သူ့ရဲ့ သမီးရတနာလေးက သူ့အပိုင် ဈေးဝယ်စင်တာထဲမှာ လက်ကမ်းစာစောင်ဝေနေမယ်ဆိုတာ
ချန်လီကော မထင်ထားခဲ့မိဘူး။
ရှန်းယိုလင်ဟာ တော်တော်ပျော်နေပုံရပြီး
လာသမျှလူတွေကို တစ်ပြုံးပြုံးနဲ့ လက်ကမ်းစာစောင်ဝေလိုက် ကျေးဇူးတင်ပါတယ်ပြောလိုက် လုပ်နေခဲ့သည်။
"ဒါရိုက်တာရှန်း"
ဈေးဝယ်စင်တာရဲ့ မန်နေဂျာဖြစ်သူက
မျက်ခုံးမွှေးထက်မှာ ချွေးတွေစို့ရင်း ခေါ်လာသည်။ဒီနေ့သူတို့စင်တာကို သူဌေးလာစစ်တဲ့နေ့ကြမှ သူဌေးရဲ့သမီးက စင်တာထဲမှာ လက်ကမ်းစာစောင်ဝေနေမယ်လို့ ဘယ်သူထင်မှာလဲ.......
ချန်လီကောက လက်ကာပြရင်း သူ့ကိုစကားမပြောဖို့ ပြလိုက်သည်။
ရှန်းယိုလင်ဟာ သီချင်းလေးတစ်အေးအေးနဲ့
ပျော်ရွှင်စွာ ရီဟွိုင်ကို ကူညီနေခဲ့သည်။
ဈေးဝယ်စင်တာရဲ့ အလယ်ထဲမှာ ပြေးလွှားနေကြတဲ့လူငယ်လေးနှစ်ယောက်ဟာ နေနဲ့လ
ရွှေနဲ့မြလို ထင်းနေသည်။
ရီဟွိုင်ဆိုတဲ့ကောင်လေးက အလွန်ချောမောသည်။အရွယ်မရောက်သေးလို့ သူ့ရဲ့အစိတ်အပိုင်းတစ်ချို့မဖွံ့ဖြိုးသေးတာတောင်
မျက်နှာကျက အလွန်ချောမောပြီး ကြည့်ကောင်းသည်။ဒါကိုကြည့်ခြင်းအားဖြင့် ကြီးလာလျှင်
ကျက်သရေရှိမဲ့မျက်နှာကျဆိုတာ သိနိုင်သည်။
သူသာ မချောမောခဲ့လျှင် ရှန်းယိုလင်ဟာ သူ့အပေါ်ဘယ်စွဲလမ်းခဲ့ပါ့မလဲလေ။
ချန်လီကောက ရှန်းယိုလင်ကို မကြည့်တော့ဘဲ
ပြောလာသည်။
"သူမပျော်ရင် ပြီးတာပါပဲလေ ဒီတိုင်းပဲထားလိုက်ပါ သူမဘေးနားကတစ်ယောက်က
သူမသူငယ်ချင်းပါ အနာဂတ်မှာ အဲဒီကောင်လေးကို ဂရုစိုက်ပေးဖို့ မန်နေဂျာစွန်းကို အကူအညီတောင်းပါရစေ"
မန်နေဂျာစွန်းက ခေါင်းညိမ့်ပြလိုက်ရင်း
ပြောလာသည်။
"ဟုတ်တာပေါ့၊ဟုတ်တာပေါ့၊ မမလေးရဲ့သူငယ်ချင်းပဲ ကျွန်တော် ဂရုစိုက်သင့်တာပေါ့"
ချန်လီကောရဲ့ စကားကြောင့် ရီဟွိုင်ရဲ့ဘဝဟာ
ပိုအဆင်ပြေလာခဲ့သည်။
ရီဟွိုင်ရဲ့အမေက မသန်စွမ်းဖြစ်သွားပေမယ့်
အလုပ်လုပ်တုန်းဖြစ်သည်။ထို့ကြောင့်သူက
သူ့အမေ ကို သူများတွေမလုပ်နိုင်တဲ့ ညစ်ပတ်တဲ့အလုပ်တွေကို မလုပ်စေချင်သောကြောင့်
အံကိုတင်းတင်းကြိတ်ကာ သူ့မိသားစုကိုထောက်ပံ့နိုင်ရန် စာသင်ရင်း အလုပ်လုပ်ခဲ့သည်။
သူ့ကို ရှန်းယိုလင်သဘောကျနေမှန်း သူသိပေမယ့် သူ့မှာခံစားချက်အလျင်းမရှိပါ၊သူသိတာက
သူနဲ့သူမက မတူညီတဲ့ကမ္ဘာက လူတွေဖြစ်တယ်ဆိုတာပဲ။
ချန်လီကောက ရှန်းယိုလင်ကိုကူညီပြီး
ဒီကောင်လေးကိုကူညီမယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။
အချက်အလက်တွေအရ ရီဟွိုင်ရဲ့ စရိုကျက
သိပ်တော့မဆိုးရွားခဲ့ပါဘူး။သူ ဒုစရိုက်လောကထဲရောက်ခဲ့ခြင်းက သူ့ဘဝပေးအခြေအနေကြောင့်သာဖြစ်သည်။အခု ဒီလူငယ်နှစ်ယောက်က
အချင်းချင်းရဲ့ နေရောင်ခြည်လေးတွေဖြစ်တာကြောင့် အနောက်ဘက်မယ်တော်ကြီးက
တရုတ်စကားပြောတတ်တဲ့ဘဲတွေကို တုတ်နဲ့ရိုက်ပြီး သူတို့အတွက် ဖူးစာလမ်းကြောင်းဖွင့်ခိုင်းစရာတောင် မလိုတော့ပါဘူးလေ။
ချန်လီကောရဲ့နည်းဗျူဟာအရ သူက ရီဟွိုင်ကိုကူညီပေးတဲ့အတွက် ရှန်းယိုလင်ရဲ့သူ့အပေါ်ပူပန်မှုတွေ လျော့နည်းသွားစေမှာဖြစ်သည်။သူမလည်း ဒါမှ စိတ်အေးအေးနဲ့စာသင်နိုင်မှာဖြစ်သည်။
ချန်လီကောက အလွန်ကိုပျော်နေခဲ့သည်။
systemကတော့ ချန်လီကောအတွက်စိတ်သက်သာသွားသည်။ဘာလို့လဲဆိုတော့
ဒီကမ္ဘာမှာ သူယောက်ျားတွေနဲ့ရှုပ်လို့မရတော့ဘူးလေ။
ချန်လီကောကတော့ systemရဲ့ယုတ်မာတဲ့
အကြံအစည်ကိုမသိဘဲ သူ့ရဲ့လုပ်ဆောင်မှုကြီးကနေ အခက်အခဲကိုဖြေရှင်းနိုင်သည်ဟုထင်နေသည်။
သူမရဲ့အဆင့်မှတ်တမ်းကိုရတဲ့အခါမှာတော့
သူတစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။
သူ့ဘေးနားက ရပ်နေတဲ့ကိုယ်ရံတော်တွေတောင်
အသက်မရှူရဲခဲ့ကြဘူး။
"မမလေးကို ခေါ်လာခဲ့"
ချန်လီကောက ကျယ်လောင်စွာ ပြောလာသည်။
လက်အောက်ငယ်သားက အပြေးကလေး
သွားပြီး ပြန်လာခဲ့သည်။
"ဆ..ဆရာ..မမလေး အခန်းထဲမှာ မရှိပါဘူး"
ချန်လီကော-"........."
ရှန်းယိုလင်က သူနဲ့ညစာတူတူစားရမှာမလား???
သူဘာလို့အခုထိပြန်မလာသေးတာလဲ????
သူကတိတ်ဆိတ်သွားပြီး ရှန်းယိုလင်ရဲ့ဖုန်းကိုခေါ်ခဲ့သည်။
"ဒူ.......ဒူ.........ဒူ........."
ဖုန်းသံက ၁၀မိနစ်ကြာလောက်မြည်ခဲ့ပြီး
ပြန်ဖြေမဲ့သူမရှိခဲ့ပေ။ထို့ကြောင့် သူက အေးစက်စက်ပြောလာသည်။
"သူမကိုသွားရှာကြ"
လက်အောက်ငယ်သားက နာခံလိုက်ပြီး အသက်တောင် မရှူရဲခဲ့ပေ။
နာရီဝက်လောက်ကြာတော့ ရှန်းယိုလင်ကို
ရီဟွိုင်ရဲ့ အိမ်နားမှာတွေ့ခဲ့သည်။
သူမက ရီဟွိုင်ရဲ့အိမ်ကပြန်လာပြီး သီချင်းလေးညည်းနေခဲ့သည်။ရုတ်တရက်ကားထဲက ထွက်လာတဲ့ ချန်လီကောကိုလည်း တွေ့ရော ထိတ်လန့်သွားခဲ့သည်။
"အဖေ အဖေဘယ်လိုလုပ်ရောက်လာတာလဲ???"
"ရှန်းယိုလင် ငါမင်းကိုအလိုလိုက်တာ များသွားလို့လား????"
ရှန်းယိုလင်က ခြောက်ကပ်စွာ ရယ်လိုက်ပြောလာသည်။
"အဖေ...."
"ငါ့ကို အဖေလို့မခေါ်နဲ့"
ရှန်းယိုလင်က ကျယ်လောင်စွာ အော်ငိုရင်း
ပြောလာသည်။
"သမီး...သမီး..သူငယ်ချင်းရဲ့အလုပ်တွေလာကူပေးတာပါ သမီးအဲဒါကြောင့်အိမ်ပြန်နောက်ကျခဲ့တာပါ.....
သူမဟာ အရင်ကဆို ဘယ်သူမှဂရုမစိုက်ကြသောကြောင့် ညစာအမှီဘယ်တုန်းကမှ
ပြန်မလာခဲ့ပါ။
သူမက ချန်လီကောရဲ့ခါးကိုဖက်လိုက်ပြီး
ပြောလာသည်။
"အဖေ သမီးမှားသွားပါတယ်...စိတ်မဆိုးပါနဲ့..."
"ငါမင်းရဲ့ အဆင့်မှတ်တမ်းကိုရခဲ့တယ်"
ရှန်းယိုလင်ရဲ့မျက်နှာ တောင့်တင်းသွားသည်။
"သင်္ချာက ဘယ်လိုဖြစ်တာလဲ"
ရှန်းယိုလင်က တံထွေးမြိုချလိုက်ရင်း ပြောလာသည်။
"သမီး..သမီးရဲ့ဗိုက်က ဖြေနေတုန်းတစ်ဝက်မှာ
နာလာလို့ သန့်စင်ခန်းထဲသွားခဲ့ရတယ်...
ဒါကြောင့် သမီးဒုတိယပိုင်းက မေးခွန်းတွေကိုမပြီးခဲ့ရတာ"
ချန်လီကောက သူ့စိတ်ထဲမှာပြောနေလိုက်သည်။
"သမီးလေး ဒါမျိုးတွေက မင်းအဖေကစဖြစ်လာတာ ရိုးနေပြီ"
အပြင်ဘက်မှာတော့ ပြောလာသည်။
"မင်းသန့်စင်ခန်းထဲမှာ ဘယ်လောက်ကြာခဲ့လဲ"
"သမီး ဝမ်းလျှောနေခဲ့တာကြောင့်..."
ချန်လီကောက သူ့သမီးခေါင်းကို အသာပွတ်ပေးလိုက်ရင်း ပြောလာသည်။
"မင်းကို ဘယ်သူက လိမ်တာသင်ပေးခဲ့သလဲ"
ရှန်းယိုလင်ရဲ့မျက်လုံးတွေက သနားစရာအလွန်ကောင်းသွားသည်။
"အဖေ သမီးမှားသွားပါတယ် သမီးကိုခွင့်လွှတ်ပါ
နောက်စာမေးပွဲမှာ ပိုတိုးတက်အောင်လုပ်ပါ့မယ်"
တကယ်တော့ သူမမျက်လုံးတွေက တစ်ချိန်လုံး
ရီဟွိုင်ကို ငေးကြည့်နေခဲ့တာကြောင့် စာဖြေပြီးသည့်အထိ မေးခွန်းကိုကြည့်ကိုမကြည့်လိုက်ရပါ။
"မင်းနောက်စာမေးပွဲတွေ ဒီလိုပဲဆက်ဖြစ်နေရင်
ငါမင်းကိုအိမ်မှာသင်ခိုင်းရလိမ့်မယ်"
ရှန်းယိုလင်က အော်ငိုနေပြီး သူမအမှားအတွက်
သူမပါးကိုသူမရိုက်ပြနေသည်။
ချန်လီကောက ပါးနပ်တဲ့သူ့သမီးကြောင့်
ရယ်ချင်နေမိသည်။သူစကားတစ်ခွန်းမှမပြောရသေးခင် သူမနောက်က လမ်းလျှောက်လာတဲ့
တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။အဲဒီလူက သူ့သမီး နေ့ရောညပါတွေးနေတဲ့ ရီဟွိုင်ဖြစ်နေသည်။
"ယိုလင်????"
သူက စိတ်လှုပ်ရှားနေပုံပေါ်ပြီး မေးလာသည်။
"ဒါက........."
"သူက ငါ့အဖေလေ"
ရှန်းယိုလင်က ရီဟွိုင်ပေါ်လာမယ်မှန်းမသိတော့
အံ့သြသွားပြီး အထစ်ထစ်အငေါ့ငေါ့ မေးလာခဲ့သည်။
"ကိ..ကိစ္စရှိလို့လား????"
"နင်ငါ့အိမ်မှာ ဖုန်းကျန်ခဲ့တယ်"
ရီဟွိုင်က တိုးတိုးလေးပြောလာရင်း သူမဆီကိုဖုန်းလှမ်းပေးလာသည်။
"ကျေးဇူးတင်ပါတယ်"
ရှန်းယိုလင်က လက်ခံလိုက်ရင်း ချက်ချင်း
ပြောလာသည်။
"ရပါတယ်"
ရီဟွိုင်က သတိကြီးစွာပြောလာသည်။
"သွားကြမယ်၊ယိုလင်"
ချန်လီကောက ရီဟွိုင်ကိုတောင် နှုတ်မဆက်ဘဲ ပြောလာသည်။
ရှန်းယိုလင်က "အမ်း"ဟု တိုးတိုးလေးပြောလျက်
ကားထဲကို နာခံစွာဝင်ခံလိုက်ပြီး သူ့အဖေကိုဆက် စိတ်ဆိုးအောင်မလုပ်ရဲတော့ပေ။
ရီဟွိုင်က ကားထဲကို တူတူဝင်သွားသည့် ရှန်းယိုလင်နှင့်သူမအဖေကို ကြည့်နေလိုက်သည်။
ထို့နောက်ကားက စတင်မောင်းထွက်သွားပြီး
ဖုန်အလိမ့်လိမ့်ထလာသည်။
ဒါက ရှန်းယွီချန်ကို ရီဟွိုင်မြင်ဖူးတာ ပထမဆုံး
အကြိမ်ဖြစ်သည်။သူက သူ့ရဲ့ပုံစံကို တစ်ဘဝလုံးစာမှတ်လိုက်သည်။မျက်ခုံးကောင်းကောင်း၊ဖီးနစ်ငှက်လိုမျက်လုံးတွေ နှင်းလိုဖြူဖွေးနေတဲ့
အသားအရေ၊သူမော့တောင်မမော့ကြည့်ရဲတဲ့
အေးစက်စက်ပုံစံတွေ........
ဒီလိုအေးစက်မှုက ယိုလင်ရှေ့မှာကြတော့
အရှိန်အဝါဖျော့နေသည်။ရီဟွိုင်က သူ့လက်ကို
မြှောက်လိုက်ပြီး မျက်နှာကိုပွတ်လိုက်မှ
သူ့မျက်နှာမှာ အိုးမည်းတွေ ပေနေမှန်းသိလာရတော့သည်။
သူတို့က မတူညီတဲ့ကမ္ဘာက လူတွေဖြစ်ကြောင်း
ရီဟွိုင်ကတွေးလိုက်သည်။သို့သော် ထိုသူကတော့ အလွန်ချောမောပြီး၊အလွန်ဆွဲဆောင်မှုရှိသည့်အပြင် သူ့ကိုကြည့်လိုက်တာနဲ့ ပြစ်မှားချင်စိတ်တွေအများအပြားပေါ်လာတော့သည်။
ရီဟွိုင်က အိမ်ကိုပြန်လျှောက်လာခဲ့သည်။
သူခြေတစ်လှမ်းလျှောက်လာတိုင်း သူ့ချွေးတွေက သူ့အဝတ်တွေမှာပေကျံနေခဲ့သည်။သူ့မျက်လုံးတွေကလည်း တဖြည်းဖြည်းတောက်ပနေပြီး ညဥ့်သားရဲတစ်ကောင်လို စူးရှနေပြီး
သူ့အသွေးအသားထဲကနေ သူ့ရဲ့ရိုးတွင်းခြင်ဆီတစ်ခုကို တွေ့လိုက်သလိုခံစားလာရသည်။
..........................
ကားထဲမှာတော့ ချန်လီကောက သူ့သမီးကိုဆုံးမနေခဲ့သည်။
"သင်္ချာမှာ ၁၆မှတ်ရတာ ဖြစ်ကိုမဖြစ်သင့်ဘူး"
အဲဒါက သူအရင်ကမ္ဘာမှာရခဲ့တဲ့အမှတ်ရဲ့ တစ်ဝက်ထက်တောင် လျော့နည်းနေခဲ့တာဖြစ်သည်။
#ပြောအားရှိတာပေါ့😂#
"သမီးလည်း သင်္ချာကိုမကြိုက်ပါဘူးနော်"
"ဒါဆိုမင်းကဘာကြိုက်တာလဲ????"
ရှန်းယိုလင်က စကားပြောမလာတော့.....
"မင်း...ငါမင်းကို ပြောရတာသိပ်ခက်တာပဲ"
ရှန်းယိုလင်က သူ့အဖေခါးကိုပွေ့လျက်
ချွဲလာသည်။
"အဖေ အဖေက အကောင်းဆုံးပါ သမီးကအဖေကို အရမ်းချစ်တာ"
သူမရဲ့အပြုအမူကြောင့် သူ့နှလုံးသားနူးညံ့သွားပြီး ပြောလာသည်။
"လူဆိုးမလေး၊ထပ်သရုပ်ဆောင်မနေနဲ့တော့၊
မင်းနောက်တစ်ခါ ဒီလိုဆက်ဖြစ်နေရင် ငါမင်းကို
စနေ၊တနင်္ဂနွသေင်ဖို့ ဆရာငှားပေးရလိမ့်မယ်"
သူမသိတာပေါ့၊သူမအဖေက တစ်ခါချွဲပြလိုက်ရင် ရတာပေါ့။
"ဟုတ်ကဲ့ပါ၊သမီးနောက်ခါဆို သေချာစာလုပ်ပါ့မယ်"
"ဒီလောက်နောက်ကျပြီး အိမ်ပြန်လာတာ
အတန်းဖော်သူငယ်ချင်းကိုကူဖို့အတွက်လား???"
ရီဟွိုင်ကို အစဖော်လာတော့ သူမမျက်နှာ
တောင့်တင်းသွားပြီး ပြောလာသည်။
"အ...အဲလိုလည်း မဟုတ်ပါဘူး၊သမီးက အစကအိမ်ပြန်လာတော့မလို့ဘဲ..ပြီးမှသူ့ကိုပြောစရာလေး ရှိသေးလို့ သွားတွေ့လိုက်တာ.."
"မင်းက ဘာလို့ သူ့ကိုဖုန်းဆက်မပြောရတာလဲ"
"သူ့မှာ ဖုန်းမှမရှိတာ အဖေရဲ့..."
"မင်းဘာလို့ နောက်ကျမှပြန်လာတာလဲ
ငါဂရုမစိုက်ပါဘူး၊မင်းနောက်တစ်ကြိမ်ဆို
ဘယ်လိုလုပ်မလဲ"
ရှန်းယိုလင်က ခေါင်းငုံ့သွားသည်။သူမအဖေက
သူမကို အမှားမလုပ်ထားရင်မငေါက်တတ်တာ
သိပေမယ့် သူမအခုလုပ်တဲ့ကိစ္စက မသင့်တော်တော့ လိပ်ပြာမလုံသလိုခံစားလာရသည်။
Note-4ခါလောက်ခွဲတော့မယ်နော် Arcက စာများလာပြီ ဟီးဟီး😁