Chapter 7

999 167 0
                                    

လင်းရှောင်ချီ လွန်ခဲ့သောရက်အနည်းငယ်က သူ၏အမေနှင့်အတူတူကုန်ဆုံးခဲ့တာကြောင့် ယနေ့ညမှာတော့ သူမကိုမတွေ့နိုင်တော့ဘူးဟု ​တွေးမိပြီး စိတ်မကောင်းဖြစ်နေခဲ့သည် ။

သို့သော်လည်း သူကခေါင်းကိုအသာအယာညိတ်လိုက်ပြီး

" မေမေအလုပ်ဆက်လုပ်ပါ ၊ သားစာကောင်းကောင်းလေ့လာမယ် ၊ ဆရာမတွေစကားလည်းနားထောင်မယ် ပြီးတော့ သူငယ်ချင်းတွေအပေါ်ကိုလည်းကြင်ကြင်နာနာဆက်ဆံပါ့မယ် ၊ စိတ်မပူပါနဲ့ "

လင်းရှန်က ကောင်လေးသူမအားကြည့်၍နှုတ်ဆက်ကာကျောင်းထဲကိုမဝင်လာခင် သူ့အားအနမ်းကြီးပေးလိုက်သည် ။ အဲ့ဒီနောက်သူက ခေါင်းကိုနောက်ပြန်လှည့်မကြည့်တော့ဘဲ ရှေ့ဆက်ပြီးသာလျှောက်လှမ်းသွားတော့သည် ။

လင်းရှန်ကအမေအိုကြီးတစ်ယောက်လို ကြိတ်ငိုကြွေးလိုက်ရင်းတွေးလိုက်မိသည် ။
" ကလေးတစ်ယောက်နဲ့ ဝက်တစ်ကောင်ကိုပျိုးထောင်ရတာ ကွာခြားချက်မရှိပါဘူး ၊ သူဘာလို့ဒီအတိုင်းထွက်သွားရတာလဲ??? "

လင်းရှန်က ကားပေါ်သို့တက်လာခဲ့လိုက်သည် ။

ထိုစဉ် လင်းရှောင်ချီက လျှောနောက်မှ တိတ်တဆိတ်ပြေးထွက်လာခဲ့​လေသည် ။ ထွက်သွားတဲ့ကားကိုမြင်လိုက်ရတော့ သူ့မျက်လုံးမှမျက်ရည်များကျကာ သူ့ရဲ့လက်ကလေးတွေကိုပြင်းပြင်းထန်ထန်ဝှေ့ရမ်းနှုတ်ဆက်လိုက်သဘ် ။

#TN# လျှော (ကလေးကစားစရာ)

လင်းရှန်ရောက်လာသည်နှင့် ရုပ်ရှင်အဖွဲ့သားတွေကအမူရာအမျိုးမျိုးဖြင့် တုံ့ပြန်လာကြသည် ။ သူတို့မျက်နှာပေါ်မှာ နွေးထွေးကြိုဆိုမှုတွေမရှိပေ ။ သူမကိုမနှုတ်ဆက်သည့်အပြင် လူတချို့က သူမ သူတို့အနားမှဖြတ်လျှောက်သွားတဲ့အခါမှာ သူမအကြောင်းကိုပြောဆိုနေကြသည် ။

သူမရဲ့မကောင်းတဲ့လုပ်ရပ်သတင်း​တွေက ရုပ်ရှင်အဖွဲ့သားတွေကြားမှာ တောမီးလိုပျံ့နေပြီဖြစ်သည် ။ မကောင်းတဲ့မိန်းမရဲ့တခြားသူတွေကိုထိခိုက်နာကျင်စေချင်တဲ့အစီအစဉ်ကပြောင်းပြန်ဖြစ်ပြီးနောက်ဆုံးသူမကိုသူမသာထိခိုက်စေခဲ့သည် ။ သူမကဒါနဲ့လုံးဝထိုက်တန်တာပဲ!!

ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မှာ အမျိုးသားဇာတ်လိုက်ရဲ့ အန်ကယ်နဲ့ ငါလက်ထပ်ခဲ့တယ်Where stories live. Discover now