ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

843K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.8.14

2.8K 479 49
By devil61002

ေလာ့ကြၽင္းသည္ မထိန္းခ်ဳပ္ႏိုင္ေတာ့သၫ့္ စြမ္းအင္မ်ားေၾကာင့္ ေမ့လဲသြားေတာ့သည္ ။ သူျပန္သတိရလာသၫ့္ အခ်ိန္တြင္ ကုတင္‌တစ္ခုေပၚသို႔ ေရာက္ေနခဲ့ၿပီ ျဖစ္သည္။ " ရွီရႈံး .. သူ ငါ့ကို ျပန္ေခၚလာတာလား .."

သူ႔ဆရာျဖစ္သူသည္ ‌ၿခံဝင္းတစ္ခုတြင္ ထိုင္လ်က္ ခ်န္းယန္အား သင္ၾကားေပးေနခဲ့သည္ ။ ေလာ့ကြၽင္း၏ အၾကၫ့္သၫ့္ ဓားတစ္လက္ကို ‌ကိုင္ေဆာင္ထားသၫ့္ ခ်န္းယန္ထံသို႔ အၾကၫ့္ေရာက္သြားခဲ့၏ ။ လႈပ္ရွားမႈတိုင္းသည္ ညင္သာေသာ္လည္း မၿပိဳလဲႏိုင္သၫ့္ တံတိုင္းတစ္ခုအား ခိုင္ၿမဲကာ စြမ္းအင္မ်ား တည္ၿငိမ္ေနသည္။ ေလာ့ကြၽင္း၏ မ်က္ႏွာထက္တြင္ စိတ္သက္သာရာ ရသြားသၫ့္ အၿပံဳးတစ္ခုေပၚလာကာ ခ်န္းယန္အေရ႔ွသို႔ ေျပးသြားလိုက္၏ ။

" ရွီရႈံး .. ကြၽန္ေတာ္တို႔ ဘယ္လိုျပန္ေရာက္လာတာလဲ " ေလာ့ကြၽင္းက သူ႔အား ေၾကာင္ၾကၫ့္ေနသၫ့္ သူေၾကာင့္ ေၾကာင္အသြားကာ ခပ္ေဖ်ာ့ေဖ်ာ့ ၿပံဳးလိုက္သည္ ။

" ရွီရႈံး .. ဘာျဖစ္လို႔လဲ.. အိုးး ရွစ္ရႈံး မ်က္လံုးေတြ ျပန္ေကာင္းသြားၿပီဘဲ .." ေလာ့ကြၽင္းက သူ႔အား စိမ္းသက္သက္ၾကၫ့္‌ေနသၫ့္ မ်က္ဝန္းမ်ားအား လက္လွမ္းၾကၫ့္ရန္ ျပင္လိုက္သည္။

အာ့ .

ေလာ့ကြၽင္းက အလ်င္စလိုျပန္ရုတ္လိုက္ရသၫ့္ သူ႔လက္အား မယံုၾကည္ႏိုင္စြာ ျပန္ၾကၫ့္လိုက္မိသည္။ ဓားဒဏ္ရာမွ စီးက်လာသၫ့္ ေသြးမ်ားက ခ်န္းယန္သည္ သူ႔အား ဓားျဖင့္ တိုက္ခိုက္လိုက္ျခင္းအား သက္ေသျပလ်က္ ။

ေလာ့ကြၽင္းသည္ ရုတ္တရက္ ရင္ထဲဆို႔နင္လာသလို ခံစားရသည္ ။ သူက အားတင္းကာၿပံဳးလိုက္ၿပီး " ရွစ္ရႈံး.. ဘာမ်ားျဖစ္လို႔လဲဟင္ .. ကြၽန္ေတာ့္ေၾကာင့္ လ်ိဳ႕ဝွက္နယ္ေျမထဲ ေရာက္သြားလို႔ စိတ္‌ဆိုးေနတာလား .."

" ကြၽန္ေတာ္ ကတိေပးတယ္ေနာ္ .. ေကာင္းေကာင္းေလ့က်င့္မွာမို႔ .. ေနာက္တစ္ခါ မျဖစ္ေစရေတာ့ဘူးေနာ္ .." ေလာ့ကြၽင္းသည္ သူ႔အား စိမ္းသပ္သက္ၾကၫ့္ရင္း လည္ပင္းထက္သို႔ ဓားနဲ႔ ခ်ိန္ရြယ္ရသၫ့္ လူေၾကာင့္ ကူကယ္ရာမဲ့လာခဲ့သည္ ။

" ရွစ္ရႈံး .. ကြၽန္ေတာ့္ကို အဲ့လို မၾကၫ့္ပါနဲ႔လားဟင္ .. " ႏွလံုးသားမွ နာက်င္မႈေၾကာင့္ သူက ၿပိဳေတာ့မဲ့မိုးလိုျဖစ္လာသၫ့္ မ်က္ႏွာ အမႈအရာအား မထိန္းႏိုင္လိုက္ေတာ့ေပ ။ သူက တစ္ဖက္လွၫ့္လိုက္ၿပီး " ဆရာ .. ဆရာ .. ရွစ္ရႈံးကို ေျပာပါဦး .."

" မင္း ဘယ္သူလဲ .." ေအးစက္စြာ ေမးလာသၫ့္ လူေၾကာင့္ သူ႔အမႈအရာက ေအးခဲသြားခဲ့သည္ ။ ေလာ့ကြၽင္းက အေရ႔ွတိုးရန္ျပင္လိုက္ခ်ိန္ ဘယ္ဘက္ရင္အံုအား ခ်ိန္ရြယ္လာသၫ့္ ဓားသြားေၾကာင့္ ရပ္တန႔္လိုက္ရသည္ ။

" ရွစ္ရႈံး .. ကြၽန္ေတာ္ေလ.. ေလာ့ကြၽင္း " သူ ေျပာလို႔ မဆံုးခင္ ဓားခ်သြားသၫ့္ သူေၾကာင့္ ေလာ့ကြၽင္းက မ်က္ရည္မ်ားၾကားမွ ၿပံဳးလိုက္သည္ ။ သည္အခ်ိန္တြင္ ခ်န္းယန္၏ မ်က္ႏွာထက္တြင္ သူ႔အား ၿပံဳးျပေနၾက ခပ္ဖြဖြအၿပံဳးေလး ေပၚလာခဲ့သည္ ။ သူ၏ ႏူတ္ခမ္းပါးမွ " ညီငယ္ေလး .." ဆိုသၫ့္ အသံုးအႏႈန္းေၾကာင့္ ေလာ့ကြၽင္းက စိတ္သက္သာရာ ရသြားသလို ခံစားလိုက္ရသည္ ။ ခ်န္းယန္သည္ ဓားကို သိမ္းကာ ခပ္ဖြဖြ ၿပံဳးလ်က္ ေရ႔ွသို႔ တိုးလာေသာေၾကာင့္ ေလာ့ကြၽင္းက ေပြ့ဖက္ရန္ ေျခလွမ္းလိုက္သည္ ။ ' ငါ ထင္သားဘဲ ... ရွစ္ရႈံးက ငါကို ေနာက္ေနတာ .. သူ ငါ့ကို ဘယ္ေတာ့မွ ေမ့မွာ မဟုတ္..'

သူ႔အေတြးမ်ားမဆံုးလိုက္ခင္ပင္ ခ်န္းယန္၏ ပံုရိပ္သည္ သူ႔အား ေက်ာ္တက္သြားခဲ့သည္ ။ ေတာင့္တင္းေနသၫ့္ ခႏၶာကိုယ္အား အားတင္းလ်က္ ေနာက္သို႔လွၫ့္ၾကၫ့္လိုက္သည္။  အျပာေရာင္ဝတ္စံုနဲ႔ လူငယ္တစ္ေယာက္အား ေပြ့ဖက္ေနသၫ့္ ခ်န္းယန္အား ေတြ့လိုက္ရျခင္းေၾကာင့္ သူ႔ေျခေထာက္မ်ားပင္ မခိုင္ေတာ့ဘဲ ေျမျပင္ေပၚသို႔ လဲက်သြားခဲ့သည္ ။ ခ်န္းယန္သည္ ထိုသူအား " ညီငယ္ေလး " ဟု ေခၚေနခဲ့ၿပီး အလြန္ရင္းႏွီးေနသၫ့္ ပံုပင္ ။

သူက ဝရုန္းသုတ္ခ ထရပ္လိုက္ၿပီး ခ်န္းယန္၏ လက္အား ဆြဲလိုက္ကာ " ရွီရႈံး .. သူမဟုတ္ဘူး .. သူက ရွီရႈံးရဲ့ ညီ မဟုတ္ဘူး .. သူ လိမ္ေနတာ .." သူ႔စကားအဆံုး ျပန္ရလိုက္သည္က ေအးစက္လြန္းသၫ့္ အၾကၫ့္ပင္ ။ ခ်န္းယန္သည္ ေနာက္ဆံုးတြင္ သည္းခံႏိုင္စြမ္း ကုန္ဆံုးသြားသၫ့္ အလား သူ႔လက္ကို ဆြဲျဖဳတ္လာကာ ေဒါသတႀကီး ေျပာလာသည္ ။ " မင္း ဘာေျပာတာလဲ .. ငါ့ ရွစ္တိ အျဖစ္ ဟန္ေဆာင္ေနတာတင္ အေတာ္လြန္ေနၿပီ .. အခုသူ႔ကို အတု ဆိုၿပီး ေျပာလိုက္တာလား ..ေသခ်င္ေနတာဘဲ .."

" ငါက ရွစ္ရႈံးရဲ့ ဆရာတူညီေလး ဘဲ .. မင္းက အတု " အျပာေရာင္ဝတ္စံုနဲ႔ လူငယ္ေလးက သူ႔အား ေလွာင္ေျပာင္သၫ့္ မ်က္ႏွာထားျဖင့္ ေျပာလာသည္ ။

ထိုင္ေနသၫ့္ ဟန္ရဲ့ကလည္း အထင္ေသးသၫ့္ မ်က္ႏွာျဖင့္ " မင္းက ငါ့တပၫ့္မဟုတ္ဘူး .. မင္းက အတု .."

" မင္းက အတု .. "

" မင္းက ငါ့တပၫ့္ မဟုတ္ဘူး "

" မင္းက အတု .."

ေလာ့ကြၽင္းသည္ အထပ္ထပ္ၾကားေနရသၫ့္ စကားမ်ားေၾကာင့္ နားႏွစ္ဖက္ကို အုပ္ကိုင္လိုက္ကာ ေအာ္ဟစ္လိုက္သည္ ။ " မဟုတ္ဘူး ... မဟုတ္ဘူး .. မင္းတို႔ လိမ္ေနတာ .. ငါက အတု မဟုတ္ဘူး .." သူ႔အား စိမ္းသက္သက္ၾကၫ့္ေနသၫ့္ ခ်န္းယန္အား ၾကၫ့္လိုက္ရင္း " မဟုတ္ဘူး .. ရွစ္ရႈံး.. ကြၽန္ေတာ့္ကို ယံု .. ကြၽန္ေတာ္က အတု မဟုတ္ဘူး .."

သူ ဘယ္ေလာက္ေျပာေနပါေစ ခ်န္းယန္သည္ သူ႔အား လစ္လ်ဳရႈသၫ့္ အၾကၫ့္တစ္ခ်က္သာ ေပးထားခဲ့ၿပီး ထြက္သြားခဲ့သည္ ။ သူ ဘယ္ေလာက္ေအာ္ေခၚေနပါေစ တစ္ခ်က္ေလးပင္ လွၫ့္ၾကၫ့္မလာခဲ့ေပ ။ ေလာ့ကြၽင္းက သူ႔ရင္ဘတ္အား ဖိအားရင္း " ရွီရႈံး " ဟုသာ ထပ္တလဲလဲ ေခၚေနခဲ့သည္ ။ သို႔ေသာ္ ျဖဴလြလြ ပံုရိပ္ေလးသည္ တေရြ့ေရြ့ျဖင့္ အေဝးသို႔ ေပ်ာက္ကြယ္သြားခဲ့သည္ ။ သူ႔ ပတ္ဝန္းက်င္တြင္ " မင္းက အတု " ဆိုသၫ့္ စကားလံုးမ်ားသာ ပဲ့တင္ထပ္ေနခဲ့သည္။

" ရွစ္ရႈံး!!! ရွစ္ရႈံး!!! ကြၽန္ေတာ့္ကို ထားမသြားပါနဲ႔ .. ကြၽန္ေတာ္က ဟန္ေဆာင္ေနတာ မဟုတ္ဘူး .."

" ေရွာင္ေလာ့ .. ေရွာင္ေလာ့ .. သတိထားဦး .. ရွစ္ရႈံး ရိွတယ္ .. "

ေလာ့ကြၽင္းသည္ သူ႔ေဝဝါးေနသၫ့္ အၾကၫ့္မ်ားမွ ရင္းႏွီးေနသၫ့္ ခပ္ဝါးဝါးပံုရိပ္ကို ေတြ့လိုက္ရ၏ ။ အျမင္မ်ား ၾကည္လင္သြားခ်ိန္တြင္ ေတြ့လိုက္ရသည္က ခ်န္းယန္သည္ သူ႔လက္မ်ားအား စိုးရိမ္တႀကီး ဆုပ္ကိုင္ထားသည္ကိုပင္ ။ ပတ္ဝန္းက်င္တြင္ အလင္းရေနၿပီျဖစ္ၿပီး ခ်န္းယန္၏ မ်က္လံုးမ်ားကိုအျဖဴေရာင္ႀကိဳးျဖင့္ ထပ္မံ စည္းေနွာင္ထားခဲ့ၿပီ ျဖစ္သည္ ။

' အိမ္မက္လား ?? '

သူက စိတ္လႈပ္ရွားမႈကို မထိန္းႏိုင္ေတာ့ဘဲ မ်က္ရည္မ်ား စီးက်လာေတာ့သည္ ။ ' ကံေကာင္းလို႔ .. ကံေကာင္းလို႔ .. ငါ ဒီလူကို ဆံုးရႈံးခဲ့ရၿပီ ထင္ေနခဲ့တာ .. ေတာ္ေသးတာေပါ့ အိမ္မက္ျဖစ္ေနလို႔ ..' အိမ္မက္သည္ အစစ္အမွန္ဆန္လြန္းလွ၍ သူ႔ရင္တြင္းမွ နာက်င္မႈသဲ့သဲ့ပင္ က်န္ရစ္ေနခဲ့ေသးသည္ ။ အနည္းငယ္သာ ေနာက္က်ပါက သူက ထိုနာက်င္မႈမ်ားနဲ႔အတူ အိမ္မက္ထဲတြင္ ပိတ္မိေနခဲ့ေလာက္၏ ။

ခ်န္းယန္က ေလာ့ကြၽင္း၏ မ်က္ႏွာအား ထိလိုက္ၿပီး မ်က္ရည္တို႔ကို သုတ္ေပးလိုက္ကာ " ဘာငိုစရာမ်ား ရိွလိုလဲ .. မင္းရွစ္ရႈံးက မေသေသးပါဘူး .." သူက စေနာက္လိုက္ေသာ္လည္း ထိုသည္က ေလာ့ကြၽင္းအား ပိုဆိုးသြားေစခဲ့သည္။

ေလာ့ကြၽင္းက ခ်န္းယန္အား တင္းၾကပ္စြာ ဖက္ထားလိုက္သည္။ သူက အနည္းငယ္ ညိုးငယ္ေနသၫ့္ အသံျဖင့္ " ရွစ္ရႈံး !. ကြၽန္ေတာ့ကို ထားသြားတယ္ .."

ခ်န္းယန္က အျပင္ဖက္တြင္ သူ႔ပံုရိပ္ကို ထိန္းသိမ္းကာ ညင္သာစြာ ၿပံဳးေနေသာ္လည္း စိတ္ထဲတြင္ က်ိန္ဆဲေနခဲ့သည္ ။ ' ခ်ီး!!.. ေသာက္က်ိဳးနည္း ပံုရိပ္ေယာင္ အစီအရင္ .. တစစီ လုပ္ပစ္ခဲ့ဦးမယ္ .. '

သူက ေလာ့ကြၽင္း၏ ပုခံုးအား ညင္သာစြာ ပုတ္ေပးရင္း ခပ္ဖြဖြေျပာလိုက္၏ ။ " ကိုယ္က လက္တြဲေဖာ္ကို ထားသြားရေလာက္ေအာင္ ေတာ္ေတာ္ေလး မေကာင္းတဲ့ ပံုေပါက္ေနတာလား .." သူ႔ မ်က္ႏွာေလးက တစ္ခ်က္ရႈံမဲ့သြားကာ ေၾကကြဲဝမ္းနည္းေနသၫ့္ ပံုေပါက္သြားခဲ့သည္ ။

လက္တြဲေဖာ္???

ေလာ့ကြၽင္း၏ ဝမ္းနည္းမႈေလးက ခ်န္းယန္၏ စကားေနာက္တြင္ ခ်က္ခ်င္းဆိုသလို ေပ်ာက္သြားခဲ့သည္ ။ သူက ေျခမကိုင္မိ လက္မကိုင္ ျဖစ္ကာ ဖက္ထားရာမွ ခြာလိုက္ေသာ္လည္း ခိုင္မာသၫ့္ လက္တစ္စံုက သူ႔အား ထပ္မံဆြဲကပ္ခဲ့၏ ။

" အို.. ရွစ္ရႈံးက မင္းစကားေတြကို အတည္လို႔ မွတ္ယူထားတာ .. မဟုတ္မွ တမင္စိတ္ထဲက မပါဘဲ ေလ်ွာက္ေျပာခဲ့တာလား "

အေျခအေနအရပ္ရပ္အား သိေနသၫ့္ ေရွာင္ထ်န္းက သူ႔သခင္၏ ေခ်ာင္ပိတ္ရိုက္ကြက္အား အံ့အားသင့္ရံုသာ တတ္ႏိုင္ေနခဲ့သည္ ။ ဒီလူက လြတ္လြတ္လပ္လပ္ လႈပ္ရွားဖို႔ အဆင္မေျပသၫ့္ ခႏၶာကိုယ္နဲ႔ပင္ ရေအာင္ ဖန္တီးႏိုင္ခဲ့သည္ ။ သူ႔အခ်က္အလက္ထဲတြင္ရိွသၫ့္

အခ်စ္တြင္ ရိုးသားမႈက အဓိက က်သည္ ဆိုသၫ့္ စကားသည္ သူ႔သခင္ျဖင့္ လံုးဝမကိုက္ညီသၫ့္အျပင္ ဆန႔္က်င္ဘက္ျဖစ္ေနသလို ခံစားရသည္ ။ ထိုသို႔ျဖစ္ေနသၫ့္တိုင္ ခ်န္းယန္က ဂရုမစိုက္ေပ ။ သူအား‌ေပးသၫ့္ ခံစားခ်က္မ်ားက စစ္မွန္ေနသ၍ က်န္သၫ့္ ကိစၥမ်ားသည္ အလိမ္အညာမ်ားသာ ျဖစ္ေနခဲ့လ်ွင္ေတာင္ သူက လစ္လ်ဳရႈေပးလိုက္မည္ ျဖစ္ကာ သူအလွၫ့္ ေရာက္သၫ့္အခ်ိန္တြင္လည္း ထိုကဲ့သို႔ပင္ ေတြးထားခဲ့သည္ ။

သူက မည္မ်ွပင္ တကိုယ္ေကာင္းဆန္ေစကာမႈ ခံစားခ်က္မ်ား စစ္မွန္သည္ဟု တထစ္ခ် ေျပာရဲေလသည္ ။ သို႔ေၾကာင့္ က်န္သၫ့္ ကိစၥမ်ားတြင္ သူ႔ခ်စ္သူ လက္ခံႏိုင္သၫ့္ အတိုင္းအတာအတြင္းရိွေနသ‌၍ သူက လုပ္ခ်င္သလို လုပ္မည္ ျဖစ္သည္ ။ 

ေလာ့ကြၽင္းက ေခါင္းကို အသာခါလ်က္ ခ်က္ခ်င္း ျငင္းပယ္လိုက္သည္ ။ " မဟုတ္ပါဘူး .. ဒါေပမဲ့ .." သူက သူ႔ခံစားခ်က္မ်ားကို မည္သို႔ ေခါင္းစဉ္တပ္ရမွန္း မသိျဖစ္ေနျခင္းသာ ။ အရင္က မရင္းႏွီးသၫ့္ ဆရာတူအစ္ကိုျဖစ္သူက လက္ရိွတြင္ သူရဲ့ လက္တြဲေဖာ္ ျဖစ္လာမည္ ။ ေတြးမိတိုင္း အရာရာသည္ ရုတ္တရက္ဆန္လြန္းသည္ဟုသာ ထင္မွတ္ေလသည္ ။

" ရတယ္ .. ေျဖးေျဖးခ်င္းလက္ခံႏိုင္ဖို႔ ႀကိဳးစား .." ခ်န္းယန္က ႏူးညံ့စြာ ၿပံဳးလိုက္ေသာ္လည္း အထက္စီးဆန္မႈကို ေတြ့ႏိုင္ေပသည္ ။ သူက အေျခအေနကို ေျဖးေျဖးခ်င္းစဉ္းစားခိုင္းတာေတာင္ မဟုတ္ခဲ့ဘဲ လက္ခံႏိုင္ဖို႔ ႀကိဳးစားခိုင္းတာျဖစ္သည္ ။ လံုးဝ အေလ်ာ့ေပးမၫ့္ပံုမရေခ် ။

ေလာ့ကြၽင္းက ခ်န္းယန္၏ ပိုင္စိုးပိုင္နင္း အျပဳအမႈအား ပထမဆံုး ျမင္ဖူးသၫ့္တိုင္ ရင္းႏွီးေနသလို ခံစားရကာ အလိုအေလ်ာက္ပင္ ေခါင္းညိတ္မိလိုက္သည္ ။ မည္သို႔ပင္ဆိုေစကာမႈ သူ႔ရွစ္ရႈံးက သူ႔အား ထားသြားဖို႔ စိတ္ကူးမရိွသျဖင့္ သူက အရာရာကို လိုက္ေလ်ာရန္ အဆင္ေျပသည္ ။

' ဒါေပမဲ့ .. ငါ လွၫ့္စားခံလိုက္ရတယ္လို႔ ဘာလို႔ ခံစားေနရတာလဲ .. ၿပီးေတာ့ ရုတ္တရက္ႀကီး ရွစ္ရႈံးကို ရိုက္ခ်င္လာတယ္ ..'

ခ်န္းယန္က တုန္တက္သြားသည္ ခႏၶာကိုယ္ေၾကာင့္ အၾကၫ့္မ်ားေတာင့္တင္းသြားသည္ ။ ' ငါ ဘာလို႔ ၾကက္သီးထေနရတာလဲ ..'

___________________
ေန့နဲ႔ည မွားေနေသာ သာသာ ..🙂

3:33 Am 😑

__________________
Unicode

လော့ကျွင်းသည် မထိန်းချုပ်နိုင်တော့သည့် စွမ်းအင်များကြောင့် မေ့လဲသွားတော့သည် ။ သူပြန်သတိရလာသည့် အချိန်တွင် ကုတင်‌တစ်ခုပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ " ရှီရှုံး .. သူ ငါ့ကို ပြန်ခေါ်လာတာလား .."

သူ့ဆရာဖြစ်သူသည် ‌ခြံဝင်းတစ်ခုတွင် ထိုင်လျက် ချန်းယန်အား သင်ကြားပေးနေခဲ့သည် ။ လော့ကျွင်း၏ အကြည့်သည့် ဓားတစ်လက်ကို ‌ကိုင်ဆောင်ထားသည့် ချန်းယန်ထံသို့ အကြည့်ရောက်သွားခဲ့၏ ။ လှုပ်ရှားမှုတိုင်းသည် ညင်သာသော်လည်း မပြိုလဲနိုင်သည့် တံတိုင်းတစ်ခုအား ခိုင်မြဲကာ စွမ်းအင်များ တည်ငြိမ်နေသည်။ လော့ကျွင်း၏ မျက်နှာထက်တွင် စိတ်သက်သာရာ ရသွားသည့် အပြုံးတစ်ခုပေါ်လာကာ ချန်းယန်အရှေ့သို့ ပြေးသွားလိုက်၏ ။

" ရှီရှုံး .. ကျွန်တော်တို့ ဘယ်လိုပြန်ရောက်လာတာလဲ " လော့ကျွင်းက သူ့အား ကြောင်ကြည့်နေသည့် သူကြောင့် ကြောင်အသွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည် ။

" ရှီရှုံး .. ဘာဖြစ်လို့လဲ.. အိုးး ရှစ်ရှုံး မျက်လုံးတွေ ပြန်ကောင်းသွားပြီဘဲ .." လော့ကျွင်းက သူ့အား စိမ်းသက်သက်ကြည့်‌နေသည့် မျက်ဝန်းများအား လက်လှမ်းကြည့်ရန် ပြင်လိုက်သည်။

အာ့ .

လော့ကျွင်းက အလျင်စလိုပြန်ရုတ်လိုက်ရသည့် သူ့လက်အား မယုံကြည်နိုင်စွာ ပြန်ကြည့်လိုက်မိသည်။ ဓားဒဏ်ရာမှ စီးကျလာသည့် သွေးများက ချန်းယန်သည် သူ့အား ဓားဖြင့် တိုက်ခိုက်လိုက်ခြင်းအား သက်သေပြလျက် ။

လော့ကျွင်းသည် ရုတ်တရက် ရင်ထဲဆို့နင်လာသလို ခံစားရသည် ။ သူက အားတင်းကာပြုံးလိုက်ပြီး " ရှစ်ရှုံး.. ဘာများဖြစ်လို့လဲဟင် .. ကျွန်တော့်ကြောင့် လျို့ဝှက်နယ်မြေထဲ ရောက်သွားလို့ စိတ်‌ဆိုးနေတာလား .."

" ကျွန်တော် ကတိပေးတယ်နော် .. ကောင်းကောင်းလေ့ကျင့်မှာမို့ .. နောက်တစ်ခါ မဖြစ်စေရတော့ဘူးနော် .." လော့ကျွင်းသည် သူ့အား စိမ်းသပ်သက်ကြည့်ရင်း လည်ပင်းထက်သို့ ဓားနဲ့ ချိန်ရွယ်ရသည့် လူကြောင့် ကူကယ်ရာမဲ့လာခဲ့သည် ။

" ရှစ်ရှုံး .. ကျွန်တော့်ကို အဲ့လို မကြည့်ပါနဲ့လားဟင် .. " နှလုံးသားမှ နာကျင်မှုကြောင့် သူက ပြိုတော့မဲ့မိုးလိုဖြစ်လာသည့် မျက်နှာ အမှုအရာအား မထိန်းနိုင်လိုက်တော့ပေ ။ သူက တစ်ဖက်လှည့်လိုက်ပြီး " ဆရာ .. ဆရာ .. ရှစ်ရှုံးကို ပြောပါဦး .."

" မင်း ဘယ်သူလဲ .." အေးစက်စွာ မေးလာသည့် လူကြောင့် သူ့အမှုအရာက အေးခဲသွားခဲ့သည် ။ လော့ကျွင်းက အရှေ့တိုးရန်ပြင်လိုက်ချိန် ဘယ်ဘက်ရင်အုံအား ချိန်ရွယ်လာသည့် ဓားသွားကြောင့် ရပ်တန့်လိုက်ရသည် ။

" ရှစ်ရှုံး .. ကျွန်တော်လေ.. လော့ကျွင်း " သူ ပြောလို့ မဆုံးခင် ဓားချသွားသည့် သူကြောင့် လော့ကျွင်းက မျက်ရည်များကြားမှ ပြုံးလိုက်သည် ။ သည်အချိန်တွင် ချန်းယန်၏ မျက်နှာထက်တွင် သူ့အား ပြုံးပြနေကြ ခပ်ဖွဖွအပြုံးလေး ပေါ်လာခဲ့သည် ။ သူ၏ နူတ်ခမ်းပါးမှ " ညီငယ်လေး .." ဆိုသည့် အသုံးအနှုန်းကြောင့် လော့ကျွင်းက စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည် ။ ချန်းယန်သည် ဓားကို သိမ်းကာ ခပ်ဖွဖွ ပြုံးလျက် ရှေ့သို့ တိုးလာသောကြောင့် လော့ကျွင်းက ပွေ့ဖက်ရန် ခြေလှမ်းလိုက်သည် ။ ' ငါ ထင်သားဘဲ ... ရှစ်ရှုံးက ငါကို နောက်နေတာ .. သူ ငါ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်..'

သူ့အတွေးများမဆုံးလိုက်ခင်ပင် ချန်းယန်၏ ပုံရိပ်သည် သူ့အား ကျော်တက်သွားခဲ့သည် ။ တောင့်တင်းနေသည့် ခန္ဓာကိုယ်အား အားတင်းလျက် နောက်သို့လှည့်ကြည့်လိုက်သည်။  အပြာရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်အား ပွေ့ဖက်နေသည့် ချန်းယန်အား တွေ့လိုက်ရခြင်းကြောင့် သူ့ခြေထောက်များပင် မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည် ။ ချန်းယန်သည် ထိုသူအား " ညီငယ်လေး " ဟု ခေါ်နေခဲ့ပြီး အလွန်ရင်းနှီးနေသည့် ပုံပင် ။

သူက ဝရုန်းသုတ်ခ ထရပ်လိုက်ပြီး ချန်းယန်၏ လက်အား ဆွဲလိုက်ကာ " ရှီရှုံး .. သူမဟုတ်ဘူး .. သူက ရှီရှုံးရဲ့ ညီ မဟုတ်ဘူး .. သူ လိမ်နေတာ .." သူ့စကားအဆုံး ပြန်ရလိုက်သည်က အေးစက်လွန်းသည့် အကြည့်ပင် ။ ချန်းယန်သည် နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည့် အလား သူ့လက်ကို ဆွဲဖြုတ်လာကာ ဒေါသတကြီး ပြောလာသည် ။ " မင်း ဘာပြောတာလဲ .. ငါ့ ရှစ်တိ အဖြစ် ဟန်ဆောင်နေတာတင် အတော်လွန်နေပြီ .. အခုသူ့ကို အတု ဆိုပြီး ပြောလိုက်တာလား ..သေချင်နေတာဘဲ .."

" ငါက ရှစ်ရှုံးရဲ့ ဆရာတူညီလေး ဘဲ .. မင်းက အတု " အပြာရောင်ဝတ်စုံနဲ့ လူငယ်လေးက သူ့အား လှောင်ပြောင်သည့် မျက်နှာထားဖြင့် ပြောလာသည် ။

ထိုင်နေသည့် ဟန်ရဲ့ကလည်း အထင်သေးသည့် မျက်နှာဖြင့် " မင်းက ငါ့တပည့်မဟုတ်ဘူး .. မင်းက အတု .."

" မင်းက အတု .. "

" မင်းက ငါ့တပည့် မဟုတ်ဘူး "

" မင်းက အတု .."

လော့ကျွင်းသည် အထပ်ထပ်ကြားနေရသည့် စကားများကြောင့် နားနှစ်ဖက်ကို အုပ်ကိုင်လိုက်ကာ အော်ဟစ်လိုက်သည် ။ " မဟုတ်ဘူး ... မဟုတ်ဘူး .. မင်းတို့ လိမ်နေတာ .. ငါက အတု မဟုတ်ဘူး .." သူ့အား စိမ်းသက်သက်ကြည့်နေသည့် ချန်းယန်အား ကြည့်လိုက်ရင်း " မဟုတ်ဘူး .. ရှစ်ရှုံး.. ကျွန်တော့်ကို ယုံ .. ကျွန်တော်က အတု မဟုတ်ဘူး .."

သူ ဘယ်လောက်ပြောနေပါစေ ချန်းယန်သည် သူ့အား လစ်လျုရှုသည့် အကြည့်တစ်ချက်သာ ပေးထားခဲ့ပြီး ထွက်သွားခဲ့သည် ။ သူ ဘယ်လောက်အော်ခေါ်နေပါစေ တစ်ချက်လေးပင် လှည့်ကြည့်မလာခဲ့ပေ ။ လော့ကျွင်းက သူ့ရင်ဘတ်အား ဖိအားရင်း " ရှီရှုံး " ဟုသာ ထပ်တလဲလဲ ခေါ်နေခဲ့သည် ။ သို့သော် ဖြူလွလွ ပုံရိပ်လေးသည် တရွေ့ရွေ့ဖြင့် အဝေးသို့ ပျောက်ကွယ်သွားခဲ့သည် ။ သူ့ ပတ်ဝန်းကျင်တွင် " မင်းက အတု " ဆိုသည့် စကားလုံးများသာ ပဲ့တင်ထပ်နေခဲ့သည်။

" ရှစ်ရှုံး!!! ရှစ်ရှုံး!!! ကျွန်တော့်ကို ထားမသွားပါနဲ့ .. ကျွန်တော်က ဟန်ဆောင်နေတာ မဟုတ်ဘူး .."

" ရှောင်လော့ .. ရှောင်လော့ .. သတိထားဦး .. ရှစ်ရှုံး ရှိတယ် .. "

လော့ကျွင်းသည် သူ့ဝေဝါးနေသည့် အကြည့်များမှ ရင်းနှီးနေသည့် ခပ်ဝါးဝါးပုံရိပ်ကို တွေ့လိုက်ရ၏ ။ အမြင်များ ကြည်လင်သွားချိန်တွင် တွေ့လိုက်ရသည်က ချန်းယန်သည် သူ့လက်များအား စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်ကိုပင် ။ ပတ်ဝန်းကျင်တွင် အလင်းရနေပြီဖြစ်ပြီး ချန်းယန်၏ မျက်လုံးများကိုအဖြူရောင်ကြိုးဖြင့် ထပ်မံ စည်းနှောင်ထားခဲ့ပြီ ဖြစ်သည် ။

' အိမ်မက်လား ?? '

သူက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည် ။ ' ကံကောင်းလို့ .. ကံကောင်းလို့ .. ငါ ဒီလူကို ဆုံးရှုံးခဲ့ရပြီ ထင်နေခဲ့တာ .. တော်သေးတာပေါ့ အိမ်မက်ဖြစ်နေလို့ ..' အိမ်မက်သည် အစစ်အမှန်ဆန်လွန်းလှ၍ သူ့ရင်တွင်းမှ နာကျင်မှုသဲ့သဲ့ပင် ကျန်ရစ်နေခဲ့သေးသည် ။ အနည်းငယ်သာ နောက်ကျပါက သူက ထိုနာကျင်မှုများနဲ့အတူ အိမ်မက်ထဲတွင် ပိတ်မိနေခဲ့လောက်၏ ။

ချန်းယန်က လော့ကျွင်း၏ မျက်နှာအား ထိလိုက်ပြီး မျက်ရည်တို့ကို သုတ်ပေးလိုက်ကာ " ဘာငိုစရာများ ရှိလိုလဲ .. မင်းရှစ်ရှုံးက မသေသေးပါဘူး .." သူက စနောက်လိုက်သော်လည်း ထိုသည်က လော့ကျွင်းအား ပိုဆိုးသွားစေခဲ့သည်။

လော့ကျွင်းက ချန်းယန်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။ သူက အနည်းငယ် ညိုးငယ်နေသည့် အသံဖြင့် " ရှစ်ရှုံး !. ကျွန်တော့ကို ထားသွားတယ် .."

ချန်းယန်က အပြင်ဖက်တွင် သူ့ပုံရိပ်ကို ထိန်းသိမ်းကာ ညင်သာစွာ ပြုံးနေသော်လည်း စိတ်ထဲတွင် ကျိန်ဆဲနေခဲ့သည် ။ ' ချီး!!.. သောက်ကျိုးနည်း ပုံရိပ်ယောင် အစီအရင် .. တစစီ လုပ်ပစ်ခဲ့ဦးမယ် .. '

သူက လော့ကျွင်း၏ ပုခုံးအား ညင်သာစွာ ပုတ်ပေးရင်း ခပ်ဖွဖွပြောလိုက်၏ ။ " ကိုယ်က လက်တွဲဖော်ကို ထားသွားရလောက်အောင် တော်တော်လေး မကောင်းတဲ့ ပုံပေါက်နေတာလား .." သူ့ မျက်နှာလေးက တစ်ချက်ရှုံမဲ့သွားကာ ကြေကွဲဝမ်းနည်းနေသည့် ပုံပေါက်သွားခဲ့သည် ။

လက်တွဲဖော်???

လော့ကျွင်း၏ ဝမ်းနည်းမှုလေးက ချန်းယန်၏ စကားနောက်တွင် ချက်ချင်းဆိုသလို ပျောက်သွားခဲ့သည် ။ သူက ခြေမကိုင်မိ လက်မကိုင် ဖြစ်ကာ ဖက်ထားရာမှ ခွာလိုက်သော်လည်း ခိုင်မာသည့် လက်တစ်စုံက သူ့အား ထပ်မံဆွဲကပ်ခဲ့၏ ။

" အို.. ရှစ်ရှုံးက မင်းစကားတွေကို အတည်လို့ မှတ်ယူထားတာ .. မဟုတ်မှ တမင်စိတ်ထဲက မပါဘဲ လျှောက်ပြောခဲ့တာလား "

အခြေအနေအရပ်ရပ်အား သိနေသည့် ရှောင်ထျန်းက သူ့သခင်၏ ချောင်ပိတ်ရိုက်ကွက်အား အံ့အားသင့်ရုံသာ တတ်နိုင်နေခဲ့သည် ။ ဒီလူက လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ အဆင်မပြေသည့် ခန္ဓာကိုယ်နဲ့ပင် ရအောင် ဖန်တီးနိုင်ခဲ့သည် ။ သူ့အချက်အလက်ထဲတွင်ရှိသည့်

အချစ်တွင် ရိုးသားမှုက အဓိက ကျသည် ဆိုသည့် စကားသည် သူ့သခင်ဖြင့် လုံးဝမကိုက်ညီသည့်အပြင် ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားရသည် ။ ထိုသို့ဖြစ်နေသည့်တိုင် ချန်းယန်က ဂရုမစိုက်ပေ ။ သူအား‌ပေးသည့် ခံစားချက်များက စစ်မှန်နေသ၍ ကျန်သည့် ကိစ္စများသည် အလိမ်အညာများသာ ဖြစ်နေခဲ့လျှင်တောင် သူက လစ်လျုရှုပေးလိုက်မည် ဖြစ်ကာ သူအလှည့် ရောက်သည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် တွေးထားခဲ့သည် ။

သူက မည်မျှပင် တကိုယ်ကောင်းဆန်စေကာမှု ခံစားချက်များ စစ်မှန်သည်ဟု တထစ်ချ ပြောရဲလေသည် ။ သို့ကြောင့် ကျန်သည့် ကိစ္စများတွင် သူ့ချစ်သူ လက်ခံနိုင်သည့် အတိုင်းအတာအတွင်းရှိနေသ‌၍ သူက လုပ်ချင်သလို လုပ်မည် ဖြစ်သည် ။ 

လော့ကျွင်းက ခေါင်းကို အသာခါလျက် ချက်ချင်း ငြင်းပယ်လိုက်သည် ။ " မဟုတ်ပါဘူး .. ဒါပေမဲ့ .." သူက သူ့ခံစားချက်များကို မည်သို့ ခေါင်းစဉ်တပ်ရမှန်း မသိဖြစ်နေခြင်းသာ ။ အရင်က မရင်းနှီးသည့် ဆရာတူအစ်ကိုဖြစ်သူက လက်ရှိတွင် သူရဲ့ လက်တွဲဖော် ဖြစ်လာမည် ။ တွေးမိတိုင်း အရာရာသည် ရုတ်တရက်ဆန်လွန်းသည်ဟုသာ ထင်မှတ်လေသည် ။

" ရတယ် .. ဖြေးဖြေးချင်းလက်ခံနိုင်ဖို့ ကြိုးစား .." ချန်းယန်က နူးညံ့စွာ ပြုံးလိုက်သော်လည်း အထက်စီးဆန်မှုကို တွေ့နိုင်ပေသည် ။ သူက အခြေအနေကို ဖြေးဖြေးချင်းစဉ်းစားခိုင်းတာတောင် မဟုတ်ခဲ့ဘဲ လက်ခံနိုင်ဖို့ ကြိုးစားခိုင်းတာဖြစ်သည် ။ လုံးဝ အလျော့ပေးမည့်ပုံမရချေ ။

လော့ကျွင်းက ချန်းယန်၏ ပိုင်စိုးပိုင်နင်း အပြုအမှုအား ပထမဆုံး မြင်ဖူးသည့်တိုင် ရင်းနှီးနေသလို ခံစားရကာ အလိုအလျောက်ပင် ခေါင်းညိတ်မိလိုက်သည် ။ မည်သို့ပင်ဆိုစေကာမှု သူ့ရှစ်ရှုံးက သူ့အား ထားသွားဖို့ စိတ်ကူးမရှိသဖြင့် သူက အရာရာကို လိုက်လျောရန် အဆင်ပြေသည် ။

' ဒါပေမဲ့ .. ငါ လှည့်စားခံလိုက်ရတယ်လို့ ဘာလို့ ခံစားနေရတာလဲ .. ပြီးတော့ ရုတ်တရက်ကြီး ရှစ်ရှုံးကို ရိုက်ချင်လာတယ် ..'

ချန်းယန်က တုန်တက်သွားသည် ခန္ဓာကိုယ်ကြောင့် အကြည့်များတောင့်တင်းသွားသည် ။ ' ငါ ဘာလို့ ကြက်သီးထနေရတာလဲ ..'

___________________
နေ့နဲ့ည မှားနေသော သာသာ ..🙂

3:33 Am 😑

__________________

Continue Reading

You'll Also Like

783K 50.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
389K 9.8K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
277K 22.4K 28
Mini Story Uni Life Style Sweet Romance
136K 14.1K 58
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)