ချန်လီကော ဆေးလိပ်သောက်ပြီးတော့
ဆေးလိပ်ကို မီးငြိမ်းလိုက်ပြီး ဘေးက
အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့သည်။
ထို့နောက်သူက ကားမောင်းရန်ပြင်လိုက်စဉ်
သူ့ရှေ့မှာ လာကာတဲ့လက်တစ်ဘက်ကို
မြင်လိုက်ရသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ ထိုလူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေသည်။
နိုင်ငံခြားသားက အဝါရောင်ဆံပင်ကို ခေါင်းပေါ်မှာစုစည်းထားပြီး မျက်ခုံကောင်းကောင်းနှင့်
စူးရှသောမျက်လုံးများ ရှိနေသည်။ သူက
အားလုံးပေါင်းလိုက်ရင် အလွန်တရာကိုချောမောသည်။သူက ပြုံးလိုက်ပြီး
"ဟယ်လို"ဟုပြောလာသည်။
ချန်လီကောက အသက်မဲ့စွာနဲ့ ဘာမှပြန်မပြောခဲ့...
"ကိုယ်နဲ့ ဝိုင်တစ်ခွက်လောက် သောက်ပေးဖို့
မင်းကိုဖိတ်ခွင့် ကိုယ့်မှာရှိမလား"
ထိုလူရဲ့ တရုတ်သံက ဝဲပေမယ့် နားလည်ရလွယ်သည်။သူ့မျက်နှာမှာလည်း တောက်ပစွာ ပြုံးထားလိုက်သည်။
ချန်လီကောက ပျင်းရိစွာနဲ့ ပြောလာသည်။
"အချိန်မရှိဘူး"
ထိုလူက အရှက်မဲ့စွာ ပြောလာပြန်သည်။
"ကိုယ့်နာမည်က အန်းဂတ်စ်လို့ခေါ်ပါတယ်၊
ဒါဆို မင်းဘယ်အချိန်အားမလဲဆိုတာရော
ကိုယ်သိလို့ရမလား???"
"ဘယ်အချိန်မှမအားဘူး"
ချန်လီကောက ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့ပေမယ့် ထိုလူက သူ့ကိုခေါ်ရင်း သူ့ခါးကိုကိုင်လာသည်။
"ငါ့ကိုလွှတ်စမ်း"
ချန်လီကောက အေးစက်စွာ ပြောလာသည်။
သူကဒီလိုပြောလိုက်ပေမယ့် အန်းဂတ်စ်ကတော့
ဆက်ဆွဲထားမည်ဟုထင်သော်လည်း ထိုလူက
သူ့လက်ကိုလွှတ်ချလိုက်ပြီး ပြောလာခဲ့သည်။
"စိတ်လျှော့ပါ"
ချန်လီကောက သူ့ကို တစ်ချက်ကြည့်လိုက်ရင်း
ကားသော့ကိုထုတ်ကာ ကားတံခါးကို ဖွင့်လိုက်သည်။
ဘယ်သူထင်မှာလဲ သူကားထဲကို ဝင်လိုက်တာနဲ့
သူနဲ့အတူ ကားထဲဝင်လိုက်ပြီး သူ့ကိုခုန်အုပ်လာခဲ့သည်။ချန်လီကောက သူ့ကိုကန်ထုတ်ခဲ့ပေမယ့်
အန်းဂတ်စ်က သေချာလေ့ကျင့်ထားပြီး ကန်ချက်ကို စိတ်ကိုမဝင်စားခဲ့ပါ။ချန်လီကောက
သေနတ်ထုတ်လာတော့ သူ့မျက်နှာက တင်းမာသွားခဲ့သည်။
အန်းဂတ်စ်က ဒေါသထွက်စွာ မေးလာခဲ့သည်။
"Cနိုင်ငံမှာ သေနတ်ကို တားမြစ်ထားတယ်
မဟုတ်ဘူးလား"
ချန်လီကောက သေနတ်နဲ့ သူ့ခေါင်းကို ချိန်ထားရင်း ပြောလာသည်။
"အင်းတားတော့တားမြစ်ထားတယ်၊ဒါပေမဲ့
ပြောကြည့်လေ ငါမင်းကို သတ်လို့ရမရ???"
အန်းဂတ်စ်က ခြောက်ခြားလာပြီး သဘောပေါက်လာတာက သူသံမဏိနံရံတစ်ခုကို ဝင်တိုက်မိတယ်ဆိုတာပင်။
သူထင်ခဲ့တာက လှပတဲ့နှင်းဆီပွင့်လေးတစ်ပွင့်ပေမယ့် ဘယ်သူသိမှာလဲ ဆူးတွေရှိနေမယ်လို့...
ချန်လီကောက အန်းဂတ်စ်ရဲ့ခေါင်းကို သေနတ်ဒင်နဲ့ အရှိန်ပြင်းစွာ ရိုက်လိုက်ရင်း မြေကြီးပေါ်လဲကျသွားတဲ့သူ့ကို အေးစက်စွာ ပြောလာသည်။
"အရင်တစ်ခေါက်က ငါ့ကိုဒီလိုဆက်ဆံခဲ့တဲ့
တစ်ယောက်လည်း မြေကြီးအောက်၅မီတာအကွာမှာ မြှုပ်ပြီးသားဖြစ်နေပြီ"
အန်းဂတ်စ်-"........."
"မင်းက အသက်အပိုပါတယ်ထင်တယ်"
ချန်လီကောရဲ့ စကားကို ကြားလိုက်ရတော့
တုန်လှုပ်လာပြီး ပြောလာသည်။
"အထင်လွဲတာပါ၊အထင်လွဲတာပါ"
"သွားတော့"
ချန်လီကောက အေးစက်စွာ အော်လာမှ
အန်းဂတ်စ်က တွားသွားပြီး ကားထဲကထွက်ကာ
ထွက်ပြေးသွားတော့သည်။
ချန်လီကောက သူ့ရဲ့နောက်ကျောပြင်ကို
ကြည့်လိုက်ရင်း ဝမ်းနည်းစွာ ပြောလာသည်။
"ဒီလူက ပျော့လိုက်တာ ဒါလေးတောင်မလုပ်နိုင်ဘူး"
system-မင်းဒီကမ္ဘာမှာ ယောက်ျားတိုင်းက
ပျော့ညံ့နေတာတွေပဲ တွေ့ရမှာ
ချန်လီကော-ဝူးဝူးဝူး ဒီအမှိုက် systemက သိပ်ကိုကပ်စေးနှဲတာပဲ၊သိပ်ကို ကပ်စေးနှဲတယ်
ဝူးဝူးဝူး
system-ဘေဘီ ဒီကမ္ဘာမှာ မင်းကသာ
အသန်မာဆုံးလူပဲ
ချန်လီကော- မင်းအဖေကြီးပဲ
သူက ကားထဲကို ဝမ်းနည်းစွာ ဝင်လိုက်ရင်း
သူ့နှလုံးသားထဲမှာ မျက်ရည်တွေပြည့်လာပြီး
အိမ်အပြန်လမ်းမှာ အပြင်ဘက်ကို မျက်ရည်တွေ စီးကျလာခဲ့သည်။
သူ့အိမ်ကိုရောက်တော့ ရေချိုးခန်းထဲဝင်ပြီး
အချိန်ကြာကြာ ငိုချခဲ့သည်။
ချန်လီကောက ငိုနေရင်းနဲ့ သူကိုယ်သူမှန်ထဲ
ပြန်ကြည့်လိုက်ရင်း ပြောလာသည်။
"ငါမလိုချင်ဘူး၊ငါမလိုချင်ဘူး၊ငါဒီလိုဘဝကြီးကို
မလိုချင်ဘူး"
system-ညီအစ်ကို၊ငါပေးတာပဲ မင်းရမှာပေါ့
ချန်လီကော-(ဒီအမှိုက်systemက အခုနောက်ပိုင်း ထူးဆန်းလာခဲ့သည်။သူ့ရဲ့ စကားပြောတဲ့ပုံစံက ပိုပိုပြီး ကြောက်စရာကောင်းလာခဲ့သည်။)
အဲဒီနေ့ကစပြီး ချန်လီကောက ရက်ပေါင်းများစွာ အိပ်ရာပေါ်မှာပဲ အိပ်နေခဲ့ပြီး သူ့လက်အောက်ငယ်သားတွေ အစီရင်ခံတာကိုလည်း အိပ်ရာထဲကပဲ နားထောင်ခဲ့သည်။
သူ့လက်အောက်ငယ်သားက သူ့သူဌေးရဲ့
သေးသွယ်တဲ့မေးစေ့လေး၊ဖွင့်လိုက်ပိတ်လိုက်
လုပ်နေသည့်မျက်လုံလေးများကြောင့် ချွေးတွေစို့လာပြီး သူ့ကိုယ်သူမှားကြောင်း ထပ်တစ်လဲလဲ
သတိပေးနေရသည်။ထို့နောက် ထိုလူက
ကလေးချေးပါတာက အစ ချန်လီကောကို
အစအဆုံးတင်ပြနေရပြီး နောက် ချန်လီကောက
သူ့ကို လက်ပြပြီး ထွက်သွားခိုင်းလိုက်သည်။
လက်အောက်ငယ်သားကပြောလာသည်။
"သူဌေး သူဌေးရဲ့ ကျန်းမာရေးကို ဂရိုစုက်သင့်တယ်"
"အမ်း ရာသီဥတုက ပူလာလို့ပါ"
လက်အောက်ငယ်သားက ချွေးပြန်လျက်
ပြောလာသည်။
"ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ် ရာသီဥတုက
အရမ်းပူလာတာ"
ချန်လီကောက အဲကွန်းကလာတဲ့လေကိုမကြိုက်ပေမယ့် သူဖွင့်ထားရသည်။သူကိစ္စတွေဖြေရှင်းနေရတာသာ မဟုတ်ရင် နိုင်ငံခြားကို နွရောသီအားလပ်ခရီးပို့ထားသည့် သူ့သမီးကို
ပြန်ခေါ်လာမှာဖြစ်သည်။
"ကောင်လေး"
ချန်လီကောက သတင်းပို့သူကို ပြောလာသည်။
"ဈေးဝယ်စင်တာကိစ္စကိုတော့ ရီဟွိုင်နဲ့
မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးကြပေါ့"
"ဟုတ်ကဲ့"
လက်အောက်ငယ်သားက အကြောက်တရားတွေနဲ့ ပြန်ဖြေခဲ့ပြီး တံခါးကိုပိတ်ပြီး အပြင်ဘက်ရောက်မှ အသက်ပုံမှန်ရှူလာနိုင်သည်။
အပြင်ဘက်က တံခါးကိုစောင့်နေတဲ့သူက
ထိုလူ့ပုံစံကိုမြင်တော့ မေးလာသည်။
"မင်းဘာဖြစ်လို့ ချွေးတွေဒီလောက်ထွက်နေရတာလဲ"
သူက ပြန်ဖြေလာသည်။
"သူဌေးက စိတ်ဆိုးနေတာကွ ငါသေတော့မလို့ပဲ
သူ့သေနတ်ကိုထုတ်ပြီး ငါ့ကို သတ်ပစ်တော့မလိုပဲ"
"အင်း" တံခါးစောင့်က ဆက်ပြောလာပြန်သည်။
"ငါကြားတာတော့ အရင်နေ့က ဘားမှာ သူ့ဆီကို
လူတစ်ယောက်လာနှောင့်ယှက်ကတည်းက
စိတ်မကြည်ဘူးတဲ့"
"အားယိုး"
သတင်းပို့တဲ့သူက အော်လိုက်ရင်း
"ဒါက တကယ့်ကို နတ်ဆိုးရဲ့စိတ်ကို လာဆွတာပဲ"
ထိုကိစ္စဖြစ်ပြီးတဲ့နောက် ရှန်းယွီချန်ဟာ လိင်တူစိတ်ဝင်စားတဲ့သူတွေဆို အသေမုန်းပါတယ်ဆိုပြီး မြေအောက်လောကထဲ ပြန့်လွင့်သွားသည်။
Note-part 2 is end!ညကြရင် စာသင်ရမှာမိုလို့
မတင်တော့ဘူးနော်🙏