Chp-4(ဖိုးဖိုးကလူကောင်းတစ်ယောက်ပါ)

1.2K 218 10
                                    

လင်းရှောင်ချီက သူမကိုကြည့်ပြီးကြောက်စိတ်အချို့နှင့်အတူတိုးတိုးလေးပြောလာတယ် ။

" အမေ.. ဖိုးဖိုးကလူကောင်းတစ်ယောက်ပါ.ဖိုးဖိုးကသားအတွက်ဆေးဖိုးလည်းပေးတယ် ၊အမေ့အတွက်ပိုက်ဆံလည်းပေးတယ် ၊ အလုပ်လည်းရှာပေးတယ် ၊ ပြီးတော့ နေဖို့ကိုပါပေးထားသေးတယ်လေ "

လင်းရှန်ကပြန်မဖြေခင်အံကြိတ်လိုက်ပြီး သူမရဲ့သားကိုကြည့်ကာပြောလိုက်တယ် ။

" အဲ့ဒါကသူ့တာဝန်ပဲလေ "

"မေမေ စိတ်ဆိုးနေတာပဲ"လို့လင်းရှောင်းချီ​တွေးမိလိုက်တယ် ။

လင်းရှန်က သူ့အတိတ်ကသုံးနေကျအရာတွေဖြစ်တဲ့စားသောက်ကုန်များ၊ နေ့စဉ်အသုံးအဆောင်များ၊ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာနှင့်မိတ်ကပ်ပစ္စည်းများကိုဝယ်ယူလိုက်သည်။

မူလပိုင်ရှင်က မျက်နှာပြောင်တိုက်စွာဟောက်ဇီရဲ့ပစ္စည်းတွေကို အရှက်မရှိယူသုံးနေခဲ့သော်လည်း သူမအနေနဲ့ကတော့ တခြားသူရဲ့ပစ္စည်းများတွေကိုသုံးရတာအဆင်မပြေဘူး။ အထူးသဖြင့်ဒီပစ္စည်းတွေကအမျိုးသားတွေအတွက်သာထုတ်ထားတာဖြစ်တယ် ။

ထို့အပြင်သူမက ကလေးများအတွင်အဆင်ပြေအောင် အထူးထုတ်လုပ်ထားတဲ့ပစ္စည်းများနဲ့ ညအိပ်ဝတ်စုံများကို လင်းရှောင်ချီအတွက်ဝယ်ခဲ့တယ် ။ ညဝတ်အင်္ကျီတွင် မိကျောင်းပုံကလေးကို ပုံနှိပ်ထားတဲ့အတွက် ကြည့်လိုက်တာနဲ့အလွန့်အလွန်ချစ်စရာကောင်းလှတယ်။

စိတ်လွတ်လက်လွတ်နဲ့ဈေးဝယ်ထွက်ပြီးမှပဲ လင်းရှန်တစ်ယောက် သူမဘယ်လောက်တောင်ဖြုန်းမိခဲ့လိုက်လဲဆိုတာကိုသတိပြုမိခဲ့ပြီး မူလပိုင်ရှင်ကလည်း ဘာကြောင့်အိမ်ကနေထွက်သွားဖို့ကိုငြင်းဆန်နေသလဲဆိုတာကိုပါ နားလည်ခဲ့လိုက်ရတယ်။

သူမရဲ့ဘဏ်စာရင်းထဲမှာ ယွမ် ၅၀၀အောက်သာ ကျန်တော့တယ် !!!!

ဟောက်ဇီက ပြီးခဲ့တဲ့လအလယ်လောက်က သူမနေထိုင်ဖို့စရိတ်စကအနေနဲ့ ယွမ် ၂၀၀၀၀ပေးထားခဲ့ပေမဲ့လည်း မူလပိုင်ရှင်ကတော့ "ရက်ရောခြင်း"ဆိုတဲ့အမည်ဂုဏ်ပုဒ်အောက်မှာရုပ်ရှင်အဖွဲ့ထဲကလူတွေအတွက်အချည်းနှီးဖြုန်းတီးပစ်ခဲ့တယ် ။

ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မှာ အမျိုးသားဇာတ်လိုက်ရဲ့ အန်ကယ်နဲ့ ငါလက်ထပ်ခဲ့တယ်Where stories live. Discover now