CHAPTER-(5)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။
ချူရှောင်းရဲ့နောက်ဆုံးစကားက ပိုင်လင်းကိုနှိုးဆွပေးလိုက်ပုံပင်။ သူမချူရှောင်းကိုကြည့်သည်၊ ပြီးတော့ချူတုံချီနဲ့ နောက်ဖန်ချင်းကိုကြည့်ပြန်သည်။ သူမအရာရာတိုင်းကိုရှင်းပြနေတာရပ်တန့်ပြီးအထုတ်ပြင်ရန် အခန်းဆီသို့အမြန်ပြေးတော့သည်။
ချူရှောင်းတခြားအစေခံတွေဆီ မေးပင့်ပြီးပြောလိုက်သည်။
"ကျွန်မကအန်တီပိုင်ရဲ့ စရိုက်ကိုသိပ်ယုံတာမဟုတ်ဘူး။ သူ့မအထုတ်တွေသွားကြည့်၊
ကျွန်မတို့ဘာမှမပျောက်တာ သေချာပါစေ။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး"
အစေခံများမှာ ချူရှောင်းစကားလုံးနောက်ကွယ်ကအဓိပ္ပါယ်ကို ချက်ချင်းနားလည်သည့်အတွက် ပိုင်လင်း၏အခန်းသို့တည့်တည့်ဦးတည်ကာအထုတ်ပြင်နေသည့်သူမကို သူတို့ဂရုတစိုက်စောင့်ကြည့်နေကြသည်။ လူတိုင်းကနှစ်ပေါင်းများစွာကြာအောင်အတူလုပ်ခဲ့တာကြောင့် ဘယ်ပစ္စည်းကကိုယ်ပိုင်၊ ဘယ်ပစ္စည်းက ဗီလာကပိုင်သည်ဆိုတာကိုသူတို့ပြောနိုင်နေပြီဖြစ်သည်။
ပိုင်လင်းကချူမိသားစုမှာ နေခဲ့တာဆယ်နှစ်ကျော်ကြာပြီ။ ဒါကြောင့် သူမအသုံးပြုတဲ့ချူမိသားစုပိုင်ပစ္စည်းတွေဆိုတာလည်း အများကြီးပင်။ ဥပမာ..ချူမိသားစုမီးဖိုချောင်က ငှက်သိုက်အချို့ကို သူမယူနေကြဖြစ်သည်၊etc... သူမခိုးဖို့မရည်ရွယ်ချက်မရှိသော်လည်းချူမိသားစုပိုင်ပစ္စည်းအချို့ကိုတော့ မေ့ပြီးသုံးနေကြဖြစ်သည်။
သူမအထုတ်ပြင်နေတုန်းဒီလူတွေဆီက စိုက်ကြည့်ခံနေရသည်ကအရေမတွက်နိုင်သောအပ်ပေါင်းများစွာ သူမကိုယ်ထဲစူးဝင်နေသည့်အတိုင်းပင်။ သူမကိုစောင့်ကြည့်နေကြသောအစေခံအချို့မှာ သူမမျက်နှာရှေ့၌ပင်အတင်းတုတ်နေကြ၏။
သူတို့ပြောသည်က သူမကသူမကိုပေးထားတဲ့အရာအားလုံးအတွက်ကျေးဇူးမတင်တဲ့အပြင် အလုပ်ရှင်ရဲ့ပစ္စည်းတွေကို အသိမပေးဘဲအရှက်မရှိယူသုံးနေတဲ့ မျက်လုံးဖြူဝံပုလွေဟု(1)။ သူမကသူမသမီးကိုလက်ဖက်စိမ်းမဖြစ်အောင်ဘယ်ဆိုသင်ကြားပေးထားတယ် ဆိုတာပါသူတို့အတင်းပြောလေ၏။
သူမသူတို့ကို ဒေါသတကြီးစိုက်ကြည့်ကာ အော်ဟစ်တော့သည်။
"မဟုတ်မဟတ်တွေ လေရှည်နေတာတော်လိုက်တော့! နင်တို့ဘာသိလို့လဲ? နင်တို့ငရဲကျပြီးလျှာဖြတ်ခံရမှာကြောက်လား? "
အစေခံတွေအချင်းချင်းကြည့်ပြီး သူမကိုသရော်ပြုံးပြုံးကြတော့သည်။
"ရှင်အရမ်းယုတ်မာတဲ့ အလုပ်တွေကျူးလွန်ပြီးတာတောင်ငရဲကျမှာမကြောက်ဘဲ ဘာလို့ကျွန်မတို့ကငရဲကျမှာကို ကြောက်ရမှာလဲ"
"ရှင့်သမီးက အတော်လေးလုပ်နိုင်စွမ်းရှိတယ်နော်။ သူမငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ချမ်းသာတဲ့မမလေးဘဝမှာနေရတယ်။ အခုအရွယ်ရောက်ပြန်တော့ ချမ်းသာတဲ့သခင်လေးနဲ့လက်ထပ်နိုင်တုန်း။ ကြည့်ရတာရှင်ကရှင့်ဘဝကို အချည်းနှီးနေခဲ့တာမဟုတ်ဘူးပဲ"
"ဒါတွေအားလုံးက အစ်မပိုင်သူ့သမီးကိုသေချာသင်ပေးခဲ့လို့ပေါ့၊ အမေတူသမီးလေ၊ နှစ်ယောက်လုံးအရှက်မရှိဘူး။"
"နင်!-နင်တို့တွေ..."
ပိုင်လင်းကသူများတွေနဲ့ အငြင်းမပွားချင်ခဲ့ချေ။ အထူးသဖြင့်သူတို့ရဲ့ပြောဆိုချက်တွေကို ဘယ်လိုချေပရမှန်းမသိသည့်အခါမျိုးတွင်.....သူမဒေါသကြောင့်တုန်ယင်နေပြီး သူမကိုယ်သူမထောက်ခံနိုင်မဲ့စကားတစ်လုံးတောင်မပြောနိုင်ခဲ့၍ အရမ်းစိတ်တိုကာ ခံပြင်းလေသည်။
အစေခံတစ်ယောက်က သူမနာရီကိုဝေ့ကြည့်ရင်း "အစ်မပိုင် ကျေးဇူးပြုပြီးမြန်မြန်လေးအထုတ်ပြင်ပါ။ အထုတ်ပြင်တာလက်စသတ်ဖို့ဆယ်မိနစ်ပဲကျန်တော့တယ်။ အကြောဆန့်ပြီး ကြွက်သားတွေအဆင်သင့်ဖြစ်အောင်လုပ်ထားရအောင်၊ ခဏနေပစ္စည်းတွေအပြင်ပစ်ထုတ်ရင်ကြွက်သားတွေမနာချင်ဘူး"
"စိတ်မပူပါနဲ့။ ငါတို့ကအရမ်းကျန်းမာပါတယ်။ အိတ်လေးတွေအထုတ်လေးတွေ အဝေး
ပစ်ရုံလောက်နဲ့ ပင်ပန်းတာတို့ဒဏ်ရာရတာတို့ သေချာပေါက်ဖြစ်မှာမဟုတ်ဘူး။ ငါတို့ရဲ့အဓိကရည်ရွယ်ချက်က သခင်မလေးရဲ့မျက်စိရှေ့မှာအမည်းစက်ဖြစ်နေတဲ့ သူတစ်ယောက်ကိုတားဖို့ပဲလေ။"
သူတို့တွေ သူမကိုတစ်ကယ်ပဲ ချက်ချင်းကန်ထုတ်ပစ်မည်အား ပိုင်လင်းသိနေခဲ့သည်။ ဒါကြောင့် သူမဘယ်လောက်ပဲဒေါသထွက်နေပါစေ၊ ဆက်ပြီးအချိန်မဆွဲရဲချေ။ သူမအရှိန်မြှင့်ပြီး ပစ္စည်းတွေကိုအမြန်ထုပ်လိုက်၏။
သူမပိုင်ရွယ်ဝေ့ကို အခုလေးတင်ဖုန်းခေါ်ခဲ့ပေမယ့် ကံမကောင်းစွာပဲသူမသမီးက ဖုန်းကိုမဖြေပေ။ သူမဒီမှာတစ်ယောက်တည်းဖြစ်နေတာကြောင့် ချူမိသားစုကသူမကိုအမှိုက်သဖွယ် ကိုယ်ထိလက်ရောက်ကန်မထုတ်တာသေချာအောင်လုပ်ရမည်။ အဲ့လိုမှမဟုတ်ရင် သူတို့ရဲ့ခမည်းခမက်အဖြစ်လက်ခံဖို့ ယိမိသားစုကသေချာပေါက်ငြင်းမည်ပင်။
အစေခံတွေအိပ်တဲ့တန်းလျားအနီးမှာ အတော်လေးဆူညံနေသည်ကို ဖန်ချင်းသတိထားမိသည်။ သူမခေါင်းယမ်းကာရယ်ရယ်ချင်စိတ်ကြောင့် ပြုံးလိုက်တော့သည်။
"ကြည့်ရတာသမီးက ဒါကိုတွက်ထားပြီးသားပဲ၊ ပိုင်လင်းရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့မာနက အရမ်းကြီးတယ်။ ဒီတော့သူခိုးတစ်ယောက်လိုသူမရဲ့အထုတ်တွေကို တခြားသူတွေစောင့်ကြည့်ခံရအောင်လုပ်တာက သူမကိုသေချာပေါက်စိတ်မချမ်းမသာနဲ့အဆင်မပြေဖြစ်စေမှာ။"
သူမတည့်တည့်လျောက်လာကာ ချူရှောင်းရဲ့ဆံပင်ကိုရှင်းပေးရင်း ညင်သာစွာပြောလာသည်။
"သမီးအခုလုပ်လိုက်တဲ့အရာကမှန်တယ်။ တခြားသူကိုအနိုင်ကျင့်ဖို့ မေမေတို့ရဲ့အဆင့်အတန်းနဲ့အင်အားကိုမသုံးခဲ့ပေမယ့် အမေတို့အနိုင်ကျင့်ခံရရင်လည်း နောက်ဆုတ်မနေသင့်ဘူး။ သမီးအနာဂတ်မှာဒီလိုမျိူးကြုံရရင်လည်း အမေတို့ကိုမလိမ်နဲ့။ အဲ့အစား အမေတို့
ဆီတည့်တည့်လာ သမီးကိုကူညီပေးမယ်။ နောက်ဆုံးတော့လည်း မိဘတွေဆိုတာသူတို့သ
ကလေးတွေရဲ့အခိုင်မာဆုံးနောက်ခံ ဖြစ်သင့်တာပဲလေ။"
ချူရှောင်းခေါင်းငြိမ့်ပြီးပြောလိုက်သည်။
"မေမေထပ်ပြီးစိတ်မပူပါနဲ့တော့၊ အခုဆိုသမီးအကုန်လုံးကို နားလည်နေပါပြီ"
"ကောင်းပြီ။ မေမေနားလည်ပြီ။ အပေါ်တတ်ပြီးအင်္ကျီလဲတော့။ ညစာစားပြီးရင် သမီးကျန်တဲ့နေ့တွေကိုဘယ်လိုဖြတ်သန်းချင်လဲပြော။ ဒီနေ့မေမေအလုပ်မသွားဘူး။ အဲ့ဒါအစားသမီးဆန္ဒရှိတာဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့ အတူရှိနေပေးမယ်။"
ချူတုံချီ လမ်းလျောက်လာပြီး တောင်းတောင်းပန်ပန်ပြောလာခဲ့သည်။
"ရှောင်းရှောင်း ဒီနေ့လည်အဖေအစည်းအဝေးရှိတယ်၊ အဖေရွေ့ချင်ရင်တောင်ရွေ့မရဘူး။
ဖေဖေအစည်းအဝေးကပြန်လာမှ ညစာစားရအောင်နော်"
ချူရှောင်းလက်မောင်းတွေဆန့်ထုတ်ပြီး သူမမိဘတွေကိုဖက်လိုက်ကာပျော်ပျော်ရွှင်ရွှင်ပြုံးပြီးပြောခဲ့သည်။
"ဖေဖေနဲ့မေမေ၊ အဖေတို့ကသမီးကိုအရမ်းဂရုစိုက်လို့ သမီးကပျော်နေပြီ။ လုပ်စရာရှိတာလုပ်သင့်တယ်၊ သမီးတစ်ယောက်တည်းအဆင်ပြေမှာပါ။ သမီးကလုံးဝကျန်းမာနေပြီလို့ ဆရာဝန်ကပြောထားပြီးသား။ ယိချန်ကသမီးရဲ့အချစ်ရော၊မျက်ရည်ရောမထိုက်တန်တဲ့ မကောင်တဲ့ကောင်။ အိမ်မှာသမီး tvကြည့်တာဒါမှမဟုတ်လည်း ဂိမ်းဆော့နေမယ်လေ။ သမီးတစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါ့မယ်။"
ချုတုံချီက သူ့သမီးကဲ့ခေါင်းကိုပွတ်ရင်း သက်ပြင်းချမိသည်။
"အဖေ့သမီးက အခုအရွယ်ရောက်လာပြီ။ ပြီးတော့အခုဆို ဖေဖေနဲ့သူ့မေမေကို ဘယ်လိုဂရုစိုက်ရမလဲသိနေပြီ။ ကောင်းပြီ၊ အိမ်မှာနေပြီး ပျော်ပျော်နေပါ။အပြင်ထွက်ချင်ရင်လည်း သမီးနဲ့လည်ဖို့သူငယ်ချင်းတွေခေါ်လို့ရတယ်။ သမီးကြိုက်တဲ့အချိန်ဖေဖေ့ကိုခေါ်။ သမီးရဲ့ဖုန်းနံပါတ်ကို သီးသန့်ringtone(2)နဲ့ မှတ်ထားတယ်။ ဒီတော့ဖေဖေအစည်းအဝေးမှာရှိနေရင်တောင် သမီးဖုန်းကိုကိုင်မှာ။
1. မျက်လုံးဖြူဝံပုလွေ= ကျေးဇူးမသိတတ်တဲ့သူကိုပြောရာတွင်သုံးသည်။
2. ringtone = ဖုန်းမြည်တဲ့အခါလာတဲ့ တီးလုံးလေးတွေ
To all my dearest readers...
cupခါတိုင်းဆိုfollow လုပ်သွားရင်၊ voteလေးတွေပေးသွားရင်၊ reading list ထဲထည့်ပေးရင်ကျေးဇူးတင်ကြောင်းလာပြောနေကြပါနော်။ ဒါမဲ့ဒီတစ်ခါmessage ပို့မရတော့လို့။ အားလုံးကိုဒီကပဲကျေးဇူးတင်လိုက်ပါတယ်။ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။💖
20.11.2021💖
CHAPTER-(5)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္။
ခ်ဴေရွာင္းရဲ႕ေနာက္ဆုံးစကားက ပိုင္လင္းကိုႏွိုးဆြေပးလိုက္ပုံပင္။ သူမခ်ဴေရွာင္းကိုၾကည့္သည္၊ ၿပီးေတာ့ခ်ဴတုံခ်ီနဲ႕ ေနာက္ဖန္ခ်င္းကိုၾကည့္ျပန္သည္။ သူမအရာရာတိုင္းကိုရွင္းျပေနတာရပ္တန့္ၿပီးအထုတ္ျပင္ရန္ အခန္းဆီသို႔အျမန္ေျပးေတာ့သည္။
ခ်ဴေရွာင္းတျခားအေစခံေတြဆီ ေမးပင့္ၿပီးေျပာလိုက္သည္။
"ကြၽန္မကအန္တီပိုင္ရဲ႕ စရိုက္ကိုသိပ္ယုံတာမဟုတ္ဘူး။ သူ႕မအထုတ္ေတြသြားၾကည့္၊
ကြၽန္မတို႔ဘာမွမေပ်ာက္တာ ေသခ်ာပါေစ။"
"ဟုတ္ကဲ့ပါ၊ သခင္မေလး"
အေစခံမ်ားမွာ ချူရှောင်းစကားလုံးနောက်ကွယ်ကအဓိပ္ပါယ်ကို ခ်က္ခ်င္းနားလည္သည့္အတြက္ ပိုင္လင္း၏အခန္းသို႔တည့္တည့္ဦးတည္ကာအထုတ္ျပင္ေနသည့္သူမကို သူတို႔ဂ႐ုတစိုက္ေစာင့္ၾကည့္ေနၾကသည္။ လူတိုင္းကႏွစ္ေပါင္းမ်ားစြာၾကာေအာင္အတူလုပ္ခဲ့တာေၾကာင့္ ဘယ္ပစၥည္းကကိုယ္ပိုင္၊ ဘယ္ပစၥည္းက ဗီလာကပိုင္သည္ဆိုတာကိုသူတို႔ေျပာနိုင္ေနၿပီျဖစ္သည္။
ပိုင္လင္းကခ်ဴမိသားစုမွာ ေနခဲ့တာဆယ္ႏွစ္ေက်ာ္ၾကာၿပီ။ ဒါေၾကာင့္ သူမအသုံးျပဳတဲ့ခ်ဴမိသားစုပိုင္ပစၥည္းေတြဆိုတာလည္း အမ်ားႀကီးပင္။ ဥပမာ..ခ်ဴမိသားစုမီးဖိုေခ်ာင္က ငွက္သိုက္အခ်ိဳ႕ကို သူမယူေနၾကျဖစ္သည္၊etc... သူမခိုးဖို႔မရည္႐ြယ္ခ်က္မရွိေသာ္လည္းခ်ဴမိသားစုပိုင္ပစၥည္းအခ်ိဳ႕ကိုေတာ့ ေမ့ၿပီးသုံးေနၾကျဖစ္သည္။
သူမအထုတ္ျပင္ေနတုန္းဒီလူေတြဆီက စိုက္ၾကည့္ခံေနရသည္ကအေရမတြက္နိုင္ေသာအပ္ေပါင္းမ်ားစြာ သူမကိုယ္ထဲစူးဝင္ေနသည့္အတိုင္းပင္။ သူမကိုေစာင့္ၾကည့္ေနၾကေသာအေစခံအခ်ိဳ႕မွာ သူမမ်က္ႏွာေရွ႕၌ပင္အတင္းတုတ္ေနၾက၏။
သူတို႔ေျပာသည္က သူမကသူမကိုေပးထားတဲ့အရာအားလုံးအတြက္ေက်းဇူးမတင္တဲ့အျပင္ အလုပ္ရွင္ရဲ႕ပစၥည္းေတြကို အသိမေပးဘဲအရွက္မရွိယူသုံးေနတဲ့ မ်က္လုံးျဖဴဝံပုေလြဟု(1)။ သူမကသူမသမီးကိုလက္ဖက္စိမ္းမျဖစ္ေအာင္ဘယ္ဆိုသင္ၾကားေပးထားတယ္ ဆိုတာပါသူတို႔အတင္းေျပာေလ၏။
သူမသူတို႔ကို ေဒါသတႀကီးစိုက္ၾကည့္ကာ ေအာ္ဟစ္ေတာ့သည္။
"မဟုတ္မဟတ္ေတြ ေလရွည္ေနတာေတာ္လိုက္ေတာ့! နင္တို႔ဘာသိလို႔လဲ? နင္တို႔ငရဲက်ၿပီးလွ်ာျဖတ္ခံရမွာေၾကာက္လား? "
အေစခံေတြအခ်င္းခ်င္းၾကည့္ၿပီး သူမကိုသေရာ္ၿပဳံးၿပဳံးၾကေတာ့သည္။
"ရွင္အရမ္းယုတ္မာတဲ့ အလုပ္ေတြက်ဴးလြန္ၿပီးတာေတာင္ငရဲက်မွာမေၾကာက္ဘဲ ဘာလို႔ကြၽန္မတို႔ကငရဲက်မွာကို ေၾကာက္ရမွာလဲ"
"ရွင့္သမီးက အေတာ္ေလးလုပ္နိုင္စြမ္းရွိတယ္ေနာ္။ သူမငယ္ငယ္ကတည္းက အလိုလိုက္ခံရၿပီး ခ်မ္းသာတဲ့မမေလးဘဝမွာေနရတယ္။ အခုအ႐ြယ္ေရာက္ျပန္ေတာ့ ခ်မ္းသာတဲ့သခင္ေလးနဲ႕လက္ထပ္နိုင္တုန္း။ ၾကည့္ရတာရွင္ကရွင့္ဘဝကို အခ်ည္းႏွီးေနခဲ့တာမဟုတ္ဘူးပဲ"
"ဒါေတြအားလုံးက အစ္မပိုင္သူ႕သမီးကိုေသခ်ာသင္ေပးခဲ့လို႔ေပါ့၊ အေမတူသမီးေလ၊ ႏွစ္ေယာက္လုံးအရွက္မရွိဘူး။"
"နင္!-နင္တို႔ေတြ..."
ပိုင္လင္းကသူမ်ားေတြနဲ႕ အျငင္းမပြားခ်င္ခဲ့ေခ်။ အထူးသျဖင့္သူတို႔ရဲ႕ေျပာဆိုခ်က္ေတြကို ဘယ္လိုေခ်ပရမွန္းမသိသည့္အခါမ်ိဳးတြင္.....သူမေဒါသေၾကာင့္တုန္ယင္ေနၿပီး သူမကိုယ္သူမေထာက္ခံနိုင္မဲ့စကားတစ္လုံးေတာင္မေျပာနိုင္ခဲ့၍ အရမ္းစိတ္တိုကာ ခံျပင္းေလသည္။
အေစခံတစ္ေယာက္က သူမနာရီကိုေဝ့ၾကည့္ရင္း "အစ္မပိုင္ ေက်းဇူးျပဳၿပီးျမန္ျမန္ေလးအထုတ္ျပင္ပါ။ အထုတ္ျပင္တာလက္စသတ္ဖို႔ဆယ္မိနစ္ပဲက်န္ေတာ့တယ္။ အေၾကာဆန့္ၿပီး ႂကြက္သားေတြအဆင္သင့္ျဖစ္ေအာင္လုပ္ထားရေအာင္၊ ခဏေနပစၥည္းေတြအျပင္ပစ္ထုတ္ရင္ႂကြက္သားေတြမနာခ်င္ဘူး"
"စိတ္မပူပါနဲ႕။ ငါတို႔ကအရမ္းက်န္းမာပါတယ္။ အိတ္ေလးေတြအထုတ္ေလးေတြ အေဝး
ပစ္႐ုံေလာက္နဲ႕ ပင္ပန္းတာတို႔ဒဏ္ရာရတာတို႔ ေသခ်ာေပါက္ျဖစ္မွာမဟုတ္ဘူး။ ငါတို႔ရဲ႕အဓိကရည္႐ြယ္ခ်က္က သခင္မေလးရဲ႕မ်က္စိေရွ႕မွာအမည္းစက္ျဖစ္ေနတဲ့ သူတစ္ေယာက္ကိုတားဖို႔ပဲေလ။"
သူတို႔ေတြ သူမကိုတစ္ကယ္ပဲ ခ်က္ခ်င္းကန္ထုတ္ပစ္မည္အား ပိုင္လင္းသိေနခဲ့သည္။ ဒါေၾကာင့္ သူမဘယ္ေလာက္ပဲေဒါသထြက္ေနပါေစ၊ ဆက္ၿပီးအခ်ိန္မဆြဲရဲေခ်။ သူမအရွိန္ျမႇင့္ၿပီး ပစၥည္းေတြကိုအျမန္ထုပ္လိုက္၏။
သူမပိုင္႐ြယ္ေဝ့ကို အခုေလးတင္ဖုန္းေခၚခဲ့ေပမယ့္ ကံမေကာင္းစြာပဲသူမသမီးက ဖုန္းကိုမေျဖေပ။ သူမဒီမွာတစ္ေယာက္တည္းျဖစ္ေနတာေၾကာင့္ ခ်ဴမိသားစုကသူမကိုအမွိုက္သဖြယ္ ကိုယ္ထိလက္ေရာက္ကန္မထုတ္တာေသခ်ာေအာင္လုပ္ရမည္။ အဲ့လိုမွမဟုတ္ရင္ သူတို႔ရဲ႕ခမည္းခမက္အျဖစ္လက္ခံဖို႔ ယိမိသားစုကေသခ်ာေပါက္ျငင္းမည္ပင္။
အေစခံေတြအိပ္တဲ့တန္းလ်ားအနီးမွာ အေတာ္ေလးဆူညံေနသည္ကို ဖန္ခ်င္းသတိထားမိသည္။ သူမေခါင္းယမ္းကာရယ္ရယ္ခ်င္စိတ္ေၾကာင့္ ၿပဳံးလိုက္ေတာ့သည္။
"ၾကည့္ရတာသမီးက ဒါကိုတြက္ထားၿပီးသားပဲ၊ ပိုင္လင္းရဲ႕ ကိုယ့္ကိုကိုယ္ယုံၾကည္မႈနဲ႕မာနက အရမ္းႀကီးတယ္။ ဒီေတာ့သူခိုးတစ္ေယာက္လိုသူမရဲ႕အထုတ္ေတြကို တျခားသူေတြေစာင့္ၾကည့္ခံရေအာင္လုပ္တာက သူမကိုေသခ်ာေပါက္စိတ္မခ်မ္းမသာနဲ႕အဆင္မေျပျဖစ္ေစမွာ။"
သူမတည့္တည့္ေလ်ာက္လာကာ ခ်ဴေရွာင္းရဲ႕ဆံပင္ကိုရွင္းေပးရင္း ညင္သာစြာေျပာလာသည္။
"သမီးအခုလုပ္လိုက္တဲ့အရာကမွန္တယ္။ တျခားသူကိုအနိုင္က်င့္ဖို႔ ေမေမတို႔ရဲ႕အဆင့္အတန္းနဲ႕အင္အားကိုမသုံးခဲ့ေပမယ့္ အေမတို႔အနိုင္က်င့္ခံရရင္လည္း ေနာက္ဆုတ္မေနသင့္ဘူး။ သမီးအနာဂတ္မွာဒီလိုမ်ိဴးႀကဳံရရင္လည္း အေမတို႔ကိုမလိမ္နဲ႕။ အဲ့အစား အေမတို႔
ဆီတည့္တည့္လာ သမီးကိုကူညီေပးမယ္။ ေနာက္ဆုံးေတာ့လည္း မိဘေတြဆိုတာသူတို႔သ
ကေလးေတြရဲ႕အခိုင္မာဆုံးေနာက္ခံ ျဖစ္သင့္တာပဲေလ။"
ခ်ဴေရွာင္းေခါင္းၿငိမ့္ၿပီးေျပာလိုက္သည္။
"ေမေမထပ္ၿပီးစိတ္မပူပါနဲ႕ေတာ့၊ အခုဆိုသမီးအကုန္လုံးကို နားလည္ေနပါၿပီ"
"ေကာင္းၿပီ။ ေမေမနားလည္ၿပီ။ အေပၚတတ္ၿပီးအကၤ်ီလဲေတာ့။ ညစာစားၿပီးရင္ သမီးက်န္တဲ့ေန႕ေတြကိုဘယ္လိုျဖတ္သန္းခ်င္လဲေျပာ။ ဒီေန႕ေမေမအလုပ္မသြားဘူး။ အဲ့ဒါအစားသမီးဆႏၵရွိတာဘာပဲျဖစ္ျဖစ္လုပ္ေပးဖို႔ အတူရွိေနေပးမယ္။"
ခ်ဴတုံခ်ီ လမ္းေလ်ာက္လာၿပီး ေတာင္းေတာင္းပန္ပန္ေျပာလာခဲ့သည္။
"ေရွာင္းေရွာင္း ဒီေန႕လည္အေဖအစည္းအေဝးရွိတယ္၊ အေဖေ႐ြ႕ခ်င္ရင္ေတာင္ေ႐ြ႕မရဘူး။
ေဖေဖအစည္းအေဝးကျပန္လာမွ ညစာစားရေအာင္ေနာ္"
ခ်ဴေရွာင္းလက္ေမာင္းေတြဆန့္ထုတ္ၿပီး သူမမိဘေတြကိုဖက္လိုက္ကာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၿပဳံးၿပီးေျပာခဲ့သည္။
"ေဖေဖနဲ႕ေမေမ၊ အေဖတို႔ကသမီးကိုအရမ္းဂ႐ုစိုက္လို႔ သမီးကေပ်ာ္ေနၿပီ။ လုပ္စရာရွိတာလုပ္သင့္တယ္၊ သမီးတစ္ေယာက္တည္းအဆင္ေျပမွာပါ။ သမီးကလုံးဝက်န္းမာေနၿပီလို႔ ဆရာဝန္ကေျပာထားၿပီးသား။ ယိခ်န္ကသမီးရဲ႕အခ်စ္ေရာ၊မ်က္ရည္ေရာမထိုက္တန္တဲ့ မေကာင္တဲ့ေကာင္။ အိမ္မွာသမီး tvၾကည့္တာဒါမွမဟုတ္လည္း ဂိမ္းေဆာ့ေနမယ္ေလ။ သမီးတစ္ခုခုလိုအပ္ရင္ ေခၚလိုက္ပါ့မယ္။"
ခ်ဳတုံခ်ီက သူ႕သမီးကဲ့ေခါင္းကိုပြတ္ရင္း သက္ျပင္းခ်မိသည္။
"အေဖ့သမီးက အခုအ႐ြယ္ေရာက္လာၿပီ။ ၿပီးေတာ့အခုဆို ေဖေဖနဲ႕သူ႕ေမေမကို ဘယ္လိုဂ႐ုစိုက္ရမလဲသိေနၿပီ။ ေကာင္းၿပီ၊ အိမ္မွာေနၿပီး ေပ်ာ္ေပ်ာ္ေနပါ။အျပင္ထြက္ခ်င္ရင္လည္း သမီးနဲ႕လည္ဖို႔သူငယ္ခ်င္းေတြေခၚလို႔ရတယ္။ သမီးႀကိဳက္တဲ့အခ်ိန္ေဖေဖ့ကိုေခၚ။ သမီးရဲ႕ဖုန္းနံပါတ္ကို သီးသန့္ringtone(2)နဲ႕ မွတ္ထားတယ္။ ဒီေတာ့ေဖေဖအစည္းအေဝးမွာရွိေနရင္ေတာင္ သမီးဖုန္းကိုကိုင္မွာ။
1. မ်က္လုံးျဖဴဝံပုေလြ= ေက်းဇူးမသိတတ္တဲ့သူကိုေျပာရာတြင္သုံးသည္။
2. ringtone = ဖုန္းျမည္တဲ့အခါလာတဲ့ တီးလုံးေလးေတြ
To all my dearest readers...
cupခါတိုင္းဆိုfollow လုပ္သြားရင္၊ voteေလးေတြေပးသြားရင္၊ reading list ထဲထည့္ေပးရင္ေက်းဇူးတင္ေၾကာင္းလာေျပာေနၾကပါေနာ္။ ဒါမဲ့ဒီတစ္ခါmessage ပို႔မရေတာ့လို႔။ အားလုံးကိုဒီကပဲေက်းဇူးတင္လိုက္ပါတယ္။ဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္ေနာ္။💖
20.11.2021💖