မောင်ထူးယောက်ျား အတွေးသမား (C...
By KattKatt962
122K 15.3K 4.7K
အထူးတို့ရဲ့အဆက်ပါ More
P_1 (Uni)
P_1 (Zawgyi)
P_2 (uni)
P_2 (Zawgyi)
P_3 (Uni)
P_3 (Zawgyi)
P_4 (Uni)🚨
P_4 (Zawgyi)🚨
P_5 (Uni)
P_5 (Zawgyi)
P_6 (Uni)
P_6 (Zawgyi)
P_7 (Uni)
P_7 (Zawgyi)
P_8 (Uni)
P_8 (Zawgyi)
P_9 (Uni)
P_9 (Zawgyi)
P_10 (Uni)
P_10 (Zawgyi)
P_11 (Uni)
P_11 (Zawgyi)
P_12 (Uni)
P_12 (Zawgyi)
P_13 (Zawgyi)
P_14 (Uni)
P_14 (Zawgyi)
P_15 (Uni)
P_15 (Zawgyi)
P_16 (Uni)
P_16 (Zawgyi)
P_17 (Uni)
P_17 (Zawgyi)
P_18 (Uni)
P_18 (Zawgyi)
P_19(Uni)
P_19(Zawgyi)
P_20(ဇာတ်သိမ်း)
P_20(ဇာတ္သိမ္း)
P_13 (Uni)
3K 483 53
By KattKatt962
"အူးငယ်..."
"အင်း... သားသား ပြော"
"အူးငယ် သင်ပေးထားတဲ့ ဘုရားစာ ရပီ"
"ဟုတ်လား။ သင်ပေးထားတာ ဘယ်လောက်ကြာပြီလဲ"
" တုံးရက် "
"ဟုတ်ပြီး။ အူးငယ်ကို ဆိုပြ"
"ဗုဒ္ဓဂုဏော၊ အနန္တော
ဓမ္မဂုဏော၊ အနန္တော
သံဃဂုဏော၊ အနန္တော
မာတာပိတုဂုဏော၊ အနန္တော
အာစရိယဂုဏော၊ အနန္တော
အနန္တော အနန္တငါးပါးတို့ကို
အဟံ ကျွန်ုပ်သည်
ဝန္ဒာမိ ရှစ်ခိုးကန်တော့ပါ၏ အရှင်ဘုရား
အနန္တော အနန္တ ငါးပါးတို့အပေါ်
ကာယကံအားဖြင့်လည်းကောင်း
ဝစီကံအားဖြင့်လည်းကောင်း
မနောကံအားဖြင့်လည်းကောင်း
ပြစ်မှားကျူးလွန်မိသည် ရှိခဲ့ပါက
ထိုအပြစ်တို့ကို
ခွင့်လွှတ်တော်မူပါ
သည်းခံတော်မူပါ
ကျေနပ်တော်မူပါ အရှင်ဘုရား
ဤသို့ အနန္တော အနန္တ ငါးပါးတို့အပေါ်
ရှစ်ခိုးရခြင်း၊ အပြစ်ဝန်ချ တောင်းပန်ရခြင်းတို့ကြောင့်
ဘုရားတပည့်တော်သည်
သွားလေရာ၊ လာလေရာ
မျက်နှာပွင့်လန်းရပါလို၏ အရှင်ဘုရား"
"အူးအူးတို့ သူထူးအောင်လေးက တော်လိုက်တာ။ သုံးရက်တည်းနဲ့ ဘုရားစာကို ရတဲ့အပြင် အသံထွက်ကိုလည်း ပီပီသသနဲ့ ရွတ်နိုင်တယ်"
သူထူးအောင်ရဲ့ ဘုရားစာရွတ်သံ အပြီးမှာ ထွက်ပေါ်လာတဲ့ မောင်ထူးရဲ့ ချီးကျူးစကားသံဖြစ်တယ်။
"အူးငယ်က ဘုရားစာကို ပီပီသသ ရွတ်ရမယ်ဆိုရို့။ အူးငယ် သားသားဆိုတာ မှန်ရား"
ချီးကျူးခံချင်တဲ့ မျက်နှာပေးနဲ့ သူထူးအောင်က ကျွန်တော့်ကို ကြည့်ပြီး ပြောလာခြင်းဖြစ်တယ်။
"အင်း မှန်တယ်။ တော်တယ် သူထူးအောင် ငါ့အတိုင်းပဲ"
"ယေးးးး ဒါဆို သားသားက အူးငယ်တို့နဲ့ တူတူအိပ်ရတော့မှာပေါ့"
"အင်း။ ဒီနေ့က စပြီး အူးငယ်တို့နဲ့ အတူတူလာအိပ်"
"ယေးးးး မှူးမှူးကို သွားကြွားမယ်"
ဒီလိုနဲ့ သူထူးအောင်တစ်ယောက် ပျော်ရွှင်မြူးထူးစွာနဲ့ အခန်းအပြင်ကို ထွက်သွားတော့တယ်။ သူ့ကိုကြည့်ပြီး ကျွန်တော့်မှာ မပြုံးဘဲ မနေနိုင်ခဲ့။
"အထူးလေး..."
"အင်း မောင်ထူး ပြောလေ"
"သားသမီးဆိုတာမျိုးက အတောင်စုံတဲ့အခါကျရင် အသိုက်ကို စွန့်ခွာသွားတတ်ကြတာက ဓမ္မတာပဲ"
"ငါသိတယ်။ ငါနားလည်ပါတယ်။ ဒီ ကလေး အချိန်တန်ရင် ငါတို့ကို ပစ်သွားမယ်ဆိုတာလဲ သိတယ်။ ဒါပေမယ့်ကွာ အတူတူနေနေကြတယ်ဆိုမှတော့ မချစ်မိတောင် သံယောဇဥ်ကတော့ ဖြစ်မိမှာပဲလေကွာ"
"ငါ နားလည်ပါတယ်။ မင်းက အစွဲအလမ်းကြီးတတ်တော့ ငါ မင်းကို စိတ်ပူတာမို့ပါ"
တကယ်ပါ။ မောင်ထူးက ကျွန်တော့်အတွက်ဆို အမြဲ ထောင့်စေ့အောင် တွေးပေးတတ်တာ။
"ငါ့ဘေးနားမှာ မင်းတစ်ယောက်ပဲ တစ်သက်လုံးရှိနေပေးရင် အဆင်ပြေပြီ။ မောင်ထူး။ မင်းကတော့ ရှိနေပေးမယ်မလား"
"မေးနေစရာ လိုသေးလို့လားကွာ။ ငါ မင်းကို ဘယ်တော့မှ တစ်ယောက်တည်း ထားခဲ့မှာမဟုတ်ဘူး။ သေရင်တောင် ငါ မင်းထက် အရင် မသေချင်ဘူး ထူးအောင်။ ငါမရှိဘဲ မင်းကို တစ်ယောက်တည်း ထားခဲ့ဖို့ကို ငါ စိတ်မချဘူး"
"ငါ မင်းကို ချစ်လိုက်တာ မောင်ထူးရာ"
ကျွန်တော် မောင်ထူးခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားမိတယ်။ အစက ကျွန်တော်ထင်ထားခဲ့တာ အချစ်ဆိုတာ ကြာသွားရင် ရိုးအီသွားမှာပါလို့။ တကယ်တော့ မဟုတ်ဘူး။ ရိုးအီမသွားတဲ့အပြင် ကျွန်တော် မောင်ထူးကို တစ်နေ့တခြား ပို,ပိုပြီး ချစ်လာနေမိတော့တာ။
" ငါ သူထူးအောင်ကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးမှာ။ အမျိုးသားနှစ်ယောက်နဲ့ အတူနေရတယ်ဆိုပြီး သူ့ကို ဘယ်သူမှ အပြစ်ဆိုလို့မရအောင် ငါလုပ်ပေးမှာ။ ပြီးတော့ မင်း။ မောင်ထူး။ သူထူးအောင်ကြောင့် မင်း ဘယ်တော့မှ မျက်နှာမငယ်ရအောင် ငါက စိတ်နှစ်ကိုယ်နှစ်ပြီးကို သင်ပြပေးမှာ"
ကျွန်တော်ပြောတော့ ကျွန်တော့်ကို ဖက်ထားတဲ့ မောင်ထူးရဲ့ လက်တွေက ပိုတင်းသွားတယ်။
"အထူးရာ... "
-----***-----
"သားသား နောက်ဘဝကျရင် ယောက်ျားဖြစ်ချင်လား။ မိန်းမဖြစ်ချင်လား"
ကျွန်တော်မေးတော့ သူထူးအောင်က ယောက်ျားဖြစ်ချင်တယ်လို့ မပီတပီ ပြန်ဖြေတယ်။ ဘာလို့ ယောက်ျားလေးဖြစ်ချင်တာလဲဆိုပြီး ကျွန်တော်က ထပ်မေးတော့ မိန်းမဖြစ်ရတာ မကောင်းဘူးလို့ သူကထပ်ဖြေတယ်။
"ဘာလို့မကောင်းတာလဲ သားသားရဲ့"
"တိဝူး မိန်းမဖြစ်ရတာ ကောင်းဘူးရဲ့ ဖွားဖွားက ပြောရယ်"
"အဲ့လိုလည်း မဟုတ်ပါဘူး သားသားရဲ့ လာ ဦးငယ်က ရှင်းပြပေးမယ်။ မောင်ထူး မင်းလည်း လာခဲ့"
ကျွန်တော်ခေါ်လိုက်တော့ နှစ်ကောင်သား ကျွန်တော့်ကို အလယ်မှာထားပြီး ဟိုဘက်၊ ဒီဘက် ဝင်အိပ်ပြီး နေရာယူကြတယ်။
"မိန်းကလေးဖြစ်ရတာ မကောင်းဘူးဆိုတာတွေက အလုပ်ရှုပ်လို့ ပြောကြတာ။ တကယ်တော့ အဲ့လောက်ကြီး မကောင်းတာလဲ မဟုတ်ဘူးရယ်။ ယောက်ျားလေးနဲ့ မိန်းကလေးယှဥ်ရင် မိန်းကလေးတွေက အလုပ်ပိုရှုပ်တယ်။ ဘာလို့ဆို သူတို့မှာ သားဖွားနိုင်တဲ့ သားအိမ်ပါတာမို့။ သားအိမ်ပါတဲ့အတွက် သူတို့က တစ်လကို တစ်ခါ ရာသီသွေးဆိုတာ ဆင်းကြတယ်။ အဲ့ဒီ ရာသီသွေးကြောင့်ပဲ သူတို့က အလုပ်ပိုရှုပ်ကြတာ။ တကယ်တော့ အဲ့ဒီ ရာသီသွေးဆိုတာကလည်း သားအိမ်ပါတဲ့အတွက်အကြောင့်ပဲ ဖြစ်ပေါ်လာရတာ။ သားအိမ်ကိုသာ မွေးကတည်းက ထုတ်ထားလိုက်ရင် ဘာရာသီသွေးမှ လာစရာအကြောင်း မရှိတော့ဘူး။
ထားလိုက်တော့။ အဲ့ဒီအကြောင်းကို ပြောချင်တာ မဟုတ်ဘူး။ တကယ်တော့ ယောက်ျားတွေအကုန်လုံးက မိန်းမအင်္ဂါထဲကနေ ထွက်လာရတဲ့ သူတွေချည်းပဲ။ ငါတို့က ဗိုက်ခွဲပြီး မွေးထားတာလို့တော့ လာမပြောနဲ့ သူတို့လည်း အဲ့ဒီ သားအိမ်ထဲကပဲ ထွက်လာရတာ။
အင်း။ ပြောရင်းနဲ့ လည်နေပြီ။ တကယ်တော့ ဘုန်းကြီးလှပါတယ်ဆိုတဲ့ ယောက်ျားတွေဟာ မိန်းမတွေရဲ့ အောက်ကနေပဲ ထွက်လာကြရတာ။ အဲ့ဒါကို သူတို့တွေကပဲ ပြန်ပြီး မိန်းမဆိုတာ နိမ့်ပါးတယ် ဘာညာဆိုပြီး ပြန်လုပ်ကြတာ။ တကယ်တော့ ကျေးဇူးကန်းတာပေါ့ကွာ။ ဒီ မိန်းမတွေရှိလို့သာ သူတို့ လူဖြစ်လာရတာကို။
တချို့ယောက်ျားတွေကကြတော့ အကတ်ပြောတတ်ကြသေးတယ်။ ယောက်ျားတွေမရှိဘဲ မိန်းမတွေချည်းဆိုရင်လည်း ကလေးမွေးမရပါဘူး ဘာညာနဲ့။ အဲ့ဒါက ဟုတ်တော့ဟုတ်ပေမယ့် အဓိက,က မိန်းမတွေ ရှိနေလို့သာ သူတို့လူဖြစ်လာရတာ။ အဲ့တော့ မိန်းကလေးတွေကို မနှိမ်နဲ့၊ စော်ကားမော်ကား မပြောမိစေနဲ့။ သူတို့လည်း သူတို့ဟာနဲ့သူတို့တော့ မွန်မြတ်ကြတယ်။
ဟိုး ရှေးခေတ် ဘုရားတွေ မပွင့်ခင်တုန်းကဆိုရင် လူသားတွေဟာ ဣတ္ထိယဆိုတဲ့ 'မ'သဘာဝကို ကိုကွယ်ကြတာ။ မိန်းမတွေဟာ မွန်မြတ်တယ်လို့ သူတို့က ယုံကြည်ကြတာ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ယောက်ျားတွေဟာ များပြားလာတဲ့ လူဦးရေနဲ့အတူ သူတို့ မိန်းမတွေရဲ့ နောက်မှာ မနေချင်ကြတော့ဘူး။ မိန်းမတွေဟာ ယောက်ျားတွေနဲ့ယှဥ်ရင် အားနည်းကြတယ်မလား။ အဲ့တော့ မိန်းမတွေအစား သူတို့ကပဲ ဦးဆောင်ချင်ကြတော့တာ။
အဲ့မှာပဲ နယ်တကာလှည့် အဆွယ်တရားဟောပြီး 'မ'ဝါဒကို ဖြုတ်ချခဲ့ကြတယ်။ အဲ့လိုမျိုး 'မ'ဝါဒဖြုတ်ချတာကို တချို့ကလည်း လက်ခံကြပြီး တချို့ကလည်း လက်မခံခဲ့ကြဘူး။ အဲ့တော့ လူနှစ်မျိုးကွဲသွားတယ်။ အယူအဆတွေ ကွဲကုန်တာနဲ့အတူ တိုက်ပွဲတွေဖြစ်ကုန်ကြတယ်။ အဲ့ဒီတိုက်ပွဲက အရမ်းကို ရှည်ကြာခဲ့ပေမယ့် နောက်ဆုံးမှာတော့ 'ဖို'ဝါဒီတွေက အနိုင်ရရှိခဲ့ကြတယ်။
ကမ္ဘာကြီးကို သူတို့က စိုးမိုးလို့ရသွားတဲ့အတွက် အရာရာဟာ သူတို့သဘောအတိုင်းပဲ ဖြစ်စေခဲ့တယ်။ ပြီးတော့ သူတို့တွေကပဲ စုရုံးတိုင်ပင်ကြပြီး မိန်းမဆိုတာ နိမ့်ပါးတဲ့အမျိုးဖြစ်တယ်လို့ ကြေ​​ငြာကြတယ်။ အဲ့ဒါကြောင့် ဘယ်နေရာကိုတော့ မိန်းမတွေ မဝင်ရ၊ ဘယ်နေရာကိုဖြင့် မသွားရဆိုပြီး အမိန့်တွေ ထုတ်ပြန်ကြတယ်။ ဘယ်လောက်ထိတောင် ဆိုးဝါလဲဆိုရင် မိန်းကလေးမှန်သမျှ ဘာပညာမှ မသင်ရ။ ကလေးမွေးတာကလွဲရင် ဘာကိုမှ ဦးဆောင်ပြီး မလုပ်ရ။ မိန်းမဆိုတာ ယောက်ျားတွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စကိုသာ လုပ်ဆောင်သင့်တယ်ပေါ့။ အဲ့လောက်အထိကို မိန်းမတွေကို နှိမ်ပစ်ကြတာ။ အဲ့ဒီအကြောင်းအရာကို မိန်းမတွေက မကျေနပ်ကြပေမယ့် သူတို့က ယောက်ျားတွေလောက် အားမကြီးတော့ ငြိမ်ပြီးပဲ ခံနေကြရတယ်။
ခေတ်တွေအဆက်ဆက် ပြောင်းလာတဲ့အခါမှာတော့ အလိမ်အညာစကားတွေကို အမှန်တွေလို ထင်မှတ်လာကြတော့တယ်။ လူတိုင်းလိုလိုကလည်း အဲ့ဒီအယူအဆကို လက်ခံလာကြတယ်။ ပိုဆိုးတာက မိန်းမတွေ ကိုယ်တိုင်ကိုက အဲ့ဒီ အယူဝါဒကို လက်ခံပစ်ကြတာပဲ။ သူတို့ကိုယ်သူတို့ တကယ်ကြီး နိမ့်ပါးတယ်ဆိုပြီး ထင်မှတ်လိုက်ကြတော့တာ။ တကယ်တော့ မဟုတ်ဘူး။ အဲ့ဒီ အကြောင်းအရာတွေက လူတွေကပဲ သတ်မှတ်ထားတဲ့ အလိမ်အညာတွေ"
ကျွန်တော် ပြောနေတဲ့စကားကို ခေတ္တရပ်ပြီး ဘေးကနှစ်ယောက်ကို အကဲခတ်လိုက်တယ်။ သူတို့နှစ်ယောက်လုံး ကျွန်တော့်ကိုပဲကြည့်ပြီး သေချာ နားထောင်နေကြတာမို့ ကျွန်တော် နည်းနည်းတော့ ကျေနပ်သွားရတယ်။
"ပြောတာ နည်းနည်းတော့လည်နေတယ်။ နားလည်ကြရဲ့လား"
"ကိုယ်တော့ နားလည်တယ်"
"အင်း။ သူထူးအောင်ရော..."
" မိန်းယေးတေကို နှိမ်ရဘူး"
"ဟုတ်တယ်။ သားသားက တော်လိုက်တာ။ ကဲ အိပ်တော့။ နောက်နေ့ကျရင် ဘုရားရှစ်ခိုး အသစ်သင်ပေးမယ်။ ဟုတ်ပြီလား"
"ဟုတ်ကဲ့"
နာရီဝက်လောက်ကြာလို့ သူထူးအောင် အိပ်ပျော်သွားတဲ့အချိန်မှာတော့ မောင်ထူးက ကျွန်တော့်ကို အသာအယာဆွဲလို့ သူ့ရင်ခွင်ထဲထည့်တယ်။
"Good Night အထူးလေး။ ဘာအိပ်မက်မှ မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ။ အရမ်းချစ်တယ်။ ကိုကို့ အမျိုးသားလေး။ မွ"
ကျွန်တော့်နဖူးကို အနမ်းပေးရင်းနဲ့မှ မောင်ထူးက ဆိုလေတယ်။ ကျွန်တော်လည်း မောင်ထူးရင်ဘတ်ကို တစ်ချက်နမ်းလို့ good night ပါလို့ ပြန်ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့....
----------***----------
ဒီအပိုင်းကို စိတ်တိုင်းမကျဘူး😩
မိန်းမတွေအကြောင့်က လင်းတင့်သီဟ ဘာသာပြန်ထားသည့် နှင်းဆီသွေးစာအုပ်မှ ကိုးကားထားခြင်း ဖြစ်ပါသည်။
23.11.2021
Continue Reading
You'll Also Like
991K 35.6K 42
924 84 2
Season 2 of ' Love On My Brother's Old Flame ' ZhangYiXing × KimJunMyeon KimJongIn × OohSehun Fan Fiction
300K 36.7K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်