BLOGGER

By lvyYang

5.2K 965 81

🌍ကမ္ဘာအနှံ့က စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကို စူးစမ်းရှာဖွေနေတဲ့ Freelance Blogger ပတ်ချန်ယောလ်နဲ့ ကလေးစိတ... More

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Final
Notes

Part 1

690 78 4
By lvyYang

BLOGGER
- Part 1 -

- KJM Travel Agency -

"ဒီပိတ်ရက်အတွက် ဂျပန်ခရီးစဉ်က လူဦးရေပြည့်သွားပါပြီခင်ဗျာ"

"လန်ဒန်ကို ရက်ရှည်ခရီးအတွက် အသေးစိတ်ကို agency မှာ လာဆွေးနွေးလို့ရပါတယ်ရှင့်
အသက်သာဆုံးနဲ့အဆင်အပြေဆုံး ဆောင်ရွက်ပေးမှာပါ"

နှစ်သစ်ကူးပိတ်ရက် ခရီးသွားရာသီနီးနေပြီဖြစ်သောကြောင့် ဖုန်းဖြေသံများ၊ ကိုယ်တိုင် ခရီးစဉ်လာဝယ်သော ဧည့်သည်များနှင့်
ဆူညံနေသော agency အောက်ထပ်ခန်းကနေဖြတ်ပြီး အပေါ်ထပ်ကိုတက်လာလိုက်သည်။
ချန်ယောလ်က ဒီ agency ပိုင်ရှင်နှင့် ရင်းနှီးတာ နှစ်နှစ်နီးပါးရှိပြီဖြစ်လို့ တစ်ခုခုလိုအပ်တာများရှိရင် သူ့ရုံးခန်းထဲတန်းသွားလိုက်ရုံပင်ဖြစ်သည်။
ဒီ agency ရဲ့ အစီအစဉ်နဲ့ တစ်ခါ ခရီးသွားပြီး ချန်ယောလ်ရဲ့ Blog မှာ recommend ပေးမိပြီးကတည်းက ပိုပြီးတိုးတက်လာတဲ့ လုပ်ငန်းအနေအထားကြောင့်
ဒီက ပိုင်ရှင်နှင့် ချန်ယောလ်က ဆက်ဆံရေးတော်တော်လေးကောင်းကြသည်ဟုပြောရမည်။ ပိုင်ရှင်ကိုယ်တိုင်က နဂိုကတည်းက သဘောကောင်းပြီး ချန်ယောလ်က အပေါင်းအသင်းဆန့်တာလည်း ပါမည်ပေါ့။

တံခါးခေါက်ပြီး အခန်းထဲတန်းဝင်လိုက်တော့ စားပွဲမှာထိုင်နေတဲ့ ပိုင်ရှင် ကင်ဂျွန်မြောင်က Laptop ကို ကြည့်နေရာကနေ မော့ကြည့်လာသည်။

"ချန်ယောလ် ပါလား...
ဒီနှစ် ဘယ်ခရီးစဉ်မှ အပူမကပ်လို့ ထူးဆန်းနေတာ
ညကျ ဖုန်းခေါ်ကြည့်ဖို့တောင်တွေးနေသေးတာ
ကဲ..ပြော ဘယ်သွားမလဲ"

ချန်ယောလ်က ရှေ့ဘက်က ဆိုဖာမှာထိုင်တော့ ဂျွန်မြောင်ကလည်း လုပ်လက်စကို ရပ်လိုက်ပြီး ချန်ယောလ် မျက်နှာချင်းဆိုင်မှာ လာထိုင်သည်။

"မသွားသေးဘူး အစ်ကို
ဒီနှစ် နှစ်ကူးပိတ်ရက်ကို oversea မဟုတ်ဘဲ local က နေရာကောင်းလေးတွေပဲရွေးပြီး သွားမလို့
oversea တွေ ဆက်လာတော့ လူကနည်းနည်းပင်ပန်းနေတယ်"

"အင်း ကောင်းပါတယ်
အကုန်လုံးက အပြင်ထွက်နေတဲ့အချိန်မှာ နိုင်ငံတွင်းက နေရာလေးတွေ ပြပေးတာကောင်းတာပေါ့
Budget သမားတွေလည်း အဆင်ပြေတာပေါ့"

"ခရီးတော့မသွားသေးပေမဲ့ အစ်ကို့ကို အကူအညီတောင်းစရာတော့ရှိတယ်"

"ပြောလေ ရသလောက်ကူပေးပါ့မယ်"

"ကျွန်တော် blog အတွက် အပြင်တွေသွားတဲ့အခါ ကူပေးဖို့
လက်ထောက်တစ်ယောက်လောက်တော့လိုချင်တယ်
ဟိုတစ်ခါလို ခရီးစဉ်တစ်ခုတည်းအတွက် အချိန်ပိုင်းမဟုတ်ဘဲ အမြဲတမ်းလက်ထောက်လိုချင်တာ"

"ဟိုတစ်ခါခေါ်ပေးတဲ့ကောင်လေးက အဆင်မပြေဘူးလား"

"သူက ကျွန်တော့်ကိုတော့ ကူပေးနိုင်ပါတယ်
ဒါပေမဲ့ ဘာသာစကားသိပ်မကျွမ်းတော့ အဆင်မပြေဘူးဗျ
ကျွန်တော့်ဝေယျာဝစ္စလုပ်ဖို့ခေါ်တာမဟုတ်ဘူးလေ
အဓိကက Blog အတွက် အထောက်အကူဖြစ်မဲ့အချက်တွေ စုပေးနိုင်တာကို လိုချင်တာ"

"အိုကေလေ..အစ်ကိုနည်းနည်းစုံစမ်းကြည့်ပါ့မယ်
ရရင်ပြောမယ်ကွာ"

"ရရင်ပြောမယ် မလုပ်နဲ့ အစ်ကို
ရမှကိုဖြစ်မှာ.. ကျွန်တော်က နှစ်ကူးပြီးတာနဲ့ ဆက်တိုက် run တော့မှာ"

"အေးပါကွာ"

"ဒါဆို တစ်ခုခုသွားစားကြမယ်လေ
လာပါ အလုပ်တွေခဏထားခဲ့"

ချန်ယောလ်လို တဇွတ်ထိုးကို ငြင်းလို့မရမှန်းသိတော့ ဂျွန်မြောင်လည်း ငြင်းမနေတော့။
အလုပ်တွေကို ပစ်ထားခဲ့ပြီး နေ့လည်စာစားဖို့သာလိုက်သွားလိုက်သည်။
တကယ်ဆို သူ့လို့ နာမည်ကြီး Freelance Blogger တစ်ယောက်က Agency ကို ဝင်ထွက်နေတာကိုက ဂုဏ်ယူစရာပင်။
သူ့ Blog မှာ recommend ပေးလိုက်လို့ လုပ်ငန်းက ရည်မှန်းထားတာထက်ပိုပြီး ကြီးမားလာခဲ့တာဆိုတော့ သူက ကိုယ့်ရဲ့ကျေးဇူးရှင်လေးပင်ဖြစ်သည်။
အလုပ်နဲ့ပတ်သက်ရင် နည်းနည်းအရွေးလွန်တတ်တဲ့ကောင်လေးဆိုတော့ သူ့အတွက် လက်ထောက်ရှာပေးရမှာ မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပင်။
သို့ပေမဲ့ ကိုယ်နဲ့ personal အရလည်း ရင်းနှီးပြီး အလုပ်သဘောအရလည်း အဆက်အဆံရှိသူဆိုတော့ လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးလုပ်ပေးရမည်ဖြစ်သည်။

🌍

"ဂျွန်..."

တိုက်ခန်းထဲကို ဝင်လိုက်တာနဲ့ လုံးခနဲကိုယ်ပေါ်ခွတက်လာတဲ့ ခန္ဓာကိုယ်တစ်ခုကြောင့် အနောက်ကိုယိုင်ကာ နှစ်ယောက်လုံး ကြမ်းပေါ်ဖင်ထိုင်လျက်ကျသည်။
ရုတ်တရက်မို့ နာသွားတဲ့ ဂျွန်မြောင်က ဒေါသတကြီးလှည့်ကြည့်လိုက်တော့ သွားဖြီးပြနေသည့် အငယ်ကောင်လေး။
ဟိုတလောကပဲ ထိုင်ဝမ်က အမျိုးတွေဆီရောက်နေသည်ဆိုပြီးတော့ ရုတ်တရက် ဘယ်လိုဖြစ်ပြီး အိမ်ထဲရောက်နေတာပါလိမ့်။

"ဂျောင်လေး ဘယ်လိုလုပ်ရောက်နေတာလဲ"

"နှစ်ကူးမို့ ဘိုးဘိုးဘွားဘွားတို့ကို လာတွေ့တာလေ
သူတို့အိမ်မှာမနေချင်လို့ ဂျွန်နဲ့လာနေတာ မရဘူးလား"

"ရပါတယ် ဘယ်သူက မရဘူးပြောလဲ"

ဖြူလုံးနေတဲ့ကောင်လေးက ဂျွန်မြောင်တို့ မောင်နှမဝမ်းကွဲတွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ငယ်သည်ဆိုတဲ့အတိုင်း ကလေးစိတ်လည်းမကုန်သေးပေ။
အသက်ကလည်း ၂၀ ဆိုတော့ ကလေးပဲလို့ ပြောချင်ပြောလို့ရပါသေးသည်။ ဂျွန်မြောင်ထက် ၁၀ နှစ်ငယ်တဲ့ ကလေးက ဂျွန်မြောင့်ကို အသက်တူအရွယ်တူလို ခေါ်ပေမဲ့
ရိုင်းပြတာမျိုးမဟုတ်ဘဲ ရင်းနှီးတာမျိုးသာဖြစ်သည်။ ဆွေမျိုးအသိုင်းအဝိုင်းကြီးပြီး မောင်နှမများသည့် ဂျွန်မြောင်တို့ အမျိုးတွေက နိုင်ငံအနှံ့နီးပါးမှာရှိကြပြီး
အကုန်လုံးက အလုပ်ကိုယ်စီမို့ ဒီအငယ်ဆုံးလေးကို ချစ်ကြပေမဲ့ သိပ်တော့ ဂရုမစိုက်နိုင်ကြပေ။ သူ့ကိုကောင်းကောင်း ဂရုစိုက်ပေးတာဆိုလို့ ဂျွန်မြောင်၊ ရိဖန်နှင့် ကိုရီးယားက အဘိုးအဘွားတွေသာရှိသည်။ ဒါကြောင့်လည်း ဒီကလေး ကိုရီးယားရောက်တိုင်း ဂျွန်မြောင့်နားပဲကပ်နေတာဖြစ်သည်။

"ဘွားဘွားတို့ဆီမှာနေရင် ထမင်းကောင်းကောင်းစားရမှာ ဂျောင်လေးရဲ့"

"စားရတာနဲ့မကာမိအောင် နားငြီးတယ်လေ ဂျွန်ရာ မနေချင်ပါဘူး"

"လူကြီးကိုအဲ့လိုမပြောရဘူးလေ ဂျောင် ရဲ့"

"တော်ပြီဗျာ ဂျွန်ကလည်း အသက်ကြီးလာလို့လားမသိဘူး ပွစိ ပွစိသိပ်လုပ်တယ်"

ပဲနို့ဗူးကို သောက်နေရင်း ပိုက်ကိုဆွဲချွတ်လိုက်တော့ ဗူးထဲကပဲနို့က ကောင်လေးရဲ့ပါးမှာ စင်ကုန်သည်။
ဂျွန်မြောင်က စားပွဲအံဆွဲထဲကနေ wet tissue ယူပြီး သုတ်ပေးရသေးသည်။ ကလေးမှ တကယ့်ကလေးလေး။

"ဘယ်လောက်ကြာကြာနေဖြစ်မလဲ ဂျောင်လေး"

"အိမ်မပြန်ချင်ဘူး ဂျွန်
ကျွန်တော် အထီးကျန်တယ်"

"ဒါဆို ပျော်သလောက်နေလေ"

"ဂျွန်က အလုပ်ပဲသွားနေမှာမလား"

"ကိုယ်ကအလုပ်ရှိတာကို ကလေးရဲ့"

ကောင်လေးက ဂျွန်မြောင်ပြောတာကို သဘောမကျသလို နှာခေါင်းတစ်ချက်ရှုံ့သည်။

"အကုန်လုံးကအလုပ်ပဲလုပ်နေကြတာပဲ
ကျွန်တော်လည်း အလုပ်ရမှအကုန်လုံးကိုပစ်ထားပြီး အလုပ်ထဲခေါင်းနှစ်ထားပစ်မယ်"

"ဟား ဟား ဟုတ်ပါပြီ
ဂျောင်က အခု ကျောင်းတက်မနေဘူးလား"

"Online Course ပဲယူထားတယ်လေ
ဘယ်သူကမှ ဂရုမစိုက်နိုင်တော့ ဟိုအမျိုးဆီပို့လိုက် ဒီအမျိုးဆီပို့လိုက်နဲ့ ကျောင်းကဘယ်လိုတက်မလဲ
ရိဖန်ကော ကလည်း တစ်လလုံးဂရုစိုက်ရတာ အလုပ်ပျက်တယ်ဆိုလို့ သူ့ဆီလည်းမသွားချင်တော့ပါဘူး"

နှုတ်ခမ်းလေးစူပြီး ပြောတဲ့ ဂျောင်လေးက ရိဖန်ကို စိတ်ကောက်နေပြီဆိုတာ ဂျွန်မြောင်သိလိုက်သည်။
မကြာပါဘူး ဟိုက လာလည်လေ ဆိုတာနဲ့ ပြန်ပြီး စိတ်ကောက်ပြေမှာပဲကို။
မွေးထားတဲ့မိဘတွေက အမေရိကားရောက်နေပြီး အမျိုးတွေဆီပဲ လှည့်ပတ်နေနေရသည့်ကလေးက အနည်းငယ်တော့ ဆိုးချင် ဂျစ်တိုက်ချင်သည်။

"ဂျောင်လေး ကိုယ်ရေချိုးဦးမယ်
ပြီးရင် ညစာတစ်ခုခုမှာစားကြတာပေါ့
ဒီမှာနေရင်တော့ အိမ်ချက်သိပ်စားရမှာမဟုတ်ဘူးနော်"

"အင်း ရတယ်
အဖက်လုပ်ပြီး စကားပြောပေးမဲ့သူရှိရင်ရပြီ"

"အိုကေ.."

ပိုက်ချောင်းလို မုန့်အတိုလေးတွေကို လက်ဆယ်ချောင်းမှာ စွပ်ပြီး တစ်ချောင်းချင်းလိုက်ယူစားနေတဲ့ ကောင်လေးရဲ့ဆံပင်လေးတွေကို ဆွဲဖွလိုက်ပြီး
ရေချိုးရန် အခန်းထဲ ဝင်လိုက်သည်။ ဒီမှာနေတုန်း ကလေးကို ဒီထက်ရင့်ကျက်အောင် တစ်ခုခုတော့ လုပ်ပေးရမည်ဟုတွေးလိုက်သည်။

🌍

"I've been arriving in Korea for hours.
Why do you tell me this late about your birthday party?
No.. No way.. I can't make it.
I won't , Lucas.
Happy Birthday man. Sorry for my absence."

ဂျွန်မြောင် ရေချိုးပြီးထွက်လာတော့ ဧည့်ခန်းမှာ သူငယ်ချင်းနဲ့ video call ပြောနေတဲ့ ဂျောင်ဆူးကိုတွေ့ရသည်။
ပြောနေတဲ့ပုံကိုလည်းကြည့်ဦး။ ကျောတင်ထားတာက ဖန်စားပွဲပေါ်မှာ။ ခေါင်းအုံးနဲ့ ခေါင်းမနာအောင် ခုထားသေးသည်။
ခါးက စားပွဲနဲ့ ဆိုဖာကြားမှာ လွတ်နေပြီး တင်ပါးက ဆိုဖာပေါ်မှာ။ ခြေထောက်တွေက ဆိုဖာနောက်မှီပေါ်ထိုးထိုးထောင်ထောင်နဲ့။
ဂျွန်မြောင့်ကို ဒီလိုအနေအထားဖြစ်အောင်နေပြပါဆိုရင် တော်တော်လေး အချိန်ယူရမည်ဖြစ်သည်။
ဘယ်လိုကလေးမှန်းကိုမသိဘူး။ အဲ...တစ်ခုရှိတာက ဒီကောင်လေးရဲ့ ဘာသာစကားကျွမ်းကျင်မှုကိုတော့ လုံးဝ အထင်သေးလို့မရပေ။

ငယ်ကတည်းက နိုင်ငံပေါင်းစုံနေလာတော့ ဘယ်ရောက်ရောက်အသုံးဝင်တဲ့ အင်္ဂလိပ်စကားကိုတော့ ကောင်လေးက အရမ်းကျွမ်းကျင်သည်။
နောက်ထပ် ဂျပန်၊ တရုတ်၊ ထိုင်းစကားတွေကိုတော့ ထမင်းစား ရေသောက်အဆင့်လောက်ပြောတတ်သည်။
ဒါဆို ဂျောင်လေးကို ချန်ယောလ် လက်ထောက်လုပ်ဖို့ ထည့်ပေးလိုက်ရင် အဆင်ပြေလောက်မလား။

*ဗုန်း*

တွေးနေတုန်းပင် စားပွဲနဲ့ခုံကြားပြုတ်ကျသွားတဲ့ကောင်လေးက နာသွားတဲ့တင်ပါးကို ပွတ်နေသည်။
အဆင်မပြေလောက်ပါဘူး။ ဟိုက သိပ်စိတ်ရှည်တာမဟုတ်ဘူး။ ဂျောင်လေးကလည်း ကလေးစိတ်မှ မကုန်သေးတာ။
နှစ်ဦးနှစ်ဖက် အဆင်မပြေလောက်ဘူး။ ဂျွန်မြောင်လည်း စိတ်လျော့လိုက်ပြီး ဂျောင်ဆူးကို ထမင်းစားဖို့သာခေါ်လိုက်သည်။

🌍

"အခုထိ မရသေးဘူးလား အစ်ကို"

အချိန်ကတစ်ပတ်ကြာသွားပြီဖြစ်ပြီး နှစ်သစ်ကူး ရုံးပိတ်ရက်လည်း ရောက်နေပြီဖြစ်သည်။
ရုံးပိတ်ရက်ပြီးတာနဲ့ ခရီးသွားမည့် ချန်ယောလ်က အမြန်လိုနေပြီး ဂျွန်မြောင်ကလည်း သင့်တော်သူကိုရှာမတွေ့သေးပေ။
ပိတ်ရက်အစမှာ ဘိုးဘွားတွေဆီ ဂျောင်လေးနဲ့တူတူသွားလည်နေသဖြင့် အချိန်ပေးပြီးမရှာဖြစ်တာလည်းပါသည်။
အလောတကြီးဖုန်းဆက်လာတဲ့ချန်ယောလ်ကြောင့် ဧည့်ခန်းမှဖုန်းပြောရင်း ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ ကလေးကို လှမ်းကြည့်လိုက်သည်။
ဂိမ်းဆော့ရင်း ဂိမ်းစက်ကိုကိုင်ပြီးအိပ်ပျော်နေလိုက်တာ သွားရည်တွေလည်းကျလို့။ ကလေးဆန်ပေမဲ့ သူ့မှာအရည်အချင်းရှိသားပဲကို။
ချန်ယောလ်လိုပဲ သူလည်းအမြဲခရီးသွားနေသူဖြစ်ပြီး နိုင်ငံတကာကိုရောက်ဖူးထားတဲအပြင်၊ ဘာသာစကားလည်း ကျွမ်းကျင်တော့ ချန်ယောလ်သာ စိတ်ရှည်မယ်ဆို
ကလေးနဲ့အဆင်ပြေနိုင်သည်။
အဲ့ဒီလိုသာဆို ချန်ယောလ်လည်း လက်ထောက်ကောင်းရမည်၊ ကလေးလည်း ပျင်းနေစရာမလိုသည့်အပြင် အလုပ်အတွေ့အကြုံရပြီး ရင့်ကျက်နိုင်သည်။
နှစ်ဦးနှစ်ဖက် နည်းနည်းစီ နားလည်ပေးလိုက်ကြရင် အဆင်ပြေကောင်းပြေနိုင်ပါသည်။

"တစ်ယောက်တော့ရှိတယ် ချန်ယောလ်
မင်းနဲ့အဆင်မပြေမှာ စိုးလို့ ကောင်လေးက ငယ်သေးလို့"

"ငယ်တဲ့သူတွေလည်း အရည်အချင်းရှိပါတယ် အစ်ကိုရာ
ခေါ်လာခဲ့လေ တွေ့ကြည့်တာပေါ့
ကျွန်တော်အမြန်လိုနေတာ အဆင်ပြေရင်ခန့်မယ် မပြေရင် အသစ်ရှာမယ်"

"ပြီးရောလေ ဘယ်မှာတွေ့မလဲ"

"မနက်ဖြန်ရုံးကိုပဲလာခဲ့လိုက်လေ
ရုံးပိတ်ရက်ပေမဲ့ အဆောက်အဦက ဖွင့်ထားတယ်
ကျွန်တော့်ရုံးခန်းကိုပဲလာလိုက်"

"အိုကေ မနက်ဖြန် ၁၀ နာရီခွဲလောက်လာလိုက်မယ်"

"နောက်ကျတယ် စောစောလာလေ"

"ကလေးက အိပ်ယာထနောက်ကျတတ်လို့"

"ဒါဆိုလည်း ပြီးရော အစ်ကိုရာ
၁၀ ခွဲထက်တော့ နောက်မကျနဲ့နော်"

"အေးပါ မနက်ဖြန်တွေ့မယ်"

ဖုန်းချလိုက်ပြီး ဂျောင်ဆူးကို ပြန်ကြည့်မိသည်။ ချန်ယောလ်ဘက်ကတော့ အဆင်ပြေသလောက်ရှိပြီ။ ဂျောင်ဆူးကလက်ခံပါ့မလား။
ချော့ပြောရင်ရမှာပါ။ ကလေးက လိမ္မာတာပဲကို။

🌍

"ဒါဆို ခရီးသွားတာကို လိုက်သွားရုံပဲပေါ့ ဟုတ်လား"

"အင်း ဂျောင်လေး
သူ့ Blog မှာရေးတင်မဲ့အကြောင်းအရာအတွက် နည်းနည်းကူပေးရုံပဲ
မပင်ပန်းပါဘူး ဂျောင်လေးလည်း အတွေ့အကြုံရအောင် ကိုယ်က စီစဉ်ပေးတာ
လုပ်ကြည့်မယ်မလား"

"Blogger က ဘယ်သူ.."

"PCY Blog က ပတ်ချန်ယောလ်လေ... ကလေး သိလား"

နို့စတော်ဘယ်ရီကို ပိုက်နဲ့စုပ်နေရင်း ခေါင်းငြိမ့်ပြသည်။

"သိတယ်... သူ စပိန်အကြောင်းရေးထားတာဖတ်ဖူးတယ်"

"ဒါဆို အဆင်ပြေသားပဲ လုပ်ကြည့်နော် ဂျောင်လေး"

"အစမ်းခန့်ပဲ လုပ်ဦးမယ်
အမြဲတမ်း လုပ် မလုပ် စဉ်းစားဦးမယ်"

"ဒါက ညှိယူလို့ရပါတယ်"

"ပြီးတာပဲ နောက်မှ တစ်မျိုးမပြောနဲ့နော်
ကျွန်တော်က စိတ်မပါရင် အလုပ်ထွက်ပစ်မှာ
အဲ့ကျမှ ဂျွန် လျော်ကြေးပေးနေရမှာစိုးလို့ ကြိုပြောတာ"

ဂျောင်လေး စကားကြောင့် ဂျွန်မြောင်မှာ ကြက်သီးပင်ထရသည်။
လျော်ကြေးဆိုပဲ။ ချန်ယောလ်က အဲ့လောက်တော့ မရက်စက်လောက်ဘူးမလား။ အဆင်ပြေမှာပါလေ။

🌍

ချန်ယောလ်က ဘယ်သူ့လက်အောက်မှာမှမဟုတ်ဘဲ အလွတ်တန်း Blogger ဖြစ်လို့ ရုံးခန်းဘာညာဖွင့်ဖို့ စိတ်မဝင်စားပေမဲ့
နောက်ပိုင်း သူ့ Blog မှာ ကြော်ငြာထည့်ချင်သူတွေ၊ လုပ်ငန်းစပွန်ဆာပေးချင်သူတွေများလာတော့ အလုပ်ကိစ္စပြောဖို့အတွက် ရုံးခန်းတစ်ခုလိုအပ်လာသည်။
အစကတော့ ဟိုဆိုင်ချိန်း၊ ဒီဆိုင်ချိန်းပေမဲ့ ကြာတော့အဆင်မပြေသောကြောင့် ရုံးခန်းငှားတဲ့ အဆောက်အဦတစ်ခုမှာ ရုံးခန်းတစ်ခန်းငှားလိုက်သည်။
ချန်ယောလ် ရုံးခန်းကိုလာသည့်ရက်က ရုံးဖွင့်ရက်ဖြစ်ပြီး မလာသည့်ရက်ကတော့ ရုံးပိတ်ရက်ဖြစ်သည်။
[ဒီလိုရုံးမှာ အလုပ်လုပ်ချင်လိုက်တာ 😁]

ဒီနေ့တော့ ဂျွန်မြောင်နှင့်ချိန်းထားသောကြောင့် ချန်ယောလ်က ရုံးခန်းရောက်နေသည်။
ထို့ကြောင့် ဒီနေ့က ချန်ယောလ်တို့ရုံးဖွင့်ရက်ဖြစ်သည်။
၁၀ ခွဲချိန်းထားသော်လည်း ၁၀ နာရီတွင် ဂျွန်မြောင်ရောက်လာသည်။
ဂျွန်မြောင်လက်ဆွဲပြီးခေါ်လာတဲ့ ကလေးလေးက ဟူဒီအဖြူဖွေးဖွေးလေးထဲမှာ အိနစ်နေသည်။
လက်ထဲက နို့ဗူးကို အစုပ်မပြတ်ဘဲ ဟိုကြည့်ဒီကြည့်နဲ့ဝင်လာသောကောင်လေးက ဂျွန်မြောင့်တူလေးများလား။

"လာ အစ်ကို...
ကလေးခေါ်လာတာပဲ ဘယ်သူလဲ
တူလေးလား ဘယ်အတန်းရောက်ပြီလဲ"

အုပ်ကျနေတဲ့ ဆံပင်ညိုညိုလေးတွေကို ဖွလိုက်တော့ ခေါင်းကိုအနောက်လှန်ပြီးရှောင်ထွက်သွားသည်။

"ဆံပင်မကိုင်နဲ့ဗျ မကြိုက်ဘူး"

စူးခနဲအသံနဲ့ ဒိုင်းခနဲရောက်လာတဲ့မျက်စောင်း။ ကလေးပဲရှိသေးတယ် လူကြီးကိုမလေးမစား ပိတ်ရိုက်ချင်စရာလေး။

"ချန်ယောလ်... ငါပြောတဲ့ ကလေးက သူလေ
မင်းအတွက်လက်ထောက်"

ချန်ယောလ်မှာ အံ့ဩပြီး စကားတောင်ပြန်မပြောနိုင်။ ဂျွန်မြောင်ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒီသေးသေးလေးကို ဘယ်နားသွားသုံးစားရမလဲ။ ချန်ယောလ်ကို ပေစောင်းစောင်းနဲ့ကြည့်နေပုံများ ဂျွန်မြောင်သာမရှိရင် တစ်ချက်လောက်တော့ ရိုက်မိမှာသေချာသည်။

"ကျွန်တော့်အလုပ်အတွက်ကူညီပေးဖို့ လက်ထောက်ခေါ်ခိုင်းတာလေ
ဒီသူငယ်နာမစင်တဲ့ကလေးကို ခေါ်လာတော့ဘယ်နားသွားသုံးရမှာလဲ အစ်ကိုရာ"

"ဟေ့လူကြီး ကလေးလား လူကြီးလား သိချင်ရင် စမ်းကြည့်လေ"

ဂျွန်မြောင့်လက်ထဲကနေ ရုန်းထွက်လာပြီး ချန်ယောလ်ရှေ့ ဝုန်းခနဲရောက်ချလာတဲ့ ကောင်လေးက လူကောင်ငယ်ပေမဲ့ အသံကတော့ မငယ်ဘူးပဲ။

"ချန်ယောလ်... အစ်ကို အေးအေးဆေးဆေးပြောပြပါ့မယ်ကွာ
အရင်ထိုင်ရအောင်.. ဂျောင်လေးလည်းထိုင်..လာ"

ဂျွန်မြောင်က လက်ကိုဆွဲပြီးထိုင်ခိုင်းမှ မကျေမနပ်ရုပ်နဲ့ ထိုင်ချလိုက်တဲ့ကောင်လေးက ပေစောင်းစောင်းအကြည့်တွေကိုတော့ လျော့မသွားပေ။
ဒီလက်တောက်လောက်လေးကို ချန်ယောလ်က ကြောက်နေရမှာလား။ သူကြည့် ကိုယ်ကြည့်ပဲ ပြန်ကြည့်ပေးလိုက်သည်။
အဆင်ပြေမှာပါလို့ သူ့ကိုယ်သူနှစ်သိမ့်နေပေမဲ့ မြင်တာနဲ့ အကြည့်ချင်းစစ်တိုက်နေတဲ့ နှစ်ယောက်ကြား ဂျွန်မြောင်က ခေါင်းခဲလာရသည်။
ဒါပေမဲ့လည်း အခုက အစမို့ပါ။ စကားပြောပြီးရင် အဆင်ပြေသွားမှာပါ။ အဆင်ပြေလောက်တယ် မလား။

🌍

ပေါ့ပေါ့ပါးပါးလေးနဲ့ဖြည်းဖြည်းချင်းသွားကြမယ်နော်

ဖတ်ပေးတဲ့လူတိုင်း၊ vote, comment ပေး၊ RL ထဲထည့်ပေးသူတိုင်းကို ကျေးဇူးပါရှင့် ❣️

(Zawgyi)

BLOGGER
- Part 1 -

- KJM Travel Agency -

"ဒီပိတ္ရက္အတြက္ ဂ်ပန္ခရီးစဥ္က လူဦးေရျပည့္သြားပါၿပီခင္ဗ်ာ"

"လန္ဒန္ကို ရက္ရွည္ခရီးအတြက္ အေသးစိတ္ကို agency မွာ လာေဆြးႏြေးလို႔ရပါတယ္ရွင့္
အသက္သာဆုံးနဲ႕အဆင္အေျပဆုံး ေဆာင္႐ြက္ေပးမွာပါ"

ႏွစ္သစ္ကူးပိတ္ရက္ ခရီးသြားရာသီနီးေနၿပီျဖစ္ေသာေၾကာင့္ ဖုန္းေျဖသံမ်ား၊ ကိုယ္တိုင္ ခရီးစဥ္လာဝယ္ေသာ ဧည့္သည္မ်ားႏွင့္
ဆူညံေနေသာ agency ေအာက္ထပ္ခန္းကေနျဖတ္ၿပီး အေပၚထပ္ကိုတက္လာလိုက္သည္။
ခ်န္ေယာလ္က ဒီ agency ပိုင္ရွင္ႏွင့္ ရင္းႏွီးတာ ႏွစ္ႏွစ္နီးပါးရွိၿပီျဖစ္လို႔ တစ္ခုခုလိုအပ္တာမ်ားရွိရင္ သူ႕႐ုံးခန္းထဲတန္းသြားလိုက္႐ုံပင္ျဖစ္သည္။
ဒီ agency ရဲ႕ အစီအစဥ္နဲ႕ တစ္ခါ ခရီးသြားၿပီး ခ်န္ေယာလ္ရဲ႕ Blog မွာ recommend ေပးမိၿပီးကတည္းက ပိုၿပီးတိုးတက္လာတဲ့ လုပ္ငန္းအေနအထားေၾကာင့္
ဒီက ပိုင္ရွင္ႏွင့္ ခ်န္ေယာလ္က ဆက္ဆံေရးေတာ္ေတာ္ေလးေကာင္းၾကသည္ဟုေျပာရမည္။ ပိုင္ရွင္ကိုယ္တိုင္က နဂိုကတည္းက သေဘာေကာင္းၿပီး ခ်န္ေယာလ္က အေပါင္းအသင္းဆန႔္တာလည္း ပါမည္ေပါ့။

တံခါးေခါက္ၿပီး အခန္းထဲတန္းဝင္လိုက္ေတာ့ စားပြဲမွာထိုင္ေနတဲ့ ပိုင္ရွင္ ကင္ဂြၽန္ေျမာင္က Laptop ကို ၾကည့္ေနရာကေန ေမာ့ၾကည့္လာသည္။

"ခ်န္ေယာလ္ ပါလား...
ဒီႏွစ္ ဘယ္ခရီးစဥ္မွ အပူမကပ္လို႔ ထူးဆန္းေနတာ
ညက် ဖုန္းေခၚၾကည့္ဖို႔ေတာင္ေတြးေနေသးတာ
ကဲ..ေျပာ ဘယ္သြားမလဲ"

ခ်န္ေယာလ္က ေရွ႕ဘက္က ဆိုဖာမွာထိုင္ေတာ့ ဂြၽန္ေျမာင္ကလည္း လုပ္လက္စကို ရပ္လိုက္ၿပီး ခ်န္ေယာလ္ မ်က္ႏွာခ်င္းဆိုင္မွာ လာထိုင္သည္။

"မသြားေသးဘူး အစ္ကို
ဒီႏွစ္ ႏွစ္ကူးပိတ္ရက္ကို oversea မဟုတ္ဘဲ local က ေနရာေကာင္းေလးေတြပဲေ႐ြးၿပီး သြားမလို႔
oversea ေတြ ဆက္လာေတာ့ လူကနည္းနည္းပင္ပန္းေနတယ္"

"အင္း ေကာင္းပါတယ္
အကုန္လုံးက အျပင္ထြက္ေနတဲ့အခ်ိန္မွာ နိုင္ငံတြင္းက ေနရာေလးေတြ ျပေပးတာေကာင္းတာေပါ့
Budget သမားေတြလည္း အဆင္ေျပတာေပါ့"

"ခရီးေတာ့မသြားေသးေပမဲ့ အစ္ကို႔ကို အကူအညီေတာင္းစရာေတာ့ရွိတယ္"

"ေျပာေလ ရသေလာက္ကူေပးပါ့မယ္"

"ကြၽန္ေတာ္ blog အတြက္ အျပင္ေတြသြားတဲ့အခါ ကူေပးဖို႔
လက္ေထာက္တစ္ေယာက္ေလာက္ေတာ့လိုခ်င္တယ္
ဟိုတစ္ခါလို ခရီးစဥ္တစ္ခုတည္းအတြက္ အခ်ိန္ပိုင္းမဟုတ္ဘဲ အၿမဲတမ္းလက္ေထာက္လိုခ်င္တာ"

"ဟိုတစ္ခါေခၚေပးတဲ့ေကာင္ေလးက အဆင္မေျပဘူးလား"

"သူက ကြၽန္ေတာ့္ကိုေတာ့ ကူေပးနိုင္ပါတယ္
ဒါေပမဲ့ ဘာသာစကားသိပ္မကြၽမ္းေတာ့ အဆင္မေျပဘူးဗ်
ကြၽန္ေတာ့္ေဝယ်ာဝစၥလုပ္ဖို႔ေခၚတာမဟုတ္ဘူးေလ
အဓိကက Blog အတြက္ အေထာက္အကူျဖစ္မဲ့အခ်က္ေတြ စုေပးနိုင္တာကို လိုခ်င္တာ"

"အိုေကေလ..အစ္ကိုနည္းနည္းစုံစမ္းၾကည့္ပါ့မယ္
ရရင္ေျပာမယ္ကြာ"

"ရရင္ေျပာမယ္ မလုပ္နဲ႕ အစ္ကို
ရမွကိုျဖစ္မွာ.. ကြၽန္ေတာ္က ႏွစ္ကူးၿပီးတာနဲ႕ ဆက္တိုက္ run ေတာ့မွာ"

"ေအးပါကြာ"

"ဒါဆို တစ္ခုခုသြားစားၾကမယ္ေလ
လာပါ အလုပ္ေတြခဏထားခဲ့"

ခ်န္ေယာလ္လို တဇြတ္ထိုးကို ျငင္းလို႔မရမွန္းသိေတာ့ ဂြၽန္ေျမာင္လည္း ျငင္းမေနေတာ့။
အလုပ္ေတြကို ပစ္ထားခဲ့ၿပီး ေန႕လည္စာစားဖို႔သာလိုက္သြားလိုက္သည္။
တကယ္ဆို သူ႕လို႔ နာမည္ႀကီး Freelance Blogger တစ္ေယာက္က Agency ကို ဝင္ထြက္ေနတာကိုက ဂုဏ္ယူစရာပင္။
သူ႕ Blog မွာ recommend ေပးလိုက္လို႔ လုပ္ငန္းက ရည္မွန္းထားတာထက္ပိုၿပီး ႀကီးမားလာခဲ့တာဆိုေတာ့ သူက ကိုယ့္ရဲ႕ေက်းဇူးရွင္ေလးပင္ျဖစ္သည္။
အလုပ္နဲ႕ပတ္သက္ရင္ နည္းနည္းအေ႐ြးလြန္တတ္တဲ့ေကာင္ေလးဆိုေတာ့ သူ႕အတြက္ လက္ေထာက္ရွာေပးရမွာ မ်က္ခုံးေတာ့ ခပ္လႈပ္လႈပ္ပင္။
သို႔ေပမဲ့ ကိုယ္နဲ႕ personal အရလည္း ရင္းႏွီးၿပီး အလုပ္သေဘာအရလည္း အဆက္အဆံရွိသူဆိုေတာ့ လုပ္သင့္လုပ္ထိုက္တာကို အေကာင္းဆုံးလုပ္ေပးရမည္ျဖစ္သည္။

"ဂြၽန္..."

တိုက္ခန္းထဲကို ဝင္လိုက္တာနဲ႕ လုံးခနဲကိုယ္ေပၚခြတက္လာတဲ့ ခႏၶာကိုယ္တစ္ခုေၾကာင့္ အေနာက္ကိုယိုင္ကာ ႏွစ္ေယာက္လုံး ၾကမ္းေပၚဖင္ထိုင္လ်က္က်သည္။
႐ုတ္တရက္မို႔ နာသြားတဲ့ ဂြၽန္ေျမာင္က ေဒါသတႀကီးလွည့္ၾကည့္လိုက္ေတာ့ သြားၿဖီးျပေနသည့္ အငယ္ေကာင္ေလး။
ဟိုတေလာကပဲ ထိုင္ဝမ္က အမ်ိဳးေတြဆီေရာက္ေနသည္ဆိုၿပီးေတာ့ ႐ုတ္တရက္ ဘယ္လိုျဖစ္ၿပီး အိမ္ထဲေရာက္ေနတာပါလိမ့္။

"ေဂ်ာင္ေလး ဘယ္လိုလုပ္ေရာက္ေနတာလဲ"

"ႏွစ္ကူးမို႔ ဘိုးဘိုးဘြားဘြားတို႔ကို လာေတြ႕တာေလ
သူတို႔အိမ္မွာမေနခ်င္လို႔ ဂြၽန္နဲ႕လာေနတာ မရဘူးလား"

"ရပါတယ္ ဘယ္သူက မရဘူးေျပာလဲ"

ျဖဴလုံးေနတဲ့ေကာင္ေလးက ဂြၽန္ေျမာင္တို႔ ေမာင္ႏွမဝမ္းကြဲေတြထဲမွာ အငယ္ဆုံးျဖစ္ၿပီး ငယ္သည္ဆိုတဲ့အတိုင္း ကေလးစိတ္လည္းမကုန္ေသးေပ။
အသက္ကလည္း ၂၀ ဆိုေတာ့ ကေလးပဲလို႔ ေျပာခ်င္ေျပာလို႔ရပါေသးသည္။ ဂြၽန္ေျမာင္ထက္ ၁၀ ႏွစ္ငယ္တဲ့ ကေလးက ဂြၽန္ေျမာင့္ကို အသက္တူအ႐ြယ္တူလို ေခၚေပမဲ့
ရိုင္းျပတာမ်ိဳးမဟုတ္ဘဲ ရင္းႏွီးတာမ်ိဳးသာျဖစ္သည္။ ေဆြမ်ိဳးအသိုင္းအဝိုင္းႀကီးၿပီး ေမာင္ႏွမမ်ားသည့္ ဂြၽန္ေျမာင္တို႔ အမ်ိဳးေတြက နိုင္ငံအႏွံ႕နီးပါးမွာရွိၾကၿပီး
အကုန္လုံးက အလုပ္ကိုယ္စီမို႔ ဒီအငယ္ဆုံးေလးကို ခ်စ္ၾကေပမဲ့ သိပ္ေတာ့ ဂ႐ုမစိုက္နိုင္ၾကေပ။ သူ႕ကိုေကာင္းေကာင္း ဂ႐ုစိုက္ေပးတာဆိုလို႔ ဂြၽန္ေျမာင္၊ ရိဖန္ႏွင့္ ကိုရီးယားက အဘိုးအဘြားေတြသာရွိသည္။ ဒါေၾကာင့္လည္း ဒီကေလး ကိုရီးယားေရာက္တိုင္း ဂြၽန္ေျမာင့္နားပဲကပ္ေနတာျဖစ္သည္။

"ဘြားဘြားတို႔ဆီမွာေနရင္ ထမင္းေကာင္းေကာင္းစားရမွာ ေဂ်ာင္ေလးရဲ႕"

"စားရတာနဲ႕မကာမိေအာင္ နားၿငီးတယ္ေလ ဂြၽန္ရာ မေနခ်င္ပါဘူး"

"လူႀကီးကိုအဲ့လိုမေျပာရဘူးေလ ေဂ်ာင္ ရဲ႕"

"ေတာ္ၿပီဗ်ာ ဂြၽန္ကလည္း အသက္ႀကီးလာလို႔လားမသိဘူး ပြစိ ပြစိသိပ္လုပ္တယ္"

ပဲနို႔ဗူးကို ေသာက္ေနရင္း ပိုက္ကိုဆြဲခြၽတ္လိုက္ေတာ့ ဗူးထဲကပဲနို႔က ေကာင္ေလးရဲ႕ပါးမွာ စင္ကုန္သည္။
ဂြၽန္ေျမာင္က စားပြဲအံဆြဲထဲကေန wet tissue ယူၿပီး သုတ္ေပးရေသးသည္။ ကေလးမွ တကယ့္ကေလးေလး။

"ဘယ္ေလာက္ၾကာၾကာေနျဖစ္မလဲ ေဂ်ာင္ေလး"

"အိမ္မျပန္ခ်င္ဘူး ဂြၽန္
ကြၽန္ေတာ္ အထီးက်န္တယ္"

"ဒါဆို ေပ်ာ္သေလာက္ေနေလ"

"ဂြၽန္က အလုပ္ပဲသြားေနမွာမလား"

"ကိုယ္ကအလုပ္ရွိတာကို ကေလးရဲ႕"

ေကာင္ေလးက ဂြၽန္ေျမာင္ေျပာတာကို သေဘာမက်သလို ႏွာေခါင္းတစ္ခ်က္ရႈံ႕သည္။

"အကုန္လုံးကအလုပ္ပဲလုပ္ေနၾကတာပဲ
ကြၽန္ေတာ္လည္း အလုပ္ရမွအကုန္လုံးကိုပစ္ထားၿပီး အလုပ္ထဲေခါင္းႏွစ္ထားပစ္မယ္"

"ဟား ဟား ဟုတ္ပါၿပီ
ေဂ်ာင္က အခု ေက်ာင္းတက္မေနဘူးလား"

"Online Course ပဲယူထားတယ္ေလ
ဘယ္သူကမွ ဂ႐ုမစိုက္နိုင္ေတာ့ ဟိုအမ်ိဳးဆီပို႔လိုက္ ဒီအမ်ိဳးဆီပို႔လိုက္နဲ႕ ေက်ာင္းကဘယ္လိုတက္မလဲ
ရိဖန္ေကာ ကလည္း တစ္လလုံးဂ႐ုစိုက္ရတာ အလုပ္ပ်က္တယ္ဆိုလို႔ သူ႕ဆီလည္းမသြားခ်င္ေတာ့ပါဘူး"

ႏႈတ္ခမ္းေလးစူၿပီး ေျပာတဲ့ ေဂ်ာင္ေလးက ရိဖန္ကို စိတ္ေကာက္ေနၿပီဆိုတာ ဂြၽန္ေျမာင္သိလိုက္သည္။
မၾကာပါဘူး ဟိုက လာလည္ေလ ဆိုတာနဲ႕ ျပန္ၿပီး စိတ္ေကာက္ေျပမွာပဲကို။
ေမြးထားတဲ့မိဘေတြက အေမရိကားေရာက္ေနၿပီး အမ်ိဳးေတြဆီပဲ လွည့္ပတ္ေနေနရသည့္ကေလးက အနည္းငယ္ေတာ့ ဆိုးခ်င္ ဂ်စ္တိုက္ခ်င္သည္။

"ေဂ်ာင္ေလး ကိုယ္ေရခ်ိဳးဦးမယ္
ၿပီးရင္ ညစာတစ္ခုခုမွာစားၾကတာေပါ့
ဒီမွာေနရင္ေတာ့ အိမ္ခ်က္သိပ္စားရမွာမဟုတ္ဘူးေနာ္"

"အင္း ရတယ္
အဖက္လုပ္ၿပီး စကားေျပာေပးမဲ့သူရွိရင္ရၿပီ"

"အိုေက.."

ပိုက္ေခ်ာင္းလို မုန႔္အတိုေလးေတြကို လက္ဆယ္ေခ်ာင္းမွာ စြပ္ၿပီး တစ္ေခ်ာင္းခ်င္းလိုက္ယူစားေနတဲ့ ေကာင္ေလးရဲ႕ဆံပင္ေလးေတြကို ဆြဲဖြလိုက္ၿပီး
ေရခ်ိဳးရန္ အခန္းထဲ ဝင္လိုက္သည္။ ဒီမွာေနတုန္း ကေလးကို ဒီထက္ရင့္က်က္ေအာင္ တစ္ခုခုေတာ့ လုပ္ေပးရမည္ဟုေတြးလိုက္သည္။

"I've been arriving in Korea for hours.
Why do you tell me this late about your birthday party?
No.. No way.. I can't make it.
I won't , Lucas.
Happy Birthday man. Sorry for my absence."

ဂြၽန္ေျမာင္ ေရခ်ိဳးၿပီးထြက္လာေတာ့ ဧည့္ခန္းမွာ သူငယ္ခ်င္းနဲ႕ video call ေျပာေနတဲ့ ေဂ်ာင္ဆူးကိုေတြ႕ရသည္။
ေျပာေနတဲ့ပုံကိုလည္းၾကည့္ဦး။ ေက်ာတင္ထားတာက ဖန္စားပြဲေပၚမွာ။ ေခါင္းအုံးနဲ႕ ေခါင္းမနာေအာင္ ခုထားေသးသည္။
ခါးက စားပြဲနဲ႕ ဆိုဖာၾကားမွာ လြတ္ေနၿပီး တင္ပါးက ဆိုဖာေပၚမွာ။ ေျခေထာက္ေတြက ဆိုဖာေနာက္မွီေပၚထိုးထိုးေထာင္ေထာင္နဲ႕။
ဂြၽန္ေျမာင့္ကို ဒီလိုအေနအထားျဖစ္ေအာင္ေနျပပါဆိုရင္ ေတာ္ေတာ္ေလး အခ်ိန္ယူရမည္ျဖစ္သည္။
ဘယ္လိုကေလးမွန္းကိုမသိဘူး။ အဲ...တစ္ခုရွိတာက ဒီေကာင္ေလးရဲ႕ ဘာသာစကားကြၽမ္းက်င္မႈကိုေတာ့ လုံးဝ အထင္ေသးလို႔မရေပ။

ငယ္ကတည္းက နိုင္ငံေပါင္းစုံေနလာေတာ့ ဘယ္ေရာက္ေရာက္အသုံးဝင္တဲ့ အဂၤလိပ္စကားကိုေတာ့ ေကာင္ေလးက အရမ္းကြၽမ္းက်င္သည္။
ေနာက္ထပ္ ဂ်ပန္၊ တ႐ုတ္၊ ထိုင္းစကားေတြကိုေတာ့ ထမင္းစား ေရေသာက္အဆင့္ေလာက္ေျပာတတ္သည္။
ဒါဆို ေဂ်ာင္ေလးကို ခ်န္ေယာလ္ လက္ေထာက္လုပ္ဖို႔ ထည့္ေပးလိုက္ရင္ အဆင္ေျပေလာက္မလား။

*ဗုန္း*

ေတြးေနတုန္းပင္ စားပြဲနဲ႕ခုံၾကားျပဳတ္က်သြားတဲ့ေကာင္ေလးက နာသြားတဲ့တင္ပါးကို ပြတ္ေနသည္။
အဆင္မေျပေလာက္ပါဘူး။ ဟိုက သိပ္စိတ္ရွည္တာမဟုတ္ဘူး။ ေဂ်ာင္ေလးကလည္း ကေလးစိတ္မွ မကုန္ေသးတာ။
ႏွစ္ဦးႏွစ္ဖက္ အဆင္မေျပေလာက္ဘူး။ ဂြၽန္ေျမာင္လည္း စိတ္ေလ်ာ့လိုက္ၿပီး ေဂ်ာင္ဆူးကို ထမင္းစားဖို႔သာေခၚလိုက္သည္။

"အခုထိ မရေသးဘူးလား အစ္ကို"

အခ်ိန္ကတစ္ပတ္ၾကာသြားၿပီျဖစ္ၿပီး ႏွစ္သစ္ကူး ႐ုံးပိတ္ရက္လည္း ေရာက္ေနၿပီျဖစ္သည္။
႐ုံးပိတ္ရက္ၿပီးတာနဲ႕ ခရီးသြားမည့္ ခ်န္ေယာလ္က အျမန္လိုေနၿပီး ဂြၽန္ေျမာင္ကလည္း သင့္ေတာ္သူကိုရွာမေတြ႕ေသးေပ။
ပိတ္ရက္အစမွာ ဘိုးဘြားေတြဆီ ေဂ်ာင္ေလးနဲ႕တူတူသြားလည္ေနသျဖင့္ အခ်ိန္ေပးၿပီးမရွာျဖစ္တာလည္းပါသည္။
အေလာတႀကီးဖုန္းဆက္လာတဲ့ခ်န္ေယာလ္ေၾကာင့္ ဧည့္ခန္းမွဖုန္းေျပာရင္း ဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတဲ့ ကေလးကို လွမ္းၾကည့္လိုက္သည္။
ဂိမ္းေဆာ့ရင္း ဂိမ္းစက္ကိုကိုင္ၿပီးအိပ္ေပ်ာ္ေနလိုက္တာ သြားရည္ေတြလည္းက်လိဳ႕။ ကေလးဆန္ေပမဲ့ သူ႕မွာအရည္အခ်င္းရွိသားပဲကို။
ခ်န္ေယာလ္လိုပဲ သူလည္းအၿမဲခရီးသြားေနသူျဖစ္ၿပီး နိုင္ငံတကာကိုေရာက္ဖူးထားတဲအျပင္၊ ဘာသာစကားလည္း ကြၽမ္းက်င္ေတာ့ ခ်န္ေယာလ္သာ စိတ္ရွည္မယ္ဆို
ကေလးနဲ႕အဆင္ေျပနိုင္သည္။
အဲ့ဒီလိုသာဆို ခ်န္ေယာလ္လည္း လက္ေထာက္ေကာင္းရမည္၊ ကေလးလည္း ပ်င္းေနစရာမလိုသည့္အျပင္ အလုပ္အေတြ႕အႀကဳံရၿပီး ရင့္က်က္နိုင္သည္။
ႏွစ္ဦးႏွစ္ဖက္ နည္းနည္းစီ နားလည္ေပးလိုက္ၾကရင္ အဆင္ေျပေကာင္းေျပနိုင္ပါသည္။

"တစ္ေယာက္ေတာ့ရွိတယ္ ခ်န္ေယာလ္
မင္းနဲ႕အဆင္မေျပမွာ စိုးလို႔ ေကာင္ေလးက ငယ္ေသးလို႔"

"ငယ္တဲ့သူေတြလည္း အရည္အခ်င္းရွိပါတယ္ အစ္ကိုရာ
ေခၚလာခဲ့ေလ ေတြ႕ၾကည့္တာေပါ့
ကြၽန္ေတာ္အျမန္လိုေနတာ အဆင္ေျပရင္ခန႔္မယ္ မေျပရင္ အသစ္ရွာမယ္"

"ၿပီးေရာေလ ဘယ္မွာေတြ႕မလဲ"

"မနက္ျဖန္႐ုံးကိုပဲလာခဲ့လိုက္ေလ
႐ုံးပိတ္ရက္ေပမဲ့ အေဆာက္အဦက ဖြင့္ထားတယ္
ကြၽန္ေတာ့္႐ုံးခန္းကိုပဲလာလိုက္"

"အိုေက မနက္ျဖန္ ၁၀ နာရီခြဲေလာက္လာလိုက္မယ္"

"ေနာက္က်တယ္ ေစာေစာလာေလ"

"ကေလးက အိပ္ယာထေနာက္က်တတ္လို႔"

"ဒါဆိုလည္း ၿပီးေရာ အစ္ကိုရာ
၁၀ ခြဲထက္ေတာ့ ေနာက္မက်နဲ႕ေနာ္"

"ေအးပါ မနက္ျဖန္ေတြ႕မယ္"

ဖုန္းခ်လိဳက္ၿပီး ေဂ်ာင္ဆူးကို ျပန္ၾကည့္မိသည္။ ခ်န္ေယာလ္ဘက္ကေတာ့ အဆင္ေျပသေလာက္ရွိၿပီ။ ေဂ်ာင္ဆူးကလက္ခံပါ့မလား။
ေခ်ာ့ေျပာရင္ရမွာပါ။ ကေလးက လိမၼာတာပဲကို။

"ဒါဆို ခရီးသြားတာကို လိုက္သြား႐ုံပဲေပါ့ ဟုတ္လား"

"အင္း ေဂ်ာင္ေလး
သူ႕ Blog မွာေရးတင္မဲ့အေၾကာင္းအရာအတြက္ နည္းနည္းကူေပး႐ုံပဲ
မပင္ပန္းပါဘူး ေဂ်ာင္ေလးလည္း အေတြ႕အႀကဳံရေအာင္ ကိုယ္က စီစဥ္ေပးတာ
လုပ္ၾကည့္မယ္မလား"

"Blogger က ဘယ္သူ.."

"PCY Blog က ပတ္ခ်န္ေယာလ္ေလ... ကေလး သိလား"

နို႔စေတာ္ဘယ္ရီကို ပိုက္နဲ႕စုပ္ေနရင္း ေခါင္းၿငိမ့္ျပသည္။

"သိတယ္... သူ စပိန္အေၾကာင္းေရးထားတာဖတ္ဖူးတယ္"

"ဒါဆို အဆင္ေျပသားပဲ လုပ္ၾကည့္ေနာ္ ေဂ်ာင္ေလး"

"အစမ္းခန႔္ပဲ လုပ္ဦးမယ္
အၿမဲတမ္း လုပ္ မလုပ္ စဥ္းစားဦးမယ္"

"ဒါက ညွိယူလို႔ရပါတယ္"

"ၿပီးတာပဲ ေနာက္မွ တစ္မ်ိဳးမေျပာနဲ႕ေနာ္
ကြၽန္ေတာ္က စိတ္မပါရင္ အလုပ္ထြက္ပစ္မွာ
အဲ့က်မွ ဂြၽန္ ေလ်ာ္ေၾကးေပးေနရမွာစိုးလို႔ ႀကိဳေျပာတာ"

ေဂ်ာင္ေလး စကားေၾကာင့္ ဂြၽန္ေျမာင္မွာ ၾကက္သီးပင္ထရသည္။
ေလ်ာ္ေၾကးဆိုပဲ။ ခ်န္ေယာလ္က အဲ့ေလာက္ေတာ့ မရက္စက္ေလာက္ဘူးမလား။ အဆင္ေျပမွာပါေလ။

ခ်န္ေယာလ္က ဘယ္သူ႕လက္ေအာက္မွာမွမဟုတ္ဘဲ အလြတ္တန္း Blogger ျဖစ္လို႔ ႐ုံးခန္းဘာညာဖြင့္ဖို႔ စိတ္မဝင္စားေပမဲ့
ေနာက္ပိုင္း သူ႕ Blog မွာ ေၾကာ္ျငာထည့္ခ်င္သူေတြ၊ လုပ္ငန္းစပြန္ဆာေပးခ်င္သူေတြမ်ားလာေတာ့ အလုပ္ကိစၥေျပာဖို႔အတြက္ ႐ုံးခန္းတစ္ခုလိုအပ္လာသည္။
အစကေတာ့ ဟိုဆိုင္ခ်ိန္း၊ ဒီဆိုင္ခ်ိန္းေပမဲ့ ၾကာေတာ့အဆင္မေျပေသာေၾကာင့္ ႐ုံးခန္းငွားတဲ့ အေဆာက္အဦတစ္ခုမွာ ႐ုံးခန္းတစ္ခန္းငွားလိုက္သည္။
ခ်န္ေယာလ္ ႐ုံးခန္းကိုလာသည့္ရက္က ႐ုံးဖြင့္ရက္ျဖစ္ၿပီး မလာသည့္ရက္ကေတာ့ ႐ုံးပိတ္ရက္ျဖစ္သည္။
[ဒီလို႐ုံးမွာ အလုပ္လုပ္ခ်င္လိုက္တာ 😁]

ဒီေန႕ေတာ့ ဂြၽန္ေျမာင္ႏွင့္ခ်ိန္းထားေသာေၾကာင့္ ခ်န္ေယာလ္က ႐ုံးခန္းေရာက္ေနသည္။
ထို႔ေၾကာင့္ ဒီေန႕က ခ်န္ေယာလ္တို႔႐ုံးဖြင့္ရက္ျဖစ္သည္။
၁၀ ခြဲခ်ိန္းထားေသာ္လည္း ၁၀ နာရီတြင္ ဂြၽန္ေျမာင္ေရာက္လာသည္။
ဂြၽန္ေျမာင္လက္ဆြဲၿပီးေခၚလာတဲ့ ကေလးေလးက ဟူဒီအျဖဴေဖြးေဖြးေလးထဲမွာ အိနစ္ေနသည္။
လက္ထဲက နို႔ဗူးကို အစုပ္မျပတ္ဘဲ ဟိုၾကည့္ဒီၾကည့္နဲ႕ဝင္လာေသာေကာင္ေလးက ဂြၽန္ေျမာင့္တူေလးမ်ားလား။

"လာ အစ္ကို...
ကေလးေခၚလာတာပဲ ဘယ္သူလဲ
တူေလးလား ဘယ္အတန္းေရာက္ၿပီလဲ"

အုပ္က်ေနတဲ့ ဆံပင္ညိုညိုေလးေတြကို ဖြလိုက္ေတာ့ ေခါင္းကိုအေနာက္လွန္ၿပီးေရွာင္ထြက္သြားသည္။

"ဆံပင္မကိုင္နဲ႕ဗ် မႀကိဳက္ဘူး"

စူးခနဲအသံနဲ႕ ဒိုင္းခနဲေရာက္လာတဲ့မ်က္ေစာင္း။ ကေလးပဲရွိေသးတယ္ လူႀကီးကိုမေလးမစား ပိတ္ရိုက္ခ်င္စရာေလး။

"ခ်န္ေယာလ္... ငါေျပာတဲ့ ကေလးက သူေလ
မင္းအတြက္လက္ေထာက္"

ခ်န္ေယာလ္မွာ အံ့ဩၿပီး စကားေတာင္ျပန္မေျပာနိုင္။ ဂြၽန္ေျမာင္ကေတာ့ လုပ္ခ်လိဳက္ျပန္ၿပီ။ ဒီေသးေသးေလးကို ဘယ္နားသြားသုံးစားရမလဲ။ ခ်န္ေယာလ္ကို ေပေစာင္းေစာင္းနဲ႕ၾကည့္ေနပုံမ်ား ဂြၽန္ေျမာင္သာမရွိရင္ တစ္ခ်က္ေလာက္ေတာ့ ရိုက္မိမွာေသခ်ာသည္။

"ကြၽန္ေတာ့္အလုပ္အတြက္ကူညီေပးဖို႔ လက္ေထာက္ေခၚခိုင္းတာေလ
ဒီသူငယ္နာမစင္တဲ့ကေလးကို ေခၚလာေတာ့ဘယ္နားသြားသုံးရမွာလဲ အစ္ကိုရာ"

"ေဟ့လူႀကီး ကေလးလား လူႀကီးလား သိခ်င္ရင္ စမ္းၾကည့္ေလ"

ဂြၽန္ေျမာင့္လက္ထဲကေန ႐ုန္းထြက္လာၿပီး ခ်န္ေယာလ္ေရွ႕ ဝုန္းခနဲေရာက္ခ်လာတဲ့ ေကာင္ေလးက လူေကာင္ငယ္ေပမဲ့ အသံကေတာ့ မငယ္ဘူးပဲ။

"ခ်န္ေယာလ္... အစ္ကို ေအးေအးေဆးေဆးေျပာျပပါ့မယ္ကြာ
အရင္ထိုင္ရေအာင္.. ေဂ်ာင္ေလးလည္းထိုင္..လာ"

ဂြၽန္ေျမာင္က လက္ကိုဆြဲၿပီးထိုင္ခိုင္းမွ မေက်မနပ္႐ုပ္နဲ႕ ထိုင္ခ်လိဳက္တဲ့ေကာင္ေလးက ေပေစာင္းေစာင္းအၾကည့္ေတြကိုေတာ့ ေလ်ာ့မသြားေပ။
ဒီလက္ေတာက္ေလာက္ေလးကို ခ်န္ေယာလ္က ေၾကာက္ေနရမွာလား။ သူၾကည့္ ကိုယ္ၾကည့္ပဲ ျပန္ၾကည့္ေပးလိုက္သည္။
အဆင္ေျပမွာပါလို႔ သူ႕ကိုယ္သူႏွစ္သိမ့္ေနေပမဲ့ ျမင္တာနဲ႕ အၾကည့္ခ်င္းစစ္တိုက္ေနတဲ့ ႏွစ္ေယာက္ၾကား ဂြၽန္ေျမာင္က ေခါင္းခဲလာရသည္။
ဒါေပမဲ့လည္း အခုက အစမို႔ပါ။ စကားေျပာၿပီးရင္ အဆင္ေျပသြားမွာပါ။ အဆင္ေျပေလာက္တယ္ မလား။

ေပါ့ေပါ့ပါးပါးေလးနဲ႕ျဖည္းျဖည္းခ်င္းသြားၾကမယ္ေနာ္

ဖတ္ေပးတဲ့လူတိုင္း၊ vote, comment ေပး၊ RL ထဲထည့္ေပးသူတိုင္းကို ေက်းဇူးပါရွင့္

Continue Reading

You'll Also Like

17.1K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
172K 19.5K 55
Baekhyuneeက ခ်စ္ေနတုန္းမွာ ျပန္ခ်စ္ေနာ္...မဟုတ္ရင္ သူမ်ားေနာက္ ပါသြားမွ ႏွေျမာ၊တသ၊လြမ္းေဆြး၊ငိုေႂကြးမေနနဲ႔....မသနားဘူးဗ်.... ငါ့ေစ်းဗန္းက ကိုႀကီးတစ္ေ...
178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ