ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလေ...

PannKhattWaiio által

365K 57.9K 2.5K

fun translation.... fake novel name🙃 pic from pinterest @pngtree ,I also post screenshot😉 Több

အမှာစာ
ေဖာ္ျပခ်က္ ဖော်ပြချက်
ပုဇြန္ဟင္းမ်ား ပုဇွန်ဟင်းများ
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
ခရမ္းသီး ဟင္းလ်ာ သံုးမ်ိဳး ခရမ်းသီး ဟင်းလျာ သုံးမျိုး
၁၉
၁၉ အဆက်
၂၀
၂၁
၂၁ အဆက္ ၂၁ အဆက်
22
၂၃
အပိုင်း ၂၃အဆက်
၂၅
၂၆
၂၆ အဆက်
လေးရာသီ ပွဲ
၂၇
၂၇ အဆက်
၂၈
၂၉
၃၀
Channel
၃၁
၃၂
Unpublish
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄
၅၅
၅၆
၅၇
၅၈
၅၉
၆၀
၆၁
Tele
၆၂
၆၃
၆၄
၆၅
၆၆
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂+၈၃
၈၄+၈၅
၈၆
၈၇+၈၈+၈၉

၂၄

4.4K 932 29
PannKhattWaiio által

အပိုင်း ၂၄

“ မင်း သေချာရဲ့လား”
စစ်ဆေးသူ ခေါင်းဆောင်က တုန့်ဆိုင်းစွာ မေး၏။

“ ကြယ်လေးပွင့် စာမေးပွဲက ထင်သလောက် မလွယ်ဘူးနော်”

“ မင်း စာမေးပွဲအောင်ဖို့ ပါ၀င်ပစ္စည်းအမျိုးနှစ်ဆယ်ကို သုံးရုံတင်မဟုတ်ဘူး၊ ဟင်းဆယ်ပွဲ အနည်းဆုံး ချက်ပြရမှာ။ အခက်ဆုံးအချက်က စစ်ဆေးသူတွေက ငါတို့အဖွဲ့အစည်းကတင် မဟုတ်ဘူး၊ ပြည်သူတွေအားလုံး ပါ၀င်နေမှာပဲ။ “

ကြယ်တစ်ပွင့်မှ သုံးပွင့်အထိ စစ်ဆေးမူအား ၀က်ဆိုက်တွင် ပြန်လည်တင်ပေးသည့်တိုင် ထိုအချိန်တွင် အရာအားလုံး ဆုံးဖြတ်ပြီးလေပြီ။ သို့ရာတွင် ကြယ်လေးပွင့်ကား အင်ပါယာအတွက် အရေးကြီးလှရာ ဘက်လိုက်ခြင်း၊ လာဘ်စားခြင်း စသဖြင့်တို့အတွက် အစည်းအရုံး၏ ၀က်ဆိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြီး စစ်ဆေးမှု ခံယူရသည်။ အဆုံးအဖြတ်ကို ပရိတ်သတ်ထံမှ ခံယူရမည်ဖြစ်ကာ မဲ ထက်၀က်ကျော်ရလျှင် အနိုင်ရသည်ဟု သတ်မှတ်သည်။အချို့သော် စာဖိုမှူးများက အဆင့်လေးသို့ တက်ချင်လှသော်လည်း မသမာနည်းဖြင့် မဲများ ၀ယ်ယူချင်လျှင်ပင် ကြည့်ရှုသူ သန်းရာကျော်အတွက် တတ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သည်နည်းက မျှတသည်ဟု ဆိုခြင်းဖြစ်သည်။

ထို့အပြင် ကြယ်လေးပွင့်အဆင့်ဟာ အင်ပါယာအတွက် အလွန် အဖိုးတန်လှသည်။ မည်သူကမျှ ပြည်သူ ထက်၀က်ကျော်၏ မဲကို ၀ယ်နိုင်လိမ့်မည် မဟုတ်ပေ။


“ ကဲ မင်း နားလည်ပြီလား။ အမျိုးအစားနှစ်ဆယ်ကျော်အတွက် ဟင်းပွဲ ဆယ်ပွဲ လုပ်ရမယ်ပဲဆိုပါစို့၊ မီနူးလုပ်ဖို့အချိန်က လိုဦးမယ်။ အခုဆိုရင် လေးနာရီ ထိုးနေပြီ။ တိုက်ရိုက်ထုတ်လွှင့်ရဦးမှာဆိုတော့မင်းအနေနဲ့ ပြင်ဆင်ဖို့အချိန် မရနိုင်တော့ဘူး။ဒီတော့ ပြန်ပြီးရက်နည်းနည်းလောက် လေ့ကျင့်လိုက်ပါ။ ပြီးမှ ရက်ချိန်းသတ်မှတ်ပြီး ပြန်လာခဲ့လိုက်ပါ”
အားလုံး ထိုစကားကို သဘောတူကြသည်။

  ကြယ်လေးပွင့်အဆင့်အတွက် ပါ၀င်ပစ္စည်းကို ကျပန်းရွေးချယ်မဟုတ်ပေ။ အစည်းအရုံးက ထိုအတွက် ကြိုတင် ပြ င်ဆင်ထားလေ့ရှိသည်။ ဟင်းပွဲ ဆယ်ပွဲအထက် ြ ပြင်ဆင်ရမည်ဖြစ်သဖြင့် ပွဲတော်တစ်ခုစာ ချက်ပြုတ်ရမည်ဖြစ်သည်။ ထို့ကြောင့် မီနူးက အဓိကဖြစ်သည်။ ထို့အပြင် ချက်ရုံတင်မဟုတ်ဘဲ ကြည့်ရှုသူ ပရိတ်သတ်လည်း မြည်းစမ်းမည်ဖြစ်သဖြင့် ပြီးပြည့်စုံနေရပေမည်။ ထို့ကြောင့် နာရီများစွာ ကြာမည်ဖြစ်ရာ ယွမ့်ထန်း အချိန်မီ ပြင်နိုင်မည် မဟုတ်ပေ။

  ကြယ်လေးပွင့်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိသည့်တိုင် ဖြေဆိုပြီး ကျရှုံးသွားခဲ့လျှင် အနည်းဆုံး လအနည်းငယ် ကြာသည်အထိ ထပ်မံ ယှဉ်ပြိုင်ခွင့်မ၇ှိပေ။ မည်သို့ပင်ဆိုစေ လူများစွာ၏ အချိန်ကို သုံးထားရကတည်းက ပေါ့ဆစွာ လုပ်ဆောင်လို့ မဖြစ်ပေ။

သူက တစ်ရက်တည်းနှင့် ကြယ်တစ်ပွင့်မှ ကြယ်သုံးပွင့်အထိ ရောက်လာသည်။ ဒါကတင် ကြားရသူတိုင်းကို အံ့သြရန် လုံလောက်နေလေပြီ။ယွမ့်ထန်း ကိုယ်တိုင်လုပ်ထားသည့် လက်ရာများကို သူတို့ကိုယ်တိုင် မြည်းစမ်းခဲ့ကြသဖြင့် သူ၏ အလားအလာနှင့် လုပ်နိုင်စွမ်းကို သိကြ၏။ ထိုလုပ်ဆောင်နိုင်စွမ်းကြောင့် သူတို့ အံ့သြရသေးသည်။ဥက္ကဌက သူ့ကို မျှော်လင့်ထားခြင်းကိုလည်း နားလည်ကြသည်။ သူက အနာဂတ်၏ ကြယ်ငါးပွင့် စာဖိုမှူးလောင်းလျာဖြစ်သည်။ထို့ကြောင့် သူ၏ အနေအထားက အရေးကြီးလှကာ ယခုကိစ္စကြောင့် စိတ်ဒဏ်ရာ မရသွားစေချင်ပေ။

ယနေ့ခေတ် ကြည့်ရှုသူတွေအား အရူးလုပ်ရန် မလွယ်ပေ။ သူတို့ အမျိုးမျိုး အဆင်မြင့် ဆိုင်များနှင့် စာဖိုမှူးများ၏ လက်ရာကို မြည်းစမ်းခဲ့ဖူးကြကာ တော်တန်ရုံ စိတ်ကျေနပ်အောင် လုပ်ရန် ခက်သည်။ သည်နှစ်တွေအတွင်းတွင် ပထမဆုံးအကြိမ် ကြိုးစားမှုတွင် တန်းအောင်မြင်ဖူးသူ မရှိသေးချေ။

သူကသာ အင်ပါယာ၏ ထိုးနှက်မှုကို ခံရပြီး စိတ်အရိပ်မည်း ကျန်ရစ်မည်ကို သူတို့ စိုးရိမ်သည်။ သူ မ ည်သည့်အချိန်မှ စိတ်ပြန်ကောင်းမည် မသိနိုင်ပေ။ မကောင်းခဲ့ပါလျှင် အင်ပါယာအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးဖြစ်လာလိမ့်မည်။

“ ကျွန်တော့် အချိန်တစ်နာရီပဲ ပြင်ဆင်ချိန်ပေးပါ။ ဒါဆိုရင် အဆင်ပြေပါတယ်”
ယွမ့်ထန်းက ပြောသည်။

သူ၏ အသံက ရိုကျိုးကာ နှိမ့်ချသည်ဟု ထင်ရသည့်တိုင် မျက်၀န်းထဲတွင်မူ ယုံကြည်မှုတွေပြည့်နေသည်။

လူအိုကြီးတွေလည်း ယွမ့်ထန်းကို မစည်း၇ုံးနိုင်သည့်အခါ ဥက္ကဌကိုသာ ဆက်သွယ်လိုက်ရသည်။

  ဒီကလေးက ငယ်သေးပါတယ်လေ။

လွန်ခဲ့သော သုံးနှစ်ခန့်က ချီကျောက် အောင်မြင်ခဲ့ချိန်ကို သတိရသွားသည်။ထိုအချိန်က ထက်၀က်ကျော်ရုံမျှသော မဲများဖြင့် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ယခုမူ ချီကျောက်၏ အောင်မြင်ချိန်ဟာ ကုန်ဆုံးတော့မည့်ပုံရသည်။

ယွမ့်ထန်း ကြယ်လေးပွင့် စာဖိုမှူးဖြစ်လာသည်နှင့် ချီကျောက်ကို ဥက္ကဌက ပြင်းထန်စွာ အပြစ်ပေး၇န် ရာထူးမှ ထုတ်ပယ်မည်ဖြစ်သည်။

ယခင်ကဆိုလျှင် အစည်းအရုံးတွင် လူနည်းလှသဖြင့် ဥက္ကဌက အသက်အရွယ်ကြီးရင့်လာသည့်အခါ ရာထူးကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့မည်ကို စိုးရိမ်ပြီး ချီကျောက်ကို ပျိုးထောင်ပြီး ဒုဥက္ကဌ ရာထူးပေးခဲ့ခြင်းဖြစ်သည်။ သူက သူ၏ ဆရာနှင့် ကုလဲ့ကျီတို့၏ ပြင်းထန်စွာသင်ကြားပေးခြင်းကြာင့်သာ ကြယ်လေးပွင့်စာမေးပွဲအား အောင်ခဲ့ခြင်းဖြစ်သည်။ ချီကျောက် အစာဗေဒအကြောင်း မသိသော်လည်း ထူးခြားသည့် စွမ်းရည်ရှိသည်။ သူက ဟင်းပွဲ ချက်ပြုတ်ခြင်းကို တစ်ခါမြင်ဖူးရုံဖြင့် တစ်ထေရာတည်း ချက်ချင်း ချက်ပြနိုင်သည်။ သို့သော် သူ အောင်မြင်ရန်အတွက် သုံးလခန့် နေ့စဉ်ဆက်တိုက် သင်ကြားမှုခံယူကာ ချက်နည်းတိုင်းကို ကြည့်ခဲ့၏။ထို့ကြောင့်သာ အောင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကြယ်ငါးပွင့်အဆင့်ကား သူ အိပ်မက် မက်ရန်မဖြစ်နိုင်သည့် အဆင့်ဖြစ်သည်။ သူက မည်သည့်ဆန်းသစ် တီထွင်ဥာဏ်မှ မရှိရာ ထိုအဆင့်သို့ တက်ရန် မဖြစ်နိုင်ချေ။

ချီကျောက်၏ ကပ်ဘေးကို ကြိုတင်သိမြင်မှုဟာ ယွမ့်ထန်းကို မြင်သည်နှင့် ချက်ချင်း အလုပ်လုပ်ခဲ့သည်။ ယွမ့်ထန်း၏ ကြောက်မက်ဖွယ်အလားအလာကို သူ ထိတ်လန့်ခဲ့၏။ အစပိုင်းတွင်သူ သိပ်သတိမထားခဲ့ပေ။ သို့သော် သူ၏ အကြံကို ဖျက်ဆီးလာချိန်တွင်မူ လူများလွှတ်ကာ ပြဿနာ ရှာခိုင်းရတော့သည်။ သို့သော် ထိုကောင်ငယ်လေး၏ ကံကောင်းမှုကို သူ လျှော့တွက်ခဲ့မိ၏။ အာဏာရှင်က ပေါ်လာကာ ကူညီပေးခဲ့သည့်အပြင် အကယ်ဒမီကလည်း ၀င်ပါလာသည်။ ထိုသို့ဖြင့် အလွန် ကျော်ကြားသွားပီး ဥက္ကဌနှင့် အကြီးအကဲများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

မူလအတိုင်းဆိုလျှင် ဥက္ကဌက တစ်နှစ်ကြာလျှင်ပင်စင်ယူတော့မည်ဖြစ်ကာ အခြားသင့်လျော်သူ မရှိခဲ့လျှင် ထိုရာထူးက သူ့အတွက်သာ ဖြစ်လာမည်ဖြစ်၏။ သို့သော် ယွမ့်ထန်းက တိမ်ပေါ်သို့ ဆက်တိုက် တက်လာသည်။ ဥက္ကဌကလည်း သူ့ကို အစည်းအရုံးသို့ ၀င်စေချင်နေ၏။ ထိုအဖြစ်ကို သူ မည်သို့သော စိတ်ဓာတ်မျိုးနှင့်မျှ လက်မခံနိုင်ခဲ့ချေ။ ယွမ့်ထန်းသာ အစည်းအရုံးထဲသို့ ၀င်လာခဲ့လျှင် သူ့အတွက် နေရာမရှိနိုင်တော့ချေ။

တဖက်သူ စာရင်းသွင်းကြောင်း ကြားသည်နှင့် သူ၏ ကြယ်လေးပွင့်အဆင့် စာဖိုမှူးအာဏာကို သုံးပြီး ကိုယ်တိုင် ၀င်စစ်ဆေးနိုင်ရန် ကြံခဲ့သည်။ ဒါက ရန်သူကို ဂိတ်၀ကတင် နှင်ထုတ်ခြင်းဖြစ်သည်။ သူ ပိရိစွာ လုပ်ခဲ့ပါသော်လည်း ဥက္ကဌကုနှင့် မာရှယ်ဟော်၏ အာရုံကို ဆွဲဆောင်မိသွားမည်ဟု မထင်ခဲ့မိပေ။

ဥက္ကဌက ထားပါတော့၊ သူက ပုံမှန်ဆို အားလုံးကို သတိထားတာ မဟုတ်ဘူး။ ဒါပေမဲ့ မာရှယ်ဟော်က ဘယ်လိုသိသွားတာလဲ

ချီကျောက် စားပွဲကို လက်သီးဖြင့် ထိုးလိုက်သည်။
“ ယွမ့်ထန်း မင်း ဘယ်လိုဆက်လုပ်မလဲ ငါ စောင့်ကြည့်မယ်”

သူက ထိုသို့ကြိမ်းဝါးနေသည့်တိုင် တဖက်သူက ရှေ့စာမေးပွဲ သုံးခုအား လွယ်ကူစွာ ကျော်ဖြတ်သွားနိုင်သဖြင့် မသက်မသာ ခံစားနေရသည်။
တကယ်လို့ ယွမ့်ထန်းသာ လုပ်နိုင်ခဲ့ရင်…

တဖက်သူ တုန့်ဆိုင်းပြီး ကန့်သတ်ချိန်အတွင်း အချိန်မီ မချက်နိုင်ရန်သာ မျှော်လင့်လိုက်သည်။

“ @စာဖိုမှူး အစည်းအရုံး v: ဒီနေ့ည ခုနှစ်နာရီမှာ ငါတို့ ကြယ်လေးပွင့် စစ်ဆေးပွဲကို ကျင်းပမယ်။ ပြည်သူပြည်သားအားလုံးကို လာရောက် အကဲဖြတ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ယှဉ်ပြိုင်မယ့်သူကတော့ တိုက်ရိုက်ထုတ်လွှင့်ခြင်း ပလက်ဖောင်းမှာ အရမ်းကျော်ကြားနေတဲ့ တင်ဆက်သူလေးပါ။ လူတိုင်းလည်း အစားကောင်းတွေ စားချင်ကြမယ်လို့ င ါတို့ယုံကြည်တယ်။ ….တိုက်ရိုက်ထုတ်လွှင့်မယ့် ချန်နယ် လိပ်စာ: [ တရား၀င် ၀က်ဆိုက်လင့် ] ….”

[ @မော့ရန် ချန်းယွီ: ဝိုး… ကြယ်လေးပွင့် စာဖိုမှူး စစ်ဆေးပွဲလား။ အစားကောင်းတွေ စားရတော့မယ် ]

[ @အားလင့်: အစည်းအရုံးက ဒီလို လူတစ်ယောက်ကို ချီးကျူးတာမျိုး မြင်ရခဲတယ်]

[@ နဂါးငွေ့တန်းနဲ့ အဝေးအဝေးကြီးမှာ: အစားအသောက် တင်ဆက်သူလား၊  ပြိုင်ပွဲ၀င်မယ်ဆိုပြီး တိုက်ရိုက်ထုတ်လွှင့်မှု နားထားတဲ့ တင်ဆက်သူတစ်ယောက်ကိုတောင် သတိရသွားတယ်။ ဒါပေမဲ့ သူဆိုရင် ကြယ်တစ်ပွင့်ပဲ ဖြစ်သင့်တာလေ]

[@ရိုးတွင်းခြင်ဆီတောင် ထိတ်လန့်လို့ လှုပ်ကုန်ပြီ:  မြန်မြန် အစည်းအရုံးရဲ့ တရား၀င် ၀က်ဆိုက်ထဲ ၀င်ကြည့်ကြ။ အဲဒီမှာ အသစ်တင်ထားတဲ့ ဗီဒီယိုတွေ တက်လာပြီ။ တစ်ယောက်ထဲက ကြယ်တစ်ပွင့်ကနေ ကြယ်သုံးပွင့်ကို တက်သွားတာနော်။ ငါတော့ ဒီတစ်ယောက်ပဲ ကြယ်လေးပွင့် စာမေးပွဲဖြေမယ်လို့ထင်တယ်]

[@ နဂါးငွေ့တန်းနဲ့ အဝေးအဝေးကြီးမှာ: သူပဲ သူပဲ သူပဲလေ။ အာ ငါ သူ့လို ထင်မိပေမဲ့ တကယ် သူလို့ မထင်ထားဘူး။  ဟင့်( ငိုလိုက် ရယ်လိုက် အီမိုဂျီ) //[@ရိုးတွင်းခြင်ဆီတောင် ထိတ်လန့်လို့ လှုပ်ကုန်ပြီ:  မြန်မြန် အစည်းအရုံးရဲ့ တရား၀င် ၀က်ဆိုက်ထဲ ၀င်ကြည့်ကြ။]

[@ရှားမီ v: ၁ // [@ နဂါးငွေ့တန်းနဲ့ အဝေးအဝေးကြီးမှာ: သူပဲ သူပဲ]

[@ရွှေပြားတွေကျလာပြီ : အား……………………………. ငါ သွားကြည့်ပြီးပြီ။ တကယ်ကို ငါတို့ရဲ့ တင်ဆက်သူပဲ အား………………………………………….]

[@မော့မိသားစုရဲ့ ကျောက်စိမ်းလေး: ငါ ဒီတင်ဆက်သူက အံ့သြဖို့ကောင်းမှန်း သိထားပေမဲ့ ဒီလောက်အထိ မင်သက်စရာ ကောင်းမယ်လို့ မထင်ထားဘူး]

ပုံမှန်အတိုင်းဆိုလျှင်ပင် ကြယ်လေးပွင့် စစ်ဆေးခြင်းက အလွန် အရေးကြီးသော သတင်းထူးဖြစ်သည်။ အင်ပါယာ တစ်ခုလုံး၏ အာရုံစိုက်ရာလည်ြး ဖ်၏။ ယခုမူ ယှဉ်ပြိုင်မည့်သူဟာ ကျော်ကြားလှသည့် တစ်ရက်ထဲတွင် သုံးဆင့်ဆက်တိုက် လွယ်ကူစွာ အောင်မြင်လာသည့် တင်ဆက်သူတစ်ယောက်ဖြစ်နေရာ မည်သူမှ  စိတ်မလှုပ်၇ှားဘဲ မနေနိုင်အောင် ဖြစ်ရသည်။

ထိုတစ်ခဏတွင် မရေမတွက်နိုင်သော ကြည့်ရှုသူများက အစည်းအရုံး၏ တရား၀င် ၀က်ဆိုက်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဆိုက်တွင် ထိုင်စောင့်နေကြတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုက မစတင်သေးသော်လည်း အားလုံးက ယခင်ဗီဒီယိုတွေကို ပြန်ကြည့်ရင်း စောင့်နေကြသည်။

[@ရတနာ ခုနှစ်သွယ်: အိုး မိုင်ဂေါ့…. ဘယ်လောက်တောင် အရသာရှိလိုက်သလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရသာရှိရတာလဲ… ဝူး…ဝူး..ဝူး]

[@ထရန်စပါးရန့်လေး: ငါ အကြိုက်ဆုံးက ၀က်ချိုချဉ်ပဲ။ တအာကောင်းတယ်။ စစ်ဆေးသူတွေ ကွယ်ရာကျရင် ပန်းကန် လျက်နေလောက်တယ်]

ပြိုင်ပွဲ၀င် ဗီဒီယိုများဟာ သုံးဖက်မြင် ဖန်သားပုံရိပ် နည်းပညာဖြင့်ဖြစ်ရာ မြိုချခြင်းမှလွဲပြီး ကျန်တာမှန်သမျှ လုပ်နိုင်လေသည်။ ဒါက ထောင့်ကင်မရာမှ ရိုက်ထားသည့်တိုင် အကာအကွယ်စနစ်ကြောင့် ယွမ့်ထန်း ဆန္ဒမရှိသည့်အတိုင်း သူ့မျက်နှာကို မြင်ရလိမ့်မည် မဟုတ်ပေ။

ပထမပိုင်းတွင် ချီကျောက်၏ အပြစ်ရှာခြင်းနှင့် ဥက္ကဌကုတို့၏ အပိုင်းကို ဖြတ်ထားသည်။ သို့သော် ယွမ့်ထန်း၏ လုပ်နိုင်စွမ်းကြောင့် မည်သူမျှ သံသယ မ၀င်ကြပေ။  သဲလွန်စရှာနိုင်သူများ ရှိသော်လည်း အရေးသိပ်မကြီးသွားပေ။

သို့သော် နောက်ဗီဒီယိုသို့ ရောက်သည်နှင့် သံသယ၀င်သူတိုင်း လက်ခံကုန်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့ကိုယ်တိုင် အရသာကို မြည်းခဲ့ရ၏။ထို့ကြောင့် သူတို့ ယွမ့်ထန်း၏ လုပ်နိုင်စွမ်းကို သိသွားကြသည်။

[@ ဖေဖော်ဝါရီ ၁၅: ဝူးဝူးဝူး အချိန်ကုန်တာ နှေးလိုက်တာ။ ငါ ယွမ့်ထန်းရဲ့ ယှဉ်ပြိုင်မှုကို မြည်းချင်… အဲ ကြည့်ချင်နေပြီလေ]

[@ မော့လျှိုပိုင်: ယွမ့်ထန်းဟုတ်လား၊ ငါ ကြိုက်ခဲ့တဲ့ အိုင်ဒေါရဲ့ နာမည်နဲ့ တူလိုက်တာ]

[@ ရှောင်ချုံ: ဟေ့ ဟေ့ အပေါ်က တစ်ယောက်၊ နှစ်ဘက်နွယ်ပြီး ပြဿနာရှာမယ် မကြံနဲ့နော်။ နင် ပြောတဲ့ သူကို ငါ သိတယ်။ သူက ကိုမာ၀င်နေတာ ငါးနှစ်တောင် ကြာပြီ မဟုတ်လား။ စာချုပ်သာ ဖျက်လိုက်ရင် သူက ဘယ်က ပိုက်ဆံနဲ့ သွားပြီး ဟင်းချက်သင်နိုင်တော့မှာလဲ]

သူတို့ ပြောဆိုနေကြရင်းမှ ခုနှစ်နာရီ ထိုးသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုလည်း စတင်သည်။

ဖန်သားပြင်တွင် အလွန် ခမ်းနားသည့် ကစ်ချန်းကို မြင်ရသည်။မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုးကို မြင်ရသည်။ထို့အပြင် စက်ရုပ်နှစ်ခုကလည်း ပန်းကန်ဆေးသူကဆေး၊ သန့်ရှင်းရေး လုပ်သူက လုပ်နေသည်။  သူက ဟင်းပွဲများစွာ ချက်ပြုတ်ရမည်ဖြစ်ကာ လိုအပ်သည့် ပန်းကန်များနှင့်   ဒယ်အိုး၊ ဒယ်ပြားများ များပြားလေရာ တစ်ယောက်တည်းအားဖြင့် မြ ဖစ်နိုင်ချေ။ ထို့ကြောင့် လက်ထောက်လိုလေသည်။

အခြားတဘက်ခြမ်းတွင် စားပွဲရှည်ရှိကာ အကြီးအကဲ ရှစ်ယောက် ထိုင်နေသည်။ ဥက္ကဌလည်းပါ၏။ သူတို့ အချင်းချင်း မှတ်ချက်ချနေကြကာ ဟင်းပွဲတိုင်းကို ပရိတ်သတ်နှင့်ေ ဆွးနွေးပေးကြမည်ဖြစ်၏။ သူတို့က မဲပေးပိုင်ခွင့်ရှိသော်လည်း သူတို့၏ မဲများက ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လူဦးရေ တစ်ဘီလီယမ် ကျော်သွားလေပြီ။ စာများ မျိုးစုံတက်နေကာ တာ၀န်ရှိသူများက ချန်နယ်နှင့် ပူးပေါင်းပြီး ထိန်းချုပ်ကာ ယွမ့်ထန်းတို့ကို မြင်ရစေရန် နေရာခြားပေးလိုက်ရသည်။

အားလုံးက ထိုသို့မောက်မာပြီး ထောင်လွှားသော ပညာရှင်လေးကို မြင်ဖူးချင်နေကြသည်။ ထိုအခိုက် အရပ်၇ှည်ကာ ကြည့်ကောင်းမည့် တစ်စုံတစ်ယောက်က ၀င်ပေါက်တွင် ပေါ်လာသည်။ သူတို့ ယွမ့်ထန်း၏ မျက်နှာကို မြင်ရတော့မည့်အချိန်တွင်  ချက်ပြုတ်သူနေရာမှ မြင်ရသည့်အခြေအနေသို့ ရောက်သွား၏။ထိုအခိုက်   ကြည်လင်ချိုမျသည့် အသံကို အားလုံး ကြားလိုက်ရသည်။

“ ဟယ်လို အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ်က ဒီနေ့ မင်းတို့ကို လေးရာသီ ပွဲတော်ကို ချက်ပြုတ် ပြင်ဆင်ပြမှာပါ”

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်

ဒီတစ်ခေါက် ဘယ်နှစ်ရက် ကြာသွားလည်း လေးရက်လားပဲ။ ဟီးဟီး
  အပြင်ထွက်စရာတွေ များနေတာနဲ့  အချစ်လေးကို အချိန်မပေးနိုင်ဘူ း ဖြစ်သွားတယ်။

အမှားလေးတွေ စစ်ပေးတဲ့ အလှလေး ကြွေ့ကို စစ်ပေးဦးနော် ဟီး

    ကဲ ဒါလေး ဖတ်ပြီး ကျေနပ်လိုက်ကြပါဦး.. ကြွေ ကြောင်လေးတွေကို အစာကြွေးချိန်တောင် အကျော်ခံပြီး ရေးထားတာ

-----

အပိုင္း ၂၄

“ မင္း ေသခ်ာရဲ႕လား”
စစ္ေဆးသူ ေခါင္းေဆာင္က တုန့္ဆိုင္းစြာ ေမး၏။

“ ၾကယ္ေလးပြင့္ စာေမးပြဲက ထင္သေလာက္ မလြယ္ဘူးေနာ္”

“ မင္း စာေမးပြဲေအာင္ဖို႔ ပါ၀င္ပစၥည္းအမ်ိဳးႏွစ္ဆယ္ကို သုံး႐ုံတင္မဟုတ္ဘူး၊ ဟင္းဆယ္ပြဲ အနည္းဆုံး ခ်က္ျပရမွာ။ အခက္ဆုံးအခ်က္က စစ္ေဆးသူေတြက ငါတို႔အဖြဲ႕အစည္းကတင္ မဟုတ္ဘူး၊ ျပည္သူေတြအားလုံး ပါ၀င္ေနမွာပဲ။ “

ၾကယ္တစ္ပြင့္မွ သုံးပြင့္အထိ စစ္ေဆးမူအား ၀က္ဆိုက္တြင္ ျပန္လည္တင္ေပးသည့္တိုင္ ထိုအခ်ိန္တြင္ အရာအားလုံး ဆုံးျဖတ္ၿပီးေလၿပီ။ သို႔ရာတြင္ ၾကယ္ေလးပြင့္ကား အင္ပါယာအတြက္ အေရးႀကီးလွရာ ဘက္လိုက္ျခင္း၊ လာဘ္စားျခင္း စသျဖင့္တို႔အတြက္ အစည္းအ႐ုံး၏ ၀က္ဆိုက္တြင္ တိုက္ရိုက္ထုတ္လႊင့္ၿပီး စစ္ေဆးမႈ ခံယူရသည္။ အဆုံးအျဖတ္ကို ပရိတ္သတ္ထံမွ ခံယူရမည္ျဖစ္ကာ မဲ ထက္၀က္ေက်ာ္ရလွ်င္ အနိုင္ရသည္ဟု သတ္မွတ္သည္။အခ်ိဳ႕ေသာ္ စာဖိုမႉးမ်ားက အဆင့္ေလးသို႔ တက္ခ်င္လွေသာ္လည္း မသမာနည္းျဖင့္ မဲမ်ား ၀ယ္ယူခ်င္လွ်င္ပင္ ၾကည့္ရႈသူ သန္းရာေက်ာ္အတြက္ တတ္နိုင္ျခင္းမရွိေပ။ ထို႔ေၾကာင့္ သည္နည္းက မွ်တသည္ဟု ဆိုျခင္းျဖစ္သည္။

ထို႔အျပင္ ၾကယ္ေလးပြင့္အဆင့္ဟာ အင္ပါယာအတြက္ အလြန္ အဖိုးတန္လွသည္။ မည္သူကမွ် ျပည္သူ ထက္၀က္ေက်ာ္၏ မဲကို ၀ယ္နိုင္လိမ့္မည္ မဟုတ္ေပ။


“ ကဲ မင္း နားလည္ၿပီလား။ အမ်ိဳးအစားႏွစ္ဆယ္ေက်ာ္အတြက္ ဟင္းပြဲ ဆယ္ပြဲ လုပ္ရမယ္ပဲဆိုပါစို႔၊ မီႏူးလုပ္ဖို႔အခ်ိန္က လိုဦးမယ္။ အခုဆိုရင္ ေလးနာရီ ထိုးေနၿပီ။ တိုက္ရိုက္ထုတ္လႊင့္ရဦးမွာဆိုေတာ့မင္းအေနနဲ႕ ျပင္ဆင္ဖို႔အခ်ိန္ မရနိုင္ေတာ့ဘူး။ဒီေတာ့ ျပန္ၿပီးရက္နည္းနည္းေလာက္ ေလ့က်င့္လိုက္ပါ။ ၿပီးမွ ရက္ခ်ိန္းသတ္မွတ္ၿပီး ျပန္လာခဲ့လိုက္ပါ”
အားလုံး ထိုစကားကို သေဘာတူၾကသည္။

  ၾကယ္ေလးပြင့္အဆင့္အတြက္ ပါ၀င္ပစၥည္းကို က်ပန္းေ႐ြးခ်ယ္မဟုတ္ေပ။ အစည္းအ႐ုံးက ထိုအတြက္ ႀကိဳတင္ ျပ င္ဆင္ထားေလ့ရွိသည္။ ဟင္းပြဲ ဆယ္ပြဲအထက္ ျ ျပင္ဆင္ရမည္ျဖစ္သျဖင့္ ပြဲေတာ္တစ္ခုစာ ခ်က္ျပဳတ္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ မီႏူးက အဓိကျဖစ္သည္။ ထို႔အျပင္ ခ်က္႐ုံတင္မဟုတ္ဘဲ ၾကည့္ရႈသူ ပရိတ္သတ္လည္း ျမည္းစမ္းမည္ျဖစ္သျဖင့္ ၿပီးျပည့္စုံေနရေပမည္။ ထို႔ေၾကာင့္ နာရီမ်ားစြာ ၾကာမည္ျဖစ္ရာ ယြမ့္ထန္း အခ်ိန္မီ ျပင္နိုင္မည္ မဟုတ္ေပ။

  ၾကယ္ေလးပြင့္အတြက္ အခ်ိန္သတ္မွတ္ထားျခင္းမရွိသည့္တိုင္ ေျဖဆိုၿပီး က်ရႈံးသြားခဲ့လွ်င္ အနည္းဆုံး လအနည္းငယ္ ၾကာသည္အထိ ထပ္မံ ယွဥ္ၿပိဳင္ခြင့္မ၇ွိေပ။ မည္သို႔ပင္ဆိုေစ လူမ်ားစြာ၏ အခ်ိန္ကို သုံးထားရကတည္းက ေပါ့ဆစြာ လုပ္ေဆာင္လို႔ မျဖစ္ေပ။

သူက တစ္ရက္တည္းႏွင့္ ၾကယ္တစ္ပြင့္မွ ၾကယ္သုံးပြင့္အထိ ေရာက္လာသည္။ ဒါကတင္ ၾကားရသူတိုင္းကို အံ့ၾသရန္ လုံေလာက္ေနေလၿပီ။ယြမ့္ထန္း ကိုယ္တိုင္လုပ္ထားသည့္ လက္ရာမ်ားကို သူတို႔ကိုယ္တိုင္ ျမည္းစမ္းခဲ့ၾကသျဖင့္ သူ၏ အလားအလာႏွင့္ လုပ္နိုင္စြမ္းကို သိၾက၏။ ထိုလုပ္ေဆာင္နိုင္စြမ္းေၾကာင့္ သူတို႔ အံ့ၾသရေသးသည္။ဥကၠဌက သူ႕ကို ေမွ်ာ္လင့္ထားျခင္းကိုလည္း နားလည္ၾကသည္။ သူက အနာဂတ္၏ ၾကယ္ငါးပြင့္ စာဖိုမႉးေလာင္းလ်ာျဖစ္သည္။ထို႔ေၾကာင့္ သူ၏ အေနအထားက အေရးႀကီးလွကာ ယခုကိစၥေၾကာင့္ စိတ္ဒဏ္ရာ မရသြားေစခ်င္ေပ။

ယေန႕ေခတ္ ၾကည့္ရႈသူေတြအား အ႐ူးလုပ္ရန္ မလြယ္ေပ။ သူတို႔ အမ်ိဳးမ်ိဳး အဆင္ျမင့္ ဆိုင္မ်ားႏွင့္ စာဖိုမႉးမ်ား၏ လက္ရာကို ျမည္းစမ္းခဲ့ဖူးၾကကာ ေတာ္တန္႐ုံ စိတ္ေက်နပ္ေအာင္ လုပ္ရန္ ခက္သည္။ သည္ႏွစ္ေတြအတြင္းတြင္ ပထမဆုံးအႀကိမ္ ႀကိဳးစားမႈတြင္ တန္းေအာင္ျမင္ဖူးသူ မရွိေသးေခ်။

သူကသာ အင္ပါယာ၏ ထိုးႏွက္မႈကို ခံရၿပီး စိတ္အရိပ္မည္း က်န္ရစ္မည္ကို သူတို႔ စိုးရိမ္သည္။ သူ မ ည္သည့္အခ်ိန္မွ စိတ္ျပန္ေကာင္းမည္ မသိနိုင္ေပ။ မေကာင္းခဲ့ပါလွ်င္ အင္ပါယာအတြက္ ႀကီးမားသည့္ ဆုံးရႈံးမႈႀကီးျဖစ္လာလိမ့္မည္။

“ ကြၽန္ေတာ့္ အခ်ိန္တစ္နာရီပဲ ျပင္ဆင္ခ်ိန္ေပးပါ။ ဒါဆိုရင္ အဆင္ေျပပါတယ္”
ယြမ့္ထန္းက ေျပာသည္။

သူ၏ အသံက ရိုက်ိဳးကာ ႏွိမ့္ခ်သည္ဟု ထင္ရသည့္တိုင္ မ်က္၀န္းထဲတြင္မူ ယုံၾကည္မႈေတြျပည့္ေနသည္။

လူအိုႀကီးေတြလည္း ယြမ့္ထန္းကို မစည္း၇ုံးနိုင္သည့္အခါ ဥကၠဌကိုသာ ဆက္သြယ္လိုက္ရသည္။

  ဒီကေလးက ငယ္ေသးပါတယ္ေလ။

လြန္ခဲ့ေသာ သုံးႏွစ္ခန့္က ခ်ီေက်ာက္ ေအာင္ျမင္ခဲ့ခ်ိန္ကို သတိရသြားသည္။ထိုအခ်ိန္က ထက္၀က္ေက်ာ္႐ုံမွ်ေသာ မဲမ်ားျဖင့္ ေအာင္ျမင္သြားခဲ့ျခင္းျဖစ္သည္။ယခုမူ ခ်ီေက်ာက္၏ ေအာင္ျမင္ခ်ိန္ဟာ ကုန္ဆုံးေတာ့မည့္ပုံရသည္။

ယြမ့္ထန္း ၾကယ္ေလးပြင့္ စာဖိုမႉးျဖစ္လာသည္ႏွင့္ ခ်ီေက်ာက္ကို ဥကၠဌက ျပင္းထန္စြာ အျပစ္ေပး၇န္ ရာထူးမွ ထုတ္ပယ္မည္ျဖစ္သည္။

ယခင္ကဆိုလွ်င္ အစည္းအ႐ုံးတြင္ လူနည္းလွသျဖင့္ ဥကၠဌက အသက္အ႐ြယ္ႀကီးရင့္လာသည့္အခါ ရာထူးကို ထိန္းသိမ္းထားနိုင္စြမ္း မရွိေတာ့မည္ကို စိုးရိမ္ၿပီး ခ်ီေက်ာက္ကို ပ်ိဳးေထာင္ၿပီး ဒုဥကၠဌ ရာထူးေပးခဲ့ျခင္းျဖစ္သည္။ သူက သူ၏ ဆရာႏွင့္ ကုလဲ့က်ီတို႔၏ ျပင္းထန္စြာသင္ၾကားေပးျခင္းၾကာင့္သာ ၾကယ္ေလးပြင့္စာေမးပြဲအား ေအာင္ခဲ့ျခင္းျဖစ္သည္။ ခ်ီေက်ာက္ အစာေဗဒအေၾကာင္း မသိေသာ္လည္း ထူးျခားသည့္ စြမ္းရည္ရွိသည္။ သူက ဟင္းပြဲ ခ်က္ျပဳတ္ျခင္းကို တစ္ခါျမင္ဖူး႐ုံျဖင့္ တစ္ေထရာတည္း ခ်က္ခ်င္း ခ်က္ျပနိုင္သည္။ သို႔ေသာ္ သူ ေအာင္ျမင္ရန္အတြက္ သုံးလခန့္ ေန႕စဥ္ဆက္တိုက္ သင္ၾကားမႈခံယူကာ ခ်က္နည္းတိုင္းကို ၾကည့္ခဲ့၏။ထို႔ေၾကာင့္သာ ေအာင္ခဲ့ျခင္းျဖစ္သည္။

သို႔ရာတြင္ ၾကယ္ငါးပြင့္အဆင့္ကား သူ အိပ္မက္ မက္ရန္မျဖစ္နိုင္သည့္ အဆင့္ျဖစ္သည္။ သူက မည္သည့္ဆန္းသစ္ တီထြင္ဥာဏ္မွ မရွိရာ ထိုအဆင့္သို႔ တက္ရန္ မျဖစ္နိုင္ေခ်။

ခ်ီေက်ာက္၏ ကပ္ေဘးကို ႀကိဳတင္သိျမင္မႈဟာ ယြမ့္ထန္းကို ျမင္သည္ႏွင့္ ခ်က္ခ်င္း အလုပ္လုပ္ခဲ့သည္။ ယြမ့္ထန္း၏ ေၾကာက္မက္ဖြယ္အလားအလာကို သူ ထိတ္လန့္ခဲ့၏။ အစပိုင္းတြင္သူ သိပ္သတိမထားခဲ့ေပ။ သို႔ေသာ္ သူ၏ အႀကံကို ဖ်က္ဆီးလာခ်ိန္တြင္မူ လူမ်ားလႊတ္ကာ ျပႆနာ ရွာခိုင္းရေတာ့သည္။ သို႔ေသာ္ ထိုေကာင္ငယ္ေလး၏ ကံေကာင္းမႈကို သူ ေလွ်ာ့တြက္ခဲ့မိ၏။ အာဏာရွင္က ေပၚလာကာ ကူညီေပးခဲ့သည့္အျပင္ အကယ္ဒမီကလည္း ၀င္ပါလာသည္။ ထိုသို႔ျဖင့္ အလြန္ ေက်ာ္ၾကားသြားပီး ဥကၠဌႏွင့္ အႀကီးအကဲမ်ား၏ အာ႐ုံကို ဆြဲေဆာင္နိုင္ခဲ့၏။

မူလအတိုင္းဆိုလွ်င္ ဥကၠဌက တစ္ႏွစ္ၾကာလွ်င္ပင္စင္ယူေတာ့မည္ျဖစ္ကာ အျခားသင့္ေလ်ာ္သူ မရွိခဲ့လွ်င္ ထိုရာထူးက သူ႕အတြက္သာ ျဖစ္လာမည္ျဖစ္၏။ သို႔ေသာ္ ယြမ့္ထန္းက တိမ္ေပၚသို႔ ဆက္တိုက္ တက္လာသည္။ ဥကၠဌကလည္း သူ႕ကို အစည္းအ႐ုံးသို႔ ၀င္ေစခ်င္ေန၏။ ထိုအျဖစ္ကို သူ မည္သို႔ေသာ စိတ္ဓာတ္မ်ိဳးႏွင့္မွ် လက္မခံနိုင္ခဲ့ေခ်။ ယြမ့္ထန္းသာ အစည္းအ႐ုံးထဲသို႔ ၀င္လာခဲ့လွ်င္ သူ႕အတြက္ ေနရာမရွိနိုင္ေတာ့ေခ်။

တဖက္သူ စာရင္းသြင္းေၾကာင္း ၾကားသည္ႏွင့္ သူ၏ ၾကယ္ေလးပြင့္အဆင့္ စာဖိုမႉးအာဏာကို သုံးၿပီး ကိုယ္တိုင္ ၀င္စစ္ေဆးနိုင္ရန္ ႀကံခဲ့သည္။ ဒါက ရန္သူကို ဂိတ္၀ကတင္ ႏွင္ထုတ္ျခင္းျဖစ္သည္။ သူ ပိရိစြာ လုပ္ခဲ့ပါေသာ္လည္း ဥကၠဌကုႏွင့္ မာရွယ္ေဟာ္၏ အာ႐ုံကို ဆြဲေဆာင္မိသြားမည္ဟု မထင္ခဲ့မိေပ။

ဥကၠဌက ထားပါေတာ့၊ သူက ပုံမွန္ဆို အားလုံးကို သတိထားတာ မဟုတ္ဘူး။ ဒါေပမဲ့ မာရွယ္ေဟာ္က ဘယ္လိုသိသြားတာလဲ

ခ်ီေက်ာက္ စားပြဲကို လက္သီးျဖင့္ ထိုးလိုက္သည္။
“ ယြမ့္ထန္း မင္း ဘယ္လိုဆက္လုပ္မလဲ ငါ ေစာင့္ၾကည့္မယ္”

သူက ထိုသို႔ႀကိမ္းဝါးေနသည့္တိုင္ တဖက္သူက ေရွ႕စာေမးပြဲ သုံးခုအား လြယ္ကူစြာ ေက်ာ္ျဖတ္သြားနိုင္သျဖင့္ မသက္မသာ ခံစားေနရသည္။
တကယ္လို႔ ယြမ့္ထန္းသာ လုပ္နိုင္ခဲ့ရင္…

တဖက္သူ တုန့္ဆိုင္းၿပီး ကန့္သတ္ခ်ိန္အတြင္း အခ်ိန္မီ မခ်က္နိုင္ရန္သာ ေမွ်ာ္လင့္လိုက္သည္။

“ @စာဖိုမႉး အစည္းအ႐ုံး v: ဒီေန႕ည ခုႏွစ္နာရီမွာ ငါတို႔ ၾကယ္ေလးပြင့္ စစ္ေဆးပြဲကို က်င္းပမယ္။ ျပည္သူျပည္သားအားလုံးကို လာေရာက္ အကဲျဖတ္ေပးဖို႔ ဖိတ္ေခၚပါတယ္။ ယွဥ္ၿပိဳင္မယ့္သူကေတာ့ တိုက္ရိုက္ထုတ္လႊင့္ျခင္း ပလက္ေဖာင္းမွာ အရမ္းေက်ာ္ၾကားေနတဲ့ တင္ဆက္သူေလးပါ။ လူတိုင္းလည္း အစားေကာင္းေတြ စားခ်င္ၾကမယ္လို႔ င ါတို႔ယုံၾကည္တယ္။ ….တိုက္ရိုက္ထုတ္လႊင့္မယ့္ ခ်န္နယ္ လိပ္စာ: [ တရား၀င္ ၀က္ဆိုက္လင့္ ] ….”

[ @ေမာ့ရန္ ခ်န္းယြီ: ဝိုး… ၾကယ္ေလးပြင့္ စာဖိုမႉး စစ္ေဆးပြဲလား။ အစားေကာင္းေတြ စားရေတာ့မယ္ ]

[ @အားလင့္: အစည္းအ႐ုံးက ဒီလို လူတစ္ေယာက္ကို ခ်ီးက်ဴးတာမ်ိဳး ျမင္ရခဲတယ္]

[@ နဂါးေငြ႕တန္းနဲ႕ အေဝးအေဝးႀကီးမွာ: အစားအေသာက္ တင္ဆက္သူလား၊  ၿပိဳင္ပြဲ၀င္မယ္ဆိုၿပီး တိုက္ရိုက္ထုတ္လႊင့္မႈ နားထားတဲ့ တင္ဆက္သူတစ္ေယာက္ကိုေတာင္ သတိရသြားတယ္။ ဒါေပမဲ့ သူဆိုရင္ ၾကယ္တစ္ပြင့္ပဲ ျဖစ္သင့္တာေလ]

[@ရိုးတြင္းျခင္ဆီေတာင္ ထိတ္လန့္လို႔ လႈပ္ကုန္ၿပီ:  ျမန္ျမန္ အစည္းအ႐ုံးရဲ႕ တရား၀င္ ၀က္ဆိုက္ထဲ ၀င္ၾကည့္ၾက။ အဲဒီမွာ အသစ္တင္ထားတဲ့ ဗီဒီယိုေတြ တက္လာၿပီ။ တစ္ေယာက္ထဲက ၾကယ္တစ္ပြင့္ကေန ၾကယ္သုံးပြင့္ကို တက္သြားတာေနာ္။ ငါေတာ့ ဒီတစ္ေယာက္ပဲ ၾကယ္ေလးပြင့္ စာေမးပြဲေျဖမယ္လို႔ထင္တယ္]

[@ နဂါးေငြ႕တန္းနဲ႕ အေဝးအေဝးႀကီးမွာ: သူပဲ သူပဲ သူပဲေလ။ အာ ငါ သူ႕လို ထင္မိေပမဲ့ တကယ္ သူလို႔ မထင္ထားဘူး။  ဟင့္( ငိုလိုက္ ရယ္လိုက္ အီမိုဂ်ီ) //[@ရိုးတြင္းျခင္ဆီေတာင္ ထိတ္လန့္လို႔ လႈပ္ကုန္ၿပီ:  ျမန္ျမန္ အစည္းအ႐ုံးရဲ႕ တရား၀င္ ၀က္ဆိုက္ထဲ ၀င္ၾကည့္ၾက။]

[@ရွားမီ v: ၁ // [@ နဂါးေငြ႕တန္းနဲ႕ အေဝးအေဝးႀကီးမွာ: သူပဲ သူပဲ]

[@ေ႐ႊျပားေတြက်လာၿပီ : အား……………………………. ငါ သြားၾကည့္ၿပီးၿပီ။ တကယ္ကို ငါတို႔ရဲ႕ တင္ဆက္သူပဲ အား………………………………………….]

[@ေမာ့မိသားစုရဲ႕ ေက်ာက္စိမ္းေလး: ငါ ဒီတင္ဆက္သူက အံ့ၾသဖို႔ေကာင္းမွန္း သိထားေပမဲ့ ဒီေလာက္အထိ မင္သက္စရာ ေကာင္းမယ္လို႔ မထင္ထားဘူး]

ပုံမွန္အတိုင္းဆိုလွ်င္ပင္ ၾကယ္ေလးပြင့္ စစ္ေဆးျခင္းက အလြန္ အေရးႀကီးေသာ သတင္းထူးျဖစ္သည္။ အင္ပါယာ တစ္ခုလုံး၏ အာ႐ုံစိုက္ရာလည္ျး ဖ္၏။ ယခုမူ ယွဥ္ၿပိဳင္မည့္သူဟာ ေက်ာ္ၾကားလွသည့္ တစ္ရက္ထဲတြင္ သုံးဆင့္ဆက္တိုက္ လြယ္ကူစြာ ေအာင္ျမင္လာသည့္ တင္ဆက္သူတစ္ေယာက္ျဖစ္ေနရာ မည္သူမွ  စိတ္မလႈပ္၇ွားဘဲ မေနနိုင္ေအာင္ ျဖစ္ရသည္။

ထိုတစ္ခဏတြင္ မေရမတြက္နိုင္ေသာ ၾကည့္ရႈသူမ်ားက အစည္းအ႐ုံး၏ တရား၀င္ ၀က္ဆိုက္၏ တိုက္ရိုက္ထုတ္လႊင့္ျခင္း ဆိုက္တြင္ ထိုင္ေစာင့္ေနၾကေတာ့သည္။

တိုက္ရိုက္ထုတ္လႊင့္မႈက မစတင္ေသးေသာ္လည္း အားလုံးက ယခင္ဗီဒီယိုေတြကို ျပန္ၾကည့္ရင္း ေစာင့္ေနၾကသည္။

[@ရတနာ ခုႏွစ္သြယ္: အိုး မိုင္ေဂါ့…. ဘယ္ေလာက္ေတာင္ အရသာရွိလိုက္သလဲ။ ဘယ္လိုျဖစ္ၿပီး ဒီေလာက္ေတာင္ အရသာရွိရတာလဲ… ဝူး…ဝူး..ဝူး]

[@ထရန္စပါးရန့္ေလး: ငါ အႀကိဳက္ဆုံးက ၀က္ခ်ိဳခ်ဥ္ပဲ။ တအာေကာင္းတယ္။ စစ္ေဆးသူေတြ ကြယ္ရာက်ရင္ ပန္းကန္ လ်က္ေနေလာက္တယ္]

ၿပိဳင္ပြဲ၀င္ ဗီဒီယိုမ်ားဟာ သုံးဖက္ျမင္ ဖန္သားပုံရိပ္ နည္းပညာျဖင့္ျဖစ္ရာ ၿမိဳခ်ျခင္းမွလြဲၿပီး က်န္တာမွန္သမွ် လုပ္နိုင္ေလသည္။ ဒါက ေထာင့္ကင္မရာမွ ရိုက္ထားသည့္တိုင္ အကာအကြယ္စနစ္ေၾကာင့္ ယြမ့္ထန္း ဆႏၵမရွိသည့္အတိုင္း သူ႕မ်က္ႏွာကို ျမင္ရလိမ့္မည္ မဟုတ္ေပ။

ပထမပိုင္းတြင္ ခ်ီေက်ာက္၏ အျပစ္ရွာျခင္းႏွင့္ ဥကၠဌကုတို႔၏ အပိုင္းကို ျဖတ္ထားသည္။ သို႔ေသာ္ ယြမ့္ထန္း၏ လုပ္နိုင္စြမ္းေၾကာင့္ မည္သူမွ် သံသယ မ၀င္ၾကေပ။  သဲလြန္စရွာနိုင္သူမ်ား ရွိေသာ္လည္း အေရးသိပ္မႀကီးသြားေပ။

သို႔ေသာ္ ေနာက္ဗီဒီယိုသို႔ ေရာက္သည္ႏွင့္ သံသယ၀င္သူတိုင္း လက္ခံကုန္ၾကသည္။ မည္သို႔ပင္ဆိုေစ သူတို႔ကိုယ္တိုင္ အရသာကို ျမည္းခဲ့ရ၏။ထို႔ေၾကာင့္ သူတို႔ ယြမ့္ထန္း၏ လုပ္နိုင္စြမ္းကို သိသြားၾကသည္။

[@ ေဖေဖာ္ဝါရီ ၁၅: ဝူးဝူးဝူး အခ်ိန္ကုန္တာ ေႏွးလိုက္တာ။ ငါ ယြမ့္ထန္းရဲ႕ ယွဥ္ၿပိဳင္မႈကို ျမည္းခ်င္… အဲ ၾကည့္ခ်င္ေနၿပီေလ]

[@ ေမာ့လွ်ိုပိုင္: ယြမ့္ထန္းဟုတ္လား၊ ငါ ႀကိဳက္ခဲ့တဲ့ အိုင္ေဒါရဲ႕ နာမည္နဲ႕ တူလိုက္တာ]

[@ ေရွာင္ခ်ဳံ: ေဟ့ ေဟ့ အေပၚက တစ္ေယာက္၊ ႏွစ္ဘက္ႏြယ္ၿပီး ျပႆနာရွာမယ္ မႀကံနဲ႕ေနာ္။ နင္ ေျပာတဲ့ သူကို ငါ သိတယ္။ သူက ကိုမာ၀င္ေနတာ ငါးႏွစ္ေတာင္ ၾကာၿပီ မဟုတ္လား။ စာခ်ဳပ္သာ ဖ်က္လိုက္ရင္ သူက ဘယ္က ပိုက္ဆံနဲ႕ သြားၿပီး ဟင္းခ်က္သင္နိုင္ေတာ့မွာလဲ]

သူတို႔ ေျပာဆိုေနၾကရင္းမွ ခုႏွစ္နာရီ ထိုးသြားၿပီး တိုက္ရိုက္ထုတ္လႊင့္မႈလည္း စတင္သည္။

ဖန္သားျပင္တြင္ အလြန္ ခမ္းနားသည့္ ကစ္ခ်န္းကို ျမင္ရသည္။မီးဖိုေခ်ာင္သုံး ပစၥည္းအမ်ိဳးမ်ိဳးကို ျမင္ရသည္။ထို႔အျပင္ စက္႐ုပ္ႏွစ္ခုကလည္း ပန္းကန္ေဆးသူကေဆး၊ သန့္ရွင္းေရး လုပ္သူက လုပ္ေနသည္။  သူက ဟင္းပြဲမ်ားစြာ ခ်က္ျပဳတ္ရမည္ျဖစ္ကာ လိုအပ္သည့္ ပန္းကန္မ်ားႏွင့္   ဒယ္အိုး၊ ဒယ္ျပားမ်ား မ်ားျပားေလရာ တစ္ေယာက္တည္းအားျဖင့္ ျမ ဖစ္နိုင္ေခ်။ ထို႔ေၾကာင့္ လက္ေထာက္လိုေလသည္။

အျခားတဘက္ျခမ္းတြင္ စားပြဲရွည္ရွိကာ အႀကီးအကဲ ရွစ္ေယာက္ ထိုင္ေနသည္။ ဥကၠဌလည္းပါ၏။ သူတို႔ အခ်င္းခ်င္း မွတ္ခ်က္ခ်ေနၾကကာ ဟင္းပြဲတိုင္းကို ပရိတ္သတ္ႏွင့္ေ ဆြးေႏြးေပးၾကမည္ျဖစ္၏။ သူတို႔က မဲေပးပိုင္ခြင့္ရွိေသာ္လည္း သူတို႔၏ မဲမ်ားက ရလဒ္ကို ေျပာင္းလဲနိုင္မည္ မဟုတ္ေပ။

တိုက္ရိုက္ထုတ္လႊင့္မႈအခန္းထဲတြင္ လူဦးေရ တစ္ဘီလီယမ္ ေက်ာ္သြားေလၿပီ။ စာမ်ား မ်ိဳးစုံတက္ေနကာ တာ၀န္ရွိသူမ်ားက ခ်န္နယ္ႏွင့္ ပူးေပါင္းၿပီး ထိန္းခ်ဳပ္ကာ ယြမ့္ထန္းတို႔ကို ျမင္ရေစရန္ ေနရာျခားေပးလိုက္ရသည္။

အားလုံးက ထိုသို႔ေမာက္မာၿပီး ေထာင္လႊားေသာ ပညာရွင္ေလးကို ျမင္ဖူးခ်င္ေနၾကသည္။ ထိုအခိုက္ အရပ္၇ွည္ကာ ၾကည့္ေကာင္းမည့္ တစ္စုံတစ္ေယာက္က ၀င္ေပါက္တြင္ ေပၚလာသည္။ သူတို႔ ယြမ့္ထန္း၏ မ်က္ႏွာကို ျမင္ရေတာ့မည့္အခ်ိန္တြင္  ခ်က္ျပဳတ္သူေနရာမွ ျမင္ရသည့္အေျခအေနသို႔ ေရာက္သြား၏။ထိုအခိုက္   ၾကည္လင္ခ်ိဳမ်သည့္ အသံကို အားလုံး ၾကားလိုက္ရသည္။

“ ဟယ္လို အားလုံးပဲ ကိုယ္က မင္းတို႔ရဲ႕ တင္ဆက္သူ ယြမ့္ထန္းပါ။ ကိုယ္က ဒီေန႕ မင္းတို႔ကို ေလးရာသီ ပြဲေတာ္ကို ခ်က္ျပဳတ္ ျပင္ဆင္ျပမွာပါ”

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္

ဒီတစ္ေခါက္ ဘယ္ႏွစ္ရက္ ၾကာသြားလည္း ေလးရက္လားပဲ။ ဟီးဟီး
  အျပင္ထြက္စရာေတြ မ်ားေနတာနဲ႕  အခ်စ္ေလးကို အခ်ိန္မေပးနိုင္ဘူ း ျဖစ္သြားတယ္။

အမွားေလးေတြ စစ္ေပးတဲ့ အလွေလး ေႂကြ႕ကို စစ္ေပးဦးေနာ္ ဟီး

    ကဲ ဒါေလး ဖတ္ၿပီး ေက်နပ္လိုက္ၾကပါဦး.. ေႂကြ ေၾကာင္ေလးေတြကို အစာေႂကြးခ်ိန္ေတာင္ အေက်ာ္ခံၿပီး ေရးထားတာ

Olvasás folytatása

You'll Also Like

254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...