HYUNG? NOT.... || JINKOOK ✔︎

By Rionakookie

243K 19.6K 9K

" ဘယ်သူက ခင်ဗျား ညီလဲ?? ကျွန်​ေတာ် ခင်ဗျားကို အစ်ကို မတော်ချင်ဘူး" " ဘယ္သူက ခင္ဗ်ား ညီလဲ?? ကြၽန္ေတာ္ ခင္ဗ... More

~1~
~ 2 ~
~ 3 ~
~ 4 ~
~ 5 ~
~ 6 ~
~ 7 ~
~ 8 ~
~ 9 ~
~ 10 ~
~ 11 ~
~ 13 ~
~ 14 ~
~ 15 ~
~ 16 ~
~ 17 ~
~ 18 ~
~ 19 ~
~ 20 ~
~ 21 ~
~ Ending ~
Hello
Extra - 1
Extra - 2
Announcement❗
📣📣
📘

~ 12 ~

9.1K 773 224
By Rionakookie

Unicode
_________

"သားရေ...ညီလေးကို အိပ်ရာသွားနှိုးလိုက်ဦး။ အခုထိမထသေးဘူး"

အိမ်ရှေ့က ပန်းအိုးလေးတွေကို ရေလောင်းနေတုန်း မေမေ့ဆီက စကားသံကြောင့် ကျွန်တော်ရေပိုက်ကို ခလုတ်ပိတ်ခဲ့ကာ အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ ဧည့်ခန်းထဲက နာရီကို ကြည့်လိုက်သောအခါ နံနက်၈ နာရီတိတိတောင်ရှိပြီ။ လူတစ်ယောက် အိပ်ချိန်က ဒီလောက်ဆို တော်ရောပေါ့။ ဒီရက်ပိုင်း ဂျွန်ဂျောင်ကု တစ်ယောက် မေမေတို့ရှေ့လည်း မရှောင် လစ်ရင်လစ်သလို လက်ကိုင်လိုက် ၊ တို့လိုက်ဆိတ်လိုက် လုပ်နေသောကြောင့် မနည်းဟန့်ထားရသည်။ ပြောသာပြောရတာပါ။ကျွန်တော့်ကိုလည်း သူ မကြောက်ပါဘူး။

သူ့အခန်းတံခါးကို စဖွင့်လိုက်ကတည်းက lavender ပန်းနံ့ခပ်သင်းသင်းက နှာခေါင်းထဲ တိုးဝင်လာသည်။ တစ်ခန်းလုံးကို အပြာနုရောင်ဆေးသုတ်ထားပြီး ပြတင်းပေါက် လိုက်ကာတွေကအစ အပြာရောင်ဖြစ်သည်။ တစ်ခန်းလုံး သပ်ရပ်သန့်ရှင်းပြီး ကြမ်းပြင်တွေကအစ လက်လက်ထနေသည်။

ဂျွန်ဂျောင်ကု၏ ကောင်းသောအချက်ထဲတွင် ထိုအချက်ကို ကျွန်တော်သဘောအကျဆုံးဖြစ်သည်။ ငယ်ငယ်ကတည်းက သူ့စည်းနဲ့သူ သပ်သပ်ရပ်ရပ် နေတတ်ပြီး အသုံးအဆောင် ပစ္စည်းတွေကအစ နောက်ကလိုက်သိမ်းပေးနေစရာမလို။ သူ့နေရာနဲ့သူ စနစ်တကျထားတတ် သိုတတ်သည်။ ပိုက်ဆံကိုလည်း  တစ်ခါမှ ဟော့ဟော့ရမ်းရမ်း သုံးဖြူန်းတာ မတွေ့ဖူးသေး။ ကောင်လေးက အောက်သက်ကြေသည် ဟုပြောရမည်။

ကုတင်ဘေးက နံရံမှာလည်း စာအုပ်စင်တစ်ခုရှိသည်။ သူ့ရဲ့ကျောင်းစာအုပ်တွေရော တခြားပြင်ပစာအုပ်တွေကိုပါ အမျိုးအစားအလိုက် သပ်သပ်စီခွဲထားသည်။ အလယ်တန်းကျောင်းသား ဘဝကတည်းက အထက်တန်းရောက်သည်အထိ တစ်ခါမှ စာလေ့လာဖို့ကို သတိမပေးရ။ သူ့ကိစ္စကို သူသိသည်။ အချိန်တိုင်းလည်း စာအုပ်ထဲခေါင်းစိုက်မနေသလို အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့အပျော်အပါးကိုလည်း မမက်မော။ အချိန်တန်လျှင် စာမေးပွဲမှာ အမှတ်အများဆုံးက သူပဲဖြစ်သည်။

တစ်ကျောင်းလုံးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသလို ကျောင်းသတင်းဌာနမှာလည်း Announcer အဖြစ်ပါဝင်ခဲ့ဖူးသည်။ မိန်းကလေးတွေ ကြွေလောက်တဲ့ရုပ်ရည်ကိုပါပိုင်ဆိုင်ထားသူမို့ ဂျွန်ဂျောင်ကုသည် ကျောင်း၏ ကြယ်တစ်ပွင့်ဖြစ်ခဲ့သည်။

"ဂျောင်ကု...၈နာရီခွဲတော့မယ်။ ထတော့"

ခပ်လှမ်းလှမ်းကပင် ကျွန်တော် အသံပေးလိုက်သည်။
အပေါ်ပိုင်း ဗလာဖြင့် အိပ်ပျော်နေသော သူ့ အနားကိုတော့ ရဲရဲမကပ်ပါ။သူက ညဘက်အိပ်လျှင် အပေယ်အကျီကို ချွတ်အိပ်တတ်သည်။ ပူရင် အကြောင်းမဟုတ်ပေမယ့် ရာသီဥတု အေးနေတဲ့အခါမျိုးမှာဆို သူတစ်ခုခုဖြစ်သွားမှာ ကျွန်တော်စိုးရိမ်သည်။

"ဂျောင်ကု...."

သူ့ဆီက အနည်းငယ်တောင် လှုပ်ရှားမှု မရှိတာမို့ သည်တစ်ခါတော့ ကျွန်တော်ရှေ့ကို တိုးပြီးခေါ်လိုက်သည်။ သူ့မျက်နှာက ပကတိအတိုင်း တည်ငြိမ်နေပြီး မျက်ခံွပေါ်က သွေးကြောစိမ်းတွေကအစ မြင်နေရသည်။အရင်လို ဖောင်းဖောင်းကားကား ပါးလေးတွေအစား ထင်းလာသော မေးရိုး၊ကြံ့ခိုင်လာသော လည်တိုင်တို့က ယောက်ျားပျိုတစ်ဦး၏ အသွင်အပြင်ကို ရုပ်လုံးပေါ်အောင် ဖော်ကြူးနေ၏။

"ဂျောင်ကု...ထတော့"

ကျွန်တော် အသံကို မြှင့်ပြီး နှိုးလိုက်သည်။ ခဏကြာသည်အထိ သူ့ဘက်က တုံ့ပြန်မှုမရှိ။ အိပ်မောကျနေသည့်သူလို အသက်ရှုသံပြင်းပြင်းလည်း မကြားရ။ ကျွန်တော့်ရင်ထဲ ထိတ်ကနဲ တုန်သွားသည်။ မဟုတ်မှလွဲရော...သူ။

"ဂျောင်ကု...ဂျောင်ကု...."

ကျွန်တော် ဘာကိုမှမစဥ်းစားနိုင်တော့ဘဲ သူ့လက်မောင်းတစ်ဖက်ကို လှုပ်ရင်း ဆွဲလှည့်လိုက်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အတောင့်လိုက်ကြီးပါလာသည်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုတွေက တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာကာ သူ့ကိုယ်ပေါ်က စောင်ကိုခွာချလိုက်သည်။ အဆီပိုမရှိ ကျစ်လစ်နေသော သူဝမ်းဗိုက်သည် ပကတိအတိုင်း တည်ငြိမ်နေသည်။

ဘုရားရေ...သူ..သူအသက်မရှုတော့ဘူး။

"ဂျောင်ကုရေ....ေဂျာင်ကု...ထ...ပါဦး..အဲ့လိုမထားခဲ့ရဘူး"

"ဂျောင်ကု...ထဦး။ မထရင် ငါ..တကယ်..စိတ်ဆိုးမှာ"

သူ့ရင်ဘတ်ကို တဗုန်းဗုန်းထုပြီး နှိုးလိုက်တော့မှ ကျွန်တော် သတိထားမိသွားသည်။ သူ့အသားတွေက အေးစက်တောင့်ခဲနေသည်။ တစ်ညလုံး အကျီချွတ်ကြီးနဲ့ အအေးမိသွားပုံရသည်။ ကျွန်တော့် မျက်လုံးတွေ စပ်ဖျင်းဖျင်းဖြစ်လာပြီး နှာခေါင်းထဲမှာပါ မွှန်တက်လာသည်။ ဘယ်သူထင်မလဲ။ မနေ့တစ်နေ့ကအထိ အကောင်းအတိုင်း ရှိနေသေးတဲ့သူက ဒီလိုငယ်ငယ်ရွယ်ရွယ်လေးမှာ အဖြစ်ဆိုးနဲ့ ကြုံရမယ်လို့။

"ဂေ​ျာင်ကု...ထပါတော့....."

သည်တစ်ခါတော့ ကျွန်တော် ဘယ်လိုမှမထိန်းနိုင်တော့။ သူ့ရင်ဘတ်ပေါ် မျက်နှာအပ်ထားရင်းမျက်ရည်တွေက စီးကျလာသည်။

"အခုမှ ချစ်သူဖြစ်ကာစလေး ရှိသေးတာကို..အီး..."

ကျွန်တော့်စကားအဆုံးမှာ သူ့ရင်ဘတ်တစ်နေရာက တုန်ကနဲဖြစ်သွားသည်။ ပြီးတော့ ကျွန်တော့်ဆံပင်တွေပေါ်ကို တစ်ခုခုပြေးလွှားနေသလိုမျိုး ခံစားရသည်။ ဘာကြီးလဲ။ မသက်ာမှုပေါင်း မြောက်များစွာဖြင့် သူ့မျက်နှာကို ကျွန်တော် မော့ကြည့်လိုက်သည်။

"အချစ်တွေ ပြတ်လပ်ပြီး ကိုယ် သေသွားပြီ..ဘယ်လိုလုပ်မလဲ"

သူ့နှုတ်ခမ်းပါးတွေက ကွေးညွှတ်ကာ ပြုံးရိပ်သန်းနေသည်။ မျက်လုံးအစုံကပါ ရီဝေဝေ​ဖြင့် ညှို့ဓာတ်သန်းနေကာ ကျွန်တော့်ဆံပင်တွေကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။ ရုတ်တရက်မို့ ကျွန်တော် သူ့ကိုဘာစကားမှ ပြန်မပြောနိုင်သေး။ သူက မျက်ခုံးတွေကို ပင့်ပြပြီး နှုတ်ခမ်းတွေကို စုချွန်ပြီး kissလှမ်းပေးတော့မှ ကျွန်တော် သတိပြန်ဝင်လာသည်။

"အင့်..."

ကျွန်တော် ထိန်းပါသေးသည်။ ဘာသံမှမထွက်ဘဲ သူ့ကိုဘာမှမတုံ့ပြန်ဘဲ သူ့ရှေ့က ထွက်လာဖို့။တကယ်တမ်းကျတော့ ကျွန်တော့်ခြေထောက်နှစ်ချောင်းလုံး ကျဥ်တက်လာပြီး ဝမ်းနည်းမှုက ရင်ထဲဆို့တက်လာသည်။ ထိန်းနေသည့်ကြားက 'အင့်' ကနဲ အသံခပ်တိုးတိုး​ ထွက်သွားသည်။ မျက်လုံးထဲ ပြည့်အိုင်လာသော အရည်ကြည်များကြောင့် မျက်နှာကိုလက်ဖဝါးနှစ်အုပ်ဖြင့် အုပ်လိုက်ပြီး သူ့ကုတင်ဘေးမှာ ငုတ်တုတ်ထိုင်ချမိလိုက်သည်။

"ဟာကွာ...ကိုယ်က စ,တာပါ.."

ထိုအခါမှ သူက ကုတင်ပေါ်က ထလာပြီး ကျွန်တော့်ဘေးမှာ သူပါထိုင်ချသည်။ပြီးတော့ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းဖို့ လုပ်နေလျှင် ကျွန်တော် တွန်းထုတ်ပစ်လိုက်သည်။

္"တကယ်ဝမ်းနည်းသွားတာပဲ။ တောင်းပန်ပါတယ်။ ကိုယ် မရည်ရွယ်ပါဘူး"

သူ့အသံက တိုးသွားပြီး ကျောကို သပ်ကာ ချော့မော့သလိုပြောသည်။ လူဆိုတဲ့ အမျိုးကလည်း ချော့မယ့်သူရှိရင် ပိုပြီးဝမ်းနည်းတတ်တာ မဟုတ်လား။ ဒီတစ်ခါတော့ ကျွန်တော် သူ့ကို တကယ်စိတ်ဆိုးသည်။

"လာ မထိနဲ့"

"ကျွတ်! ကိုယ် ဘယ်လိုချော့ရမလဲ"

"ဘယ်လိုမှ ချော့စရာမလိုဘူး။ လူကို လာမထိနဲ့"

ကျွန်တော့်ကို ထိတော့မလို,ကိုင်တော့မလို ဟန်တပြင်ပြင် လုပ်နေတဲ့ သူ့ခန္ဓာကိုယ်ကြီးကို တွန်းထုတ်လိုက်ပြီး စိတ်လိုက်မာန်ပါ ထ,ရပ်လိုက်သည်။

"တော်ပြီ..မင်း အိပ်ရာထဲ နောက်ဘယ်တော့မှ မလာတော့ဘူး။ မေမေ နှိုးခိုင်းလို့ လာနှိုးတာ"

ကျွန်တော် သူ့ကို တစ်ချက်မှ မကြည့်ဘဲ အခန်းထဲက ထွက်ဖို့ပြင်တော့ သူက လက်ကောက်ဝတ်ကို အတင်း ဆွဲထားသည်။ ရုတ်တရက် ကျွန်တော့်ကျောပြင်ကို နံရံမှာ တွန်းကပ်လိုက်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကိုလည်း ချုပ်ထားတာမို့ ရုန်းမရ။ သူက အမြဲချောင်ပိတ်ပြီး ချုပ်တတ်သည်။

"သေချာလား..."

"ဘာကိုလဲ"

ကျွန်တော့် အမေးကို မဖြေသေးဘဲ သူက မထိတရိပြုံးကာ နားရွက်နားကို ကပ်လာသည်။သူ့ အသက်ရှုလေက ကျွန်တော့်နားတစ်ဝိုက်တွင် မထိတထိ ပွတ်သပ်နေတာမို့ ရင်ခုန်သံတွေ ကသောင်းမောင်းနင်း ဖြစ်ကုန်သည်။

"ကိုယ့်အိပ်ရာပေါ်ကို ရအောင်ခေါ်မယ်ဆိုရင်ရော"

"မင်း...."

ဒီကောင် ပြောလိုက်ရင် အမြဲတမ်း ရင်တုန်အောင်လို့။ အတူအိပ်တော့ရော ဘာဖြစ်မှာမို့လဲ။ သူနဲ့ကျွန်တော်ငယ်ငယ်ကလည်း မေမေတို့ ဘူဆန်ကိုခရီးသွားတုန်း အတူအိပ်ခဲ့ဖူးသေးတာပဲ။ ဒါများ အဆန်းလုပ်လို့။

ကျွန်တော် သူ့ရင်ဘတ်ကို အတင်း တွန်းရင်း ရုန်းထွက်လိုက်တော့မှ သူကလွှတ်ပေးသည်။

"ဘာဖြစ်လဲ..အတူအိပ်တာပဲဟာကို။ မင်းတောင် ရအောင်ခေါ်စရာမလိုဘူး။ ငါ့ဘာသာ လာအိပ်လည်းဖြစ်တာပဲ"

ကျွန်တော့် စကားကြောင့် သူကခဏတော့ အံ့သြသွားသည်။ ပြီးမှ တစ်စုံတစ်ရာကို သဘောပေါက်သွားဟန်ဖြင့် သဘောတကျ ရယ်သည်။

"အင်းပါ...ဟုတ်ပါပြီ"

ွသူက ပြုံးပြီးကြည့်နေလျှင် ကျွန်တော် မနေတတ်တော့ဘဲ တံခါးကိုဆောင့်ပိတ်ပြီး ထွက်လာခဲ့သည်။ကျွန်တော် အခန်းပြင်ရောက်တဲ့အထိ သူ့ရယ်သံကို ကြားနေရဆဲမို့ ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်သွားရသည်။

မဟုတ်သေးပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာ ဘာများ ရယ်စရာပါနေလို့လဲ။ အတူတူအိပ်တာပဲ ဘာဖြစ်တာမှတ်လို့။

~~~~~~~~~~ // ~~~~~~~~~~~

မနက်က သူ့ကို စိတ်ဆိုးပြီး စကားမပြောကတည်းက တစ်နေ့လုံးမတွေ့ရတော့။ ဘယ်အချိန် အိမ်ကထွက်သွားတယ်တော့မသိ။ မေမေ့ကိုလည်း မမေးချင်တာမို့ အခြေအနေကို ကိုယ့်ဘာသာပဲ အကဲခတ်နေမိသည်။ အိမ်မှာ ကားက သုံးစီးရှိသည်။ ဖေဖေကုမ္ပဏီကို သွားတဲ့ကားရယ်၊ မေမေစီးတဲ့ကားရယ်၊ ကျွန်တော်တက္ကသိုလ်တက်တုန်းက ဝယ်ပေးထားတဲ့ကားရယ်။

အခုတော့ မေမေစီးတဲ့ကားတစ်စီးပဲ တွေ့ရသည်။ ကားယူပြီး အပြင်ကို ထွက်သွားတာဖြစ်မည်။ တကယ်ဆို သူ့ကိုစိတ်ဆိုးနေမှန်းသိရက်နဲ့ စိတ်ဆိုးပြေအောင် လုပ်ရမှာမဟုတ်လား။အခုတော့ အသိတောင်မပေးဘဲ တစ်ယောက်တည်း ထွက်သွားတယ်။ ပြန်လာမှ တွေ့မယ်။ကျွန်တော့်ဒေါသကို ဂျွန်ဂျောင်ကုက အကဲစမ်းနေပုံရသည်။

နေ့လည် ၂နာရီထိုးတာတောင် သူပြန်မလာတော့ ကျွန်တော်မနေနိုင်တော့။ မေမေ့ကို နည်းနည်းလောက် စကားစမိသည်။

"မေမေ...ဟိုကောင်လေးရော"

အရင်လို 'ညီလေး' ဟု ပါးစပ်ကရဲရဲမထွက်ရဲတော့။ညီလေးဟုခေါ်တိုင်း မေမေတို့ကို အားနာသလို ကိုယ့်ကိုယ်ကိုလည်း လိပ်ပြာမလုံပြန်။ထို့ကြောင့် ဂျောင်ကုဟုပဲ ခေါ်ဖြစ်တော့သည်။ ယခုမူ ကျွန်တော်စိတ်မကြည်နေသောကြောင့် 'ဟိုကောင်လေး' ဟုပင် ဘောက်ဆတ်ဆတ် ခေါ်လိုက်သည်။

"ဘယ်ကောင်လေးလဲ သားရဲ့"

"ေမမေ့ သားငယ်.."

"မသိပါဘူး။ ငါ့သားကြီးက အငယ်လေးကို အဲ့ဒီလိုတစ်ခါမှမခေါ်ဖူးတော့ မေမေကကြောင်သွားတာပေါ့။ရန်ဖြစ်ထားတာလား"

ဘုရားရေ...အဲ့ဒီလောက်တောင် သိသာနေပြီလား။တကယ်ပဲ စိတ်ညစ်တယ်။ ကျွန်တော်လုပ်ပုံနဲ့တော့အကုန်လူမိတော့မှာပဲ။

"မ...မဖြစ်ပါဘူး မေမေ။ ဒီအတိုင်း မေးကြည့်တာပါ"

"ဘူဆန်ကို သွားတယ် သားရဲ့။ သူ့ဘွားဘွားက သူ့မြေးကိုသတိရလို့ဆိုလို့ လွှတ်လိုက်တာ။သားကြီးကိုလည်း တစ်ခါတည်းထည့်လိုက်ဖို့ကို အိမ်မှာကမေမေတစ်ယောက်တည်းမို့။ နောက်အပတ်လောက်ကျမှ တို့သားအမိနှစ်ယောက်က သပ်သပ်သွားကြမယ်လေ။ မင်းအဖေ အလုပ်အားတဲ့ရက်ကိုသာစောင့်နေ
ရရင် ဒီတစ်သက်ရောက်ဖြစ်မှာ မဟုတ်တော့ဘူး"

ဒါဆို သူ, ဘူဆန်အထိတောင် သွားတော့ပေါ့။ ဘွားဘွားဆီဆို အနည်းဆုံးတော့ သုံးရက်လောက်ကြာမည်ထင်သည်။ ဘွားဘွားက သူ့ကိုဆို'ကုကုလေး' ဆိုပြီး ပါးစပ်ကမချ။သူက အိမ်မှာသာ အကြောကြီးတာ။ အဘွားနဲ့ဆို တကယ့်ကိုချွဲစိန်။ ကျွန်တော်က သူ့လို ညာတာပါတေး မလုပ်တတ်တာမို့ ဘွားဘွားနဲ့ဆို စိမ်းသည်။

" ♫︎ ♫︎ ♫︎ ♫︎ ♫︎"

ထိုစဥ် ကျွန်တော့်ဖုန်းက အသံမြည်လာသည်။ မေမေက ကျွန်တော့်ထက်လျင်သည်။ contact nameကို လှမ်းကြည့်ပြီး အသံထွက်ဖတ်သည်။ကျွန်တော် လှမ်းအုပ်လိုက်ပေမယ့် မမှီတော့။

"ဂျွန်ဆော့ဂျင် ရဲ့  အသည်းအသက် "

လုပ်လိုက်ဟ။ ကျွန်တော်တော့ မြေလျှိုးမိုးပျံပြီးသာ ပျောက်ကွယ်သွားလိုက်ချင်တော့သည်။ ဘယ်အချိန် ကျွန်တော့်ဖုန်းကိုယူပြီး ကလိထားတယ်မသိ။ သူ့နာမည်ကို ကျွန်တော် တစ်ခါမှ ထိုသို့မမှတ်ဖူးပါ။ရှက်လို့ သေမှာပဲ။

"ဟဲ့...ဘယ်သူကြီးလဲ"

မေမေက မျက်လုံးတွေ ပြူးသွားပြီး အတင်းမေးသည်။ ကျွန်တော့်မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်နေမှာတော့ အသေအချာပင်။ အလိုလိုနေရင်းတောင် မျက်နှာက အငွေ့တွေထွက်လာသည်ဟု ထင်ရသည်။

"ေမ...မေ့...သား..ငယ်"

"ဟေ..."

မေမေက သံရှည်ဆွဲကာ အံ့သြတကြီးဆိုသည်။ ကျွန်တော် ဘာမှဆက်မပြောနိုင်တော့ဘဲ လက်တုန်တုန်ဖြင့်ပင် ဖုန်းကို ချလိုက်သည်။ ​မျက်နှာတစ်ခုလုံး ပေါက်ထွက်မတတ် ပူလောင်ပြီး တစ်ကိုယ်လုံး အငွေ့ပျံချင်သွားတော့သည်။

"အမယ်လေး...ငါ့သားနှစ်ယောက်က တည့်ပြီဆိုရင်လည်း လိုက်လို့ကိုမမှီတော့ဘူး။ကောင်းတယ်..ကောင်းတယ်။ မေမေတော့ သဘောကျတယ်။ အဲ့ဒီလိုချစ်ချစ်ခင်ခင်နေကြ။ ေမမ​ေပြောဖူးတယ်မဟုတ်လား။ သားညီလေးက အပြောအဆိုသာမာကြောတယ်။သားကို ချစ်ပါတယ်လို့။ ဖုန်းကိုင်လိုက်ဦးလေ..သား"

မေမေက သူ့စကားနဲ့သူတော့ ဟုတ်နေတာပဲ။ ဒါကလည်းကျွန်တော်တို့နှစ်ယောက်အပေါ် သူလုံးဝသံသယမရှိလို့သာ။စစ်စစ်ပေါက်ပေါက် ေမးတတ်တဲ့ သူမျိုးသာဆို ကျွန်တော်မလွယ်ပါ။

ဒါနဲ့ မေမေရှိနေတာကို မသိဘဲ သူပေါက်ကရပြောမှာလည်းစိုးရိမ်သည်။ မေမေက ဖုန်းမကိုင်မချင်းကြည့်နေတာမို့ ကျွန်တော် လက်တွေတုန်တာ ဖုန်းတောင်လွတ်ကျလုမတတ်ပင်။

"ဟယ်...ဟယ်လို..ဂျောင်ကု..."

"ဘာဖြစ်လို့လဲ..နေမကောင်းဘူးလား"

သူ့အသံက ပုံမှန်အတိုင်း  တည်ငြိမ်နေသည်။ ကျေးဇူးပြုပြီး သူ ပေါက်ကရမပြောပါစေနဲ့ ဘုရား။

"မေ..မေနဲ့ အတူထိုင် နေတယ်"

ထိုစကားကို ကျွန်တော် မနည်းအားယူပြီးပြောရသည်။

"အင်း...အင်း..ကိုယ်နားလည်ပြီ။မေမေ့ကို ဖုန်းခဏပေးလိုက်"

ဒီတော့မှ ရင်ထဲက အလုံးကြီးက ဘုတ်ကနဲပြုတ်ကျသွားတော့သည်။ ဒီအတိုင်းဆို ကြာရင် နှလုံးရောဂါ ရရင်ရ, မရရင်ရင်တုန်ပြီး သေမှာပဲ။တော်ပါသေးရဲ့။

"အေး..သားငယ်လေး..အဆင်ပြေလား"

မေမေက ဖုန်းကို ယူသွားပြီး မတ်တပ်ရပ်ကာ ပြုံးကာရယ်ကာဖြင့် ပြော​ေနသည်။ သားအမိနှစ်ယောက် ၃ မိနစ်လောက် အလွမ်းသယ်လို့အပြီးမှာ မေမေက ကျွန်တော့်လက်ထဲကို ဖုန်းလာပေးသည်။

"ကုကုနဲ့ ပြောလိုက်ဦး သားရေ။ သူ့အခန်းထဲက ဘာစာအုပ်ဆိုလဲ။ အဲ့တာကို သူ့သူငယ်ချင်းလာရင် ေပးလိုက်ပါတဲ့။ သားမှ သိမယ်တဲ့။မေမေလည်း သူ့စာအုပ်တွေမသိဘူး"

မေမေ့စကားကြောင့် ကျွန်တော်ဖုန်းကိုယူပြီး အိမ်အနောက်ဖက်က နှင်းဆီခင်းတွေရှိရာကို ထွက်လာခဲ့သည်။ ဒီမှာဆိုရင်တော့ ဘယ်သူမှမကြားလောက်ပါဘူး။

ဘေးဘီဝဲယာကို အကဲခတ်သလို တစ်ချက်ဝှေ့ကြည့်လိုက်ရင်း ဘယ်သူမှမရှိတာ သေချာပြီဆိုမှ ကျွန်တော်ဖုန်းကိုဖွင့်လိုက်သည်။

"ဟယ်လို..."

"လွမ်းနေတာ.."

သူ့အသံက မေမေနဲ့ပြောတုန်းကလို မဟုတ်။ တိုးဖျဖျနဲ့ တကယ်လွမ်းနေသည့်အသံဖြင့်။

"အပိုပြောမနေနဲ့..ခုနက ငါဘယ်လောက်လန့်သွားတယ်မှတ်လဲ"

"ကိုယ်သိတာပေါ့။ အဲ့ဒါကြောင့် မေမေနဲ့အရင်ပြောလိုက်တာ"

"မင်း သူငယ်ချင်းလာရင် ဘယ်စာအုပ်ပေးရမှာလဲ"

"ဟာဗျာ..ခင်ဗျားကလည်း တမင်သက်သက် မေမေ့ကို ပ,ထုတ်လိုက်တာလေ"

တွေ့လား။ ဒီကောင်က ပညာအမျိုးမျိုးတတ်တယ်။

စိတ်ထဲကနေသာ အပြစ်တင်လိုက်ပေမယ့် ကျွန်တော့်ရင်ထဲ ကြည်နူးသွားမိတာတော့ အမှန်ပင်။ သူက တကယ့်ကို လူလည်လေး။

"ဘယ်တော့ပြန်လာမှာလဲ"

"ကိုယ့်ကို လွမ်းနေပြီလား"

သူ့မေးခွန်းက ကျွန်တော့်နှလုံးသားက အဖြေနဲ့ကွက်တိမို့ ရင်ခုန်သံတွေမြန်သွားပြီး လက်ထဲ ဆွဲမိဆွဲရာ ကိုင်လိုက်မိသည်။ လက်ထဲပါလာသည်က နူးနူးညံ့ညံ့ အထိအတွေ့လေးမို့ ထိုဟာလေးကို လက်ကခပ်တင်းတင်း ဆုပ်ထားမိလိုက်၏။

"မလွမ်းပါဘူး။ ဒီအတိုင်းမေးကြည့်တာပါ"

"ကိုယ်ကတော့ လွမ်းနေပြီ။ ပြောရင်းနဲ့ အိမ်ကိုတောင် ပြန်လာချင်ပြီသိလား"

ဖုန်းထဲက သူ့အသံလေးက ချိုရှရှမို့ ကျွန်တော့်လက်ကလည်း ယောင်ရမ်းပြီး လက်ထဲပါလာတဲ့ နူးနူးညံ့ညံ့ အရာလေးတွေကို ဆွဲလိုက်မိသည်အထိ။ သူ့အသံကို ကျွန်တော့် တစ်ခါမှဖုန်းထဲကမှ နားမထောင်ဖူးတာ။သူ သီချင်းဆိုရင် အတော်လေးနားထောင်ကောင်းမှာပဲ။

"လျှောက်ပြောမနေနဲ့"

"တကယ်ပြောတာ..ကိုယ် သန်ဘက်ခါပြန်လာခဲ့မယ်"

"အင်း..ဒါဆို ဖုန်းချလိုက်တော့မယ်"

ကျွန်တော် ဖုန်းချတော့မည့်ဆဲဆဲ သူ့ဟန့်တားသံကအလောတကြီး ထွက်ပေါ်လာသည်။ဟုတ်တယ်လေ..မေ့လို့ပြောနေမိတာ။တကယ်ဆို ကျွန်တော်သူ့ကို စိတ်ဆိုးနေတာ မဟုတ်လား။

"နေပါဦး..မေးစရာရှိလို့"

"ဘာလဲ မြန်မြန်​မေး"

"အင်.....ကိုယ့်ကို ချစ်လား"

သူက စဥ်းစားသလို သံရှည်ဆွဲပြီးမှ ရုတ်တရက်ကြီးမေးသည်။

ကျွန်တော့်ရင်ထဲ တလှပ်လှပ်ခုန်လာကာ ဘာပြန်ဖြေရမှန်းမသိတော့။တစ်ယောက်မျက်နှာ တစ်ယောက် မမြင်ရသည့်တိုင်အောင် ကျွန်တော့်ခမျာမှာ နှုတ်သွက်လျှာသွက်မရှိ။ သူက အဝေးတစ်နေရာရောက်နေတာတောင် ရင်ခုန်အောင်ပြုစားနိုင်သည်။ မဖြေမချင်း ရစ်နေမှာကြိုသိနေတာမို့ ခပ်မြန်မြန်ပဲအဖြေပေးလိုက်သည်။

"ချစ်တယ်"

"ဘယ်လောက်ချစ်လဲ""

'ရလေ လိုလေ အိုတစ္ဆေ' ဆိုတာ ဂျွန်ဂျောင်ကုတို့လို လူမျိုးပေါ့။ ချစ်တယ်ပြောတာတောင် လောဘကကြီးချင်နေသေးသည်။

"အများကြီး..."

"ဘယ်လောက် အများကြီးချစ်လဲ"

ဒီကောင်တော့....။

"ဂျွန်ဂျောင်ကု..."

ကျွန်တော် ပိတ်အော်လိုက်တော့မှ တစ်ဖက်က သူ့ရယ်သံက ထွက်လာသည်။

"ဒါပဲ..ဖုန်းချလိုက်တော့မယ်"

သူ ဘာမှထပ်ပြောမလာခင် ဖုန်းကိုမြန်မြန်ချပြီး ဘေးဘီဝဲယာကိုကြည့်လိုက်လျှင် အိမ်အနောက်ဘက်က အပေါ်ကဝအနားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ထမင်းချက် အဒေါ်ကြီးက ပါးစပ်အဟောင်းသားနဲ့ ကျွန်တော့်ကိုကြည့်​ေနသည်။

"ဟယ်...အစ်ကိုလေးရယ်..လုပ်တာ မမကြီးရဲ့ နှင်းဆီခင်းတော့ ကုန်ပါပြီ"

ဟင်.....ဘာကြီး...။

ကျွန်တော် ထိတ်လန့်တကြား ငုံ့ကြည့်လိုက်တော့ ကျွန်တော်ရပ်နေသည့် တစ်ဝိုက်မှာ နှင်းဆီပွင့်ဖတ်များက သနားစရာကောင်းစွာ ပြန့်ကျဲနေလျက်။

အမယ်လေး...ခုနက ကျွန်တော် ဂျောင်ကုနဲ့စကားပြောရင်း ဆွဲဆွဲနှုတ်နေမိတာ နှင်းဆီပွင့်တွေလား။ မေမေတော့ သတ်တော့မှာပဲ။

ဂျွန်ဂျောင်ကု....ဒီကောင်ပြန်လာမှတွေ့မယ်။ မင်းကြောင့် ကယောက်ကယက်တွေဖြစ်ကုန်ပြီ ကောင်စုတ်လေးရဲ့။

~~~~~~~~~~~~ // ~~~~~~~~~~~~

.
AN/ ဒီရက်ထဲ စိတ်မကောင်းစရာ သတင်းတွေဆက်တိုက်ကြားနေရလို့ update ခဏရပ်ထားတာပါ။စာရေးဖို့ စိတ်အခြေအနေဘယ်လိုမှ အဆင်မပြေလို့ပါ။အကုန်လုံးလည်း ဒီရက်ပိုင်းစိတ်တွေညစ်ညူးနေမယ်ထင်ပါတယ်။အားတင်းထားပါနော်..လုပ်စရာ ရှိတာ လုပ်ရင်း ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ။

ရှန်ဂရီလာ ကိုစာအုပ်ထုတ်ဖို့ ခဏခဏလာမေးနေကြလို့ တစ်ခုတော့အဖြေပေးနိုင်ပါတယ်။

ကိုယ်ကရေးကတည်းက Jinkook ကို မြတ်နိုးလို့ စာနဲ့ပုံဖော်ရုံသက်သက်ပါပဲ။ စာအုပ်ထုတ်ဖို့ ဘယ်တုန်းကမှမရည်ရွယ်ခဲ့ပါဘူး။

ဒါပေမယ့်စာဖတ်သူတို့ဘက်က အမှတ်တရသိမ်းထားချင်တယ်ဆိုရင် စာအုပ်ထုတ်ပေးပါ့မယ်။ နောက်နှစ်မှပါ။ ဘယ်နှစ်လပိုင်းလောက်ဖြစ်မလဲတော့ အတိအကျမပြောနိုင်သေးပါဘူး။ နောက်နှစ်ထုတ်ဖြစ်မယ်လို့ပဲ သိထားပေးပါနော်

Thanks for your reading & voting
Riona

.
.
.
.
Zawgyi
_________

"သားေရ...ညီေလးကို အိပ္ရာသြားႏိႈးလိုက္ဦး။ အခုထိမထေသးဘူး"

အိမ္ေ႐ွ႕က ပန္းအိုးေလးေတြကို ေရေလာင္းေနတုန္း ေမေမ့ဆီက စကားသံေၾကာင့္ ကြၽန္ေတာ္ေရပိုက္ကို ခလုတ္ပိတ္ခဲ့ကာ အိမ္ထဲ ျပန္ဝင္လာခဲ့သည္။ ဧည့္ခန္းထဲက နာရီကို ၾကည့္လိုက္ေသာအခါ နံနက္၈ နာရီတိတိေတာင္႐ွိၿပီ။ လူတစ္ေယာက္ အိပ္ခ်ိန္က ဒီေလာက္ဆို ေတာ္ေရာေပါ့။ ဒီရက္ပိုင္း ဂြၽန္ေဂ်ာင္ကု တစ္ေယာက္ ေမေမတို႔ေ႐ွ႕လည္း မေ႐ွာင္ လစ္ရင္လစ္သလို လက္ကိုင္လိုက္ ၊ တို႔လိုက္ဆိတ္လိုက္ လုပ္ေနေသာေၾကာင့္ မနည္းဟန္႔ထားရသည္။ ေျပာသာေျပာရတာပါ။ကြၽန္ေတာ္႕ကိုလည္း သူ မေၾကာက္ပါဘူး။

သူ႕အခန္းတံခါးကို စဖြင့္လိုက္ကတည္းက lavender ပန္းနံ႔ခပ္သင္းသင္းက ႏွာေခါင္းထဲ တိုးဝင္လာသည္။ တစ္ခန္းလုံးကို အျပာႏုေရာင္ေဆးသုတ္ထားၿပီး ျပတင္းေပါက္ လိုက္ကာေတြကအစ အျပာေရာင္ျဖစ္သည္။ တစ္ခန္းလုံး သပ္ရပ္သန္႔႐ွင္းၿပီး ၾကမ္းျပင္ေတြကအစ လက္လက္ထေနသည္။

ဂြၽန္ေဂ်ာင္ကု၏ ေကာင္းေသာအခ်က္ထဲတြင္ ထိုအခ်က္ကို ကြၽန္ေတာ္သေဘာအက်ဆုံးျဖစ္သည္။ ငယ္ငယ္ကတည္းက သူ႕စည္းနဲ႔သူ သပ္သပ္ရပ္ရပ္ ေနတတ္ၿပီး အသုံးအေဆာင္ ပစၥည္းေတြကအစ ေနာက္ကလိုက္သိမ္းေပးေနစရာမလို။ သူ႕ေနရာနဲ႔သူ စနစ္တက်ထားတတ္ သိုတတ္သည္။ ပိုက္ဆံကိုလည္း  တစ္ခါမွ ေဟာ့ေဟာ့ရမ္းရမ္း သုံးျဖဴန္းတာ မေတြ႕ဖူးေသး။ ေကာင္ေလးက ေအာက္သက္ေၾကသည္ ဟုေျပာရမည္။

ကုတင္ေဘးက နံရံမွာလည္း စာအုပ္စင္တစ္ခု႐ွိသည္။ သူ႕ရဲ႕ေက်ာင္းစာအုပ္ေတြေရာ တျခားျပင္ပစာအုပ္ေတြကိုပါ အမ်ိဳးအစားအလိုက္ သပ္သပ္စီခြဲထားသည္။ အလယ္တန္းေက်ာင္းသား ဘဝကတည္းက အထက္တန္းေရာက္သည္အထိ တစ္ခါမွ စာေလ့လာဖို႔ကို သတိမေပးရ။ သူ႕ကိစၥကို သူသိသည္။ အခ်ိန္တိုင္းလည္း စာအုပ္ထဲေခါင္းစိုက္မေနသလို အျပင္ထြက္ၿပီး သူငယ္ခ်င္းေတြနဲ႔အေပ်ာ္အပါးကိုလည္း မမက္ေမာ။ အခ်ိန္တန္လွ်င္ စာေမးပြဲမွာ အမွတ္အမ်ားဆုံးက သူပဲျဖစ္သည္။

တစ္ေက်ာင္းလုံးရဲ႕ ေခါင္းေဆာင္ျဖစ္ခဲ့ဖူးသလို ေက်ာင္းသတင္းဌာနမွာလည္း Announcer အျဖစ္ပါဝင္ခဲ့ဖူးသည္။ မိန္းကေလးေတြ ေႂကြေလာက္တဲ့႐ုပ္ရည္ကိုပါပိုင္ဆိုင္ထားသူမို႔ ဂြၽန္ေဂ်ာင္ကုသည္ ေက်ာင္း၏ ၾကယ္တစ္ပြင့္ျဖစ္ခဲ့သည္။

"ေဂ်ာင္ကု...၈နာရီခြဲေတာ့မယ္။ ထေတာ့"

ခပ္လွမ္းလွမ္းကပင္ ကြၽန္ေတာ္ အသံေပးလိုက္သည္။
အေပၚပိုင္း ဗလာျဖင့္ အိပ္ေပ်ာ္ေနေသာ သူ႕ အနားကိုေတာ့ ရဲရဲမကပ္ပါ။သူက ညဘက္အိပ္လွ်င္ အေပယ္အက်ီကို ခြၽတ္အိပ္တတ္သည္။ ပူရင္ အေၾကာင္းမဟုတ္ေပမယ့္ ရာသီဥတု ေအးေနတဲ့အခါမ်ိဳးမွာဆို သူတစ္ခုခုျဖစ္သြားမွာ ကြၽန္ေတာ္စိုးရိမ္သည္။

"ေဂ်ာင္ကု...."

သူ႕ဆီက အနည္းငယ္ေတာင္ လႈပ္႐ွားမႈ မ႐ွိတာမို႔ သည္တစ္ခါေတာ့ ကြၽန္ေတာ္ေ႐ွ႕ကို တိုးၿပီးေခၚလိုက္သည္။ သူ႕မ်က္ႏွာက ပကတိအတိုင္း တည္ၿငိမ္ေနၿပီး မ်က္ခံြေပၚက ေသြးေၾကာစိမ္းေတြကအစ ျမင္ေနရသည္။အရင္လို ေဖာင္းေဖာင္းကားကား ပါးေလးေတြအစား ထင္းလာေသာ ေမး႐ိုး၊ၾကံ့ခိုင္လာေသာ လည္တိုင္တို႔က ေယာက်္ားပ်ိဳတစ္ဦး၏ အသြင္အျပင္ကို ႐ုပ္လုံးေပၚေအာင္ ေဖာ္ၾကဴးေန၏။

"ေဂ်ာင္ကု...ထေတာ့"

ကြၽန္ေတာ္ အသံကို ျမႇင့္ၿပီး ႏိႈးလိုက္သည္။ ခဏၾကာသည္အထိ သူ႕ဘက္က တုံ႔ျပန္မႈမ႐ွိ။ အိပ္ေမာက်ေနသည့္သူလို အသက္႐ႈသံျပင္းျပင္းလည္း မၾကားရ။ ကြၽန္ေတာ္႕ရင္ထဲ ထိတ္ကနဲ တုန္သြားသည္။ မဟုတ္မွလြဲေရာ...သူ။

"ေဂ်ာင္ကု...ေဂ်ာင္ကု...."

ကြၽန္ေတာ္ ဘာကိုမွမစဥ္းစားႏိုင္ေတာ့ဘဲ သူ႕လက္ေမာင္းတစ္ဖက္ကို လႈပ္ရင္း ဆြဲလွည့္လိုက္ေတာ့ သူ႕ခႏၶာကိုယ္တစ္ခုလုံးက အေတာင့္လိုက္ႀကီးပါလာသည္။ ကြၽန္ေတာ္႕ရဲ႕ စိုးရိမ္မႈေတြက တစ္ဆင့္ၿပီးတစ္ဆင့္ အ႐ွိန္ျမင့္လာကာ သူ႕ကိုယ္ေပၚက ေစာင္ကိုခြာခ်လိုက္သည္။ အဆီပိုမ႐ွိ က်စ္လစ္ေနေသာ သူဝမ္းဗိုက္သည္ ပကတိအတိုင္း တည္ၿငိမ္ေနသည္။

ဘုရားေရ...သူ..သူအသက္မ႐ႈေတာ့ဘူး။

"ေဂ်ာင္ကုေရ....ေဂ်ာင္ကု...ထ...ပါဦး..အဲ့လိုမထားခဲ့ရဘူး"

"ေဂ်ာင္ကု...ထဦး။ မထရင္ ငါ..တကယ္..စိတ္ဆိုးမွာ"

သူ႕ရင္ဘတ္ကို တဗုန္းဗုန္းထုၿပီး ႏိႈးလိုက္ေတာ့မွ ကြၽန္ေတာ္ သတိထားမိသြားသည္။ သူ႕အသားေတြက ေအးစက္ေတာင့္ခဲေနသည္။ တစ္ညလုံး အက်ီခြၽတ္ႀကီးနဲ႔ အေအးမိသြားပုံရသည္။ ကြၽန္ေတာ္႕ မ်က္လုံးေတြ စပ္ဖ်င္းဖ်င္းျဖစ္လာၿပီး ႏွာေခါင္းထဲမွာပါ မႊန္တက္လာသည္။ ဘယ္သူထင္မလဲ။ မေန႔တစ္ေန႔ကအထိ အေကာင္းအတိုင္း ႐ွိေနေသးတဲ့သူက ဒီလိုငယ္ငယ္႐ြယ္႐ြယ္ေလးမွာ အျဖစ္ဆိုးနဲ႔ ၾကဳံရမယ္လို႔။

"ေဂ​်ာင္ကု...ထပါေတာ့....."

သည္တစ္ခါေတာ့ ကြၽန္ေတာ္ ဘယ္လိုမွမထိန္းႏိုင္ေတာ့။ သူ႕ရင္ဘတ္ေပၚ မ်က္ႏွာအပ္ထားရင္းမ်က္ရည္ေတြက စီးက်လာသည္။

"အခုမွ ခ်စ္သူျဖစ္ကာစေလး ႐ွိေသးတာကို..အီး..."

ကြၽန္ေတာ္႕စကားအဆုံးမွာ သူ႕ရင္ဘတ္တစ္ေနရာက တုန္ကနဲျဖစ္သြားသည္။ ၿပီးေတာ့ ကြၽန္ေတာ္႕ဆံပင္ေတြေပၚကို တစ္ခုခုေျပးလႊားေနသလိုမ်ိဳး ခံစားရသည္။ ဘာႀကီးလဲ။ မသက္ာမႈေပါင္း ေျမာက္မ်ားစြာျဖင့္ သူ႕မ်က္ႏွာကို ကြၽန္ေတာ္ ေမာ့ၾကည့္လိုက္သည္။

"အခ်စ္ေတြ ျပတ္လပ္ၿပီး ကိုယ္ ေသသြားၿပီ..ဘယ္လိုလုပ္မလဲ"

သူ႕ႏႈတ္ခမ္းပါးေတြက ေကြးၫႊတ္ကာ ျပဳံးရိပ္သန္းေနသည္။ မ်က္လုံးအစုံကပါ ရီေဝေဝ​ျဖင့္ ညိႇဳ႕ဓာတ္သန္းေနကာ ကြၽန္ေတာ္႕ဆံပင္ေတြကို ခပ္ဖြဖြ ပြတ္သပ္ေပးေနသည္။ ႐ုတ္တရက္မို႔ ကြၽန္ေတာ္ သူ႕ကိုဘာစကားမွ ျပန္မေျပာႏိုင္ေသး။ သူက မ်က္ခုံးေတြကို ပင့္ျပၿပီး ႏႈတ္ခမ္းေတြကို စုခြၽန္ၿပီး kissလွမ္းေပးေတာ့မွ ကြၽန္ေတာ္ သတိျပန္ဝင္လာသည္။

"အင့္..."

ကြၽန္ေတာ္ ထိန္းပါေသးသည္။ ဘာသံမွမထြက္ဘဲ သူ႕ကိုဘာမွမတုံ႔ျပန္ဘဲ သူ႕ေ႐ွ႕က ထြက္လာဖို႔။တကယ္တမ္းက်ေတာ့ ကြၽန္ေတာ္႕ေျခေထာက္ႏွစ္ေခ်ာင္းလုံး က်ဥ္တက္လာၿပီး ဝမ္းနည္းမႈက ရင္ထဲဆို႔တက္လာသည္။ ထိန္းေနသည့္ၾကားက 'အင့္' ကနဲ အသံခပ္တိုးတိုး​ ထြက္သြားသည္။ မ်က္လုံးထဲ ျပည့္အိုင္လာေသာ အရည္ၾကည္မ်ားေၾကာင့္ မ်က္ႏွာကိုလက္ဖဝါးႏွစ္အုပ္ျဖင့္ အုပ္လိုက္ၿပီး သူ႕ကုတင္ေဘးမွာ ငုတ္တုတ္ထိုင္ခ်မိလိုက္သည္။

"ဟာကြာ...ကိုယ္က စ,တာပါ.."

ထိုအခါမွ သူက ကုတင္ေပၚက ထလာၿပီး ကြၽန္ေတာ္႕ေဘးမွာ သူပါထိုင္ခ်သည္။ၿပီးေတာ့ တစ္ကိုယ္လုံးကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းဖို႔ လုပ္ေနလွ်င္ ကြၽန္ေတာ္ တြန္းထုတ္ပစ္လိုက္သည္။

္"တကယ္ဝမ္းနည္းသြားတာပဲ။ ေတာင္းပန္ပါတယ္။ ကိုယ္ မရည္႐ြယ္ပါဘူး"

သူ႕အသံက တိုးသြားၿပီး ေက်ာကို သပ္ကာ ေခ်ာ့ေမာ့သလိုေျပာသည္။ လူဆိုတဲ့ အမ်ိဳးကလည္း ေခ်ာ့မယ့္သူ႐ွိရင္ ပိုၿပီးဝမ္းနည္းတတ္တာ မဟုတ္လား။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ သူ႕ကို တကယ္စိတ္ဆိုးသည္။

"လာ မထိနဲ႔"

"ကြၽတ္! ကိုယ္ ဘယ္လိုေခ်ာ့ရမလဲ"

"ဘယ္လိုမွ ေခ်ာ့စရာမလိုဘူး။ လူကို လာမထိနဲ႔"

ကြၽန္ေတာ္႕ကို ထိေတာ့မလို,ကိုင္ေတာ့မလို ဟန္တျပင္ျပင္ လုပ္ေနတဲ့ သူ႕ခႏၶာကိုယ္ႀကီးကို တြန္းထုတ္လိုက္ၿပီး စိတ္လိုက္မာန္ပါ ထ,ရပ္လိုက္သည္။

"ေတာ္ၿပီ..မင္း အိပ္ရာထဲ ေနာက္ဘယ္ေတာ့မွ မလာေတာ့ဘူး။ ေမေမ ႏိႈးခိုင္းလို႔ လာႏိႈးတာ"

ကြၽန္ေတာ္ သူ႕ကို တစ္ခ်က္မွ မၾကည့္ဘဲ အခန္းထဲက ထြက္ဖို႔ျပင္ေတာ့ သူက လက္ေကာက္ဝတ္ကို အတင္း ဆြဲထားသည္။ ႐ုတ္တရက္ ကြၽန္ေတာ္႕ေက်ာျပင္ကို နံရံမွာ တြန္းကပ္လိုက္ၿပီး လက္ေကာက္ဝတ္ႏွစ္ဖက္ကိုလည္း ခ်ဳပ္ထားတာမို႔ ႐ုန္းမရ။ သူက အၿမဲေခ်ာင္ပိတ္ၿပီး ခ်ဳပ္တတ္သည္။

"ေသခ်ာလား..."

"ဘာကိုလဲ"

ကြၽန္ေတာ္႕ အေမးကို မေျဖေသးဘဲ သူက မထိတရိျပဳံးကာ နား႐ြက္နားကို ကပ္လာသည္။သူ႕ အသက္႐ႈေလက ကြၽန္ေတာ္႕နားတစ္ဝိုက္တြင္ မထိတထိ ပြတ္သပ္ေနတာမို႔ ရင္ခုန္သံေတြ ကေသာင္းေမာင္းနင္း ျဖစ္ကုန္သည္။

"ကိုယ့္အိပ္ရာေပၚကို ရေအာင္ေခၚမယ္ဆိုရင္ေရာ"

"မင္း...."

ဒီေကာင္ ေျပာလိုက္ရင္ အၿမဲတမ္း ရင္တုန္ေအာင္လို႔။ အတူအိပ္ေတာ့ေရာ ဘာျဖစ္မွာမို႔လဲ။ သူနဲ႔ကြၽန္ေတာ္ငယ္ငယ္ကလည္း ေမေမတို႔ ဘူဆန္ကိုခရီးသြားတုန္း အတူအိပ္ခဲ့ဖူးေသးတာပဲ။ ဒါမ်ား အဆန္းလုပ္လို႔။

ကြၽန္ေတာ္ သူ႕ရင္ဘတ္ကို အတင္း တြန္းရင္း ႐ုန္းထြက္လိုက္ေတာ့မွ သူကလႊတ္ေပးသည္။

"ဘာျဖစ္လဲ..အတူအိပ္တာပဲဟာကို။ မင္းေတာင္ ရေအာင္ေခၚစရာမလိုဘူး။ ငါ့ဘာသာ လာအိပ္လည္းျဖစ္တာပဲ"

ကြၽန္ေတာ္႕ စကားေၾကာင့္ သူကခဏေတာ့ အံ့ၾသသြားသည္။ ၿပီးမွ တစ္စုံတစ္ရာကို သေဘာေပါက္သြားဟန္ျဖင့္ သေဘာတက် ရယ္သည္။

"အင္းပါ...ဟုတ္ပါၿပီ"

ြသူက ျပဳံးၿပီးၾကည့္ေနလွ်င္ ကြၽန္ေတာ္ မေနတတ္ေတာ့ဘဲ တံခါးကိုေဆာင့္ပိတ္ၿပီး ထြက္လာခဲ့သည္။ကြၽန္ေတာ္ အခန္းျပင္ေရာက္တဲ့အထိ သူ႕ရယ္သံကို ၾကားေနရဆဲမို႔ ကြၽန္ေတာ္႕စိတ္ထဲ ဇေဝဇဝါျဖစ္သြားရသည္။

မဟုတ္ေသးပါဘူး။ ကြၽန္ေတာ္ေျပာတဲ့အထဲမွာ ဘာမ်ား ရယ္စရာပါေနလို႔လဲ။ အတူတူအိပ္တာပဲ ဘာျဖစ္တာမွတ္လို႔။

~~~~~~~~~~ // ~~~~~~~~~~~

မနက္က သူ႕ကို စိတ္ဆိုးၿပီး စကားမေျပာကတည္းက တစ္ေန႔လုံးမေတြ႕ရေတာ့။ ဘယ္အခ်ိန္ အိမ္ကထြက္သြားတယ္ေတာ့မသိ။ ေမေမ့ကိုလည္း မေမးခ်င္တာမို႔ အေျခအေနကို ကိုယ့္ဘာသာပဲ အကဲခတ္ေနမိသည္။ အိမ္မွာ ကားက သုံးစီး႐ွိသည္။ ေဖေဖကုမၸဏီကို သြားတဲ့ကားရယ္၊ ေမေမစီးတဲ့ကားရယ္၊ ကြၽန္ေတာ္တကၠသိုလ္တက္တုန္းက ဝယ္ေပးထားတဲ့ကားရယ္။

အခုေတာ့ ေမေမစီးတဲ့ကားတစ္စီးပဲ ေတြ႕ရသည္။ ကားယူၿပီး အျပင္ကို ထြက္သြားတာျဖစ္မည္။ တကယ္ဆို သူ႕ကိုစိတ္ဆိုးေနမွန္းသိရက္နဲ႔ စိတ္ဆိုးေျပေအာင္ လုပ္ရမွာမဟုတ္လား။အခုေတာ့ အသိေတာင္မေပးဘဲ တစ္ေယာက္တည္း ထြက္သြားတယ္။ ျပန္လာမွ ေတြ႕မယ္။ကြၽန္ေတာ္႕ေဒါသကို ဂြၽန္ေဂ်ာင္ကုက အကဲစမ္းေနပုံရသည္။

ေန႔လည္ ၂နာရီထိုးတာေတာင္ သူျပန္မလာေတာ့ ကြၽန္ေတာ္မေနႏိုင္ေတာ့။ ေမေမ့ကို နည္းနည္းေလာက္ စကားစမိသည္။

"ေမေမ...ဟိုေကာင္ေလးေရာ"

အရင္လို 'ညီေလး' ဟု ပါးစပ္ကရဲရဲမထြက္ရဲေတာ့။ညီေလးဟုေခၚတိုင္း ေမေမတို႔ကို အားနာသလို ကိုယ့္ကိုယ္ကိုလည္း လိပ္ျပာမလုံျပန္။ထို႔ေၾကာင့္ ေဂ်ာင္ကုဟုပဲ ေခၚျဖစ္ေတာ့သည္။ ယခုမူ ကြၽန္ေတာ္စိတ္မၾကည္ေနေသာေၾကာင့္ 'ဟိုေကာင္ေလး' ဟုပင္ ေဘာက္ဆတ္ဆတ္ ေခၚလိုက္သည္။

"ဘယ္ေကာင္ေလးလဲ သားရဲ႕"

"ေမေမ့ သားငယ္.."

"မသိပါဘူး။ ငါ့သားႀကီးက အငယ္ေလးကို အဲ့ဒီလိုတစ္ခါမွမေခၚဖူးေတာ့ ေမေမကေၾကာင္သြားတာေပါ့။ရန္ျဖစ္ထားတာလား"

ဘုရားေရ...အဲ့ဒီေလာက္ေတာင္ သိသာေနၿပီလား။တကယ္ပဲ စိတ္ညစ္တယ္။ ကြၽန္ေတာ္လုပ္ပုံနဲ႔ေတာ့အကုန္လူမိေတာ့မွာပဲ။

"မ...မျဖစ္ပါဘူး ေမေမ။ ဒီအတိုင္း ေမးၾကည့္တာပါ"

"ဘူဆန္ကို သြားတယ္ သားရဲ႕။ သူ႕ဘြားဘြားက သူ႕ေျမးကိုသတိရလို႔ဆိုလို႔ လႊတ္လိုက္တာ။သားႀကီးကိုလည္း တစ္ခါတည္းထည့္လိုက္ဖို႔ကို အိမ္မွာကေမေမတစ္ေယာက္တည္းမို႔။ ေနာက္အပတ္ေလာက္က်မွ တို႔သားအမိႏွစ္ေယာက္က သပ္သပ္သြားၾကမယ္ေလ။ မင္းအေဖ အလုပ္အားတဲ့ရက္ကိုသာေစာင့္ေန
ရရင္ ဒီတစ္သက္ေရာက္ျဖစ္မွာ မဟုတ္ေတာ့ဘူး"

ဒါဆို သူ, ဘူဆန္အထိေတာင္ သြားေတာ့ေပါ့။ ဘြားဘြားဆီဆို အနည္းဆုံးေတာ့ သုံးရက္ေလာက္ၾကာမည္ထင္သည္။ ဘြားဘြားက သူ႕ကိုဆို'ကုကုေလး' ဆိုၿပီး ပါးစပ္ကမခ်။သူက အိမ္မွာသာ အေၾကာႀကီးတာ။ အဘြားနဲ႔ဆို တကယ့္ကိုခြၽဲစိန္။ ကြၽန္ေတာ္က သူ႕လို ညာတာပါေတး မလုပ္တတ္တာမို႔ ဘြားဘြားနဲ႔ဆို စိမ္းသည္။

" ♫︎ ♫︎ ♫︎ ♫︎ ♫︎"

ထိုစဥ္ ကြၽန္ေတာ္႕ဖုန္းက အသံျမည္လာသည္။ ေမေမက ကြၽန္ေတာ္႕ထက္လ်င္သည္။ contact nameကို လွမ္းၾကည့္ၿပီး အသံထြက္ဖတ္သည္။ကြၽန္ေတာ္ လွမ္းအုပ္လိုက္ေပမယ့္ မမွီေတာ့။

"ဂြၽန္ေဆာ့ဂ်င္ ရဲ႕  အသည္းအသက္ "

လုပ္လိုက္ဟ။ ကြၽန္ေတာ္ေတာ့ ေျမလွ်ိဳးမိုးပ်ံၿပီးသာ ေပ်ာက္ကြယ္သြားလိုက္ခ်င္ေတာ့သည္။ ဘယ္အခ်ိန္ ကြၽန္ေတာ္႕ဖုန္းကိုယူၿပီး ကလိထားတယ္မသိ။ သူ႕နာမည္ကို ကြၽန္ေတာ္ တစ္ခါမွ ထိုသို႔မမွတ္ဖူးပါ။႐ွက္လို႔ ေသမွာပဲ။

"ဟဲ့...ဘယ္သူႀကီးလဲ"

ေမေမက မ်က္လုံးေတြ ျပဴးသြားၿပီး အတင္းေမးသည္။ ကြၽန္ေတာ္႕မ်က္ႏွာတစ္ခုလုံး ရဲပေတာင္းခတ္ေနမွာေတာ့ အေသအခ်ာပင္။ အလိုလိုေနရင္းေတာင္ မ်က္ႏွာက အေငြ႕ေတြထြက္လာသည္ဟု ထင္ရသည္။

"ေမ...ေမ့...သား..ငယ္"

"ေဟ..."

ေမေမက သံ႐ွည္ဆြဲကာ အံ့ၾသတႀကီးဆိုသည္။ ကြၽန္ေတာ္ ဘာမွဆက္မေျပာႏိုင္ေတာ့ဘဲ လက္တုန္တုန္ျဖင့္ပင္ ဖုန္းကို ခ်လိုက္သည္။ ​မ်က္ႏွာတစ္ခုလုံး ေပါက္ထြက္မတတ္ ပူေလာင္ၿပီး တစ္ကိုယ္လုံး အေငြ႕ပ်ံခ်င္သြားေတာ့သည္။

"အမယ္ေလး...ငါ့သားႏွစ္ေယာက္က တည့္ၿပီဆိုရင္လည္း လိုက္လို႔ကိုမမွီေတာ့ဘူး။ေကာင္းတယ္..ေကာင္းတယ္။ ေမေမေတာ့ သေဘာက်တယ္။ အဲ့ဒီလိုခ်စ္ခ်စ္ခင္ခင္ေနၾက။ ေမမ​ေေျပာဖူးတယ္မဟုတ္လား။ သားညီေလးက အေျပာအဆိုသာမာေၾကာတယ္။သားကို ခ်စ္ပါတယ္လို႔။ ဖုန္းကိုင္လိုက္ဦးေလ..သား"

ေမေမက သူ႕စကားနဲ႔သူေတာ့ ဟုတ္ေနတာပဲ။ ဒါကလည္းကြၽန္ေတာ္တို႔ႏွစ္ေယာက္အေပၚ သူလုံးဝသံသယမ႐ွိလို႔သာ။စစ္စစ္ေပါက္ေပါက္ ေမးတတ္တဲ့ သူမ်ိဳးသာဆို ကြၽန္ေတာ္မလြယ္ပါ။

ဒါနဲ႔ ေမေမ႐ွိေနတာကို မသိဘဲ သူေပါက္ကရေျပာမွာလည္းစိုးရိမ္သည္။ ေမေမက ဖုန္းမကိုင္မခ်င္းၾကည့္ေနတာမို႔ ကြၽန္ေတာ္ လက္ေတြတုန္တာ ဖုန္းေတာင္လြတ္က်လုမတတ္ပင္။

"ဟယ္...ဟယ္လို..ေဂ်ာင္ကု..."

"ဘာျဖစ္လို႔လဲ..ေနမေကာင္းဘူးလား"

သူ႕အသံက ပုံမွန္အတိုင္း  တည္ၿငိမ္ေနသည္။ ေက်းဇူးျပဳၿပီး သူ ေပါက္ကရမေျပာပါေစနဲ႔ ဘုရား။

"ေမ..ေမနဲ႔ အတူထိုင္ ေနတယ္"

ထိုစကားကို ကြၽန္ေတာ္ မနည္းအားယူၿပီးေျပာရသည္။

"အင္း...အင္း..ကိုယ္နားလည္ၿပီ။ေမေမ့ကို ဖုန္းခဏေပးလိုက္"

ဒီေတာ့မွ ရင္ထဲက အလုံးႀကီးက ဘုတ္ကနဲျပဳတ္က်သြားေတာ့သည္။ ဒီအတိုင္းဆို ၾကာရင္ ႏွလုံးေရာဂါ ရရင္ရ, မရရင္ရင္တုန္ၿပီး ေသမွာပဲ။ေတာ္ပါေသးရဲ႕။

"ေအး..သားငယ္ေလး..အဆင္ေျပလား"

ေမေမက ဖုန္းကို ယူသြားၿပီး မတ္တပ္ရပ္ကာ ျပဳံးကာရယ္ကာျဖင့္ ေျပာ​ေနသည္။ သားအမိႏွစ္ေယာက္ ၃ မိနစ္ေလာက္ အလြမ္းသယ္လို႔အၿပီးမွာ ေမေမက ကြၽန္ေတာ္႕လက္ထဲကို ဖုန္းလာေပးသည္။

"ကုကုနဲ႔ ေျပာလိုက္ဦး သားေရ။ သူ႕အခန္းထဲက ဘာစာအုပ္ဆိုလဲ။ အဲ့တာကို သူ႕သူငယ္ခ်င္းလာရင္ ေပးလိုက္ပါတဲ့။ သားမွ သိမယ္တဲ့။ေမေမလည္း သူ႕စာအုပ္ေတြမသိဘူး"

ေမေမ့စကားေၾကာင့္ ကြၽန္ေတာ္ဖုန္းကိုယူၿပီး အိမ္အေနာက္ဖက္က ႏွင္းဆီခင္းေတြ႐ွိရာကို ထြက္လာခဲ့သည္။ ဒီမွာဆိုရင္ေတာ့ ဘယ္သူမွမၾကားေလာက္ပါဘူး။

ေဘးဘီဝဲယာကို အကဲခတ္သလို တစ္ခ်က္ေဝွ႔ၾကည့္လိုက္ရင္း ဘယ္သူမွမ႐ွိတာ ေသခ်ာၿပီဆိုမွ ကြၽန္ေတာ္ဖုန္းကိုဖြင့္လိုက္သည္။

"ဟယ္လို..."

"လြမ္းေနတာ.."

သူ႕အသံက ေမေမနဲ႔ေျပာတုန္းကလို မဟုတ္။ တိုးဖ်ဖ်နဲ႔ တကယ္လြမ္းေနသည့္အသံျဖင့္။

"အပိုေျပာမေနနဲ႔..ခုနက ငါဘယ္ေလာက္လန္႔သြားတယ္မွတ္လဲ"

"ကိုယ္သိတာေပါ့။ အဲ့ဒါေၾကာင့္ ေမေမနဲ႔အရင္ေျပာလိုက္တာ"

"မင္း သူငယ္ခ်င္းလာရင္ ဘယ္စာအုပ္ေပးရမွာလဲ"

"ဟာဗ်ာ..ခင္ဗ်ားကလည္း တမင္သက္သက္ ေမေမ့ကို ပ,ထုတ္လိုက္တာေလ"

ေတြ႕လား။ ဒီေကာင္က ပညာအမ်ိဳးမ်ိဳးတတ္တယ္။

စိတ္ထဲကေနသာ အျပစ္တင္လိုက္ေပမယ့္ ကြၽန္ေတာ္႕ရင္ထဲ ၾကည္ႏူးသြားမိတာေတာ့ အမွန္ပင္။ သူက တကယ့္ကို လူလည္ေလး။

"ဘယ္ေတာ့ျပန္လာမွာလဲ"

"ကိုယ့္ကို လြမ္းေနၿပီလား"

သူ႕ေမးခြန္းက ကြၽန္ေတာ္႕ႏွလုံးသားက အေျဖနဲ႔ကြက္တိမို႔ ရင္ခုန္သံေတြျမန္သြားၿပီး လက္ထဲ ဆြဲမိဆြဲရာ ကိုင္လိုက္မိသည္။ လက္ထဲပါလာသည္က ႏူးႏူးညံ့ညံ့ အထိအေတြ႕ေလးမို႔ ထိုဟာေလးကို လက္ကခပ္တင္းတင္း ဆုပ္ထားမိလိုက္၏။

"မလြမ္းပါဘူး။ ဒီအတိုင္းေမးၾကည့္တာပါ"

"ကိုယ္ကေတာ့ လြမ္းေနၿပီ။ ေျပာရင္းနဲ႔ အိမ္ကိုေတာင္ ျပန္လာခ်င္ၿပီသိလား"

ဖုန္းထဲက သူ႕အသံေလးက ခ်ိဳ႐ွ႐ွမို႔ ကြၽန္ေတာ္႕လက္ကလည္း ေယာင္ရမ္းၿပီး လက္ထဲပါလာတဲ့ ႏူးႏူးညံ့ညံ့ အရာေလးေတြကို ဆြဲလိုက္မိသည္အထိ။ သူ႕အသံကို ကြၽန္ေတာ္႕ တစ္ခါမွဖုန္းထဲကမွ နားမေထာင္ဖူးတာ။သူ သီခ်င္းဆိုရင္ အေတာ္ေလးနားေထာင္ေကာင္းမွာပဲ။

"ေလွ်ာက္ေျပာမေနနဲ႔"

"တကယ္ေျပာတာ..ကိုယ္ သန္ဘက္ခါျပန္လာခဲ့မယ္"

"အင္း..ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္"

ကြၽန္ေတာ္ ဖုန္းခ်ေတာ့မည့္ဆဲဆဲ သူ႕ဟန္႔တားသံကအေလာတႀကီး ထြက္ေပၚလာသည္။ဟုတ္တယ္ေလ..ေမ့လို႔ေျပာေနမိတာ။တကယ္ဆို ကြၽန္ေတာ္သူ႕ကို စိတ္ဆိုးေနတာ မဟုတ္လား။

"ေနပါဦး..ေမးစရာ႐ွိလို႔"

"ဘာလဲ ျမန္ျမန္​ေမး"

"အင္.....ကိုယ့္ကို ခ်စ္လား"

သူက စဥ္းစားသလို သံ႐ွည္ဆြဲၿပီးမွ ႐ုတ္တရက္ႀကီးေမးသည္။

ကြၽန္ေတာ္႕ရင္ထဲ တလွပ္လွပ္ခုန္လာကာ ဘာျပန္ေျဖရမွန္းမသိေတာ့။တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ မျမင္ရသည့္တိုင္ေအာင္ ကြၽန္ေတာ္႕ခမ်ာမွာ ႏႈတ္သြက္လွ်ာသြက္မ႐ွိ။ သူက အေဝးတစ္ေနရာေရာက္ေနတာေတာင္ ရင္ခုန္ေအာင္ျပဳစားႏိုင္သည္။ မေျဖမခ်င္း ရစ္ေနမွာႀကိဳသိေနတာမို႔ ခပ္ျမန္ျမန္ပဲအေျဖေပးလိုက္သည္။

"ခ်စ္တယ္"

"ဘယ္ေလာက္ခ်စ္လဲ""

'ရေလ လိုေလ အိုတေစၧ' ဆိုတာ ဂြၽန္ေဂ်ာင္ကုတို႔လို လူမ်ိဳးေပါ့။ ခ်စ္တယ္ေျပာတာေတာင္ ေလာဘကႀကီးခ်င္ေနေသးသည္။

"အမ်ားႀကီး..."

"ဘယ္ေလာက္ အမ်ားႀကီးခ်စ္လဲ"

ဒီေကာင္ေတာ့....။

"ဂြၽန္ေဂ်ာင္ကု..."

ကြၽန္ေတာ္ ပိတ္ေအာ္လိုက္ေတာ့မွ တစ္ဖက္က သူ႕ရယ္သံက ထြက္လာသည္။

"ဒါပဲ..ဖုန္းခ်လိုက္ေတာ့မယ္"

သူ ဘာမွထပ္ေျပာမလာခင္ ဖုန္းကိုျမန္ျမန္ခ်ၿပီး ေဘးဘီဝဲယာကိုၾကည့္လိုက္လွ်င္ အိမ္အေနာက္ဘက္က အေပၚကဝအနားမွာ ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေသာ ထမင္းခ်က္ အေဒၚႀကီးက ပါးစပ္အေဟာင္းသားနဲ႔ ကြၽန္ေတာ္႕ကိုၾကည့္​ေနသည္။

"ဟယ္...အစ္ကိုေလးရယ္..လုပ္တာ မမႀကီးရဲ႕ ႏွင္းဆီခင္းေတာ့ ကုန္ပါၿပီ"

ဟင္.....ဘာႀကီး...။

ကြၽန္ေတာ္ ထိတ္လန္႔တၾကား ငုံ႔ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ရပ္ေနသည့္ တစ္ဝိုက္မွာ ႏွင္းဆီပြင့္ဖတ္မ်ားက သနားစရာေကာင္းစြာ ျပန္႔က်ဲေနလ်က္။

အမယ္ေလး...ခုနက ကြၽန္ေတာ္ ေဂ်ာင္ကုနဲ႔စကားေျပာရင္း ဆြဲဆြဲႏႈတ္ေနမိတာ ႏွင္းဆီပြင့္ေတြလား။ ေမေမေတာ့ သတ္ေတာ့မွာပဲ။

ဂြၽန္ေဂ်ာင္ကု....ဒီေကာင္ျပန္လာမွေတြ႕မယ္။ မင္းေၾကာင့္ ကေယာက္ကယက္ေတြျဖစ္ကုန္ၿပီ ေကာင္စုတ္ေလးရဲ႕။

~~~~~~~~~~~~ // ~~~~~~~~~~~~

.
AN/ ဒီရက္ထဲ စိတ္မေကာင္းစရာ သတင္းေတြဆက္တိုက္ၾကားေနရလို႔ update ခဏရပ္ထားတာပါ။စာေရးဖို႔ စိတ္အေျခအေနဘယ္လိုမွ အဆင္မေျပလို႔ပါ။အကုန္လုံးလည္း ဒီရက္ပိုင္းစိတ္ေတြညစ္ညဴးေနမယ္ထင္ပါတယ္။အားတင္းထားပါေနာ္..လုပ္စရာ ႐ွိတာ လုပ္ရင္း ကိုယ့္ကိုယ္ကိုလည္း ဂ႐ုစိုက္ပါ။

႐ွန္ဂရီလာ ကိုစာအုပ္ထုတ္ဖို႔ ခဏခဏလာေမးေနၾကလို႔ တစ္ခုေတာ့အေျဖေပးႏိုင္ပါတယ္။

ကိုယ္ကေရးကတည္းက Jinkook ကို ျမတ္ႏိုးလို႔ စာနဲ႔ပုံေဖာ္႐ုံသက္သက္ပါပဲ။ စာအုပ္ထုတ္ဖို႔ ဘယ္တုန္းကမွမရည္႐ြယ္ခဲ့ပါဘူး။

ဒါေပမယ့္စာဖတ္သူတို႔ဘက္က အမွတ္တရသိမ္းထားခ်င္တယ္ဆိုရင္ စာအုပ္ထုတ္ေပးပါ့မယ္။ ေနာက္ႏွစ္မွပါ။ ဘယ္ႏွစ္လပိုင္းေလာက္ျဖစ္မလဲေတာ့ အတိအက်မေျပာႏိုင္ေသးပါဘူး။ ေနာက္ႏွစ္ထုတ္ျဖစ္မယ္လို႔ပဲ သိထားေပးပါေနာ္

Thanks for your reading & voting
Riona

Continue Reading

You'll Also Like

565K 12.6K 39
In wich a one night stand turns out to be a lot more than that.
51.8K 1K 38
In with Rubys sister comes back from new york and cathes the eyes of a Santos along with a Prophet
673K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
31.9K 2.6K 16
မေတ္တာနယ်မြေထဲ စုန်ချည် ဆန်ချည်. . ။