ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မ...
By Gentle_Little_Bunny
20.9K 2.1K 82
This novel isn't mine. Just fan translation. Original Author(s) - Tian Qiqi 甜七柒 More
Description
Chp-1( ဝိဉာဉ်ကူးပြောင်းလာခြင်း )
Chp 2 ( ငါကမင်းရဲ့အဖေပဲ )
Chp 3
Chp-4(ဖိုးဖိုးကလူကောင်းတစ်ယောက်ပါ)
Chapter 5
Chapter 6
Chapter 8
Chapter 9
English title name
Chapter 7
1K 167 0
By Gentle_Little_Bunny
#TN# လျှော (ကလေးကစားစရာ)
တကယ်တော့ သူမက ကမ္ဘာကြီးရဲ့သေးသိမ်တဲ့အမြင်တွေနဲ့အတူ မသိနားမလည်တဲ့လူမိုက်တစ်ယောက်သာသာပင် ။
သို့သော်လည်း သူမသည် အနုပညာလောကထဲသို့ဝင်ရောက်လာစဉ်ကတည်းက အကူအညီရရှိခဲ့ပြီး ထိုကဲ့သို့သောအရာများကို ကြုံဖူးခြင်းမရှိပေ ။
.......................
Uni
လင်းရှောင်ချီ လွန်ခဲ့သောရက်အနည်းငယ်က သူ၏အမေနှင့်အတူတူကုန်ဆုံးခဲ့တာကြောင့် ယနေ့ညမှာတော့ သူမကိုမတွေ့နိုင်တော့ဘူးဟု တွေးမိပြီး စိတ်မကောင်းဖြစ်နေခဲ့သည် ။
သို့သော်လည်း သူကခေါင်းကိုအသာအယာညိတ်လိုက်ပြီး
" မေမေအလုပ်ဆက်လုပ်ပါ ၊ သားစာကောင်းကောင်းလေ့လာမယ် ၊ ဆရာမတွေစကားလည်းနားထောင်မယ် ပြီးတော့ သူငယ်ချင်းတွေအပေါ်ကိုလည်းကြင်ကြင်နာနာဆက်ဆံပါ့မယ် ၊ စိတ်မပူပါနဲ့ "
လင်းရှန်က ကောင်လေးသူမအားကြည့်၍နှုတ်ဆက်ကာကျောင်းထဲကိုမဝင်လာခင် သူ့အားအနမ်းကြီးပေးလိုက်သည် ။ အဲ့ဒီနောက်သူက ခေါင်းကိုနောက်ပြန်လှည့်မကြည့်တော့ဘဲ ရှေ့ဆက်ပြီးသာလျှောက်လှမ်းသွားတော့သည် ။
လင်းရှန်ကအမေအိုကြီးတစ်ယောက်လို ကြိတ်ငိုကြွေးလိုက်ရင်းတွေးလိုက်မိသည် ။
" ကလေးတစ်ယောက်နဲ့ ဝက်တစ်ကောင်ကိုပျိုးထောင်ရတာ ကွာခြားချက်မရှိပါဘူး ၊ သူဘာလို့ဒီအတိုင်းထွက်သွားရတာလဲ??? "
လင်းရှန်က ကားပေါ်သို့တက်လာခဲ့လိုက်သည် ။
ထိုစဉ် လင်းရှောင်ချီက လျှောနောက်မှ တိတ်တဆိတ်ပြေးထွက်လာခဲ့လေသည် ။ ထွက်သွားတဲ့ကားကိုမြင်လိုက်ရတော့ သူ့မျက်လုံးမှမျက်ရည်များကျကာ သူ့ရဲ့လက်ကလေးတွေကိုပြင်းပြင်းထန်ထန်ဝှေ့ရမ်းနှုတ်ဆက်လိုက်သဘ် ။
#TN# လျှော (ကေလးကစားစရာ)
လင်းရှန်ရောက်လာသည်နှင့် ရုပ်ရှင်အဖွဲ့သားတွေကအမူရာအမျိုးမျိုးဖြင့် တုံ့ပြန်လာကြသည် ။ သူတို့မျက်နှာပေါ်မှာ နွေးထွေးကြိုဆိုမှုတွေမရှိပေ ။ သူမကိုမနှုတ်ဆက်သည့်အပြင် လူတချို့က သူမ သူတို့အနားမှဖြတ်လျှောက်သွားတဲ့အခါမှာ သူမအကြောင်းကိုပြောဆိုနေကြသည် ။
သူမရဲ့မကောင်းတဲ့လုပ်ရပ်သတင်းတွေက ရုပ်ရှင်အဖွဲ့သားတွေကြားမှာ တောမီးလိုပျံံ့နေပြီဖြစ်သည် ။ မကောင်းတဲ့မိန်းမရဲ့တခြားသူတွေကိုထိခိုက်နာကျင်စေချင်တဲ့အစီအစဉ်ကပြောင်းပြန်ဖြစ်ပြီးနောက်ဆုံးသူမကိုသူမသာထိခိုက်စေခဲ့သည် ။ သူမကဒါနဲ့လုံးဝထိုက်တန်တာပဲ!!
ဒါရိုက်တာကသူမကိုမြင်လိုက်တဲ့အခါမှာ သူ၏မျက်လုံးထဲတွင်အထင်မြင်သေးသောအရိပ်ယောင်များက ထင်ရှားနေသည် ။
သူ့မရဲ့ဆိုးရွားတဲ့သရုပ်ဆောင်စကေးတွေအပေါ်မှာသူအရမ်းကြီးမှတ်ချက်မပေးချင်ပေမဲ့လည်း သူမကအခုတော့ တကယ်ပဲတခြားသူတွေကိုထိခိုက်စေချင်နေသည် ။
သူက ရုပ်ရှင်ဘုရင်ဟောက်ရဲ့မျက်နှာကြောင့်သာမဟုတ်ရင် သူမကိုရုပ်ရှင်အဖွဲ့ထဲမှကန်ထုတ်ပစ်တာ ကြာပြီပဲဖြစ်သည် ။
သူမက သရုပ်ဆောင်စွမ်းရည်လုံးဝမရှိသော လူသစ်တစ်ယောက်သာဖြစ်သည် ။ သို့သော်လည်းသူမ၏သရုပ်ဆောင်စွမ်းရည်ကိုနှိမ့်ချစွာသင်ယူခြင်းနှင့်တိုးတက်အောင်လုပ်မည့်အစား သူမက တျခားသူမ်ားကို နေ့စဉ်လက်ဆောင်များပေးပြီး လာဘ်ထိုးဖို့ကိုသာတွေးနေခဲ့သည် ။
တကယ်တော့ သူမက ကမ်ဘာကြီးရဲ့သေးသိမ်တဲ့အမြင်တွေနဲ့အတူ မသိနားမလည်တဲ့လူမိုက်တစ်ယောက်သာသာပင် ။
ကျော်ကြားမှု့အတွက်ဘယ်တော့မှ မလိမ္တာမရွိတဲ့ သူမလိုပဲ မိုက်မဲတဲ့လူတွေဒီအနုပညာလောကထဲမှာအများကြီးပဲရှိသည် ။ ရုပ်ရှင်ဘုရင်ဟောက်က သူမဆီကဘာကိုမြင်ခဲ့တာလဲဆိုတာ သူတကယ်စဉ်းစားလို့မရခဲ့ဘူး ။
ရုပ်ရှင်အဖွဲ့သားတွေရဲ ့သဘောထားကိုမြင်လိုက်တဲ့အခါ လင်းရှန့်က သူတို့ကို စိတ်ထဲကကြိတ်လှောင်ရယ်လိုက်သည် ။ အရင်က သူမသူတို့ကိုကျေွးခဲ့ဖူးတဲ့ bubble tea ၊ အေဖ်ာ္ယမကာ နှင့် သစ်သီးဝလံများအားလုံးကို ခွေးတွေကိုသာကျေွးပစ်လိုက်သည် ။
အနုပညာလောကဟာ လူတွေရဲ့ကျော်ကြားမှု့နဲ့အကျိုးအမြတ်တွေအတွက်ယှဉ်ပြိုင်နေကြတဲ့ စိန်ခေါ်ပွဲတစ်ခုပင်ဖြစ်သည် ။ အထက်လူကြီးရဲ့ဖိနပ်ကိုလျှာနဲ့လျက်ပြီးဖားယားတာမျိုးနဲ့ မအောင်မြင်တဲ့လူကိုနှိမ်ချတာမျိုးက ဒီလောကမှာပုံမှန်ပဲဖြစ်သည်။အချိန်တန်ရင် တစ်ယောက်ယောက်ကတော့ ထိုအတိုင်းကျင့်သုံးမှာပဲဖြစ်လေသည်။
သို့သော်လည်း သူမသည် အနုပညာလောကထဲသို့ဝင်ရောက်လာစဉ်ကတည်းက အကူအညီရရွိခဲ့ျပီး ထိုကဲ့သို့သောအရာများကို ကြုံဖူးခြင်းမရှိပေ ။
သူတို့က သူမရဲ ့သရုပ်ဆောင်စွမ်းရည်ကို အထင်သေးနေတာလား ???
ရိုက်ကွင်းစလိုက်ပြီးတာနဲ့နောက်ပိုင်းကျရင်အဆုံးအဖြတ်ပေးပါလိမ့်မယ် ။
သူမရဲ့သရုပ်ဆောင်စွမ်းရည်က စွယ်စုံရတဲ့အနုပညာရှင်တန်းထဲကိုဝင်တယ်လို့ပြောလို့ရသည်။ဆိုလိုတာက အနုပညာဝမ်းစာပြည့်တယ်လို့မှတ်ရလောက်သည့်အထိ အရည်အချင်းပြည့်မှီလေသည်။ ဒါက သူမအနေနဲ့ သူမကိုအထင်သေးစော်ကားဝံ့တဲ့ဝေဖန်ရေးသမားတွေရဲ့ မျက်နှာကိုတည့်တည့်ဖြတ်ရိုက်ချလိုက်တာပဲဖြစ်သည်။
လင်းရှန် မိတ်ကပ်နဲ့ အဝတ်အစားပြင်ဆင်ပြီးနောက် ဇာတ်ညွှန်းကိုဆက်ဖတ်နေလိုက်သည် ။
ဒီဒရမ်မာရဲ့နာမည်က The Legend of Empress Xiao Xian ' ပဲဖြစ်သည် ။
ဇာတ်ညွှန်းကဇာတ်အိမ်ခိုင်ခိုင်နဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သည် ။ တွေ့ရခဲလှသောအရည်သွေးမြင့်ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်နေရာက အရောင်းရဆုံးရဲ့အဓိကအချက်ပင်ဖြစ်လေသည်။
အမျိုးသမီးဇာတ်လိုက်ရှောင်ဝမ့်ကျွင်းရဲ့ ခမ်းနားပြီးဒဏ္႑ာရီဆန်သောဘဝအကြောင်းကို ပြောထားတာဖြစ်သည် ။ ဇာတ်လမ်းမှာ သူမရဲ့ကနဦးဇာတ်ကွက်ဖြစ်တဲ့ နယ်စပ်တွင် စစ်တပ်ပိုင်ပြည့်တန်ဆာအဖြစ်နဲ့အလုပ်လုပ်ဖို့စေလွှတ်ခံခဲ့ရသော အပြစ်ရှိတဲ့အမတ်ကြီးရဲ့ သမီးတစ်ယောက်အဖြစ်ကနေ ဘုရင်မင်းမြတ်နဲ့ အတူအိပ်နိုင်တဲ့မင်းကြိုက်စိုးကြိုက်ဖြစ်အောင် ဝင်တိုးနိုင်ရေးအတွက်သူမရဲ့မပြီးနိုင်မစီးနိုင်အပြင်းအထန်ကြိုးစားအားထုတ်ပုံတွေကိုအသေးစိတ်ထားလေသည်။ထိုကဲ့သို့ကြိုးစားအားထုတ်မှု့တွေက သူမအားမရေမတွက်နိုင်သောစည်းစိမ်ချမ်းသာတွေကိုရရှိစေခဲ့ပြီး နောက်ဆုံးတွင်မူ မိဖုရားဆိုသည့်ဘွဲ့ထူးဂုဏ်ပုဒ်ကိုတောင်ရရှိစေခဲ့သည်။
မြောက်ပိုင်းကျိုးမင်းဆက်ရဲ့ဘုရင်မင်းမြတ်ဝူ နတ်ရွာစံတော်မူပြီးနောက် အိမ်ရှေ့မင်းသားလေးကထီးနန်းဆက်ခံခဲ့သည် ။ နန်းတတ်ဘုရင်လေးက နိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့ကိုဆောင်ကြဉ်းပေးနိုင်ရန်တက်တက်ကြွကြွကြိုးစားအားထုတ်ပေးခဲ့ပြီး ထီးနန်းသက် အနှစ်နှစ်ဆယ်ထိအုပ်ချုပ်မင်းလုပ်ခဲ့သည်။
နန်းတက်ဘုရင်သည်နိုင်ငံသုံးနိုင်ငံရဲ့အင်ပါယာဘုရင်ဖြစ်လာသည်နှင့်အမျှ ကျိုးမင်းဆက်ကြီးရဲ့အင်အားကလည်းပို၍ကြီးထွားလာပြီး သူ့ဘဝတစ်သက်တာလုံး စည်းလုံးညီညွတ်စွာအုပ်ချုပ်ချင်တဲ့ရည်ရွယ်ချက်ကလဲအထမြောက်ခဲ့သည်။
အမျိုးသမီးဇာတ်လိုက်ရဲ့ဇာတ်ရုပ်ဟာ တက်ကြွတယ်၊သိမ့်မွေ့ပြီးကြံ့ခိုင်မှု့လည်းရှိတယ်ဟု လင်းရှန်စိတ်ထဲခံစားရသည်။ ဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သာသရုပ်ဆောင်နိူင်မယ်ဆိုရင် ဆုကြီးတစ်ခုရဖို့လောက်က အခက်အခဲတောင်မဟုတ်တော့။
လင်းရှန်ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ဆိုရင် သူမဒီဇာတ်ရုပ်ကို ပိုင်နိုင်သလားဆိုတာ မသိရသေးပေ။သို့သော်လည်း သူမဟာဒီစာအုပ်ထဲက အမျိုးသမီးဇာတ်လိုက်နေရာမှာသရုပ်ဆောင်ရတာမဟုတ်တဲ့အတွက် ဒီကိစ္စကလင်းရှန်စိတ်ပူစရာပြဿနာတစ်ခုမဟုတ်တော့ပေ။
ဒီစာအုပ်ထဲကသူမသရုပ်ဆောင်ရတဲ့ဇာတ်ရုပ်သည် အောက်ခြေမိသားစုကနေမွေးဖွားလာတဲ့ပိုင်ကျင်းဖန်လို့အမည်ရပြီး အလွန်ကောက်ကျစ်စဉ်းလဲသော အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်နေရာဖြစ်သည်။ အရင်ကဓားပြဖြစ်ခဲ့ဖူးသူပိုင်ကျင်းဖန်သည် အမျိုးသမီးဇာတ်လိုက်ကိုကယ်တင်ခဲ့သည်။
ပြီးခဲ့တဲ့အပိုင်းမှာဆို နှစ်ယောက်စလုံးကရင်နင့်ဖွယ်ရာသနားစရာကောင်းပြီး သူတို့နှစ်ယောက်လုံးရဲ့ဇာတ်ရုပ်အမှန်ကိုလည်း ဖုံးကွယ်ထားခဲ့တာ..!
နောက်ပိုင်းတွင်ရှောင်ဝမ့်ကျွင်းပေါ်လာတော့ ဘုရင်မင်းမြတ်ကပိုင်ကျင်းဖန်ဘွဲ့အပ်နှင်းသလိုပဲ သူမကိုလည်းဘွဲ့တစ်ခုအပ်နှင်းခဲ့လေသည်။ ရှောင်ဝမ့်ကျွင်းသည် အားဟွမ်နဲ့နျဲ့ယင်းပုံပြင်ထဲကလို့ တစ်သက်လုံးပိုင်ကျင်းဖန်နဲ့ရင်းနှီးစွာညီအစ်မအရင်းတွေလိုနေသွားချင်သည်။
(ET/N**ဒီနေရာမှာသုံးတဲ့ညီအစ်မဆိုတဲ့စကားက သွေးသားရင်းချာညီအစ်မတွေကိုပြောတာမဟုတ်ပဲ အရမ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်က သွေးသားရင်းချာတွေလို ဒါမှမဟုတ် သွေးသားရင်းချာထက်ပိုသာနေတာမျိုးကိုပြောချင်တာပါ)
ဘုရင်မင်းမြတ်ကရှောင်ဝမ့်ကျွင်းအပေါ်ဘယ်လိုဆုလာဒ်တွေကိုပေးသနားပါစေကိစ္စမရှိ။တစ်ဝက်လောက်မှာ ဧကန်မလွဲပိုင်ကျင်းဖန်အတွက်သာပင်။
သို့သော်လည်း ပိုင်ကျင်းဖန်ရဲ့ဇာတိရုပ်အစစ်ကသူ့အလိုလိုနဲ့တဖြည်းဖြည်းပေါ်လာခဲ့လေသည်။ အစပထမ၌သူတို့ရဲ့ဘွဲ့ကအတူတူပင်ဖြစ်သော်လည်း ရှောင်ဝမ့်ကျွင်းကတဖြည်းဖြည်းတစ်ဆင့်ပြီးတစ်ဆင့်ဘွဲ့ရာထူးမြင့်လာတာကိုတွေ့လိုက်ရပြီး ယခုအခါ သူမရဲ့အကျိုးစီးပွားအားလုံးကရှောင်ဝမ့်ကျွင်းရဲ့ပေးကမ်းစွန့်ကြဲမှု့အပေါ်အမှီပြုလိုက်ရတဲ့အခါ မနာလိုဝန္တိုစိတ္က သူမရဲ့ဆင်ခြင်တုန်တရားကိုတိုက်စားလျော့ပါးသွားစေပြီး ရှောင်ဝမ့်ကျွင်းကိုအကွက်ဆင်ဖို့သူမစတင်ပြီးကြံစည်ခဲ့သည်။
.......................
Continue Reading