ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.8.8

2.8K 507 92
By devil61002

ယြင္လဲ့ေတာင္သည္ ျပင္းထန္သၫ့္ အေအးဒဏ္အျပင္ ဝိညာဉ္သားရဲမ်ားျဖင့္ ျပၫ့္ႏွက္ေနသည္ ။ ထိုသားရဲမ်ားသည္ အေအးဒဏ္ကို မမူ႔သၫ့္အျပင္ အျခားသားရဲမ်ားထက္ ပိုအားေကာင္းၾကသည္ ။

ေလာ့ကြၽင္းက ဓားကို ေဝ႔ွယမ္းလိုက္ၿပီး ခုန္လိုက္ကာ ဒဏ္ရာရေနၿပီ ျဖစ္ေသာ ေရခဲျခေသၤ့အား ခုတ္ပိုင္းလိုက္သည္ ။ သားရဲ၏ ခႏၶာကိုယ္တြင္ အနီေရာင္မီးေတာက္မ်ား ေပၚလာခဲ့ၿပီး ေပါက္ကြဲသြားခဲ့သည္ ။

" က်စ္!!.. အားသံုးတာ မ်ားသြားျပန္ၿပီ .." ေၾကမြေနသၫ့္ အျမဳေတအား ေကာက္ကိုင္ရင္း စိတ္ပ်က္သြားသည္။ သူက အခ်ိန္အေတာ္ၾကာ အားကုန္ထုတ္ၿပီးမွ သတ္ႏိုင္လိုက္သၫ့္ သားရဲသည္ သံုးစားမရ ျဖစ္သြားေခ်ၿပီ ။

" အစ္ကိုမို႔ .. ဒီေနရာမွာ ေကာင္းကင္မီးလ်ံၾကာပန္း ရိွတာ ေသခ်ာရဲ့လား .." ေတာနင္ထဲမွ ခပ္တိုးတိုး စကားေျပာသံေၾကာင့္ ေလာ့ကြၽင္း၏ လႈပ္ရွားမႈမ်ားက ရပ္တန႔္သြားသည္။

" ေရွးေဟာင္းေျမပံုကို ဂိုဏ္းရဲ့ မစ္ရွင္ လုပ္ၿပီးမွ ရလာခဲ့တာ .. မမွားႏိုင္ဘူး .." မို႔ေယာင္၏ ေသခ်ာသၫ့္ စကားသံကို ၾကားလိုက္ရ၍ ေလာ့ကြၽင္း၏ မ်က္ေမွာင္မ်ား ၾကဳတ္သြားသည္ ။ သူက ထိုအေကာင္အား ရိုက္ႏွက္ရန္ လႈပ္ရွားဖို႔ ျပင္လိုက္ေသာ္လည္း ခ်န္းယန္၏ စကားသံက သူ႔နားထဲတြင္ ျပန္ၾကားေယာင္လာသည္ ။ " ျပႆနာရွာရင္ ျပန္ပို႔မယ္ "

ေလာ့ကြၽင္း၏ ဝတ္ရံုနီက ေလထဲတြင္ လြင့္လူးေန၏ ။ သူက သစ္ကိုင္းတစ္ခုေပၚတြင္ ရပ္လ်က္ လက္ႏွစ္ဖက္အား ေခါင္းအေနာက္တြင္ ထားကာ ပင္စည္အား မွီထားခဲ့ၿပီး မို႔ေယာင္တို႔ လႈပ္ရွားမႈမ်ားကို ပ်င္းရိစြာ ၾကၫ့္ေနခဲ့သည္ ။ ' ဒီေကာင္ကို နဲနဲမွ ျပႆနာမရွာရရင္ ေနမထိထိုင္မသာ ျဖစ္လာတယ္ .. ရွီရႈံးက က်င့္ႀကံဖို႔ သြားတယ္.. ငါ ဒီမွာ တစ္ခုခုလုပ္ရင္ .. ရွစ္ရႈံး သိႏိုင္မွာ မဟုတ္ဘူး .. '

သူ႔မ်က္စိေရ႔ွမွာပင္ မို႔ေယာင္တို့သည္ လ်ိဳ႕ဝွက္ေနရာတစ္ခုအား ရွာေတြ့သြားကာ အကာအကြယ္အစီအရင္ကို တိုက္ခိုက္ေတာ့သည္ ။ လ်ိဳ႕ဝွက္ဂူထဲရိွ အတားအဆီးမ်ားကို မို႔ေယာင္တို႔အဖြဲ႔က အားႀကိဳးမာန္တက္ဖ်က္စီးပစ္ကာ သူ႔အား လမ္းရွင္းေပးေနျခင္းအား အခြင့္ေကာင္းယူလိုက္ၿပီး လိုက္သြားေတာ့၏ ။

**

/ ျပန္လည္ေကာင္းမြန္မႈႏႈန္း - 50% / ခ်န္းယန္သည္ လက္မွ အပူေၾကာင့္ အလြန္နာက်င္ေနသၫ့္ တိုင္‌ေအာင္ ၾကာပန္းအား လက္လြတ္လိုက္ျခင္း မရိွေပ ။ သူသာ အားမေကာင္းလ်ွင္ သူ႔ခ်စ္သူအား မည္သို႔ ကာကြယ္ေပးႏိုင္မည္နည္း ။

" လာစမ္း !! " တခ်က္ဟိန္းေဟာက္လိုက္ကာ ၾကာပန္းအား အျပၫ့္အဝသန႔္စင္ရန္ ျပင္လိုက္သည္ ။ သူ႔လက္က သေကၤတမ်ားျဖင့္ ျပၫ့္ႏွက္သြားကာ နာက်င္မႈက အဆမ်ားစြာ တိုးလာခဲ့၏ ။ စနစ္ကိုအသံုးျပဳကာ နာက်င္မႈအား ေလ်ာ့ခ်ႏိုင္ေသာ္လည္း ထိုသို႔လုပ္လိုက္လ်ွင္ အာနိသင္က ထက္ဝက္အထိ ေလ်ာ့က်သြားႏိုင္သည္ ။ ပံုရိပ္‌ေယာင္ ကမ႓ာတိုင္းသည္ သူ႔စည္းမ်ဉ္းနဲ႔သူ ရိွကာ မခ်ိဳးေဖာက္လ်ွင္ အေကာင္းဆံုးျဖစ္သည္ ။ ခ်ိဳးေဖာက္ခ်င္တိုင္း ခ်ိဳးေဖာက္ႏိုင္ပါက ထိန္းခ်ဳပ္သူသည္ သူ႔အား အစကတည္း ရွင္းပစ္ႏိုင္ခဲ့မည္ ျဖစ္သည္ ။

" ခ်န္းယန္!! "

အလင္းတခ်က္လက္သြားကာ မို႔ေယာင္၏ ပံုရိပ္ကို ေဖာ္ျပလိုက္၏ ။ မို႔ေယာင္သည္ သူရွာေနသၫ့္ ပစၥည္းက ခ်န္းယန္လက္ထဲသို႔ ေရာက္ေနသည္ကို ေတြ့လိုက္ရကာ အမ်က္ထြက္သြားေတာ့သည္ ။

" ရပ္စမ္း " မို႔ေယာင္က ခ်န္းယန္အား စတင္တိုက္ခိုက္သည္နဲ႔ အျခားသူမ်ားလဲ တိုက္ခိုက္ေတာ့သည္ ။ အလင္းခ်က္ေပါင္းမ်ားစြာက ခ်န္းယန္ထံသို႔ ဦးတည္လာခဲ့သည္ ။ မို႔ေယာင္၏ အသံကို ၾကားလိုက္သည္တြင္ ခ်န္းယန္၏ မ်က္ႏွာသည္ ေအးစက္သြားခဲ့သည္ ။ ' တကယ္ကို အေရးႀကီးတဲ့အခ်ိန္မွ .. ေသာက္က်ိဳးနည္း Timing ဘဲ‌ေဟ့ .. '

ဇာတ္ေၾကာင္းသည္ သူနဲ႔ မို႔ေယာင္အား အၿမဲတိုက္ခိုက္ေနေစလိုေနကာ သူက မလႈပ္ရွားခ်ိန္တြင္ မို႔ေယာင္အား သူ႔ေရ႔ွသို႔ ပို႔လိုက္ေလသည္ ။ ယခုခ်ိန္တြင္ မို႔ေယာင္သာ သူ႔ကို သတ္ႏိုင္ပါက ရန္ၿငိဳးကို အဆံုးသတ္ႏိုင္မၫ့္အျပင္ သူ႔လက္ထဲက ၾကာပန္းကဲ့သို႔ Cheat ကိုပါ ရသြားလိမ့္မည္ ။ ရန္သူဆီက ရတဲ့ ရတနာေလာက္ ဘယ္အရာမွ စိတ္ေက်နပ္စရာမေကာင္းေပ ..

သည္အခ်ိန္တြင္ အနီေရာင္ပံုရိပ္တစ္ခုက သူနဲ႔ မို႔ေယာင္အၾကားတြင္ ေပၚလာခဲ့သည္ ။ ေလာ့ကြၽင္းက ခက္ထန္သၫ့္ အၾကၫ့္ျဖင့္ ၾကၫ့္လိုက္ကာ သူ႔စြမ္းအင္အားလံုးအား ခ်န္းယန္အား ကာကြယ္ရန္ အသံုးျပဳလိုက္သည္ ။ ျပင္းထန္သၫ့္ မီးစြမ္းအင္သည္ ဂူအတြင္း ျပၫ့္လာသၫ့္အခါ ၾကာပန္းအတြင္းရိွ အနီနက္ေရာင္ မီးလ်ံေလးက အနည္းငယ္ လႈပ္ခတ္သြားခဲ့၏။

" ေရွာင္ေလာ့ .." ခ်န္းယန္၏ တင္းမာေနေသာ မ်က္ႏွာထားက အနည္းငယ္ ေျပေလ်ာ့သြားခဲ့သည္ ။ မီးလ်ံေဘးပတ္လည္ရိွ ၾကာပြင့္ဖတ္မ်ား ေႂကြက်သြားခ်ိန္တြင္ မီးလ်ံေလးသည္ အလင္းေဖ်ာ့ေဖ်ာ့ ထုတ္လႊတ္လ်က္ အထင္အရွား ေပၚလာခဲ့သည္ ။

" ဒီ‌ေရခဲျကာပန္းက တကယ္ ေကာင္းကင္မီးလ်ံ တစ္ခုကို ေမြးဖြားေပးလိုက္တာဘဲ .." မို႔ေယာင္နဲ႔ အဖြဲ႔သားမ်ား၏ မ်က္ဝန္းမ်ားက ခ်က္ခ်င္း အေရာင္ေတာက္လာခဲ့သည္ ။‌ ‌မီးစြမ္းအင္ရိွသူမ်ားသည္ သာမန္လူမ်ားထက္ တိုက္ခိုက္ႏိုင္စြမ္း တဆင့္ျမင့္ေလ့ရိွသည္ ။

ေလာ့ကြၽင္း မီးသခင္ခႏၶာကိုယ္ရိွကာ သူကိုယ္တိုင္ကိုက မီးေတာက္တစ္ခုအျဖစ္ တည္ရိွကာ ဆင့္ကဲ တိုးတက္ႏိုင္သည္ ။ လက္ရိွေလာ့ကြၽင္းသည္ ေျမကမ႓ာအဆင့္ မီးေတာက္သာ ပိုင္ဆိုင္ထားေသးသၫ့္တိုင္ အလြန္အစြမ္းထက္ေနရာ ေကာင္းကင္ မီးလ်ံက မည္မ်ွ အစြမ္းထက္မည္ဆိုသည္က မေတြးဝံ့စရာပင္။ 

ခ်န္းယန္ က ထိုမီးလ်ံအား သန႔္စင္ျခင္းမျပဳဘဲ ‌မီးစြမ္းအင္ အျပင္းထန္ဆံုးေနရာသို႔ ပို႔လြတ္‌လိုက္သည္ ။ ထိုေနရာသည္ ေလာ့ကြၽင္း ရိွေနသၫ့္ ေနရာျဖစ္မွန္း ခံစားမိ၍ပင္ ။

" မင္း .. လုပ္ရဲတယ္..  " မို႔ေယာင္က ထိုျမင္ကြင္းကို ျမင္လိုက္ၿပီး ေဒါသထြက္သြားကာ ေအာ္ဟစ္လိုက္သည္ ။ " ရပ္လိုက္စမ္း .." မိုးႀကိဳးသြားမ်ားက ခ်န္းယန္အား တိုက္ခိုက္လိုက္ၿပီး မီးလ်ံအား ဖမ္းယူရန္ ျပင္လိုက္သည္ ။

အျခားသူမ်ားမွာလဲ သတိဝင္လာကာ စတင္တိုက္ခိုက္ေတာ့သည္ ။ ေလာ့ကြၽင္းသည္ သူ႔ခႏၶာကိုယ္ထဲ ရုတ္တရက္ ဝင္လာသၫ့္ မီးလ်ံေၾကာင့္ မည္သို႔ တုန႔္ျပန္ရမလဲ မသိျဖစ္ေနသည္ ။ သူ႔ခႏၶာကိုယ္တစ္ခုလံုး ေပါက္ကြဲထြက္ေတာ့ မလို ခံစားရလိုက္ၿပီး စြမ္းအင္မ်ား ဖိႏိွပ္လို႔မရေတာ့ေပ ။

သည္အခ်ိန္တြင္ ေအးျမသၫ့္ စြမ္းအင္စီးေၾကာင္းတစ္ခုက သူ႔ကိုယ္တြင္းသို႔ စီးဝင္လာခဲ့ၿပီး ေပါက္ကြဲထြက္ေတာ့မၫ့္ ေသြးေၾကာမ်ားအား ဖိႏိွပ္ေပးလာ၏ ။

" စိတ္ကို ေလ်ာ့ .. မီးလ်ံကို စုပ္ယူဖို႔ ႀကိဳးစား .." ခပ္ဖြဖြစကားသံက ေလသံေအးေအးနဲ႔အတူ သူ႔နားထဲသို႔ ဝင္ေရာက္လာခဲ့၏ ။ သူက အႏၲရယ္မ်ားသၫ့္ ပတ္ဝန္းက်င္ အေျခအေနကို ၾကၫ့္ရင္း ေခါင္းယမ္းလိုက္သည္ ။ ယခုအခ်ိန္က စုပ္ယူဖို႔ ေကာင္းသၫ့္ အခ်ိန္အခါ ဟုတ္မေနေပ ။ သူက မီးလ်ံအား ဖိႏိွပ္ဖို႔ စြမ္းပင္ သံုးလိုက္လ်ွင္ တိုက္ခိုက္လို႔ မရေတာ့ေပ ။ ခ်န္းယန္တစ္ေယာက္တည္း တိုက္ခိုက္ခိုင္းရမည္လား ..

သူက ဒဏ္ရာရေနသၫ့္ လူအား အႏၲရယ္ထဲ ပို႔လြတ္လိုက္ရေအာင္ အရူးမဟုတ္ေပ ..

ခ်န္းယန္က ေခါင္းမာလွသၫ့္ သူေၾကာင့္ သက္ျပင္းခပ္ဖြဖြခ်ကာ တိုက္ခိုက္မႈမ်ားအား ကာကြယ္ေနရာမွ စြမ္းအင္ကို ရုတ္သိမ္းလိုက္ကာ ေလာ့ကြၽင္းအား ေပြ့ခ်ီလိုက္ၿပီး အေဆာင္လက္ဖြဲ႔ တစ္ခ်ိဳ႕အား ေျပးဝင္လာသၫ့္ မို႔ေယာင္တို႔ထံ ခန႔္မွန္းကာ ပစ္လြတ္လိုက္သည္ ။

အခိုးအေငြ့မ်ား ရွင္းလင္းသြားခ်ိန္တြင္ ခ်န္းယန္ ၊ ‌ေလာ့ကြၽင္းနဲ႔အတူ မို႔ေယာင္ ပါ ေပ်ာက္ကြယ္သြား‌ခဲ့သည္ ။

**
မို႔ေယာင္သည္ အျမင္မ်ားရွင္းလင္းသြားခ်ိန္ ပတ္ဝန္းက်င္သၫ့္ ယြင္လဲ့ေတာင္ မဟုတ္ေတာ့ေၾကာင္း ခံစားမိလိုက္ၿပီး ႀကိတ္မႏိုင္ခဲမရျဖစ္သြားခဲ့၏ ။ ထို ေကာက္က်စ္သၫ့္လူက သူ႔အေပၚတြင္ တည္ေနရာေရြ့ေျပာင္းသၫ့္ အေဆာင္တခ်ိဳ႕ ပစ္လြတ္ခဲ့သၫ့္ ပံုပင္ ။ ထိုကဲ့သို႔ တန္ဖိုးႀကီးသၫ့္ အေဆာင္အား သူက ရန္သူ႔အတြက္ အသံုးျပဳလိုက္သၫ့္ ခ်န္းယန္၏ ရူးမိုက္မႈအား ေလွာင္ရယ္ခ်င္ေသာ္လည္း သည္အကြက္သည္ အလြန္ထိေရာက္ေၾကာင္းေတာ့ ဝန္ခံရမည္ပင္ ။ ႏွစ္ဖက္လံုး ထိ‌ခိုက္မႈ မရိွေသာ္လည္း သူက မီးလ်ံအား လုယူရန္ မျဖစ္ႏိုင္ေတာ့ေပ ။

" ေတာက္!!! " မို႔‌ေယာင္သည္ ေဒါသမ်ားအား ပတ္ဝန္းက်င္ရိွ အပင္မ်ားအေပၚတြင္ ပံုခ်လိုက္ေတာ့သည္ ။ သည္အခ်ိန္တြင္ အျပာေရာင္ပံုရိပ္ေလးတစ္ခုက သူ႔ထံသို႔ ေရြ့လ်ားလာသည္ကို ေတြ့လိုက္ရ၏ ။ မို႔ေယာင္၏ မ်က္ႏွာသည္ အေနရခက္သၫ့္ မ်က္ႏွာျဖစ္သြားကာ ေခၚလိုက္သည္ ။ " ‌ေရွာင္ယု "

ေရာက္လာသူမွာ ယုလန္ျဖစ္ေလသည္ ။ သူမသည္ မို႔ေယာင္အား ၾကၫ့္ရင္း ႏူတ္ခမ္းကိုက္လိုက္ကာ " ရွင္ .. ရွင္ ယြင္လဲ့ေတာင္ကို သြားတယ္ဆို .. အစ္ကိုခ်န္းကို ဘာမွမလုပ္ပါဘူးလို႔  ရွင္ကြၽန္မကို ကတိေပးထားတယ္ေလ .."

မို႔ေယာင္၏ မ်က္ႏွာထက္တြင္ စိတ္အေနွာက္အယွက္ျဖစ္သၫ့္ အမႈအရာေပၚလာခဲ့ၿပီး " ငါ ကတိေပးထားတာက မင္း ငါနဲ႔အတူေနမယ္ဆိုရင္ သူ႔ကို ဘာမွမလုပ္ဖူးလို႔ေလ .." ထိုစကားသည္ စေနာက္၍ ေျပာခဲ့ျခင္း ျဖစ္ေသာ္လည္း လက္ရိွတြင္ သူက စိတ္ရႈပ္လြန္း၍ ေလသံမာမာျဖင့္ ေျပာလ္ုက္ျခင္းပင္ ။

သူက လက္ေဝ႔ွယမ္းလိုက္ၿပီး " ကိုယ္တစ္ေယာက္တည္း ေနခ်င္တယ္ .. " သူ႔အတြက္ ေကာင္းကင္မီးလ်ံက အလြန္အေရးႀကီးကာ လက္ေလ်ာ့ဖို႔ မျဖစ္ႏိုင္‌ေပ ။ သြားရသၫ့္အေၾကာင္းအရင္းက ယုလန္အတြက္ ေရခဲၾကာပန္း ယူေပးခ်င္ခဲ့ျခင္း ျဖစ္ေသာ္လည္း ၾကာပန္းမွ ေကာင္းကင္မီးလ်ံတစ္ခု ေမြးဖြားခဲ့သည္ကို မ်က္ျမင္ေတြ့ရလိမ့္မည္ဟု မထင္ထားခဲ့ေပ ။ ပိုဆိုးသည္က အလုယူခံလိုက္‌ျခင္း ။ ခံျပင္းစရာေကာင္းလွသည္ ။

" ယြင္လဲ့ေတာင္ကို သြားရတဲ့ အေၾကာင္းအရင္က မင္းအတြက္ ေရခဲၾကာပန္း ယူေပးဖို႔ဘဲ .. မင္းရဲ့  အစ္ကိုခ်န္းက မင္းအတြက္ဆိုတာ သိရက္နဲ႔ ကိုယ့္လက္ထဲက လုသြားတယ္ေလ .." မို႔ေယာင္က ႏွာတစ္ခ်က္မႈတ္ရင္း ထြက္သြားေတာ့သည္ ။ သူက ယုလန္အား အနည္းငယ္ စိတ္ပ်က္သြားေလၿပီ ။

" ငါ့အတြက္ .. ငါ့အတြက္တဲ့ .." ယုလန္သည္ ေတြေတြႀကီး က်န္ေနခဲ့သည္ ။ " လုယူခံလိုက္ရတယ္ .." သူမ မို႔ေယာင္အား အထင္လြဲ စြပ္စြဲမိလိုက္သည္ကို သိလိုက္သည္ ။

သူမရဲ့ ႏွလံုးသားတစ္ခုလံုး နာက်င္မႈကို ခံစားလိုက္ရ၏ ။ သူမသည္ ထိုသူအား ကာကြယ္ဖို႔ ႀကိဳးစားေနေသာ္လည္း ထိုသူက သူ႔ကိုယ္သူသာ ပိုဂရုစိုက္ေလသည္ ။ ခ်န္းယန္သည္ သူမရဲ့ အခ်စ္ရဲ့ မထိုက္တန္ေပ ။ သူမက ထိုတစ္ကိုယ္ေကာင္းဆန္သၫ့္ လူတစ္ေယာက္အတြက္ျဖင့္ ခံစားရဖို႔ မတန္ေခ် ။ သူမ၏ မ်က္ႏွာလွလွေလး တြင္ က်ဆင္းလာသၫ့္ မ်က္ရည္မ်ားကို နာက်ည္းစြာ သုတ္ပစ္လိုက္ေတာ့သည္ ။ သူမရဲ့ ေျခလွမ္းမ်ားကို ယြင္လဲ့ေတာင္သို႔ ဦးတည္ ပ်ံသန္းလိုက္ေတာ့သည္ ။

" ငါ့ သူ႔ဆီက အေၾကာင္းျပခ်က္ကို လိုခ်င္တယ္ .."

_______________________
တစ္ေယာက္က ေျပာတယ္ စာလံုးေရအမ်ားႀကီး ေရးရင္ မန႔္ေတြ အမ်ားႀကီးရမွာတဲ့ .. ဒ့ါေၾကာင့္ 1000 တိုးလိုက္တယ္ 😚

မရရင္ ေျပာတဲ့သူကို ယူမွာ ဟီးးဟီးးဟီးးဟီးး* လူယုတ္မာသံျဖင့္ ရယ္ရန္ * 🙂

#မန့္နတ္ဆိုးေလး .. 😗❤️
____________________
Unicode

ယွင်လဲ့တောင်သည် ပြင်းထန်သည့် အအေးဒဏ်အပြင် ဝိညာဉ်သားရဲများဖြင့် ပြည့်နှက်နေသည် ။ ထိုသားရဲများသည် အအေးဒဏ်ကို မမူ့သည့်အပြင် အခြားသားရဲများထက် ပိုအားကောင်းကြသည် ။

လော့ကျွင်းက ဓားကို ဝှေ့ယမ်းလိုက်ပြီး ခုန်လိုက်ကာ ဒဏ်ရာရနေပြီ ဖြစ်သော ရေခဲခြငေ်္သ့အား ခုတ်ပိုင်းလိုက်သည် ။ သားရဲ၏ ခန္ဓာကိုယ်တွင် အနီရောင်မီးတောက်များ ပေါ်လာခဲ့ပြီး ပေါက်ကွဲသွားခဲ့သည် ။

" ကျစ်!!.. အားသုံးတာ များသွားပြန်ပြီ .." ကြေမွနေသည့် အမြုတေအား ကောက်ကိုင်ရင်း စိတ်ပျက်သွားသည်။ သူက အချိန်အတော်ကြာ အားကုန်ထုတ်ပြီးမှ သတ်နိုင်လိုက်သည့် သားရဲသည် သုံးစားမရ ဖြစ်သွားချေပြီ ။

" အစ်ကိုမို့ .. ဒီနေရာမှာ ကောင်းကင်မီးလျံကြာပန်း ရှိတာ သေချာရဲ့လား .." တောနင်ထဲမှ ခပ်တိုးတိုး စကားပြောသံကြောင့် လော့ကျွင်း၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။

" ရှေးဟောင်းမြေပုံကို ဂိုဏ်းရဲ့ မစ်ရှင် လုပ်ပြီးမှ ရလာခဲ့တာ .. မမှားနိုင်ဘူး .." မို့ယောင်၏ သေချာသည့် စကားသံကို ကြားလိုက်ရ၍ လော့ကျွင်း၏ မျက်မှောင်များ ကြုတ်သွားသည် ။ သူက ထိုအကောင်အား ရိုက်နှက်ရန် လှုပ်ရှားဖို့ ပြင်လိုက်သော်လည်း ချန်းယန်၏ စကားသံက သူ့နားထဲတွင် ပြန်ကြားယောင်လာသည် ။ " ပြဿနာရှာရင် ပြန်ပို့မယ် "

လော့ကျွင်း၏ ဝတ်ရုံနီက လေထဲတွင် လွင့်လူးနေ၏ ။ သူက သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်လျက် လက်နှစ်ဖက်အား ခေါင်းအနောက်တွင် ထားကာ ပင်စည်အား မှီထားခဲ့ပြီး မို့ယောင်တို့ လှုပ်ရှားမှုများကို ပျင်းရိစွာ ကြည့်နေခဲ့သည် ။ ' ဒီကောင်ကို နဲနဲမှ ပြဿနာမရှာရရင် နေမထိထိုင်မသာ ဖြစ်လာတယ် .. ရှီရှုံးက ကျင့်ကြံဖို့ သွားတယ်.. ငါ ဒီမှာ တစ်ခုခုလုပ်ရင် .. ရှစ်ရှုံး သိနိုင်မှာ မဟုတ်ဘူး .. '

သူ့မျက်စိရှေ့မှာပင် မို့ယောင်တို့သည် လျို့ဝှက်နေရာတစ်ခုအား ရှာတွေ့သွားကာ အကာအကွယ်အစီအရင်ကို တိုက်ခိုက်တော့သည် ။ လျို့ဝှက်ဂူထဲရှိ အတားအဆီးများကို မို့ယောင်တို့အဖွဲ့က အားကြိုးမာန်တက်ဖျက်စီးပစ်ကာ သူ့အား လမ်းရှင်းပေးနေခြင်းအား အခွင့်ကောင်းယူလိုက်ပြီး လိုက်သွားတော့၏ ။

**

/ ပြန်လည်ကောင်းမွန်မှုနှုန်း - 50% / ချန်းယန်သည် လက်မှ အပူကြောင့် အလွန်နာကျင်နေသည့် တိုင်‌အောင် ကြာပန်းအား လက်လွတ်လိုက်ခြင်း မရှိပေ ။ သူသာ အားမကောင်းလျှင် သူ့ချစ်သူအား မည်သို့ ကာကွယ်ပေးနိုင်မည်နည်း ။

" လာစမ်း !! " တချက်ဟိန်းဟောက်လိုက်ကာ ကြာပန်းအား အပြည့်အဝသန့်စင်ရန် ပြင်လိုက်သည် ။ သူ့လက်က သငေ်္ကတများဖြင့် ပြည့်နှက်သွားကာ နာကျင်မှုက အဆများစွာ တိုးလာခဲ့၏ ။ စနစ်ကိုအသုံးပြုကာ နာကျင်မှုအား လျော့ချနိုင်သော်လည်း ထိုသို့လုပ်လိုက်လျှင် အာနိသင်က ထက်ဝက်အထိ လျော့ကျသွားနိုင်သည် ။ ပုံရိပ်‌ယောင် ကမ်ဘာတိုင်းသည် သူ့စည်းမျဉ်းနဲ့သူ ရှိကာ မချိုးဖောက်လျှင် အကောင်းဆုံးဖြစ်သည် ။ ချိုးဖောက်ချင်တိုင်း ချိုးဖောက်နိုင်ပါက ထိန်းချုပ်သူသည် သူ့အား အစကတည်း ရှင်းပစ်နိုင်ခဲ့မည် ဖြစ်သည် ။

" ချန်းယန်!! "

အလင်းတချက်လက်သွားကာ မို့ယောင်၏ ပုံရိပ်ကို ဖော်ပြလိုက်၏ ။ မို့ယောင်သည် သူရှာနေသည့် ပစ္စည်းက ချန်းယန်လက်ထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရကာ အမျက်ထွက်သွားတော့သည် ။

" ရပ်စမ်း " မို့ယောင်က ချန်းယန်အား စတင်တိုက်ခိုက်သည်နဲ့ အခြားသူများလဲ တိုက်ခိုက်တော့သည် ။ အလင်းချက်ပေါင်းများစွာက ချန်းယန်ထံသို့ ဦးတည်လာခဲ့သည် ။ မို့ယောင်၏ အသံကို ကြားလိုက်သည်တွင် ချန်းယန်၏ မျက်နှာသည် အေးစက်သွားခဲ့သည် ။ ' တကယ်ကို အရေးကြီးတဲ့အချိန်မှ .. သောက်ကျိုးနည်း Timing ဘဲ‌ဟေ့ .. '

ဇာတ်ကြောင်းသည် သူနဲ့ မို့ယောင်အား အမြဲတိုက်ခိုက်နေစေလိုနေကာ သူက မလှုပ်ရှားချိန်တွင် မို့ယောင်အား သူ့ရှေ့သို့ ပို့လိုက်လေသည် ။ ယခုချိန်တွင် မို့ယောင်သာ သူ့ကို သတ်နိုင်ပါက ရန်ငြိုးကို အဆုံးသတ်နိုင်မည့်အပြင် သူ့လက်ထဲက ကြာပန်းကဲ့သို့ Cheat ကိုပါ ရသွားလိမ့်မည် ။ ရန်သူဆီက ရတဲ့ ရတနာလောက် ဘယ်အရာမှ စိတ်ကျေနပ်စရာမကောင်းပေ ..

သည်အချိန်တွင် အနီရောင်ပုံရိပ်တစ်ခုက သူနဲ့ မို့ယောင်အကြားတွင် ပေါ်လာခဲ့သည် ။ လော့ကျွင်းက ခက်ထန်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ သူ့စွမ်းအင်အားလုံးအား ချန်းယန်အား ကာကွယ်ရန် အသုံးပြုလိုက်သည် ။ ပြင်းထန်သည့် မီးစွမ်းအင်သည် ဂူအတွင်း ပြည့်လာသည့်အခါ ကြာပန်းအတွင်းရှိ အနီနက်ရောင် မီးလျံလေးက အနည်းငယ် လှုပ်ခတ်သွားခဲ့၏။

" ရှောင်လော့ .." ချန်းယန်၏ တင်းမာနေသော မျက်နှာထားက အနည်းငယ် ပြေလျော့သွားခဲ့သည် ။ မီးလျံဘေးပတ်လည်ရှိ ကြာပွင့်ဖတ်များ ကြွေကျသွားချိန်တွင် မီးလျံလေးသည် အလင်းဖျော့ဖျော့ ထုတ်လွှတ်လျက် အထင်အရှား ပေါ်လာခဲ့သည် ။

" ဒီ‌ရေခဲကြာပန်းက တကယ် ကောင်းကင်မီးလျံ တစ်ခုကို မွေးဖွားပေးလိုက်တာဘဲ .." မို့ယောင်နဲ့ အဖွဲ့သားများ၏ မျက်ဝန်းများက ချက်ချင်း အရောင်တောက်လာခဲ့သည် ။‌ ‌မီးစွမ်းအင်ရှိသူများသည် သာမန်လူများထက် တိုက်ခိုက်နိုင်စွမ်း တဆင့်မြင့်လေ့ရှိသည် ။

လော့ကျွင်း မီးသခင်ခန္ဓာကိုယ်ရှိကာ သူကိုယ်တိုင်ကိုက မီးတောက်တစ်ခုအဖြစ် တည်ရှိကာ ဆင့်ကဲ တိုးတက်နိုင်သည် ။ လက်ရှိလော့ကျွင်းသည် မြေကမ်ဘာအဆင့် မီးတောက်သာ ပိုင်ဆိုင်ထားသေးသည့်တိုင် အလွန်အစွမ်းထက်နေရာ ကောင်းကင် မီးလျံက မည်မျှ အစွမ်းထက်မည်ဆိုသည်က မတွေးဝံ့စရာပင်။ 

ချန်းယန် က ထိုမီးလျံအား သန့်စင်ခြင်းမပြုဘဲ ‌မီးစွမ်းအင် အပြင်းထန်ဆုံးနေရာသို့ ပို့လွတ်‌လိုက်သည် ။ ထိုနေရာသည် လော့ကျွင်း ရှိနေသည့် နေရာဖြစ်မှန်း ခံစားမိ၍ပင် ။

" မင်း .. လုပ်ရဲတယ်..  " မို့ယောင်က ထိုမြင်ကွင်းကို မြင်လိုက်ပြီး ဒေါသထွက်သွားကာ အော်ဟစ်လိုက်သည် ။ " ရပ်လိုက်စမ်း .." မိုးကြိုးသွားများက ချန်းယန်အား တိုက်ခိုက်လိုက်ပြီး မီးလျံအား ဖမ်းယူရန် ပြင်လိုက်သည် ။

အခြားသူများမှာလဲ သတိဝင်လာကာ စတင်တိုက်ခိုက်တော့သည် ။ လော့ကျွင်းသည် သူ့ခန္ဓာကိုယ်ထဲ ရုတ်တရက် ဝင်လာသည့် မီးလျံကြောင့် မည်သို့ တုန့်ပြန်ရမလဲ မသိဖြစ်နေသည် ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့ မလို ခံစားရလိုက်ပြီး စွမ်းအင်များ ဖိနှိပ်လို့မရတော့ပေ ။

သည်အချိန်တွင် အေးမြသည့် စွမ်းအင်စီးကြောင်းတစ်ခုက သူ့ကိုယ်တွင်းသို့ စီးဝင်လာခဲ့ပြီး ပေါက်ကွဲထွက်တော့မည့် သွေးကြောများအား ဖိနှိပ်ပေးလာ၏ ။

" စိတ်ကို လျော့ .. မီးလျံကို စုပ်ယူဖို့ ကြိုးစား .." ခပ်ဖွဖွစကားသံက လေသံအေးအေးနဲ့အတူ သူ့နားထဲသို့ ဝင်ရောက်လာခဲ့၏ ။ သူက အန္တရယ်များသည့် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရင်း ခေါင်းယမ်းလိုက်သည် ။ ယခုအချိန်က စုပ်ယူဖို့ ကောင်းသည့် အချိန်အခါ ဟုတ်မနေပေ ။ သူက မီးလျံအား ဖိနှိပ်ဖို့ စွမ်းပင် သုံးလိုက်လျှင် တိုက်ခိုက်လို့ မရတော့ပေ ။ ချန်းယန်တစ်ယောက်တည်း တိုက်ခိုက်ခိုင်းရမည်လား ..

သူက ဒဏ်ရာရနေသည့် လူအား အန္တရယ်ထဲ ပို့လွတ်လိုက်ရအောင် အရူးမဟုတ်ပေ ..

ချန်းယန်က ခေါင်းမာလှသည့် သူကြောင့် သက်ပြင်းခပ်ဖွဖွချကာ တိုက်ခိုက်မှုများအား ကာကွယ်နေရာမှ စွမ်းအင်ကို ရုတ်သိမ်းလိုက်ကာ လော့ကျွင်းအား ပွေ့ချီလိုက်ပြီး အဆောင်လက်ဖွဲ့ တစ်ချို့အား ပြေးဝင်လာသည့် မို့ယောင်တို့ထံ ခန့်မှန်းကာ ပစ်လွတ်လိုက်သည် ။

အခိုးအငွေ့များ ရှင်းလင်းသွားချိန်တွင် ချန်းယန် ၊ ‌လော့ကျွင်းနဲ့အတူ မို့ယောင် ပါ ပျောက်ကွယ်သွား‌ခဲ့သည် ။

**
မို့ယောင်သည် အမြင်များရှင်းလင်းသွားချိန် ပတ်ဝန်းကျင်သည့် ယွင်လဲ့တောင် မဟုတ်တော့ကြောင်း ခံစားမိလိုက်ပြီး ကြိတ်မနိုင်ခဲမရဖြစ်သွားခဲ့၏ ။ ထို ကောက်ကျစ်သည့်လူက သူ့အပေါ်တွင် တည်နေရာရွေ့ပြောင်းသည့် အဆောင်တချို့ ပစ်လွတ်ခဲ့သည့် ပုံပင် ။ ထိုကဲ့သို့ တန်ဖိုးကြီးသည့် အဆောင်အား သူက ရန်သူ့အတွက် အသုံးပြုလိုက်သည့် ချန်းယန်၏ ရူးမိုက်မှုအား လှောင်ရယ်ချင်သော်လည်း သည်အကွက်သည် အလွန်ထိရောက်ကြောင်းတော့ ဝန်ခံရမည်ပင် ။ နှစ်ဖက်လုံး ထိ‌ခိုက်မှု မရှိသော်လည်း သူက မီးလျံအား လုယူရန် မဖြစ်နိုင်တော့ပေ ။

" တောက်!!! " မို့‌ယောင်သည် ဒေါသများအား ပတ်ဝန်းကျင်ရှိ အပင်များအပေါ်တွင် ပုံချလိုက်တော့သည် ။ သည်အချိန်တွင် အပြာရောင်ပုံရိပ်လေးတစ်ခုက သူ့ထံသို့ ရွေ့လျားလာသည်ကို တွေ့လိုက်ရ၏ ။ မို့ယောင်၏ မျက်နှာသည် အနေရခက်သည့် မျက်နှာဖြစ်သွားကာ ခေါ်လိုက်သည် ။ " ‌ရှောင်ယု "

ရောက်လာသူမှာ ယုလန်ဖြစ်လေသည် ။ သူမသည် မို့ယောင်အား ကြည့်ရင်း နူတ်ခမ်းကိုက်လိုက်ကာ " ရှင် .. ရှင် ယွင်လဲ့တောင်ကို သွားတယ်ဆို .. အစ်ကိုချန်းကို ဘာမှမလုပ်ပါဘူးလို့  ရှင်ကျွန်မကို ကတိပေးထားတယ်လေ .."

မို့ယောင်၏ မျက်နှာထက်တွင် စိတ်အနှောက်အယှက်ဖြစ်သည့် အမှုအရာပေါ်လာခဲ့ပြီး " ငါ ကတိပေးထားတာက မင်း ငါနဲ့အတူနေမယ်ဆိုရင် သူ့ကို ဘာမှမလုပ်ဖူးလို့လေ .." ထိုစကားသည် စနောက်၍ ပြောခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် သူက စိတ်ရှုပ်လွန်း၍ လေသံမာမာဖြင့် ပြောလ်ုက်ခြင်းပင် ။

သူက လက်ဝှေ့ယမ်းလိုက်ပြီး " ကိုယ်တစ်ယောက်တည်း နေချင်တယ် .. " သူ့အတွက် ကောင်းကင်မီးလျံက အလွန်အရေးကြီးကာ လက်လျော့ဖို့ မဖြစ်နိုင်‌ပေ ။ သွားရသည့်အကြောင်းအရင်းက ယုလန်အတွက် ရေခဲကြာပန်း ယူပေးချင်ခဲ့ခြင်း ဖြစ်သော်လည်း ကြာပန်းမှ ကောင်းကင်မီးလျံတစ်ခု မွေးဖွားခဲ့သည်ကို မျက်မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ ပိုဆိုးသည်က အလုယူခံလိုက်‌ခြင်း ။ ခံပြင်းစရာကောင်းလှသည် ။

" ယွင်လဲ့တောင်ကို သွားရတဲ့ အကြောင်းအရင်က မင်းအတွက် ရေခဲကြာပန်း ယူပေးဖို့ဘဲ .. မင်းရဲ့  အစ်ကိုချန်းက မင်းအတွက်ဆိုတာ သိရက်နဲ့ ကိုယ့်လက်ထဲက လုသွားတယ်လေ .." မို့ယောင်က နှာတစ်ချက်မှုတ်ရင်း ထွက်သွားတော့သည် ။ သူက ယုလန်အား အနည်းငယ် စိတ်ပျက်သွားလေပြီ ။

" ငါ့အတွက် .. ငါ့အတွက်တဲ့ .." ယုလန်သည် တွေတွေကြီး ကျန်နေခဲ့သည် ။ " လုယူခံလိုက်ရတယ် .." သူမ မို့ယောင်အား အထင်လွဲ စွပ်စွဲမိလိုက်သည်ကို သိလိုက်သည် ။

သူမရဲ့ နှလုံးသားတစ်ခုလုံး နာကျင်မှုကို ခံစားလိုက်ရ၏ ။ သူမသည် ထိုသူအား ကာကွယ်ဖို့ ကြိုးစားနေသော်လည်း ထိုသူက သူ့ကိုယ်သူသာ ပိုဂရုစိုက်လေသည် ။ ချန်းယန်သည် သူမရဲ့ အချစ်ရဲ့ မထိုက်တန်ပေ ။ သူမက ထိုတစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက်အတွက်ဖြင့် ခံစားရဖို့ မတန်ချေ ။ သူမ၏ မျက်နှာလှလှလေး တွင် ကျဆင်းလာသည့် မျက်ရည်များကို နာကျည်းစွာ သုတ်ပစ်လိုက်တော့သည် ။ သူမရဲ့ ခြေလှမ်းများကို ယွင်လဲ့တောင်သို့ ဦးတည် ပျံသန်းလိုက်တော့သည် ။

" ငါ့ သူ့ဆီက အကြောင်းပြချက်ကို လိုချင်တယ် .."

_______________________
တစ်ယောက်က ပြောတယ် စာလုံးရေအများကြီး ရေးရင် မန့်တွေ အများကြီးရမှာတဲ့ .. ဒ့ါကြောင့် 1000 တိုးလိုက်တယ် 😚

မရရင် ပြောတဲ့သူကို ယူမှာ ဟီးးဟီးးဟီးးဟီးး* လူယုတ်မာသံဖြင့် ရယ်ရန် * 🙂

#မန့်နတ်ဆိုးလေး .. 😗❤️
____________________

Continue Reading

You'll Also Like

440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
1.4M 59.5K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...