"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက်
မဖြစ်နိုင်တော့ဘူး( 2 )"
ရှန်းမိသားစုရဲ့ လူယုံအားဟုန်ရဲ့ကိစ္စပြီးတဲ့နောက်
ရှန်းယွီချန်ဟာ စိတ်အခြေအနေ ဆိုးဝါးလာသည်ဟု ဆိုကြသည်။
မြေအောက်လောကကလူတိုင်းက ရှန်းယွီချန်မှာ
လှပပြီးအေးစက်တဲ့မျက်နှာထားတစ်ခုရှိတာကို
သိကြသည်။ဒီလိုချောမောတာကြောင့်
သူ့ရုပ်ရည်ရဲ့မာနဖြင့် သူလုံးဝလိင်တူကြိုက်တာကို နှစ်မြို့နိုင်မည်မဟုတ်။ဒါကိုများ သူ့ကိုပျက်ရည်ပြုပြီး သူ့မှာစွမ်းရည်မရှိဘူးဟုထင်သူများ
ဘယ့်နှယ့်ရှိစဟူ၍........
ရှန်းယွီချန် အာဏာရပြီးနောက်ပိုင်း မည်သူကမှသူ့အလှကို နောက်ပြောင်ရဲမည့်သူမရှိတော့။
ချန်လီကောက ဆိုဖာပေါ်ထိုင်လျက် သတင်းစာဖတ်နေခဲ့သည်။
ရှန်းယိုလင်က ပျော်ရွှင်စွာ ပြန်လာပြီး ချွေးတွေစိုနေလျက် သူ့ကိုဖက်လာသည်။သူမအသံကို
နူးညံ့ပြီး ချိုသာစွာပြောလာသည်။
"အဖေ အဖေ"
ချန်လီကောက သူ့ကို ကြည့်လိုက်ရင်း ပြောလာသည်။
"ဟမ်???"
ရှန်းယိုလင်က သူ့ပုခုံးကို ပွတ်ပေးလိုက်ရင်း
ပြောလာပြန်သည်။
"အဖေက အကောင်းဆုံးပဲ"
ရုတ်တရက် ချန်လီကောရဲ့နှလုံးသားထဲမှာ
ထိတ်လန့်သွားရသည်။
(သမီးလေး မင်းဒီအဖေကို သင်္ချာမှာ ၂မှတ်ထဲရခဲ့တယ်လို့ မပြောဘူးမလား????)
ရှန်းယိုလင်က သူမအဖေရဲ့ စိတ်ပူနေတဲ့အတွေးတွေကို မသိစွာနှင့် ဆက်ပြောလာသည်။
"အဖေ အဖေ အဖေက အကောင်းဆုံးပဲသိလား
အဲဒါကြောင့် သမီးကို ကတိပေးလို့ရမလား???"
"ဘာကတိလဲ??"
"သမီးတို့ကျောင်းက လေ့လာရေးခရီးထွက်..."
သူမစကားမဆုံးခင် သူမအဖေကဖြတ်ပြောလာသည်။
"မသွားရဘူး"
ရှန်းမိသားစုရဲ့ နာမည်က တဖြည်းဖြည်း သန့်စင်လာပြီဆိုပေမယ့် ရန်သူတွေအများအပြားရှိသေးသည်။ကျောင်းထဲဖြစ်ဖြစ် ကျောင်းပြင်ပဖြစ်ဖြစ်
ရှန်းယိုလင်ကို နေ့တိုင်း အစောင့်တွေက လျှို့ဝှက်စွာ စောင့်ရှောက်ရသည်။သို့သော် သူမခရီးထွက်မည်ဆိုရင်တော့ အစောင့်အရှောက်လျော့နည်းသွားလိမ့်မည်။
ရှန်းယိုလင်က သူ့အဖေကို ကြည့်ရင်း
လက်ညှိုးလေးတစ်ထောင်ထောင်နှင့်
ပြောလာသည်။
"ဒီတစ်ခါတည်းပါ ဒီတစ်ခါတည်းပါနော်"
ချန်လီကောက သူ့နှလုံးသားကိုအရည်မပျော်အောင်ထိန်းရင်း ဆက်ငြင်းလိုက်သည်။
ရှန်းယိုလင်ရဲ့မျက်လုံးထက်မှာ မျက်ရည်တွေနဲ့
ပြည့်နေပြီး ပြောလာသည်။
"အဖေ ဒီတစ်ခါတည်းပါ သမီးတို့ကျောင်းက
ခရီးတွေအများကြီးထွက်ပေမယ့် သမီးကတော့
တစ်ခါမှမရောက်ဖူးခဲ့ဘူးလေ ဒီတစ်ခါတည်း
သွားမယ်လေနော် ဒါဆိုသမီး အဖေ့ကို ဘယ်တော့မှ ဒုက္ခမပေးတော့ဘူးလေနော်"
ချန်လီကောက တိတ်ဆိတ်သွားသည်။
ရှန်းယိုလင်ရဲ့အပြုအမူတွေက ပြောင်းလာပြီး
မျက်ရည်တွေ ကျလာတော့သည်။
သူမက သနားစရာကောင်းစွာ ပြောလာသည်။
"အဖေ မိဘဆရာအစည်းအဝေးတုန်းကမလာတာကိုကြ သမီးဘာမှမပြောဘဲနဲ့ သမီးကြ
လေ့လာရေးခရီးမထွက်ခိုင်းဘူး....ဝူးဝူးဝူး"
ချန်လီကော-"........."
(ငါ့ဖင်ကြီး!ငါဆက်ပြီးတောင့်မခံနိုင်တော့ဘူး
ဘာလုပ်ရပါ့!!!)
ရှန်းယိုလင်ရဲ့ ငိုကြွေးပြီး သူမမကျေနပ်မှုတွေကို
ဖွင့်ချမှုအောက်မှာ ချန်လီကောက သူ့ကိုယ်သူ
ကြေညာလိုက်တော့သည်။အဲဒါက သူခံနိုင်ရည်
မရှိတော့ဘူးဆိုတာပဲ။သူက သက်ပြင်းချလိုက်ရင်း သူမနှာခေါင်းလေးကို ညင်သာစွာတို့ထိလိုက်ရင်း ပြောလာသည်။
"သမီးလေး"
သူမအဖေရဲ့ခေါ်သံလည်းကြားလိုက်ရော တစ်ဖက်သို့လှည့်ငိုနေသော သူမမျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာပြီး ချန်လီကောရဲပါးကိုနမ်းလာသည်။
"အဖေ့ကို သမီးကအချစ်ဆုံးပဲ"
နောက်ဆုံးတော့ ချန်လီကောက လက်လျှော့လိုက်ပြီး လူနည်းနည်းလောက်ကို ရှန်းယိုလင်ရဲ့နောက်ကို လိုက်ခိုင်းလိုက်သည်။
ခရီးထွက်တဲ့နေရာက အပူဒဏ်သက်သာတဲ့
တောင်တစ်တောင်ဖြစ်သည်။သူ့လူတွေက
ချန်လီကောကို သူမနှင့် လိုက်မည့်လူစာရင်းတင်ပြလာတော့မှ သူမအရမ်းသွားချင်နေတဲ့အကြောင်းက ရီဟွိုင်လည်းပါသောကြောင့်
ဖြစ်တာကို သိလာရသည်။
ချန်လီကောက နာမည်စာရင်းကိုကြည့်ပြီး
ဆွံ့အနေခဲ့သည်။
သတင်းလာပို့သောသူက အသက်တောင်ပြင်းပြင်းမရှူရဲခဲ့ပေ ဘာလို့လဲဆိုတော့ သူ့ကိုပါစာရွက်နဲ့အတူ တောက်ချလိုက်မည်စိုးသောကြောင့်
ဖြစ်သည်။
ဘယ်သူထင်မှာလဲ သူ့သူဌေးက အကူအညီမဲ့စွာ
"သူမအရွယ်ရောက်လာပြီပဲ"
လို့ ပြောလာခဲ့မယ်လို့..........
သတင်းလာပို့တဲ့သူက စိတ်ထဲကပြောနေမိသည်။
"အားးးးးးးးးးး ပိုတောင်ကြောက်ဖို့ကောင်းလာပြီ"
ရာသီဥတုက အခုတဖြည်းဖြည်းနဲ့ပူလာပြီး
အပြင်ထွက်တာက မိုက်မဲတဲ့လုပ်ရပ်သာဖြစ်သည်။
သို့သော်လည်း ဒီနှစ်နွေရာသီက ရီဟွိုင်အတွက်
အရင်နှစ်က နွေရာသီတွေထက် အများကြီး
သာလေသည်။ စျေးဝယ်စင်တာထဲမှာ လက်ကမ်းစာစောင်ဝေခြင်းက ရတဲ့လစာက သူ့အမေနဲ့
သူ့ပညာရေးအတွက် ကာမိသည်။သူ့ကျူရှင်စရိတ်တွေအတွက်လည်း အနည်းငယ်စုမိနေပြီလေ။
ရှန်းယိုလင်က ရီဟွိုင်ဆီကိုနေ့တိုင်းလာသည်။
တစ်ရက်မှာ ရီဟွိုင်က သူမကိုမေးလာခဲ့သည်။
"နင်ဘာလို့ ငါ့ကိုသဘောကျတာလဲ"
ရှန်းယိုလင်က တုန့်ဆိုင်းမှုမရှိစွာပြန်ဖြေလာသည်။
"နင်က ချောလို့လေ"
ရီဟွိုင်-"......."
ရှန်းယိုလင်က ပြုံးပြီး ဆက်ပြောလာသည်။
"နင်ကအရမ်းချောတာ"
ကောင်းလိုက်တာ အဖေရောသမီးရော ရုပ်ဆိုးတဲ့သူတွေဆို လှည့်ကိုမကြည့်တာ အရမ်းတူတာပဲ။
လေ့လာရေးခရီးက နွေရာသီအားလပ်ရက်အစပိုင်းမှာ ထွက်ခဲ့သည်။
ရှန်းယိုလင်က အဲဒီနေ့မရောက်ခင် တစ်ရက်အလိုကတည်းက စိတ်လှုပ်ရှားနေပြီး သူမဗီဒိုထဲက
အဝတ်အစားအားလုံးကို ဆွဲထုတ်လျက် ဘယ်တစ်ခုနဲ့သူမလိုက်လဲဆိုတာ ချန်လီကောကို မေးနေခဲ့သည်။
ချန်လီကောက သူ့စိတ်ထဲမှာတွေးနေလိုက်သည်။
"မင်းအဖေ့အတွက်ဝတ်ပြရင်တော့ မင်းကအရမ်းလှတာပေါ့၊သူများအတွက်ဝတ်ပြတယ်ဆိုရင်တော့ မင်းကရုပ်ဆိုးတာပေါ့"
အပြင်မှာတော့ သူကစကားတစ်ခွန်းမှမပြောခဲ့ဘဲ သူမနဲ့သင့်တော်ပြီး လုံခြုံတဲ့အဝတ်နှစ်စုံကို လက်ညှိုးထိုးပြခဲ့သည်။
ရှန်းယိုလင်က အရူးလုပ်မခံဘဲ အားမရစွာပြောလာသည်။
"အဖေ့မှာ ဖက်ရှင်အမြင်နည်းနည်းလေးမှ မရှိဘူးပဲ အဖေရွေးရတာ စိတ်မပါဘူးမလား??"
"ငါစိတ်မပါတာ မင်းဘယ်လိုလုပ်သိလဲ???"
"အဖေရွေးတာတွေ အကုန်လုံးက လက်ရှည်တွေကြည့်ပဲလေ"
"တောင်ပေါ်မှာ ခြင်တွေပေါတယ်သမီးရဲ့
သမီးအရှည်တွေမဝတ်ရင် ခြင်ကိုက်နေမှာပေါ့"
"ဒါဆို သမီးရေကူးဖို့ ဘာဝတ်ရမလဲမေးတုန်းကလဲ အဖေက လက်ရှည်ကြီးပဲ ထိုးပြပြီးတော့"
ချန်လီကော-"........."
(ဘာလို့လဲဆိုတော့ မင်းရဲ့ရေကူးဝတ်စုံက အကုန်လုံးကို အလှူပေးနေသလိုပဲလေ)
"တော်ပြီ၊တော်ပြီ အဖေ့ကိုဆက်မမေးတော့ဘူး"
ချန်လီကောက သူမစကားကြောင့် နင်သွားရပြီး
အဖေတစ်ယောက်ရဲ့နေရာက တော်တော်ခက်ခဲတဲ့အကြောင်းကို ဝမ်းနည်းစွာ systemကိုပြောလာသည်။
"ထုံထုံ ငါရှန်းယွီချန်ရဲ့ ခံစားချက်ကိုနောက်ဆုံးတော့ နားလည်ခဲ့ပြီသိလား၊ငါအခုသူ့နေရာရောက်လာတာတောင် ငါအမြတ်တနိုးပျိုးထောင်ထားတဲ့မုန်လာထုပ်လေးကို ဝက်ဆွဲသွားတာကြည့်ရတာ ငါသည်းကိုမခံနိုင်ဘူး"
system-အင်းပါ ငါမင်းကိုနားလည်ပါတယ်
ချန်လီကောက systemစကားကြောင့်
အလွန်အမင်းကြောက်ရွံ့စွာ မေးလာခဲ့သည်။
"မင်...မင်း..ငါ့ကို အတိုက်အခံမပြောတော့ဘူးလား????"
system-ငြိမ်းချမ်းရေးယူရအောင်
ချန်လီကောက သူ့စကားကြောင့် ပိုပိုအံ့သြသွားပြီး သူ့system virusဝင်သွားတယ်ဟုထင်နေသည်။
ရှန်းယိုလင် ခရီးထွက်မယ့်နေ့ကိုရောက်တော့
ချန်လီကောကိုယ်တိုင် သူမကိုလိုက်ပို့လိုက်ရင်း
သူမကျောင်းကားပေါ်တက်သွားသည်အထိ ကြည့်ပြီးမှ ဝမ်းနည်းစွာ အိမ်ပြန်လာခဲ့သည်။
ကျောင်းစခန်းချခရီးသည် ၄ရက်ကြာမည်ဖြစ်သည်။ထုံးစံအတိုင်း ချန်လီကောက သူ့လူတွေကို သူ့သမီးနောက်က လိုက်စောင့်ရှောက်ဖို့
လွှတ်ထားခဲ့သည်။
"ထုံထုံ ငါ့သမီးလေး ဒီမှာမရှိတော့ ငါ့ခန္ဓာကိုယ်တစ်ခုလုံးက အခေါင်းပေါက်ကြီးနဲ့တူနေတယ်"
system-မင်းမှာ ငါရှိသေးပါတယ် ဘေဘီရဲ့
ချန်လီကောက ဒေါသထွက်စွာ ဆဲရေးလိုက်သည်။
"f..k အခုဘယ်သူပြောနေတာလဲ??? ငါ့systemတော့ မဟုတ်တာသေချာတယ်၊ထုံထုံရေ ဒီမှာ တစ်ယောက်ယောက်က မင်းလိုမျိုး
ငါ့ကိုပုံမှားရိုက်နေတယ် ထုံထုံရေ!!!"
system-ဂါး ဒီငနာကတော့
တကယ်တော့ သူ့သမီးကို လေ့လာရေးမလိုက်စေချင်တဲ့ကိစ္စက သူ့ဆဌမအာရုံအရ တစ်ခုခုဖြစ်တော့မယ်ဆိုတာ သိနေလို့ပါ။ထင်ထားတဲ့အတိုင်းပဲ ၃ရက်မြောက်နေ့မှာပဲ သူလွှတ်ထားတဲ့လူတွေက သူ့ကိုဖုန်းခေါ်လာခဲ့သည်။အဲဒါက သူ့သမီးပျောက်နေပြီး သူ့သမီးနဲ့အတူ ရီဟွိုင်ပါ ပျောက်နေသည်ဆိုတာပဲ။
ချန်လီကောက အိပ်နေခဲ့တာ ဖြစ်ပြီး ဖုန်းသံကြောင့်နိုးလာခဲ့တာဖြစ်သည်။သူ့လက်အောက်ကလူတွေ စခန်းချတဲ့နေရာကိုမသွားခင် သူက
မြေအနေအထားကို သေချာလေ့လာခဲ့သည်။
ကား၇နာရီကြာမောင်းရတဲ့နေရာဖြစ်ပြီး သူနေရာကိုရောက်တော့ မနက်အာရုဏ်တက်တဲ့အချိန်ဖြစ်ပြီး နေမင်းကြီူက တောင်တွေကြားက ထွက်ပေါ်လာပြီဖြစ်သည်။
ချန်လီကောကို သတင်းပို့သောလူများလည်း
လှုပ်လှုပ်ရှားရှားဖြစ်နေချိန်မှာ သူတစ်ယောက်တည်း ကားမောင်းလာတာကိုတွေ့လိုက်ရတော့ ပိုလို့တောင် ကြောက်ရွံ့ကုန်ကြသည်။
ချန်လီကောက ဒီအချိန်မှာ သူ့ဒေါသကိုမြိုချထားရင်း မေးလာသည်။
"မင်းတို့ရဲခေါ်ပြီးပြီလား???"
လက်အောက်ငယ်သားတွေက တုန်လှုပ်စွာ
ပြောလာခဲ့သည်။
"ရဲခေါ်လို့..သင့်..သင့်တော်ပါမလား.ဆရာ"
"သူတို့ကိုမခေါ်လို့ ဘယ်သူ့ကိုခေါ်ရမှာလဲ???
မခေါ်နိုင်စရာအကြောင်းရှိလို့လား ငါတောင် မကြောက်ဘူး မင်းတို့ကဘာတွေကြောက်နေတာလဲ????"
လက်အောက်ငယ်သားတွေက ချက်ချင်း သဘောတူလိုက်သည်။
"သူမကိုရှာ သူမကိုရှာမတွေ့ရင် မင်းတို့လည်း
ဒီနေ့ပြန်ဖို့ စိတ်မကူးနဲ့"
ဒီစကားတွေပြောပြီးချိန်မှာတော့ သူတို့ပိုမိုကြောက်ရွံ့လာပြီး ဘောင်းဘီထဲတောင်
သေးထွက်ကျမလိုဖြစ်လာသည်။တကယ်လို့
မမလေးသာ ထိခိုက်လာခဲ့ရင်တော့ သူတို့ဘဝများပြီးပြီဟုသာ ထင်လိုက်ကြသည်။
ချန်လီကောက သူတို့ကို စကားမပြောတော့ဘဲ
ရှန်းယိုလင် ပျောက်သွားသောနေရာကို
လမ်းလျှောက်သွားလိုက်ပြီး systemကိုမေးလာသည်။
"ထုံထုံ ယိုလင်ဘယ်မှာလဲ???"
system-ဒီနေရာနဲ့ နည်းနည်းဝေးတယ်
ငါတည်နေရာကိုအကြမ်းဖျင်းပဲ ပြောပြလို့ရမယ်
ကျန်တာတော့ မင်းဟာမင်းပဲ ရှာရလိမ့်မယ်။
"ကောင်းပြီ"
ဆရာမများကလည်း ရဲတွေခေါ်လာပြီး ရှာနေကြသည်။ချန်လီကောကတော့ သူတို့ကို နှုတ်မဆက်တော့ဘဲ systemပြောသည့်တည်နေရာအတိုင်း
လိုက်ရှာနေခဲ့သည်။