း

315 33 160
By Kazegafuku3

Unicode // (Updateလေးလာပါပြီ)
အရင်အခန်းရဲ့အဆက်လေးပါပဲ 🌹

ရှားလော့ဟုမ်းဟာ မိမိမျက်နှာအပေါ်မှာ ပူစပ်ပူလောင်ခံစားချက်ရလိုက်တာကြောင့် မနိုးချင်နိုးချင်နဲ့ လေးလံနေတဲ့မျက်ခွံတွေကိုပါဖွင့်လိုက်ရတယ်။

"ကျွတ် ခေါင်းကိုတစ်ခုခုနဲ့ဖိထားသလိုပဲ "

ပထမဆုံးနိုးလာတာနဲ့ တွေ့ရတာကတော့
မရင်းနှီးတဲ့ မျက်နှာကျက်ပဲ။
ပြီးတော့ သူ့အိပ်ရာဘေးကိုဖြေးဖြေးချင်းကြည့်မိတာနဲ့  ဝိုးတဝါး မြင်ရတာကတော့ သူအိပ်နေတဲ့ ခုတင်အစပ်နားမှာ ကျောပေးပြီးထိုင်ကာစာအုပ်ကိုစိတ်ဝင်တစားဖတ် နေတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် ။

လီယမ် ?

ရှားလော့ဟုမ်းရဲ့အသံကတိုးသော်ငြား ဆံပင်ရွှေရောင်နဲ့ သူတစ်ယောက်အတွက်ကြားဖို့လုံလောက်တယ်ထင်ရဲ့
ကျောပြင်လေးတစ်ချက်တွန့်ခနဲဖြစ်သွားတာ သတိထားမိလိုက်တယ်

ပြီးတော့ 
ရှားလော့ဟုမ်းဘက်ကို မျက်နှာလှည့်လာတယ်

ရှားလော့ဟာ အသက်ရှူမှားလောက်တဲ့ ကြက်သွေးနီရောင်မျက်ဝန်းတွေနဲ့ ဆုံလိုက်တဲ့ အခိုက်မှာပဲ မနေ့ညက အဖြစ်တွေက ခေါင်းထဲ မှာအစဉ်လိုက်ပြန်ပေါ်လာတယ်

ဟုတ်တယ် ညစာစားပွဲရယ် အဲ့ဒီမှာငါနဲ့လီယမ့်အစ်ကိုကြီးနဲ့ ပြိုင်သောက်တယ် ပြီးတော့လီယမ်ရောက်လာတယ် အဲ့ဒီနောက်ဘာမှမမှတ်မိတော့ဘူး

တဆစ်ဆစ် ကိုက်နေတဲ့ခေါင်းတောင် ဘယ်ရောက်သွားလဲမသိ ။ ရှားလော့ဟုမ်းတစ်ယောက် မျက်စိတွေပါကျယ်သွားရပြီ အိပ်နေရာကနေ ငေါက်ခနဲ့ထထိုင်မိတဲ့ထိပဲ။
ဒါပေမယ့်
သူ့နားကလီယမ်ကတော့ သူ့ကို ငေးနေဆဲပဲ

"ဟေး လီယမ် ငါ့မျက်နှာက ဘာပေနေလို့ဒီလောက်တောင်ကြည့်နေရတာလဲ "

"မဟုတ်မှလွဲရော ငါ့ရုပ်က သောက်ရမ်းချောနေလို့လား ဟားဟား "

ရှားလော့ဟုမ်းက ပါးစပ်ထဲတွေ့ရာလျှောက်ပြောနေရင်း သူ့မျက်နှာကိုလက်နဲ့ပွတ်ကာ ရယ်နေတယ်
လီယမ်ဘက်ကတော့ အခုထိတုံ့ပြန်စကားတစ်ခုတောင်မကြားရသေး

"လီယမ်...ဒီလိုကြီးငါ့ကိုပဲကြည့်မနေနဲ့လေ
တစ်ယောက်ထဲလျှောက်ပြောနေတာရှက်တောင်လာပြီ"

ရှားလော့ဟုမ်းက သူ့မျက်နှာကိုလက်နဲ့အုပ်ကာ ရှက်သွေးဖြာနေတဲ့ အပျိုပေါက်လေးတွေလိုဟန်ဆောင်ပြီး လီယမ်ကိုစနေပြန်တယ်

"မစ္စတာဟုမ်း..."

"ဟုတ်.."

လီယမ်ဘက်ကနောက်ဆုံးတော့ စကားစလာခဲ့ပြီ သို့ပေမယ့် လေသံကအနည်းငယ်မာနေတာမလို့ ရာသီဥတုက သူ့ဘက်မှာမရှိဘူးဆိုတာ ရှားလော့အလိုအလျောက်သဘောပေါက်လိုက်ပြီ။

ကြားဖြတ်ပြောပါမယ် သူ့ရဲ့လီယမ်ဆီမှာ
အခြေအနေသုံးဆင့်ရှိတယ်ဒါကသူ နယူးယောက်မှာ တူတူနေတုန်းကလေ့လာရင်းသတိထားမိတာပေါ့

မစ္စတာဟုမ်းဟုခေါ်လျှင် လီယမ် စိတ်ဆိုးနေတာ ဒါမှမဟုတ်ရင်တစ်ခုခု ဖြစ်နေလို့

ရှားလော့ဟုခေါ်ရင်တော့ စိတ်ကြည်နေတယ်ပေါ့ ပြီးတော့အများနဲ့ဆိုလည်းဒီလိုပဲခေါ်နေကျမလို့သိပ်တော့မထူးဆန်းချေ။

ရွားလီ ဆိုတာကတေယ့ နှစ်ယောက် ထဲရှိနေချိန်မှာသာကြားရတယ်
ဒါတောင်မှ ဆယ်ခါမှာတစ်ခါလောက်ပဲခေါ်တာမျိုး

ထားပါတော့ အခုချိန်မှာတော့ လီယမ်စိတ်ပြေဖို့သာ နံပါတ်တစ်ပဲ..

"ဟို...ငါလေ မနေ့က သောက်တာများသွားတယ်
တောင်းပန်ပါတယ် လီယမ် "

လီယမ်ဆီက သက်ပြင်းဖွဖွလေးချသံပဲကြားရတယ်
ပြီးတော့သူ့ကိုအပြုံးယဲ့ယဲ့လေးပေးတယ်

လီယမ်... ငါ... ဝါး...

ရှားလော့ ဟာလီယမ်နားကို အနည်းငယ်ထပ်တိုးဖို့ကြံရွယ်စဉ်မှာမထင်မှတ်တာကြုံလိုက်ရ၏။

အဲ့ဒါကတော့ စိတ်ဆိုးနေတယ်ထင်ခဲ့တဲ့ လီယမ်က သူ့ရဲ့ခေါင်းကို လက်မောင်းတွေကြား ဆွဲသွင်းလိုက်တာပဲ
ထို့နောက် ရှားလော့ခေါင်းကို လီယမ်ကသူ့ရဲ့ရင်ခွင်ထဲစုန်းစုန်းမြုပ်နေအောင်ဖက်ထားလိုက်တယ်

အသက်ရှူအနည်းငယ်ကျပ်တာမှန်ပေမယ့်လည်း သူ့အတွက်ကတော့ ကံစမ်းမဲပေါက်သွားသလိုခံစားချက်ရတယ် ။
ပျော်လည်းပျော်တယ်။
သူကလေး ဘဝထဲက ဒီလိုမျိုးနွေးနွေးထွေးထွေးဆက်ဆံခံရတာဆိုလို့ အစ်ကိုဖြစ်သူ မိုက်ခရော့ဆီကပဲရဖူးတယ်လေ ။

"လီယမ်....မင်းကိုငါစိတ်ပူစေမိလို့တောင်းပန်ပါတယ်"

"အင်း"

"လီယမ်...."

"ရှားလော့ကျေးဇူးပြုပြီးတိတ်တိတ်လေးနေပေးပါလား "

သူ့ဘက်ကလီယမ်ကိုမမြင်ရပေမယ့် အသံအနည်းငယ်တုန်နေတာရယ်
ရှားလော့ရဲ့လက်ရှိအနေအထားက လီယမ်ရင်ခွင်ထဲရောက်နေတာမလို့ ကြက်သွေးနီရောင် မျက်ဝန်ပိုင်ရှင်ရဲ့ နှလုံးခုန်သံတွေက
မြင်းလှည်းမောင်းတာထက်ကို ခုန်ပေါက်နေတာ သူအားထုတ်စရာမလိုပဲ ကြားနေရတယ်။

"လီယမ် ငါ့ကိုဒီလောက်တောင် လွမ်းနေတာလား"

"လီယမ်...လီယမ်....လီ...ယမ်....လေး"

"ဆက်မပြောနဲ့ဆို... အရူးရဲ့"

"မင်းကြောင့်ရူးနေတာလေ ရာဇဝတ်အရှင်ရယ်"

သူ့စကားကြောင့်ရှက်စိတ်ကလွှမ်းမိုးပြီး လီယမ်တစ်ယောက်ကတော့
ရှားလော့ကိုပိုမိုပြီးတင်းကြပ်စွာဖက်လာလေရဲ့ ။

နှာခေါင်းထဲသို့တိုးဝင်လာတဲ့ လီယမ်ရဲ့ ကိုယ်သင်းနံ့ သင်းသင်းလေးရယ်
နွေးထွေးတဲ့အထိအတွေ့တွေကြားမှာတော့ သူရူးမတတ်ပဲ ။

ရှားလော့တစ်ယောက်ထဲအတွေးတွေယောက်ယက်ခတ်နေတုန်း လီယမ့်ဘက်က
အသက်ရှူသံက သူ့ခေါင်းနဲ့ထိတွေ့သွားသလိုသူခံစားရတာမလို့

"ဟေးလီယမ် အခုငါ့ရဲ့ခေါင်းကိုမင်းနမ်းလိုက်တယ်မလား"

"မှန်းကြည့်ပေါ့ ဖူးဖူး"

"ငါကဒီလိုစိန်ခေါ်တာမှကြိုက်တာ ရာဇဝတ်အရှင်"

ရှားလော့ဟုမ်းဘက်က လီယမ့်ခါးကိုလက်ညိုးနဲ့အနည်းငယ်ထိလိုက်တော့ သူ့ကိုတင်းတင်းဖက်ထားတဲ့လက်မောင်းတွေကအနည်းငယ်အားလျော့သွားတယ်
ဖြစ်နိုင်ရင်တော့ လီယမ်ရဲ့ရင်ခွင်ထဲတစ်နေ့လုံးနေချင်ပေမယ့် ဒီလိုမျိုးအချိန်က
ရှားပါးတာမလို့ ရတဲ့အခွင့်အရေးကိုပိုင်နိုင်စွာအသုံးချလိုက်သည်။

"မင်းကလိထိုးရင်ယားတတ်တယ်ပေါ့လီယမ်"

"မဟုတ်ပါဘူး"

"ဒါဆိုဘာလို့ငါ့ကိုဖက်ထားတာအားလျော့သွားလဲ"

လူဆိုတာမထင်မှတ်တဲ့ အရာကိုကြုံရင် တုံ့ပြန်မှုပေးတာသဘာဝပဲလေ
စုံထောက်ကြီးရဲ့"

"မင်းလိမ်နေတာ"

ရှားလော့ကလီယမ်ရဲ့ခါးလေးကို စောစောကအားထည့်ကာ ထိမယ်လုပ်တော့ တစ်ဖက်လူကအလန့်တကြားလွှတ်လိုက်တယ်

"Bingoပဲ"

ရှားလီ ခဏ..."

"မခဏနဲ့တော့ "

လီယမ်ရဲ့လက်မောင်းကြားထဲကလွတ်တာနဲ့တစ်ပြိုင်နက် ရှားလော့ကလီယမ် ရဲ့ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ပစ်လှဲစေလိုက်တယ်
အဲ့ဒီနောက်မှာ ကလေးတွေလိုမျိုး လီယမ်ရဲ့ခါးကိုဆက်ပြီးကလိထိုးတော့တယ်။

ဖူး...ဖူး...ရှားလော့....ရပ်လိုက်...

မရပ်တော့ဘာဖြစ်လဲ လီယမ်

အရူး...တော်တော့လို့ပြောနေတယ် အဟားဟား"

ရှားလော့က လီယမ်ရဲ့အဖြေကိုဆုံးအောင်ဖြေခွင့်မပြုပဲ ဆက်ပြီး ကလိထိုးဂိမ်းကိုဆက်တယ်

သူ့ရဲ့အောက်က လီယမ်ကဖြင့် ခန္ဓာကိုယ်လေးတစ်ခုလုံးတောင်ဆတ်ဆတ်ခါအောင်တုန်နေပြီးစိတ်လွတ်ကိုယ်လွတ်ကိုရယ်နေလေရဲ့

ရှား..ဟား..ဟား...တော်တော့ဆို

မတော်ချင်ဘူး..

ရပ်....လိုက်ရှား.."

ခါးတင်မကဘူး လီယမ်ရဲ့လည်ပင်းရော
ချိုင်းအောက်ကိုပါ ရှားလော့ဟုမ်းကဆက်ပြီးတော့တိုက်ခိုက်တယ်
သနားစရာရာဇဝတ်အရှင်မှာတော့ ဘာမှတောင်ဆက်မလုပ်နိုင်တော့ပဲ ရယ်သံလွင်လွင်းလေးသာထွက်နေတော့တယ်

ရယ်ရလွန်းသဖြင့် မျက်နှာနုနုကနီရဲနေပြီး
ခပ်ဟဟလေး ပွင့်နေတဲ့နှုတ်ခမ်းတွေကိုအနီးကပ်မြင်ရပြန်တော့ရှားလော့ဟုမ်းရဲ့
ရင်ခုန်သံ တွေကထိန်းမရ။

အဲ့ဒါတင်မကဘူး ခေါင်းလေးစောင်းတိုင်းပေါ်လာတဲ့လည်တိုင်လေးကသူ့ကိုဖိတ်ခေါ်နေသယောင်။

ရှားလော့ဟုမ်းကအရဲစွန့်ပြီထိုလည်တိုင်းလေးပေါ်ကိုအနည်းငယ်အားစိုက်ကာ သွားဖြင့်ဖွဖွလေးကိုက်မိတယ်
လီယမ်လည်းရုတ်တရက်ဆိုသလို အရယ်ရပ်သွားပြီးသူ့လုပ်ရပ်ကို မယုံနိုင်သယောင်စိုက်ကြည့်နေတယ်

"လီယမ်..မင်းကိုငါနမ်းချင်တယ်"

ရှားလော့ဟာ သူ့အောက်က လီယမ်ရဲ့မျက်ဝန်းနီနီလေးတွေထဲကိုသေချာကြည့်နေရင်း လီယမ်ရဲ့ နှုတ်ခမ်းရဲရဲတွေဆီကို ဦးတည်ရန်ဟန်အပြင်...

ဝုန်း"

တံခါးဖွင့်သံခပ်ပြင်းပြင်းနဲ့အတူ
သူတို့နှစ်ဦးရှိရာကို ပြေးလာတဲ့လူတစ်ယောက်..

"လူး..လူးဝစ်"

**********************************

အား...ရှားလော့...မဖြစ်ဘူး

လူးဝစ်ဂျိမ်းမော်ရီအာတီက အစ်ကိုဖြစ်သူရှိရာသို့လာနေစဉ်ထွက်လာတဲ့အသံကြောင့် လျှောက်လက်စခြေလှမ်းတွေတောင်ခဏ ရပ်သွားတယ်။

အရူး...တော်တော့လို့ပြောနေတယ် အဟားဟား

"ဟုမ်း... ဒီကောင် ကတော့"

ထို့နောက် ဘာမှဆက်မစဉ်းစားတော့ပဲ ဝီလီယမ်နဲ့ရှားလော့ဟုမ်းရှိရာကိုသာ
ဒုန်းစိုင်းပြေးလာခဲ့တော့တယ်

"လူး..လူးဝစ်..."

ပြန့်ကျဲနေတဲ့အိပ်ရာခင်းတွေထက်မှာ ဆံပင်ကပိုကရို ၊ အဝတ်ဖရိုဖရဲနဲ့ မိမိအစ်ကို
အစ်ကိုရဲ့အပေါ်စီးကတော့  စုံထောက်ကျော် ရှားလော့

"လူး..ဝစ် မနေနဲ့ ခင်ဗျား ကျုပ်အစ်ကိုပေါ်ကနေ တက်ဖိနေတာကနေဆင်းလိုက်စမ်း"

"လူး..လူး စိတ်လျော့ ငါရှင်းပြ"

ရှားလော့က ကပျာကယာနဲ့ လက်ကာပြီးရှင်းပြသော်လည်းအနှီကောင်လေးကဖြင့်အထင်အကြီးကြီးလွဲသွားတဲ့ပုံပဲ
မျက်ထောင့်ကြီးနီပြီးရှားလော့ကို ထမထိုးမိအောင်မနည်းစိတ်ထိန်းထားရပုံ။

"ကျွန်တော့်အစ်ကိုကတော့ လူမှန်းမသိသူမှန်မသိမူးနေတဲ့ခင်ဗျားကိုတစ်ညလုံးစိတ်ပူလိုက်ရတာ ခင်ဗျားကတော့ အစ်ကိုဝီလီယမ်ကိုဒီလိုမျိုးလုပ်ရလား"

"မင်းထင်နေသလိုမဟုတ်ဘူးဆိုမှပဲ"

"အစ်ကိုရော ဟုမ်းရော ကျွန်တော်နဲ့ အခန်းအပြင်မှာဆွေးနွေးရအောင်"

***********************

"လူးဝစ်..ရှားလော့ရှင်းပြသလိုပဲ မင်းအထင်လွဲနေတာပါ"

လူးဝစ်ရှေ့က ခုံလေးပေါ်မှာ လက်နှစ်ဖက်ကို ဆုပ္ကာ ထိုင်နေတဲ့ ဝီလီယမ္က အဆူခံနေရတဲ့ ကလေးတစ်ဦးပမာ
ဟုမ်းကတော့ ဒူးထောက်လျက်အနေအထားလေးဖြင့် မျက်နှာကဇီးရွက်လောက်ပဲကျန်တော့တယ်

"ဟေးလူးလူး ငါလည်းမင်းကိုတောင်းပန်တာတောင်စိတ်မပြေနိင်ဘူးလားကွာ ငါတို့က ကလိထိုးတမ်းကစားနေတာပါဆို စကားမစပ်..
ငါဒူးထောက်ရတာလဲ ညောင်းလှပြီ"

"ဆက်ပြီးဒူးထောက်နေလိုက်ပါ မစ္စတာ ဟုမ်း"

"လီယမ်.. ငါ့ကိုကူပါဦး.မင်းညီက ကြောက်ဖို့ကောင်းလိုက်တာ"

"ခင်ဗျား ကျုပ်အစ်ကိုကို လာပြီးဆွဲမထည့်နဲ့နော်"

စိတ်ကြီးတဲ့ညီနဲ့ အခက်တွေ့နေတဲ့ မိမိချစ်သူကိုဆက်ပြီးမကြည့်ရက်တာနဲ့ဝီလီယမ်လည်း

"လူးဝစ် မစ္စတာ ဟုမ်းနဲ့ငါက ဂိမ်းကစားနေရုံပဲ မင်းဘက်ကအထင်လွဲနေတာပါ"

ဟုမ်းကိုဘယ်လောက်ပဲသဘောမကျပါစေ အစ်ကိုဖြစ်သူ မျက်နှာတော့တစ်ချက်တောင်အညိုးမခံနိုင်တာမလို့ စိတ်လျှော့လိုက်တယ်

"မစ္စတာဟုမ်း ခင်ဗျားထလို့ရပါပြီ"

လူးဝစ် ဆီကခွင့်ပြုချက်ရတာနဲ့ရှားလော့ က ချက်ချင်းထလိုက်ပြီး

"လူးလူးရဲ့ ကြင်နာမှုကိုငါတစ်သက်လုံးမမေ့ပါဘူး "

။လူးဝစ်ရဲ့မျက်စောင်းကရှားလော့ဟုမ်းကိုကြက်သီးထစေတာမလို့ သူစနောက်နေတာရပ်လိုက်တယ်

"အဟမ်း ဆောရီး ငါစတာများသွားတယ်"

!!!

တံခါးအပြင်ဘက်က ဘဲလ်သံကြောင့် လူးဝစ်ရဲ့အာရုံက အဲဒီဘက်ကိုရောက်သွားတယ်

ဒီလိုအချိန်မှာမှ ...အစ်ကို အဲလ်ဘတ်ပဲ ပြန်ရောက်လာတာလား

လူးဝစ်တစ်ယောက်တံခါးဆီထွက်သွားတော့မှ ရှားလော့ဟုမ်းနဲ့လီယမ်လည်းသက်ပြင်းကိုယ်စီချမိတယ်

နှစ်ယောက်လုံးခုချိန်တွေးမိတာကတော့ လူးဝစ်ဂျိမ်းမော်ရီအာတီ က ဒေါသထွက်ရင်
ကြောက်စရာကောင်းတယ်ဆိုတာပဲ

မကြာခင် လူးဝစ်နဲ့အတူ ခြေသံ မှန်မှန်နဲ့လျှောက်လာတဲ့လူတစ်ယောက်အသံ

ဟူး ကောက်ရိုးပုံကိုမီးရှို့သလိုပဲ "

ရှားလော့ဟုမ်းက မျက်မှောင်ကြုံ့လိုက်ပြီး
စိတ်ရှုပ်သွားပုံနဲ့ ခေါင်းကိုသာ တွင်တွင်ခါနေတော့တယ်

"ခြေသံအရဆို အစ်ကိုအဲလ်ဘတ်မဟုတ်ဘူးနော် ရှားလီ"

"အေး လီယမ်..ပြဿနာတော့ဒီထက်မကြီးဖို့မျှော်လင့်ပါတယ် "

"အဲ့ဒါကဘာကိုဆိုလို....

ဒိုင်း!

သေနတ်သံမရောက်ခင်မှာ တစ်ဖက်က လှုပ်ရှားမှုမြင်လိုက်တာနဲ့ရှားလော့က လီယမ်ကိုမြေပြင်ပေါ်သို့မှောက်လျက်အနေအထားနဲ့အပေါ်ကနေအုပ်မိုးပြီး သူ့ကိုယ်နဲ့အတတ်နိုင်ဆုံးကာကွယ်ပေးလိုက်တယ်

"ကျွတ် ဒါရိုက်တာဟုမ်း သေနတ်ကဆော့စရာမဟုတ်ဘူး!!!

မိုက်ခရော့ဟုမ်းရှိရာကိုနောက်ကနေအလျင်အမြန်ရောက်လာပြီးသေနတ်ကိုဆွဲယူလိုက်သောလူးဝစ်။

ရှားလော့ဟုမ်းက စိတ်ဆိုးစွာဖြင့်

ဟေ့လူ.. လီယမ်ထိသွားရင်ဘယ်လိုလုပ်မလဲ"

"ဟားဟား မင်းအရင်ကထက် တိုးတက်လာပြီပဲ ငါ့ညီ"

"ဒါရိုက်တာဟုမ်း ကျွန်တော့်အစ်ကို ကိုထိရင်တော့ ခင်ဗျားဖြစ်နေရင်တောင်ခွင့်မလွှတ်ဘူး"

စိတ်ချပါ M အခုငါကိုင်တဲ့သေနတ်ရဲ့ကျည်ဆန်က ရာဘာနဲ့လုပ်ထားတာမလို့
မသေပါဘူး

"ဒါပေမယ့် ဒဏ်ရာရနိုင်တယ်"

ဟားဟား ငါ့ညီရှိနေတာပဲကို ဘာစိတ်ပူနေတာလဲ
ဟုတ်တယ်မလား ရှားလီ"

မိုက်ခရော့က လုပ်နေကျအတိုင်း ပဲ ညီဖြစ်သူကို ဆက်ပြီးတော့ စနေတယ်

"ချီးထုပ် အစ်ကို "

ရှားလော့က မှောက်ရက်အနေအထားကနေ လီယမ်ထလို့ရအောင်ဖယ်ပေးလိုက်တယ်
ဝီလီယမ်လည်း မတ်တပ်ရပ်ကာ
မိုက်ခရော့ဟုမ်းကိုရင်ဆိုင်လိုက်တယ်

မိုက်ခရော့က ဝီလီယမ်ကို လက်ကမ်းကာ
"ပြန်တွေ့ရတာဝမ်းသာပါတယ် မော်ရီအာတီ"

လီယမ်က မိုက်ခရော့ဆီကမ်းမယ်ထင်ခဲ့တဲ့ လက်တစ်ဖက်နဲ့ရိုက်ချလိုက်ပြီး

"ရှားလော့က ခင်ဗျားဆော့ချင်တိုင်းဆော့လို့အရုပ်လေးမဟုတ်ဘူး ဒါရိုက်တာဟုမ်း"

အစ်ကိုဖြစ်သူ ရဲ့အေးစက်ပြတ်သားတဲ့အသံကြောင့် လူးဝစ်တင်မကဘူး ရှားလော့ပါ အံ့
သြနေမိလျက်။

မိုက်ခရော့ဟုမ်းကတော့ တစ်ချက်တောင်အံ့သွားပုံမပေါ်ပဲ

ဟိုး...ငါ့ညီကိုသေတွင်းထဲထိ ဆွဲချခဲ့တဲ့ရာဇဝတ်အရှင်က ဒီလောက်ထိ ကြင်နာတတ်တာငါမသိခဲ့ဘူးပဲ

"အိုး ချီးကျူးတာကျေးဇူးတင်ပါတယ် ဒါရိုက်တာ ဟုမ်း ခင်ဗျားကတော့ ရှားလော့လိုအကြင်နာတရား မရှိဘူးနော်"

လီယမ်က စိတ်ဆိုးရင်ပြုံးနေကျအတိုင်း
ပြုံးလိုက်လေရဲ့

အစ်ကိုဖြစ်သူကိုတစ်လှည့် မိုက်ခရော့ဟုမ်းကိုတစ်လှည့်ကြည့်ရင်း လူးဝစ်ကတော့
ခေါင်းပဲကိုက်လာတယ်

လူးဝစ်သိသိသာသာမျက်နှာပျက်နေတာကိုမြင်တော့မိုက်ခရော့ဟုမ်းက ဝီလီယမ် ကိုဆက်ပြီးအကဲခတ်နေရာကနေ လက်လျော့လိုက်ပြီး
လူးဝစ်ရဲ့ပုခုံးကိုနှစ်သိမ့်သလိုပုတ်လိုက်တယ်

တောင်းပန်ပါတယ်  လူးဝစ် ငါစတာလွန်သွားတယ်"

ပုခုံးပေါ်တင်ထားတဲ့သူ့လက်တွေကို လူးဝစ်က စိတ်ဆိုးစွာနဲ့ပုတ်ချလိုက်ပြီး

"ဒီလိုလေးတောင်းပန်ရုံနဲ့ ကျွန်တော်က ကျေအေးရမှာလား
ခင်ဗျားဟာလေ ခုထိလူတစ်ယောက်ကို
အထက်စီးကနေ ပြောဆိုရမှကျေနပ်တာလား"

လူးဝစ်ဂျိမ်းမော်ရီအာတီ ဟာ စိတ်ဆိုးနေတာတောင်မှ အင်မတန်ချစ်ဖို့ကောင်းတယ်
မိုက်ခရော့ကိုစိတ်ဆိုးနေရက်နဲ့တောင် ဒီကောင်လေးရဲ့မျက်ဝန်းနီနီတွေကဖိတ်ဖိတ်တောက်နေတာ ပတ္တမြားလိုပဲ

ရှားလော့က ပြောင်းလဲသွားတဲ့အခြေအနေတစ်ရပ်လုံးကိုစေ့စေ့စပ်စပ်လိုက်ပြီးအကဲခတ်နေတယ်

အေးတိအေးစက် နိုင်တယ်ထင်ရတဲ့ အစ်ကိုရဲ့မျက်နှာက ဟိုကောင်လေးနဲ့ကျ
နဲ့ကျ နူးညံ့သွားသလို
လူးဝစ်ကလည်းစိတ်ဆိုးနေတာထက် မိမိအစ်ကိုကို စိတ်ကောက်နေတာနဲ့ပိုတောင်တူနေတာလည်းရှားလော့သတိပြုမိရပြန်တယ်

ထို့နောက် ရှားလော့ဟုမ်းက အစ်ကိုဖြစ်သူရဲ့ ရည်ရွယ်ချက် အမှန်ကိုသိသွားရတယ်
အဲ့ဒါကတော့ လီယမ်ကိုအကဲခတ်ဖို့ဆိုတာထက် လူးဝစ်ဂျိမ်းမော်ရီအာတီ နဲ့အချ်န်ဖြုန်းဖို့ဆိုတာပဲ။

"သောက်ကျင့်ကတစ်စက်မှမကောင်းဘူး
ငါ့အစ်ကိုဆိုသည်မှာလည်း
စိတ်တော့မကောင်းဘူး ယောက်ဖလောင်းလျာလေးရေ မင်းအနာဂတ်အတွက်ငါတော့ရင်လေးမိတယ်"

ရှားလော့ဟုမ်းရဲ့အူဘယ်နှခွေရှိတာကအစ သိနေတဲ့မိုက်ခရော့ကလည်း မခေချေ
ညီဖြစ်သူငြိမ်ကျသွားတာနဲ့ တစ်ခုခုကိုစပြောတယ်

"အား... M မင်းကြည့်ရတာ ငါ့ညီကြောင့်လည်းစိတ်ဆိုးထားပုံပဲ"

အယ် အဲ့ဒါခင်ဗျားဘယ်လိုသိ...

မိုက်ခရော့က လူးဝစ်စကားဆုံးအောင်ထိမပြောရသေးခင်မှာပဲ သူ့ရဲ့လက်ညိုးနဲ့
တစ်ဖက်ကောင်လေးရဲ့နှုတ်ခမ်းတွေကိုပိတ်လိုက်တယ်

ဘယ်လောက်ထိအောင်ပဲဟန်ဆောင်နေပါစေ
လူးဝစ်ရဲ့ရဲတက်သွားတဲ့ပါးနှစ်ဖက်ကလိမ်မရတာမလို့
ဝီလီယမ်လည်း ခေါင်းစားရချေပြီ

မိမိရဲ့တစ်ဦးတည်းသောညီလေးကို ဒီလိုအန္တရယ်များတဲ့ ယောကျာ်းလက်ထဲသို့ ရော့အင့်ဆိုပြီးတော့ အလွယ်တကူတော့ မအပ်နိုင်
ဘယ်လောက်ပဲ ရှားလော့နဲ့သွေးသားတော်စပ်တယ်ဆိုပေမယ့် ဒီလူကိုဝီလံယမ်သဘောမတွေ့။

ရှားလော့ကတော့ လီယမ်ရဲ့စိတ်အခြေအနေကိုနားလည်သလို အစ်ကိုရဲ့အကြော င်းလည်းသိနေတာမလို့

ဟူး ငါတို့ညီအကိုကလည်း မော်ရီအာတီ ညီအစ်ကိုကိုမှ ကျရှုံးနေတယ်လို့

"လူးဝစ်က ငါဘာလို့သိနေတာလဲ စိတ်ဝင်စား တယ်ပေါ့ "

လူးဝစ်က မိုက်ခရော့လက်ညိုးကိုဆွဲဖယ်ကာ
ပြောကြည့် "ဟု ဘုဆတ်ဆတ်သာ အဖြေပေးတယ်

"နားထောင် ကလေး
ပထမအချက် ငါ့ကိုကြိုဆိုလိုက်တဲ့အချိန်မှာမင်းမျက်နှာက မကြည်လင်ဘူး
​ဒုတိယအချက်မင်းက စိတ်ဆိုးရင် မျက်မှောင်ကြုံ့တတ်လေ့ရှိတယ်
တတိယအချက် ကတော့
......(ရှားလော့ကိုကြည့်)
ဟောဒီက မော်ရီအာတီရဲ့ လည်ပင်းပေါ်က အမှတ်အသားပဲ"

ဟင်"

ဒုတိယအချက်ထိကလူးဝစ်လက်ခံသော်လည်းတတိယအချက်ကြောင့် သူဟာအလန့်တကြား ဝီလီယမ်ဘက်ကိုကြည့်မိတယ်

ဝီလီယမ်က လည်းအနည်းငယ်လန့်ပြီး သူ့ရဲ့လည်ပင်းပေါ်ကို လက်နဲ့ဖုံးလိုက်တယ်

ရှားလော့ကတော့ ဒီအိမ်ကနေပဲ ထွက်ပြေးချင်စိတ်ပဲပေါက်လာတော့တယ်

"ချီးထုပ်ကောင် ငါ့ကိုတမင်သက်သက် ပြဿနာကြီးအောင်လုပ်တာပဲ"

ဟုမ်း... ခင်ဗျား..

မဟုတ်ဘူးလူးလူး ဒါက..

"မယုံရင်မင်းအစ်ကိုရဲ့လည်ပင်းကိုကိုယ်တိုင်သွားကြည့်ပါလား "

"အစ်ကိုဝီလီယမ်..."

"ပိုးကောင်ကိုက်တာ လူးဝစ် "

ဝီလီယမ်လည်း စဥ်းစားမိစဥ်းစားရာတစ်ခုကို ကောက်ပြောလိုက်ရတယ်

ပိုးကောင်?ကျွန်တော့်အိမ်မှာ ဒီလို တွေမရှိပါဘူး အစ်ကို"

ပိုးကောင်ဟုလိမ်လို့ရတာကလည်း ဝီလီယမ်ဆီမှာ အကြောင်း ရှိတယ်
ကံကောင်းတာ ဟုပဲပြောရမလား
ရှားလော့ဟုမ်းကသူ့လည်ပင်းကိုဖွဖွပဲကိုက်တာရယ်ပြီးတော့ အနည်းငယ် ရှည်ထွက်နေတဲ့အစွယ်လေးတစ်ခုပဲ လည်ပင်းသားကိုနစ်ဝင်သွားတာလည်းပါတယ် လေ

လူးဝစ်က မယုံတဝက်ယုံတစ်ဝက်ဖြစ်နေတုန်းကရှားလော့က အာရုံလွှဲလိုက်တယ်

"အဟွန်း အဲ့ဒါတွေကခဏထားဦး...
မိုက်ခီ ခင်ဗျားဒီထိတောင်တကူးတကရောက်လာတာ အကြောင်း တော့ရှိမယ်ထင်တယ်"

"ဟုတ်တာပဲ ငါမေ့တော့မလို့
အခုငါဘုရင်မနဲ့ဆွေးနွေးတာ အဖြေတစ်ခုရတယ် အဲ့ဒါကတော့ မင်း လန်ဒန်ကိုပြန်လာလို့ရပြီ ရှားလော့"

ရှားလော့ရဲ့မျက်လုံးအနည်းငယ်ကျယ်သွားသလို လီယမ်လည်းမိုက်ခရော့စကားကိုစဥ်းစားနေတယ်

"ကျုပ်ကဟုတ်ပါပြီ လီယမ်ကရော?".

"စိတ်မကောင်းစွာနဲ့ပဲ သူကတော့ လောလောဆယ် ဒီမှာနေလို့မရဘူး"

"အဲ့ဒါဆိုအဖြေကရှင်းရှင်းလေးပဲ
လီယမ်မရှိတဲ့ လောကမှာတော့ ကျုပ်မနေနိုင်ဘူး"

"မိသားစုကိုစွန့်ပစ်မလို့လား ရှားလော့ဟုမ်း"

"ကိုယ်ဖြစ်ချင်တာပဲသိတဲ့ မိသားစုဆိုရင်တော့စွန့်ပစ်သင့်ရင်စွန့်ပစ်ရမှာပဲ မိုက်ခရော့ဟုမ်း"

"မင်း..."

"ရှားလီ ကိုယ့်အစ်ကိုကို အဲ့ဒီလိုမပြောရဘူးလေ"

လီယမ်က သူ့ရဲ့လက်ကိုဖွဖွလေးဆုပ်ကိုင်ရင်းသတိပေးလိုက်တယ်

"ဒါရိုက်တာဟုမ်း... ပြောတာကျွန်တော်လက်ခံပါတယ် "

"လီယမ်...မင်း"

"ဒီမြို့ထဲပြန်ခြေချမိထဲက ကျွန်​တော် စဥ်းစားနေခဲ့တာကြာပြီ
ရှားလော့ ခင်ဗျားက ဒီမှာပဲနေသင့်တယ်
ခင်ဗျား ရဲ့အိပ်မက်တွေ ရည်မှန်းချက် တွေကဒီနေရာပဲမလား
ပြီးတော့ ကျွန်တော် က တစ်သက်လုံးထွက်သွားတာမှမဟုတ်တာ စာနဲ့လည်းဆက်သွယ်လို့ရတယ်
အခြေအနေပေးရင်လည်း လန်ဒန်ကိုတစ်ခါတစ်လေ လာလို့ရတာပဲလေ "

"ဒါပေမယ့်.. "

"ကျွန်တော့်စကားကို ဒီတစ်ခါ တော့နားထောင်ပေးပါ"

ရှားလော့က လီယမ်ရဲ့လက်ကိုတင်းတင်းဆုပ်ကာ သက်ပြင်းရှည်
ကိုချမိတယ်။
လူးဝစ်လည်း အစ်ကိုဝီလီယမ်ကို တတ်နိုင်ရင် ခေါ်ထားချင်ပေမယ့် မိုက်ခရော့ဟုမ်းပြောတာမှန်နေတာမလို့ ဘာမှပြောစရာမရှိ ။

စက္ကန့်အနည်းငယ်ကြာတော့ ရှားလော့ဆီက တိကျတဲ့အဖြေစကားကတော့

"ဆောရီးပဲ ငါ့ဆုံးဖြတ်ချက်ကမပြောင်းဘူး
မင်းကိုပဲအဆုံးထိရွေးမှာ "

"ရှားလော့...

"ငါပြောဖူးပါတယ် မင်းကိုတစ်သက်လုံးဖမ်းထားမှာလို့ "

အဲ့ဒီနောက်ရှားလော့က လီယမ်ရဲ့လက်ကိုတင်းတင်းဆုပ်ကာ ဒီနေရာကနေ
ထွက်ခွာဖို့ပြင်လိုက်တယ်

"လူးဝစ် ငါ့ကိုခွင့်လွှတ်ပေးပါ "

ညီငယ်ဖြစ်သူမျက်နှာကို ဝီလီယမ်ကစိတ်မကောင်းစွာနဲ့ကြည့်လိုက်တော့ လူးဝစ်က
ခေါင်းခါပြပြီး

"မဟုတ်တာ ကျွန်တော့်ဘဝမှာ အစ်ကိုပျော်ရွှင်ဖို့က အဓိကပါပဲ "

"မင်းရွေးချယ် မှုကိုနောင်တမရပါစေနဲ့ ရှားလော့ဟုမ်း"

"အဟက် ခင်ဗျား လည်း မာနတွေခဝါချပြီး
ကိုယ့်ဘေးနားကလူကို မြင်အောင် ကြည့်စမ်းပါ အစ်ကို
တစ်သက်လုံး နောင်တမရအောင်ပေါ့

************************************

ရှားလော့နဲ့ဝီလီယမ် အိမ်ကထွက်ခွာသွားတာနဲ့ မိုက်ခရော့ဟုမ်းက လူးဝစ်ဂျိမ်းမော်ရီအာတီ ကိုဒီလိုပဲပြောနိုင်တယ်

"ငါက တကယ်ကိုအတ္တကြီးတဲ့လူပဲမလား M"

"အင်း.ခင်ဗျားက ဉာဏ်ကောင်းရက်နဲ့ အင်မတန်မိုက်မဲတာပဲလို့မြင်တယ်"

"ဟေး ငါ့ကိုညှာညှာတာတာလေးပြောလို့မရဘူးလား "

"ခင်ဗျားကချိုချိုသာသာပြောလို့မှမရတာ.

"အဟက် ဟုတ်တာပဲနော်"

လူးဝစ်က သူ့အနားကိုရောက်လာပြီး ဒီစကားကိုတော့ပြောဖြစ်အောင်ပြောခဲ့တယ်

"ခင်ဗျားညီ မရှိတော့လည်း ကျွန်တော် တစ်ယောက် လုံးရှိပါသေးတယ် ဒါရိုက်တာဟုမ်း"

*********************************

"ဟေး စီနီယာ တို့နှစ်ယောက် အိမ်နေရင်းအဝတ်အစားကြီးနဲ့ နယူးယောက်ထိပြန်တော့မလား "

ရှားလော့နဲ့လီယမ်တို့နှစ်ဦး ဆိပ်ကမ်းရောက်တော့ ခန့်ညားလှပတဲ့ သင်္ဘောကြီးပေါ်က
နှုတ်ဆက်လာတာကတော့ ဂျူနီယာလေး
ဘီလီ

"ဟေး လီယမ် ဒီသင်္ဘောက ငါတို့စတွေ့တဲ့
နိုအာတစ် နဲ့မတူဘူးလား"

ရှားလော့စကားကိုကြားတော့ဘေးနားက လီယမ်ကပြုံးတယ်
အပြုံးကခဏလေးဆိုပေမယ်နှုတ်ခမ်းလေးအနည်းငယ်အပေါ်တက်သွားတာရယ်
လေအနည်းငယ်တိုက်လို့ နဖူးပေါ်သို့ဝဲကျလာတဲ့ ဆံနွယ်နုနုလေးတွေက ရှားလော့ကိုငေးခနဲဖြစ်သွားစေတယ်

"နိုအာတစ်ကို ရှားလီက ဘာကြောင့်ရောက်လာတာလဲ ကျွန်တော်သိခွင့်ရှိမလား"

"ပဟေဋိ တွေက ငါ့ကိုဆွဲခေါ်လို့ပေါ့"

"ဖူး ဖူး ဘယ်အချိန် ထဲက ဒီလိုတွေပြောတတ်လာရတာလဲ စုံထောက်ကြီး"

"ဟေး စီနီယာ တို့ စကားဆက်များနေရင် ကျွန်တော် ထားခဲ့မှာနော်"

"အေးမင်းထားခဲ့လို့ကတော့ မင်းတွဲသမျှမိန်းကလေးတွေကို မင်းအကြောင်းအကုန်ဖွပစ်မယ် မှတ် ကောင်စုတ်လေး"

ဘီလီနဲ့အတူ ရန်ပြိုင်ဖြစ်နေတဲ့ ရှားလော့ဟုမ်းကိုကြည့်နေရင်း ဝီလီယမ်ဂျိမ်းမော်ရီအာတီက နောက်ဆုံးအကြိမ် England ကို တစ်ဝ
ကြည့်လိုက်တယ်။
မွေးရပ်​မြေက ဝမ်းနည်းဖွယ်ကောင်းလောက်အောင် အင်မတန်လှပတယ် ။

"နှုတ်ဆက်ခဲ့ပါတယ် လန်ဒန်"

တူ!!!!

"အား.....သွားကြမယ်လီယမ်ရေ"

မကြာမီ သင်္ဘော ဥသြဆွဲသံကြားတော့ ရှားလော့က လီယမ်လက်ကိုတင်းတင်းဆုပ်ကာ
ကလေးတွေလို ပြေးတက်တော့တယ်။

ဘေးဘီဝန်းကျင်က လူတွေကသူတို့နှစ်ဦးကို
ဘယ်လိုပဲမြင်နေပါစေ ရှားလော့နဲ့လီယမ်ကတော့ ဂရုမစိုက်နိုင်အား။

ယခုအချိန်မှာတော့ သူတို့နှစ်ဦး က စုံထောက်နဲ့ရာဇဝတ်အရှင်ဆိုတဲ့ အထင်ကရ ပုဂ္ဂိုလ်များမဟုတ် ။ သာမန် လီယမ်နဲ့ ရှားလီဟူသော ယောကျာ်းလေးနှစ်ယောက်သာဖြစ်၏။

"လူတစ်ယောက်ကိုချစ်မိရင် သွက်သွက်ခါအောင်ရူးတယ်ဆိုတာမကြားဖူးဘူးလား
ရှားလီ"

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာကြည့်တိုက်မှာ အစ်ကိုဖြစ်သူ
မိုက်ခရော့စကားက ယခုအချ်ိန်မှာတော့အကြွင်းမဲ့မှန်နေတာ ရှားလော့ဟုမ်းလက်ခံလိုက်ရပြီ။

နောက်ထပ် ခင်ဗျား ကိုကျုပ်အရှုံးပေးရပြန်ပြီပေါ့ ချီးထုပ်အစ်ကို

ကမ္ဘာသစ် အခေါ် နယူးယောက်မြို့ကိုဦးတည်နေတဲ့ သင်္ဘောကြီးကတော့ ပုံမှန်အတိုင်းခုတ်မောင်းနေလျက်~~

Ends!!!

Continue Reading

You'll Also Like

90.2K 9.5K 8
Associated Name - Wo Shi Yi Ge Alpha, 我是一个Alpha Author - Xin Shou Hua (信手话) Eng Translator - Silent Fish This is the offline reading and funtranslati...
5.9K 416 6
(###) : ဇာတ်လိုက်မ လာနေပြီလား လိပ်လေး : လာနေပြီ လာနေပြီ (###) ရယ်ကျဲကျဲ အပြုံးနဲ့ ကောင်းတယ်. ကိုယ်တော် အိပ်လိုက်ဦးမယ်. ကုတင်ပေါ်ရောက်ရင်နှိုးလိုက် ...
11.5K 1.1K 15
Start -22/2/22 End- Companula ပန်းလေးရဲ့အဓိပ္ပါယ်ကို မင်းသိရဲ့လား ညဥ့်...? အင်း။ထာဝရချစ်မြတ်နိုးသွားပါ့မယ်တဲ့။အချစ်စစ်နဲ့တွေ့တဲ့အခါ နားထဲမှာ ​ေခါင်းလ...
22.5K 3.7K 27
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...