သူရယ် ကျွန်တော်ရယ် ပန်းမြို့တ...

By KattKatt962

342K 35.8K 7.4K

အပိုင်ကြံတယ်ရဲ့ အဆက်ပါ More

P_1 (Uni)
P_1 (Zawgyi)
P_2 (Uni)
P_2 (Zawgyi)
P_3 (Uni)
P_3 (Zawgyi)
P_4 (Uni)
P_4 (Zawgyi)
P_5 (Uni)
P_5 (Zawgyi)
P_6 (Uni)
P_6 (Zawgyi)
P_7 (Uni)
P_7 (Zawgyi)
P_8 (Uni)
P_8 (Zawgyi)
P_9 (Uni)
P_9 (Zawgyi)
P_10 (Uni)
P_10 (Zawgyi)
P_11 (Zawgyi)
P_12 (Uni)
P_12 (Zawgyi)
P_13 (Uni)
P_13 (Zawgyi)
P_14 (Uni)
P_14 (Zawgyi)
P_15 (Uni)
P_15 (Zawgyi)
P_16 (Uni)
P_16 (Zawgyi)
P_17 (Uni)
P_17 (Zawgyi)
P_18 (Uni)
P_18 (Zawgyi)
P_19 (Uni)
P_19 (Zawgyi)
P_20 (Uni)
P_20 (Zawgyi)
P_21 (Uni)
P_21 (Zawgyi)
P_22 (Uni)
P_22 (Zawgyi)
P_23 (Uni)
P_23 (Zawgyi)
P_24 (Uni)
P_24 (Zawgyi)
P_25 (Uni)
P_25 (Zawgyi)
P_26 (Uni)
P_26 (Zawgyi)
P_27 (Uni)
P_27 (Zawgyi)
P_28 (Uni)🚨
P_28 (Zawgyi)🚨
P_29 (Uni)
P_29 (Zawgyi)
P_30 (Uni)
P_30 (Zawgyi)
P_31 (Uni)
P_31 (Zawgyi)
P_32 (Uni)
P_32 (Zawgyi)
P_33 (Uni)
P_33 (Zawgyi)
P_34 (Uni)
P_34 (Zawgyi)
P_35 (Uni)
P_35 (Zawgyi)
Final-1(Uni)
Final-1(Zawgyi)
Final-2 (Uni)
Final-2 (Zawgyi)

P_11 (Uni)

6.3K 1K 480
By KattKatt962

ဘေးမှာ သီဟနိုင်မရှိတဲ့အတွက် ကျွန်တော် အစောကြီး နိုးလာတယ်။ အပြင်မှာလည်း မှောင်နေသေးတာကြောင့် ဘယ်အချိန်ရှိပြီလဲလို့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ တအံ့တသြဖြစ်ရတယ်။ ကျွန်တော့်ဖုန်းရဲ့ မက်ဆေ့ဂျ်များဆိုတဲ့နေရာမှာ (99+)တဲ့။ ကျွန်တော့်ကို မက်ဆေ့ဂျ်ပို့မယ့်လူလည်း တစ်ယောက်မှမရှိပါဘူး။ ဘယ်လိုလုပ် (99+)ဖြစ်နေရတာပါလိမ့်။ စိတ်ရှုပ်ထွေးစွာနဲ့ ကျွန်တော်ဝင်ကြည့်လိုက်တယ်။

ဟမ်!! သီဟနိုင်ဆီကပါလား။ သူ ကျွန်တော့်ကို တစ်ခါမှ sms မပို့ဖူးပါဘူး။ အခုပို့ထားတာကလည်း (99+)တဲ့။ သူ တစ်ခုခုဖြစ်လို့များလား။ မဖြစ်နိုင်ဘူး။ သူသာ တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော့်ကို ဖုန်းဆက်မှာပေါ့။

သီဟနိုင် ဘာတွေများ ပို့ထားတာလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ကျွန်တော် ဝင်ကြည့်လိုက်တယ်။ ပို့ထားတဲ့ အစောင်ရေက အတော်လေးကို များပြားတာမို့ ဟိုးအထက်ကို အတော်လေးပြန်ဆွဲပြီး ကြည့်ရမှာဖြစ်တယ်။

ဟိုးအထက်ထိ ပြန်မဆွဲခင်မှာ သူ နောက်ဆုံးပို့ထားတဲ့ စာကြောင်းလေးကို မနေနိုင်စွာနဲ့ ကျွန်တော်က ဖတ်ကြည့်လိုက်တယ်။

🗨ချစ်တယ် အကိုသူရ❤

"!!!!!"

သူ.. သူ.. ဘာပြောထားတာလဲ ? ချစ်တယ် ? သီဟနိုင်က ကျွန်တော့်ကို ချစ်တယ် ?

ကျွန်တော် မယုံနိုင်စွာနဲ့ အခေါက်ခေါက်အခါခါ ပြန်ဖတ်မိတယ်။

🗨ချစ်တယ် အကိုသူရ❤
🗨ချစ်တယ် အကိုသူရ❤
🗨ချစ်တယ် အကိုသူရ❤

ရုတ်တရက် ကျွန်တော် သူ့အသံလေး ကြားချင်လာတယ်။ ဒါပေမယ့် မဖြစ်။ အခုမှ မနက်အစောကြီး ရှိသေးတာမို့ ဒီအချိန် ဖုန်းဆက်ရင် ကျွန်တော့်ကလေးလေး အိပ်ရေးပျက်သွားလိမ့်မယ်။

ကျွန်တော် သူပို့ထားတဲ့စာတွေဖတ်ဖို့ ဟိုးအထက်ကို ဆွဲပြီး သွားလိုက်တယ်။ ကျွန်တော့်ကလေးလေး ဘာတွေများ ပို့ထားလေသလဲ?

🗨အကိုသူရရေ

🗨ဒီနေ့တော့ စစ်ကိုင်းမှာ မိုးအုံ့နေတယ်။ မိုးအုံ့နေတော့ နေရတာ ပြင်ဦးလွင်လိုလို ဘာလိုလိုနဲ့ တကယ် နေလို့ကောင်းပဲ

🗨ကျွန်တော် မပါဘဲနဲ့ ခင်ဗျားတစ်ယောက်တည်း ခြံကို မသွားနဲ့နော်

🗨ခြံရောက်ရင် ဟိုကောင်နဲ့တွေ့နေမှာမို့ ကျွန်တော် ခင်ဗျားကို စိတ်မချဘူး

🗨ကေျာင်းပိတ်ရက်တိုင်း ကျွန်တော် ခင်ဗျားဆီ လာနေဖို့ ဆုံးဖြတ်ထားတယ်။

🗨အဲ့ဒါကြောင့် သောကြာနေ့တိုင်း ခင်ဗျား ကျွန်တော့်ကို လာခေါ်နော်

🗨တနင်္လာနေ့ မနက်စောစောကျမှ ကျွန်တော့်ကို ပြန်ပို့ပေါ့

🗨ကျွန်တော်ရှိနေတဲ့ရက်တွေမှာ ကျွန်တော်တို့နှစ်ယောက်နေဖို့အတွက် အိမ်ဆောက်ဖို့ကို ခင်ဗျားလုပ်နိုင်တယ်

🗨ကျွန်တော်မရှိတဲ့ရက်တွေမှာတော့ အဲ့ခြံဘက်ကို ခင်ဗျား ခြေဦးတောင် မလှည့်ပါနဲ့

🗨တကယ်လို့ လှည့်ခဲ့ရင် ကျွန်တော် ခင်ဗျားကို စိတ်ကောက်မှာနော်

🗨လွယ်လွယ်နဲ့ ပြန်ပြေမှာ မဟုတ်ဘူး

🗨ကျွန်တော် ခင်ဗျားရဲ့ အချစ်ဦး မစံပယ်ဆိုတာနဲ့ ကျောင်းမှာ တွေ့သေးတယ်သိလား

🗨အဲ့အစ်မက ဟိုကောင် ဇာနည်တို့မေဂျာက ဆရာမ

🗨ကျွန်တော်တို့ အဖွဲ့လိုက်ကြီး ထိုင်နေကြတဲ့အချိန်မှာ အဲ့ဆရာမက ကျွန်တော်တို့အရှေ့ကနေ ဖြတ်သွားတာ။ ဇာနည်ကမြင်တော့ နှုတ်ဆက်တာပေါ့။သူတို့ဆရာမကိုး။ ပြီးတော့ အဲ့ကောင်က မမစံပယ်ကို လိုက်နေတာ

🗨ကျွန်တော့်ကိုလည်း ခင်ဗျားက မိတ်ဆက်ပေးထားတော့ ကျွန်တော်လည်း သူ့ကိုတွေ့တော့ မသိချင်ယောင်ဆောင်နေလို့ မရဘူးလေ

🗨အဲ့ဒါကြောင့် ကျွန်တော်ကပါ သူ့ကိုနှုတ်ဆက်လိုက်တာ

🗨အဲ့တော့ ကျွန်တော်နဲ့ဇာနည်က သူငယ်ချင်းတွေဆိုတာကို မမစံပယ်က သိသွားရော

🗨နောက်တော့ သူတို့နှစ်ယောက် အတွဲဖြစ်သွားကြတော့တာပဲ

🗨တစ်ရက်ကျတော့ ကျွန်တော်က နောက်ဆုံးမှ စားနေကျဆိုင်ကို ရောက်လာတယ်။ ထိုင်စရာနေရာကလည်း ဇာနည်ရဲ့ဘေးက တစ်ခုံပဲလွတ်တယ်။ အဲ့တော့ အဲ့ခုံမှာပဲ ဝင်ထိုင်လိုက်တယ်။

🗨ကျွန်တော်ထိုင်လိုက်တာနဲ့ မမစံပယ်က ဇာနည်လို့ ခေါ်လိုက်တယ်။ ပြီးတော့ နေရာရွေ့ခိုင်းတယ်။

🗨ကျွန်တော်အပါအဝင် သူငယ်ချင်းတွေအားလုံးက မမစံပယ်ကို နားမလည်တဲ့မျက်နှာပေးတွေနဲ့ ဝိုင်းကြည့်ကြတယ်။

🗨အဲ့မှာ မမစံပယ်က အပေါင်းအသင်းကလည်း အရေးပါတယ်ဆိုပြီး ပြန်ပြောတယ်

🗨သဘောကတော့ ကျွန်တော်နဲ့ မပေါင်းနဲ့ဆိုတဲ့သဘောပေါ့ဗျာ

🗨ဒါကို ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး သဘောပေါက်ကြတယ်

🗨ကျွန်တော်အပါအဝင် ကျန်တဲ့ကောင်တွေအားလုံးက ဇာနည်ကို စော်မပိုင်တဲ့ကောင်ဆိုပြီး ဖယ်ကြဥ်ကြတယ်

🗨အဲ့ကောင် ကြာတော့ မနေနိုင်တော့ဘူး။ နောက်တော့ ကျွန်တော်တို့ဆီကို ပြန်ရောက်လာတော့တာပဲ

🗨သူတို့အတွဲပြတ်ရတာ ကျွန်တော့်ကြောင့်ပါဆိုပြီး မမစံပယ်က စွပ်စွဲတယ်

🗨ဒါပေမယ့် ကျွန်တော့်ကို တိုက်ရိုက်ပြောတာမဟုတ်တော့ ကျွန်တော်လည်း ဂရုစိုက်မနေဘူး

🗨အဲ့လိုနဲ့ မတွေ့ဖြစ်ကြတော့ပြန်ဘူးပေါ့ဗျာ

🗨တစ်ရက်မှာတော့ ကျွန်တော်တို့ ထပ်တွေ့ကြတယ်

🗨အဲ့နေ့က ကျွန်တော်တစ်ယောက်တည်း အအေးဆိုင်မှာ ထိုင်နေတာ

🗨မမစံပယ်တို့အဖွဲ့က နောက်မှ ရောက်လာပြီး ကျွန်တော့်ဘေးကဝိုင်းမှာ ဝင်ထိုင်ကြတယ်

🗨မမစံပယ်နဲ့ နောက်ထပ် ကောင်မလေးငါးယောက်။ စုစုပေါင်း ခြောက်ယောက်ရှိတယ်

🗨အဲ့မှာ မမစံပယ်က စကားစတယ်။ ရည်းစားထားရင် သေချာကြည့်ပြီးထားကြတဲ့။ တချို့တွေက မထင်ရဘူး။ ကျိတ်ပြီးခြောက်နေကြတာတဲ့

🗨သူ ကျွန်တော့်ကို ရွဲ့ပြီးပြောနေတာ ကျွန်တော်သိတယ်

🗨ကျွန်တော်က ခင်ဗျားနဲ့ယူထားတော့ သူပြောသလို အခြောက်ပေါ့ဗျာ။ ဒါက မှန်တဲ့စကားမို့ ကျွန်တော်က မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်

🗨နောက်တော့ သူက ထပ်ပြောတယ်

🗨တချို့အခြောက်ကလေးတွေက အရမ်းချစ်စရာကောင်းတယ်တဲ့။ ပြီးတော့ အဲ့ချစ်စရာကောင်းမှုနဲ့ပဲ ယောက်ျားတွေကို မြှူဆွယ်ကြတာ အရမ်းရွံစရာကောင်းတာပဲတဲ့

🗨အဲ့လိုပြောတာနဲ့ မပြီးဘူး။ မမစံပယ်က တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်တော့်ကို လှမ်းပြီးတော့ နှုတ်ဆက်တယ်ဗျာ

🗨သီဟနိုင်လားတဲ့။ သူ ကျွန်တော့်ကို မမြင်လို့ ပြောမိတာပါတဲ့။ စိတ်မကောင်းမဖြစ်ပါနဲ့တဲ့။ သူက ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူးတဲ့လေ

🗨အကိုသူရ ခင်ဗျားပြော ကျွန်တော် စိတ်မတိုသင့်ဘူးလား

🗨နောက်တော့ သူက ကျွန်တော့်ကို ထပ်ပြီးတော့ မေးတယ်

🗨တစ်ယောက်တည်းလား။ အမျိုးသား မပါဘူးလားတဲ့

🗨သူ့သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ဝိုင်းကြည့်ကြတာပေါ့ဗျာ

🗨ကျွန်တော် ယောက်ျားယူထားတယ်ဆိုတော့ သူတို့လည်း အံ့သြနေမှာပေါ့

🗨ကျွန်တော် သူ့သူငယ်ချင်းတွေကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး မမစံပယ်ရဲ့ တစ်ယောက်တည်းလား အမျိုးသားမပါဘူးလားဆိုတဲ့ အမေးကို ပြန်ဖြေလိုက်တယ်

🗨ဟုတ်ကဲ့။ ကျွန်တော် တစ်ယောက်တည်းဗျ။ မမစံပယ်ရဲ့ အချစ်ဦးကြီး ကျွန်တော့်အမျိုးသား အကိုသူရကတော့ လိုက်ပို့ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့ခများ အလုပ်တွေနဲ့ ပင်ပန်းနေရှာတော့ ကျွန်တော်က မပို့ခိုင်းရက်ဘူးလေ။ ပြီးတော့ မမစံပယ်နဲ့လည်း တွေ့မှာစိုးလို့။ သြ... ကျွန်တော်ကြောက်လို့ တွေ့မှာစိုးရိမ်တာ မဟုတ်ဘူးနော်။ အကိုသူရက ကျွန်တော့်ကို အရမ်းချစ်၊ အရမ်းဂရုစိုက်တော့ မမစံပယ် စိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ။ အကိုသူရက ကျွန်တော့်ကို အရမ်းယုယနေတာကို မမစံပယ် မမြင်စေချင်ဘူးလေ။ ဘယ်လောက်ပဲ မမရဲ့ ရည်းစားဟောင်းပဲဖြစ်နေပါစေ ကျွန်တော် အားနာတယ်။ မိန်းကလေးတစ်ယောက် သိမ်ငယ်နေမှာကို ကျွန်တော်က မမြင်ရက်ဘူး။

🗨အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဇာနည်ဆီကနေ ဖုန်းက ဝင်လာပါရော

🗨ကျွန်တော်လည်း ကိုင်လိုက်ပြီး ဇာနည်လည်းပြောချင်ရာပြော ကျွန်တော်လည်း ပြောချင်ရာတွေ ပြောနေလိုက်တာ

🗨အေး ဇာနည်ပြောဆိုတော့ မမစံပယ်က နားစွင့်တယ်

🗨ဘာ! မင်း ကောင်လေးတစ်ယောက်ကို ကြိုက်နေမိပြီ ဟုတ်လား

🗨မကြိုက်နဲ့ မကြိုက်နဲ့ ဟေ့ကောင်

🗨ဟ! ဘာဖြစ်ရမှာလဲ။ မင်းနဲ့တွဲမယ့် ကောင်လေးကို သနားလို့ပေါ့ကွ

🗨ဘာလို့သနားရမှာလဲ။ မင်းက အတည်ချစ်တာ ဟုတ်လား

🗨အဲ့ဒီ အတည်ဆိုတာကြီးကို ပိုကြောက်တာ ငါ့ကောင်ရာ

🗨ဟ! ဘာဖြစ်ရမှာတုန်း။ မင်းက သူနဲ့ တွဲပြီပဲထားလိုက်ပါတော့ မင်းရည်းစားဟောင်းတွေက သူ့ကို ဘယ်လိုမြင်ကြမလဲ

🗨ကေျာင်းတကာပတ်ပြီး အတင်းတုတ်ခံရမှာ ငါ့ကောင်ရေး

🗨ဘာ! မင်းရည်းစားဟောင်းတွေက စိတ်ကောင်းရှိကြပါတယ် ဟုတ်လား

🗨ဟားဟားဟား

🗨ဟုတ်ပါပြီကွာ မင်းပြောသလို စိတ်ကောင်းရှိကြတယ်ပဲ ထားလိုက်ပါတော့။ စိတ်ကောင်းမရှိတဲ့ တစ်ယောက်ကိုတော့ ငါက သိတယ်

🗨ဘယ်သူကမှာတုန်း။ ဟို စံပယ်ပန်းအရမ်းကြိုက်တဲ့ ဖြူဖြူဆိုတဲ့ကောင်မလေးလေ

🗨ကျွန်တော်ပြောလိုက်တော့ မမစံပယ်ရဲ့မျက်နှာကြီး မည်းမှောင်သွားတာ ခင်ဗျားကို မြင်စေချင်လိုက်တာ

🗨အဲ့နောက်ပိုင်းတော့ ကျွန်တော်နဲ့ မမစံပယ်တို့ တစ်ခါမှ မတွေ့ဖြစ်ကြတော့ဘူး

🗨အကိုသူရ ခင်ဗျားပြော ဒီကိစ္စမှာ ကျွန်တော်လွန်လား

🗨ကျွန်တော်က ကျွန်တော့်ပါသာ အေးအေးနေတာကို သူက အရင် လာပြီး ရန်စတာနော်

🗨ကျွန်တော့်အလွန်လို့ပြောရင် ခင်ဗျားသေမယ်

🗨ဒါနဲ့ ကျွန်တော် စပျစ်သီးကို ခဲပြီးစားချင်လိုက်တာ

🗨ကျွန်တော့်ကို နောက်နေ့ကျ လုပ်ကျွေးဦး

🗨နဂါးမောက်သီးရောပဲ

🗨စတော်ဘယ်ရီသီးပါ ထည့်လိုက်ဗျာ

🗨အကိုသူရ

🗨ခင်ဗျား ကျွန်တော့်ကို လွမ်းလားဟင်

🗨ကျွန်တော်ကတော့ ခဏခဏ ခင်ဗျားကို သတိရနေတာ

🗨ကျွန်တော် ဒီတစ်ခါ ပြင်ဦးလွင်လာရင် တိမ်ပင်လယ် သွားကြရအောင်

🗨ကိုကို လိုက်ပို့နော်

"....."

ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ သီဟနိုင်ကတော့ကွာ။ ကျွန်တော့်ကို အမျိုးမျိုး သေကြောင်းကြံစည်နေတော့တာ

"အခုချက်ချင်းကို ပြေးလာချင်မိပြီကလေးရာ"

အခုချက်ချင်း သီဟဆီ ပြေးသွားလိုက်ပြီး "အတတ်လေး အတတ်လေး"ဆိုပြီး တအားလုပ်ပစ်ချင်တော့တာ။

"ရူးပြီ သီဟရေ.... ဒီကောင်ကြီး ရူးပြီ"

🗨ခင်ဗျား ရင်ခုန်သွားတယ်မလား ဟဲဟဲ

🗨ကျွန်တော် ကျောင်းပြီးရင် ဘာအလုပ်လုပ်ရင် ကောင်းမလဲ

🗨သင်ထားတဲ့ ပညာတွေနဲ့ လုပ်မစားဘဲ ခင်ဗျားနဲ့အတူတူ ခြံအလုပ်ပဲလုပ်ရင်ကောင်းမလား

🗨ခင်ဗျားသဘောကရော

🗨ခင်ဗျားက ကျွန်တော်အမျိုးသားဆိုတော့ ခင်ဗျားသဘောကိုလည်း သိချင်သေးတယ်

🗨ဒါမှမဟုတ် ကျွန်တော် အိမ်မှာပဲနေပြီး အိမ်ရှင်ထီးလုပ်ရင် ကောင်းမလား

🗨ဒါနဲ့လေ ကျွန်တို့တို့ ခြံထဲမှာ ရေတံခွန်အတုလေး ထည့်ကြမလား

🗨မဖြစ်သေးပါဘူး

🗨အကိုသူရ

🗨ကျွန်တော်တို့ အိမ်ခွဲနေတဲ့အခါကျရင် ကျွန်တော့်ကို စက်ဘီးတစ်စီး အရင်ဝယ်ပေးနော်

🗨ကျွန်တော် ခြံထဲမှာ မနက်တိုင်း ပတ်စီးချင်လို့

🗨ပြီးရင် ဆိုင်ကယ်တစ်စီးရော ဝယ်ပေးဦး

🗨ကျွန်တော် စစ်ကိုင်းပြန်တဲ့အခါကြရင် အဲ့ဆိုင်ကယ်နဲ့ပြန်မယ်

🗨ကားတော့ ကျွန်တော်မစီးချင်ဘူး

🗨အဲ့ဒါကြောင့် ကားမဝယ်နဲ့နော်

🗨တစ်ရက်ရက်ကျရင် ကျွန်တော်တို့ ရထားစီးပြီး ကလောကို အလည်သွားရအောင်

🗨သွားရအောင်နော် ကိုကို

🗨လိုက်ပို့မယ်မလား

🗨ကျွန်တော်ပို့နေတာ ဘယ်နှစ်စောင်ရှိနေပြီလဲ ရေကြည့်ဦးမယ်

🗨အခုတစ်စောင်နဲ့ဆို ကိုးဆယ့်ငါးစောင်ရှိပြီ

🗨ကျွန်တော် sms အစောင်ရေ (100)ပေါက်ထားတာ

🗨မပို့လိုက်ရရင် အရမ်းနှမြောဖို့ကောင်းလို့ ခင်ဗျားကို ထိုင်ပို့နေတာ

🗨ကဲ အစောင်ရေပြည့်တော့မယ်

🗨အကိုသူရရေ။ ကောင်းသောနေ့လေး ဖြစ်ပါစေဗျာ

🗨ချစ်တယ် အကိုသူရ❤

30.11.2021

Continue Reading

You'll Also Like

2.7M 147K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
6.6M 432K 94
Hanary Victor + Loon Tar Nay San
220K 15.4K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
2.3M 172K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...