Chp-1( ဝိဉာဉ်ကူးပြောင်းလာခြင်း )

2.1K 212 5
                                    


[Unicode]

"မေမေက ရှောင်းချီကိုကြောက်နေတာပဲ"

သန့်ပြန့်တဲ့ရုပ်ရည်နဲ့ကလေးငယ်လေးကမျက်ရည်များစီးကျလာကာ လင်းရှန်အပေါ်သို့ သူ့ကိုယ်သူလှဲချလိုက်တဲ့အခါမှာ လင်းရှန်ဟာ ပြိုကွဲလုနီးနီးပင်ဖြစ်သွားရတယ်။

မေမေ?

သူမက အသက်နှစ်ဆယ်ရှိပြီးဖြစ်တဲ့အရွယ်ရှိမိန်းမတစ်ယောက်..အခုလတ်တလော ဖျော်ဖြေရေးလောကရဲ့အအောင်မြင်ဆုံးနဲ့လူသိအများဆုံးသူပဲ....ပြီးတော့ သူမကအလုပ်သရဲ...ချစ်သူရည်းစားရှိတယ်ဆိုတဲ့ ဘယ်လိုသဲလွန်စမှမရှိအောင်အထိ အလုပ်လုပ်လွန်းတဲ့သူ။ဒါဆို ဒီကလေးကဘယ်ကနေဘယ်လိုရောက်လာတာလဲ?

သူမရဲ့လည်ချောင်းဟာ အရမ်းကိုခြောက်သွေ့နေခဲ့ပြီး..ရိုးရှင်းတဲ့စကားလုံးလေးတစ်လုံးကိုတောင် လုံးလုံးလျားလျားမပြောနိုင်တော့..ဒါကြောင့် သူမအနေနဲ့ငိုနေတဲ့ကလေးအား ကြောင်တောင်တောင်ငေးစိုက်ကြည့်နေရုံကလွဲပြီးမရှိတော့ပေ။ကလေးက သူမလည်ပင်းကိုခိုတွဲကာ ရှိုက်ကြီးတငင်ဝမ်းနည်းပက်လက်နဲ့ပြောလာတယ်။

"မေမေ... ကျေးဇူးပြုပြီးမသေလိုက်ပါနဲ့ ရှောင်ချီလိမ္မာပါတော့မယ် ပြီးတော့ ရှေ့လျောက်လဲမေ့မေ့စကားကိုနားထောင်ပါတော့မယ်...ကျေးဇူးပြုပြီးရှောင်ချီကိုမထားခဲ့ပါနဲ့"

အသက်ပင်မရှူပဲငိုယိုနေသည့်ကလေးကို ကိုင်ထားကာ လင်းရှန်ရဲ့ခန္ဓာကိုယ်ဟာပျော့ခွေယိုင်နဲ့လာပြီး သူမရဲ့ကြွက်သားတွေအကုန်လုံးဟာ မခံမရပ်နိုင်အောင်နာကျင်မှူ့ကိုခံစားလာရတယ်။သူမရဲ့လက်ကျန်အနည်းငယ်သောအင်အားနဲ့ သူမရှေ့ကမှင်တက်ကြောက်ရွံဖွယ်အခြေအနေတွေကိုကြည့်လိုက်မိတယ်။

ပြီးခဲ့တဲ့သုံးရက်က.. အမျိုးမျိုးသောလူထုပွဲတွေမှာပြေးလွှားပါဝင်လှုပ်ရှားခဲ့ပြီး တော်တော်လေးကိုပင်ပန်းခဲ့ရတယ်။

သူမအိမ်မှာ ပြန်မအိပ်ခဲ့ဘူးလား?

ဘာလို့သူမဆေးရုံပေါ်ရောက်နေတာလဲ?

ဆေးရုံ..?

ရှောင်းချီ...!

ဒီနာမည်ကရင်းနှီးနေတယ်။

ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မှာ အမျိုးသားဇာတ်လိုက်ရဲ့ အန်ကယ်နဲ့ ငါလက်ထပ်ခဲ့တယ်Where stories live. Discover now