( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 29 ]

32.9K 2.7K 95
By GeGeDiDimimi

[ သူကြီးသမက် ]

" ဆရာ "

" ငရိုး , နွေလရိပ် , လာထိုင် "

ရိုးနဲ့အရိပ်ဆေးခန်းထဲဝင်လာတော့ ဆရာသန်းမင်းအောင်ကတခြားလူနာတစ်ဦးကိုဆေးထိုးပေးနေတာကြောင့် ရိုးနဲ့အရိပ်လည်းထန်းလက်ထိုင်ခုံလေးမှာခဏဝင်ထိုင်ကာစောင့်နေလိုက်သည်။

ဆေးခန်းဆိုပေမဲ့ ဆရာသန်းမင်းအောင်ကသူ့အိမ်ရှေ့လေးမှာပဲအခန်းဆောက်ပြီးဖွင့်ထားတာကြောင့် ဆေးထိုးတဲ့ခုတင်နေရာလေးကိုတော့ လိုက်ကာလေးတန်းကားထားသည်။

ခဏနေတော့လိုက်ကာဖယ်၍ထွက်လာသူကရွာထဲကကုန်စုံဆိုင်ဖွင့်ထားတဲ့ဒေါ်ဘုတ်ဆုံဖြစ်နေသည်။ ဒေါ်ဘုတ်ဆုံကဆေးထိုးထားတဲ့သူ့တင်ပါးသူပွတ်ချေနေရင်းကထိုင်နေတဲ့ ရိုးတို့ကိုကြည့်ကာမေးလာသည်။

" ငရိုး ဘယ်သူလာပြတာလဲ နင့်လား နွေလရိပ်လေးလား "

" ကျွန်တော်မဟုတ်ဘူး အရိပ်ကိုလာပြတာ ခဏခဏခေါင်းမူးပြီးအားနည်းနေလို့ "

" အော် , ဆရာဆေးဖိုးဘယ်လောက်လဲ "

ဒေါ်ဘုတ်ဆုံကဆေးဖိုးပေးချေပြီး ပြန်သွားတော့ ဆရာကအရိပ်ကိုစမ်းသပ်မှုစတော့သည်။

" ဘယ်လိုဖြစ်သလဲ ဆရာကိုပြောကြည့်ပါဦး "

အရိပ်လည်းဆရာအမေးကြောင့် ဒီရက်ပိုင်းသူခံစားနေရတဲ့ ဝေဒနာကိုပြောပြလိုက်သည်။

" ဒီရက်ပိုင်းထဲထမင်းစားချင်စိတ်မရှိဖြစ်နေတာ ဆရာ ပြီးတော့ ဟင်းနံတွေလဲမခံနိုင်ဘူး အစားသိပ်မစားဖြစ်တော့ ခေါင်းကလဲခဏခဏမူးတယ် အန်လည်းအန်တယ် တစ်ခါတလေအစားမရှိတော့လေတွေပါအန်တယ် ဆရာ "

" အင်း,ဟုတ်ပြီ ဆရာစမ်းသပ်ပြီးသင့်တော်မယ် ဆေးထိုးပေးမယ်လာ ခုတင်ပေါ်လှဲလိုက် "

" ဟုတ် "

ဆေးခန်းထဲကလိုက်ကာခြားထားတဲ့ ခုတင်ပေါ်အရိပ်လှဲလိုက်သည်။ ရိုးကတော့လိုက်ကာအပြင်ဘက်ကနေထိုင်၍ အရိပ်ဆေးထိုးပြီးချိန်ထိစောင့်နေစဉ်အထဲကဆရာရဲ့လှမ်းခေါ်သံကိုခဏအကြာမှကြားလိုက်ရသည်။

" ငရိုး "

" ဗျာ, ဆရာ "

" အထဲကိုဝင်ခဲ့ဦးး "

" ဟုတ်ကဲ့ "

ရိုးလိုက်ကာစကိုအသာဖယ်၍ အထဲဝင်လိုက်တော့ အရိပ်ကခုတင်ပေါ်မှာထိုင်နေပြီး ဆရာကခုတင်ဘေးမှာခုံနဲ့ထိုင်နေသည်။ ဆရာကအထဲဝင်လာတဲ့ရိုးကိုကြည့်ကာ။

" ခဏထိုင်ဦး ဆရာပြောစရာရှိလို့ "

" ဟုတ်ကဲ့ , ဆရာ "

ရိုးလည်းခုံတစ်လုံးယူကာ ဆရာနံဘေးမှာဝင်ထိုင်လိုက်သည်။

" ငရိုးနဲ့နွေလရိပ် , ဆရာပြောမယ်စကားကိုမင်းတို့နှစ်ယောက်သေချာနားထောင်နော် "

" ဟုတ်ကဲ့ပါ ဆရာ "

ဆရာစကားကြောင့် အရိပ်ရင်ထဲမှာအနည်းငယ်စိုးရိမ်နေမိသည်။

ဆရာကအထဲဝင်လာကာသူကိုခုတင်ပေါ်လှဲခိုင်းပြီးနားကြပ်နဲ့ရင်ဘက်တစ်လျှောက်သုံးလေးချက်စမ်းသပ်ကာ ထို့နောက်သူလက်ကောက်ဝတ်သွေးကြောကိုစမ်းပြီး အပြင်ကရိုးကိုလှမ်းခေါ်အထဲဝင်ထိုင်ခိုင်း၍ အခုပြောစရာရှိတယ်လို့ဆိုလာတာကြောင့် ဘာပြောမလဲဆိုတာစိတ်ဝင်စားနေမိသည်။

" အသေချာကြီး မဟုတ်ပေမဲ့ ဆရာရဲ့စမ်းသပ်ချက် ၁၀၀ % ၉၉ ထိသေချာတယ် အရိပ်မှာ ကိုယ်ဝန်ရှိနေတယ် "

" ဗျာ !"?

" ဟင် !"?

ဆရာသန်းမင်းအောင်စကားကြောင့် အရိပ်နဲ့ရိုးတို့ ဘာပြန်ပြောရမှန်းမသိအောင်ခေတ္တခဏပါးစပ်အဟောင်းသားနဲ့အံ့ဩနေမိသည်။

" ဆရာ , ကျွန်တော်ကယောကျ်ားလေးတစ်ယောက်လေ ကိုယ်ဝန်ရှိတယ်ဆိုတာကြီးကတော်တော်လေးမဖြစ်နိုင်စရာအခြေနေကြီး !"

အရိပ်မှာသူကယောကျ်ားလေးတစ်ယောက်မလို့ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ ဆရာစကားကိုငြင်းပယ်မှုပြုလိုက်တော့။

" ဟုတ်တယ်, နွေလရိပ် ဒါကြောင့်လဲဆရာကမင်းတို့ကို ၁၀၀ % အပြည့်မပြောပဲ ၉၉ % နှုန်းထိပြောတာဆရာစမ်းသပ်ချက်မမှားနိုင်ဘူး "

" ဒါ , ဒါပေမဲ့ အရိပ်က "

ဆရာကရိုးအပြောကိုဖြတ်ပြောလာသည်။

" ဟုတ်တယ် မင်းကယောကျ်ားလေးတစ်ယောက် ဒါပေမဲ့ လောကကြီးရဲ့တစ်ခါတလေဆန်းကြယ်မှုတွေကလူသားတွေလိုက်မမှီနိုင်အောင်အံ့ဩဖို့ကောင်းတယ် "

" ဒါဆို တကယ်ပဲ ကျွန်တော်မှာကိုယ်ဝန်ရှိနေတာပေါ့နော် ဆရာ "

" သေချာတာပေါ့ "

အရိပ်အမေးကိုအတိအကျပြန်ဖြေလာတဲ့ ဆရာစကားအဆုံးမှာတော့ အရိပ်မျက်နှာမှာပျော်ရွှင်ခြင်းတွေဖြစ်ပေါ်လာသလို နံဘေးကရိုးသည်။

" အာ့, ရိုး !"

ရုတ်တရက်ကြီးရင်ခွင်ထဲဆွဲသွင်းကာရုပ်တည်ကြီးနဲ့ဖက်လာတဲ့ရိုးကြောင့် အရိပ်မှထိတ်လန့်သွားမိ၏ ထို့နောက်ရိုးအရမ်းပျော်နေတယ်ဆိုတာရိုးရဲ့ရင်ခုန်သံတွေကိုကြားလိုက်ရတာကြောင့်သိလိုက်သည်။

" ရိုး , မငိုနဲ့လေ,ဗျာ "

" ကိုယ် , ကိုယ်အရမ်းပျော်နေတယ် "

ရိုးကအရိပ်ကိုရင်ခွင်ထဲဆွဲဖက်ထားပြီး ဘာစကားတစ်ခွန်းမှမဆိုပဲမျက်ရည်တွေကျလာတာကြောင့်အရိပ်ချော့လိုက်တော့ ရိုးဆီကနေငိုရှိုက်သံလေးတွေကြားထဲကထွက်လာတဲ့စကားလေးကကိုယ်အရမ်းပျော်လို့တဲ့။

" အဟမ်း , ဟမ်း !"

" ဟင် , ဆရာ !"

ဆရာသန်းမင်းအောင်ရဲ့ချောင်းဟန့်သံကြားမှ အရိပ်အသိဝင်လာကာရှက်သွားမိ၏ ထို့ကြောင့်ရိုးရင်ခွင်ကျယ်ထဲကရုန်းထွက်လိုက်တော့ ရိုးကအလိုက်သိလွှတ်ပေးလာကာ။

" ဆရာ ကျွန်တော်ကဘယ်လိုဖြစ်လို့ ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီးကိုယ်ဝန်ဆောင်နိုင်တာလဲ "

အရိပ်သိချင်တဲ့စိတ်ကြောင့် ဆရာကိုမေးခွန်းထုတ်လိုက်သည်။

" ဘာလိုလဲဆိုတော့ မင်းကမွေးရာပါမိန်းကလေးတွေလို သားအိမ်ပါလာလို့ပေါ့ , ဒါပေမဲ့ဆရာမင်းကိုမေးချင်တာ "

" ဗျာ , ဘာကိုလဲ ဆရာ "

" မင်း မိန်းကလေးတွေလိုရာသီလာသလား "

" ဗျာ ,!"

ဆရာအမေးစကားကြောင့် အရိပ်မှရိုးမျက်နှာကိုတောင်မကြည့်ရဲတော့စွာခေါင်းငုံထားလိုက်၍။

" ဟို , မလာပါဘူးဆရာ "

အရိပ်အပြောကြောင့် ရိုးလည်းဆရာကိုကြည့်လိုက်ကာ။

" ဟုတ်တယ်လေ အရိပ်ကယောကျ်ားလေးတစ်ယောက်ပါ ဘယ်အပေါက်ကနေရာသီလာမှာလဲ "

" ဟာ , ရိုး !"

ရိုးရဲ့တဲ့တိုးစကားကြောင့် အရိပ်မှာဆရာကိုအားနာသွားမိသလို ရိုးကိုပိတ်အော်ပစ်လိုက်ပြီးမှသတိရသွားကာ။

" ဟို , ဆရာ ကျွန်တော်မိန်းကလေးတွေလို ရာသီမလာပေမဲ့ ကျွန်တော်အသက် ၁၄ နှစ်အရွယ်ကစပြီးလတိုင်းနှာခေါင်းသွေးလျှံတယ်လတိုင်းပဲဆရာ "

" အေး , အဲဒါနီးစပ်တယ်ဖြစ်နိုင်တယ် အောက်ကိုမဆင်းနိုင်တော့အထက်ကိုဆန်တက်တာနေမှာ "

" ဗျာ , !"

ဆရာစကားကြောင့် ရိုးတစ်ယောက်အံ့ဩသွားသလို အရိပ်မှာလည်းမျက်နှာတစ်ခုလုံးနီရဲတွတ်နေပြီဖြစ်သည်။

ထို့နောက် ဆရာကစကားပြန်စလာသည်။

" ဟုတ်တယ် , တကယ်လို နွေလရိပ်မှာမွေးရာပါသားအိမ်ပါလာတယ်ဆိုရင်တောင် မိန်းကလေးတွေလိုရာသီမလာရင်ကိုယ်ဝန်မဆောင်နိုင်ဘူးမြုံနေမှာ "

" ဒါဆို ကျွန်တော်လစဉ်နှာခေါင်းသွေးလျှံတာက မိန်းကလေးတွေလိုရာသီလာတာ‌လား "

" ဟုတ်တယ် ဒါကြောင့်လဲမင်းယောက်ျား ငရိုးရဲ့ သွေးသားကိုဆောင်နိုင်ခဲ့တာ "

ဆရာစကားအဆုံးအရိပ်နားရွက်လေးများရဲကာမျက်လွှာချလိုက်မိတော့ ရိုးကအရိပ်လက်လေးကိုယုယစွာဖွဖွလေးဆုပ်ကိုင်လာ၍။

" ကိုယ့်ကိုတစ်ခါမှမပြောပြဘူးနော် အရိပ် !"

ရိုးအမေးစကားအသံကအလိုမကျသလိုဖြစ်နေတာကြောင့် အရိပ်လက်ကိုကိုင်ထားတဲ့ရိုးလက်ပေါ် အရိပ်လက်တစ်ဘက်ကပြန်အုံ့မိုးကာဆုပ်ကိုင်လိုက်သည်။

" အဲဒါဘယ်သူမှမသိဘူး အရိပ်တစ်ယောက်တည်းပဲသိတာ အကုန်လုံးကိုစိုးရိမ်မှာစိုးလိုပြောမပြခဲ့တာစိတ်မဆိုးပါနဲ့နော် "

" ကိုယ်စိတ်မဆိုးပါဘူး ဒါပေမဲ့နောက်တစ်ခါကိုယ်အပေါ်မှာဘာမှဖုံးကွယ်ထားတာမျိုးမလိုချင်ဘူး "

" ဟုတ် , နောက်ဆိုအရိပ်ဘာဖြစ်ဖြစ် ရိုးကိုအကုန် ပြောပြမယ်နော် "

" ဒါဆိုအခုဆရာက မင်းကိုသားအိမ်ခိုင်ဆေးထိုး‌ပေးမယ် ကိုယ်ဝန်ဆောင်အားဆေးသောက်ဖို့ စီစဉ်ပေးလိုက်မယ် နောက်ရက်တော့ မြို့ကဆေးရုံတွေမှာသွားပြီး စိတ်အေးရအောင်ပြစေချင်တယ် မွေးရင်လည်းခွဲမွေးမှရမှာဆိုတော့ တစ်ခါတည်းသားဖွားဆရာမှာဗိုက်ကိုအပ်ထားစေချင်တယ် "

" ဟုတ်ကဲ့ဆရာ ကျွန်တော်မနက်ဖြန်ပဲမကွေးသွားပြီး အရိပ်ကိုယ်ဝန်အတွက်လိုအပ်တာတွေကိုဆေးရုံကောင်းကောင်းမှာသွားပြပြီးမွေးဖို့ဆရာဝန်ပါအပ်ထားလိုက်ပါမယ် "

ရိုးကအရိပ်ကိုခုတင်ပေါ်လှဲရန်အသာယာကူညီရင်ဆရာအပြောကိုပြန်ဖြေလိုက်သည်။

ထို့နောက် ဆရာကအရိပ်ကိုဆေးထိုးပြီးသောက်ဆေးတချို့ပေးကာမြို့မှာသွားပြီးပြရန်နဲ့ ယောကျ်ားလေးကိုယ်ဝန်ဆောင်မလို့ သေချာဂရုစိုက်ရန်ရိုးနဲ့အရိပ်ကိုအထပ်ထပ်မှာကြားလာသည်။

အပြန်လမ်းတွင်နေ့လယ်ဘက်ရောက်နေပြီမလို့ နေပူရှိန်ကအတော်မြင့်နေပြီဖြစ်၏ သူတို့နှစ်ယောက်အိမ်ကထွက်လာတုန်းကခေါင်းဆောင်းများယူမလာကြရာရိုးသူရဲ့အပေါ်ထပ်လက်ရှည်ကိုချွတ်လိုက်၍ အရိပ်ခေါင်းပေါ်ဆောင်းပေးလိုက်သည်။

" ရိုး "

" ဟင် , ပြောလေ "

အရိပ်အခေါ်ကိုရိုးပြန်ထူးရင်အရိပ်ခေါင်းနေပူလုံရန်သေချာအင်္ကျီကိုခြုံပေးလိုက်သည်။

" ရွာကလူတွေအကုန်သိသွားရင် ရှက်စရာကြီး "

ဟုတ်ပါတယ်။ ဆရာသန်းမင်းအောင်သိမှာတော့ သူ့မိန်းမဒေါ်အေးဆင့်လည်းအရိပ်ကိုယ်ဝန်ရှိတာကိုသိသွားမှာဖြစ်၏ ဒေါ်အေးဆင့်သိသွားလို့ကတော့ တစ်ရွာလုံးကိုလော်စပီကာနဲ့အော်ပြောစရာမလိုအောင်နာရီပိုင်းအတွင်း၌တစ်ရွာလုံးသိသွားကြမှာပဲဖြစ်သည်။

ဆရာသန်းမင်းအောင်ရဲ့မိန်းမဒေါ်အေးဆင့်ဆိုတာ ရွာဆော်ကြီးဖြစ်၏ သူများကိုမသိစေချင်တဲ့အကြောင်းများဒေါ်အေးဆင့်အရှေ့သွားမပြောမိစေနဲ့ သွားပြောမိလို့ကတော့ တစ်ရွာလုံးသိပါစေလို့ ပြောလိုက်တာနဲ့အတူတူပဲဖြစ်တော့သည်။

" အရိပ်လေး "

" ဟင် "

အရိပ်ကရိုးခေါ်သံကြောင့် ရိုးခြုံပေးထားတဲ့ အင်္ကျီကြားထဲကနေမျက်လုံးဝင့်ကာဘေးကရိုးကိုကြည့်လိုက်သည်။

" ဘာလဲ, ရိုး "

" ကိုယ်ရင်သွေးလေးရှိတာ အခုထိမယုံကြည်နိုင်သေးဘူး ကိုယ်အရမ်းပျော်နေတယ် ဒီမှာကြည့် "

ရိုးတစ်ယောက်အရိပ်လက်ကိုကိုင်၍ သူ့ရဲ့ လက်ဝဲဘက်ကပျော်ရွှင်စွာခုန်ပေါက်နေတဲ့ နှလုံးသားပေါ်အသာယာတင်ပေးလိုက်သည်။

အရိပ်လက်ဖဝါးအသာဖြန့်ကာ ရိုးရင်ဘက်လေးကိုအုံ့မိုးထိကပ်လိုက်ပြီးနောက်ပြုံးလိုက်၍။

" ရိုး , အရိပ်လည်းရိုးသွေးသားလေးလွယ်ခွင့်ရတာ အရမ်းပျော်တယ် "

ရိုးကအရိပ်အပြောလေးကြောင့် အရိပ်ကိုယ်လေးကိုရင်ခွင်ထဲဆွဲယူထွေးပွေ့ပစ်လိုက်ချင်ပေမဲ့ ရွာလမ်းလယ်ကြီးမှာဖြစ်နေတာကြောင့် စိတ်ကိုထိန်းကာအရိပ်လက်ဖဝါးနုနုလေးကိုသာဆုပ်ကိုင်၍ အိမ်ကိုနှစ်ယောက်သားလျှောက်ပြန်လာခဲ့တော့သည်။

" ‌ပြန်လာကြပြီလား "

" ဟုတ်ကဲ့ ဦးလေး "

အရိပ်တို့အိမ်ထဲဝင်လာတာမြင်တော့ ဦးလေးရိုးဟန်ကမေးလာသည်။ အရိပ်ပုံမှန်အတိုင်းပြန်ဖြေလိုက်ကာရိုးကိုကြည့်လိုက်သည်။

ရိုးကအရိပ်အကြည့်ကိုနားလည်တာကြောင့် အရိပ်ကိုအပြုံးလေးနဲ့ပြန်ကြည့်လာ၍ အရိပ်လက်ကိုဆွဲကိုင်ထားတာလွှတ်မပေးပဲအဖေထိုင်နေတဲ့ ကွပ်ပျစ်မှာဝင်ထိုင်လိုက်ကာ။

" အဖေ , သားတို့ပြောစရာရှိလို "

ငရိုးဆိုတာဘယ်တုန်းကမှသူ့ကိုပြောစရာရှိရင် အခုလိုစကားပလ္လင်ခံနေတတ်တဲ့ကောင်မျိုးမဟုတ်တဲ့တိုးပြောတတ်သူဖြစ်၏။

ဦးရိုးဟန်သားလုပ်သူငရိုးရဲ့ထူးဆန်းတဲ့အပြုမှုကြောင့် ရွာထွက်ပြောင်းဖူးဆေးပေါလိပ်ကိုသောက်ရန်မီးညှိရန်ပြင်လိုက်သည်။

" ပြော ဘာလဲ ,"

" အဖေဆေးလိပ်မသောက်နဲ့ဦး အရိပ်ဆေးလိပ်နံရှူလို့ မရဘူး "

ဦးရိုးဟန်မှာသားလုပ်သူငရိုးအပြောစကားကြောင့်သမက်လုပ်သူနွေလရိပ်ကိုစိုးရိမ်မိသွား၏ ဆေးလိပ်နံရှူလိုမရဘူးဆိုတာကြောင့် ဆေးလိပ်နဲ့ မီးခြစ်ကိုဒေါင်းရုပ်ဆေးလိပ်ပြာခွက်ထဲပြန်ထည့်လိုက်သည်။

" ဟေ, အရိပ်ကိုဆေးခန်းကဘာပြောလိုက်လို့လဲ "

ရိုးကအဖေအမေးစကားကြောင့် ပြုံးလိုက်၍။

" အဖေ , အဖေမြေးချီရတော့မှာ , ဗျ "

" ဟေ , ဘာကိုပြောတာတုန်း ငါ့နားလည်အောင် လူလိုပြောစမ်း ရိုးမာန်ဂုဏ် !"

ဦးရိုးဟန်တစ်ယောက်သားလုပ်စကားကိုနားမလည်လို့ စိတ်မရှည်စွာအော်ငေါက်ရင်သမက်လုပ်သူအရိပ်ကိုကြည့်လိုက်တော့ ခေါင်းငုံထားသည်။

" ဒီကလေးနှစ်ယောက် ဘာဖြစ်နေကြတာလဲ , ဟ ငါ့စိတ်ပူလာပြီ ပြောစရာရှိတာကို ပြောကြစမ်း !"

" အဖေ သမက်မှာကိုယ်ဝန်ရှိနေပြီ "

" ခွပ် !"

" ငါ့လို လူကြီးကိုနောက်စရာများမှတ်နေတာလား ရိုးမာန်ဂုဏ် !"

အဖေကရိုးအပြောကိုမယုံကြည်ပဲ သူ့ကိုရိုးနောက်တယ်အထင်နဲ့ခေါင်းကိုခွပ်ခနဲမြည်အောင်ခေါက်ဆူငေါက်လာသည်။

" အဖေ သားတကယ်ပြောတာ အရိပ်ဗိုက်ကြီးနေတယ်လို့ သားရဲ့ကလေးလေး အရိပ်ဗိုက်ထဲမှာ ရှိနေပြီလို့ !"

" အရိပ်ကယောကျ်ားလေးတစ်ယောက်လေ မင်းကိုယ်မင်းနတ်ဘုရားများထင်နေတာလား အရိပ်ဗိုက်ထဲမင်းကလေးထည့်နိုင်ရအောင် !"

" ခွပ် !"

" အား ! အဖေ ! တကယ်ပါဆို , ဗျာ !"

ရိုးကထပ်ဆင့်နှစ်ခါအခေါက်ခံလိုက်ရတဲ့ ‌ခေါင်းကိုနာကျင်စွာပွတ်သပ်ရင်းအဖေကိုပြန်အော်ပြောလိုက်သည်။

အရိပ်တစ်ယောက်ရိုးနဲ့ယောက္ခထီးတို့အပြန်လှန်စကားဝိုင်းထဲဝင်၍ ရှက်ရှက်နဲ့ပြောလိုက်သည်။

" ဟို , ဟို , ဦးလေး ရိုးပြောတာ တကယ်ပါ "

" ‌ဟေ,! တကယ်ကြီးလား "

သမက်လုပ်သူကိုယ်တိုင်ဝင်ပြောလာတာကြောင့် ဦးရိုးဟန်မှာအလွန်းအမင်းအံ့ဩမှင်သက်နေမိသည်။

ယောကျ်ားလေးတစ်ယောက်ကကိုယ်ဝန်ရှိနေတယ်အရိပ်ကတော့ ရိုးလို့သူ့ကိုစနောက်ရဲမှာမဟုတ်ဘူးဆိုတာဦးရိုးဟန်သိသည်။

" တကယ် , တကယ်ကြီး ငါ့မြေးလေးကိုလွယ်ထားတာလား အရိပ် "

" တကယ်ပါဆို , အဖေကလဲဗျာ !"

" မင်းကိုငါ့မမေးဘူး !"

ကြားထဲကရိုးအဖြေကို ဦးရိုးဟန်ကမယုံကြည်စွာ အရိပ်ကိုထပ်မေးလာပြန်သည်။

" တကယ် , ငါ့မြေးချီရတော့မှာပေါ့ "

" ဟား၊ဟား , ငါ့သား အရက်သမားငရိုးကတော်လိုက်တာ ငါ့မျိုးဆက်ပြတ်ပြီထင်ထားတာ , ဟား၊ဟား "

အရိပ်ကရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံးရဲတွတ်နေပြီဖြစ်သလို ရိုးတို့သားဖပျော်နေတာကိုကြည့်ပြီး သူကိုယ်တိုင်လည်းအရမ်းကြည်နူးပျော်ရွှင်နေမိသည်။

" သူကြီးတို့သိကြပြီလား "

" ကျွန်တော်မပြောရဲဘူး "

ဦးလေးရိုးဟန်အမေးကိုအရိပ်ရင်ထဲရှိတဲ့အတိုင်း ဝန်ခံလိုက်သည်။ ဖေဖေကသူမွေးထားတာယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ရိုးနဲ့အရိပ်ခိုးရာလိုက်တာလူသိရှင်ကြားဖြစ်သွားလို့ သဘောတူပေးစားခဲ့တာဖြစ်၏ အခုလိုယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး အရိပ်မှာကိုယ်ဝန်ရှိတာကိုဖေဖေလက်ခံနိုင်မလားဒါမှမဟုတ် အရှက်ခွဲတဲ့သားဆိုပြီး စိတ်ဆိုးဒေါသဖြစ်မလား တွေးမိကာအရိပ်ကြောက်မိသည်။

" အရိပ် , အားလုံးအဆင်ပြေသွားမှာပါ ကိုယ်ရှိတယ် ဘာကိုမှမကြောက်နဲ့နော် "

ရိုးကအရိပ်ခေါင်းကဆံနွယ်လေးတွေကိုထိုးဖွပြီးကြင်နာစွာနှစ်သိမ့်စကားဆိုလာသည်။

" အင်း , ရိုးရှိနေသရွေ့ အရိပ်ဘာကိုမှမကြောက်ပါဘူး "

< 23 , 11 , 2021 >

[ သူႀကီးသမက္ ]

" ဆရာ "

" ငရိုး , ေႏြလရိပ္ , လာထိုင္ "

ရိုးနဲ႕အရိပ္ေဆးခန္းထဲဝင္လာေတာ့ ဆရာသန္းမင္းေအာင္ကတျခားလူနာတစ္ဦးကိုေဆးထိုးေပးေနတာေၾကာင့္ ရိုးနဲ႕အရိပ္လည္းထန္းလက္ထိုင္ခုံေလးမွာခဏဝင္ထိုင္ကာေစာင့္ေနလိုက္သည္။

ေဆးခန္းဆိုေပမဲ့ ဆရာသန္းမင္းေအာင္ကသူ႕အိမ္ေရွ႕ေလးမွာပဲအခန္းေဆာက္ၿပီးဖြင့္ထားတာေၾကာင့္ ေဆးထိုးတဲ့ခုတင္ေနရာေလးကိုေတာ့ လိုက္ကာေလးတန္းကားထားသည္။

ခဏေနေတာ့လိုက္ကာဖယ္၍ထြက္လာသူက႐ြာထဲကကုန္စုံဆိုင္ဖြင့္ထားတဲ့ေဒၚဘုတ္ဆုံျဖစ္ေနသည္။ ေဒၚဘုတ္ဆုံကေဆးထိုးထားတဲ့သူ႕တင္ပါးသူပြတ္ေခ်ေနရင္းကထိုင္ေနတဲ့ ရိုးတို႔ကိုၾကည့္ကာေမးလာသည္။

" ငရိုး ဘယ္သူလာျပတာလဲ နင့္လား ေႏြလရိပ္ေလးလား "

" ကြၽန္ေတာ္မဟုတ္ဘူး အရိပ္ကိုလာျပတာ ခဏခဏေခါင္းမူးၿပီးအားနည္းေနလို႔ "

" ေအာ္ , ဆရာေဆးဖိုးဘယ္ေလာက္လဲ "

ေဒၚဘုတ္ဆုံကေဆးဖိုးေပးေခ်ၿပီး ျပန္သြားေတာ့ ဆရာကအရိပ္ကိုစမ္းသပ္မႈစေတာ့သည္။

" ဘယ္လိုျဖစ္သလဲ ဆရာကိုေျပာၾကည့္ပါဦး "

အရိပ္လည္းဆရာအေမးေၾကာင့္ ဒီရက္ပိုင္းသူခံစားေနရတဲ့ ေဝဒနာကိုေျပာျပလိုက္သည္။

" ဒီရက္ပိုင္းထဲထမင္းစားခ်င္စိတ္မရွိျဖစ္ေနတာ ဆရာ ၿပီးေတာ့ ဟင္းနံေတြလဲမခံနိုင္ဘူး အစားသိပ္မစားျဖစ္ေတာ့ ေခါင္းကလဲခဏခဏမူးတယ္ အန္လည္းအန္တယ္ တစ္ခါတေလအစားမရွိေတာ့ေလေတြပါအန္တယ္ ဆရာ "

" အင္း,ဟုတ္ၿပီ ဆရာစမ္းသပ္ၿပီးသင့္ေတာ္မယ္ ေဆးထိုးေပးမယ္လာ ခုတင္ေပၚလွဲလိုက္ "

" ဟုတ္ "

ေဆးခန္းထဲကလိုက္ကာျခားထားတဲ့ ခုတင္ေပၚအရိပ္လွဲလိုက္သည္။ ရိုးကေတာ့လိုက္ကာအျပင္ဘက္ကေနထိုင္၍ အရိပ္ေဆးထိုးၿပီးခ်ိန္ထိေစာင့္ေနစဥ္အထဲကဆရာရဲ႕လွမ္းေခၚသံကိုခဏအၾကာမွၾကားလိုက္ရသည္။

" ငရိုး "

" ဗ်ာ, ဆရာ "

" အထဲကိုဝင္ခဲ့ဦးး "

" ဟုတ္ကဲ့ "

ရိုးလိုက္ကာစကိုအသာဖယ္၍ အထဲဝင္လိုက္ေတာ့ အရိပ္ကခုတင္ေပၚမွာထိုင္ေနၿပီး ဆရာကခုတင္ေဘးမွာခုံနဲ႕ထိုင္ေနသည္။ ဆရာကအထဲဝင္လာတဲ့ရိုးကိုၾကည့္ကာ။

" ခဏထိုင္ဦး ဆရာေျပာစရာရွိလို႔ "

" ဟုတ္ကဲ့ , ဆရာ "

ရိုးလည္းခုံတစ္လုံးယူကာ ဆရာနံေဘးမွာဝင္ထိုင္လိုက္သည္။

" ငရိုးနဲ႕ေႏြလရိပ္ , ဆရာေျပာမယ္စကားကိုမင္းတို႔ႏွစ္ေယာက္ေသခ်ာနားေထာင္ေနာ္ "

" ဟုတ္ကဲ့ပါ ဆရာ "

ဆရာစကားေၾကာင့္ အရိပ္ရင္ထဲမွာအနည္းငယ္စိုးရိမ္ေနမိသည္။

ဆရာကအထဲဝင္လာကာသူကိုခုတင္ေပၚလွဲခိုင္းၿပီးနားၾကပ္နဲ႕ရင္ဘက္တစ္ေလွ်ာက္သုံးေလးခ်က္စမ္းသပ္ကာ ထို႔ေနာက္သူလက္ေကာက္ဝတ္ေသြးေၾကာကိုစမ္းၿပီး အျပင္ကရိုးကိုလွမ္းေခၚအထဲဝင္ထိုင္ခိုင္း၍ အခုေျပာစရာရွိတယ္လို႔ဆိုလာတာေၾကာင့္ ဘာေျပာမလဲဆိုတာစိတ္ဝင္စားေနမိသည္။

" အေသခ်ာႀကီး မဟုတ္ေပမဲ့ ဆရာရဲ႕စမ္းသပ္ခ်က္ ၁၀၀ % ၉၉ ထိေသခ်ာတယ္ အရိပ္မွာ ကိုယ္ဝန္ရွိေနတယ္ "

" ဗ်ာ !"?

" ဟင္ !"?

ဆရာသန္းမင္းေအာင္စကားေၾကာင့္ အရိပ္နဲ႕ရိုးတို႔ ဘာျပန္ေျပာရမွန္းမသိေအာင္ေခတၱခဏပါးစပ္အေဟာင္းသားနဲ႕အံ့ဩေနမိသည္။

" ဆရာ , ကြၽန္ေတာ္ကေယာက်္ားေလးတစ္ေယာက္ေလ ကိုယ္ဝန္ရွိတယ္ဆိုတာႀကီးကေတာ္ေတာ္ေလးမျဖစ္နိုင္စရာအေျခေနႀကီး !"

အရိပ္မွာသူကေယာက်္ားေလးတစ္ေယာက္မလို႔ ကိုယ္ဝန္ရွိတယ္ဆိုတဲ့ ဆရာစကားကိုျငင္းပယ္မႈျပဳလိုက္ေတာ့။

" ဟုတ္တယ္, ေႏြလရိပ္ ဒါေၾကာင့္လဲဆရာကမင္းတို႔ကို ၁၀၀ % အျပည့္မေျပာပဲ ၉၉ % ႏႈန္းထိေျပာတာဆရာစမ္းသပ္ခ်က္မမွားနိုင္ဘူး "

" ဒါ , ဒါေပမဲ့ အရိပ္က "

ဆရာကရိုးအေျပာကိုျဖတ္ေျပာလာသည္။

" ဟုတ္တယ္ မင္းကေယာက်္ားေလးတစ္ေယာက္ ဒါေပမဲ့ ေလာကႀကီးရဲ႕တစ္ခါတေလဆန္းၾကယ္မႈေတြကလူသားေတြလိုက္မမွီနိုင္ေအာင္အံ့ဩဖို႔ေကာင္းတယ္ "

" ဒါဆို တကယ္ပဲ ကြၽန္ေတာ္မွာကိုယ္ဝန္ရွိေနတာေပါ့ေနာ္ ဆရာ "

" ေသခ်ာတာေပါ့ "

အရိပ္အေမးကိုအတိအက်ျပန္ေျဖလာတဲ့ ဆရာစကားအဆုံးမွာေတာ့ အရိပ္မ်က္ႏွာမွာေပ်ာ္႐ႊင္ျခင္းေတြျဖစ္ေပၚလာသလို နံေဘးကရိုးသည္။

" အာ့, ရိုး !"

႐ုတ္တရက္ႀကီးရင္ခြင္ထဲဆြဲသြင္းကာ႐ုပ္တည္ႀကီးနဲ႕ဖက္လာတဲ့ရိုးေၾကာင့္ အရိပ္မွထိတ္လန႔္သြားမိ၏ ထို႔ေနာက္ရိုးအရမ္းေပ်ာ္ေနတယ္ဆိုတာရိုးရဲ႕ရင္ခုန္သံေတြကိုၾကားလိုက္ရတာေၾကာင့္သိလိုက္သည္။

" ရိုး , မငိုနဲ႕ေလ,ဗ်ာ "

" ကိုယ္ , ကိုယ္အရမ္းေပ်ာ္ေနတယ္ "

ရိုးကအရိပ္ကိုရင္ခြင္ထဲဆြဲဖက္ထားၿပီး ဘာစကားတစ္ခြန္းမွမဆိုပဲမ်က္ရည္ေတြက်လာတာေၾကာင့္အရိပ္ေခ်ာ့လိုက္ေတာ့ ရိုးဆီကေနငိုရွိုက္သံေလးေတြၾကားထဲကထြက္လာတဲ့စကားေလးကကိုယ္အရမ္းေပ်ာ္လို႔တဲ့။

" အဟမ္း , ဟမ္း !"

" ဟင္ , ဆရာ !"

ဆရာသန္းမင္းေအာင္ရဲ႕ေခ်ာင္းဟန႔္သံၾကားမွ အရိပ္အသိဝင္လာကာရွက္သြားမိ၏ ထို႔ေၾကာင့္ရိုးရင္ခြင္က်ယ္ထဲက႐ုန္းထြက္လိုက္ေတာ့ ရိုးကအလိုက္သိလႊတ္ေပးလာကာ။

" ဆရာ ကြၽန္ေတာ္ကဘယ္လိုျဖစ္လို႔ ေယာက်္ားေလးတစ္ေယာက္ျဖစ္ၿပီးကိုယ္ဝန္ေဆာင္နိုင္တာလဲ "

အရိပ္သိခ်င္တဲ့စိတ္ေၾကာင့္ ဆရာကိုေမးခြန္းထုတ္လိုက္သည္။

" ဘာလိုလဲဆိုေတာ့ မင္းကေမြးရာပါမိန္းကေလးေတြလို သားအိမ္ပါလာလို႔ေပါ့ , ဒါေပမဲ့ဆရာမင္းကိုေမးခ်င္တာ "

" ဗ်ာ , ဘာကိုလဲ ဆရာ "

" မင္း မိန္းကေလးေတြလိုရာသီလာသလား "

" ဗ်ာ ,!"

ဆရာအေမးစကားေၾကာင့္ အရိပ္မွရိုးမ်က္ႏွာကိုေတာင္မၾကည့္ရဲေတာ့စြာေခါင္းငုံထားလိုက္၍။

" ဟို , မလာပါဘူးဆရာ "

အရိပ္အေျပာေၾကာင့္ ရိုးလည္းဆရာကိုၾကည့္လိုက္ကာ။

" ဟုတ္တယ္ေလ အရိပ္ကေယာက်္ားေလးတစ္ေယာက္ပါ ဘယ္အေပါက္ကေနရာသီလာမွာလဲ "

" ဟာ , ရိုး !"

ရိုးရဲ႕တဲ့တိုးစကားေၾကာင့္ အရိပ္မွာဆရာကိုအားနာသြားမိသလို ရိုးကိုပိတ္ေအာ္ပစ္လိုက္ၿပီးမွသတိရသြားကာ။

" ဟို , ဆရာ ကြၽန္ေတာ္မိန္းကေလးေတြလို ရာသီမလာေပမဲ့ ကြၽန္ေတာ္အသက္ ၁၄ ႏွစ္အ႐ြယ္ကစၿပီးလတိုင္းႏွာေခါင္းေသြးလွ်ံတယ္လတိုင္းပဲဆရာ "

" ေအး , အဲဒါနီးစပ္တယ္ျဖစ္နိုင္တယ္ ေအာက္ကိုမဆင္းနိုင္ေတာ့အထက္ကိုဆန္တက္တာေနမွာ "

" ဗ်ာ , !"

ဆရာစကားေၾကာင့္ ရိုးတစ္ေယာက္အံ့ဩသြားသလို အရိပ္မွာလည္းမ်က္ႏွာတစ္ခုလုံးနီရဲတြတ္ေနၿပီျဖစ္သည္။

ထို႔ေနာက္ ဆရာကစကားျပန္စလာသည္။

" ဟုတ္တယ္ , တကယ္လို ေႏြလရိပ္မွာေမြးရာပါသားအိမ္ပါလာတယ္ဆိုရင္ေတာင္ မိန္းကေလးေတြလိုရာသီမလာရင္ကိုယ္ဝန္မေဆာင္နိုင္ဘူးၿမဳံေနမွာ "

" ဒါဆို ကြၽန္ေတာ္လစဥ္ႏွာေခါင္းေသြးလွ်ံတာက မိန္းကေလးေတြလိုရာသီလာတာ‌လား "

" ဟုတ္တယ္ ဒါေၾကာင့္လဲမင္းေယာက္်ား ငရိုးရဲ႕ ေသြးသားကိုေဆာင္နိုင္ခဲ့တာ "

ဆရာစကားအဆုံးအရိပ္နား႐ြက္ေလးမ်ားရဲကာမ်က္လႊာခ်လိဳက္မိေတာ့ ရိုးကအရိပ္လက္ေလးကိုယုယစြာဖြဖြေလးဆုပ္ကိုင္လာ၍။

" ကိုယ့္ကိုတစ္ခါမွမေျပာျပဘူးေနာ္ အရိပ္ !"

ရိုးအေမးစကားအသံကအလိုမက်သလိုျဖစ္ေနတာေၾကာင့္ အရိပ္လက္ကိုကိုင္ထားတဲ့ရိုးလက္ေပၚ အရိပ္လက္တစ္ဘက္ကျပန္အုံ႕မိုးကာဆုပ္ကိုင္လိုက္သည္။

" အဲဒါဘယ္သူမွမသိဘူး အရိပ္တစ္ေယာက္တည္းပဲသိတာ အကုန္လုံးကိုစိုးရိမ္မွာစိုးလိုေျပာမျပခဲ့တာစိတ္မဆိုးပါနဲ႕ေနာ္ "

" ကိုယ္စိတ္မဆိုးပါဘူး ဒါေပမဲ့ေနာက္တစ္ခါကိုယ္အေပၚမွာဘာမွဖုံးကြယ္ထားတာမ်ိဳးမလိုခ်င္ဘူး "

" ဟုတ္ , ေနာက္ဆိုအရိပ္ဘာျဖစ္ျဖစ္ ရိုးကိုအကုန္ ေျပာျပမယ္ေနာ္ "

" ဒါဆိုအခုဆရာက မင္းကိုသားအိမ္ခိုင္ေဆးထိုး‌ေပးမယ္ ကိုယ္ဝန္ေဆာင္အားေဆးေသာက္ဖို႔ စီစဥ္ေပးလိုက္မယ္ ေနာက္ရက္ေတာ့ ၿမိဳ႕ကေဆး႐ုံေတြမွာသြားၿပီး စိတ္ေအးရေအာင္ျပေစခ်င္တယ္ ေမြးရင္လည္းခြဲေမြးမွရမွာဆိုေတာ့ တစ္ခါတည္းသားဖြားဆရာမွာဗိုက္ကိုအပ္ထားေစခ်င္တယ္ "

" ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္မနက္ျဖန္ပဲမေကြးသြားၿပီး အရိပ္ကိုယ္ဝန္အတြက္လိုအပ္တာေတြကိုေဆး႐ုံေကာင္းေကာင္းမွာသြားျပၿပီးေမြးဖို႔ဆရာဝန္ပါအပ္ထားလိုက္ပါမယ္ "

ရိုးကအရိပ္ကိုခုတင္ေပၚလွဲရန္အသာယာကူညီရင္ဆရာအေျပာကိုျပန္ေျဖလိုက္သည္။

ထို႔ေနာက္ ဆရာကအရိပ္ကိုေဆးထိုးၿပီးေသာက္ေဆးတခ်ိဳ႕ေပးကာၿမိဳ႕မွာသြားၿပီးျပရန္နဲ႕ ေယာက်္ားေလးကိုယ္ဝန္ေဆာင္မလို႔ ေသခ်ာဂ႐ုစိုက္ရန္ရိုးနဲ႕အရိပ္ကိုအထပ္ထပ္မွာၾကားလာသည္။

အျပန္လမ္းတြင္ေန႕လယ္ဘက္ေရာက္ေနၿပီမလို႔ ေနပူရွိန္ကအေတာ္ျမင့္ေနၿပီျဖစ္၏ သူတို႔ႏွစ္ေယာက္အိမ္ကထြက္လာတုန္းကေခါင္းေဆာင္းမ်ားယူမလာၾကရာရိုးသူရဲ႕အေပၚထပ္လက္ရွည္ကိုခြၽတ္လိုက္၍ အရိပ္ေခါင္းေပၚေဆာင္းေပးလိုက္သည္။

" ရိုး "

" ဟင္ , ေျပာေလ "

အရိပ္အေခၚကိုရိုးျပန္ထူးရင္အရိပ္ေခါင္းေနပူလုံရန္ေသခ်ာအကၤ်ီကိုၿခဳံေပးလိုက္သည္။

" ႐ြာကလူေတြအကုန္သိသြားရင္ ရွက္စရာႀကီး "

ဟုတ္ပါတယ္။ ဆရာသန္းမင္းေအာင္သိမွာေတာ့ သူ႕မိန္းမေဒၚေအးဆင့္လည္းအရိပ္ကိုယ္ဝန္ရွိတာကိုသိသြားမွာျဖစ္၏ ေဒၚေအးဆင့္သိသြားလို႔ကေတာ့ တစ္႐ြာလုံးကိုေလာ္စပီကာနဲ႕ေအာ္ေျပာစရာမလိုေအာင္နာရီပိုင္းအတြင္း၌တစ္႐ြာလုံးသိသြားၾကမွာပဲျဖစ္သည္။

ဆရာသန္းမင္းေအာင္ရဲ႕မိန္းမေဒၚေအးဆင့္ဆိုတာ ႐ြာေဆာ္ႀကီးျဖစ္၏ သူမ်ားကိုမသိေစခ်င္တဲ့အေၾကာင္းမ်ားေဒၚေအးဆင့္အေရွ႕သြားမေျပာမိေစနဲ႕ သြားေျပာမိလို႔ကေတာ့ တစ္႐ြာလုံးသိပါေစလို႔ ေျပာလိုက္တာနဲ႕အတူတူပဲျဖစ္ေတာ့သည္။

" အရိပ္ေလး "

" ဟင္ "

အရိပ္ကရိုးေခၚသံေၾကာင့္ ရိုးၿခဳံေပးထားတဲ့ အကၤ်ီၾကားထဲကေနမ်က္လုံးဝင့္ကာေဘးကရိုးကိုၾကည့္လိုက္သည္။

" ဘာလဲ, ရိုး "

" ကိုယ္ရင္ေသြးေလးရွိတာ အခုထိမယုံၾကည္နိုင္ေသးဘူး ကိုယ္အရမ္းေပ်ာ္ေနတယ္ ဒီမွာၾကည့္ "

ရိုးတစ္ေယာက္အရိပ္လက္ကိုကိုင္၍ သူ႕ရဲ႕ လက္ဝဲဘက္ကေပ်ာ္႐ႊင္စြာခုန္ေပါက္ေနတဲ့ ႏွလုံးသားေပၚအသာယာတင္ေပးလိုက္သည္။

အရိပ္လက္ဖဝါးအသာျဖန႔္ကာ ရိုးရင္ဘက္ေလးကိုအုံ႕မိုးထိကပ္လိုက္ၿပီးေနာက္ၿပဳံးလိုက္၍။

" ရိုး , အရိပ္လည္းရိုးေသြးသားေလးလြယ္ခြင့္ရတာ အရမ္းေပ်ာ္တယ္ "

ရိုးကအရိပ္အေျပာေလးေၾကာင့္ အရိပ္ကိုယ္ေလးကိုရင္ခြင္ထဲဆြဲယူေထြးေပြ႕ပစ္လိုက္ခ်င္ေပမဲ့ ႐ြာလမ္းလယ္ႀကီးမွာျဖစ္ေနတာေၾကာင့္ စိတ္ကိုထိန္းကာအရိပ္လက္ဖဝါးႏုႏုေလးကိုသာဆုပ္ကိုင္၍ အိမ္ကိုႏွစ္ေယာက္သားေလွ်ာက္ျပန္လာခဲ့ေတာ့သည္။

" ‌ျပန္လာၾကၿပီလား "

" ဟုတ္ကဲ့ ဦးေလး "

အရိပ္တို႔အိမ္ထဲဝင္လာတာျမင္ေတာ့ ဦးေလးရိုးဟန္ကေမးလာသည္။ အရိပ္ပုံမွန္အတိုင္းျပန္ေျဖလိုက္ကာရိုးကိုၾကည့္လိုက္သည္။

ရိုးကအရိပ္အၾကည့္ကိုနားလည္တာေၾကာင့္ အရိပ္ကိုအၿပဳံးေလးနဲ႕ျပန္ၾကည့္လာ၍ အရိပ္လက္ကိုဆြဲကိုင္ထားတာလႊတ္မေပးပဲအေဖထိုင္ေနတဲ့ ကြပ္ပ်စ္မွာဝင္ထိုင္လိုက္ကာ။

" အေဖ , သားတို႔ေျပာစရာရွိလို "

ငရိုးဆိုတာဘယ္တုန္းကမွသူ႕ကိုေျပာစရာရွိရင္ အခုလိုစကားပလႅင္ခံေနတတ္တဲ့ေကာင္မ်ိဳးမဟုတ္တဲ့တိုးေျပာတတ္သူျဖစ္၏။

ဦးရိုးဟန္သားလုပ္သူငရိုးရဲ႕ထူးဆန္းတဲ့အျပဳမႈေၾကာင့္ ႐ြာထြက္ေျပာင္းဖူးေဆးေပါလိပ္ကိုေသာက္ရန္မီးညွိရန္ျပင္လိုက္သည္။

" ေျပာ ဘာလဲ ,"

" အေဖေဆးလိပ္မေသာက္နဲ႕ဦး အရိပ္ေဆးလိပ္နံရႉလို႔ မရဘူး "

ဦးရိုးဟန္မွာသားလုပ္သူငရိုးအေျပာစကားေၾကာင့္သမက္လုပ္သူေႏြလရိပ္ကိုစိုးရိမ္မိသြား၏ ေဆးလိပ္နံရႉလိုမရဘူးဆိုတာေၾကာင့္ ေဆးလိပ္နဲ႕ မီးျခစ္ကိုေဒါင္း႐ုပ္ေဆးလိပ္ျပာခြက္ထဲျပန္ထည့္လိုက္သည္။

" ေဟ, အရိပ္ကိုေဆးခန္းကဘာေျပာလိုက္လို႔လဲ "

ရိုးကအေဖအေမးစကားေၾကာင့္ ၿပဳံးလိုက္၍။

" အေဖ , အေဖေျမးခ်ီရေတာ့မွာ , ဗ် "

" ေဟ , ဘာကိုေျပာတာတုန္း ငါ့နားလည္ေအာင္ လူလိုေျပာစမ္း ရိုးမာန္ဂုဏ္ !"

ဦးရိုးဟန္တစ္ေယာက္သားလုပ္စကားကိုနားမလည္လို႔ စိတ္မရွည္စြာေအာ္ေငါက္ရင္သမက္လုပ္သူအရိပ္ကိုၾကည့္လိုက္ေတာ့ ေခါင္းငုံထားသည္။

" ဒီကေလးႏွစ္ေယာက္ ဘာျဖစ္ေနၾကတာလဲ , ဟ ငါ့စိတ္ပူလာၿပီ ေျပာစရာရွိတာကို ေျပာၾကစမ္း !"

" အေဖ သမက္မွာကိုယ္ဝန္ရွိေနၿပီ "

" ခြပ္ !"

" ငါ့လို လူႀကီးကိုေနာက္စရာမ်ားမွတ္ေနတာလား ရိုးမာန္ဂုဏ္ !"

အေဖကရိုးအေျပာကိုမယုံၾကည္ပဲ သူ႕ကိုရိုးေနာက္တယ္အထင္နဲ႕ေခါင္းကိုခြပ္ခနဲျမည္ေအာင္ေခါက္ဆူေငါက္လာသည္။

" အေဖ သားတကယ္ေျပာတာ အရိပ္ဗိုက္ႀကီးေနတယ္လို႔ သားရဲ႕ကေလးေလး အရိပ္ဗိုက္ထဲမွာ ရွိေနၿပီလို႔ !"

" အရိပ္ကေယာက်္ားေလးတစ္ေယာက္ေလ မင္းကိုယ္မင္းနတ္ဘုရားမ်ားထင္ေနတာလား အရိပ္ဗိုက္ထဲမင္းကေလးထည့္နိုင္ရေအာင္ !"

" ခြပ္ !"

" အား ! အေဖ ! တကယ္ပါဆို , ဗ်ာ !"

ရိုးကထပ္ဆင့္ႏွစ္ခါအေခါက္ခံလိုက္ရတဲ့ ‌ေခါင္းကိုနာက်င္စြာပြတ္သပ္ရင္းအေဖကိုျပန္ေအာ္ေျပာလိုက္သည္။

အရိပ္တစ္ေယာက္ရိုးနဲ႕ေယာကၡထီးတို႔အျပန္လွန္စကားဝိုင္းထဲဝင္၍ ရွက္ရွက္နဲ႕ေျပာလိုက္သည္။

" ဟို , ဟို , ဦးေလး ရိုးေျပာတာ တကယ္ပါ "

" ‌ေဟ,! တကယ္ႀကီးလား "

သမက္လုပ္သူကိုယ္တိုင္ဝင္ေျပာလာတာေၾကာင့္ ဦးရိုးဟန္မွာအလြန္းအမင္းအံ့ဩမွင္သက္ေနမိသည္။

ေယာက်္ားေလးတစ္ေယာက္ကကိုယ္ဝန္ရွိေနတယ္အရိပ္ကေတာ့ ရိုးလို႔သူ႕ကိုစေနာက္ရဲမွာမဟုတ္ဘူးဆိုတာဦးရိုးဟန္သိသည္။

" တကယ္ , တကယ္ႀကီး ငါ့ေျမးေလးကိုလြယ္ထားတာလား အရိပ္ "

" တကယ္ပါဆို , အေဖကလဲဗ်ာ !"

" မင္းကိုငါ့မေမးဘူး !"

ၾကားထဲကရိုးအေျဖကို ဦးရိုးဟန္ကမယုံၾကည္စြာ အရိပ္ကိုထပ္ေမးလာျပန္သည္။

" တကယ္ , ငါ့ေျမးခ်ီရေတာ့မွာေပါ့ "

" ဟား၊ဟား , ငါ့သား အရက္သမားငရိုးကေတာ္လိုက္တာ ငါ့မ်ိဳးဆက္ျပတ္ၿပီထင္ထားတာ , ဟား၊ဟား "

အရိပ္ကရွက္စိတ္ေၾကာင့္ မ်က္ႏွာတစ္ခုလုံးရဲတြတ္ေနၿပီျဖစ္သလို ရိုးတို႔သားဖေပ်ာ္ေနတာကိုၾကည့္ၿပီး သူကိုယ္တိုင္လည္းအရမ္းၾကည္ႏူးေပ်ာ္႐ႊင္ေနမိသည္။

" သူႀကီးတို႔သိၾကၿပီလား "

" ကြၽန္ေတာ္မေျပာရဲဘူး "

ဦးေလးရိုးဟန္အေမးကိုအရိပ္ရင္ထဲရွိတဲ့အတိုင္း ဝန္ခံလိုက္သည္။ ေဖေဖကသူေမြးထားတာေယာက်္ားေလးတစ္ေယာက္ျဖစ္ၿပီး ရိုးနဲ႕အရိပ္ခိုးရာလိုက္တာလူသိရွင္ၾကားျဖစ္သြားလို႔ သေဘာတူေပးစားခဲ့တာျဖစ္၏ အခုလိုေယာက်္ားေလးတစ္ေယာက္ျဖစ္ၿပီး အရိပ္မွာကိုယ္ဝန္ရွိတာကိုေဖေဖလက္ခံနိုင္မလားဒါမွမဟုတ္ အရွက္ခြဲတဲ့သားဆိုၿပီး စိတ္ဆိုးေဒါသျဖစ္မလား ေတြးမိကာအရိပ္ေၾကာက္မိသည္။

" အရိပ္ , အားလုံးအဆင္ေျပသြားမွာပါ ကိုယ္ရွိတယ္ ဘာကိုမွမေၾကာက္နဲ႕ေနာ္ "

ရိုးကအရိပ္ေခါင္းကဆံႏြယ္ေလးေတြကိုထိုးဖြၿပီးၾကင္နာစြာႏွစ္သိမ့္စကားဆိုလာသည္။

" အင္း , ရိုးရွိေနသေ႐ြ႕ အရိပ္ဘာကိုမွမေၾကာက္ပါဘူး "

< 23 , 11 , 2021 >

Continue Reading

You'll Also Like

94.5K 4K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
307K 16K 23
#Unicode အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ် သတိမထားမိလိုက်တဲ့ အချိန်မှာတောင် ဖြတ်ခနဲ ဝင်ရောက်လာတာမျိုး... #စိုင်းအံ့ဘုန်းဇော် ကမ္ဘာပေါ်မှာ လူရှုပ်လူပွေတွေလေ...
89.3K 12K 99
ආදරේ කියන දෙය වචනෙන්ම කියන්න ඕන නෑ නේ ? -ආරධ්‍ය ශෙහාන්- ඒත් ආදරේ දැනෙන්න දෙන්න පුල...
34.2K 2K 12
လှပတဲ့ ပန်းလေးတစ်ပွင့်လို လူသားလေးရဲ့ အချစ်ကို မခံစားတတ်သေးခင် တွေ့ကြုံရတဲ့ မျက်ရည်များ ။ အချစ်ကို ခံစားတတ်ပြီဆိုတော့လည်း တွေ့လာရမယ် အိမ်ထောင်သည်တွေရ...