အပိုင်း ၂၅ လေးရာသီ စား..ပွဲ အပိုင်းခွဲ တစ်
ဒါက ယွမ့်ထန်း၏ ကိုယ်ပိုင် ဖန်တီးမှုဖြစ်သည်။ ရိုးရှင်းသော ဟင်းပွဲများဖြင့် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့၏ အငွေ့အသက်ကို ပုံဖော်မည်ဖြစ်သည်။ ယခင်ဘ၀တွင်ဆိုလျှင် သူ၏ မွေးနေ့ပွဲတွင် ဧည့်သည်များကို ဧည့်ခံရန် လေးရာသီ စား..ပွဲဖြင့် တည်ခင်းလေ့ရှိသည်။ ချိုချဉ်အရသာက နွေရာသီကို ကိုယ်စားပြုနိုင်ကြောင်း သူ ခံစားမိသည်။ဒါက အကိုက်ညီဆုံး ဖော်ပြချက်ဖြစ်သည်။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အား… ဒီအဖွင့်စကားက မတရား ရင်းနှီးနေတယ်။ တင်ဆက်သူကို ဒူးထောက်ခစားပါတယ်]
[မြောင်မြောင်က တင်ဆက်သူ လုပ်သမျှ ဟင်းတိုင်း ကြိုက်တယ်: အား…. စောင့်လိုက်ရတာ နောက်ဆုံးတော့ တွေ့ရပြီ]
[ ပီတိပြုံးနဲ့ တုန်ခါသံကို နားဆင်နေသူ: လေးရာသီ ပွဲတော် ဟုတ်လား။ နားထောင်ရတာ အဆင့်အတန်းမြင့်မဲ့ပုံပဲ]
[ကုထျန်းထဲ့: အပေါ်က တစ်ယောက်နဲ့ အတွေးတူတယ်။ အဓိပ္ပါယ်ကို ငါ မသိပေမဲ့ နားထောင်လို့တော့ ကောင်းသားပဲ]
[ ဆယ်ရက်ကို သုံးသက်: ဟီးဟီးဟီး ငါက ေ၇ှးဟောင်း မြေကမ္ဘာခေတ်က သမိုင်းကို လေ့လာနေတဲ့သူဆိုတော့ ရှင်းပြပါရစေ၊စား..ပွဲဆိုတာ မိသားစုအတူ ဝိုင်းထိုင်ပြီး ဟင်းပွဲအမျိုးမျိုးကို ြ ပင်ဆင် စားသောက်ကြတာမျိုးကို ပြောတာ။ ဒါပေမဲ့ ငါ ဒါကို အတန်းထဲမှာပဲ ကြားခဲ့ဖူးတာ၊ တကယ်မြင်ဖူးရမယ်လို့ မထင်ထားဘူး]
[ခရမ်း: ငါလည်း ရှေးဟောင်း မြေကမ္ဘာ သမိုင်းကို လေ့လာနေတာပဲ။ ဒါပေမဲ့ မန်ချူးဟန် အင်ပါယာ စားသောက်ပွဲ အကြောင်းပဲ ကြားဖူးတယ်။ လေးရာသီ..ဘာဆိုလားကို တစ်ခါမှ မကြားဖူးပါလား]
သာမန် နှုတ်ဆက်ရုံမျှဖြင့် ပွက်လောရိုက်သွားသည်။ သို့သော် ယခုအချိန်ကား ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မတူပေ။ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်ခြင်းမ ျက်ကပ်မှန်ကို တပ်ထားသော်လည်း ကြည့်ရှုသူများက သူ့နေရာမှ သ ူ လုပ်သမျှကို ရှင်းလင်းစွာ မြင်နိုင်ရုံအတွက်သာ ရည်၇ွယ်ပြီး သူက ကွန်းမန့်များကို မြင်ရမည် မဟုတ်ပေ။ ထို့ကြောင့် မကောင်းသည့် မှတ်ချက်များပါလျှင်ပင် သူ၏ လုပ်ဆောင်မှုများကို သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုမှတ်ချက်များအကြောင်းကို ယွမ့်ထန်း မသိတော့ဘဲ ခပ်အေးအေးသာ စချက်ရန် ပြင်ဆင်နေလိုက်၏။
သူက ပထမဦးစွာ အအေးစာနှစ်ခု ပြင်သည်။ သခွားသီးအေးညပ် ပေါင်မုန့်နှင့် အာလူးညပ် ပေါင်မုန့်ဖြစ်သည်။ ဒါတွေက လုပ်ရလွယ်ပြီး အဆင့်တစ်ခုလည်း ရှိသည်။
သခွားသီးညပ် ပေါင်မုန့်က မခက်ပေ။ သခွားသီးကို နုတ်နုတ်စင်းပြီး သကြား၊ ရှာလကာရည်နှင့် ဂျင်းစိမ်းတို့ဖြင့် နယ်ရန် လိုအပ်သည်။ အစပ်မစားနိုင်သူတို့အတွက် တွေးကာ ငရုတ်ပွ အနည်းငယ်သာ ထည့်သည်။ အနည်းငယ်စပ်နိုင်သော်လည်း လက်မခံနိုင်သည်အထိ မဟုတ်ပေ။ လှစေရန်အတွက် သေသပ်စွာ လှီးထားသော မုန်လာဥနီကို ထည့်သည်။ လတ်ဆတ်မည့်ပုံ၇သော အစိမ်းရောင်များက အနီရောင်များအကြား ကွက်ကြားရှိနေခြင်းက စီးချက်ကျပြီး လှပသည်။
ယွမ့်ထန်းက သခွားသီးညပ် ပေါင်မုန့်ကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို ပြင်ဆင်ပေးထားသည့် ဗီ၇ိုထဲ ထည့်ကာ အဆုံးမှ ဟင်းပွဲတိုင်းနှင့် ပေါင်းကာ စစ်ဆေး၇န် ဖယ်ထားသည်။ အခြားတစ်ပိုင်းကိုမူ အပြင်ဘက်မှ ဒိုင်များနှင့် ကြည့်ရှုသူတို့အတွက်ပို့လိုက်သည်။
အနီးကပ် ကြည့်နေကြသူတို့က တူကို မမြောက်နိုင်ခင်မှာ ယွမ့်ထန်းက တစ်ပိုင်းကို ထည့်သိမ်းလိုက်ကြောင်း မြင်လိုက်ကြသည်။ ဥာဏ်ရည်မြင့် စက်ရုပ်က ကျန်သည့် တစ်ပိုင်းအား ဥက္ကဌကုနှင့် အခြားသူများထံသို့ ပို့ပေးသည်။ ကြည့်ရှုသူတိုင်းက သူတို့ကြည့်သည့် အနေအထားကို ပြောင်းကာ ပေါင်မုန့်နောက် လိုက်သွားကြသည်။
[ အဆင့်နိမ့် ဘုန်းကြီး: ဒါက အရမ်း ပြီးစလွယ် မနိုင်ဘူးလား။ ဟိုဟာ ဒီဟာ ထည့်လိုက်ရုံနဲ့ တစ်ပွဲ ပြီးသွားရောလား။ ဘာလို့ သခွားသီး အလုံးလိုက်ပေးပြီး ငါတို့ကို မစားခိုင်းတာလဲ]
[ လမင်းနဲ့ နွေဦးဝါ: ကြည့်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ သခွားသီးပဲ ပါတယ်ဆိုတဲ့ အချက်က မပြောင်းသွားဘူးလေ]
[ကြည်လင် အေးမြ: အပေါ်က နှစ်ယောက်၊ ဘာလို့ အရင်မြည်းကြည့်ပြီးမှ စာမရေးတာလဲ။ ရိုးရှင်းနေတာနဲ့ပဲ စားမကောင်း၇တော့ဘူးလား။ ဟင်းတိုင်းကို နာ၇ီ၀က် ကြာအောင် လုပ်ပြမှ ကောင်းတယ် ထင်တာလား]
[ ကျစ်ကွေ့:ဟုတ်ပကွာ။ အရသာတောင် မြည်းမကြည့်ဘဲ သောက်ကျိုးနည်း ပေါက်ကရတွေ ပြောနေတယ်။ ရှလွတ် ကောင်းလိုက်တာ]
အကြီးအကဲများလည်း တုန့်ဆိုင်းသွားကြသည်။ ပထမဦးစွာ ဇွန်းကိုင်သည်မှာ ဥက္ကဌကုဖြစ်ကာ ဇွန်းအပြည့် ခပ်လိုက်သည်။ ဒုတိယမြောက်ကား ကောလောင်ဖြစ်ပြီး သူကလည်း ဇွန်းအပြည်ခပ်ယူကာ သူ့ရှေ့ရှိ ပန်းကန်ထဲသို့ ထည့်သည်။ ထိုနှစ်ယောက်၏ လွှမ်းမိုးမှုကြောင့် အခြားသူတွေလည်း တုန့်ဆိုင်းစွာဖြင့် ခပ်လိုက်ကြသည်။ သို့သော် ပမဏ အနည်းငယ်သာ ယူသည်။
သို့ရာတွင် တစ်ချက် မြည်းကြည့်ရုံဖြင့် မျက်လုံး ပြူးသွားကြသည်။ သခွားသီးက လက်ဆတ်ကာ ကြွပ်၇ွပြီး အရသာရှိသည်။ အချဉ်နှင့် တို့စားလိုက်သည့်အခါ အစပ်အနည်းငယ်ကဲပြီး ချိုချဉ်အရသာက အလွန်ကောင်းမွန်သည့် အရသာကို ထွက်လာစေသည်။ ကိုက်ဝါးလိုက်တိုင်း တကြွပ်ကြွပ် အသံများ ထွက်နေရာ လူတိုင်းကို သားရည်ကျစေသည်။
အခြားသူများလည်း ကျန်သမျှကို ခပ်စားလိုက်ကြရာ သိပ်မကြာခင်မှာပင် ပန်းကန်က ပြောင်သွားသည်။
[ ရိခဲ့ယွဲ့: ဘာလို့ ဒီလောက် အမြန်စားနေကြတာလဲ။ ငါတို့ စားလို့ မဝသေးဘူးလေ]
[ အေးခဲ လမင်း: မုန်းဖို့ ကောင်းလိုက်တာ။ ငါ့ရဲ့ သခွားသီးလေးတွေ]
ကြည့်ရှုသူများ၏ မကျေမနပ် ညည်းညူသံများ ပြည့်လာသည်။ သူတို့က ဒေတာကိုသာ မြည်းနိုင်သည့်တိုင် တဖက်မှ စားစရာ မရှိတော့လျှင် ဒေတာကိုလည်း မမြည်းနိုင်ကြတော့ပေ။ သူတို့ အရသာခံလိုသေးလျှင် နောက်ဆုံးပွဲပြီးသည်အထိ စောင့်၇မည်ဖြစ်ကာ ထိုအခါမှ အကုန်ပေါင်းကာ စားနိုင်မည်ဖြစ်သည်။
ဥက္ကဌကုက ပါးစပ်သုပ်ပြီး ပြောသည်။
[ရှားလစ်: (╯‵ □ ‘) ╯ (┻━┻ ငါတို့ဘာသာ မြည်းတတ်တယ်။ နင် ပြောဖို့ မလိုဘူး။]
ထိုအချိန်တွင် အာလူးအစာသွပ်က ပြီးနေလေပြီ။
ထိုအစာသွပ်ကို ယွမ့်ထန်း ကိုယ်ပိုင် စိတ်ကူးဖြင့် လုပ်ထားခြင်းဖြစ်သည်။ ကြက်ဥအနှစ်၊ ဟင်းချက်ဆီ၊ ရှာလကာဖြူနှင့် သကြားဖြူတို့က အဓိက ပါ၀င်ပစ္စည်းများဖြစ်သည်။ ထိုဟင်းပွဲ လုပ်ရန် အကယ်ဒမီသို့ပင် ဆက်သွယ်ကာ ဥက္ကဌဟော်အား ကြက်ဥမွှေစက် လုပ်ပေး၇န် တောင်းဆိုခဲ့ရသည်။
အကယ်ဒမီသိပ္ပ'ံ၏ လုပ်ဆောင်နိုင်စွမ်းက မြင့်မားသည်။ အနာဂတ်မှ လူတွေ၏ လုပ်နိုင်စွမ်းကို ယွမ့်ထန်းပင် လန့်မိသည်။ သူက ကြက်ဥမွှေစက်ကို အကြမ်းဖျဉ်းပုံဖော်ပြပြီးနောက် မိနစ်နှစ်ဆယ်အတွင်း သူ့ထံ ပို့ပေးလာခဲ့၏။
ယွမ့်ထန်းကလည်း အကူအညီ အပြည့်အ၀ ယူပြီး လိုအပ်သည့် ပစ္စည်းတိုင်း တောင်းဆိုခဲ့ရာ ဥက္ကဌကုက မိနစ်ပိုင်းအတွင်း အရ လုပ်ပေးခဲ့သည်။
ထိုပစ္စည်းတိုင်း ၇နာရီအမီ ရရန်အတွက် ဟော်ယွင်၇ီက သူ၏ ကားပျံဖြင့် ကိုယ်တိုင် လာပို့ပေးခဲ့၏။
အားလုံးပြီးသွားလျှင် အရသာရှိသော စားစရာများကို မာရှယ်ဟော်နှင့် ဥက္ကဌဟော်တို့ထံ ပို့ပေး၇န် မှတ်ထားသည်။
သခွားသီးအေးနှင့် ယှဉ်လျှငင် အာလူး အစာသွပ်က ပိုကြည့်ကောင်းသည်။ ပြောင်းဖူးရောထားသည့် အဝါဖျော့ရောင် အာလူးများက ကြည့်ကောင်းလှသည်။ ထို့အပြင် မုန်လာဥနီနှင့် ပဲစေ့များကိုလည်း ထည့်ထားသည်။ နို့နှစ်ဖြူရောင် အနှစ်နှင့် ပေါင်းလိုက်သည့်အခါ အလွန် လက်ဆတ်ပြီး စားကောင်းသည့်ပုံပေါ်သွားသည်။
[ ယန်ထင်: ကောင်းလိုက်တာ]
[ လက်ဖက်ရည်စေ့လေး: အရသာရှိလိုက်တာဟယ် ဒါ နွေဦးပေါ့]
သူတို့ မစားခင် ကုန်သွားနိုင်သည့် အခြေအနေကြောင့် ကြည့်ရှုသူများက ယွမ့်ထန်း ပန်းကန်ထဲ ထည့်သည်နှင့် မြည်းလိုက်ကြသည်။
ယွမ့်ထန်းက အာလူးနူးစေရန် ပြုတ်အိုးကို သုံးသည်။ ထို့အပြင် ချိုချဉ်အရသာ ပေါင်းထည့်လိုက်ချိန်တွင် အလွန် စားကောင်းသွားသည်။
စစ်ဆေးသူ ဒိုင်များကလည်း ယွမ့်ထန်း၏ လုပ်နိုင်စွမ်းကို ယုံကြည်သွားရာ ပန်းကန် လာချသည်နှင့် ချက်ချင်း အပြောင်၇ှင်းလိုက်ကြသဖြင့် ကြည့်ရှုသူများထံမှ အထွန့်တက်မှုများစွာကို လက်ခံရရှိခဲ့သည်။
ယွမ့်ထန်း၏ တတိယမြောက် ဟင်းပွဲကား ကြက်သွန်မြိတ် ကြက်ကြော်ဖြစ်သည်။ ကြက်သားကို သန့်ရှင်းပြီးနောက် ပဲငံပြာရည်ကြည်ဖြင့် နှပ်ကာ ဂျင်းဓားပြားရိုက်နှင့် ကြက်သွန်မြိတ်တို့ကို ထည့်သည်။ ထို့နောက် အိုးထဲသို့ ကြက်တစ်ကောင်လုံးထည့်ကာ အဖုံးအုပ်ပြီးမိနစ် သုံးဆယ် ချက်သည်။ ကြက်နှပ်ထားချိန်တွင် ဆီသတ်ကာ ကြက်သွန်မြိတ်များ လှီးပြီး ထည့်ကာ အပူပေးထားသည်။ထို့နောက် ပဲငံပြာရည် အနည်းငယ် ထည့်၏။ဒါကို နောက်တွင် အချဉ်အဖြစ် သုံးမည်ဖြစ်သည်။
သူက ဂရုတစိုက်ဖြင့် အရသာနယ်လိုက်သည်။ အအေးခံပြီးနောက် ဓားကို ယူကာ ထက်ခြမ်း ခြမ်းသည်။ထို့နောက် တစ်ခြမ်းစီတိုင်းအား လက်မတစ်ခုစာ အတုံးလေးတွေတုံးပြီး ပန်းကန် နှစ်ချပ် ခွဲထည့်သည်။ကြက်ကြော်၏ အပေါ်တွင် ကြက်သွန်မြိတ် ၊ ဂျင်းနှင့် ငရုတ်ပွတို့ ထည့်သည်။ထို့နောက် ပွက်ပွက်ဆူလာသည့် ဟင်းအနှစ်ရည်တို့ လောင်းချလိုက်ရာ မွှေးရနံ့က ပျံ့လွင့်လာတော့သည်။
[ ယွီချန်း : ဘုရားရေ… ဒီအရသာပဲ ဒီအရသာပဲ]
[ ကြောင်၀တုတ် အမေကြီး: အရသာရှိလိုက်တာ.. ငါ ငိုနေပြီ]
မွှေးပျံ့သည့် ရနံ့များက သူတို့ကို သားရည်ယိုစေသည်။ အသားက နူးညံ့သည်။ အရေခွံကပင် ပါးကာ အရိုးက ကြွပ်နေ၏။ဆီက ပန်းကန်တ၀က်ခန့် ရှိနေသည့်တိုင် မအီပေ။ အရသာ အားလုံးပေါင်းလိုက်သော် အလွန် အရသာရှိသည့် ဟင်းတစ်ခွက်ဖြစ်သွားသည်။
ဒိုင်တွေမှာ ထိုကြက်ကြောင့် စလျင်စလို လှုပ်၇ှားလိုက်ကြသည်။ သူတို့က ကြက်ကြော်ပန်းကန် လာချသည်နှင့် ဒိုင်တာ၀န်ကိုပင် မေ့သွားကာ စားရန်သာ အာ၇ုံရှိတော့၏။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ ဒီဒိုင်တွေကို မနာလိုဖြစ်လာပြီ]
[ပျော်နေသော ယွီလင်း: ငါလည်း ဒိုင်ဖြစ်ချင်တယ် အား……………………….]
ထိုအချိန်တွင် ယွမ့်ထန်းက လေးပွဲမြောက်ကို ပြင်နေလေပြီ။ သူက ဘယ်တော့မှ အချိန်မဖြုန်းတတ်ပေ။ သူက ပုစွန် စကိုင်နေ၏။
---------
အပိုင္း ၂၅ ေလးရာသီ စား..ပြဲ အပိုင္းခြဲ တစ္
ဒါက ယြမ့္ထန္း၏ ကိုယ္ပိုင္ ဖန္တီးမႈျဖစ္သည္။ ရိုးရွင္းေသာ ဟင္းပြဲမ်ားျဖင့္ ေႏြဦး၊ ေႏြ၊ ေဆာင္းဦးႏွင့္ ေဆာင္းတို႔၏ အေငြ႕အသက္ကို ပုံေဖာ္မည္ျဖစ္သည္။ ယခင္ဘ၀တြင္ဆိုလွ်င္ သူ၏ ေမြးေန႕ပြဲတြင္ ဧည့္သည္မ်ားကို ဧည့္ခံရန္ ေလးရာသီ စား..ပြဲျဖင့္ တည္ခင္းေလ့ရွိသည္။ ခ်ိဳခ်ဥ္အရသာက ေႏြရာသီကို ကိုယ္စားျပဳနိုင္ေၾကာင္း သူ ခံစားမိသည္။ဒါက အကိုက္ညီဆုံး ေဖာ္ျပခ်က္ျဖစ္သည္။
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: အား… ဒီအဖြင့္စကားက မတရား ရင္းႏွီးေနတယ္။ တင္ဆက္သူကို ဒူးေထာက္ခစားပါတယ္]
[ေျမာင္ေျမာင္က တင္ဆက္သူ လုပ္သမွ် ဟင္းတိုင္း ႀကိဳက္တယ္: အား…. ေစာင့္လိုက္ရတာ ေနာက္ဆုံးေတာ့ ေတြ႕ရၿပီ]
[ ပီတိၿပဳံးနဲ႕ တုန္ခါသံကို နားဆင္ေနသူ: ေလးရာသီ ပြဲေတာ္ ဟုတ္လား။ နားေထာင္ရတာ အဆင့္အတန္းျမင့္မဲ့ပုံပဲ]
[ကုထ်န္းထဲ့: အေပၚက တစ္ေယာက္နဲ႕ အေတြးတူတယ္။ အဓိပၸါယ္ကို ငါ မသိေပမဲ့ နားေထာင္လို႔ေတာ့ ေကာင္းသားပဲ]
[ ဆယ္ရက္ကို သုံးသက္: ဟီးဟီးဟီး ငါက ေ၇ွးေဟာင္း ေျမကမာၻေခတ္က သမိုင္းကို ေလ့လာေနတဲ့သူဆိုေတာ့ ရွင္းျပပါရေစ၊စား..ပြဲဆိုတာ မိသားစုအတူ ဝိုင္းထိုင္ၿပီး ဟင္းပြဲအမ်ိဳးမ်ိဳးကို ျ ပင္ဆင္ စားေသာက္ၾကတာမ်ိဳးကို ေျပာတာ။ ဒါေပမဲ့ ငါ ဒါကို အတန္းထဲမွာပဲ ၾကားခဲ့ဖူးတာ၊ တကယ္ျမင္ဖူးရမယ္လို႔ မထင္ထားဘူး]
[ခရမ္း: ငါလည္း ေရွးေဟာင္း ေျမကမာၻ သမိုင္းကို ေလ့လာေနတာပဲ။ ဒါေပမဲ့ မန္ခ်ဴးဟန္ အင္ပါယာ စားေသာက္ပြဲ အေၾကာင္းပဲ ၾကားဖူးတယ္။ ေလးရာသီ..ဘာဆိုလားကို တစ္ခါမွ မၾကားဖူးပါလား]
သာမန္ ႏႈတ္ဆက္႐ုံမွ်ျဖင့္ ပြက္ေလာရိုက္သြားသည္။ သို႔ေသာ္ ယခုအခ်ိန္ကား ပုံမွန္ တိုက္ရိုက္ထုတ္လႊင့္မႈႏွင့္ မတူေပ။ ယြမ့္ထန္းက တိုက္ရိုက္ထုတ္လႊင့္ျခင္းမ ်က္ကပ္မွန္ကို တပ္ထားေသာ္လည္း ၾကည့္ရႈသူမ်ားက သူ႕ေနရာမွ သ ူ လုပ္သမွ်ကို ရွင္းလင္းစြာ ျမင္နိုင္႐ုံအတြက္သာ ရည္၇ြယ္ၿပီး သူက ကြန္းမန့္မ်ားကို ျမင္ရမည္ မဟုတ္ေပ။ ထို႔ေၾကာင့္ မေကာင္းသည့္ မွတ္ခ်က္မ်ားပါလွ်င္ပင္ သူ၏ လုပ္ေဆာင္မႈမ်ားကို သက္ေရာက္မႈရွိလိမ့္မည္ မဟုတ္ေပ။
ထို႔ေၾကာင့္ ထိုမွတ္ခ်က္မ်ားအေၾကာင္းကို ယြမ့္ထန္း မသိေတာ့ဘဲ ခပ္ေအးေအးသာ စခ်က္ရန္ ျပင္ဆင္ေနလိုက္၏။
သူက ပထမဦးစြာ အေအးစာႏွစ္ခု ျပင္သည္။ သခြားသီးေအးညပ္ ေပါင္မုန့္ႏွင့္ အာလူးညပ္ ေပါင္မုန့္ျဖစ္သည္။ ဒါေတြက လုပ္ရလြယ္ၿပီး အဆင့္တစ္ခုလည္း ရွိသည္။
သခြားသီးညပ္ ေပါင္မုန့္က မခက္ေပ။ သခြားသီးကို ႏုတ္ႏုတ္စင္းၿပီး သၾကား၊ ရွာလကာရည္ႏွင့္ ဂ်င္းစိမ္းတို႔ျဖင့္ နယ္ရန္ လိုအပ္သည္။ အစပ္မစားနိုင္သူတို႔အတြက္ ေတြးကာ င႐ုတ္ပြ အနည္းငယ္သာ ထည့္သည္။ အနည္းငယ္စပ္နိုင္ေသာ္လည္း လက္မခံနိုင္သည္အထိ မဟုတ္ေပ။ လွေစရန္အတြက္ ေသသပ္စြာ လွီးထားေသာ မုန္လာဥနီကို ထည့္သည္။ လတ္ဆတ္မည့္ပုံ၇ေသာ အစိမ္းေရာင္မ်ားက အနီေရာင္မ်ားအၾကား ကြက္ၾကားရွိေနျခင္းက စီးခ်က္က်ၿပီး လွပသည္။
ယြမ့္ထန္းက သခြားသီးညပ္ ေပါင္မုန့္ကို ႏွစ္ပိုင္းပိုင္းၿပီး တစ္ပိုင္းကို ျပင္ဆင္ေပးထားသည့္ ဗီ၇ိုထဲ ထည့္ကာ အဆုံးမွ ဟင္းပြဲတိုင္းႏွင့္ ေပါင္းကာ စစ္ေဆး၇န္ ဖယ္ထားသည္။ အျခားတစ္ပိုင္းကိုမူ အျပင္ဘက္မွ ဒိုင္မ်ားႏွင့္ ၾကည့္ရႈသူတို႔အတြက္ပို႔လိုက္သည္။
အနီးကပ္ ၾကည့္ေနၾကသူတို႔က တူကို မေျမာက္နိုင္ခင္မွာ ယြမ့္ထန္းက တစ္ပိုင္းကို ထည့္သိမ္းလိုက္ေၾကာင္း ျမင္လိုက္ၾကသည္။ ဥာဏ္ရည္ျမင့္ စက္႐ုပ္က က်န္သည့္ တစ္ပိုင္းအား ဥကၠဌကုႏွင့္ အျခားသူမ်ားထံသို႔ ပို႔ေပးသည္။ ၾကည့္ရႈသူတိုင္းက သူတို႔ၾကည့္သည့္ အေနအထားကို ေျပာင္းကာ ေပါင္မုန့္ေနာက္ လိုက္သြားၾကသည္။
[ အဆင့္နိမ့္ ဘုန္းႀကီး: ဒါက အရမ္း ၿပီးစလြယ္ မနိုင္ဘူးလား။ ဟိုဟာ ဒီဟာ ထည့္လိုက္႐ုံနဲ႕ တစ္ပြဲ ၿပီးသြားေရာလား။ ဘာလို႔ သခြားသီး အလုံးလိုက္ေပးၿပီး ငါတို႔ကို မစားခိုင္းတာလဲ]
[ လမင္းနဲ႕ ေႏြဦးဝါ: ၾကည့္လို႔ေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ သခြားသီးပဲ ပါတယ္ဆိုတဲ့ အခ်က္က မေျပာင္းသြားဘူးေလ]
[ၾကည္လင္ ေအးျမ: အေပၚက ႏွစ္ေယာက္၊ ဘာလို႔ အရင္ျမည္းၾကည့္ၿပီးမွ စာမေရးတာလဲ။ ရိုးရွင္းေနတာနဲ႕ပဲ စားမေကာင္း၇ေတာ့ဘူးလား။ ဟင္းတိုင္းကို နာ၇ီ၀က္ ၾကာေအာင္ လုပ္ျပမွ ေကာင္းတယ္ ထင္တာလား]
[ က်စ္ေကြ႕:ဟုတ္ပကြာ။ အရသာေတာင္ ျမည္းမၾကည့္ဘဲ ေသာက္က်ိဳးနည္း ေပါက္ကရေတြ ေျပာေနတယ္။ ရွလြတ္ ေကာင္းလိုက္တာ]
အႀကီးအကဲမ်ားလည္း တုန့္ဆိုင္းသြားၾကသည္။ ပထမဦးစြာ ဇြန္းကိုင္သည္မွာ ဥကၠဌကုျဖစ္ကာ ဇြန္းအျပည့္ ခပ္လိုက္သည္။ ဒုတိယေျမာက္ကား ေကာေလာင္ျဖစ္ၿပီး သူကလည္း ဇြန္းအျပည္ခပ္ယူကာ သူ႕ေရွ႕ရွိ ပန္းကန္ထဲသို႔ ထည့္သည္။ ထိုႏွစ္ေယာက္၏ လႊမ္းမိုးမႈေၾကာင့္ အျခားသူေတြလည္း တုန့္ဆိုင္းစြာျဖင့္ ခပ္လိုက္ၾကသည္။ သို႔ေသာ္ ပမဏ အနည္းငယ္သာ ယူသည္။
သို႔ရာတြင္ တစ္ခ်က္ ျမည္းၾကည့္႐ုံျဖင့္ မ်က္လုံး ျပဴးသြားၾကသည္။ သခြားသီးက လက္ဆတ္ကာ ႂကြပ္၇ြၿပီး အရသာရွိသည္။ အခ်ဥ္ႏွင့္ တို႔စားလိုက္သည့္အခါ အစပ္အနည္းငယ္ကဲၿပီး ခ်ိဳခ်ဥ္အရသာက အလြန္ေကာင္းမြန္သည့္ အရသာကို ထြက္လာေစသည္။ ကိုက္ဝါးလိုက္တိုင္း တႂကြပ္ႂကြပ္ အသံမ်ား ထြက္ေနရာ လူတိုင္းကို သားရည္က်ေစသည္။
အျခားသူမ်ားလည္း က်န္သမွ်ကို ခပ္စားလိုက္ၾကရာ သိပ္မၾကာခင္မွာပင္ ပန္းကန္က ေျပာင္သြားသည္။
[ ရိခဲ့ယြဲ႕: ဘာလို႔ ဒီေလာက္ အျမန္စားေနၾကတာလဲ။ ငါတို႔ စားလို႔ မဝေသးဘူးေလ]
[ ေအးခဲ လမင္း: မုန္းဖို႔ ေကာင္းလိုက္တာ။ ငါ့ရဲ႕ သခြားသီးေလးေတြ]
ၾကည့္ရႈသူမ်ား၏ မေက်မနပ္ ညည္းၫူသံမ်ား ျပည့္လာသည္။ သူတို႔က ေဒတာကိုသာ ျမည္းနိုင္သည့္တိုင္ တဖက္မွ စားစရာ မရွိေတာ့လွ်င္ ေဒတာကိုလည္း မျမည္းနိုင္ၾကေတာ့ေပ။ သူတို႔ အရသာခံလိုေသးလွ်င္ ေနာက္ဆုံးပြဲၿပီးသည္အထိ ေစာင့္၇မည္ျဖစ္ကာ ထိုအခါမွ အကုန္ေပါင္းကာ စားနိုင္မည္ျဖစ္သည္။
ဥကၠဌကုက ပါးစပ္သုပ္ၿပီး ေျပာသည္။
[ရွားလစ္: (╯‵ □ ‘) ╯ (┻━┻ ငါတို႔ဘာသာ ျမည္းတတ္တယ္။ နင္ ေျပာဖို႔ မလိုဘူး။]
ထိုအခ်ိန္တြင္ အာလူးအစာသြပ္က ၿပီးေနေလၿပီ။
ထိုအစာသြပ္ကို ယြမ့္ထန္း ကိုယ္ပိုင္ စိတ္ကူးျဖင့္ လုပ္ထားျခင္းျဖစ္သည္။ ၾကက္ဥအႏွစ္၊ ဟင္းခ်က္ဆီ၊ ရွာလကာျဖဴႏွင့္ သၾကားျဖဴတို႔က အဓိက ပါ၀င္ပစၥည္းမ်ားျဖစ္သည္။ ထိုဟင္းပြဲ လုပ္ရန္ အကယ္ဒမီသို႔ပင္ ဆက္သြယ္ကာ ဥကၠဌေဟာ္အား ၾကက္ဥေမႊစက္ လုပ္ေပး၇န္ ေတာင္းဆိုခဲ့ရသည္။
အကယ္ဒမီသိပၸ'ံ၏ လုပ္ေဆာင္နိုင္စြမ္းက ျမင့္မားသည္။ အနာဂတ္မွ လူေတြ၏ လုပ္နိုင္စြမ္းကို ယြမ့္ထန္းပင္ လန့္မိသည္။ သူက ၾကက္ဥေမႊစက္ကို အၾကမ္းဖ်ဥ္းပုံေဖာ္ျပၿပီးေနာက္ မိနစ္ႏွစ္ဆယ္အတြင္း သူ႕ထံ ပို႔ေပးလာခဲ့၏။
ယြမ့္ထန္းကလည္း အကူအညီ အျပည့္အ၀ ယူၿပီး လိုအပ္သည့္ ပစၥည္းတိုင္း ေတာင္းဆိုခဲ့ရာ ဥကၠဌကုက မိနစ္ပိုင္းအတြင္း အရ လုပ္ေပးခဲ့သည္။
ထိုပစၥည္းတိုင္း ၇နာရီအမီ ရရန္အတြက္ ေဟာ္ယြင္၇ီက သူ၏ ကားပ်ံျဖင့္ ကိုယ္တိုင္ လာပို႔ေပးခဲ့၏။
အားလုံးၿပီးသြားလွ်င္ အရသာရွိေသာ စားစရာမ်ားကို မာရွယ္ေဟာ္ႏွင့္ ဥကၠဌေဟာ္တို႔ထံ ပို႔ေပး၇န္ မွတ္ထားသည္။
သခြားသီးေအးႏွင့္ ယွဥ္လွ်ငင္ အာလူး အစာသြပ္က ပိုၾကည့္ေကာင္းသည္။ ေျပာင္းဖူးေရာထားသည့္ အဝါေဖ်ာ့ေရာင္ အာလူးမ်ားက ၾကည့္ေကာင္းလွသည္။ ထို႔အျပင္ မုန္လာဥနီႏွင့္ ပဲေစ့မ်ားကိုလည္း ထည့္ထားသည္။ နို႔ႏွစ္ျဖဴေရာင္ အႏွစ္ႏွင့္ ေပါင္းလိုက္သည့္အခါ အလြန္ လက္ဆတ္ၿပီး စားေကာင္းသည့္ပုံေပၚသြားသည္။
[ ယန္ထင္: ေကာင္းလိုက္တာ]
[ လက္ဖက္ရည္ေစ့ေလး: အရသာရွိလိုက္တာဟယ္ ဒါ ေႏြဦးေပါ့]
သူတို႔ မစားခင္ ကုန္သြားနိုင္သည့္ အေျခအေနေၾကာင့္ ၾကည့္ရႈသူမ်ားက ယြမ့္ထန္း ပန္းကန္ထဲ ထည့္သည္ႏွင့္ ျမည္းလိုက္ၾကသည္။
ယြမ့္ထန္းက အာလူးႏူးေစရန္ ျပဳတ္အိုးကို သုံးသည္။ ထို႔အျပင္ ခ်ိဳခ်ဥ္အရသာ ေပါင္းထည့္လိုက္ခ်ိန္တြင္ အလြန္ စားေကာင္းသြားသည္။
စစ္ေဆးသူ ဒိုင္မ်ားကလည္း ယြမ့္ထန္း၏ လုပ္နိုင္စြမ္းကို ယုံၾကည္သြားရာ ပန္းကန္ လာခ်သည္ႏွင့္ ခ်က္ခ်င္း အေျပာင္၇ွင္းလိုက္ၾကသျဖင့္ ၾကည့္ရႈသူမ်ားထံမွ အထြန့္တက္မႈမ်ားစြာကို လက္ခံရရွိခဲ့သည္။
ယြမ့္ထန္း၏ တတိယေျမာက္ ဟင္းပြဲကား ၾကက္သြန္ၿမိတ္ ၾကက္ေၾကာ္ျဖစ္သည္။ ၾကက္သားကို သန့္ရွင္းၿပီးေနာက္ ပဲငံျပာရည္ၾကည္ျဖင့္ ႏွပ္ကာ ဂ်င္းဓားျပားရိုက္ႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို ထည့္သည္။ ထို႔ေနာက္ အိုးထဲသို႔ ၾကက္တစ္ေကာင္လုံးထည့္ကာ အဖုံးအုပ္ၿပီးမိနစ္ သုံးဆယ္ ခ်က္သည္။ ၾကက္ႏွပ္ထားခ်ိန္တြင္ ဆီသတ္ကာ ၾကက္သြန္ၿမိတ္မ်ား လွီးၿပီး ထည့္ကာ အပူေပးထားသည္။ထို႔ေနာက္ ပဲငံျပာရည္ အနည္းငယ္ ထည့္၏။ဒါကို ေနာက္တြင္ အခ်ဥ္အျဖစ္ သုံးမည္ျဖစ္သည္။
သူက ဂ႐ုတစိုက္ျဖင့္ အရသာနယ္လိုက္သည္။ အေအးခံၿပီးေနာက္ ဓားကို ယူကာ ထက္ျခမ္း ျခမ္းသည္။ထို႔ေနာက္ တစ္ျခမ္းစီတိုင္းအား လက္မတစ္ခုစာ အတုံးေလးေတြတုံးၿပီး ပန္းကန္ ႏွစ္ခ်ပ္ ခြဲထည့္သည္။ၾကက္ေၾကာ္၏ အေပၚတြင္ ၾကက္သြန္ၿမိတ္ ၊ ဂ်င္းႏွင့္ င႐ုတ္ပြတို႔ ထည့္သည္။ထို႔ေနာက္ ပြက္ပြက္ဆူလာသည့္ ဟင္းအႏွစ္ရည္တို႔ ေလာင္းခ်လိဳက္ရာ ေမႊးရနံ႕က ပ်ံ့လြင့္လာေတာ့သည္။
[ ယြီခ်န္း : ဘုရားေရ… ဒီအရသာပဲ ဒီအရသာပဲ]
[ ေၾကာင္၀တုတ္ အေမႀကီး: အရသာရွိလိုက္တာ.. ငါ ငိုေနၿပီ]
ေမႊးပ်ံ့သည့္ ရနံ႕မ်ားက သူတို႔ကို သားရည္ယိုေစသည္။ အသားက ႏူးညံ့သည္။ အေရခြံကပင္ ပါးကာ အရိုးက ႂကြပ္ေန၏။ဆီက ပန္းကန္တ၀က္ခန့္ ရွိေနသည့္တိုင္ မအီေပ။ အရသာ အားလုံးေပါင္းလိုက္ေသာ္ အလြန္ အရသာရွိသည့္ ဟင္းတစ္ခြက္ျဖစ္သြားသည္။
ဒိုင္ေတြမွာ ထိုၾကက္ေၾကာင့္ စလ်င္စလို လႈပ္၇ွားလိုက္ၾကသည္။ သူတို႔က ၾကက္ေၾကာ္ပန္းကန္ လာခ်သည္ႏွင့္ ဒိုင္တာ၀န္ကိုပင္ ေမ့သြားကာ စားရန္သာ အာ၇ုံရွိေတာ့၏။
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: ငါ ဒီဒိုင္ေတြကို မနာလိုျဖစ္လာၿပီ]
[ေပ်ာ္ေနေသာ ယြီလင္း: ငါလည္း ဒိုင္ျဖစ္ခ်င္တယ္ အား……………………….]
ထိုအခ်ိန္တြင္ ယြမ့္ထန္းက ေလးပြဲေျမာက္ကို ျပင္ေနေလၿပီ။ သူက ဘယ္ေတာ့မွ အခ်ိန္မျဖဳန္းတတ္ေပ။ သူက ပုစြန္ စကိုင္ေန၏။